← Chapters

အခန်း (၃၂၄)

Vol. 33 Ch. 324

အခန်း (၃၂၄)

Vol. 33 Ch. 324

လင်းရှို့လန်၏ စကားများသည်က ကျန်းကျန်းအတွက် မမျှော်လင့်သည့် ပျော်ရွှင်မှုကိုဖြစ်စေသည်။

သူမက လင်းရှို့လန်ဘေးဘက်မှ မည်သည့်အရာများ တွေးနေသည်ဆိုသည်ကို မြင်ချင်ရုံသက်သက်သာစကားစခဲ့သည်။ သို့သော်လည်း သူမဘက်မှ လင်းရှို့လန်ကို ဖိတ်ခေါ်စရာပင် မလိုဘဲ သူမကိုယ်တိုင် စပြောလာသည်ကို မမျှော်လင့်ခဲ့ချေ။

“မေမေ၊ တကယ် လုပ်ချင်လို့လား”

ကျန်းကျန်း၏ စိတ်လှုပ်ရှားမှုမှာ ဖော်ပြလို့မရအောင်ရှိနေလေ၏။ သူမက လင်းရှို့လန်တစ်ယောက် သူမကို ကြည့်၍ ပပြုံးနှင့် ခေါင်းညိတ်လိုက်သည်ကို တွေ့လိုက်ရသည်။

ကျန်းကျန်းက ချက်ချင်းပင် ပြောလိုက်မိသည်။

“မေမေ အလှပြင်ဆိုင်ကို တာဝန်ယူဖို့ ဆန္ဒရှိရင် အရမ်းကောင်းမှာပဲ၊ အမေက အရမ်းလည်းလှတယ်၊ ပုံပန်းသဏ္ဍာန်ကလည်း ငယ်ရွယ်တယ်လို့ ထင်ရတယ်၊ ဆိုင်ထဲဝင်တာနဲ့ ကျွန်မတို့ အလှပြင်ဆိုင်ရဲ့ သက်ရှိ ကြော်ငြာဆိုင်းဘုတ် ဖြစ်လာလိမ့်မယ်”

“ဒါပေမဲ့...”

ကျန်းကျန်း၏ စကားများ ပြောင်းသွား၍ သူမ၏မျက်နှာက စိုးရိမ်မှုများ ပိုလာခဲ့သည်။

“ဒီအလှပြင်ဆိုင်က လုပ်ကိုင်ရတာ လွယ်မှာ မဟုတ်ဘူး၊ အဲဒီအချိန်ကျရင် အမေက အခုလို အေးအေးဆေးဆေး နေရတော့မှာ မဟုတ်ဘူး”

“ကိုယ့်ကြိုက်တဲ့ အလုပ်အကိုင် ရှိနေရင် ဘယ်သူက အိမ်မှာ အလကား ထိုင်နေချင်မှာလဲ”

လင်းရှို့လန်က လှောင်ပြောင်လိုက်သည်။

“ကျန်းကျန်း၊ မင်းကို ငါပြောပြမယ်၊ အမျိုးသမီးတွေက ကိုယ်ပိုင် အလုပ်အကိုင်နဲ့ ဘဝ ရှိမှသာ အရောင်အသွေးစုံလင်ပြီး ပိုပြီး ငယ်ရွယ်နုပျိုလာနိုင်တာ။

ငါ ပြန်လာတုန်းက ပြည်တွင်း အခြေအနေက အရမ်း တင်းမာနေတာလေ၊ ငါ့ရဲ့ စီးပွားရေးလုပ်ချင်တဲ့ စိတ်အားထက်သန်မှု အားလုံးကို ချက်ချင်းပဲ ငြှိမ်းသတ်ခံလိုက်ရတယ်။ မီးတောက်သေးသေးလေးတောင် မကျန်ခဲ့ဘူး။

