အခန်း (၃၁၅)
Vol. 32 Ch. 315
“ရှစ်ဖူ”
ကျန်းကျန်းက သူမ၏မိတ်ကပ်ကို နောက်ဆုံးအကြိမ်အဖြစ် ချိန်ညှိနေစဉ် ဆရာကြီးများ ရောက်လာသည်ကို မြင်လျှင် အလျင်အမြန် ထ၍ နှုတ်ဆက်လိုက်သည်။
“အရမ်းလှနေတာပဲ”
ယန်ပေါင်ကျိုးက ကျန်းကျန်း၏ လက်ကို ချီးကျူးစိတ်ဖြင့် ဆုတ်ကိုင်၍ သူမ၏အနီးသို့ကပ်ကြည့်ပြီးသည့်နောက် မိတ်ကပ်စားပွဲမှ မျက်ခုံးမွှေးခဲတံကို ကောက်ယူလိုက်သည်။
“ငါ မင်းအတွက် ထပ်ပြင်ပေးမယ်။”
ဝမ်မင်နှင့် စုဝေ့ရန်တို့က သူတို့၏နှာခေါင်းများကို တို့ထိ၍ ပြုံးကာ ခေါင်းခါလိုက်ကြသည်။
“ဒီတစ်ယောက်က မိတ်ကပ်တွေကိုမြင်တာနဲ့ ရွေ့နိုင်တော့မှာမဟုတ်ဘူး၊ သူတို့ကို ဒီမှာပဲ ချန်ထားပြီး လုပ်ခိုင်းလိုက်ကြရအောင်၊ ငါတို့တွေ ခန်းမကြီးဆီကို လက်ဖက်ရည်သောက်ဖို့ သွားကြတာပေါ့”
ကျန်းကျန်းက ပြုံး၍ ရှုကျားကျားကို တိုက်တွန်းလိုက်သည်။
“ငါ့ကို ကူညီပြီး ဆရာကြီးတွေကို ခေါ်သွားပေးပါဦး”
ယန်ပေါင်ကျိုးက မိတ်ကပ်စားပွဲပေါ်မှ အရောင်စုံလင်စွာရှိနေသည့် မိတ်ကပ်များကို စိတ်အားထက်သန်စွာ ကြည့်၍ သူ့မျက်ခွံထောင့်ကို မြှင့်တင်ကာ ပို၍ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။
“လာပါဦး၊ လောင်ရှစ်က မင်းမိတ်ကပ်ကို ပြင်ပေးပါစေ”
*
ခြံ၏ အရှေ့ဘက်တံခါးဝ၌ လီမင်တုန်က သူ့ညီအစ်ကိုတချို့ကို ခေါ်၍ ဧည့်သည်များကို နှုတ်ဆက်ကြိုဆိုနေစဉ်၊ ယွီရှို့ကျင်းနှင့် သူ့လုပ်ဖော်ကိုင်ဖက်များမှာကား ခြံတံခါးဝ၌ အနည်းငယ် ကြောင်အမ်းစွာဖြင့် ရပ်တန့်နေခဲ့ကြသည်။
“လီမင်ကျန်းက တကယ်ပဲ ဒီမှာနေတာလား။”
“ဒီမှာနေတယ်လို့ မရေးထားဘူးလား။”
ဒုတိယအယ်ဒီတာချုပ်က သူ့၏အိတ်အတွင်းမှ လိပ်စာကို ထုတ်ကြည့်ပြီးနောက် ခေါင်းကို ပြန်မော့လိုက်ကာ စည်ကားနေသည့် တံခါးကိုကြည့်၍ သေချာစွာ ပြောလိုက်သည်။
“လိပ်စာကမှန်ကန်တယ်”
သူတို့ ကြောင်အမ်းအမ်းနှင့်ပင် တံခါးပေါက်တွင်ရှိနေသောသူများထံမှ ကြိုဆိုနှုတ်ဆက်ခံလိုက်ရပြီး ခန်းမကြီးအတွင်းသို့ ဝင်သည်နှင့် အပေါ်ဆုံးတန်း၌ ထိုင်နေသည့်လူများက သူတို့ကို ပြုံးရွှင်စွာနှင့် ခေါင်းညိတ်ပြနေသည်ကို တွေ့လိုက်ရသည်။
ယွီရှို့ကျင်းက သူ့လက်ကို တုန်တုန်ယင်ယင်နှင့် ဆန့်ထုတ်လိုက်မိသည်။
“ငါ့ကို အင်းလက်ထဲက လိပ်စာကိုပေးပါဦး၊ ငါတို့တွေ တကယ်ကြီး တံခါးမှားဝင်မိပြီထင်တယ်။”
