အခန်း (၃၂၆)
Vol. 33 Ch. 326
ကျန်းကျန်းတစ်ယောက် လင်းရှို့လန်၏ မျက်လုံးအောက်ရှိ အနက်ရောင် အရေးအကြောင်းများကို မြင့်ကြောင့် အနည်းငယ်ရှက်မိသည်။
“အမေ၊ အမေ့ကို ကြည့်ပါဦး၊ ဒီအလှပြင်ဆိုင်ကိုတောင် မဖွင့်သေးဘူး၊ ဒီလိုဖြစ်နေပြီ၊ ညက အရမ်းနောက်ကျမှ အိပ်တာလား ၊ အဖေက ကျွန်မကို အပြစ်တင်နေမှာပဲ၊ ဒီလိုဖြစ်နေလို့ မကောင်းဘူးလေ”
လင်းရှို့လန်က သူမ၏စကားကြောင့် ပြုံး၍ မျက်လုံးများကို ပွတ်သပ်လိုက်၏။
“တကယ်တော့ မနေ့တုန်းက မင်း ထွက်သွားတော့ ငါ ခုတင်ပေါ်မှာ လှဲနေတာပဲ၊ ဒါပေမဲ့ လုံးဝ အိပ်လို့မရဘူး”
လင်းရှို့လန်သည်က ကျန်းကျန်း၏လက်ကို ကိုင်ရင်း အနည်းငယ် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။
“အရင်တုန်းက ပြင်သစ်မှာတုန်းက ငါ့မှာ အလှပြင်ဆိုင်တစ်ခု ရှိရင် ကောင်းမယ်လို့ တွေးနေခဲ့တာ၊ ဒီအိပ်မက်က ပြင်သစ်မှာ မပြည့်ဝခဲ့ပေမယ့် အခု ဒီနိုင်ငံထဲမှာ အကောင်အထည်ဖော်ဖို့ အခွင့်အရေးရလာမယ်လို့ မထင်ထားခဲ့ဘူး၊
နင်ပြောစမ်းပါဦး ငါ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မလား”
ကျန်းကျန်းက လင်းရှို့လန်၏ ပခုံးနှစ်ဖက်ကို ကိုင်ကာ နှိပ်နယ်ပေးရင်း ပြောလိုက်သည်။
“ဒါဆိုလည်း ညဉ့်နက်တဲ့အထိ အလုပ်မလုပ်နဲ့လေ၊ တအားကြီး ညဉ့်နက်တဲ့အထိ အလုပ်လုပ်နေလို့ မဖြစ်ဘူး၊ အလုပ်က ဒုတိယနေရာမှာပဲထားရမှာ ကျန်းမာရေးက ပိုအရေးကြီးတယ်၊
နေ့လယ်စာစားပြီးရင် ခဏလောက် အိပ်ရေးဝအောင် အိပ်လိုက်ဦးနော်၊ ဘာကိစ္စပဲရှိရှိ ကျွန်မကိုပဲ လွှဲထားလိုက်တော့”
လီမင်ပေက စက္ကူပေါ်တွင် ပုံကြမ်းဆွဲနေရင်းဖြင့် ညီမဖြစ်သူ၏ ဤစကားကို ကြားရသော် ခေါင်းထောင်၍ ပြုံးကာ ပြောလာခဲ့သည်။
“ ကျန်းကျန်း ပြောသလို လုပ်တာကောင်းလိမ့်ကျွန်တော်လည်း ပုံဆွဲတာ ရက်နည်းနည်းလောက်ကြာဦးမယ်၊ ဒီအိမ်က ကျွန်တော်တို့ ဆောက်ချင်တိုင်း ဆောက်လို့ရတဲ့ အိမ်မျိုးမဟုတ်ဘူးလေ၊
အန်တီက သက်ဆိုင်ရာ ဌာနကို စောစောစီးစီး တင်ပြပြီး ခွင့်ပြုချက်ရမှ ဆောက်လို့ရမှာ”
လင်းရှို့လန်က ခေါင်းညိတ်၍ ပြောလာသည်။