လွန်ခဲ့တဲ့ နှစ်နှစ်က ပြည်တွင်း အခြေအနေ တိုးတက်လာပေမယ့် ဘာလုပ်ရမှန်း မသိဘဲ လူက ပိုပြီး ပျင်းရိလာတယ်။ အိမ်မှာ ပန်းပွင့်ဖတ်တွေကို နှစ်ပေါင်းများစွာ ရေတွက်နေရတာ ဦးနှောက်တောင် မလှုပ်ချင်တော့ဘူး”

“အခုတော့ မင်းရဲ့စိတ်က လှုပ်ရှားလာပြီလား”

ရှီချန်ပေါ်က စားပွဲဝိုင်းမှ လူများအတွက် လက်ဖက်ရည် ထပ်ဖြည့်ပေးရင်း လင်းရှို့လန်ကို အနည်းငယ် စနောက်သကဲ့သို့ ကြည့်လိုက်သည်။

“သေချာတာပေါ့”

လင်းရှို့လန်က သူမကြိုက်သည့်အရာများကို တွေးနေခဲ့ရသဖြင့် သူမ၏မျက်လုံးများ၌ အလင်းရောင်များ ပြည့်နေသကဲ့ရှိ ရှိနေခဲ့ကာ ပြောလိုက်သည်။

“ဒီအလှအပလုပ်ငန်းက တရုတ်ပြည်မှာ လုံးဝ အသစ်အဆန်းပဲ။ ကျွန်မတို့လို ဖက်ရှင်မြို့တော်ကနေ ပြန်လာတဲ့သူတွေက ရှေ့ဆောင်လမ်းပြ ဖြစ်ရမှာ”

လင်းရှို့လန်၏ ယုံကြည်မှုရှိသည့် ပုံကို မြင်သော် ကျန်းကျန်းက မပြုံးဘဲ မနေနိုင်တော့။

“မေမေ၊ ဒါဆိုကျွန်မတို့ ဆုံးဖြတ်ပြီးသွားပြီလား”

“ပြီးပြီ”

လင်းရှို့လန်က လက်ခုပ်တီး၍ ဆုံးဖြတ်လိုက်သည်။

“ဒီနှစ်ရက်အတွင်းမှာ မင်းက ပစ္စည်းတွေ ပြင်ဆင်ထားလိုက်၊ ငါက အရင်ဆုံး စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်မယ်။

တခြား ဆိုင်ခန်းတစ်ခုကို အမြန်ဆုံး အတည်ပြုပြီး သန့်ရှင်းရေး လုပ်ခိုင်းမယ်၊

ငါတို့က လူတွေ ခေါ်ယူရမယ်။ လေ့ကျင့်ရေးအတွက် စက်ပစ္စည်းတွေကိုလည်း အသုံးပြုချိန် ရောက်ပြီ”

“အလှပြင်ဆိုင် ဖွင့်တာက နေရာကျယ်ကျယ်လိုတယ်၊ ကျွန်မဆီမှာ နေရာအနှံ့မှာ ဆိုင်ခန်း လေးငါးခန်း ရှိတယ်”

ကျန်းကျန်းက သူမဝယ်ထားသည့် ဆိုင်ခန်းများကို စဉ်းစားနေပြီး မည်သည့်နေရာကို ရွေးရမည်ကို မဆုံးဖြတ်ရသေးမီမှာပင် လင်းရှို့လန်က ဘောပင်နှင့် စာရွက်ကို ထုတ်ယူပြီး ကျန်းကျန်းအား ပေးလိုက်သည်။

“မင်း လိပ်စာရေးပေး၊ ငါ မနက်ဖြန် သွားကြည့်မယ်”

ကျန်းကျန်းက လိပ်စာကို ရေးလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် လင်းရှို့လန်၏ လက်မောင်းကို ပွေ့ဖက်ကာ ပြုံးလိုက်သည်။

“မေမေ၊ ကျွန်မတို့ နောင်ဆို လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီပဲ”

