← Chapters

အခန်း (၃၁၉)

Vol. 32 Ch. 319

အခန်း (၃၁၉)

Vol. 32 Ch. 319

ရှီကျွန့်ကျဲက ရေချိုးကန်ထဲသို့ ဝင်လာခဲ့ကာ ကျန်းကျန်း၏ နောက်ကျောကိုဘက်တွင် တင်းတင်းကြပ်ကြပ် ပူးကပ်၍ထိုင်လိုက်သည်။

သူ၏ လက်နှစ်ဖက်က သူမကို ပွေ့ဖက်ထားခဲ့ကာ သူ၏ ပူနွေးသည့် နှုတ်ခမ်းများက သူမ၏ နားရွက်ကို ညင်သာစွာ ဖိကပ်လာသည်။

သူ၏အသံက ဤကဲ့သို့ ပူလောင်နွေးထွေးသည့် အငွေ့အသက်များအောက်၌ ပို၍ပင် ဆွဲဆောင်မှုရှိလာသည်။

“ကိုယ် မင်းရဲ့ ညဝတ်အင်္ကျီကို ချွတ်ပေးရမလား”

ကျန်းကျန်းတစ်ယောက် ရှက်သွေးဖြာနေခဲ့ပြီး မည်သည့်စကားကိုမှမပြောခဲ့ပေ။ သို့သော် ရှီကျွင့်ကျဲ၏ ရင်ဘတ်ကို အနည်းငယ် မှီလိုက်သည့် လှုပ်ရှားမှုက ရှီကျွင့်ကျဲ၏ လုပ်ဆောင်မှုများကို အားပေးလိုက်သည်နှယ်ပင် ဖြစ်နေခဲ့သည်။

ရှီကျွင့်ကျဲက ကျန်းကျန်း၏ ညဝတ်အင်္ကျီကို ညင်ညင်သာသာ ချွတ်ပေးလိုက်ပြီး ရေချိုးကန်အပြင်ဘက်သို့ ပစ်ချလိုက်သည်။

ထို့နောက် သူ၏ လက်ချောင်းများက ကျန်းကျန်း၏ ပခုံးပေါ်သို့ရောက်ရှုလာခဲ့ကာ သူမကိုဖြည်းဖြည်းချင်း ဆွဲလှည့်လိုက်လေသည်။

“တကယ်ကို လှလွန်းတယ်”

ရှီကျွန့်ကျဲက ခပ်တိုးတိုး သက်ပြင်းချလိုက်မိပြီး ကျန်းကျန်း၏ နီရဲနေသည့် မျက်နှာကို လက်ဖြင့် ပင့်မ,၍ ခေါင်းကိုငုံ့ကာ နှုတ်ခမ်းကို နမ်းရှိုက်လိုက်သည်။

တစ်ညတာလုံး ရိုမန်တစ်ဆန်သည့်အခြေအနေကို ဖြတ်သန်းခဲ့သည့်အတွက် ကျန်းကျန်းကဲ့သို့ ခန္ဓာကိုယ်သန်မာသည့်သူပင် နေ့၏ တတိယအချိန်အထိ အိပ်ပျော်နေခဲ့သည်။

သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ရှီကျွင့်ကျဲ၏ မျက်လုံးမှိတ်ထားသည့် ဘေးတစောင်းမျက်နှာကို မြင်လိုက်ရသည်ဖြစ်၍ ကျန်းကျန်းလည်း သူ့ဘက်ကို မှီလိုက်၍ လက်ညှိုးလေးဖြင့် သူ၏မျက်နှာပေါ်သို့ ညင်သာစွာ ပွတ်သပ်လိုက်သည်။

ရှီကျွင့်ကျဲက မျက်လုံးဖွင့်လိုက်ပြီး ခေါင်းကိုလှည့်ကာ ဆိုးသွမ်းချင်နေသည့် လက်ချောင်းလေးကို ဖမ်းဆုတ်လိုက်သည်။

ကျန်းကျန်းက ရယ်မောလိုက်ပြီး သူန၏လက်ကို ဆွဲပြန်ယူလိုက်လေသည်။ ထို့နောက် ကိုယ်ကိုလှည့်ကာ စောင်ဖြင့် တင်းတင်းကျပ်ကျပ် ပတ်ထားလိုက်သည်။

