အခန်း (၃၂၅)
Vol. 33 Ch. 325
နာရီသည်က ဆယ့်တစ်နာရီ ထိုးနေခဲ့ပြီ။ ရှီကျွင့်ကျဲတစ်ယောက် သူ၏အမေက မတိုင်ခင်က အစီအစဉ်အားလုံးကို ပြောင်းပြန်လှန်၍ သုံးထပ်တိုက် အဆောက်အအုံအသစ် ဆောက်ပြီး ခေတ်မီ၍ ခမ်းနားသည့် အလှပြင်ဆိုင်တစ်ခု ဖန်တီးချင်နေသည်ကို ကြည့်ရှု နားထောင်နေခဲ့၏။
နောက်တုံးတွင် ရှီကျွင့်ကျဲ ကျန်းကျန်းကို ခါးမှပွေ့ချီလိုက်ပြီး သူ၏ကိုယ်ပေါ်တွင် သယ်ဆောင်လိုက်၏။
ကျန်းကျန်း၏ကိုယ်ပေါ်ရှိ အဝတ်အစားများသည်က သိပ်ပြီး မထူလှသဖြင့် ရှီကျွင့်ကျဲက လင်းရှို့လန် နေ့လယ်က အိပ်သည့် စောင်သေးငယ်တစ်ခုကိုပါ ဆွဲယူ၍ ကျန်းကျန်း၏ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်လေသည်။
လင်းရှို့လန်တစ်ယောက် သူမ၏သားဖြစ်သူမှ သူမ၏ချွေးမကို ဓားပြကဲ့သို့ လုယူသွားသည်ကို ကြောင်တောင်တောင် ကြည့်နေခဲ့မိရသည်။ သို့ရာတွင် ရှီကျွင့်ကျဲက နောက်ဆုံး ထပ်ပြောလာခဲ့ပြန်သည်။
“မနက်ဖြန် မနက် ကျွန်တော်တို့ကို လာမနိုးနဲ့”
သူက တစ်ခွန်းသာ ပြောခဲ့လေသည်။
လင်းရှို့လန်တစ်ယောက် မေးစေ့ကို ပွတ်သပ်ရင်း သူမ၏သားကို စေတနာကောင်းဖြင့် အော်ပြောလိုက်၏။
“သိပြီ၊ မနက်ဖြန် မနက် မင်းအတွက် ကျောက်ကပ်အားဆေးဟင်းချို ပြင်ဆင်ထားပေးမယ်”
ရှီကျွင့်ကျဲ၏ ခြေလှမ်းများက ခဏရပ်တန့်သွားခဲ့ကာ အဓိကခြံဝင်းမှ အလျင်အမြန် ထွက်သွားခဲ့လေ၏။
အမှန်တကယ်တမ်းတွင် ကျန်းကျန်းအတွက် ညဉ့်နက်သည်အထိ အိပ်ရေးပျက်ခြင်းသည်က ပြဿနာမရှိပေ။
ထို့ကြောင့် ရှီကျွင့်ကျဲက ကျန်းကျန်းကို အိမ်သို့ပြန်ခေါ်လာပြီးနောက်တွင် သူတို့နှစ်ဦးသည်ကား ရေချိုးခန်းမှ အိပ်ခန်းသို့ ပြောင်းကာ အားကုန်သုံးပြီး အကြိမ်များစွာ လုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။
သူတို့ နောက်တစ်နေ့ နံနက် ဆယ်နာရီအထိ အိပ်ပျော်သွားခဲ့ကြသည်။
ကျန်းကျန်း၏ နှိုးစက် မြည်လာသည့်အချိန်တွင် ၎င်းတို့နှစ်ဦးက မျက်တောင်များကို တဖြတ်ဖြတ်ခတ်ကာဖြင့် နိုးလာကြသည်။
