← Chapters

အခန်း (၃၂၀)

Vol. 32 Ch. 320

အခန်း (၃၂၀)

Vol. 32 Ch. 320

ရှီချန်ပေါ်က သူ၏ အသစ်စက်စက် ချွေးမကို ကြည့်၍ အလွန်ပျော်ရွှင်ခဲ့နေသည်။

“ကောင်းပြီ ၊ရပ်မနေကြနဲ့တော့၊ ရှီကျွင့်ကျဲ ကျန်းကျန်းကို ထိုင်ခိုင်းလိုက်ဦး၊ မနေ့က တစ်နေကုန် ပင်ပန်းခဲ့တာ၊ ပြန်ကောင်းလာဖို့ ရက်အနည်းငယ်ကြာဦးမယ်”

လျို့ရှို့လန်က ပြုံး၍ ပြောလိုက်တယ်။

“ဟုတ်တယ်၊မင်း အဖေနဲ့ ငါလက်ထပ်တုန်းကဆို အခု မင်းတို့ထက်တောင် စကားများခဲ့သေးတယ်၊ မင်္ဂလာဆောင်ပြီး ညမှာ လှေကားတက်ဖို့တောင် မနည်းလုပ်ခဲ့ရတာလေ”

ခဏအကြာ၌ လင်းရှို့လန်က မတ်တပ်ရပ်လိုက်သည်။

“ဟင်းတွေ ယူလာဖို့ အဒေါ်ယန်ကို သွားပြောလိုက်ဦးမယ်၊ ကျွန်မနိုင်နေပြီနော်၊ သွားလိုက်ဦးမယ်၊ မင်းအဖေ မနက်ကတည်းက ဒုက္ခပေးနေလို့ ဗိုက်ဆာပြီး ရင်ဘတ်ထဲမှာ ခေါင်းလောင်းတောင်ထိုးနေပြီ”

“ငါ ဘယ်တုန်းက ရှုံးခဲ့ဖူးလို့လဲ”

သူ၏ ဇနီးဖြစ်သူ၏ နောက်ကျောကို ကြည့်ရင်း ရှီချန်ပေါ်က ပြတင်းပေါက်မှ မကျေမနပ်နှင့် အော်လိုက်သည်။ လျို့ရှို့လန်ကတော့ မကြားချင်ယောင်ဆောင်၍ အခန်းထဲမှ အမြန်ထွက်သွားခဲ့လေသည်။

ယခုအချိန်သည်ကား နေ့လယ်စာစားချိန်ဖြစ်သော်လည်း ရှီကျွန့်ကျဲနှင့် ကျန်းကျန်းတို့မှာ နံနက်စာ မစားရသေးသည်ဖြစ်၍ ဤနေ့လယ်စာဟင်းလျာ အများစုမှာ ပေါ့ပေါ့ပါးပါး အစားအစာပင် ဖြစ်သည်။

တစ်မနက်လုံးအချိန်ယူကာ ပြုတ်ထားသည့် ကြက်မဲနှင့် သစ်အယ်သီးဟင်းချိုသည်ကား ဆီ လုံးဝမပါဝင်သော်လည်း အရသာပြည့်ဝသည့် ကြက်ဟင်းချို၌ သစ်အယ်သီး၏ ချိုမြိန်သည့် အရသာများ ရနေသည်။

ဤအပြင် ငါးအသားလုံးပြုတ်၊ ကြက်သွန်ဖြူနှင့် ကမာကောင်၊ ကြည်လင်သည့် ဟင်းချိုထဲမှ ရေညှိ၊ ပုစွန်နှင့် ရေနှင်းပန်းကြော်စသည့် ဟင်းပွဲ အမျိုးများစွာလည်း ရှိသည်။