ဒုတိယအယ်ဒီတာချုပ်က အခန်းအကျယ်ဆုံးနေရာ၌ ထိုင်၍ လက်ဖက်ရည်သောက်နေသည့် လူအုပ်စုလေးကို ကြည့်၍ သူ၏လက်ထဲထဲမှ မှတ်စုကို ပေးလိုက်လေသည်။ သေချာပေါက် သူ၏လက်သည်လည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့သည်။
“တံခါးမှားဝင်မိရင်တောင် ဘာဖြစ်လဲ၊ ကျွန်တော်တို့တွေ ဒီအခွင့်အရေးကိုယူပြီး အင်တာဗျူးလုပ်ဖို့ ချိန်းလိုက်ရမလား”
ယွီရှို့ကျင်းက မှတ်စုကိုယူကာ အိမ်နံပါတ်ကို ပြန်လည်စစ်ဆေးကြည့်လိုက်သည်။
ထိုနောက် တံခါးဝ၌ရှိနေသော လူငယ်တစ်ယောက်ကို စစ်ဆေးမေးမြန်းကြည့်ရန် လုပ်နေစဉ် ရှုကျားကျားက ရေနွေးဘူးနှစ်လုံးကို ကိုင်၍ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
တံခါးကို ပိတ်ဆို့နေသည့် အယ်ဒီတာချုပ်၊ ဒုတိယအယ်ဒီတာချုပ်နှင့် ပြည်တွင်းသတင်းဌာနမှ လုပ်ဖော်ကိုင်ဖက်များကို ကြည့်၍ ရှုကျားကျား အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့ရသည်။
“အယ်ဒီတာချုပ်၊ ဘာလို့ အထဲကို မဝင်ဘဲ ဒီနေရာမှာ ရပ်နေကြတာလဲ။”
ယွီရှို့ကျင်းက မေးလိုက်သည်။
“ဒါကလီမင်ကျန်းရဲ့အိမ်လား”
“ဟုတ်တယ်၊ ကျန်းကျန်းက အခုမိတ်ကပ်လိမ်းနေတာလေ၊ အက်ဒါတာချုပ်တို့ အထဲကိုလာပြီး အရင်ထိုင်လိုက်ကြပါဦး”
ရှုကျားကျားက ပြုံးပြလိုက်ပြီး လူများကို ခေါ်ဆောင်သွားပြီး၊ ဆရာကြီးများ၏ ရှေ့၌ရှိသည့် လက်ဖက်ရည်အိုးအတွင်းသို့ ရေနွေးများကို အလျင်အမြန် ထည့်ပေးလိုက်သည်။
ဒုတိယအယ်ဒီတာချုပ်မှာ မတိုင်ခင်အချိန်က စိတ်လှုပ်ရှားနေသည့် မျက်နှာဖြင့် အထူးအင်တာဗျူးတစ်ခု အတွကာ ရက်ချိန်းလိုခဲ့သော်လည်း ထိုလူများ၏ရှေ့သို့ လျှောက်သွားရသည့်အချိန်တွင်တော့ စကားတစ်ခွန်းမှ မပြောရဲချေ။
သူက ယွီရှို့ကျင်း၏နောက်မှ လိုက်၍ အပေါ်ဘက်တွင်ရှိနေသည့် ဆရာကြီးများကို စိတ်အားထက်သန်စွာ ကြည့်နေခဲ့သည်။
သူ၏စိတ်လှုပ်ရှားမှုသည်ကား ဖော်ပြ၍ မရအောင်ပင် များပြားလွန်ပေ၏။ ပုံမှန်အချိန်များတွင်ဆိုပါက ဤလူများထဲမှ တစ်ယောက်နှင့်တွေ့ဆုံရဖို့ပင်လျှင် အလွန်ခက်ခဲလွန်သည်။
သို့သော်လည်းယနေ့၌ ဤကဲ့သိား လူများစွာကို တစ်နေရာထဲတွင်ပင် တွေ့လိုက်ရပြီး ဤသည်မှာ အိပ်မက်လောက်ပင် လက်တွေ့မကျဟု ပြောပါက မှားယွင်းမည်မဟုတ်ပါချေ။
