← Chapters

အခန်း (၃၁၈)

Vol. 32 Ch. 318

အခန်း (၃၁၈)

Vol. 32 Ch. 318

ကျန်းကျန်းရှေ့သို့ ရောက်လာသောအခါတွင် ရှီကျွင့်ကျဲက ခုတင်ရှေ့၌ ဒူးတစ်ဖက်ထောက်ကာ ကျန်းကျန်း၏ လက်ကို ချစ်မြတ်နိုးမှုအပြည့်ဖြင့် နမ်းလိုက်သည်။

ထို့နောက် ကျန်းကျန်းကို ခါးကိုဆွဲယူ ပွေ့ဖက်လိုက်လေသည်။

ပြတင်းပေါက်မှ လေညင်းလေးများ တိုက်ခတ်လာသောကြောင့် ကျန်းကျန်း၏ ခေါင်းပေါ်ရှိ အနီရောင်ပဝါလေးကလည်း တလွင့်လွင့် လှုပ်ခတ်နေခဲ့သည်။

သူမက လက်နှစ်ဖက်ဖြင့် ရှီကျွင့်ကျဲ၏ လည်ပင်းကို ဖက်လျက် အနီရောင်ပဝါကို ဖြတ်ကာ တစ်ဖက်လူ၏ နှတ်ခမ်းကို ညင်သာစွာ နမ်းလိုက်လေသည်။

ရုတ်တရက် ကြွေးကြော်သံများနှင့် အော်ဟစ်သံများသည်က တစ်အိမ်လုံးကို လှုပ်ခါလိုက်သလို ဖြစ်သွားခဲ့သည်။

ကောင်လေးများက ကျယ်လောင်စွာ အော်ဟစ်ကြပြီး ကောင်မလေးများကမူ မျက်နှာနီရဲစွာဖြင့် ပါးစပ်များကို ပိတ်ကာ ခပ်တိုးတိုးလေး ရယ်မောကြသည်။

ကျန်းကျန်းက လုံးဝရှက်ရွံ့ခြင်းမရှိဘဲ ရှီကျွင်းကျဲ၏ ရင်ခွင်အတွင်း၌ မှီကာ သူမ ကိုယ့်ကို တစ်ဖက်လူမှ တံခါးအပြင်ဘက်သို့ ပွေ့ချီသယ်ဆောင်သွားသည်ကို ကြည့်နေခဲ့သည်။

ရှီကျွင့်ကျဲ၏ ဝမ်းကွဲများက သတို့သားနှင့်သတို့သမီးအတူထွက်လာသည်ကို မြင်သောအခါ မီးရှူးမီးပန်းများနှင့် ဗျောက်အိုးများကို အလျင်အမြန် ပစ်ဖောက်လိုက်ကြသည်။

“သတို့သမီး အိမ်ကို ရောက်လာပြီ”

ရှီမိသားစုမှ ပြင်ဆင်ထားသော မင်္ဂလာခန်းမသည်ကား အဓိက ခြံဝင်းတွင်း၌ ရှိသည်။

ရှီချန်ပေါ်နှင့် လင်းရှို့လန်တို့ကမူ နေရာယူပြီးသားဖြစ်သော်လည်း မဒမ်ရှီနှင့် ရှီအဘွားကြီးတို့ကိုတော့ မည်သည့်နေရာ၌မျှ မတွေ့ရပါချေ။

ကျန်းကျန်းကို ချပေးပြီး ရှီကျွင့်ကျဲက ရှီကျစ်ဟောင်ကို ဆွဲခေါ်ကာ တိုးတိုးလေး မေးလိုက်သည်။

“အဘိုးနဲ့ အဘွား ဘယ်မှာလဲ”

ရှီကျစ်ဟောင်က နဖူးကို ရိုက်ကာ ပြောလိုက်သည်။

“ဘေးဘက်အိမ်မှာ ဖြစ်ရမယ်၊ ကျွန်တော် သွားရှာလိုက်မယ်။”

ရှီကျစ်ဟောင်က ပြေးထွက်သွားသောအခါ လူတစ်စုကလည်း ပြုံးလျက် ဟိုဘက်ဒီဘက် ယိမ်းထိုးအောင် ရယ်မောကြသည်။

