← Chapters

အခန်း (၃၂၃)

Vol. 33 Ch. 323

အခန်း (၃၂၃)

Vol. 33 Ch. 323

ရှီကျွင့်ကျဲက ကျန်းကျန်းကို ပွေ့ဖက်ထားပြီး ကျန်းကျန်းအား အကြံဉာဏ်ပေးသည်။

“အခုခေတ်ကာလ တရုတ်နိုင်ငံအတွင်းမှာ စီးပွားရေးစီမံခန့်ခွဲမှုလို အရည်အချင်းတွေကို အထူးပြု သင်ကြားပေးတဲ့ ကျောင်းကမရှိသေးဘူးလေ၊

မင်းအနေနဲ့ ထက်မြက်ပြီး စွန့်စားရဲတဲ့ လူငယ်တချို့ကိုပဲ လေ့ကျင့်ပေးတာမျိုး လုပ်နိုင်လိမ့်အယ်၊ သစ္စာရှိပြီး စီမံခန့်ခွဲမှု အရည်အချင်းရှိတဲ့သူ တချို့ကို ရှာတွေ့နိုင်မလားဆိုတာ ကြည့်ရမယ်၊

ဒါမှမဟုတ် ဝမ်ရှင်းကျယ်လိုမျိုး နိုင်ငံခြားကနေ ထိပ်တန်း အရည်အချင်းရှိသူတွေကို တိုက်ရိုက် ခေါ်ယူရမယ်၊ ဒါပေမဲ့...”

ရှီကျွင့်ကျဲက သက်ပြင်းချ၍ ဆက်ပြောခဲ့သည်။

“ဝမ်ရှင်းကျယ်လိုမျိုး စီးပွားရေး စီမံခန့်ခွဲမှုကို အထူးပြုသင်ကြားပြီးတဲ့နောက်မှာ တိုင်းပြည်ကို ပြန်လာပြီး လုပ်ငန်းလုပ်ချင်တဲ့ လူငယ်တွေက တွေ့ရဖို့အတွက် အရမ်းခက်တယ်”

“ဟုတ်တယ်”

ကျန်းကျန်းက သူမ၏လက်နှစ်ဖက်ကို ပိုက်၍ သက်ပြင်းချလိုက်သည်။

“ဝမ်ရှင်းကျယ်တစ်ယောက်ကို တွေ့ရတာ ကံကောင်းတာပဲ၊ နောက်တစ်ယောက်ကို တွေ့ဖို့ဆိုတာ အရမ်းခက်လိမ့်မယ်၊ ဒါကြောင့် တခြားနည်းလမ်းတွေနဲ့ စီမံခန့်ခွဲမှု အရည်အချင်းရှိသူတွေကို ရှာဖွေရမယ်”

ရှီကျွင့်ကျဲက ကျန်းကျန်း၏ ဆံပင်ကို ပွတ်သပ်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“မင်းဆီမှာ ငွေရှာဖို့အတွက် တခြား အကြံဉာဏ်တွေ ရှိနေသေးလား”

ကျန်းကျန်းက ခေါင်းညိတ်လိုက်ပြီး ရှီကျွင့်ကျဲကို လျှို့ဝှက်ဆန်းကြယ်စွာ ကြည့်လိုက်သည်။

“ရှင့်ကို မေးမယ်၊ ငွေရှာဖို့အတွက်အကောင်းဆုံးက ဘယ်လိုလူမျိုးတွေဆီကလို့ထင်လဲ”

ရှီကျွင့်ကျဲက ခဏတာမျှ ကြောင်သွားအသွားခဲ့ကာ အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ တွန့်ဆုတ်စွာ ပြန်ဖြေခဲ့သည်။

“သူဌေးတွေလား၊ သူတို့က ငွေအများကြီး သုံးကြတော့ နှိုင်းယှဉ်ကြည့်ရင် သူတို့ဆီကငွေရှာဖို့ ပိုလွယ်လိမ့်မယ်”

ကျန်းကျန်းက ပြုံး၍ လက်ညှိုးကို ဆန့်ထုတ်ကာ ရှီကျွင့်ကျဲ၏ မျက်နှာကို ပွတ်သပ်လိုက်သည်။

“မှားတယ်၊ ငွေရှာဖို့အတွက် အကောင်းဆုံးက အမျိုးသမီးတစ်ဦးရဲ့ အိတ်ထဲကပဲ၊ အထူးသဖြင့် အလှအပကို မြတ်နိုးတဲ့ အမျိုးသမီးမျိုးပေါ့”