ရှီကျွင့်ကျဲက ခုတင်ပေါ်ကို လက်တစ်ဖက်ထောက်၍ ထလိုက်ကာ ကျန်းကျန်း၏ မျက်နှာကို ကျေနပ်စွာ နမ်းလိုက်သည်။

ကျန်းကျန်းက နံရံရှိ နာရီကို ကြည့်လိုက်မိလျှင် သူမ အလွန် နောက်ကျမှ နိုးလာသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် ရှီကျွင့်ကျဲကို တွန်းလိုက်သည်။

ကျန်းကျန်း၏ အသံသည်ကား ယခင်ကထက် ပို၍ ချစ်စရာကောင်းနေခဲ့ကာ ပျင်းရိနေပုံရသည်။

“ထပါဦး၊ ကျွန်မ ဗိုက်ဆာနေပြီ”

ရှီကျွင့်ကျဲက ကျန်းကျန်း၏ နဖူးကို ကျေနပ်စွာနမ်းလိုက်ပြီး ကိုယ်ကိုလှည့်ကာ မတ်တပ်ရပ်လိုက်သည်။

သူက ခုတင်ပေါ်မှ ဆင်းပြီးနောက် ဗီရိုထဲမှ သူတို့၏ အဝတ်အစားများကို ထုတ်ယူ၍ ဘေး၌ ချထားလိုက်သည်။

ကျန်းကျန်းက စောင်ထဲ၌ ခန္ဓာကိုယ်ကိုယ်ကို မြှုပ်ထားခဲ့ပြီး သူမ၏ အရည်လဲ့နေသော မျက်လုံးကြီးများသာ ပေါ်နေခဲ့သည်။

ရှီကျွင့်ကျဲက သူမဆီသို့ သွား၍ စောင်ကို ဆွဲချလိုက်သည်။ သူ၏ အသံ အနည်းငယ် တိုး၍ သြရှရှ ဖြစ်နေခဲ့သည်။

“မင်း အဝတ်အစားမဝတ်ခင် ရေအရင်ချိုးရလိမ့်မယ် ထင်တယ်”

ကျန်းကျန်းတစ်ယောက် ယမန်နေ့ညက အဖြစ်အပျက်များအားလုံးကို ချက်ချင်း ပြန်လည်သတိရလိုက်မိသည်။

သူမက ချက်ချင်းပင် ခေါင်းအုံးတစ်လုံးကို ကောက်ကိုင်၍ မျက်နှာနီရဲကာ ရှီကျွန့်ကျဲကို ရိုက်တော့သည်။

“ပါးစပ်ပိတ်ထား၊ ဘာမှမပြောနဲ့”

“မပြောတော့ဘူး၊ မပြောတော့ဘူး”

ရှီကျွင့်ကျဲက ရယ်မောရင်း ရှောင်လိုက်လေ၏။ ကျန်းကျန်း၏ အနည်းငယ် ရှက်နေသည့် အမူအရာကို ကြည့်၍ ရှီကျွင့်ကျဲက သတိတရနှင့် မတ်တပ်ရပ်လိုက်သည်။

“မင်း ရေချိုးခန်းအရင်သွားလိုက်လေ၊ ပြီးမှ ကိုယ် ရေချိုးလိုက်မယ်”

ကျန်းကျန်းက သံသယမျက်လုံးများဖြင့် ကြည့်သော် ရှီကျွင့်ကျဲက သူ၏လက်ကို မြှောက်၍ ကျိန်ဆိုလိုက်သည်။

“ကိုယ် ခိုးမကြည့်ဘူးလို့ ကတိပေးပါတယ်”

ကျန်းကျန်းက အေးစက်စွာနှင့် နှာခေါင်းရှုံ့လိုက်သည်။

“ရှင်သာ တကယ်စိတ်ရင်းမှန်မယ်ဆိုရင် အတွင်းခံကိုအရင်ဝတ်လို့မရဘူးလား”