ဟင်းပွဲအရေအတွက်က မများသော်လည်း အရသာမှာ အလွန်ကောင်းပေသည်။ ကျန်းကျန်းက ကြက်သွပ်ပြုတ်ဟင်းချိုတစ်ပန်းကန် သောက်လိုက်ကာ ဟင်းပွဲများနှင့် ထမင်းအပြည့် တစ်ပန်းကန်ကြီး စားလိုက်သည်။

လျို့ရှို့လန်သည်ကား ကျန်းကျန်း၏ မည်သည့်အစားအစာကိုမဆို အရသာရှိစွာ စားတတ်သည့်ပုံစံကို အလွန်နှစ်သက်ခဲ့ပြီး အများသုံးတူဖြင့် ပုစွန်အနည်းငယ်ကို ကျန်းကျန်း၏ ပန်းကန်ထဲ ထည့်ပေးရင်း ပြောလာသည်။

“ကြက်စွပ်ပြုတ်ဟင်းချို ထပ်သောက်မလား”

ကျန်းကျန်းက ပြုံးလိုက်ပြီး ဗိုက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

“ဒီလောက် အများကြီးစားထားတာ၊ မတတ်နိုင်တော့ဘူး၊ အဒေါ်ယန်ရဲ့ ဟင်းတွေက အရမ်းအရသာရှိတယ်”

လျို့ရှို့လန်က ရယ်မောရင်း ပြောလိုက်သည်။

“ရှီကျွင့်ကျဲက ပါးစပ်ဖျားမှာ အမြဲချိုချိုသာသာနဲ့ ပြောနေပြီး သင်ပေးနေခဲ့တာကြောင့် အဒေါ်ယန်က အိမ်ချက်ကျွမ်းကျင်သူကနေ နာမည်ကြီးစားဖိုမှူးအထိ လေ့ကျင့်ပေးထားသလိုဖြစ်နေတာ မဟုတ်ဘူးလား”

ကျန်းကျန်းက ရှီကျွင့်ကျဲ၏ အလွန် ပုံမှန်ဖြစ်နေသည့် ခန္ဓာကိုယ်ကို ကြည့်၍ ပြောလိုက်မိသည်။

“ကျွင့်ကျဲက အများကြီးစားတာ၊ ဘာလို့ ဝိတ်မတက်တာလဲ”

“သူက အလှကြိုက်တယ်လေ”

လျို့ရှို့လန်က သူမ၏သားအကြောင်းကို ချက်ချင်းပင် ဖွင့်ဖောက်လိုက်သည်။

“သူ ဘယ်လောက်စားလဲဆိုတာကို မကြည့်နဲ့၊ သူက လေ့ကျင့်ခန်းလည်း အများကြီးလုပ်တယ်လေ၊ သူ့ရဲ့ ကိုယ်အလေးချိန်က ဒီနှစ်တွေတစ်လျှောက်လုံးမှာ ပြောင်းလဲမှုမရှိခဲ့ဘူး၊ နေ့ဘက်မှာ တစ်လုပ်ပိုစားရင် ညဘက်မှာ ဒိုက်ထိုးတဲ့လေ့ကျင့်ခန်း နည်းနည်းပိုလုပ်တယ်၊ သူကဝိတ်တက်မှာ အရမ်းကြောက်တာ”

ကျန်းကျန်းက ရှီကျွင့်ကျဲ၏ ပခုံးကို အားကျစွာ ပုတ်လိုက်သည်။

“တကယ်ကို ဇွဲကောင်းတာပဲ၊ ဒါပေမဲ့ ကျွန်မလိုမျိုး ဘယ်လောက်စားစား ဝိတ်မတက်တဲ့လူမျိုးကတော့ ဒီလိုအခြေအနေမျိုးကို နားမလည်နိုင်ပါဘူး”

ရှီကျွင့်ကျဲက ရယ်မော၍ လက်ကိုဆန့်ကာ ကျန်းကျန်း၏ လက်ကို ညင်သာစွာ ညှစ်လိုက်လေသည်။ ထို့နောက် ခေါင်းကိုမော့ကာ လျို့ရှို့လန်ကို ပြောလိုက်သည်။

