← Chapters

အခန်း (၂၁၂)

Vol. 32 Ch. 312

အခန်း (၂၁၂)

Vol. 32 Ch. 312

မိသားစုက အချိန်ကြာမြင့်စွာ မတွေ့ကြသည်ဖြစ်သောကြောင့် နေ့စဦ်နေ့တိုင်း ထမင်းစားပွဲကား စည်ကား၍ ပျော်စရာကောင်းနေခဲ့သည်။

စားပွဲပေါ်၌မူ ဝိုင်ဖြူများရှိနေခဲ့ကာ ကလေးများအတွက် မြောက်ဘက်သမုဒ္ဒရာမှ ဆိုဒါများရှိသည်။

ကျန်းကျန်းကတော့ သူမကိုယ်တိုင်ချက်သည့်ဝိုင်ကိုသာ သောက်ခဲ့သည်။

သူမက တစ်နေ့ကို ဖန်ခွက်သေးသေးလေးတစ်ခွက်ဆိုလျှင် လုံလောက်ပေသည်။

လင်းရှို့လန်က အသုံးမပြုရသေးသည့် တူဖြင့် ကျန်းကျန်းကို ဟင်းခပ်ပေးလိုက်သည်။

“ကျန်းကျန်းက ဒီအရွယ်လောက်အထိ ကြီးလာပြီး မကြာခင် လက်ထပ်တော့မယ်လို့ ပြောတော့ ပြန်တွေးလိုက်တိုင်း အိပ်မက်လိုပဲ ခံစားရတယ်”

ဝမ်စုဖန်းက ပြုံး၍ ပြောလိုက်သည်။

“အဲဒီလောက်လည်း မဆိုးပါဘူး။ ဒါပေမဲ့ အရင်တုန်းက မင်း ကျန်းကျန်းကို မီးဖွားဖို့ ကူညီပေးခဲ့တာက အခုထိ မျက်စိထဲမှာ မြင်နေတုန်းပဲ”

လင်းရှို့လန် ဝမ်စုဖန်းကို ကြည့်၍ မနာလိုဖြစ်မိသည်။

“ကျွမ်မတို့မိသားစုထဲမှာ အစ်မတို့မိသားစုက အလားအလာအရှိဆုံးမိသားစုပဲ၊ ကလေးငါးယောက်လုံးက ကောလိပ်ကျောင်းသားတွေဖြစ်ခဲ့ပြီး၊ နှစ်ယောက်က နိုင်ငံရဲ့အကောင်းဆုံးကောလိပ်မှာ တက်ခွင့်ရခဲ့ကြတယ်၊

အခု ကျွန်မတို့ ပေရှားဒေသမှာ ဘယ်သူပဲပြောပြော အစ်မတို့ရဲ့မိသားစုကို ပြောလာရင် လက်မထောင်ပြီး အမြဲမနာလိုဖြစ်ကြတာ”

ဝမ်စုဖန်းက သူမ၏ဆံပင်ကို သပ်တင်လိုက်သည်။

“ကလေးတွေ ကိုယ်တိုင် ကြိုးစားတာပါ။ ငါတို့က စာတစ်လုံးတောင် မသိတာ၊ သူတို့ကို မကူညီနိုင်ပါဘူး”

လင်းရှို့လန်၏ အကြည့်သည်က သူမဒသားနှစ်ယောက်ဆီကို ကျော်၍ သူမ၏မြေးမျက်နှာပေါ်သို့ ရောက်သွားသည်။

“အသားဘန်းမုန့် မင်း သေသေချာကြိုးစားရမယ်၊ သိပြီလား၊ စာသင်ပြီးရင် တော်ဝင်မြို့တော်ကိုလာပြီး ပညာသင်နိုင်တယ်၊ ပြီးရင် အိမ်အကြီးကြီးမှာ နေလို့ရတယ်”

လီမင်ရုံ၏ သားက ခေါင်းညိတ်လိုက်သည်။

“ကျွန်တော် သိပါတယ်၊ အဖွားတို့ အိမ်မှာ တစ်နေ့ကို ရှစ်ခါလောက် ပြောနေတာလေ၊ ကျွန်တော် မှတ်ထားပြီးပြီ”