ယွီရှို့ကျင်းက အနည်းငယ်လောက် အောက်ဘက်ကို ရောက်သည့် နေရာ၌ ထိုင်၍ မစ္စတာဝမ်မင်ကို ဦးစွာနှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ဆရာကြီးဝမ်မင်၊ ကျွန်တော့်ကို မှတ်မိလား၊ ကျွန်တော် ဆရာကြီးကို တစ်ခါတုန်းက အင်တာဗျူးဖူးပါတယ်”
မစ္စတာဝမ်မင်သည်ကား ယခုဆိုလျှင် အသက် ၈၀ ကျော်နေပြီ ဖြစ်သော်လည်း စိတ်များက ကြည်လင်ကောင်းမွန်နေဆဲဖြစ်ကာ ရုပ်ရည်သည်လည်း ကြည့်ကောင်းနေဆဲပင်။
“ငါ မင်းကို မှတ်မိတယ်၊ မင်းက ဟွာကွမ်းအသင်းက ရှောင်ယွီမလား”
“ရှောင်ယွီ” ဟု အခေါ်ခံလိုက်ရသည့် ယွီရှို့ကျင်းမှာ ဤသို့သော လူကြီးလူကောင်းနစ်ယောက်က သူ့ကို မှတ်မိနေခြင်းကို မမျှော်လင့်ထားခဲ့မိသည့်အတွက် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဆရာကြီးက မှတ်ဉာဏ် အရမ်းကောင်းတာပဲ”
သူ့၏ဘေးနား၌ လက်ဖက်ရည်သောက်နေသည့် စုဝေ့ရန်က ဟွာကွမ်းအသင်း၏အကြောင်းကို ကြားလျှင် ယွီရှို့ကျင်းကို ကြည့်၍ သဘောကောင်းစွာ မေးလိုက်သည်။
“ဒီတော့ မင်းနဲ့ ငါတို့ရဲ့ ကျန်းကျန်းက လုပ်ဖော်ကိုင်ဖက်တွေလား”
ယွီရှို့ကျင်း၏ ရှုပ်ထွေးနေသည့် အမူအရာကို မြင်လျှင် စုဝေ့ရန်က ထပ်ဖြည့်၍ပြောလိုက်သည်။
“လီမင်ကျန်းကို ဆိုလိုတာပါ”
ကျန်းရန်ကျယ်က ယွီရှို့ကျင်း၏ မှင်တက်နေသည့် အမူအရာကို ကြည့်၍ မနေနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။
“မင်းတို့တွေ ဒီနေ့ ကျန်းကျန်းရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ ရောက်လာကြတာ မဟုတ်ဘူးလား၊ ဘာလို့ တံခါးမှားပြီး ဝင်မိသလို ဖြစ်နေကြတာလဲ။”
ယွီရှို့ကျင်းက သူ့၏နဖူးမှ ချွေးများကို သုတ်ရင်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ကျွန်တော် တကယ်ကြီးတံခါးမှားဝင်မိသလိုမျိုး ခံစားရတာ”
မစ္စတာဝမ်မင်ကလည်း ယွီရှို့ကျင်း၏ စိုးရိမ်စိတ်ကို မြင်လျှင် ပြုံး၍ ခေါင်းခါလိုက်သည်။
“ဒီနေ့တော့ ငါတို့တွေအားလုံးက လီမိသားစုရဲ့ ဧည့်သည်တွေပဲလေ၊ ဒီမှာ အတူ တွေ့ဆုံပြီး နီးနီးကပ်ကပ်ထိုင်ရတာက ကံကြမ္မာကြောင့်ပဲ၊ ဒါကြောင့် ဒီလောက်ထိ စိုးရိမ်မနေပါနဲ့။”
ယွီရှို့ကျင်းက သက်ပြင်းချလိုက်မိလေ၏။ ထို့နောက်တွင် ဒုတိယအယ်ဒီတာချုပ်က သူ့၏နောက်ကျောကို အသာတို့ထိသည့် သတိပေးချက်နှင့်အတူ နောက်ဆုံး၌ အလုပ်ကိစ္စကို စတင်ပြောဆိုလိုက်သည်။
