အခန်း (၃၁၆)
Vol. 32 Ch. 316
“အစ်မကြီး၊ ဒီနေ့ အရမ်းပျော်နေပုံရတယ်”
စုဝေ့ရန်က သူမကို ပြုံး၍ စနောက်လိုက်သည်။
“လမ်းလျှောက်နေတာများ လေတွေတိုက်နေသလိုပဲ”
မဒမ်လီက ရယ်မောလိုက်သည်။
“ကျွန်မရဲ့ ဘဝမှာ မြေးမလေးဆိုလို့ တစ်ယောက်ပဲ ရှိတာလေ၊ အခု သူမက လက်ထပ်တော့မှာဆိုတော့ နောက်ထပ် ဘာမှ စိတ်ပူစရာ မလိုတော့ဘူး”
ခဏတာ စနောက်ပြီးနောက် မဒမ်လီက သူမ၏အကြည့်ကို ယွီရှို့ကျင်းဆီသို့ လှည့်လိုက်လျှင် ရှုကျားကျားက ချက်ချင်း ပြုံးပြ၍ မိတ်ဆက်ပေးလိုက်သည်။
“အဖွား ဒီလူတွေက ကျွန်မတို့ သတင်းစာတိုက်ရဲ့ အယ်ဒီတာချုပ်၊ ဒုတိယအယ်ဒီတာချုပ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေလေ”
“အိုး၊ ခေါင်းဆောင်ကောင်းတွေပဲ”
မဒမ်လီသည်ကား လောကဓံကို မြင်ဖူးသူတစ်ယောက်ဟု ယူဆရပြီး သူမစကားပြောဆိုရာတွင် အနည်းငယ်မျှပင် မကြောက်လန်းပါချေ။
“ကျွန်မတို့ရဲ့ ကျန်းကျန်းက ရုံးမှာအလုပ်လုပ်နေချိန် မင်းတို့ကို ဒုက္ခပေးဖူးမှာပဲ၊ ခေါင်းဆောင်တို့ တစ်ခုခုလိုအပ်တာရှိရင် သူမကို ပိုပြီး ဆုံးမနိုင်ပါတယ်”
ယွီရှို့ကျင်းက ပြုံး၍ ပြောလိုက်သည်။
“အဖွား၊ အဖွားက အရမ်းယဉ်ကျေးတာပဲ၊ လီမင်ကျန်းက ကြိုးစားတတ်တဲ့ ကလေးဖြစ်ပြီး အလုပ်လည်းကြိုးစားလွန်းတယ်၊ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေက သူမကို အရမ်းခင်ကြတယ်”
မဒမ်လီက ထိုစကားများကိုကြားလျှင် ဂုဏ်ယူစိတ် မထိန်းနိုင်ဖြစ်သွားသော်လည်း ယွီရှို့ကျင်းနှင့် မရင်းနှီးခြင်းကြောင့် ကျိုးနွံစွာ ပြုံးပြရုံသာ တတ်နိုင်ခဲ့သည်။
“ပိုပြီး လမ်းညွှန်မှု လိုပါသေးတယ်”
သူတို့ စကားပြောနေစဉ် စွမ်းရန်သယ်နှင့် ဝမ်ရှင်းကျယ်တို့က အထည်ချုပ်စက်ရုံမှ စက်ရုံခေါင်းဆောင်များကို ခေါ်လာခဲ့လေသည်။
ဤနှစ်ယောက်သည်က သူတို့၏အိမ်သို့ အလုပ်အကြောင်း ပြောရန် မကြာခဏ လာလေ့ရှိသည်။
ထို့ကြောင့် မဒမ်လီကလည်း သူတို့နှင့် ရင်းနှီးသည်ဖြစ်၍ အလျင်အမြန် နှုတ်ဆက်သည်။
စည်ကားနေသည့် အခန်းကြီးကို ကြည့်ရင်း ကျန်းချွမ်ဟွားက လျို့ရှို့လန်၏လက်ကို တိတ်တိတ်လေး ဆွဲလိုက်သည်။
“ကျွန်မတို့မှာ တော်ဝင်မြို့တော်မှာ ဆွေမျိုးမိတ်ဆွေတောင် မရှိဘူး၊ညဒီနေ့ ဘာလို့ ဒီလောက်တောင်လူတွေ အများကြီး ရှိနေတာလဲ”