နောက်စားပွဲမှ ကျန်းချွမ်ဟွားကမူ ပို၍ မျက်နှာပူနေခဲ့သည်။ အစက ကျန်းကျန်းမှ ငါးပုတ်သင်ကြီးတစ်ကောင်ယူ၍ လီမူဝမ်းကို အိမ်ကြီးကြီးတစ်လုံးဖြင့် လဲခိုင်းလိုက်သည်ဟုသာ သိခဲ့သည်။

သို့သော် ဤနေရာသို့ရောက်မှသာ အိမ်က ဤမျှကြီးသည်ကို သဘောပေါက်သွားခဲ့ရသည်။

ပြောနေစရာပင်မလိုအပ်ပါချေ။

ခြံကြီးသည်က အလွန်ကြီးမားကာ အိမ်များကလည်း တစ်လုံးပြီးတစ်လုံး ကောင်းမွန်စွာရှိနေသည်။

သို့သော် အနောက်ဘက်မှ ကြီးမားသောခြံသည်က ပို၍ ကောင်းမွန်နေခဲ့ကာ အိမ်အနီးအနားတွင်ရှိနေသာ ပန်းခြံငယ်ခန့်ပင် ကြီးသည်။

ခြံအတွင်း၌ ပန်းများ၊ ဟင်းသီးဟင်းရွက်များက ပေါများစွာ ရှိနေလဲ့သည်။

ကြက်၊ ဘဲ၊ ငါး၊ ဂဏန်းများလည်း မွေးမြူထားရှိသည်။ ဤရက်များ အပြင်ဘက်မှ ဝက်သားသာ ဝယ်စရာလိုအပ်ခဲ့သည်။

ကျန်သည်များကား မိသားစုအတွင်း၌ ရှိနေသည်ဖြစ်သောကြောင့် ပိုက်ဆံလည်း ချွေတာနိုင်သည်ပင်။

သူမက သူမထက်ဆယ်နှစ်ပိုကြီးသည့် ဝမ်စုဖန်းကို ကြည့်လိုက်မိသည်။ တစ်ဖက်လူ၏ဆံပင်များသည်ကညး ယခုဆိုလျှင် နက်မှောင်ပြောင်လက်နေပြီ။

မျက်နှာသည်လည်း အရင်လို အရေးအကြောင်းများ မထူတော့ချေ။

သူမ၏လက်များသည်လည်း နူးညံ့နေပြီ၊ ချက်ပြုတ်သန့်ရှင်းရေးအတွက် အငှားအမျိုးသမီးများရှိသည်။

အဝတ်လျှော်ရန် အဝတ်လျှော်စက်ရှိသည်။ ဤဘဝကား ယခင်င်က မြေရှင်များထက်ပင် ပို၍ ဇိမ်ကျနေသည်။

ပန်းကန်ထဲမှ ငါးကို တို့၍ ကျန်းချွမ်ဟွား စကားစပြောခါနီးတွင် လီမူလင်းက သူမကို စိုက်ကြည့်လိုက်သည်။ ပြီးနောက် သူမကို စိုက်ကြည့်နေသည့် သားနှစ်ယောက်ကို တွေ့လိုက်ရသောကြောင့် ကျန်းချွမ်ဟွားတစ်ယောက်ကား စကားလုံးများကို စိတ်မပါ့တပါဖြင့် မျိုချလိုက်ရသည်။

ထိုအမျိုးသားသုံးယောက်က မည်သည့်အရာများကို တွေးနေသည်ကို သူမ နားမလည်နိုင်ချေ။ သူတို့၏ အဘွားက ဤမျှကြီးမားသော အိမ်ကြီး၌ နေထိုင်နေသည်။