“မိသားစုနှစ်ခုက နီးစပ်လို့ ကံကောင်းတာပေါ့၊ ဝေးရင်တော့ ရှီကျွင့်ကျဲ မင်း ကျန်းကျန်းရဲ့အိမ်မှာပဲ သူတို့ကို အရိုအသေးပေးကန်တော့ရတော့မယ်ထင်တယ်။”

ဘေးဘက်မှအိမ်တွင် လူကြီးအချို့က စကားပြောနေကြပြီး ရှီကျစ်ဟောင်မှ တင်ပါးကို မီးလောင်နေသကဲ့သို့ ခုန်ဆင်းလာသည်ကို တွေ့လိုက်ရသည်။

“အဘိုး၊ အဘွား၊ ကန်တော့ခံဖို့အချိန်ရောက်ပြီ”

ရှီအဘိုးက သူတို့ မြေး၏ ငိုသံဗြဲဗြဲကို ကြားသောအခါ နဖူးကို ရိုက်လိုက်သည်။

“ဒီကိစ္စကို ငါမေ့သွားတယ်”

အဘိုးနှင့် အဘွားက အနောက်လှည့်ကာ ပြေးထွက်သွားကြသည်။

စုဝေ့ရန်က သူ၏ သူငယ်ချင်းအချို့ကို ပြုံးလျက် ကြည့်လိုက်သည်။

“သွားကြစို့၊ ပျော်ပွဲရွှင်ပွဲကို သွားကြည့်ကြကြမယ်”

*

စီးထားသော ဒေါက်မြင့်ဖိနပ်များကို ချွတ်လိုက်သောအချိန်တွင် ကျန်းကျန်း၏ ခြေသလုံးများက အနည်းငယ်နာနေသည်ကို ခံစားနေခဲ့ရသည်။

သူမ ခြေချင်းဝတ်များကို ပွတ်သပ်လျက် ခါးသီးစွာ ပြုံးလိုက်သည်။

“တစ်နေ့လုံး ဒေါက်မြင့်ဖိနပ်စီးရတာက တောင်ပေါ်မှာ တစ်နေ့လုံးပြေးတုန်းကထက်တောင် ပိုပင်ပန်းတယ်။”

ရှီကျွင့်ကျဲက အနားသို့ လျှောက်လာပြီး ကျန်းကျန်း၏ ခြေထောက်အနီးတွင် ထိုင်ချလိုက်ကာ သူမ၏ ခြေသလုံးကို ညင်သာစွာ နှိပ်နယ်ပေးခဲ့သည်။

နာကျင်သည့် ခံစားချက်များက ကြွက်သားများတစ်လျှောက် ဖြည်းဖြည်းချင်း တက်လာခဲ့သည်။

ကျန်းကျန်းလည်း သက်သောင့်သက်သာရှိစွာ သက်ပြင်းချလိုက်မိသည်။

ကျန်းကျန်း၏ ဆွဲဆောင်မှုရှိလှသော အသံကိုကြားသောအခါတွင် ရှီကျွင်းကျဲ၏ ခြေထောက်များက ပျော့ခွေသွားပြီး မြေကြီးပေါ်၌ ဒူးမထောက်မိရုံမျှလောက် ဖြစ်သွားခဲ့ရသည်။

သူသည်ကား ကျန်းကျန်း၏ခြေထောက်များကို နှိပ်နယ်ပေးရန်အတွကငပင် စိတ်မပါတော့ဘဲ ချောင်းနှစ်ချက်ဟန့်လိုက်ပြီး ကျန်းကျန်း၏ဘေး၌ ပူးကပ်၍ ထိုင်လိုက်သည်။

ထို့နောက် လက်တစ်ဖက်က ကျန်းကျန်း၏ နောက်ကျောဘက်ရှိ အင်္ကျီဇစ်ကို စမ်းကြည့်လိုက်သည်။

“တစ်နေကုန်ကြာအောင်ပင်ပန်းနေခဲ့ရတာပဲ၊ ကိုယ် မင်းကို မင်္ဂလာဝတ်စုံချွတ်ဖို့ ကူညီပေးမယ်။”

ရှီကျွင့်ကျဲ၏ အသက်ရှူသံများက ပြင်းထန်နေခဲ့သောကြောင့် သူ့၏အနားတွင်ကပ်လျက် ရှိနေသည့် ကျန်းကျန်းသည်လည်း သေချာပေါက် ကြားလိုက်ရပေသည်။