ကျန်းကျန်းက ခြေချောင်းများကို ကွေး၍ ရှီကျွင့်ကျဲကို ပျင်းရိစွာ တွန်းလိုက်၏။
“အချစ်၊ ကျွန်မ ရေသောက်ချင် တယ်”
ရှီကျွင့်ကျဲတစ်ယောက် ယမန်နေ့ညက ကျန်းကျန်းနှင့် နှစ်ဦးတည်း ကြည်နူးခဲ့သည်များကို သတိရသွားသည်။
သူ၏မျက်လုံးများက နက်ရှိုင်းစွာဖြင့် ကျန်းကျန်း၏ ဖြူဖွေးသည့် ပခုံးပေါ်၌ လှည့်ပတ်သွားနေခဲ့ပြီး သူမကိုတစ်ချက် ကိုက်ခဲ့လိုက်၏။ ထို့နောက် အနည်းငယ် ဆိုးသွမ်းပုံရသည့် အသံက ကျန်းကျန်း၏နားအနီးတွင် ထွက်ပေါ်လာခဲ့၏။
“ဒါပေမဲ့ ကိုယ် မင်းကို ထပ်ဖက်ချင်နေသေးတယ်လေ၊ ဘယ်လိုလုပ်ရမလဲ”
ပခုံးပေါ်မှ ထုံကျင်မှုနှင့် နားအနီးကို ပို၍နီးလာသည့် အသက်ရှူသံကို ခံစားမိသည့်အတွက် ကျန်းကျန်း၏ ပါးပြင်များက အနည်းငယ်နီရဲလာခဲ့၏။
သူက တစ်ဖက်ကို လှည့်ကာ ရှီကျွင့်ကျဲ၏ မြှူဆွယ်ဖြားယောင်းမှုမှ ရှောင်ရှားလိုက်၏။ ထို့နောက် ဖြူဖွေးနူးညံ့သည့် ခြေထောက်များကို မြှောက်၍ ရှီကျွင့်ကျဲကို ခုတင်ပေါ်မှ ကန်ထုတ်လိုက်လေ၏။
“မနက်ခင်းမှာ စိတ်ကြည်ကြည်လင်လင်ထားစမ်းပါ”
ရှီကျွင့်ကျဲက ခပ်တိုးတိုး ရယ်မောလိုက်လေ၏။ သူက ကျန်းကျန်း၏ ဆံပင်ကို မြတ်နိုးစွာ ပွတ်သပ်လိုက်ပြီး သူ၏လေသံ၌ အနည်းငယ် စနောက်သံများက ပါဝင်နေခဲ့၏။
“ကောင်းပြီ၊ ကိုယ့် ဇနီးလေးရဲ့ စကားကို နားထောင်မယ်၊ မကောင်းတဲ့အရာတွေကို ညဘက်ကျမှ လုပ်ကြတာပေါ့။”
ကျန်းကျန်း၏ မျက်နှာက နီရဲလာခဲ့ကာ သူမ၏ ဒေါသတကြီး အကြည့်အောက်၌ ရှီကျွင့်ကျဲက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လက်ဖက်ရည်စားပွဲသို့ သွားကာ ရေနွေးတစ်ခွက် ငှဲ့ပြီး ကျန်းကျန်းကို ပေးလိုက်၏။
ထို့နောက် သူ အနောက်ဘက်သို့ လှည့်၍ ဗီရိုထဲမှ သန့်ရှင်းသည့်အတွင်းဝတ်များကို ထုတ်ယူ ဝတ်လိုက်၏။ ထို့နောက် ခုတင်အောက်မှ အဝတ်အစားများကို အဝတ်လျှော်စက်ထဲသို့ ပစ်ထည့်လိုက်သည်။
ရေချိုးပြီး သန့်ရှင်းရေးလုပ်ပြီးနောက် ကျန်းကျန်းက အိမ်ထဲမှ လိုက်ကာများကို ဖွင့်လိုက်ပြီး ပြတင်းပေါက်များကို ဖွင့်လိုက်လေသည်။