အခန်းလွတ်များလည်း များစွာ ရှိသည်၊ ကျန်းကျန်းသည်လည်း လက်ထပ်တော့မည်ပင်။ သူမတွင် မည်သည့်အရာမှ မလုပ်စရာမရှိလျှင် မည်သို့ နေနိုင်မည်နည်း။

အစားအသောက်၊ အိပ်စရာ၊ ပြုစုပေးမည့်လူများ ရှိနေသည်။ ထို့အပြင် တစ်ယောက်ချင်းစီလည်း တကယ်ပင် ကံကောင်း၍ မပျော်မရွှင်ဖြစ်နေကြခြင်း လုံးဝမရှိပေ။

ညစာစားပြီးသည့်နောက် မိသားစုက ခြံထဲ၌ တီဗီကြည့်ခဲ့ကြပြီး ခဏအကြာ ကိုယ့်အခန်းသို့ကိုယ် ပြန်အိပ်ကြသည်။

တံခါးပိတ်သည်နှင့် လီမူလင်က ကျန်းချွမ်ဟွားကို စိုက်ကြည့်၍ ပြောလိုက်သည်။

“ငါ မင်းကို မလာခင်ကတည်းက ပြောခဲ့တယ်၊ ဒီကိုရောက်ရင် မင်းရဲ့ ပါးစပ်ရိုင်းကို မသုံးနဲ့၊ ငါ့ပြောတဲ့စကားကို မှတ်ထားစမ်းပါ”

ကျန်းချွမ်ဟွားက မနေနိုင်ဘဲ တီးတိုးပြောလိုက်သည်။

“ဘာကိုပြောရမှာလဲ၊ ကျွန်မက အမေနဲ့ ဆွေးနွေးပြီး ကျွန်မတို့ကိုလည်း ဒီကို လာနေခိုင်းချင်ရုံလောက်ပါပဲ၊ ဒီမှာ ဒီလောက်များတဲ့ အိမ်ခန်းတွေက လွတ်နေတာ၊ ရှင် မျက်စိကန်းနေတာလား”

“မင်းကမှ မျက်စိကန်းနေတာ၊ ဒါတွေက မင်းနဲ့ မဆိုင်ဘူးလေ”

လီမူလင်းက စကားလုံးတစ်လုံးချင်းစီ ပြောလိုက်သည်။

“ဒီအိမ်က ကျန်းကျန်းရဲ့အိမ်ပဲ၊ သူမရဲ့အစ်ကိုအရင်း လေးယောက်လုံးကတောင်မှ ဘွဲ့ရတာနဲ့ အသိစိတ်ထားပြီး သူတို့ရဲ့ကိုယ်ပိုင်အိမ်တွေဝယ်ပြီး ပြောင်းသွားကြတယ်၊ မင်းက သူမရဲ့အဒေါ်ဖြစ်ပြီး ဒီလောက်တောင် မျက်နှာပြောင်တိုက်နိုင်တာလား”

“အဲဒါက သူတို့ရဲ့မိသားစုက ရူးနေလို့ပဲလေ”

ကျန်းချွမ်ဟွားက နေ့ခင်းဘက် စကားမပြောရဲသော်လည်း ညရောက်သော် စကားအနည်းငယ် ထုတ်ပြောမိသည်။

“ဒီလိုအိမ်ကြီးကြီးကို အဲဒီကောင်မလေးကို တကယ် ပေးလိုက်တာလား၊ ဒါက မျက်စိကန်းနေတာ မဟုတ်ဘူးလား၊ အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ ကိုယ့်သားသမီး မြေးတွေကြားက ကွာခြားချက်ကို ထုတ်မပြောတတ်ဘူးလား”

လီမူလင်းက ဤစကာ့ကိုကြားသည်နှင့် အလွန်အမင်း စိတ်တိုသွားခဲ့ရကာ အခန်းထဲ၌ ပတ်လျှောက်လိုက်သည်။ ပြီးနောက် သူမကို လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်။

“ကျန်းချွမ်ဟွား၊ မင်း ဒီစကားကို ထပ်ပြောတာကို ငါ ကြားရင် မင်းကို ရိုက်သတ်ပစ်မယ်ဆိုတာ ယုံလား မယုံဘူးလား”