ကျန်းကျန်းတစ်ယောက် စိတ်လှုပ်ရှားနေခဲ့ရပြီး အရိုးမရှိသကဲ့သိုး ရှီကျွင်းကျဲ၏ ရင်ခွင်တွင်း၌ ပုံလျက်သားကျသွားခဲ့သည်။

သူမက တစ်ဖက်လူ၏ လက်ကိုဆွဲယူကာ ကလေးဆန်စွာ ပြောလိုက်သည်။

“ရှင် အရင်ဆုံး ရေချိုးဖို့ ရေတွေသွားပြင်လိုက်ပါဦး၊ ပင်ပန်းနေတာ ပြေသွားအောင် ရေအရင်ဆုံးချိုးချင်တယ်။”

“ကောင်းပြီ၊ ကိုယ်ပြန်လာရင် မင်းကို မင်္ဂလာဝတ်စုံချွတ်ဖို့ ကူညီပေးမယ်”

ရှီကျွင်းကျဲ၏ မျက်လုံးများက နက်ရှိုင်းနေခဲ့သည်။ သူက ကျန်းကျန်း၏ ပိန်သွယ်သည့် ခါးကို ပွေ့ဖက်လျက် မခွဲခွာလိုစွာဖြင့် သူမ၏ နှုတ်ခမ်းကို နမ်းရှိုက်လိုက်ပြန်သည်။

ထို့နောက်တွင် နေရာမှ ထကာ ရေချိုးခန်းတွင်းသို့ ရေလဲရန် သွားခဲ့သည်။

ရေချိုးခန်းအတွင်းမှ ရေစီးသံကို ကြားလိုက်ရသည်နှင့် ကျန်းကျန်းက သူမ၏ ကိုယ်ပေါ်မှမင်္ဂလာဝတ်စုံကို အလျင်အမြန်ချွတ်ပြီး ဗီရိုအတွင်း၌ ချိတ်ဆွဲလိုက်ကာ ညဝတ်ဂါဝန်ရှည်ကို လဲလှယ်ဝတ်လိုက်သည်။

ရှီကျွင့်ကျဲက သူ၏ လည်စည်းကို ဖြေလျှော့လျက် ရေချိုးခန်းတွင်းမှ ပြန်ထွက်လာသောအခါတွင် ကျန်းကျန်းက ကုတင်ပေါ်၌ စာအုပ်ထိုင်ဖတ်လျက်ရှိနေပြီဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

သူမ၏ သွယ်လျဖြူဥသော ခြေထောက်နှစ်ဖက်က ကွေးထားခဲ့ပြီး ညဝတ်ဂါဝန်စကတော့ ပေါင်ရင်းအထိ ကျဆင်းနေခဲ့သည်။

ရှီကျွင်းကျဲက လည်ပင်းတွင်ရှိနေသော နက်ခ်တိုင်ကို ဘေးဖယ်ချလိုက်ပြီး ကျန်းကျန်း၏အရှေ့သို့ ဝင်ကာ လှဲချလိုက်သည်။

ထို့နောက် လက်ကိုဆန့်တန်းလျက် သူမ၏ နဖူးကို တို့ထိလိုက်လေသည်။ ရှီကျွင့်ကျဲ၏ မျက်လုံးများတွင် အပြုံးလေးများရှိနေခဲ့သည်။

“ကိုယ်ပြန်လာတဲ့အချိန်ကျရင် မင်းကို မင်္ဂလာဝတ်စုံချွတ်ပေးဖို့ ကူညီမယ်လို့ ကတိပေးထားတာ မဟုတ်ဘူးလား”

ကျန်းကျန်း၏ မျက်နှာသည်ကား ရှက်သွေးဖြာကာ နီရဲလျက်ရှိနေသည်။ သူမက ကိုယ်ကိုလှည့်၍ မျက်နှာကို လက်ဖြင့် ဖုံးအုပ်ထားရင်း ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

“ညတောင်မမှောင်သေးဘူး ၊ အချိန်မတော် ဒီလိုမျိုးရှက်စရာစကားတွေ မပြောနဲ့လေ”

“ဒါက ရှက်စရာကောင်းလို့လား”