ဤအဖြေက ရှီကျွင့်ကျဲ၏ စိတ်ကို များစွာ ပွင့်လင်းစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည်ကား ဖက်ရှင်မြို့တော်၌ နှစ်ပေါင်းများစွာ နေခဲ့ရ၍ ပြင်သစ်မှအမျိုးသမီးများ၏ အလှအပကို လိုက်စားမှု၌ ခိုင်မာသည့် စိတ်ဓာတ်ကို နက်ရှိုင်းစွာ ခံစားမိခဲ့ပေသည်။ သူက မျက်ခုံးကိုပင့်လိုက်မိကာ စိတ်ထဲ၌ အကြံတစ်ခု ပေါ်လာခဲ့သည်။

“မင်းဆီမှာ အထည်ချုပ်စက်ရုံ ရှိပြီးသားဆိုတော့ အခု ဘာဆက်ပြီးလုပ်မလို့လဲ၊ ကိုယ်ပိုင် အလှကုန်ပစ္စည်း အမှတ်တံဆိပ် ထုတ်ဖို့ ဓာတုဗေဒ စက်ရုံကို ဝယ်မလို့လား၊ ဒါမှမဟုတ် ပိုပြီး တိုက်ရိုက်ကျတဲ့ အလှပြင်ဆိုင် ဖွင့်မလို့လား”

ကျန်းကျန်းက ချက်ချင်း ထထိုင်၍ ရှီကျွင့်ကျဲအား လက်မကြီးတစ်ခုပေးသကဲ့သို့ “မှန်တယ်” ဟု ပြောလိုက်သည်။

“ရှင်က မှန်အောင် ခန့်မှန်းမိခဲ့တာပဲ၊ ကျွန်မ အလှပြင်ဆိုင် ဖွင့်ချင်တယ်၊ ဒါပေမဲ့ ဒီကိစ္စက ပရိဘောဂစက်ရုံနဲ့ အထည်ချုပ်စက်ရုံ ဖွင့်တာထက် ပိုအရေးကြီးတယ်၊ ပိုခက်ခဲလိမ့်မယ်”

ကျန်းကျန်းက ရှီကျွင့်ကျဲ၏ ရင်ခွင်ထဲ ညင်သာစွာ ခေါင်းမှီလိုက်ရင်း သက်ပြင်းချလိုက်သည်။

“ပရိဘောဂစက်ရုံတွေနဲ့ အထည်ချုပ်စက်ရုံတွေလိုမျိုးက တည်ထောင်ပြီးသား စက်ရုံတွေကနေ တိုက်ရိုက် ဝယ်ယူလို့ရနိုင်တယ်။းလေ၊

ကျွန်မတို့က ထူးချွန်တဲ့ စီမံခန့်ခွဲမှု အရည်အချင်းရှိသူတွေနဲ့ စျေးကွက်ကို ဦးဆောင်မယ့် ရောင်းအားမြှင့်တင်ရေး နည်းဗျူဟာကို ဒီဇိုင်းဆွဲပြီး တိုးတက်အောင် လုပ်ပေးဖို့ပဲ လိုတယ်။

ဒါပေမဲ့ အလှအပရေးရာအတွက်ကတော့ မတူဘူး၊ ဒါက တရုတ်နိုင်ငံအတွင်းမှာ အသစ်အဆန်း နယ်ပယ်တစ်ခု ဖြစ်နေတုန်းပဲ၊ အတွေ့အကြုံရှိတဲ့ လုပ်သားတွေ မရှိရုံတင်မကဘူး၊ ကျွမ်းကျင်တဲ့သူတွေတောင် မရှိသေးဘူး။

ဒါကြောင့် ကျွမ်မ အလှပြင်ဆိုင် ဖွင့်ချင်တယ်ဆိုရင် ပထမဆုံး စိတ်ချရပြီး အရမ်းလည်းထက်မြက်တဲ့ မိန်းကလေးတချို့ကို ရှာရမယ်။

သူတို့ကို ဟောင်ကောင်ဒေသကို ဒါမှမဟုတ် နိုင်ငံခြားကို သင်တန်းပို့ပြီး လေ့ကျင့်ပေးရမယ်၊ ပြီးတော့ အလှပြင်ဆိုင်ကို ဂရုစိုက်နိုင်မယ့် စီမံခန့်ခွဲမှု အရည်အချင်းရှိသူ တစ်ယောက်၊ ဖြစ်နိုင်ရင် အမျိုးသမီးတစ်ဦး ရှိရမယ်

ဒါမှ အလှပြင်ဆိုင် ဖွင့်နိုင်မယ့် အခြေခံ အခြေအနေတွေ ပြည့်စုံမယ်”