ကျန်းချွမ်ဟွားက ချက်ချင်းပင် ပါးနပ်စွာဖြင့် ပါးစပ်ပိတ်လိုက်သည်။ သို့သော် သူမဒမျက်နှာပေါ်ရှိ အမူအရာကား မကျေနပ်သေးသည်ကို ရှင်းရှင်းလင်းလင်း ပြနေသည်။

ဘေးခန်း၌နေသည့် မင်ရှုနှင့် မင်ရှင်းက လှုပ်ရှားသံကြားသောကြောင့် ရောက်လာခဲ့ကြသည်။

“အဖေ၊ အမေ၊ ညကြီးအချိန်မတော် ဘာလို့ရန်ဖြစ်နေကြတာလဲ၊ ဒါက ကိုယ့်အိမ်မှ မဟုတ်တာ၊ သတိထားပြီး တိတ်တိတ်နေကြပါဦး”

လီမူလင်းက ကျန်းချွမ်ဟွား၏ နီရဲနေသည့် မျက်နှာကို လက်ညှိုးထိုးကာ ဆို၏။

“မင်းအမေရဲ့ ဆိုးရွားပါးစပ်ကိုပဲပြောတော့၊ တစ်နေ့လုံး သူများအိမ်က ပစ္စည်းဥစ္စာတွေကိုပဲ စဉ်းစားနေတာ၊ သူများပစ္စည်းတွေကို မနာလိုမဖြစ်ဘဲ မနေနိုင်ဘူး ဟုတ်တယ်နလား”

လီမင်ရှုသည်လည်း ကျန်းချွမ်ဟွားကို တစ်ချက်ကြည့်၍ လီမင်ရှင်းဘက်သို့ လှည့်ကာ ဆို၏။

“အဆင်မပြေတော့ဘူး၊ ဒီလိုဆိုမှတော့ မင်းရဲ့မိန်းမကို ပြောပြီး မင်းအမေကို ပြန်ခေါ်သွားခိုင်းလိုက်၊ ဒီမှာနေပြီး ရှုပ်ထွေးအောင် မလုပ်ခိုင်းနဲ့တော့”

ကျန်းချွမ်ဟွား ဤကိုကြားသော် ငိုချင်နီးပါး ဖြစ်သွား၏။

“နင်တို့ကပါ ငါ့ကို ပြန်နှင်ထုတ်ချင်ကြတာပဲ၊ ငါ ပြန်မသွားနိုင်ဘူး၊ ဘာမှ မပြောဘဲနေရင် ရပြီ မဟုတ်လား။”

လီမင်ရှုက သူမကိုကြည့်၍ ပြောလိုက်သည်။

“အမေ တကယ် ဘာမှ မပြော‌တော့ဘူးလား”

ကျန်းချွမ်ဟွားက သနားစဖွယ်အမူအရာဖြင့် ခေါင်းငြိမ့်၏။

“ငါက လီမိသားစုရဲ့ ပစ္စည်းတွေကို လိုချင်တပ်မက်နေတာ မဟုတ်ရပါဘူး၊ ဒါပေမဲ့ သူတို့ရဲ့မျပ်လုံးထဲမှာ မင်းတို့တွေ တစ်ယောက်ကိုမှ တန်ဖိုးထားတာ မရှိဘူး။”

လီမင်ရှင်းက သက်ပြင်းချကာ ကျန်းချွမ်ဟွားကို ကုလားထိုင်ပေါ်သို့ ဖိချလိုက်၏။

“အမေ၊ အမေက ကျွန်တော့်ရဲ့ အဖေကို ပင်းချန်မှာပဲ နေစေဖို့လုပ်ပြီး အမေကို လက်ထပ်ခိုင်းတုန်းက ကျွန်တော့်အဖေကို မိသားစုနဲ့ လမ်းခွဲစေခဲ့တာမဟုတ်ဘူးလား၊

ကျွန်တော်တို့မိသားစုရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေဆိုတာ ပင်းချန်က အိမ်ဟောင်းရယ်၊ အဲဒီထဲက ပစ္စည်းတွေရယ်ပဲရှိတယ်၊ လီမိသားစုရဲ့ဇာတိမြို့မှာကျန်ရစ်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေနှင့်၊ တော်ဝင်မြို့တော်က စည်းစိမ်ဥစ္စာတွေက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး ၊နားလည်လား?