ရှီကျွန့်ကျဲက သွားများပေါ်သည်အထိ ရယ်မောလိုက်ကာ သူ၏ လက်ကို ဆန့်တန်း၍ ကျန်းကျန်းကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

သူ၏ နွေးထွေးသော ဝင်ငွေထွက်လေနွေးနွေးများက ကျန်းကျန်း၏ နားရွက်ဖျားကို ဖြတ်၍ လည်ပင်းဆီသို့အထိ ကျဆင်းသွားခဲ့သည်။

“ဒီလိုဆိုရင်ရော၊ ပိုပြီးရှက်သွားလောက်မလား”

ရှီကျွင့်ကျဲ၏ စနောက်သည့် စကားသံကိုကြားသော် ကျန်းကျန်းလည်း သူ၏လက်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်သည်။

ကျန်းကျန်း၏ မျက်နှာ ပေါ်လာသည်နှင့်အမျှ ရှီကျွင့်ကျဲ၏ အသက်ရှူသံများက ပို၍ မြန်ဆန်လာခဲ့ကာ သူ၏ လက်များကလည်း တဖြည်းဖြည်း တင်းကျပ်လာခဲ့သည်။

လူငယ်နှစ်ဦး၏ ခန္ဓာကိုယ်များက ပို၍ နီးကပ်လာခဲ့ကြကာ နောက်ဆုံး၌ ပူနွေးနေသည့် နှုတ်ခမ်းများက တစ်ဦးနှင့်တစ်ဦး ထပ်တူကျသွားခဲ့လေသည်။

သူတို့၏ နှုတ်ခမ်းနှင့် လျှာများက ခွဲမရအောင် ရောယှက်နေခဲ့သည်။

အနမ်းများက နှုတ်ခမ်းမှ အောက်သို့ ဆင်းသွားသော်လည်း လက်များကမူ တဖြည်းဖြည်းနှင့် အပေါ်သို့ တက်လာခဲ့ကာ ကျန်းကျန်း၏ နှလုံးသားဆီအထိ ပူလောင်သည့် ခံစားမှုများနှင့် မီးတောက်များနှယ် လောင်ကျွမ်းလာခဲ့သည်။

ကျန်းကျန်း၏ မျက်လုံးများက အနည်းငယ် မှုန်ဝါးလာခဲ့ပြီး တစ်ကိုယ်လုံးက မီးလောင်နေသည်နှယ် ခံစားရလေသည်။ သူမ၏ အသိစိတ်များကလည်း တဖြည်းဖြည်း ဝေးကွာလာခဲ့သည်။

“ဝေါ...”

ရုတ်တရက် ရေချိုးခန်းမှ ရေကျသံကို ကြားလိုက်ရသည့်အတွက် ကျန်းကျန်း သတိပြန်ဝင်လာခဲ့ရပြီး ရှီကျွင့်ကျဲကို တွန်းထုတ်လိုက်မိသည်။

ကျန်းကျန်း၏ လည်ချောင်းက ခြောက်ကပ်နေခဲ့ကာ တစ်ဖက်လူကို ခပ်တိုးတိုးပြောလိုက်သည်။

“ရေချိုးကန် ပြည့်နေပြီ”

ရှီကျွင့်ကျဲက ကျန်းကျန်း၏အပေါ်မှ မထချင်ထချင်ဖြင့် ထလိုက်ရသော်လည်း ရေချိုးခန်းမှ ရေစီးသံကို ဆက်တိုက်ကြားလိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများက တဖန်ပြန်၍ တောက်ပလာသည်။

သူက သူ၏လက်များဖြင့် ကျန်းကျန်းကို ပြန်လည်ပွေ့ဖက်၍ ချီလိုက်ကာရေချိုးခန်းဆီ ခြေလှမ်းကျဲများဖြင့် လျှောက်သွားရင်း သူ၏အသံထဲမှ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်တော့ဘဲ ပြောလိုက်သည်။

“ကိုယ့်ရဲ့ ဇနီးလေးနဲ့ ရေအတူတူ ချိုးမယ်”

လူနှစ်ဦးအတွက် သင့်သောင့်သက်သာရှိစွာ ဝင်ထိုင်နိုင်သည့် ရေချိုးကန်ကြီးထဲ၌ ရေနွေးများ ပြည့်နေခဲ့သည်။ ရှီကျွန့်ကျဲက ကျန်းကျန်းကို ရေချိုးကန်ထဲ ထည့်ပေးလိုက်ကည ရေပိုက်ခေါင်းကို ပိတ်လိုက်သည်။