“အမေ၊ ကျွန်တော်ကျန်းကျန်းနဲ့ ဥယျာဉ်ထဲမှာ ခဏလောက် လမ်းလျှောက်လိုက်ဦးမယ်”

“သွား၊ သွား၊ သွား၊ ငါတို့လည်းရုပ်ရှင်ကြည့်ဦးမယ်”

လျို့ရှို့လန်က လက်ဖက်ရည်ခွက်ကို ကိုင်ရင်း နောင်တရစွာ သက်ပြင်းချလိုက်သည်။

“မင်းတို့ မင်္ဂလာဆောင်ခွင့်ရက် အရမ်းနည်းတာ ဆိုးလိုက်တာ၊ မဟုတ်ရင် ဟန်းနီးမွန်းထွက်လို့ ပိုကောင်းမှာ”

ကျန်းကျန်းကလည်း ဤအကြောင်းနှင့် ပတ်သက်၍ ဘာမှမလုပ်နိုင်ပေ။

“အနာဂတ်မှာ အပြင်ထွက်လည်ဖို့ အခွင့်အရေး အမြဲရှိနေမှာပါ”

လူငယ် ဇနီးမောင်နှံက စင်္ကြန်တစ်လျှောက် လက်ချင်းချိတ်၍ ဥယျာဉ်ထဲသို့ လျှောက်သွားခဲ့ကြသည်။ ကျန်းကျန်းက လျို့ရှို့လန် စိုက်ထားသည့် ပန်းများနှင့် ခဏခန့် ဆော့နေခဲ့ကာ ဖွင့်ထားသည့် ဥယျာဉ်လမ်းအတိုင်း သူမ၏ အိမ်သို့ တိုက်ရိုက်ပြန်သွားသည်။

မင်္ဂလာပွဲပြီးသည့်နောက်တွင် မည်သည့်အရာကိုမှလုပ်စရာမရှိတော့ပေ။

ထို့ကြောင့် လီမင်နန်က တူများအုပ်စုကို ခေါ်၍ အပြင်ထွက်ဆော့နေခဲ့ပြီး လူကြီး အများအပြားကတော့ အိမ်ထဲတွင် ထိုင်၍ စကားပြောနေကြသည်။

ဝမ်စုဖန်းက ပြတင်းပေါက်ရှေ့၌ ထိုင်၍ စကားပြောနေရင်း ကျန်းကျန်း၏ အိမ်ခန်းပြတင်းပေါက်ကို စိုက်ကြည့်နေမိ၍ အတွေးများ လွင့်မျောနေသည်။

ကျောင်းတက်စဉ်က ကျန်းကျန်း တစ်ပတ်ခန့် အိမ်မှ ဝေးကွာနေခဲ့သော်လည်း ထိုစဉ်က သူမသမီးမှာ တနင်္ဂနွေနေ့၌ ပြန်လာမည်ကို သိထားသည်ဖြစ်၍ ယခု လက်ထပ်လိုက်သည့် ခံစားချက်နှင့် မတူပေ။

လျို့ရှို့လန်နှင့် ကျန်းချွမ်ဟွားတို့လည်း တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်သော်လည်း တစ်ဦးနှင့်တစ်ဦး မချော့မော့နိုင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူတို့၌ သမီးမရှိသည်ဖြစ်၍ သမီးကို လက်ထပ်ပေးရသည့် ခံစားချက်ကို နားမလည်နိုင်ပေ။

သူတို့က မကြာသေးမီကမှ ထုတ်လွှင့်ခဲ့သည့် တီဗီဇာတ်လမ်းတွဲများအကြောင်းကိုသာ ပြောဆိုနေကြကာ ဝမ်စုဖန်း၏ အာရုံကို လွှဲပြောင်းရန် ကြိုးစားနေကြသည်။