လျို့ရှို့လန်က မဒမ်လီ၏ ရင်းနှီးသည့် အမူအရာကို ကြည့်၍ ခန့်မှန်းလိုက်သည်။
“သူတို့တွေက ဒီကို ရောက်ပြီးကတည်းက တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလို့ ထင်တယ်၊ အမေက စိတ်ဓာတ်ကောင်းပြီး အရမ်းစိတ်အားထက်သန်တယ်လေ၊
ဆေးရှာတာ ဒါမှမဟုတ် တခြားအရာတွေ ဝယ်တဲ့အချိန်တွေမှာလူအုပ်ကြီးနဲ့တွေ့ရင်တောင် သူ နှုတ်ဆက်တာကို အစ်မ မမြင်ဘူးလား။”
ကျန်းချွမ်ဟွားက ခေါင်းညိတ်၍ စိတ်အတွင်း၌ မနာလိုဖြစ်မိသည်။
“ငါလည်း အိမ်ပြန်ရောက်ရင် အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးကောင်းအောင် ထားရမယ်”
လီမိသားစု အိမ်သည်က ဤ၌ စည်ကားနေသကဲ့သို့ ဘေးဘက်တွင်ရှိနေသော ရှီကျွင်းကျဲ၏အိမ်သည်လည်း တူညီ၀ွာ စည်ကားနေခဲ့သည်ပင်။
ကြားထဲမှ ခြံစည်းရိုးအမှတ်ကိုကျော်ကာ ကောင်းကင်ကို ပျံသွားလုမတတ် ကျယ်လောင်လှသော ရယ်သံများကို ကြားနေရသည်။
ရှီကျွင့်ကျဲ၏ ကျောင်းနေဖက်များ နှင့် လုပ်ဖော်ကိုင်ဖက်များ အားလုံးက ရောက်လာပြီး ရှီကျွင့်ကျဲကို စနောက်နေခဲ့ကြသည်။
မင်္ဂလာအချိန် နီးကပ်လာသည်နှင့် ကျန်းကျန်းက တံခါးနှင့် ပြတင်းပေါက်များကို ပိတ်၍ ဗီရိုအတွင်းမှ အနီရောင် မင်္ဂလာဝတ်စုံတစ်ထည်ကို ထုတ်ယူလိုက်သည်။
လင်းရှို့လန်က မူလက ကျန်းကျန်းအတွက် အဖြူရောင် မင်္ဂလာဝတ်စုံကို ပြင်ဆင်ထားသော်လည်း မဒမ်လီနှင့် အခြားသူများမူ ရိုးရာဓလေ့ကိုသာ စိတ်ကူးရှိကြပြီး ကျန်းကျန်းကို လက်ထပ်လျှင် တောက်ပသည့် အနီရောင် အဝတ်အထည်များ ဝတ်ဆင်စေလိုကြသည်။
ထိုသို့ဝတ်ဆင်မှသာ ပျော်ရွှင်၍ ကြွယ်ဝလိမ့်မည်ဟု ယူဆကြသည်။
အချိန်ကိုက်ပင် ပြင်သစ်နိုင်ငံမှ နာမည်ကြီး မင်္ဂလာဝတ်စုံ ဒီဇိုင်နာတစ်ယောက်က တရုတ်ဓလေ့ထုံးတမ်းအည ဒဏ္ဍာရီလာဖီးနစ်ငှက်ကို အခြေခံ၍ အနီရောင် မင်္ဂလာဝတ်စုံတစ်ခုကို ဒီဇိုင်းထုတ်ထားခဲ့သည်။
ဤမင်္ဂလာဝတ်စုံသည်ကား အရောင်အသွေးကိုသာ ဂရုစိုက်သည်မဟုတ်ဘဲ အသေးစိတ်အစ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားသည်။
ထို့ကြောင့် လင်းရှို့လန်က သူငယ်ချင်းတစ်ယောက်ဆီသို့ည ဖုန်းနှင့်လှမ်းပြောကာ ဤမင်္ဂလာဝတ်စုံကို ဝယ်ရန် ကူညီပေးဖို့ တောင်းဆိုခဲ့သည်။ ထို့အပြင် ချက်ချင်းပင် မိုင်ထောင်ချီကွာဝေးသည့်နေရာသို့ခရီးနှင်ကာ တရုတ်ပြည်သို့ ပြန်ယူလာပေးခဲ့ခြင်းဖြစ်ကြောင်းကို သိခဲ့ရသည်။