နွေးထွေးသည့် နေရောင်ခြည်နှင့် လေကောင်းလေသန့်များက တစ်ညလုံး ပိတ်လှောင်မိနေသည့် လေဟောင်းများကို ဖယ်ရှားပစ်လိုက်၏။
ကျန်းကျန်း တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ခြံထဲသို့ အလျင်အမြန် ခုန်ဆင်းသွားပြီး အနောက်ကို လှည့်၍ ရှီကျွင့်ကျဲကို ပျော်ရွှင်စွာ လက်ပြလိုက်၏။
“ဘယ်သူ အရင် ထမင်းစားခန်းကို ပြေးနိုင်မလဲဆိုတာ ကြည့်ကြရအောင်”
“ဘယ်သူရှုံးလဲ၊ ရှုံးတဲ့သူ ညကျရင် အောက်ဘက်မှာပဲ”
ရှီကျွင့်ကျဲက အော်ပြောလိုက်ပြီး ကျန်းကျန်း၏ အနောက်ဘက်သို့ အလျင်အမြန် လိုက်ပြေးသွားခဲ့လေ၏။ ကျန်းကျန်း ပြုံးရယ်လိုက်မိပြီး ရှီကျွင့်ကျဲကို နှစ်ချက်ခန့် ရိုက်လိုက်၏။
“ရှင်ကတော့ သေတော့မယ်၊ ဘာလို့ အသံအကျယ်ကြီးအော်နေတာလဲ၊ ရှက်စရာကောင်းလိုက်တာ”
ရှီကျွင့်ကျဲက သူမဆီမှာ ရှောင်ရှားရင်း ပြုံးလိုက်၏။
“မင်းလှည့်ဖြားနေတာလား၊ ကိုယ်အရင်ပြေးမှာကို စိုးရိမ်နေတာမလား”
ကျန်းကျန်းက ရယ်မော၍ ရှီကျွင့်ကျဲ၏ နောက်ကျောပေါ်သို့ ခုန်တက်လိုက်၏။
“လီမျိုးရိုးက ဘယ်လိုနိုင်လဲဆိုတာ ကျွန်မပြမယ်”
သူမကခြေထောက်များကို ဆန့်၍ ရှီကျွင့်ကျဲ၏ တင်ပါးကို စနောက်လိုစွာ ကန်လိုက်၏။ ထို့နောက် ကျန်းကျန်းက ကျယ်လောင်စွာ ရယ်မောလိုက်ကာ အော်ဟစ်လိုက်၏။
“ပြေးတော့”
လူငယ်စုံတွဲက ရယ်မော၍ ထမင်းစားခန်းတံခါးဝအထိ ပြေးသွားပြီးမှ ရပ်တန့်လိုက်သည်။
ရှီကျွင့်ကျဲက ကျန်းကျန်းကို သူ၏ နောက်ကျောပေါ်မှ ချလိုက်ပြီး ထမင်းစားခန်းတံခါးကို တွန်းဖွင့်လိုက်၏။
ရှီမိသားစုသည်ကား နံနက်စာကို မည်သည့်အခါမျှ အတူမစားကြပေ။ သူတို့မုသားစုတွင် စောစောထသူများ ရှိသကဲ့သို့ နောက်ကျမှ အိပ်ယာမှထသူများလည်း ရှိသည်။
ယေဘုယျအားဖြင့် မည်သူကမျှ တစ်ဦးကို တစ်ဦး မစောင့်ကြပေ။
ထမင်းချက်ခြင်းကို တာဝန်ယူထားသည့် အိမ်အကူ အန်တီယန်က ၎င်းတို့နှစ်ဦး ရောက်လာသည်ကို မြင်သော် ပုစွန်၊ ကဏန်းဥနှင့် အသားများအစုံဖြင့် ထုပ်ထားသည့် ဖက်ထုပ်များကို အိုးထဲသို့ အလျင်အမြန် ထည့်လိုက်၏။