ကျန်းကျန်းက ရှီကျွင့်ကျဲ၏ ရင်ခွင်ထဲမှ ထွက်လာ၍ စာရွက်တစ်ရွက်ကို ထုတ်ယူကာ စာရေးလိုက်၊ ပုံဆွဲလိုက် လုပ်ခဲ့သည်။

“ကိုယ်ပိုင် အလှကုန်ပစ္စည်း အမှတ်တံဆိပ်ကို တည်ဆောက်မယ်ဆိုရင် နောင်အနာဂတ်မှာ အလှကုန်လုပ်ငန်းထဲကို ဝင်ဖို့ မရှိမဖြစ် လိုအပ်တယ်”

ကျန်းကျန်း၏ ဘောပင်ကို ကိုင်ထားသည့်လက်က ရပ်တန့်သွား၍ ဒေါသထွက်စွာဖြင့် သူ့ဆံပင်ကို ဆွဲလိုက်သည်။

“လူ! ကျွန်မမှာ လူ လိုနေတယ်လို့”

ရှီကျွင့်ကျဲက ပြုံးလိုက်သည်။

“အလှကုန်စက်ရုံက အလျင်စလိုလုပ်စရာ မလိုသေးဘူး၊ ဒါပေမဲ့ အလှပြင်ဆိုင်အတွက်တော့ ကိုယ် အကြံပြုနိုင်တဲ့သူ တစ်ယောက်ရှိတယ်”

“ဘယ်သူလဲ”

ကျန်းကျန်းက ရှီကျွင့်ကျဲထံသို့ စိတ်လှုပ်ရှားနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ရှီကျွင့်ကျဲက ပြုံး၍ ကျန်းကျန်း၏ လက်ကို ကိုင်ပြီး စကားလုံးနှစ်လုံး ပြောလိုက်လေသည်။

“ ကိုယ့်အမေ”

လင်းရှို့လန်သည်ကား ရှီချန်ပေါ်နှင့်အတူ ပြင်သစ်သို့ လိုက်ပါသွားခဲ့သည်။

သံအမတ်ကြီး၏ ဇနီးအနေဖြင့် လင်းရှို့လန်သည်က ပြင်သစ်လူ့အဖွဲ့အစည်း၏ အဆင့်မြင့်လှုပ်ရှားမှုများစွာ၌ ပါဝင်ခဲ့သည်။

ဤကဲ့သို့ လှုပ်ရှားမှုများ၌ ပါဝင်ခြင်းသည်က ဆံပင်ကိုလျှော့ပြီး အဝတ်အစားလဲရုံသာမကပါချေ။

မိမိ၏ အရေးပါမှုကို ပြသရန်ဆိုလျှင် အလှပြင်ဆိုင်သို့ သွားပြီး အလှပြင်ဆင်မှုအစုံကို လုပ်ရလိမ့်မည်။

ပို၍ ခမ်းနားမှုကိုပြသမည်ဆိုလျှင်မူ ပို၍ အဆင့်မြင့်သည့် အလှပြင်ဆိုင်များသို့သွားရလိမ့်မည်။

အလှပြင်ဆိုင်များကလည်း ဧည့်သည်များ၏ လိုအပ်ချက်များအရ မတူညီသည့် ဝတ်စုံများ၊ ဖိနပ်များနှင့် အိတ်များကို တွဲဖက်ပေးပြီး ရွေးချယ်ထားသည့် အဝတ်အစားများအရ လှပသည့် ဆံပင်ပုံစံကို ဖန်တီးပေးသည်။

ဤဝန်ဆောင်မှု အစုံအလင်မှာ အလွန်ပင် ပြည့်စုံပေသည်။

လင်းရှို့လန်က ပြင်သစ်၌ ဆယ်နှစ်ကျော်ကြာအောင် နေထိုင်ခဲ့သည်။ သူမက ပါတီပွဲများ တက်ရောက်ရုံသာမက နေ့စဉ် ထိန်းသိမ်းမှုနှင့် ဆံပင်ပုံစံများအတွက်ပါ အလှပြင်ဆိုင်သို့ သွားရန် ရွေးချယ်ခဲ့သည်။

ဤအခြေခံကြောင့် လင်းရှို့လန်အနေဖြင့် ယခု အသက်လေးဆယ်ကျော်သော်လည်း အသက်သုံးဆယ်ကျော် အရွယ်ကဲ့သို့ပင် ကြည့်ကောင်းနေခဲ့ကာ မျက်နှာ၌လည်း နက်ရှိုင်းသည့် အရေးအကြောင်းများ မရှိသေးပါချေ။