ကျန်းကျန်းမှ မင်္ဂလာဝတ်စုံကို ထုတ်လိုက်လျှင် အခန်းထဲတွင်ရှိနေသည့် လူလေးယောက်လုံးသာမက၊ အရာရာကို ကောင်းစွာသိရှိထားသည့် ယန်ပေါင်ကျိုးပင် အံ့သြသွားသည်။
သူမက သူမ၏လက်ကို ဆန့်ထုတ်၍ ဝတ်စုံမှ ဖီးနစ်ငှက်၏ တောက်ပသည့် အမွှေးအတောင်များကို ညင်သာစွာ ထိတွေ့လိုက်သည်။
သူမ၏မျက်လုံးအတွင်းမှ အလင်းရောင်သည်က ငယ်ရွယ်စဦ် အချိန်ကဲ့သို့ တောက်ပလာခဲ့သည်။
“ ဒီမင်္ဂလာဝတ်စုံက တကယ့်ကို လှပလွန်းတာပဲ”
မင်္ဂလာဝတ်စုံကို မကြိုက်သည့် အမျိုးသမီးဟူ၍ မရှိပေ။ သို့သော် ဝမ်းနည်းစရာက ယန်ပေါင်ကျိုးသည်ကား မှားယွင်းသည့်အချိန်၌ မွေးဖွားခဲ့သည်။
ထို့ကြောင့် ထိုနှစ်က မင်္ဂလာဝတ်စုံကို မဝတ်ဆင်ခဲ့ရသည့် နောင်တကို ဖြည့်ဆည်း၍ မရနိုင်တော့ပေ။
“ဒီတစ်သက်မှာ ဒီလောက်လှပတဲ့ မင်္ဂလာဝတ်စုံမျိုးကို မြင်ခွင့်ရဖို့ဆိုတာက အသက်တောင်သေရကျိုးနပ်လောက်တယ်”
ယန်ပေါင်ကျိုးက စိတ်ရင်းမှန်စွာဖြင့် အလေးအနက် ချီးကျူးလိုက်သည်။ သူမက မင်္ဂလာဝတ်စုံကိုယူကာ ကျန်းကျန်းကို ပြုံးလျက် ကြည့်သည်။
“လာခဲ့၊ ငါ မင်းကို ဝတ်ပေးမယ်လေ”
သူမ၏ ကိုယ်ပေါ်တွင် တောက်ပနေခဲ့သော အနီရောင်ဝတ်စုံကိုကြည့်လျက် ကျန်းကျန်းတစ်ယောက် သူမ၏ ပုံစံကို ကြည့်ရန်အတွက် ကိုယ်အပြည့်မြင်နိုင်သော ကိုယ်လုံးပေါ်မှန်ရှိရာသို့ သွားလိုစိတ် တဖွဖွဖြစ်နေသည်။
မှန်ရှေ့သို့ ရောက်သောအခါ သူမ၏ လက်ရှိ ရုပ်ရှည်သွင်ပြင်ကြောင့် အလွန်ပင်အံ့အားသင့်ကာ တုန့်ဆိုင်းသွားခဲ့သည်။ သူမခြယ်သထားသော ပါးလျသော မိတ်ကပ်ကပင် အလှဆုံးဖြစ်နေပြီဟု ယူဆခဲ့သော်လည်း ယန်ပေါင်ကျိုး၏ ပြင်ဆင်မှုပြီးနောက်တွင်မူ နဂိုရှိနှင့်နေသောအလှအပပေါ်တွင် ပို၍ ဆွဲဆောင်မှုရှိလာကာ တောက်ပနေခဲ့လေသည်။
ထို့အပြင် ဤဒီဇိုင်းနာ၏ လက်ရာမြောက်သော လက်လုပ်မင်္ဂလာဝတ်စုံကို ဝတ်ဆင်လိုက်သောအချိန်၌ ကျန်းကျန်းတစ်ယောက် ဤအခြေအနေကို ဖော်ပြရန် စကားလုံးတစ်လုံးတည်းသာ ရှိနေတော့သည်။
၎င်းသည်ကား တမူ ထူးခြားလှသည့်တောက်ပလင်းလက်မှုမျိုး ဖြစ်ပေသည်။
“ဖောက်၊ ဖောက်”
မီးရှူးမီးပန်းများ ပစ်ဖောက်သံက ထွက်ပေါ်လာသောအခါတွင် ကျန်းကျန်းလည်း သတိပြန်ဝင်လာကာ ယန်ပေါင်ကျိုးကို ပြုံးပြလိုက်သည်။
“ရှီကျွင့်ကျဲ ရောက်လာတာဖြစ်မယ်”
