အခန်း (၃၂၁)
Vol. 33 Ch. 321
ရှီချန်ပေါ်၏စကားကိုကြားလျှင် လီမူဝူက ချက်ချင်းပင် ပြောလာသည်။
“ငါ မင်းအိမ်ကို လာပြီး မင်းနဲ့ နှစ်ပွဲ ကစားပေးမယ်”
ဤစကားများ ထွက်ပေါ်လာသည်နှင့် ရှီချန်ပေါ်သာမက၊ နှုတ်ဆက်ရန် ရောက်လာသည့် ရှီကျွင့်ကျဲနှင့် ကျန်းကျန်းပင်လျှင် ကျယ်လောင်စွာ ရယ်မောလိုက်မိကြသည်။
ရှီချန်ပေါ်က မပျော်မရွှင်ဖြစ်သွားခဲ့ကာ ပြောလာသည်။
“မင်း မြင်လား၊ ကလေးတွေတောင် မင်းကို မျက်နှာပြောင်တိုက်တယ်လို့ ထင်နေကြပြီ”
လီမူဝူက မကြားဟန်ဆောင်၍ ရှီကျွင့်ကျဲအား ဝိုင်ငှဲ့ပေးရန် ဖန်ခွက်ကို ဆန့်တန်းလိုက်သည်။
“ဒါဆို ဒီလိုပဲ ဆုံးဖြတ်လိုက်ရအောင်၊ ခဏနေရင် လူတိုင်းက သက်သေတွေ ဖြစ်လိမ့်မယ်”
စုဝေ့ရန်က လှည့်ကြည့်၍ ပြုံးလိုက်သည်။
“ရိုးရိုးလေးပဲ ယှဉ်ပြိုင်ရအောင်၊ ငါတို့လည်း ငါးဖမ်းရတာ ကြိုက်တယ်။”
သူငယ်ချင်းများက ဤမျှများစွာ ရောက်လာသည်မြင်သည့်အခါ လီမူဝူ ချက်ချင်း ပျော်သွားသည်။
“ကျန်းကျန်းက ကျွန်တော့်အတွက် ငါးမျှားတံတွေ ဝယ်ပေးထားတာ နှစ်နှစ်ရှိလောက်ပြီ ၊ ကျွန်တော် အဲဒါတွေကို သိမ်းထားရတာ၊ အားတဲ့အချိန်ကျရင် ခင်ဗျားတို့တွေ ကျွန်တော့်ရဲ့အိမ်ကို ငါးလာဖမ်းလို့ ရတယ်လေ၊
ဖမ်းမိတဲ့ ငါးတွေကိုလည်း ယူသွားလို့ရတယ်၊ ဒါမှမဟုတ် ကျွန်တော်အိမ်ကို လာပြီး ချက်စားလို့ရတယ်၊ ကောင်းပြီ၊ ကျွန်တော်က ဝိုင်နဲ့ တာဝန်ယူတယ်။”
ရုတ်တရက် ရယ်သံများ ထွက်ပေါ်လာသည်။ လီမူဝမ်းတစ်ယောက် မျက်လုံးနီရဲနေခဲ့ကာ ရွှင်မြူးတက်ကြွနေသည့် သူ၏ ညီကို ကြည့်ကာ အလွန်တုံးအခဲ့သည့် လီမူဝူဟောင်းနှင့် ဆက်စပ်၍ မရရှိနိုင်ခဲ့တော့ပေ။။
“ဒုတိယညီလေးက တော်ဝင်တက္ကသိုလ်ကို ရောက်ကတည်းက အရင်ကထက် ပိုပျော်ရွှင်နေတာပဲ”
ပေရှားဒေသ၏ နေ့ရက်များကို သတိရသည့်အခါ လီမူဝူ သက်ပြင်းချလိုက်သည်။
“အရင်တုန်းကဆိုရင် မျက်လုံးဖွင့်တာနဲ့ မိသားစုစားဖို့ ဘယ်နှစ်ကြီမ်လောက်သယ်မှ လုံလောက်မယ်ဆိုတာကို ရေတွက်နေခဲ့ရတယ်လေ၊ နေ့ရက်တိုင်းကသေမလောက် စိတ်ပူနေရတော့ ၊ ဘယ်မှာ ပြောပြီး ရယ်နိုင်မလဲ၊ အခုတော့ မတူတော့ဘူး…”
လီမူဝူက ကျန်းကျန်း၏ အမူအရာကို အထူးခံစားချက်ပြင်းစွာဖြင့် ကြည့်လိုက်သည်။