ဖက်ထုပ်များ ရသည့်အချိန်တွင် လတ်ဆတ်၍ နူးညံ့သည့် ကဏန်းဥအစာသွပ်ဘန်းမုန့်များသည်လည်း ပေါင်းပြီးသွားခဲ့ပေပြီ။
ကျန်းကျန်းက ဘန်းမုန့်၏ ပါးလွှာသည့် အခွံကို ကိုက်ဖြတ်၍ လျှာပူလောင်စေမည့် ဟင်းရည်များကို ဖြည်းဖြည်းချင်း စုပ်ယူလိုက်၏။
ပြီးနောက် ကိုက်ထားသည့် အခွံထဲသို့ ရှာလကာရည်အနည်းငယ် ထည့်လိုက်ပြီး အတွင်းမှ အနှစ်များကို တစ်ကိုက်စားလိုက်၏။ အသားဟင်းရည်သည်ကား ကဏန်းသားနှင့် ပေါင်းစပ်ထားခဲ့ပြီး လတ်ဆတ်နေခဲ့ကာ အဆီလည်းမများဘဲ၊ ကဏန်းနံ့ သင်းနေသည်။
ကျန်းကျန်းကအကိုက်အနည်းငယ်လောက်နဲ့ ကဏန်းဥအနှစ်ဘန်းမုန့်တစ်လုံးကို ဝမ်းဗိုက်ထဲသို့ ထည့်လိုက်၏။
ကျန်းကျန်က ဒုတိယတစ်လုံးကို ချက်ချင်းမယူဘဲ ဇွန်းဖြင့် ဖက်ထုပ်ဟင်းရည်ကို တစ်ခါသောက်လိုက်ပြန်၏။
ဤဖက်ထုပ်ဟင်းရည်ကို အိမ်အကူအန်တီယန်က ကျေးလက်မှ ရရှိသော ကြက်မအိုများဖြင့် ချက်ထားခြင်း ဖြစ်ပေသည်။ အရသာက လတ်ဆတ်၍ ဟင်းရည်ကကြည်လင်နေခဲ့သည်။
သူမက နောက်ထပ် ဖက်ထုပ်တစ်လုံးကို ကောက်ယူစားလိုက်၏။ ၎င်းသည်က ကဏန်းဥ၊ ပုစွန်နှင့် ဝက်သားများဖြင့် အစာသွပ် ထည့်ထားခြင်း ဖြစ်သည်။
ဆားအနည်းငယ် ထည့်လိုက်သည်နှင့် ဖက်ထုပ်များက လုံလောက်စွာ အရသာရှိနေခဲ့ပေပြီ။
ကျန်းကျန်းက ဖက်ထုပ်နှစ်လုံးစားပြီးနောက် ပန်းကန်လုံးထဲ၌ ထည့်ထားသည့် ကြည်လင်တောက်ပသည့် ကဏန်းဥအနှစ်ဘန်းမုန့်ကို ဂရုတစိုက် ယူလိုက်ကာ ဘန်းမုန့်အတွင်းမှ ဟင်းရည်ကို ထပ်မံ စုပ်ယူလိုက်၏။
ကျန်းကျန်းတစ်ယောက် အရသာရှိလွန်းသောကြောင့် စိတ်ကျေနပ်ကာ မျက်ရည်ကျလုနီးပါး ဖြစ်သွားခဲ့ရ၏။
“ကျွန်မက နေ့တိုင်းစားလို့ရတဲ့ ဒီလိုဟင်းရည်မျိုးကို ကြိုက်တယ်( ကဏန်းရာသီရောက်ရင် ဘယ်လောက်ပဲစားစား မဝဘူး”
အိမ်အကူ အန်တီယန်က အိုးထဲမှ ယခုလေးတင် ထုတ်လာခဲ့သည့် ကဏန်းဥအနှစ်ဘန်းမုန့်တစ်ခြင်း ထပ်မံယူလာပေးပြီး ပြုံး၍ ပြောလိုက်၏။