ကျန်းကျန်းက သူမ၏ စိုရွှဲနေသည့် ညဝတ်အင်္ကျီကို ကြည့်၍ ရေလက်ဖဝါးတစ်ခုစာကို ရှီကျွင့်ကျဲပေါ် သို့ ပက်ရင်း ဆက်ပြောလာသည်။

“ခုနလေးကပဲ ဝတ်ထားတဲ့ ညဝတ်အင်္ကျီက စိုရွှဲသွားပြီ၊ အခု ဘယ်လိုလုပ်ပြီး ဝတ်လို့ရတော့မှာလဲ”

ရှီကျွင့်ကျဲ ကျန်းကျန်း၏ ခန္ဓာကိုယ်၌ ကပ်နေသည့် ညဝတ်အင်္ကျီကို ကြည့်လိုက်သည်။

သူမ၏ လှပသည့် ခန္ဓာကိုယ် ကောက်ကြောင်းများက ရေများစိုချွဲနေသည့်အတွက် ပိုမိုထင်ရှားစွာ ပေါ်လွင်နေခဲ့လေ၏။

ရုတ်တရက် သူ၏ ဝမ်းဗိုက်အောက်ပိုင်းမှ ပူနွေးသည့် လေများဖြင့် တက်လာခဲ့ရကာ သူ၏ အသက်ရှူသံများကလည်း တဖြည်းဖြည်း ပို၍ မြန်ဆန်လာခဲ့သည်။

ကျန်းကျန်း ရေချိုးကန်၌ ထိုင်နေသည်ဖြစ်၍ ရှီကျွင့်ကျဲ၏ အပြောင်းအလဲများကို တစ်ချက်ကြည့်လိုက်သည်နှင့် မြင်နေရသည်။

သူမက ချစ်ရေးဆိုစဉ်ကသော်လည်းကောင်း၊ အနမ်းခံရစဉ်ကသော်လည်းကောင်း အရှေ့မှ ဦးဆောင်ရသည်ကို နှစ်သက်သော်လည်း မည်သို့ပင်ဖြစ်စေ သူမသည်ကား ဘဝအတွေ့အကြုံမရှိသေးသည့် မိန်းကလေးတစ်ဦးသာဖြစ်သည့်အတွက် ဤမြင်ကွင်းကို မြင်လိုက်ရသော် ရှက်ရွံ့နေရဆဲပင်။

သူမ၏ ဖြူနုသည့် မျက်နှာလေးက နီရဲလာခဲ့ကာ နှလုံးခုန်သံများလည်း မြန်လာခဲ့ပြီး မသက်မသာဖြစ်စွာနှင့် မျက်နှာကို လွှဲလိုက်မိသည်။

ရှီကျွင့်ကျဲက သူ၏ စျေးကြီးသည့် ဝတ်စုံနှင့် ရှပ်အင်္ကျီများကို ချွတ်လိုက်ပြီး ဘေးဘက်၌တင်ထားလိုက်သည်။ ကျန်းကျန်းက လှုပ်ရှားသည့်အသံများကိုကြား၍ လှည့်ကြည့်မိချိန်တွင် ရှီကျွင့်ကျဲ၏ ဝမ်းဗိုက်ရှိ ခြောက်ခုထင်ရှားစွာပေါ်နေသောကြွက်သားလိုင်းများကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အကြည့်များကို ဆွဲဆောင်ခံလိုက်ရပြန်သည်။

ရှီကျွန့်ကျဲက ခါးပတ်ကို ဖြည်လိုက်သည့်အချိန်တွင် သူ၏ ဘောင်းဘီသည်လည်း အောက်သို့ လျှောကျသွားခဲ့ကာ ဤအချိန်ကိုရောက်မှသာ ကျန်းကျန်းတစ်ယောက် ထိတ်လန့်၍ မျက်နှာကို လွှဲလိုက်မိသည်။

သူမ၏ ဖြူနုနု နားရွက်များနှင့် သွယ်လျသည့် လည်ပင်းများကတော့ ပန်းနီရောင်ဖြင့် ခြယ်သခံထားခဲ့ရပေပြီ။

*

All Chapters