“ကျွန်တော့်ရဲ့သမီးလေးက ကြီးပြင်းလာပြီ၊ အဖေနဲ့အဘွားကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်၊ သားသမီးတွေအားလုံးကလည်း ဝတ္တရားတွေကို ကျေပွန်ကြတယ်
ဒီတော့ နေ့တိုင်း တွေးနေဖို့က ငါးဖမ်းတာ ဒါမှမဟုတ် လက်ဖက်ရည်သောက်တာပဲရှိနေတော့တာ မဟုတ်ဘူးလား၊ ကျွန်တော်ရဲ့စိတ်က အခုလို ပွင့်လင်းနေပြီး ပျော်နိုင်တယ်မလား”
လီမူဝမ်းက ချက်ချင်း ဝိုင်ခွက်ကို ကောက်ယူလိုက်သည်။
“ဒုတိယညီ ပြောတာ မှန်တယ်၊ ငါတို့လည်း ပျော်ရွှင်ရမယ့်အရွယ်ကို ရောက်ပြီ၊ ဒီမှာ၊ မိခင်တွေနဲ့ ဖခင်တွေအားလုံး ဝိုင်ခွက်ကို ကိုင်ထားကြစို့၊ တစ်သက်လုံး ပင်ပန်းခဲ့ပြီးပြီ၊ ရက်အနည်းငယ်လောက် အနားယူဖို့ အချိန်ရောက်ပြီ”
လူအုပ်စုအများအပြားသည်က ခွက်ချင်းတိုက်၍ ချီးယားလုပာကြသည်။ နှစ်နာရီ၊ သုံးနာရီခန့် ကြာသည့်အခါတွင် ဝိုင်များစွာ သောက်ခဲ့ကြသည်။
ဤတစ်ကြိမ်၌ သူတို့အုပ်စုမှာ ငါးဖမ်းရန်မှာ ဝေး၍ လမ်းလျှောက်ရန်ပင် ခက်ခဲနေပြီ။
ကံကောင်းစွာဖြင့် မိသားစုနှစ်စု၌ အခြားသူများစွာ မရှိသော်လည်း အိမ်ဝင်းများစွာ ရှိသည်။ လီမိသားစု၏ ဆွေမျိုးများစွာသည်က သူတို့၏ အခန်းများတွင် အပြည့်ဖြစ်နေခဲ့ပြီ။
လင်းရှို့လန်က အသားမုန့်လုံးကို ယောက်ျားလေးမိတ်ဆွေများအားသူတို့၏ ဧည့်သည်ဝင်းသို့ ကူညီခေါ်ဆောင်ခိုင်းခဲ့ကာ တစ်ဦးချင်းစီအား အမူးပြေလက်ဖက်စိမ်းပြင်းပြင်းတစ်ခွက်စီ ငှဲ့ပေးပြီးမှ အိပ်ရာပေါ် လဲလျောင်း၍ အိပ်စေခဲ့သည်။
သူတို့က ညနေ ၇ နာရီ သို့တည်းမဟုတ် ၈ နာရီခန့်အထိ အိပ်နေခဲ့ကြသည်။ ကျန်းရန်ကျယ်အိမ်မှလွဲ၍ ကျန်ရှိသောလူများ၏အိမ်များသည်ကား မနီးသည့်အတွက် ကျန်းကျန်းက သူတို့ကို ညဘက် လမ်းလျှောက်ပြန်ရန် ခွင့်မပြုခဲ့ပေ။
“ညစာစားပြီး ကျွန်မအိမ်မှာ ငါးဖမ်းပြိုင်ပွဲ လုပ်ကြမယ်”
ထိုသို့ဖြင့် အဘိုးအိုအုပ်စုက ညစာစားပြီး လီမိသားစု၏ ဥယျာဉ်သို့ သွားခဲ့ကြသည်။
ကံကောင်းစွာဖြင့် သူတို့၏ လက်ထပ်ပွဲကြောင့် ဥယဉ်ထဲမှ မီးလုံးများ အားလုံးကို ဖွင့်ထားခဲ့သည်။ ခလုတ်ဖွင့်လိုက်သည်နှင့် ဥယျာဉ်ထဲမှ မီးရောင်သည်က နေ့ခင်းကဲ့သို့ပင် တောက်ပနေလေသည်။
ကျန်းကျန်း၏ သဘာဝလွန်စွမ်းအားကြောင့် မိသားစုနှစ်စုသည်ကား ဤနှစ်များအတွင်း ခြင် သို့တည်းမဟုတ် ပိုးဖလံတစ်ကောင်မျှ မတွေ့ရှိပါချေ။