“သိပါတယ်၊ တနင်္လာနေ့ကျရင် ငါ သွားလုပ်မယ်။ ဒါကြောင့် မင်း စိတ်ချလက်ချ ပုံဆွဲလို့ရတယ်၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း ခွင့်ပြုချက်ရပြီဆိုရင် မင်းရဲ့ ဌာနကနေ ဒီဇိုင်းဆွဲခိုင်းပြီး ဆောက်ခိုင်းလိိုက်ယ်၊ ဒါကို မင်းပဲ တာဝန်ယူရလိမ့်မယ်”
လီမင်ပေက ဤစကားကို ကြားလိုက်ရသော် စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်။
အလုပ်အတွေ့အကြုံ မရှိသေးသည့် ဝန်ထမ်းအသစ်တစ်ယောက်အနေဖြင့် ပုံမှန်အားဖြင့် သူ၏အလုပ်မှ ဗိသုကာပညာရှင်နှင့် နှစ်နှစ်၊ သုံးနှစ်ခန့် သင်ယူရပြီးမှ ဤသည်က ပရောဂျက်တစ်ခုကို ပထမဆုံးအကြိမ် ကိုယ်တိုင်ဦးဆောင်ခွင့် ရရှိသည်မျိုး ဖြစ်သည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် သူသည်ကား အများဆုံးလုပာကိုင်နိုင်ခဲ့သည်က ပါဝင်ကူညီရခြင်းသာ ရှိပေသည်။
“ဒါပေမဲ့ ကျွန်တော့်မှာ အလုပ်အတွေ့အကြုံ မရှိသေးဘူး”
ကောင်းကင်မှ ပြုတ်ကျလာသည့် ဘန်းမုန့်တစ်လုံးနှင့် ထိမိသည်နှင့် တူသော်လည်း လီမင်ပေက သူ့ကိုယ်သူနှင့် စစ်မှန်သည့် ဗိသုကာပညာရှင်တစ်ယောက်ကြားက ကွာဟချက်ကို သိရှိနေဆဲပင် ဖြစ်သည်။
“ကျွန်တော်က သင်ယူနေဆဲ အဆင့်ပဲရှိပါသေးတယ်၊ ဆောက်လုပ်ရေးအဖွဲ့နဲ့လည်း ရင်းနှီးတာမဟုတ်ဘူးလေ။ ကျွန်တော် တာဝန်ယူရရင် ဆောက်လုပ်ရေး လုပ်ငန်းခွင်က နှောင့်နှေးသွားနိုင်တယ်”
လင်းရှို့လန်က ပြုံး၍ ပြောလိုက်သည်။
“ဒါကြောင့်ပဲ မင်းကို တာဝန်ယူခိုင်းတာပေါ့၊ တခြားသူတွေရဲ့ ဟိုစပ်စပ်ဒီစပ်စပ် ကိစ္စတွေကနေ သင်ယူရတာက အပေါ်ယံပဲရှိတယ်၊
ဘယ်လောက်ကြာကြာ သင်ယူနေပါစေ၊ ကိုယ်တိုင် လုပ်တာက ပိုပြီး တတ်မြောက်နိုင်လိမ့်မယ်၊
ပရောဂျက်တစ်ခုလုံးကို ကိုယ်တိုင်တာဝန်ယူမှသာ မင်းဘာတွေ မသိသေးဘူး၊ ဘယ်နေရာနဲ့ ပေါင်းစပ်ပြီး ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ သိလာလိမ့်မယ်၊
ဒါမှလည်း အရည်အချင်းပြည့်မီတဲ့ ဗိသုကာပညာရှင်တစ်ယောက် ဖြစ်လာဖို့ ဘာလုပ်ရမယ်ဆိုတာကို မင်း ပိုပြီး ထိုးထွင်းသိမြင်လာလိမ့်မယ်”
ကျန်းကျန်းက ဤသည်မှာ လင်းရှို့လန်က လီမင်ပေကို ပေးလိုက်သည့် ကြီးထွားရန် အခွင့်အရေးတစ်ခု ဖြစ်သည်ကို သိရှိသည်။