ယန်ပေါင်ကျိုးသည်ကား ငယ်စဉ်ကတည်းက လှပသော မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ပြီး မူလတန်းကျောင်းကတည်းက အော်ပရာကို သင်ယူခဲ့သည်။
သူမ၏ ပတ်ဝန်းကျင်တွင် ထူးချွန်သော ကျောင်းနေဖက်များ များစွာရှိသည်။
သူမသည်ကား အမြဲတစေရုပ်ရည်ပိုင်း၌ ချီးကျူးခံရတတ်သည့်သူဖြစ်သော်လည်း ကျန်းကျန်းမှ သူမဘက်သို့ ပြန်လှည့်ကြည့်ကာ ပြုံးပြလာသောအခါတွင်မူ ယန်ပေါင်ကျိုးသတစ်ယောက် လုပ်လက်စအရာကိုပင် သတိမေ့သွားခဲ့သည်။
“အရမ်းလှတာပဲ”
ယန်ပေါင်ကျိုးက စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။
“အထူးသဖြင့် မင်းရဲ့မျက်လုံးတွေက အသက်ဝင်လွန်းတယ်”
ကျန်းကျန်း၏ ပါးပြင်များက နီမြန်းသွားပြီး ပြုံးကာ လက်ဖြင့် မျက်နှာကို ဖုံးလိုက်သည်။
“အမှန်အတိုင်းဆိုပေမဲ့ ဒီလိုမျိုး ကြားရတော့ ရှက်မိသေးတယ်”
ယန်ပေါင်ကျိုးက ပြုံးလျက် သူမ၏ နဖူးကို လက်ညှိုးဖြင့် တို့လိုက်သည်။
ကျန်းကျန်း ခုတင်ပေါ်တွင် သေသေချာချာ ထိုင်ပြီးနောက် ယန်ပေါင်ကျိုးက ဘေးနား၌ရှိသော အနီရောင်ပဝါကို ကောက်ယူကာ ကျန်းကျန်း၏ ခေါင်းပေါ်သို့ ညင်သာစွာ ခြုံပေးလိုက်သည်။
ကျန်းကျန်းက လက်ကောက်ဝတ်အနီးသိာ့အထိ တွဲလောင်းကျနေသော အနီရောင်ပဝါကို ကြည့်လျက် ပါးစပ်ထောင့်၌ ချိုမြိန်သော အပြုံးလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူမ၏ အသိစိတ်အာရုံသည်က နံရံများ အလွှာလွှာကို ဖြတ်ကျော်ကာ ရှီကျွင့်ကျဲဆီသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။
ရှီကျွင့်ကျဲ၏ အိမ်နှင့် ကျန်းကျန်း၏ အိမ်သည်က အလွန်နီးကပ်သောကြောင့် သူတို့၏ အိမ်တံခါးမှ ထွက်သည်နှင့် ဘေးနားရှိတံခါးသို့ တိုက်ရိုက်ဝင်၍ မရပေ။
ထို့ကြောင့် သတို့သားကြိုဆိုရေး အဖွဲ့ ထွက်ပေါ်လာသည်နှင့် အရှေ့ဘက်သို့ ဦးတည်ကာ ဟုန်ယန်ရေကန်ကို ပတ်လျက် နောက်တစ်ဖက်မှ ကျန်းကျန်း၏ အိမ်တံခါးသို့ ဝင်ရန် ပြင်ဆင်ကြသည်။
အပြင်ဘက်မှ မီးရှူးမီးပန်းသံများနှင့် ရေဒီယိုမှ ထုတ်လွှင့်နေသော ပျော်ရွှင်ဖွယ် ဂီတသံများ ကြားနေရသောအခါတွင် ဧည့်ခံခန်းမတွင်းရှိ ဧည့်သည်များသည်လည်း ငြိမ်ငြိမ်မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာဖြင့် တံခါးဝေီသို့ ပြုံတိုးသွားကာ ပျော်ပွဲသဘင်ကို လိုက်ပါကြည့်ရှုခဲ့ကြသည်။