လူအနည်းငယ်သည်က မီးလုံးအောက်၌ ထိုင်နေလျက် ခြင်ကိုက်ခံရမည်ကို ကြောက်စရာမလိုပေ။
ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့က ခြံနောက်ဘက်ရှိ လွှဲကုလားထိုင်များ၌ ထိုင်နေခဲ့ကြသည်။
သူတို့က အဘိုးအိုအုပ်စုက ငါးဖမ်းရင်း ပါးစပ်ကို ဖောင်းပွစွာပြောဆိုနေသည်ကို နားထောင်နေခဲ့ကြသည်။ ကျန်းကျန်းက ရှီကျွင့်ကျဲ၏ ပခုံးပေါ်တွင်မှီ၍ လှပသည့် လမင်းကို မော့ကြည့်ရင်း ခဏအကြာ၌ ဤထက်ပိုကောင်းသည့်ဘဝ မရှိနိုင်ဟု ခံစားလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် မင်္ဂလာအားလပ်ရက်က ကုန်ဆုံးသွားခဲ့သည်။
လီမူစန်း၊ လီမူလင်းနှင့် မင်နန်တို့ မိသားစုများလည်း မြောက်ဘက်သို့ ရထားစီး၍ သွားရတော့မည်။
မဒမ်လီက သူတို့ကို ခြံဝင်းတံခါးအထိ ပို့ပေးခဲ့သည်။ သူမ၏ အသက်ကြီးပြီဖြစ်သည့် သားနှစ်ယောက်ကို ကြည့်ရင်း မဒမ်လီ၏ မျက်လုံးများ၌ မျက်ရည်အနည်းငယ်ကို တွေ့လိုက်ရသည်။
“ဒီမှာရှိနေတဲ့ ငါ့ကို စိတ်မပူနဲ့၊ မင်းတိာ့မှာ ဘာပဲဖြစ်လာလာ ဖုန်းဆက်လိုက်ပါ။”
“အင်း၊ စိတ်မပူပါနဲ့ အမေ။”
လီမူစန်း မျက်ရည်သုတ်လိုက်သည်။
“နောက်နှစ် အမေ့မွေးနေ့ကို လာကျင်းပပေးမယ်”
မဒမ်လီ ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်လုံးများက နည်းနည်းလောက်နီနေသည်။
“ကောင်းပြီ၊ မင်း ငါ့အတွက် မွေးနေ့ခေါက်ဆွဲ လာလုပ်ပေးတာကို ငါစောင့်နေမယ်။”
တစ်ဖက်တွင်မူ ဝမ်စုဖန်းက လီမင်နန်ကို ဆွဲကိုင်ထားသည်။
“မင်းတို့အားလုံး ပင်ချန်မှာ ကိုယ့်ဘာသာ ဂရုစိုက်ကြရမယ်နော်၊ အလုပ်မှာ အရမ်းပင်ပန်းမခံနဲ့၊ ကျန်းမာရေးက အရေးကြီးတယ် ကောင်းပြီလား”
လီမင်နန်က အမေဖြစ်သူ၏ စကားတစ်လုံးချင်းစီကို သဘောတူလိုက်သည်။ ပြီးသည့်နောက် ဝမ်စုဖန်းက ကလေးများကို ထပ်မံပွေ့ဖက်၍ လက်ပြနှုတ်ဆက်ကာ သူတို့ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။
တစ်လခွဲခန့်ကြာအောင် စည်ကားနေသည့် အိမ်မှာ လူဆယ်ဦးကျော်ခန့် တစ်ပြိုင်နက် ထွက်သွားသည့်အခါ ရုတ်တရက် တိတ်ဆိတ်ခြောက်သွေ့သွားသည်။
ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့လည်း သူတို့၏ နေ့စဉ်အလုပ်များကို ပြန်စကြရသည်။ မဒမ်လီက အနောက်လှည့်၍ ဘေးအိမ်မှ လင်းရှို့လန်ကို လှမ်းခေါ်လိုက်သည်။
“ငါတို့တွေ မာကျောက် ကစားရအောင်”
ပထမတွင် လီမူဝူက သူနှင့် နှစ်ပွဲ ခန့်ကစားသော်လည်း နှစ်ရက်ကြာသည့်အခါ သူ မခံနိုင်တော့။
တစ်မနက်လုံး ထိုင်နေရသည်ကိုပင် ဆေးလိပ်သောက်ခွင့်မပြုသည့်အခါ သူ ခေါင်းများက မူး၍ ကတ်များမီာ မည်သည့်အရာများပါမှန်းကိုပင် မသိတော့။ ကစားရန်မှာ ဝေးသည်။
ကံကောင်းစွာဖြင့် မဒမ်ရှီက ကျန်းရန်ကျယ်ထံသို့ ပြန်လာကြည့်ရန် ရောက်လာသည်။
သူမ၏ ချွေးမ၌ အမြဲတမ်း ကစားဖော်ရှိနေသည်ကို မြင်သည့်အခါ ရုတ်တရက် အားအင်များ ပြည့်လာခဲ့သည်။ သူမက အင်္ကျီကို ချိတ်ပေါ် ချိတ်လိုက်ကာ အင်္ကျီလက်ရှည်ကို ခေါက်လိုက်၍ လီမူဝူကို အပြင်သို့ ပစ်ထုတ်လိုက်သည်။
ယောက္ခမနှစ်ယောက်နှင့် ချွေးမနှစ်ဦးပေါင်းလျှင် အသက် ၃၀၀ ကျော်နေပြီဖြစ်သော်လည်း တစ်ဦးထက်တစ်ဦး ပို၍ပင် အတည်အကျ ကစားနေခဲ့ကြသည်။
တစ်ပွဲပြီးတိုင်း သူတို့သုံးဦးက လင်းရှို့လန်ကို စိုက်ကြည့်ခဲ့ကြကာ စာရင်းကို ဦးစွာရှင်းခိုင်းသည်။ သူမ ရှင်းပြီးမှပင် ဆက်ကစားကြသည်။
နံနက်တိုင်းတွင် သူတို့နှစ်နာရီကြာအောင် ကတ်ကစားကြသည်။
အိပ်ရာထပြီး နေ့လည်ခင်း တစ်ရေး အိပ်သည့်အခါတွင် မဒမ်ရှီက သူတို့ကို သီချင်းဆိုရန် သင်ပေးတတ်သည်။
တစ်ခါတစ်ရံ ယန်ပေါင်ကျိုးကလည်း ရောက်လာတတ်ပြီး သူမ၏ ကြည်လင်သည့် အသံဖြင့် အကြံဉာဏ်များ ပေးလေ့ရှိသည်။
ဤသို့ စည်ကားနေသည့် လူသုံးဦးရှိသည့်အခါ လူတိုင်းသည်က အမြဲတစေ acapella သီချင်းဆိုနေသည်ကို ကြားရတတ်သည်။
ကစားနေသည့်အချိန်တွင် မဒမ်ရှီက အိမ်ပင် မပြန်ခဲ့။ တစ်ခါတရံ သူမ၏ သားကြီးနှင့်ချွေးမက သူမကို အကြိမ်အနည်းငယ် လာခေါ်ပြီးမှ ခေါ်သွားနိုင်ခဲ့သော်လည်း သူမကမူ ခဏအတွင်းပင် လှည့်၍ ပြန်ပြေးလာခဲ့သည်။
မိသားစုက အလုပ်များပေါ့ပါးသော်လည်း ကျန်းကျန်းကတော့ ပြန်လည်အလုပ်များလာခဲ့သည်။
ဝမ်ရှင်းကျယ်၏ အထည်ချုပ်စက်ရုံ ဝယ်ယူမှုသည်လည်း အကောင်အထည် ပေါ်ပေါက်လာခဲ့ပြီ။