ရေချိုး၍ သန့်ရှင်းရေးလုပ်ပြီးသည့်အခါတွက် ကျန်းကျန်းက အနီရောင်ဝတ်စုံကိုပင် ရွေးလိုက်ပြီး ရှီကျွင့်ကျဲကလည်း ပို၍ ပေါ့ပေါ့ပါးပါးဖြစ်စေသည့်ဝတ်စုံကို ရွေးလိုက်သည်။

သူတို့ နှစ်ဦးသား ကိုယ်လုံးပေါ်မှန်ရှေ့၌ မတ်တပ်ရပ်၍ မှန်ထဲမှ သူတို့ကို အတူတူ လှမ်းကြည့်လိုက်မိကြသည်။

ရှီကျွင့်ကျဲက သူ၏လက်ကို ကျန်းကျန်း၏ ပခုံးပေါ် တင်လိုက်ကာ သူ၏နှုတ်ခမ်းထောင့်၌ ပျော်ရွှင်ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာသည်။

“လုံးဝကို လိုက်ဖက်နေတာပဲ၊ ဒါက လူကြီးတွေ ပြောနေကျနှစ်ကိုယ်တူချစ်သူစုံတွဲလေးပဲ”

ကျန်းကျန်းက လက်ဆန့်၍ သူ၏ ခါးကို ညှစ်လိုက်မိသည်။ သူမ၏ ပြုံးနေသည့် မျက်လုံးများက လခြမ်းကွေးများကဲ့သို့ကွေးညွတ်နေခဲ့လေသည်။

“ရှင် ကိုယ့်ဘာသာကိုယ် ဘယ်လိုလုပ်ပြီး ဒီလိုချီးကျူးနေရလဲ”

ရှီကျွင့်ကျဲ၏ အကြည့်များက မှန်ထဲမှ ကျန်းကျန်းဆီသို့ ရောက်ရှိနေခဲ့ကာ သူ၏မျက်နှာ၌ ယုံကြည်မှုရှိသည့် အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

“ကိုယ်တို့နှစ်ယောက်လုံးကိုမှ ချစ်စရာကောင်းတဲ့စုံတွဲလို့ မခေါ်ဘူးဆိုရင် တခြားဘယ်သူမှ ဒီစကားလုံးကို မသုံးရဲလောက်တော့ဘူး”

ရှီကျွန့်ကျဲက လက်နှစ်ဖက်ကို ရင်ဘတ်၌ ပိုက်ထားရင်း သူ၏ မေးစေ့ကို ကျန်းကျန်း၏ အနက်ရောင်ဆံပင်များပေါ် တင်ထားလိုက်သည်။

“ကိုယ့်ရဲ့ ကျန်းကျန်းက အလှဆုံးပဲ”

ကျန်းကျန်းက ပြုံး၍ သူမ၏လက်ကို ဆန့်ကာ ရှီကျွင့်ကျဲ၏ လည်ပင်းကို ဆွဲချလိုက်ပြီး တစ်ဖက်လူ၏နှုတ်ခမ်းများကို အသံမြည်သည်အထိ အားရပါးရ နမ်းလိုက်သည်။

“ပျော်စရာကောင်းတဲ့စကားကိုပြောလို့၊ ဒါကရှင့်အတွက် ဆုလာဘ်ပဲ”

ရှီကျွင့်ကျဲက ချက်ချင်းပင် မကျေနပ်သည့် ပုံစံမျိုးဖြင့် ပြောလာသည်။

“ဒီဆုလာဘ်က အရမ်းရိုးရှင်းလွန်းတယ်၊ ဘာလို့ တစ်မိနစ်ပဲ ကြာတာလဲ”

“ရှင်က လှလှပပကိုတွေးနေတာပဲ”

ကျန်းကျန်းက သူမ၏ ခန္ဓာကိုယ်လှည့်၍ ရှီကျွန့်ကျဲ၏ ရင်ခွင်မှ လွတ်မြောက်အောင် ရုန်းထွက်ကာ ရယ်မောရင်းဖြင့် တံခါးဆီသို့ ပြေးသွားခဲ့သည်။

လေးနှစ်ဆက်တိုက် နေ့စဥ်နေ့တိုင်း လေ့ကျင့်ခန်းလုပ်နေခဲ့သည့် ရှီကျွန့်ကျဲက ကျန်းကျန်းကို အမှီမနိုင်ဘဲ နေမည်လား။