လင်းရှို့လန်သည်လည်း ကျန်းကျန်းလက်ကို ပုတ်၍ အပြုံးနဲ့ပြောလာခဲ့၏။

“ငါတို့က လုပ်ဖော်ကိုင်ဖက်ဖက်တင်မကဘူး၊ မင်းက ငါ့ရဲ့အထက်လူကြီးလည်း ဖြစ်သေးတယ်လေ”

လင်းရှို့လန်သည်ကား ပြောသည့်အတိုင်း လုပ်ဆောင်တတ်သည့် စိတ်နေစိတ်ထားရှိသူ ဖြစ်သည်။

ထို့ကြောင့် နံနက်ပိုင်း၌ ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့နှစ်ယောက် အရှေ့ဘက် အိမ်ခန်း၌ နံနက်စာ သွားစားစဉ် လင်းရှို့လန်သည်က ဗိုက်အပြည့်ဖြည့်ကာ ထွက်သွားခဲ့ပြီဖြစ်လေသည်။

ညနေပိုင်း ကျန်းကျန်း ပြန်လာသညာ့အချိန်တွင် လင်းရှို့လန်သည်က ပြင်သစ်မှ ယူလာသည့် မဂ္ဂဇင်းများစွာကို ပုံစံထုတ်ရန် ဖြတ်တောက်ပြီးပြီ ဖြစ်သည်။

“အမေ၊ ဘာတွေလုပ်နေတာလဲ”

ကျန်းကျန်းက သူ ကုတ်အင်္ကျီကို ချွတ်၍ စားပွဲပေါ်မှ မဂ္ဂဇင်းအထူများကို ကြည့်ရန် ခေါင်းထိုးဝင်လိုက်သည်။

လင်းရှို့လန်က ခေါင်းမော့ကြည့်လာခြင်းမရှိဘဲဘဲ အလှပြင်ဆိုင်မှ ပုံတစ်ပုံကို လှန်၍ ကတ်ကြေးကိုယူပြီး ဖြတ်လိုက်၏။

“ဒီဇိုင်းပုံစံထုတ်ဖို့ စဉ်းစားနေတာလေ၊ ဒါပေမဲ့ ငါက ဒီဇိုင်းပုံဆွဲတာ သိပ်မကျွမ်းဘူး၊ မင်းလည်း ခဏနေရင် ရေးပေးပါဦး”

“အမေ ဆိုင်ရွေးပြီးပြီလား”

ကျန်းကျန်းတစ်ယောက် ရှုပ်ပွနေသည့် ပုံကြမ်းများကို ကောက်ယူ၍ ဧရိယာကိုကြည့်ပြီး ဆိုင်တည်နေရာကို ခန့်မှန်ကြည့်လိုက်၏။

“ဒါက အရှေ့ဘက်ချန်အန်းလမ်းမ ပေါ်မှာရှိနေတဲ့နေရာလား”

“ဟုတ်တယ်”

လင်းရှို့လန်သည်က ပြောရင်း သူမ၏လက်ထဲရှိ ဘောပင်ကလည်း မအားမလပ် ဖြစ်နေခဲ့၏။

“ဒီနေရာက လူအသွားအလာများပြီး ငါတို့တော်ဝင်မြို့တော်ရဲ့ အစည်ကားဆုံးနေရာပဲ၊ ရှင်းရှင်းလင်းလင်းပြောရရင် တခြားနေရာတွေထက်ပိုပြီး ပျော်စရာတွေကို လာကြည့်တဲ့လူ ပိုများတယ်၊

ဒါ့အပြင် ဒီဆိုင်က မြို့တော်ရဲ့ ဟိုတယ်နဲ့လည်း မဝေးတော့ အဆင့်မြင့်ဖောက်သည်တွေကို ဆွဲဆောင်ဖို့ အဆင်ပြေတယ်

ခု ဒီနေရာမှာဆိုရင် အဝတ်ဆိုင်လည်းရှိတယ်၊ လုပ်ငန်းလည်း အောင်မြင်နေပုံရတယ်လို့ ငါထင်တယ်၊ စာချုပ်မကုန်သေးဘူးဆိုရင်တော့ သူတို့ ပြောင်းချင်မှ ပြောင်းမှာ”