သူတို့နှစ်ဦး အားရပါးရ စကားပြောနေစဉ် ဝမ်စုဖန်းက ရုတ်တရက် ထရပ်လိုက်သည်။

“ကျန်းကျန်း ပြန်လာပြီ”

ဤတစ်ကြိမ်တွင် မူလက အားအင်မရှိသည့် မဒမ်လီပင် ထခုန်၍ အပြင်သို့ ပြေးထွက်သွားသည်။

တံခါးကို တွန်းဖွင့်လိုက်လျှင် မဒမ်လီက မတ်တပ်ရပ်၍ အပြင်သို့ ပြေးထွက်သွားသည်ကို တွေ့လိုက်ရကာ ဝမ်စုဖန်း၏ မျက်နှာလည်း စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။

ကျန်းကျန်းက ချက်ချင်း ရယ်မောလိုက်သည်။

“အဘွား၊ အမေ၊ ဘယ်အကြောင်းတွေ စကားပြောနေကြတာလဲ”

“ဘာလို့ ပြန်လာတာလဲ”

ဝမ်စုဖန်းက ပျော်နေသော်လည်း အနည်းငယ် စိုးရိမ်နေခဲ့သည်။

“မင်္ဂလာဆောင်ပြီး ပထမဆုံးနေ့မှာပဲ အိမ်ကိုပြန်ပြေးလာတာက ဘယ်လောက်တောင် ဆိုးလိုက်သလဲ”

“ဒါက သမီးရဲ့အိမ်ပဲလေ”

ကျန်းကျန်းက ပန်းကန်ထဲမှ ပန်းသီးတစ်လုံးယူ၍ ရှီကျွင့်ကျဲကို ပေးလိုက်ကာ ပြုံး၍ ပြောလိုက်သည်။

“ကျွန်မတို့ရဲ့ ခြံဝင်းကို ဖွင့်ထားတာပဲ၊ ဥယျာဉ်နှစ်ခုလည်း ချိတ်ဆက်နေတာပဲ မဟုတ်ဘူးလား”

ထိုအခါမှ ဝမ်စုဖန်းက စိတ်သက်သာရာရစွာ ပြုံးလိုက်ပြီး ကျန်းကျန်း၏ ဆံပင်များကို ပွတ်သပ်ရင်းချစ်ခင်စွာ ကြည့်လိုက်သည်။

“ငါတို့ မိသားစုရဲ့ ကျန်းကျန်းက ကံကောင်းလိုက်တာ၊ ဘယ်သူ့ရဲ့သမီးကမှ ဒီလို ကိုယ့်အိမ်မှာ နေသလို လက်ထပ်နိုင်တာမျိုး မရှိဘူး”

ကျန်းကျန်းက ပန်းသီးတစ်လုံးကို ကိုက်၍ ပျော်ရွှင်စွာ ပြုံးလိုက်သည်။ မဒမ်လီက နံရံရှိ နာရီကို ကြည့်လိုက်သော် နေ့လယ်စာစားချိန် ရောက်နေပြီကို သိလိုက်ရ၍ ပြောလိုက်လေ၏။

“နေ့လယ်စာစားချိန် ရောက်ပြီ၊ ကျွင့်ကျဲ၊ မင်းတို့နှစ်ယောက် စားပြီးပြီလား”

“ခုနလေးတင် စားလာခဲ့ပြီးပါပြီ”

ရှီကျွင့်ကျဲက ပန်းသီးအကြီးတစ်လုံးကို ကိုင်၍ ပြုံးလိုက်သည်။

“ကျန်းကျန်းကတော့ ခုနက ဗိုက်အရမ်းပြည့်နေပြီလို့ ပြောတာ၊ ဒါပေမဲ့ အခုတော့ ပန်းသီးပြန်စားနိုင်ပြီ”

ကျန်းကျန်းက မပီမသ ပြောလာလေသည်။

“ဗိုက်ဆာတယ်”