အမှန်တကယ်တမ်းတွင် သူက ခြေလှမ်းအနည်းငယ်နှင့်ပင် သူမကို အမှီလိုက်နိုင်ခဲ့က် လက်တစ်ဖက်ကိုဆန့်လိုက်သည်နှင့် သူမကို ရင်ခွင်၌ ဖက်ထားလိုက်နိုင်ခါ့သည်။

ကျန်းကျန်းက သူ့ကို မယုံနိုင်စွာ ကြည့်လိုက်မိပြီး သူမ၏မျက်နှာ၌ အံ့အားသင့်မှုများ ပြည့်နှက်နေသည်။

“ဘယ်လိုလုပ် ကျွန်မကို မှီသွားတာလဲ၊ ရှင်က အရင်တုန်းက ကျွန်မလောက် မမြန်ဘူးဆိုတာ ထင်ရှားတယ်”

ရှီကျွင့်ကျဲ၏ ပြုံးရယ်နေသည့် မျက်နှာကို မြင်လိုက်ရသည့်အချိန်တွင် ကျန်းကျန်းက ရုတ်တရက် သဘောပေါက်သွားသည်။

“ရှင် တချိန်လုံး ဖုံးကွယ်ထားခဲ့တာပဲ”

ရှီကျွင့်ကျဲက ကျန်းကျန်း၏ နဖူးကို ဖိကပ်လိုက်၍ သူ၏ စကားသံ၌လည်း အပြုံးများနှင့် ပြည့်နေခဲ့သည်။

“ဒီလိုသာမဟုတ်ရင် ကိုယ့်ရဲ့ ဆိုးသွမ်းလွန်းတဲ့ ကြောင်ပေါက်လေးကို ဘယ်လိုများ ဖမ်းမိနိုင်မှာတဲ့လဲ”

ကျန်းကျန်း၏ ဖောင်းကားနေသည့် ပါးပြင်များကို မြင်လိုက်ရလျှင် ရှီကျွင့်ကျဲက ပါးပြင်ပေါ်သို့ ခပ်ဖွဖွကိုက်လိုက်ကာ ချော့မော့သည့် အသံဖြင့် တိုက်တွန်းလိုက်သည်။

“လာပါဦး၊ တစ်မိနစ်ထက်ပိုကြာတဲ့ အနမ်းလေး ပေးပြီး ကိုယ့်ကိုဆုချပါဦး”

ကျန်းကျန်းက သူ့ကို စကားပင်မပြောနိုင်တော့သည့်ပုံဖြင့် ကြည့်လိုက်သည်။

“မနက်စောစောစီးစီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အရာလေးတွေကိုပဲ စဉ်းစားလို့မရဘူးလား၊ ဒါမှမဟုတ် ဆရာကြီးမော်ရဲ့ဝါဒ အခြေခံမူတွေကို ရွတ်ဆိုပြီး စိတ်ကိုတည်ငြိမ်အောင် ထားလို့မရဘူးလား”

ရှီကျွန့်ကျဲက ဤအကြံပြုချက်ကို တိုက်ရိုက်ပင် လျစ်လျူရှုလိုက်ပြီး သူ၏ နက်ရှိုင်းသည့် မျက်လုံးများက ကျန်းကျန်း၏ နီရဲနေသောနှုတ်ခမ်းများဆီကိုသာ ရစ်ဝဲသွားခဲ့သည်။

“ကိုယ် လုပ်နေတာတွေက ကျန်းမာရေစအတွက် အကောင်းဆုံးအရာပဲလေ၊ နေ့တိုင်း အနမ်းတစ်ခု ပိုရရင် ကိုယ့်ရဲ့သက်တမ်းက ဆယ်နှစ်လောက် ထပ်တိုးနိုင်တယ်”

“မှားတယ်”

ကျန်းကျန်းက ပြုံးပြီး ငြင်းဆန်လိုက်သော်လည်း သူမကပင် ဦးဆောင်၍ သူမ၏ နှုတ်ခမ်းများကို တစ်ဖက်လူဆီသို့ တိုးကပ်လိုက်သည်။