ရှီကျွင့်ကျဲက သူ၏ လည်စည်းကို ပြင်ဆင်လျက် လျို့ချန်လင်းဟု အမည်ရသည့် အရှေ့မြောက်ပိုင်းမှအတန်းဖော်တစ်ဦးကို စိတ်လှုပ်ရှားစွာ ဆွဲခေါ်၍မေးလိုက်သည်။
“ငါ့ကိုကြည့်ဦး၊ လည်စည်း ရွဲ့စောင်းနေလား ဆံပင်တွေ ရှုပ်နေသေးလား”
“အိုး ငါ့ရဲ့ညီအစ်ကို၊ မင်း အကြိမ်ရှစ်ရာလောက်မေးပြီးပြီ၊ ငါလည်း မင်းမေးသမျှ ပြန်ပြောပြီးပြီလေ၊ မင်းရဲ့လည်စည်းက ရွဲ့စောင်းမနေဘူး၊ ဆံပင်တွေလည်း မရှုပ်နေဘူး၊ မင်း က တကယ့်ကို ချောမောခန့်ညားနေတာ!”
လျို့ချန်လင်းက ပြောလိုက်သည်။ ရှီကျွင်းကျဲသည်လည်း ဤစကားကို ကြားသောအခါ စိတ်သက်သာရာရသွားခဲ့ရလေ၏။ လီမင်ကျန်း၏ အိမ်တံခါးနှင့် နီးလာသည်နှင့်အမျှ သူ၏ ရင်ခုန်သံများသည်လည်း တဒုန်းဒုန်း မြည်လာခဲ့သည်။
“ရောက်လာပြီ”
လီမင်ပေက အိမ်အနီးသိုး ချဉ်းကပ်လာသည့် အဖွဲ့ကိုကြည့်လျက် လျင်မြန်စွာ အော်လိုက်သည်။
ထိုအသံကို ကြားသည်နှင့် အသားမုန့်လုံးကလည်း မီးညှိထားသော ဖယောင်းတိုင်ကို အလျင်အမြန်ယူကာ တံခါးအပြင်ဘက်၌ တန်းစီထားသော ရှည်လျားသည့် မီးရှူးမီးပန်းများကို မီးရှို့လိုက်လေသည်။
ပျော်ရွှင်ဖွယ်ရာ မီးရှူးမီးပန်းသံများ ထွက်ပေါ်လာသည်နှင့် ကျန်းကျန်း၏ အစ်ကိုဝမ်းကွဲများနှင့် တူ/တူမများက တံခါးဝကို တင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားကြလေသည်။
လျို့ချန်လင်းက တံခါးဝရှိလူများကိုတိတ်တဆိတ် ကြည့်ရှုကာရေတွက်နေခဲ့ပြီး ရှီကျွင့်ကျဲကို သနားသည့် မျက်နှာဖြင့် ကြည့်လိုက်သည်။
“ငါပြောမယ် ညီလေး၊ မင်းမှာ ယောက်ဖဆယ့်တစ်ယောက်လောက်ရှိတယ်၊ တူ၊တူမတွေလည်း အများကြီးပဲ၊ မင်း သတို့သမီးဆီကိုရောက်ဖို့အတွက် အထဲကိုဝင်ဖို့ ခက်မယ်ထင်တယ်”
ရှီကျွင်းကျဲက ဤအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ပေသည်။
သူက အနောက်ဘက်သို့ လှည့်ကာ သူ၏ ဝမ်းကွဲဖြစ်သည့် ရှီကျစ်ဟောင်ကို လက်ပြလိုက်သောအခါတွင် ရှီကျစ်ဟောင်ကလည်း စိတ်ရှည်လက်ရှည်ဖြင့် ပိုက်ဆံအိတ်ကြီးတစ်လုံးနှင့် လူအုပ်ထဲသို့ တိုးဝင်သွားပြီး လက်ထဲမှ လက်ဆောင်ငွေများကို လူအုပ်ထဲသို့ ထိုးထည့်လျက် ပြောလိုက်သည်။
“သတို့သမီးကို လာကြိုပါပြီ”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
*