ကျန်းကျန်းက သူမ၏ယောက္ခမ နာမည်ကို ကြားသည်နှင့် ချက်ချင်း ခေါင်းညိတ်လိုက်သော်လည်း နောက်ခဏတွင် တွန့်ဆုတ်သွားရသည်။

“ဒီအလှပြင်ဆိုင်က လွယ်တဲ့အလုပ် မဟုတ်ဘူး၊ တရုတ်ပြည်မှာ ပုံသွင်းပြီးသား အတွေ့အကြုံလည်း မရှိဘူး၊ ကျွန်မတို့အားလုံးက ကျောက်တုံးတွေကို စမ်းသပ်ရင်း မြစ်ကို ဖြတ်ကူးရသလိုမျိုးပဲ။

အစောပိုင်း အဆင့်မှာလည်း လုပ်အား ပေးရတုန်းပဲဖြစ်လိမ့်မယ်၊ လူတွေကို နိုင်ငံခြားမှာ သွားလေ့လာဖို့ ခေါ်သွားမယ်ဆိုရင် အမေ ပင်ပန်းသွားရင်ဘယ်လိုလုပ်မလဲ”

ရှီကျွင့်ကျဲက ကျန်းကျန်း၏ ဆံပင်ကို ပွတ်သပ်ပြီး ပြောလိုက်သည်။

“အမေ ဆန္ဒရှိမရှိ ကြည့်ဖို့ ပြန်မေးကြည့်ရအောင်၊ တရုတ်ပြည်ကို ပြန်လာကတည်းက သူမက အလုပ်မရှိပဲ ရပ်ဆိုင်းနေခဲ့ရတာလေ၊

ဥယျာဉ်စိုက်ပျိုးတာကလွဲလို့ တခြား ဝါသနာလည်း မရှိဘူး၊ လုပ်စရာ တစ်ခုခုရှိရင် သူမ ပျော်လိမ့်မယ်လို့ပိုယ်ထင်တယ်”

ကျန်းကျန်းက ခေါင်းညိတ်လိုက်သည်။

“ဒါဆို မနက်ဖြန် အမေ့ကို ပြောပြကြမယ်”

နောက်တစ်နေ့က အလုပ်ရက်ဖြစ်သည့်အတွက် ကျန်းကျန်းက ညစာစားပြီးသည်အထိ ထိုအကြောင်းကို မပြောနိုင်ခဲ့သေးဘဲ မိသားစုများ လက်ဖက်ရည်သောက်ရင်း စကားပြောနေကြချိန်မှ ပြောခဲ့ရသည်။

သို့သော်လည်း အစပိုင်း၌ ကျန်းကျန်းက လင်းရှို့လန်၌ စီးပွားရေး စတင်ရန် စိတ်ကူး ရှိမရှိ သေချာ မသိသည့်အတွက် တုန့်ဆိုင်းနေခဲ့သည်။

ကျန်းကျန်းက စမ်းသပ်သဘောဖြင့် မေးလိုက်လေ၏။

“မေမေ၊ တရုတ်အမျိုးသမီးတွေက လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး သူတို့ရဲ့ စိတ်တွေကို တဖြည်းဖြည်း ပြောင်းလဲလာကြတယ်လို့ ကျွန်မထင်တယ်၊

သူတို့ရဲ့ ရုပ်ရည်သွင်ပြင် အလှအပကို ပိုပြီး ဂရုစိုက်လာကြတယ်၊

ဥပမာ- အဝတ်အစားတွေနဲ့ ဆံပင်ပုံစံတွေကို တီဗီက ခေတ်ရေစီးကြောင်းတွေအတိုင်း အနီးကပ် လိုက်လုပ်ချင်ကြတယ်၊

အမျိုးသမီးတွေရဲ့ စျေးကွက် အလားအလာ အရမ်းကောင်းတယ်လေ၊ ဒါကြောင့်သမီး အလှပြင်ဆိုင် ဖွင့်ချင်တယ်၊ အမေ ဘယ်လိုထင်လဲ”

လင်းရှို့လန်၏ မျက်လုံးများ ချက်ချင်း တောက်ပလာခဲ့ပြီး စိတ်လှုပ်ရှားစွာ ထရပ်ကာ ကျန်းကျန်းကို ဆွဲ၍ ပြောလိုက်သည်။

“မင်းပြောတာက အရေပြားထိန်းသိမ်းမှု လုပ်တဲ့ အလှပြင်ဆိုင်လိုမျိုးလား”

ကျန်းကျန်း ခေါင်းညိတ်သည်ကို မြင်သော် လင်းရှို့လန်က စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။

