← Chapters

အခန်း (၃၂၂)

Vol. 33 Ch. 322

အခန်း (၃၂၂)

Vol. 33 Ch. 322

ကျန်းကျန်းက ဝမ်ရှင်းကျယ်၏ စကားကို ကြားသည့်အခါ စိတ်ဝင်စားသွားသည်။

“ခဏနေရင် စွမ်းရန်သယ်ကို ဖုန်းဆက်ပြီး မင်းကို အရင်ဆုံးရန်ပုံငွေခွဲပေးခိုင်းလိုက်မယ်၊ အစိုးရက ငါတို့ကို အပြစ်ပုံချတာလုပ်မလာဘူးဆိုရင် ဒီစက်ရုံကို သေချာပေါက် သိမ်းပိုက်ရလိမ့်မယ်”

ဝမ်ရှင်းကျယ်၏ အသံသည်လည်း ကျေနပ်နေပုံရသည်။

“စိတ်မပူပါနဲ့ သူဌေး၊ ဒီစက်ရုံကို ကျွန်တော် သေချာပေါက် အနိုင်ရယူမှာပါ”

ကျန်းကျန်း နှစ်ချက်ခန့်ရယ်မောလိုက်သည်။

“နောင်ဆိုရင် အထည်ချုပ်စက်ရုံကို မင်းကို လွှဲပေးမယ်၊ ပရိဘောဂစက်ရုံကိုတော့ ဒါရိုက်တာစွမ်းရန်သယ်ကို လွှဲပေးရမယ်၊ ဒါပေမဲ့ သူ့ကို စားဖို့တောင် အချိန်မရလောက်အောင် အလုပ်မရှုပ်ပါစေနဲ့”

“သိပါပြီ၊ ဒါမှမဟုတ်ရင် စွမ်းရန်သယ်က မပျော်လောက်ဘူး။”

ဝမ်ရှင်းကျယ် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဒါရိုက်တာစွမ်းနဲ့ ဒုတိယအရာရှိအတွက် လျာထားသူကို ကျွန်တော် ဆွေးနွေးပြီးပါပြီ၊ သူဌေး ကြည့်ပြီး ဆုံးဖြတ်လို့ရပါတယ်”

ကျန်းကျန်းက ချက်ချင်း ပြောလိုက်သည်။

“ကြည့်စရာ မလိုပါဘူး။ စက်ရုံကို မင်းလက်ထဲ လွှဲပေးပြီးပြီဆိုတော့ မင်း အရာရာကို ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာ ငါ ယုံကြည်တယ်”

ကျန်းကျန်း၏ ယုံကြည်မှုရှိသောစကားကြောင့် ဝမ်ရှင်းကျယ်လည်း အလွန်ပင်စိတ်လှုပ်ရှားသွားခဲ့ရသည်။

ပညာရှင်တစ်ဦးက သူ၏ ရင်းနှီးသူအတွက်ဆိုလျှင် သေဆုံးသည်အထိ လုပ်ပေးနိုင်သည် ဟူသော ဆိုရိုးစကားမျိုးအတိုင်းပင်။

လိုအပ်သော ပိုက်ဆံကို ထုတ်ပေးလျှက်ရှိနေပြီးအာဏာကိုလည်း အစွမ်းကုန် လွှဲအပ်ကာ သူ့ကို စိတ်ရင်းအပြည့်အဝ ယုံကြည်သည့် ရင်းနှီးမြှုပ်နှံသူတစ်ဦး ရှိနေခြင်းကြောင့် ဝမ်ရှင်းကျယ်က ကျန်းကျန်းကို သူ၏ မဟာမိတ်ဖြစ်ရန် ထိုက်တန်သည်ဟု ခံစားခဲ့ရသည်။

ကျန်းကျန်းက ဝမ်ရှင်းကျယ်၏ စိတ်လှုပ်ရှားမှုကို သတိမထားမိဘဲ လက်ချောင်းများဖြင့် ဖုန်းကြိုးကို ရစ်ပတ်၍ စူးစမ်းလိုစွာ မေးလိုက်သည်။

“လွန်ခဲ့တဲ့တစ်ကြိမ်တုန်းက ငါတို့တွေ အထည်ချုပ်စက်ရုံနဲ့ စီးပွားရေးလုပ်ငန်းအချို့ ပူးပေါင်းခဲ့တယ်မဘား၊ ပုံမှန်အတိုင်း လုပ်ကိုင်နေသရွေ့ အနည်းဆုံးတော့ နှစ်ကုန်အထိတော့ တောင့်ခံမှုတွေရှိသင့်တယ်လိုထင်တယ်၊