ကျန်းကျန်းက ပြုံး၍ ပြန်လည်တုံ့ပြန်လိုက်သည်။

“အဲဒီဆိုင်က ကျွန်မကောလိပ်တက်နေတုန်းက ဘာမှမလုပ်နိုင်သေးတော့ အိတ်ဆောင်ငွေနည်းနည်းလေးရဖို့ဆိုပြီး ဖွင့်ထားတဲ့ဆိုင်ပါ၊ အမေ နေရာရွေးပြီးပြီဆိုရင် ဆိုင်ကို ချက်ချင်းပြန်ပြီး လုပ်ပေးပါ့မယ်”

လင်းရှို့လန်သည်ကား သူ၏ချွေးမဖြစ်သူမှ် စက်ရုံမျှမက အဝတ်ဆိုင်ကိုပါ ဖွင့်ထားသည်ကို မထင်မှတ်ထားသဖြင့် မအံ့ဩဘဲ မနေနိုင်ပေ။

“ကျန်းကျန်း၊ မင်းက တကယ်ကို ထူးခြားတာပဲ၊ အဲဒီအဝတ်ဆိုင်က အဝတ်တွေက ခေတ်မှီပြီး ဆိုင်နေရာကလည်း ကောင်းတယ်၊ မင်းက တကယ့်ကို စီးပွားရေးဥာဏ်ကောင်းတဲ့သူပဲ”

ကျန်းကျန်းလည်း ပြုံး၍ လင်းရှို့လန်၏ လက်မောင်းကို ဆွဲလိုက်၏။

“အမေ၊ ကျွန်မကို ချီးမွမ်းနေတာကို ရပ်ပါတော့၊ အမေ ပိုချီးမွမ်းရင် ကျွန်မ ရှက်ရွံနေရလိမ့်မယ်”

လင်းရှို့လန်လည်း ပြုံးလိုက်ပြီး သူမ၏လည်ပင်းကို ပွတ်သပ်ကာ အချိန်ကိုကြည့်လိုက်လျှင် ညဉ့်အတော်မှောင်နေပြီကို သိလိုက်၏။

သူမ ဘောပင်ကို ချ၍ ထရပ်လိုက်ကာ ကျန်းကျန်း၏ ပခုံးကို ထလိုက်၏။

“သွားရအောင်၊ ညစာစားရအောင်၊ ညစာစားပြီးမှ ဆိုင်ရဲ့ဒီဇိုင်းအကြောင်း ဆွေးနွေးကြမယ်။”

အလှပြင်ဆိုင်သည်က လင်းရှို့လန်၏ စိတ်ထဲ၌ အဓိကအရေးကြီးဆုံး ဖြစ်လာခဲ့၏။ ထမင်းစားစဉ်ပင် သူမက မကြာခဏ စိတ်ပျံ့လွင့်နေပြီး တစ်ခါတစ်ရံ ခေါင်းခါရင်း ပြောနေတတ်သည်။

“မဟုတ်ဘူး၊ ဒီလို ဒီဇိုင်းထုတ်လို့မဖြစ်ဘူး”

ကြည့်ရင်းကြည့်ရင်း သူမက အလွန်စိတ်လှုပ်ရှားနေခဲ့သည်ကို မျင်တွေ့နေရသည့်အတွက် လူအနည်းငယ်ကခဏတာ လန့်သွားကြသည်။

ထမင်းစားပြီးသည့်နောက်တွင် ကျန်းကျန်းက ပါးစပ်သုတ်တုန်းပင် ရှိသေးသည် လင်းရှို့လန်က သူမကိုဆွဲ၍ ပြေးထွက်ခဲ့လေ၏။

ရှီချန်ပေါ်နှင့် ရှီကျွင့်ကျဲတို့ နှစ်ဦးသည်ကား ပျောက်ကွယ်သွားသည့် အမျိုးသမီးနှစ်ဦး၏ ကျောပြင်ကို ကြောင်အမ်းစွာ ကြည့်နေပြီး တစ်ဦးပြဓးတစ်ဦး သက်ပြင်းချလိုက်ကြသည်။