အလှပြင်ဆိုင်သည်က အခြားအဆောက်အအုံများနှင့် ယှဉ်လျှင် သေးငယ်သော်လည်း ၎င်း၏ အထူးတည်နေရာနှင့် အလှပြင်ဆိုင်၏ ထူးခြားချက်များသည်ကား ဒီဇိုင်နာအသစ်တစ်ယောက်အတွက်မူ အတော်လေး စိန်ခေါ်မှု ရှိနေဆဲပင် ဖြစ်သည်။
လီမင်ပေသာ ဤပရောဂျက်ကို အောင်မြင်စွာ ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့လျှင် သူ၏ အတူတူဘွဲ့ရခဲ့သည့် အတန်းဖော်များထက် ပိုမိုမြန်ဆန်စွာ အရည်အချင်းပြည့်ဝသည့် ဗိသုကာပညာရှင်တစ်ယောက်ဖြစ်လာလိမ့်မည်။
လင်းရှို့လန်က သူ့ကို ဤမျှအထိ ယုံကြည်အားထားသည်ကို မြင်ရသော် လီမင်ပေက လက်သီးကို ဆုပ်လိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် နှုတ်ခမ်းများ တုန်ရီလာသည်။
“ဒီအခွင့်အရေး ပေးတဲ့အတွက် အန်တီ့ကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ကြိုးစားပါ့မယ်”
ကျန်းကျန်းလည်း ဤသို့ မြင်လိုက်ရချိန်တွင် ပြုံးလိုက်မိသော်လည်း မင်ပေကို ရေအေးအနည်းငယ်ဖြန်းလိုက်ရန် မမေ့ပေ။
“အခု စတုတ္ထအစ်ကို,ကို ဒီပရောဂျက် ပေးလိုက်တယ်ဆိုပေမဲ့ ဘာမဆို ထိန်းမနိုင်သိမ်းမနိုင် အကြောင်းအရာတွေ ရှိလာနိုင်တယ်နော်။ ဒါကြောင့် အစ်ကိုလည်း အပြင်ဘက်တွေမှာ မပြောသင့်တာတွေကို လျှောက်မပြောနဲ့ဦး၊ အများကြီးပြောထားပြီးမှ တစ်ခုခုဖြစ်သွာားပြီး ပရောဂျက် မရတော့ရင် သူများတွေ ရယ်စရာဖြစ်နေဦးမယ်”
“ငါ သိပါတယ်”
လီမင်ပေက နှစ်ချက်ခန့်ရယ်မောလိုက်ပြီး သူ၏ပုံကြမ်းများနှင့် စာများစွာရေးထားသည့် စာရွက်များကို ကောက်ယူကာ ထရပ်လိုက်သည်။
“အန်တီလင်း၊ ကျွန်တော် ပြန်သွားပြီး အရင်ဆွဲလိုက်ပါဦးမယ်၊ အန်တီ့ဆီမှာ ကျွန်တော့်ဖုန်းနံပါတ်က ရှိပြီးသားပဲဆိုတော့ ဘာပဲပြောဖို့လိုလို ခေါ်လိုက်ပါ”
“နေ့လယ်စာ စားချိန်ရောက်ပြီ၊ ဒီမှာပဲ စားပါဦး”
လင်းရှို့လန်က နာရီကို ကြည့်လိုက်ပြီး ပြောလာသည်။
“ငါက မနက်စောစောစီးစီးကတည်းက မင်းကိုခေါ်ပြီး အလုပ်တွေနဲ့ ပင်ပန်းစေခဲ့တာလေ၊ ငါက မင်းကို ညစာအထိ မဟုတ်ရင်တောင် နေ့လယ်စာတော့ ဧည့်ခံသင့်တယ်”