သူမ၏ လျင်မြန်သွက်လက်သည့် လျှာလေးက ရှီကျွင်းကျဲ၏ နှုတ်ခမ်းပေါ်သို့ လျှောတိုက်၍ တံခါးကို ညင်သာစွာ ခေါက်လိုက်လေသည်။

ထို့နောက် တစ်ဖက်လူ၏ခွင့်ပြုချက်နဲ့ဖြည်းဖြည်းချင်း ဝင်သွားခဲ့သည်။

တစ်မိနစ်ကျော်ကြာသည့် အနမ်းဟု ပြောခဲ့သော်လည်း ကျန်းကျန်းမှ ရှီကျွန့်ကျဲကို နောက်ဆုံး တွန်းထုတ်လိုက်သည့်အခါ နာရီက ငါးမိနစ် ကျော်နေပြီဖြစ်ကြောင်း ပြသနေခဲ့သည်။

သူမ၏ တစ်ဝက်တစ်ပျက် ပြဲနေသည့် စကပ်ကို ကြည့်၍ ကျန်းကျန်းက ရှီကျွင့်ကျဲ၏ခြေထောက်ကို တက်နင်းလိုက်သည်။

“ရှင့်ကို မယုံရဘူးဆိုတာ သိသားပဲ”

ကျန်းကျန်းက သူမ၏ မိတ်ကပ်ကို ပြန်လည်ပြင်နေစဉ် ရှီကျွင့်ကျဲက ပြတင်းပေါက်ရှေ့၌ မတ်တပ်ရပ်နေခဲ့ကာ အသက်ပြင်းပြင်းရှူရန်အတွက် အခွင့်အရေးယူလိုက်သည်။

သူတိုနှစ်ဦးသား သန့်ရှင်းရေးလုပ်ပြီးသည့်အခါ ဆယ်မိနစ်ကျော် ကြာသွားခဲ့သည်။ အချိန်က ဆယ်နှစ်နာရီခွဲခန့် ဖြစ်နေသည်ကို မြင်သော် ကျန်းကျန်းက ဒေါသတကြီးနှင့် တံခါးကို တွန်းဖွင့်လိုက်သည်။

“ဒီတစ်ခါတော့ တကယ်နောက်ကျပြီ၊ အန်တီကတော့ ကျွန်မကို ပျင်းရိလွန်းတယ်လို့ လှောင်နေတော့မှာပဲ”

ရှီကျွန့်ကျဲက ပြုံး၍ သတိပေးလိုက်သည်။

“အမေလို့ ခေါ်ဖို့အချိန်တန်ပြီ”

လူငယ်ဇနီးမောင်နှံက လက်ချင်းချိတ်၍ ပင်မခြံဝိုင်းဆီသို့ ရောက်လာခဲ့ကြသည်။

ရှီချန်ပေါ်နှင့် လျို့ရှို့လန်တို့က ပြတင်းပေါက်ရှေ့၌ ထိုင်၍ စစ်တုရင် ကစားနေကြပြီး သူတို့နှစ်ယောက် ဝင်လာကြသည်ကို မြင်သော် လျို့ရှို့လန်က စစ်တုရင်အပိုင်းအစတစ်ခုကို လက်ထဲမှချကာ ပျော်ရွှင်စွာ မတ်တပ်ရပ်လိုက်သည်။

“မင်းတို့ ရောက်လာပြီလား၊ အဒေါ်ယန်ကို မင်းတို့အတွက် ဟင်းချိုလုပ်ခိုင်းထားတယ်၊ အခုလောက်ဆိုရင်သောက်ဖို့ အချိန်တန်နေပြီ”

ကျန်းကျန်းက မျက်နှာနီရဲနေခဲ့ကာ လျို့ရှို့လန်နှင့် ရှီကျွင့်ကျဲ၏ရှေ့၌ ရပ်၍ အပြုံးတစ်ခုနဲ့ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အမေ”

ထို့နောက် သူမ၏ဘေးရှိ ရှီချန်ပေါ်ကို အမြန်နှုတ်ဆက်လိုက်သည်။

“အဖေ၊ ဒီနေ့ အလုပ်မသွားဘူးလား”

“အင်း၊ တစ်ရက်ပိတ်တယ်လေ၊ မနက်ဖြန်မှ သွားမယ်”

*

All Chapters