ဒါရိုက်တာ စစ်ရာရန်က ထူးဆန်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ထပ်ချလိုက်တာလား”

ဝမ်ရှင်းကျယ်က အထည်ချုပ်စက်ရုံ၏ဂိုဒေါင်ထဲမှ စစ်ဘက်သုံးအစိမ်းရောင် ချည်ထည်များကို သတိရသည့်အခါ ချက်ချင်းပင် ခေါင်းကြီးသွားသကဲ့သိာ့ ခံစားလိုက်ရသည်။

“သူက စစ်ဘက်သုံးအစိမ်းရောင် ချည်ထည်အများကြီး ဝယ်ပြီး စစ်ဘက်သုံးအစိမ်းရောင် ယူနီဖောင်းတွေ လုပ်ဖို့ စီစဉ်နေတာလေ၊ သူက အစိမ်းရောင်ယူနီဖောင်းတွေနဲ့ ဆောင်းဦးရာသီ အဝတ်အထည်ဈေးကွက်ကို သိမ်းပိုက်ဖို့ စီစဉ်နေတာ”

ဤအကြောင်းပြောသည့်အခါ ဝမ်ရှင်းကျယ် အဘယ်မှ မတတ်နိုင်ဘဲ ပြုံးလိုက်မိသည်။

“ဒါပေမဲ့ အခုတော့ လူတွေက အဲဒါကို အပေါ်ရံအဝတ်တွေအဖြစ် မဝယ်ကြတော့ဘူး”

ထိုသူက နမူနာလုပ်ပြီးချိန်တွင် ပြဿနာရှိလာသည်မျိုး မဟုတ်ဘဲ မည်သည့်ဆိုင်ကမှ ဝယ်ယူရန် ဆန္ဒမရှိခြင်းသာဖြစ်ပေသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်ကကဲ့သို့ အထူးကာလမဟုတ်ခဲ့လျှင်၊ သို့မဟုတ် သတ်မှတ်ထားသည့် ပုံစံမျိုးကိုသာ ဝတ်ဆင်ခွင့် မရှိခဲ့လျှင်၊ စစ်ရာရန်နှင့် ဤလူအုပ်စုနှင့် ဆိုလျှင် အထည်ချုပ်စက်ရုံလုပ်ငန်းသည်ကား ပိတ်ပစ်ခဲ့သင့်သည်မှာကြာလှပြီဟု သူ တွေးမိသည်။

ကျန်းကျန်း ခေါင်းညိတ်၍ သဘောတူလိုက်သည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်က လမ်းပေါ်၌ ရှင်းလင်းစွာ မြင်ရသည့် အစိမ်းရောင် စစ်ယူနီဖောင်းများနှင့် မီးခိုးရောင် ကုတ်အင်္ကျီများသည်ကား ကလေးများမှ အဘိုးအဖွားများအထိ ဝတ်ဆင်ခဲ့ရသည့် အဝတ်အစားများဖြစ်၍ မရောင်းရဖို့အတွက် စိတ်ပူစရာမလိုအပ်ပါချေ။

မည်သို့ပင်ဖြစ်စေ ဝတ်ယူ၍ရရှိနိုင်သော အထည်များဟူသည်မှာလည်း အနည်းငယ်ခန့်သာ ရှိသည်။

အရောင်များကလည်း အနည်းငယ်မျှ လင်းလင်းလက်လက်လောက်ဖြစ်နေမည်ဆိုပါလျှင် ဝေဖန်ခံရရန် လွယ်ကူသည်။

ဖက်ရှင်အဝတ်အစားအသစ်များဆိုသည်မှာ ဝေးကွာလွန်းလှပြီး ကျန်းကျန်းအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေစဉ်အချိန်က ဂျင်းဘောင်းဘီဝတ်လျှင် တက္ကသိုလ်ဝင်ခွင့်မရရှိဟူသည့် တက္ကသိုလ်စည်းမျဉ်းပင် ရှိခဲ့သေးသည်။

သို့သော်လည်း ပြောရလျှင် ထိုနှစ်များအတွင်း၌ ဖိနှိပ်မှုများ အလွန်ကြာရှည်ခဲ့ကာ တင်းကြပ်လွန်းခဲ့သည့်အတွက်သာ ယခုကဲ့သို့ အထည်ချုပ်လုပ်ငန်းကလည်း ယခင်ကကဲ့သို့ လုပ်ရသည်မှာ မလွယ်ကူတော့ခြင်းဖြစ်ပေသည်။