“စားနိုင်တာက ကံကောင်းတာပဲ၊ မင်းတို့အရွယ် လူငယ်တွေ ပိုစားသင့်တယ်၊ ခုနကတောင် မင်ပေ ရောက်လာပြီး ဘန်းမုန့် သုံးလုံး အပြည့်စားသွားတယ်”
ကျန်းကျန်းက ထိုစကားများကို ကြားသည်နှင့် ရယ်မောလိုက်သည်။
“ဘာလို့ ကျွန်မအစ်ကိုက ဒီလောက်စောစော လာစားရတာလဲ၊ သူက မနက်နေမြင့်တဲ့အထိ အိပ်ပျော်နေတတ်တဲ့သူမဟုတ်ဘူးလား”
အိမ်အကူ အန်တီယန်သည်က ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်၏။
“အစ်မရှို့လန်က သူ့ကို ဘဘာအတွက်လဲမသိဘူး ၊ အဆောက်အအုံဆွဲခိုင်းထားတာထင်တယ်၊ သုံးထပ်မြင့်မယ်လို့ ပြောတယ်”
ရှီကျွင့်ကျဲက စားပွဲပေါ်ရှိ ပင်လယ်ရေမှော်အအေးသုပ်ကို ကြိုက်နှစ်သက်သည်ကို မြင်သည့်အတွက် အန်တီယန်က ပန်းကန်တစ်ခု ထပ်ထည့်ပေးပြီး ဆက်ပြော၏။
“အစ်မရှို့လန်က စီးပွားရေးလုပ်ချင်တယ်လို့ ကြားတယ်၊ သူ့ကို ပုံဆွဲခိုင်းနေတယ်လေ”
ကျန်းကျန်းသည် ခေါင်းလှည့်၍ ရှီကျွင့်ကျဲကို ပြုံး၍ ပြောလိုက်၏။
“ကျွန်မတို့အမေရဲ့ လုပ်ဆောင်နိုင်စွမ်းက တကယ်ကို ခွန်အားကြီးတယ်၊ ညတုန်းကပဲ ရုတ်တရက် အကြံရတာကို မနက်စောစော စတုတ္ထအစ်ကိုကို ခေါ်လိုက်ပြီ”
ဘန်းမုန့်သုံးလုံးဆက်တိုက်စားပြီး ဖက်ထုပ်တစ်ပန်းကန်လုံးကြီးကို ဝမ်းဗိုက်ထဲတွင် ထည့်လိုက်ပြီးနောက် ကျန်းကျန်းတစ်ယောက် ဝမ်းဗိုက်ကို ကျေနပ်စွာ ပွတ်သပ်လိုက်၏။
“စတုတ္ထအစ်ကို ဒီဇိုင်းဆွဲထားတဲ့ အိမ်ကို သွားကြည့်ဖို့ အမေ့အိမ်ကို သွားလိုက်ဦးမယ်၊ ရှင် ထမင်းစားပြီးရင် ကိုယ့်အလုပ်ကို ကိုယ်လုပ်တော့၊ ကျွန်မနောက် လိုက်မလာနဲ့”
ရှီကျွင့်ကျဲက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ ၊ ကိုယ်ထမင်းစားပြီးရင် အဘွားအိမ်ကို သွားပြီး ကူညီစရာရှိသေးလား ကြည့်လိုက်ဦးမယ်၊ ဘာမှရှိရင် ဖုန်းဆက်လိုက်မယ်”
ကျန်းကျန်း အဓိကအိမ်ခန်းသို့ ရောက်သည့်အချိန်တွင် လီမင်ပေက ဒီဇိုင်းပုံဆွဲနေခဲ့ပေပြီ။