“ဒီလိုပါ ဆရာကြီးတို့၊ ဒီနေ့ခေတ်တွေမှာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုရသဘဝတွေက ပိုပြီး ကြွယ်ဝတိုးတက်လာနေတယ်၊
စာပေ၊ ပန်းချီ၊ အော်ပရာနဲ့ တရုတ်တိုင်းရင်းဆေးပညာတွေကလည်း လူတွေရဲ့ ဘဝထဲကို ပြန်ရောက်လာပြီလေ၊
ဒါကြောင့် ဒီကဏ္ဍတွေရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းလေးတွေကို ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ရဲ့ အင်တာဗျူးကို ဆရာကြီးတွေ အချိန်ယူပြီး လက်ခံပေးနိုင်လောက်မလား မသိဘူး။”
မစ္စတာဝမ်မင်၊ စုဝေရန်နှင့် အခြားသူများသည်က တစ်ယောက်၏မျက်နှာ တစ်ယောက်ကြည့်၍ သူတို့ လိုချင်သည့်အရာများက လူတိုင်း၏စိတ်ထဲတွင် တူညီနေသည်ကို မြင်လျှင် ပြုံး၍ ခေါင်းညိတ်လိုက်ကြသည်။
“မနက်ဖြန်အချိန်ကျရင် ငါတို့လို လူအိုတွေ စုဝေးမယ့်နေ့ပဲ၊ ငါတို့တွေကျန်းရန်ကျယ်ရဲ့ အိမ်ကို ထမက်းစားဖို့ သွားမှာလေ၊ ဒီတော့ မင်းတို့လည်း အဲဒီနေရာကို အတူတူလာခဲ့ကြလေ”
ကျန်းရန်ကျယ်က စားပွဲခုံအောက်မှ အံဆွဲကို ဖွင့်၍ ဘောပင်နှင့် စာရွက်ကို ထုတ်ကာ သူ၏အိမ်လိပ်စာကို ရေးချလိုက်သည်။
“မနက်ဖြန် မနက် ၉ နာရီလောက်ကို ဒီနေရာကိုကို လာခဲ့ကြလေ”
၎င်းသည်က သူတို့အတွက်တော့ မမျှော်လင့်ထားသည့် အံ့အားသင့်စရာပင်ဖြစ်ပေသည်။
ယွီရှို့ကျင်းက ကျန်းရန်ကျယ်ပေးသည့် လိပ်စာကို ယဥ်ကျေးစွာ လှမ်းယူ၍ အလျင်အမြန် ပြောလိုက်သည်။
“ကျွန်တော်တို့တွေ အချိန်မှီ ရောက်အောင်လာခဲ့ပါ့မယ်”
အပြင်ဘက်၌ အရေးကြီးသည့် ဧည့်သည်များက များစွာရှိသည့်အတွက်ကြောင့် ကျန်းကျန်းအနေဖြင့် သူမ၏ ကျောင်းနေဖက်များသာကိုခန်းမကြီးအတွင်းရှိ ဧည့်သည်များကို ဧည့်ခံနှုတ်ဆက်ခိုင်းရန် အားကိုးထား၍ မရနိုင်ပါချေ။
လီမူဝမ်း၏မိသားစုကလည်း အိမ်ထဲသို့ရောက်သည်နှင့် မဒမ်လီကို အလျင်အမြန် နှုတ်ဆက်ကာ အရှေ့ဘက်ခန်းမသို့ သွား၍ ဧည့်သည်များကို ကြိုဆိုခဲ့ကြသည်။
ယွီရှို့ကျင်းနည်းတူ လီမူဝမ်းတို့မိသားစု၏ သားများနှင့် ချွေးမသည်လည်း အပေါ်ဆုံးတန်း၌ ထိုင်နေသည့် ထင်ရှားကျော်ကြားသည့်လူများကို မြင်လျှင် အနည်းငယ် မှင်တက်သွားခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း၌ လီမူဝမ်းက စနေ၊ တနင်္ဂနွေ အားလပ်ချိန်ရလျှင် သူ့အမေကို လာတွေ့ဆုံလေ့ရှိသည်။
တစ်ခါတစ်ရံ ဇနီးသည်ဖြစ်သူနှင့် အတူတူလာ၍ တစ်ခါတစ်ရံတွင်မူ သူ့ဘာသာသူ တစ်ယောက်တည်းလာလေ့ရှိသည်။