အစပိုင်းတွင် ရက်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် အထည်ချုပ်စက်ရုံ ဒါရိုက်တာ စစ်ရာရန်က အစမ်းလုပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ရက်အနည်းငယ် စဉ်းစားပြီးနောက်တွင် စစ်ရာရန်က စစ်ဘက်သုံးအစိမ်းရောင်အထည်များစွာ ဝယ်ယူ၍ အထည်အကြီးအစိမ်းရောင် စစ်ဝတ်စုံများ ဖန်တီးရန် စီစဉ်နေသည်။
ဆောင်းဦးရာသီ၌ ဝတ်ရန် ဆွယ်တာအဖြစ် ကွက်တိဖြစ်၍ အလွန် လက်တွေ့ကျကာ ခံနိုင်ရည်ရှိသည်။
အဝတ်အစားများကို ချုပ်လုပ်ပြီးလျှင် ရောင်းရမည်။ ကုန်ပစ္စည်းများ စုပုံနေမည်ကို စိုးရိမ်သည့်အတွက် ဤတစ်ကြိမ် စစ်ရာရန်က အလုပ်ရုံအား နမူနာများ လုပ်ခိုင်းပြီးမှ သူက နမူနာများကို ကုန်တိုက်အမျိုးမျိုးသို့ ယူသွား၍ ရောင်းချရန်တွေးခဲ့သည်။
မှာယူမှုရရှိသည်နှင့် ချက်ချင်း ထုတ်လုပ်မှု စတင်လိမ့်မည်။ တစ်လပြည့်ပြီးသည့်နောက်မှ အလုပ်သမားများအား ငွေပေးချေရန် ငွေများ ရရှိပေည်။
သို့သော်ယခုခေတ်၌ ဖက်ရှင်အဝတ်အစားပုံစံအသစ်များ ပေါ်ထွက်နေပြီဖြစ်၍ မည်သူက ခေတ်နောက်ကျနေသည့် စစ်ဝတ်စုံများကို ဝတ်လိုမည်နည်း။
ဆိုင်များစွာ၏ ဂိုဒေါင်များထဲ၌ နှစ်ဟောင်းကုန်ပစ္စည်းအချို့ မရှင်းလင်းရသေးသည်များ ရှိနေသည့်အတွက် သူတို့အားလုံး စစ်ရာရန်ကို ငြင်းပယ်ခဲ့ကြသည်။
ဤတစ်ကြိမ်တွင် ကုန်ပစ္စည်းစုပုံခြင်းမှ ကုန်ကြမ်းများ စုပုံလာခြင်းအဖြစ် ပြောင်းလဲသွားသည်။
ထို့ကြောင့် စစ်ယာရန်တစ်ယောက် ဝမ်ရှင်းကျယ်ထံ ထပ်သွားရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့။
ဤအချိန်တွင် စစ်ရာရန်က စက်ရုံကို တာဝန်ယူရသည့် ဒုတိယမြို့တော်ဝန်ထံ သွား၍ စဉ်းစားပေးရန် တောင်းပန်ခဲ့သည်။
အထည်ချုပ်စက်ရုံ၏ ဒုတိယမြို့တော်ဝန်ကလည်း လွန်ခဲ့သည့်နှစ်အနည်းငယ်က ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို မြင်တွေ့ခဲ့ရသည်။
ယခုမူ အစိုးရရန်ပုံငွေများလည်း ကျပ်တည်းနေပြီ။ ထို့ကြောင့် မြို့တော်က အစည်းအဝေးတစ်ခု ကျင်းပ၍ အလားအလာရှိကာ အမြတ်အစွန်းရရှိသည့် စက်ရုံများကို ကူညီရန် ဆုံးဖြတ်ခဲ့သည်။
ကျန်းကျန်းက အလုပ်စတင်သည့် ပထမဆုံးနေ့တွင်ပင် ဝမ်ရှင်းကျယ်ထံမှ ဖုန်းဝင်လာသည်။
“သူဌေး၊ အစိုးရက အထည်ချုပ်စက်ရုံကို ရောင်းတော့မယ်တဲ့”
“အထည်ချုပ်စက်ရုံကို ရောင်းတော့မယ် ဟုတ်လား”
*