ခဏတာခန့် ဖက်ရှင်ခေတ်ရေစီးကြောင်းကို စဉ်းစားပြီးနောက် ကျန်းကျန်း၏ ခေါင်းထဲ၌ အကြံတစ်ခု ပေါ်လာသည်။

“အထည်ချုပ်စက်ရုံကို ဝယ်လိုက်တဲ့အခြိန်ကျရင် စစ်ဘက်သုံးအစိမ်းရောင် ချည်ထည်တွေကို မဖြုန်းတီးပါနဲ့၊ စစ်အင်္ကျီတွေ လုပ်လိုက်ပါ”

“စစ်ယူနီဖောင်းအင်္ကျီလား”

ဝမ်ရှင်းကျယ် အနည်းငယ်ခန့် ထူးဆန်းသကဲ့သို့ ဖြစ်သွားရသည်။ သူ၏ အမြင်၌ စစ်ယူနီဖောင်းအင်္ကျီသည် အစိမ်းရောင်ယူနီဖောင်းကဲ့သို့ပင် ဖြစ်ကာ ထူးခြားဆန်းပြားမှု အနည်းငယ်မျှပင် မရှိချေ။

ကျန်းကျန်းက ပြုံး၍ ပြောလိုက်လေ၏။

“ဒီဘက်ခေတ်မှာ တော်ဝင်မြို့တော်ထဲက သီချင်းဆို ၊ ကခုန်တဲ့ ခန်းမတွေက တစ်ခုတည်းကနေ သုံးခုအထိ တိုးလာပြီ၊ ဖက်ရှင်ရေစီးကြောင်းက အမျိုးသား၊ အမျိုးသမီးတွေ အများကြီးကိုလည်း ဆွဲဆောင်နိုင်တယ်၊

ခေတ်ရေစီးကြောင်းအရဆိုရင် နောက်ပိုင်းမှာ သီချင်းဆိုကခုန်တဲ့ ခန်းမတွေထဲမှာ ပိုပြီး ဖက်ရှင်ကျတဲ့ လူငယ်တွေ အများကြီး ပိုပြီး ရောက်လာလောက်ပြီးတော့ လူတွေအများကြီးကလည်း နှစ်သက်လာကြလိမ့်မယ်

မိန်းကလေးတွေအားလုံးက အဲဒီဘက်ကို သွားချင်နေခဲ့ကြတာမဟုတ်ဘူးလား၊

အခုခေတ် လူငယ်တွေက အပြင်ကိုသွားရင် လမ်းမလျှောက်ကြတော့ဘူး၊ ဘတ်စ်ကားလည်း မစီးချင်ကြဘူး၊ ပိုပြီး ပြေလည်တဲ့ မိသားစုတွေဆိုရင် စက်ဘီးစီးကြတယ်၊

နွေ၊ နွေဦးနဲ့ ဆောင်းဦးမှာဆို အဆင်ပြေပေမယ့် ဆောင်းရာသီမှာဆိုရင် အတွင်းကနေ ပေါ့ပါးလှပတဲ့ အဝတ်အစားတွေ ဝတ်ထားပေမဲ့ ဒီအတိုင်း သွားလာဖို့အတွက် မဖြစ်နိုင်ဘူး၊

အပြင်ဘက်ကနေ အအေးဒဏ်ကာကွယ်ဖို့ အဝတ်အစားမပါဘဲ ကခုန်ဖို့သွားလာတာက အေးစက်လွန်းတဲ့အတွက် အဆင်ပြေနိုင်မှာ မဟုတ်ဘူး”

ဝမ်ရှင်းကျယ်က ကျန်းကျန်း၏ အတွေးနောက်သို့ လိုက်၍ စစ်အင်္ကျီ၏ အသုံးဝင်ပုံကို တွေ့ရှိသွားခဲ့သော်လည်း သူကမူ အလွန်ရုပ်ဆိုးသည်ဟုပင် ထင်နေဆဲဖြစ်သည်။

ကျန်းကျန်းက ရယ်မော၍ ဆက်ပြောလိုက်သည်။

“အခုခေတ် လူတွေက အရင်ထက် ပိုပြီး ချမ်းသာလာကြတယ်၊ ဒါပေမဲ့ စီးပွားရေး အခြေအနေတွေကတော့ ကန့်သတ်ချက်တွေ ရှိနေတုန်းပဲမလား၊ ဈေးကြီးတဲ့ မင်ခ် သားမွှေးတွေက သူတို့အတွက် ဝယ်ဆင်နိုဖို့ လုံးဝ မဖြစ်နိုင်ဘူး၊