ရှင်းရှင်းပြောရရင် ကျွန်တော့် ဦးလေးရဲ့ မိသားစုမှာ ပိုက်ဆံ ဘယ်လောက်ပဲ များများ၊ လေယာဉ်တွေ ဘယ်နှစ်စီးပဲ ဝယ်နိုင်နိုင်၊ အမေ သူတို့ဆီက စက်ဘီးတစ်စီးတောင် တောင်းလို့မရဘူး၊ သဘောပေါက်ရဲ့လား”

ကျန်းချွမ်ဟွားသည်ကား ပါးစပ်ကို ပိတ်ကာ သဘောမတူချင်တူချင်ဖြင့် ခေါင်းငြိမ့်၏။ ညီအစ်ကိုနှစ်ယောက်က သူတို့ မိခင်၏ အမြတ်ထုတ်တတ်သည့် အကျင့်ငယ်များကို နှစ်များစွာ သိခဲ့ကြ၏။

ပင်းချန်၌ ရှိစဉ်ကမူ အချိန်နှင့်အမျှ ချော့မော့ခြောက်လှန့်၍ ထိန်းနိုင်ခဲ့သည်။ သို့သော် ကျန်းကျန်းတို့အိမ်၏ အခြေအနေများမှာ အလွန်ကောင်းသောကြောင့် ကျန်းချွမ်ဟွားသည် မိမိကိုယ်ကို မထိန်းနိုင်ဘဲ လွှတ်ချလိုလာခဲ့၏။

လီမင်ရှုသည်လည်း ညီဖြစ်သူ၏ စကားများက အလုပ်မဖြစ်သေးမည်ကို စိုးရိမ်သောကြောင့် တစ်ချက်ဝင်ပြောခဲ့၏။

“အမေ၊ ကျွန်တော်တို့တွေ ဒီတစ်ခါ ဆွေမျိုးတွေအနေနဲ့ မင်္ဂလာပွဲကို လာတက်တာ။း၊ ကျွန်တော်တို့တွေ အများကြီးစားလို့ရတယ်၊ ဒါပေမဲ့ စကားကိုတော့ နည်းနည်းပဲ ပြောရမယ်။

ကျွန်တော့တို့ရဲ့ အဘွားကို ကြည့်လိုက်၊ သူမက အသက်ကြီးပြီဆိုပေမယ့် သူမရဲ့ခန္ဓာကိုယ်က အမေ့ထက် ပိုကောင်းတယ်။

တကယ်လို့ အမေ သူမကို ဒေါသထွက်အောင် လုပ်မိရင်၊ သူမ ဒေါသထွက်ပြီး အမေကို ပင်းချန်ကို ပြန်သွားဖို့ နှင်ထုတ်နိုင်တယ်၊ အမေ ယုံလားမယုံဘူးလား”

ကျန်းချွမ်ဟွားသည်ကား ထိုစကားကိုကြားလျှင် ချက်ချင်းပင် အလျှော့ပေးလာခဲ့၏။

“ဒီလောက်နှစ်တွေကြာတာတောင် သူရဲ့ဒေါသတွေက ဘာလို့ မပြောင်းလဲရသေးတာလဲ”

“ဘာကိုပြောင်းရမှာလဲ၊ ပုံမှန်ဆိုရင် ကျွန်တော့်ရဲ့ဒုတိယအဒေါ်က သူ့ကို ဘယ်တော့မှ စိတ်ဆိုးအောင်မလုပ်ခဲ့ဘူး၊ ယောက္ခမနဲ့ ချွေးမလည်း ဘယ်တော့မှ အဆင်မပြေတာမျိုး၊ မတည့်တာမျိုးမဖြစ်ခဲ့ဘူး၊ အမေသာ ဒေါသထွက်အောင်မလုပ်ရင် ကျွန်တော့်အဘွားက ဆေးတံနဲ့ရိုက်ချမှာတဲ့လား။”