NUS ၏ ဗိသုကာပညာသည်ကား တစ်နိုင်ငံလုံး၌ ထင်ရှားသည်။ လီမင်ပေသည်ကား အတန်းထဲ၌ အကောင်းဆုံးများတွင် မပါဝင်သော်လည်း ဗိသုကာဒီဇိုင်းနယ်ပယ်၌မူ စိတ်ဓာတ်ခွန်အား အတော်လေးကောင်းမွမ်ပေသည်။
သူသည်ကား တတိယနှစ်တွင် ဒီဇိုင်းတာဝန်များကို စာသင်ခန်း၌ အကောင်းဆုံးလက်ရာများ အဖြစ် ဆုလက်ခံရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။
ပါမောက္ခများစွာသည်က ဒီဇိုင်းများကိုဝေဖန်ပြီးနောက်တွင် သူ၏ ဒီဇိုင်းစိတ်ကူးများကို ချီးကျူးခဲ့ကြသည်။
ယခု လီမင်ပေသည်ကား တော်ဝင်မြို့တော်၏ ဗိသုကာဒီဇိုင်းဌာနတွင် အလုပ်လုပ်ကိုင်နေခဲ့သည်။
သူကလအနည်းငယ်မျှသာ အလုပ်လုပ်ရသေးသော်လည်း ဒီဇိုင်းဌာနရှိ ဒီဇိုင်နာများနှင့်အတူ အကြီးစားပြည်သူပိုင် အဆောက်အအုံတစ်ခု၏ ဒီဇိုင်းနှင့် ဆောက်လုပ်ရေး၌ ပါဝင်နေနိုင်ခဲ့ပေပြီ။
ဆိုင်ကို စီးပွားရေးသုံးထပ်အဆောက်အအုံအဖြစ် ပြောင်းလဲခြင်းသည်က မခက်ခဲပေ။
ကျန်းကျန်း၏ဆိုင်များက တစ်တန်းတည်း ဆက်နေခဲ့သည်။ ထိုတန်းထဲရှိ အိမ်အားလုံးကို ကျန်းကျန်းက ဝယ်ထားသဖြင့် အိမ်အားလုံးကို အပေါ်ဆုံးထိ မြှင့်လိုက်နိုင်သည်။
အမိုးသည်လည်း တခြားအိမ်များ၏ အသုံးပြုမှုကို မထိခိုက်စေပေ။
လင်းရှို့လန်သည်က ယမန်နေ့ညကတည်းက အလှပြင်ဆိုင်၏ ဒီဇိုင်းကို စိတ်ထဲ၌ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
သူမက နံနက် သုံးနာရီ၊ လေးနာရီခန့်အထိပင် အိပ်စက်ခြင်းမရှိဘဲ တွေးတောနေခဲ့သည်။ ထို့နောက် နံနက်ခြောက်နာရီ၌ လီမင်ပေကို စိတ်အားထက်သန်စွာ ခေါ်ခဲ့ပြီး သူမအတွက် ဒီဇိုင်းပုံ ဆွဲခိုင်းခဲ့သည်။
လီမင်ပေ၌ သူ၏ကိုယ်ပိုင် ဒီဇိုင်းစိတ်ကူးများ ရှိပြီး လင်းရှို့လန်သည်လည်း အလှပြင်ခြင်းကို ဆယ်နှစ်ကျော် အကျွမ်းတဝင်ရှိနေခဲ့ခြင်းဖြစ်၍ အလှပြင်ဆိုင်၏ အပြင်အဆင်အတွက် ရှင်းလင်းပြတ်သားသည့် စိတ်ကူးရှိနေပြီ။
ထိုအချိန်၌ ၎င်းတို့နှစ်ဦးသည်က အလှပြင်ဆိုင်၏ အထွေထွေဒီဇိုင်းစိတ်ကူးကို ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ။
*