ဖက်ရှင်ဒီဇိုင်းကျတပြီး နည်းနည်းလောက် စျေးသက်သာတဲ့ ဆောင်းရာသီ အဝတ်အစားတွေကလည်း အရမ်းတိုပြီး နွေးထွေးမှု အာနိသင် သိပ်မရှိဘူး၊

စစ်အင်္ကျီက ရုပ်ဆိုးတယ်လို့ပဲ မတွေးလိုက်နဲ့၊ ဒါက အရမ်းလည်းဈေးမကြီးဘူး၊ လဝက်စာလောက် လစာနဲ့ဆိုရင် တစ်ထည် ဝယ်လို့ရတယ်၊

အခုခေတ် အဝတ်အစားတွေကို ပြန်စဉ်းစားကြည့်ရင် စစ်အင်္ကျီထက် ပိုနွေးပြီး ပိုထူတာမျိုး၊ ပိုပြီး လေဒဏ်ခံနိုင်တာမျိုးတွေ မရှိဘူး၊

လူငယ်တွေက လှချင်ကြပေမယ့် အအေးဒဏ်ကိုလည်း ကြောက်ကြတယ်”

ဤခေတ်ကာလအတွင်း သာမန်ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို စဉ်းစားမိသော် ဝမ်ရှင်းကျယ်က ကျန်းကျန်း၏ ထက်မြက်သည့် လေ့လာတွေ့ရှိချက်ကို လက်ခံလိုက်ရသည်။

ကျန်းကျန်းက ဝယ်ယူသူအုပ်စုကို သတ်မှတ်ပြီးသည်နှင့် ချက်ချင်းပင် ရောင်းအားမြှင့်တင်ရေး နည်းဗျူဟာကို စဉ်းစားမိလိုက်လေသည်။

“ဆောင်းရာသီကိုရောက်တဲ့အချိန်ကျရင် စက်ရုံကနေပြီး လူနည်းနညားလောက်က မိန်းကလေးတွေနဲ့ ယောက်ျားလေးအချို့ကို ရှာပြီး စစ်အင်္ကျီတွေ ဝတ်ပြီး ကခုန်တဲ့ ခန်းမတွေကို သွားခိုင်းရမယ်၊

ဒီဖက်ရှင်ဒီဇိုင်းက လေ့လာထားပြီးသားပဲ၊ ပတ်ဝန်းကျင်မှာ ဒီအဝတ်အစားတွေကို ဝတ်တဲ့လူများလာတာနဲ့အမျှ ခေတ်ရေစီးကြောင်းရဲ့နောက်ကို လူတွေက လိုက်လာကြမှာ သေချာတယ်၊

ဒါ့အပြင် စစ်အင်္ကျီတွေက ရိုးရှင်းတဲ့ ရိုးရာဟောင်း တစ်ခုပဲ၊ ဒီခေတ်ရဲ့ရေစီးကြောင်းကို ထပ်တွန်းအားပေးလိုက်တာနဲ့ သက်လတ်ပိုင်းတွေ၊ သက်ကြီးပိုင်းတွေနဲ့ ခေါင်းဆောင်အရာရှိတွေပါ ဝတ်လာကြလိမ့်မယ်လို့ ငါထင်တယ်၊

ဘာဖြစ်လို့လဲဆိုတော့ အနွေးဓာတ်ပေးတဲ့နေရာမှာ စစ်ကုတ်အင်္ကျီကို ဘယ်အရာမှ မမှီနိုင်သေးလို့ပဲ”

ကျန်းကျန်းက ပြုံး၍ ပြောလိုက်လေ၏

“ဒီစစ်စိမ်းရောင် ချည်ထည်တွေက ကိုယ့်လက်ထဲမှာ ကျန်နေမှာကို မကြောက်သင့်ဘူး၊

TVဒရာမာတွေရဲ့ ခေတ်ရေစီးကြောင်းအတိုင်း လိုက်လုပ်ရင်လည်း ခဏလေးအတွင်းမှာပဲ ကောင်းကောင်းမွန်မွန် နေနိုင်လိမ့်မယ်၊

ဒါပေမဲ့ အထည်ချုပ်စက်ရုံကို ပိုပြီး ကြီးထွားခိုင်မာစေချင်တယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ကို ဖန်တီးရမယ်၊ ဒီလိုလုပ်ဖို့ဆိုရင် ပထမဆုံး ကျွမ်းကျင်ပညာရှင် ဒီဇိုင်နာတွေ ရှိရမယ်