မိသားစုနှစ်စု အတူနေထိုင်ခြင်း၏ အားသာချက်ကား အလုပ်မရှုပ်ခြင်းပင်။ နေ့ဘက်၌ ကျန်းကျန်းနှင့် ရှီကျွင့်ကျဲက ဟိုနားဒီနားထိုင်နေကြ၍ သုံးရက်မြောက်နေ့ သတို့သမီး၏ အိမ်သို့ပြန်ရောက်သည့်အချိန်တွင် ပို၍ပင် အလုပ်မရှုပ်တော့ချေ။

သူတို့သည်ကား ဥယျာဉ်ထဲမှသာ ပုံမှန်အတိုင်း ဖြတ်သန်း၍ ပြန်လျှောက်လာခဲ့ကြသည်။

ကျန်းကျန်းအား တစ်နေ့ကို အကြိမ်များစွာ တွေ့ရခြင်းကြောင်း အတူထမင်းစားရသည်မှာ လုံလောက်ပြီဟု ခံစားရသော်လည်း မဒမ်လီနှင့် ဝမ်စုဖန်းကမူ ပွဲကြီးတစ်ပွဲ ကျင်းပရန် ဆုံးဖြတ်ထားဆဲပင်။

ဤအချိန်တွင် အိမ်မှာ ချက်ပြုတ်ခြင်းမျိုး မဟုတ်ဘဲ နာမည်ကြီး စားသောက်ဆိုင်ကြီးမှ မှာယူထားခြင်း ဖြစ်သည်။

ဆွေမျိုးများအပြင် ရှီကျွင့်ကျဲ၏ မိဘများ၊ ကျန်းကျန်း၏ သူငယ်ချင်းမိတ်ဆွေများ အားလုံးကို ဖိတ်ကြားထားခဲ့သည်။

ကောင်းကင်သည်ကား နေသာသည့်နေ့လေးဖြစ်သဖြင့် စက်တင်ဘာလကုန်ဖြစ်သော်လည်း အိမ်ပြန်သည့်နေ့တွင် ကြည်လင်လှပလွန်းနေခဲ့သည်။

ကျန်းကျန်း၏ မင်္ဂလာဆောင်နေ့နည်းတူ စားပွဲများကို ဥယျာဉ်ထဲ၌ ချထားခဲ့သည်။ ယခုချိန်ကမူ အသီးများ အပြည့်အစုံရှိနေသည့်အချိန် ဖြစ်၍ လေညှင်းက တိုက်ခတ်နေကာ သစ်သီးရနံ့များက သင်းပျံ့နေခဲ့သည်။

ရှီချန်ပေါ်နှင့် လီမူဝူတို့က စားပွဲတစ်လုံးတည်း၌ ထိုင်နေခဲ့ကြသည်။

ရှီချန်ပေါ်က ဝိုင်တစ်ခွက်ဖြင့် မြှောက်ကာ လီမူဝူကို ကြည့်၍ ပြောလာခဲ့သည်

“ဟေ့ လောင်လီ၊ ငါတို့ ခမည်းခမက်တွေဖြစ်လာမယ်လို့ မမျှော်လင့်မိဘူး၊ မင်း အိပ်မက်ထဲမှာ တိတ်တိတ်လေး ပျော်နေတာမလား”

“ဘာလို့ ပျော်ရမှာလဲ”

လီမူဝူက ဝိုင်ခွက်ကို ကောက်ယူ၍ ရှီချန်ပေါ်၏ ခွက်ကို ထိလိုက်သည်။

“ငါ့ကို ငါးဖမ်းတဲ့နေရာမှာ မင်း မနိုင်ဘူး၊ အခု မင်းမှာ တစ်နေကုန် အလုပ်လုပ်နေရတော့ ငါးဖမ်းစွမ်းရည်ကို မြှင့်တင်ဖို့အတွက်တောင် အချိန်တောင်မရှိတော့ဘူး၊ မင်းက ဒီအဆင့်ပဲ လုပ်နိုင်တာ။”