မင်ရှုက မျက်လုံးလှန်၍ ဆို၏။

“ကျွန်တော်တို့ ဒီမှာ နောက်ထပ်နှစ်ရက်ပဲနေမယ်၊ သုံးရက်နေရင် ကျန်းကျန်း လက်ထပ်ပြီး အိမ်ပြောင်းခဲ့ရင် ကျွန်တော်တို့လည်း ပြန်မယ်၊

ဒီတစ်ပတ်ပဲ၊ အမေ စိတ်ကို နည်းနည်းလောက် ငြိမ်ငြိမ်ထားလို့ မရဘူးလား။”

မင်ရှုသည်ကား သူ၏စိတ်ကို ထိန်း၍ တတ်နိုင်သမျှ ပြုံးကာ ပြောလိုက်သည်။

“ကောင်းပြီ၊ မနက်ဖြန် အမေကို ကျွန်တော် တရုတ်တံတိုင်းကြီးဆီ ခေါ်သွားမယ်”

“ဘယ်လောက် ကုန်ကျမှာလဲ”

ကျန်းချွမ်ဟွားရုတ်တရက် ပြောမိမလို ဖြစ်သွားခဲ့၏။

“အမေတို့ မင်းရဲ့ဦးလေးကို ပြောပြီး သူ့ကို...”

လီမူလင်း၊ လီမင်ရှု၊ လီမင်ရှင်းဟူသည့် အမျိုးသားသုံးဦး၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားသည်ကို မြင်သော် ကျန်းချွမ်ဟွား နာကျင်စွာ တုံ့ဆိုင်းရပ်တန့်သွားခဲ့ရ၏။ သူကးမက အံသွားကို ကြိတ်၍ ပြောလာသည်။

“ကောင်းပြီ၊ ကိုယ့်ပိုက်ဆံနဲ့ပဲ သုံးမယ်။”

လီမင်ရှင်းသည် ခေါင်းမရမ်းဘဲ မနေနိုင်ဘဲ သက်ပြင်းကို အသာချမိ၏။

“ကျွန်တော့်ရဲ့ အဘွားတောင် ဒီလောက် ခက်ခက်ခဲခဲ မလုပ်ဘူး၊ အမေ ဘာလို့ ဒီလိုတွေဖြစ်နေတာလဲဆိုတာ တကယ်မသိတော့ဘူး။”

ကျန်းချွမ်ဟွားသည် အေးစက်စက် နှာမှုတ်၏။

“မင်းတို့ရဲ့အဖွားက မင်းတို့ကို ဂရုမစိုက်ဘူးလေ၊ ဘာလို့လဲဆိုတော့ မင်းတို့က မြေးကြီးတွေမို့လို့ပဲ။”

တကယ်တမ်းတွင် သူမ၏ခင်ပွန်းနှင့် သားများ၏ နှစ်များစွာ ပညာပေးမှုအောက်၌ ကျန်းချွမ်ဟွားသည်လည်း သူမ၏ စိတ်နေစိတ်ထားက သဘောကျစရာ မကောင်းသည်ကို သိနေခဲ့သည်။

သို့သော် ဤအတွေးများအားလုံးက သူ၏ခေါင်းထဲ၌ မရှိတော့သည့်အခါတွင် သူမ၏နှလုံးသားအောက်ခြေမှ မသိစိတ်အရ လုပ်ဆောင်မှုများနှင့် စကားလုံးများကို ဖြစ်ပေါ်လာခဲ့စေမိပြန်၏။

“တကယ်တော့ ငါ့ရဲ့ စိတ်နေစိတ်ထားက မင်းတို့ရဲ့ အဘွားနဲ့ ဆက်စပ်နေတယ်”

*

All Chapters