“ကျန်းကျန်းကို ကျွန်တော့်အမေနဲ့ အလုပ်တွဲလုပ်ခိုင်းတာ ကောင်းတဲ့အကြံ မဟုတ်ဘူးလို့ ကျွန်တော် စပြီး ထင်လာပြီ”

ရှီကျွင့်ကျဲတစ်ယောက် ဒုက္ခရောက်နေသည့်နှယ် သက်ပြင်းချလိုက်၏။

“ဘာလို့ ကျွန်တော့်အမေက ရုတ်တရက် အလုပ်ကြိုးစားတဲ့သူ ဖြစ်သွားတာလဲ”

ရှီချန်ပေါ်သည်လည်း သူ၏ချွေးမ သိမ်းပိုက်ထားသည့် စာကြည့်ခန်းကို သတိရသွားခဲ့ရပြီး အရှေ့ခန်း၌ပင် လက်ဖက်ရည်ဖျော်လိုက်၏။

“မင်းအမေ လုပ်စရာတစ်ခုခုရှိတာ ကောင်းပါတယ်၊ သူ ဒီအတိုင်းနေလေ၊ စိတ်ဓာတ်ကျလေ ဖြစ်မှာကို ငါ အမြဲစိုးရိမ်ခဲ့တာ။

မင်းအမေလို အလှကြိုက်တဲ့သူက ဒီအတိုင်း နေဖို့ သည်းမခံနိုင်ဘူး. သူ ကြိုက်တဲ့အရာကို တွေ့တဲ့အချိန် အလုပ်ကြိုးစားတဲ့သူ ဖြစ်သွားတာပဲ၊

သူ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ သူ ကြိုက်တဲ့အရာဆိုရင် ပျော်နေမှာပဲလေ”

ရှီကျွင့်ကျဲတစ်ယောက် မျက်မှောင်ကြုတ်၍ သက်ပြင်းချလိုက်၏။

“အမေက စိတ်အားထက်သန်နေတာကို ကျွန်တော်မြင်တယ်၊ ဒါပေမဲ့ ကျွန်တော့်စိတ်ဓာတ်ကတော့ ကုန်တော့မယ်။”

အမှန်ပင်၊ ထိုညက ရှီကျွင့်ကျတစ်ယောက် အခန်းထဲ၌ ဆယ်နာရီအထိ စောင့်နေပြီးသည်အထိ ကျန်းကျန်း ပြန်မလာသေးသည်ကို တွေ့လိုက်ရသည်။

ကျန်းကျန်းက အရှေ့ဘက်ရှိ အဓိကခြံဝင်း၌ ရှိနေပြီး သူမ ဖြတ်လျှောက်လာသည့် လေသာစင်အောက်၌ လျှပ်စစ်မီးများ ထွန်းထားသော်လည်း ရှီကျွင့်ကျဲက စိတ်ပူနေဆဲဖြစ်၍ အင်္ကျီအထူတစ်ထည်ကို ယူပြီး သူ၏ဇနီးသည်ကို သွားခေါ်ခဲ့လေ၏။

သူ အဓိကခြံဝင်းထဲသို့ လျှောက်သွားသည့်အချိန်တွင် ဖန်သားပြင်မှ တောက်ပသည့်မီးရောင်များ ထွက်ပေါ်နေသည်ကို တွေ့ရ၏။

ရှီကျွင့်ကျဲ ဝင်ခါနီး အချိန်တွင်းဘေးဘက်အဆောင်၌လည်း မီးများ လင်းနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ လှည့်၍ အရှေ့ဘက်ဘေးဆောင်သို့ သွားကြည့်ခဲ့လေ၏။