“အရမ်းကောင်းတဲ့ အကြံပဲ၊ အမျိုးသမီးတွေက ထိန်းသိမ်းမှုကို ဂရုစိုက်ရမယ်၊ အထူးသဖြင့် ပုံမှန် ပြုစုစောင့်ရှောက်မှုက မရှိမဖြစ် လိုအပ်တယ်”

လင်းရှို့လန်က လက်ဖက်ရည်သောက်ရန်ပင် မေ့သွားခဲ့ပြီး မေးစေ့ကို ထောက်ကာ ခဏစဉ်းစားလိုက်သည်။

“ဒါက လုပ်လို့ရတယ်လို့ ငါထင်တယ်။ ပြီးတော့ ကြီးမားတဲ့ အလားအလာတွေလည်း ရှိတယ်။

အခု ငါတို့ သာမန်လူတွေက သိပ်မချမ်းသာဘူးလို့ မတွေးနဲ့၊ အမျိုးသမီးတွေရဲ့ အလှအပအပေါ် စွဲလမ်းမှုကို အထင်မသေးသင့်ဘူး။

မင်း ငါ့ကိုမေးမယ်ဆိုရင် ထမင်းကို စားစရာ မလိုဘူး အလှအပကတော့ မဖြစ်မနေ လုပ်ရမယ်လို့ ပြောမိလိမ့်မယ်”

လင်းရှို့လန်က ပြောလေ၊ ပို၍စိတ်လှုပ်ရှားလေ ဖြစ်လာသည်။

“ကျန်းကျန်း၊ မင်း အလှပြင်ဆိုင်ကို ဘယ်မှာ ဖွင့်မလဲ၊ ပစ္စည်းကိရိယာတွေ ဘယ်က ရမလဲဆိုတာ စဉ်းစားပြီးပြီလား”

လင်းရှို့လန်၏ စိတ်လှုပ်ရှားနေသည့် ပုံကို မြင်သော် ကျန်းကျန်းက ပြုံး၍ ခေါင်းခါလိုက်သည်။

“အခုတော့ ဒီစိတ်ကူးပဲ ရှိသေးတယ်၊ အကောင်အထည် ပေါ်ဖို့ အချိန်ယူရဦးမယ်။ တရုတ်နိုင်ငံရဲ့ လူ့အဖွဲ့အစည်းမှာ အလုပ်လုပ်တာက ကျွန်မရဲ့ အမြင်တွေကို ကျယ်ပြန့်စေပြီး ကွန်ရက် အရင်းအနှီးတွေကို စုဆောင်းနိုင်တယ်

ဒါကြောင့် ခဏလောက် တွေ့ဆုံညှိနှိုင်းကြည့်ရဦးမယ်။ အလုပ်က တန်းပြီးမစနိုင်သေးဘူး၊

နောက်ပြီး ကျွန်မက အလှပြင်ဆိုင်ကိုပဲ အာရုံစိုက်ပြီး လုပ်နိုင်မှာ မဟုတ်သေးဘူးလေ၊ အမေ့ကို အမှန်အတိုင်း ပြောရရင် ကျွန်မမှာ ကိုယ်ပိုင်ဆိုင် အဆင်သင့်ရှိတယ်၊ ရန်ပုံငွေလည်း ရှိတယ်။ အခု လိုအပ်နေတာက လူပဲ၊

ကျွန်မရဲ့ စိတ်ကူးက အလှအပ နားလည်တဲ့သူ တစ်ယောက်ကို ရှာပြီး အလှပြင်ဆိုင်ကို စီမံခန့်ခွဲခိုင်းမယ်၊ ပြီးတော့ ထက်မြက်တဲ့ မိန်းကလေးတွေတချို့ကို နိုင်ငံခြားက အလှပြင်ဆိုင် ပညာရှင်တွေဆီမှာ အချိန်အတိုင်းအတာတစ်ခုအထိ သင်တန်းသွားတက်ခိုင်းမယ်၊

ဒါမှ ဖောက်သည်တွေက ပေးရတဲ့ ငွေနဲ့ ထိုက်တန်တယ်လို့ ခံစားရအောင် လုပ်နိုင်မယ်”

“မင်းရဲ့ အကြံကေညင်းတယ်”

လင်းရှို့လန်က သဘောတူစွာ ခေါင်းညိတ်လိုက်၍ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

“အလှပြင်ဆိုင်ရဲ့ တာဝန်ခံပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီးတော့...”

သူမ ခဏရပ်ပြီး ချက်ချင်း ပြုံးလိုက်သည်။

“ငါ့ကိုဆိုရင်ရော ဘယ်လိုထင်လဲ”

*

All Chapters