ထို့ကြောင့် မစ္စတာဝမ်မင်နှင့်လည်း အကြိမ်များစွာ တွေ့ဖူးသည်။
လီမူဝမ်းအနေဖြင့် ကျန်းကျန်းသည်က နာမည်ကြီးလူကြီးလူကောင်းများ များစွာနှင့်သိရှိထားသော်လည်း သိပ်အလေးမထားခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူ့၏စိတ်အတွင်း၌မူ သူ့တူမသည်က အနည်းငယ် ထူးဆန်း၍ ချစ်စရာကောင်းသည့် ကလေးတစ်ယောက်ဖြစ်ပြီး လူတိုင်း၏ အာရုံစူးစိုက်မှုကို ခံရမည်ပင်။
ဆရာကြီးများကလည်း ကျန်းကျန်းနှင့်အတူ လှိုဏ်ဂူအတွင်းမှ ထွက်လာစဉ်က သူတို့ပေးထားခဲ့သည့် ကတိများခဲ့ကို အလေးထား၍ ထိမ်းသိမ်းပေးနေခဲ့ကြသည်။
သူတို့က နှစ်ပေါင်းများစွာ လျှို့ဝှက်ချက်ကို တင်းကြပ်စွာ ထိန်းသိမ်းထားခဲ့ကြပြီး ကျန်းကျန်းကို မစ္စတာဝမ်မင်မှတစ်ဆင့် တွေ့ဆုံခဲ့သည်ဟုသာ ပြောခဲ့ကြသည်။
သူတို့အနေဖြင့် ဤကလေး၏ စိတ်ဓာတ်ကို ကြိုက်နှစ်သက်သည့်အတွက်ကြောင့် သူမကို အကြံဉာဏ်များ ပို၍ ပေးလိုသည်ဟု ပြောထားခဲ့သည်။
သူတို့က မည်သည့်အရာကိိမှ မဖော်ထုတ်ခဲ့ကြပေ။
လီမူဝမ်းသည်ကား ရုပ်မြင်သံကြား၌ မကြာခဏ မပေါ်လာသော်လည်း ဟွာကွမ်းအသင်း၏ သတင်းထောက်များအနေဖြင့် တော်ဝင်မြို့တော်ရှိ အရာရှိများနှင့် ရင်းနှီးပေသည်။
ထို့ကြောင့် ယွီရှို့ကျင်းက လီမူဝမ်းမှ လူတိုင်းကို လက်ထပ်ပွဲ၏ ဧည့်ခံသူအဖြစ် နှုတ်ဆက်သည်ကို မြင်လျှင် အကြောင်းအရာများကို နားလည် သဘောပေါက်သွားခဲ့သည်။
လီမင်ကျန်းအနေဖြင့် အဘယ်ကြောင့် ဤကဲ့သို့သော ကောင်းမွန်သည့် ခြံဝင်းအတွင်း၌ နေနိုင်သနည်းဆိုသည့်အဖြေမှာ သူမမိသားစု၌ ဤသို့သော အရာရှိကြီးများ များစွာရှိခြင်းကြောင့်တည်း။
“လာကြ၊ လာကြ သစ်သီးတွေစားကြပါဦး”
မဒမ်လီက သူမ၏မိသားစုကို ခေါ်၍ ဆေးကြောထားသည့် သစ်သီးများကို ဧည့်သည်များဆီသို့ လိုက်ပို့စေခဲ့သည်။
မိသားစုဝင်များက သွားရည်စာပန်းကန်များနှင့် သစ်သီးများကို လူတိုင်း၏ ဘေးရှိ စားပွဲငယ်များပေါ်၌ တင်ပေးလာခဲ့ကြသည်။
မဒမ်လီက လူတိုင်းကို ခင်မင်ရင်းနှီးစွာ စားသောက်ရန် ဖိတ်ခေါ်လာခဲ့သည်။
“ကျွန်မတို့ရဲ့အိမ်မှာ သစ်သီးပင်တွေ အများကြီးရှိတယ်လေ၊ ဒီတော့ သစ်သီးတွေလည်း အများကြီးရှိတယ်၊ ကိုယ်တိုင်စိုက်တဲ့အပင်တွေက အပြင်မှာ ဝယ်စားရတာထက် ပိုပြီးချိုတယ်၊ ဒါကြောင့် အားနာမနေကြဘဲ များများစားကြပါ”
*