ရှီချန်ပေါ်၏ ပါးစပ်ထဲမှ ဝိုင်များ ပြန်ထွက်တော့မည်ကဲ့သို့ ဖြစ်သွားသည်။

“တစ်နေ့လုံး ငါးတစ်ကောင်တောင် မဖမ်းနိုင်တဲ့သူတွေ အများကြီး လရှိနေိမ့်မယ်လာပြီဆိုတာ ငါ မယုံဘူး၊ ညစာစားပြီးရင် ငါတို့ စမ်းကြည့်ရအောင်”

“ပြိုင်လိုက်ကြတာပေါ့”

လီမူဝူက ပတ်ဝန်းကျင်ကို ကြည့်၍ သူ၏အိမ်ထဲမှ ကန်ကို ညွှန်ပြလိုက်သည်။

“ငါ့အိမ်မှာပဲလား”

ရှီချန်ပေါ် ခေါင်းညိတ်သည်ကို မြင်သည့်အခါ လီမူဝူ ချက်ချင်း ပျော်သွားသည်။

“ဒါဆို မင်း ရှုံးဖို့ သေချာပြီ၊ ငါ့ရဲ့ငါးတွေက ငါ့ချိတ်ကိုမြင်ရင် မပြေးနိုင်တော့ဘူး။”

ရှီချန်ပေါ်က ဝိုင်တစ်ငုံသောက်၍ ပို၍ ပို၍ အားတက်လာသည့် လီမူဝူကို ကြည့်ပြီး ပြောလာသည်။

“ဒါဆို မင်း လောင်ဟယ်တို့နဲ့ စစ်တုရင်သွားမကစားဘူးလား”

“သူတို့က ငါ့ကို မခေါ်ဘူး”

လီမူဝူက ဤအကြောင်းကို ပြောလိုက်သည်နှင့် ဒေါသထွက်လာသည်။

“ငါ့ကို စစ်တုရင်ခြင်းအိုးပုပ်လို့ ပြောတယ်လေ၊ ငါ တကယ်ပဲ ဆိုးနေတာလား၊ ငါ စစ်တုရင် ကစားတဲ့အခါတိုင်း… ငါ နက်နက်နဲနဲ တွေးတယ်…”

“သေသေချာချာစဉ်းစားဆင်ခြင်ပြီးမှရွှေ့လေ”

ရှီချန်ပေါ်က ဤစကားကို ထည့်မပြောဘဲ မနေနိုင်ခဲ့‌ပ။

“ဟုတ်တယ်၊ စဉ်းစားဆင်ခြင်ရမယ်”

လီမူဝူက စားပွဲကို ရိုက်လိုက်သည်။

“ငါ စဉ်းစားပြီးပြီ၊ ဒါပေမဲ့ ကစားတဲ့အချိန်တိုင်း ဆိုးရွားနေတယ်လို့ ငါထင်တယ်”

သူသည် ဝိုင်တစ်ငုံသောက်ပြီးမှ ရှီချန်ပေါ်ဆီသို့ လှည့်ကြည့်သည်။

“ငါ့ရဲ့ခမည်းခမက်၊ အခုငါးသွားဖမ်းရအောင်။ အလကားတော့ မလုပ်နိုင်ဘူး၊ ဒါကို ဘာလို့များများမလောင်းတာလဲ”

ရှီချန်ပေါ်က သူ့ကို စူးစိုက်ကြည့်လိုက်သည်။

“ဒါဆို မင်း ဘာလိုချင်လဲ”

လီမူဝူက ရယ်မော၍ ပြောလိုက်သည်။

“ငါသာ နိုင်ရင် ညစာစားပြီးရင် မင်း ငါနဲ့ စစ်တုရင်နှစ်ပွဲ လာကစားရမယ်”

ရှီချန်ပေါ်က ဟင်းတစ်တုံးကို ဖြည်းဖြည်းချင်းစား၍ မေးလိုက်သည်။

“ငါသာနိုင်ရင်‌ရော”

All Chapters