ဝမ်ရှင်းကျယ်.. ကျွန်မတို့ရဲ့ အဝတ်အထည်တွေကို တန်တာပရိဘောဂစက်ရုံလို နိုင်ငံကျော် အမှတ်တံဆိပ် ဖြစ်အောင် လုပ်ချင်တယ်ဆိုရင် တစ်ညတည်းနဲ့ ပြီးမြောက်သွားနိုင်မှာ မဟုတ်ဘူးနော်”

ဝမ်ရှင်းကျယ်၏ မျက်နှာပေါ်က စီးပွားရေးဆန်သည့်အပြုံးက ပျောက်သွားခဲ့ပြီး မျက်နှာက ပို၍ လေးနက်တည်ကြည်လာသည်။

“စိတ်ချပါ ဥက္ကဋ္ဌ၊ ကျွန်တော် အထည်ချုပ်စက်ရုံရဲ့ ရေရှည်နဲ့ ရေတို စီမံကိန်းတွေကို အနီးကပ် စောင့်ကြည့်သွားမယ်၊ ကျွန်တော့်ရဲ့လက်ထဲမှာ အထည်ချုပ်စက်ရုံကို အောင်မြင်မှုဆီ ဦးဆောင်သွားမှာ သေချာတယ်”

ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။

“ကောင်းပြီ၊ ဒါဆိုရင် ဒီအထည်ချုပ်စက်ရုံကို ရှင့်ရဲ့လက်ထဲမှာပဲ ထားခဲ့မယ်၊ အထည်ချုပ်စက်ရုံနဲ့ ပရိဘောဂစက်ရုံက ဖြန့်ဝေတဲ့ အချိုးအစားက အတူတူပဲ၊

ကျွန်မ ရှင့်ကို ရှယ်ယာ ၂၀% ပေးမယ်၊ နှစ်စဉ် အသားတင် ဝင်ငွေရဲ့ ၄၀% ကို အမြတ်ဝေစုအဖြစ် ပေးမယ်”

ဝမ်ရှင်းကျယ်၏ စိတ်လှုပ်ရှားမှုကြောင့်နှုတ်ခမ်းများ တုန်ရီနေခဲ့ပြီး စကားပင် မပြောနိုင်ဖြစ်နေခဲ့ရသည်။

ဖုန်းချပြီးနောက် လီမင်ကျန်းက စွမ်းရန်သယ်ကို ထပ်မံခေါ်၍ ငွေကြေးပမာဏတစ်ခု ပေးအပ်မည့်ကိစ္စကို ရှင်းပြလိုက်ကာ အလုပ်ပြီးစီးသွားမှသာ စိတ်သက်သာရာ ရသွားခဲ့ရသည်။

သူမက ကိုယ်လက်ကိုဆန့်တန်းရင်း မီးအောက်၌ စာဖတ်နေသည့် ရှီကျွင့်ကျဲ၏ ဘေးတိုက်ပုံရိပ်ကို ကြည့်လိုက်မိသည်။ ထို့နောက် ကျန်းကျန်းက အနားသို့ လျှောက်သွားလိုက်ကာ ရှီကျွင့်ကျဲ၏ လည်ပင်းကို အနောက်ဘက်မှ သိုင်းဖက်ပြီး တစ်ဖက်လူ၏ ပါးကို နမ်းလိုက်သည်။

ရှီကျွင့်ကျဲက အနောက်သို့ ပြန်လှည့်လာခဲ့ကာ ကျန်းကျန်းကို သူ့၏ရင်ခွင်ထဲ ထည့်လိုက်ပြီး ပေါင်ပေါ်၌ ထိုင်စေလျှက် ပွေ့ဖက်ထားလိုက်သည်။

“ပြီးသွားပြီလား”

“အင်း”

ကျန်းကျန်းက ရှီကျွင့်ကျဲ၏ ရင်ခွင်ထဲမှီ၍ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိသည်။

“စက်ရုံမှာ စွမ်းရန်သယ်နဲ့ ဝမ်ရှင်းကျယ်ဆိုတဲ့ လူနှစ်ယောက်ရှိတော့ သိပ်ပူစရာ မလိုတော့ဘူး၊ ဒါပေမဲ့ ကျွန်မ သုံးနိုင်တဲ့ လူက အရမ်းနည်းနေသေးတယ်၊ အများစုက အထက်က ခိုင်းမှ လုပ်တဲ့သူတွေပဲ၊ ကိုယ့ပိုင်ဦးနှောက်ကို သုံးချင်တဲ့သူက နည်းပါးလွန်းတယ်”

*

All Chapters