ရှီကျွင့်ကျဲ တံခါးဖွင့်လိုက်သော် ရှီချန်ပေါ်တစ်ယောက် အနွေးထည်ဝတ်၍ ခန်ပေါ်၌ စာအုပ်ဖတ်နေသည်ကို တွေ့လိုက်ရသည်။

ရုတ်တရက်မကောင်းသည့် စိတ်အာရုံသည်က သူ၏စိတ်ထဲသို့ ဝင်လာခဲ့လေ၏။

“အဖေ၊ အဖေ ဘာလို့ ဒီမှာ ရောကာနေတာလဲ မအိပ်သေးဘူးလား”

ရှီချန်ပေါ်သည် ရှီကျွင့်ကျဲကို ဒေါသတကြီး ကြည့်လိုက်၏။

“မင်းအမေနဲ့ မင်းမိန်းမက အရမ်းစိတ်လှုပ်ရှားနေတယ်၊ သူတို့ ခဏလောက်အတွက် အိပ်တော့မယ်မထင်ဘူး၊ မင်းမိန်းမက စာကြည့်ခန်းထဲမှာ၊

ငါလည်း အိပ်ခန်းထဲမှာ နေရတာ အားနာတာနဲ့ အနွေးထည်ဝတ်ပြီး အရှေ့ဘေးဆောင်ကို ရောက်လာတာပဲ၊ ကံကောင်းလို့ မနက်ဖြန် တနင်္ဂနွေနေ့ဆိုတော့ အားလုံး နောက်ကျမှ နိုးလို့ရတယ်

မဟုတ်ဘဲ အလုပ်သွားရရင် မင်းမိန်းမ အလုပာ နောက်ကျလိမ့်မယ်”

သူ့သား၏ ပုံပန်းသဏ္ဌာန်ကို မြင်သော် ရှီချန်ပေါ်သည် သူ့ကို သနားဂရုဏာသက်စွာ ကြည့်လိုက်၏။

“စိတ်မပူပါနဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်က နှစ်အနည်းငယ်ကြာမှ ကလေးယူမယ်လို့ ပြောထားတာပဲ၊ ဒါကြောင့် တစ်ယောက်တည်း အိပ်ရတာ အရေးမကြီးပါဘူး”

“ဘယ်သူက အရေးမကြီးဘူးပြောလဲ”

ရှီကျွင့်ကျဲသည် စိတ်ဆိုးမာန်ဆိုးဖြင့် ပြော၏။

“ကျွန်တော့်ရဲ့ဇနီးကို လက်ထပ်တာ တစ်လတောင် မပြည့်သေးဘူး၊ ဘာလို့ ကျွန်တော်က တစ်ယောက်တည်း လွတ်နေတဲ့ အခန်းထဲမှာ နေရတာလဲ ၊ မဟုတ်သေးဘူး၊ ကျွန်တော် အမေနဲ့ သွားပြောမယ်။”

ရှီကျွင့်ကျဲတစ်ယောက် အနောက်ကို လှည့်၍ ထွက်သွားခဲ့လေ၏။ ရှီချန်ပေါ်သည်လည်း ပြတင်းပေါက်နား၌ မျှော်လင့်တကြီး ထိုင်နေပြီး ရှီကျွင့်ကျဲမှ ကျန်းကျန်းကို ဆွဲခေါ်သွားလျှင် သူလည်း အခန်းသို့ပြန်၍ အိပ်နိုင်မည်ဟု တွေးနေခဲ့၏။

သို့သော် သူ ဘယ်ညာ စောင့်နေရင်းဖြင့် သမ်းဝေ၍ မျက်ခွံများ မဖွင့်နိုင်တော့သည်အထိ ဖြစ်သွားသည်အထိ တစ်ဖက်လူက ပေါ်မလာခဲ့တော့ပေ။

အဆုံးတွင် သူ ဒေါသတကြီး ရေရွတ်လိုက်မိ၏။

“အသုံးမကျတဲ့ကောင်”

ထို့နောက် မကျေမနပ်ဖြင့် အိပ်ရာဝင်သွားခဲ့ရသည်။

*

All Chapters