“ကျွန်တော် ဒီမှာ မနက်စာ စားခဲ့ပြီးပြီလေ”
လီမင်ပေက ပြုံး၍ ပြောလိုက်သည်။
“ဂဏန်းဥအစာသွပ်ဘန်းမုန့်လုံးနဲ့ ပုစွန်နဲ့ဂဏန်းသားဖက်ထုပ်တွေက အရမ်းမရသာရှိတယ်၊ ကျွန်တော် တစ်ယောက်တည်းနဲ့ နှစ်ယောက်စာလောက် စားခဲ့တာ”
လင်းရှို့လန်က ပြုံး၍ ပြောလိုက်သည်။
“မနက်စာက နည်းနည်းပဲရှိတာ၊ နေ့လယ်ကျရင် အန်တီ့ယန်ကို မင်းအတွက် အရသာရှိတာတွေ ချက်ခိုင်းလိုက်မယ်၊
မင်ပေက ဘဲကင်နဲ့ အသားကြိုက်တယ်လို့ ပြောဖူးတာကို အန်တီမှတ်မိတယ်၊ နေ့လယ်စာကျရင် အသားဟင်း ပိုချက်ခိုင်းလိုက်မယ်၊ မင်း ဗိုက်ပြည့်အောင် စားသွားဦး”
လီမင်ပေက အနည်းငယ် ရှက်ရွံ့နေ၍ ငြင်းဆန်လိုသည်ကို မြင်ရသော် လင်းရှို့လန်က ဆက်ပြောလိုက်သည်။
“ငါတို့တွေက မိသားစုတွေပဲလေ၊ မင်း ဘာလို့ ဧည့်သည်လုပ်နေတာလဲ။ မင်းရဲ့အဖွားကိုရော၊ မင်းရဲ့မိဘတွေကိုရော ခေါ်လိုက်မယ်၊ ပုံမှန်ဆိုရင် ကျန်းကျန်းတို့ အလုပ်သွားတဲ့အခါ ငါတို့ အတူတူ စားကြတာပဲ”
ဤသို့ မြင်ရသော် မင်ပေသည်လည်း ထပ်မံ ငြင်းဆန်၍ မရတော့။ ထို့ကြောင့် ပုံကြမ်းနှင့်အတူ ပြန်ထိုင်၍ ပြောလိုက်သည်။
“ဒါဆို ကျွန်တော် ဒီမှာပဲ အရင်ဆွဲလိုက်ပါဦးမယ်”
“ကောင်းပြီ၊ အန်တီ့အတွက် ဆွဲပေးပါဦး။ အန်တီ့ရဲ့ အလှပြင်ဆိုင်က မင်းရဲ့ ဒီဇိုင်းပေါ်မှာပဲ မူတည်နေတာ”
လင်းရှို့လန်က ပြုံး၍ ကော်ဖီစားပွဲပေါ်မှ ဆေးကြောထားသည့် သစ်သီးများကို ဘေးဖယ်ထားလိုက်ကာ နေ့လယ်စာအတွက် စီစဥ်ရန် မီးဖိုချောင်သို့ သွားလိုက်သည်။
ပထမဆုံး ဒီဇိုင်းပုံဆွဲခြင်းအတွက် လီမင်ပေက သူ၏စိတ်ကူးအိုင်ဒီယာများအားလုံးကို ထည့်သွင်းရန် မစောင့်နိုင်တော့ချေ။
အဆောက်အအုံပုံစံ လှပသည်သာမက လက်တွေ့ကျသည့် အင်္ဂါရပ်များကိုလည်း ပေါ်လွင်အောင် လုပ်ဆောင်လိုအပ်သည်။
လီမင်ပေက စက္ကူပေါ်တွင် ပုံကြမ်းများကို အာရုံစိုက်၍သာ ဆွဲနေခဲ့ကာ မဒမ်လီတို့ မည်သည့်အချိန်က ရောက်ရှိလာသည်ကိုပင် သတိမထားမိပါချေ။
ကျန်းကျန်းက အသံတိုးတိုးဖြင့် ပြောလိုက်သည် ။
“ကျွန်မရဲ့စတုတ္ထအစ်ကိုက အရင်ကတော့ အပြင်ထွက်ရတာ အကြိုက်ဆုံးပဲ၊ ဒါပေမဲ့ ပညာတတ်လူငယ် အဖြစ်နဲ့ နှစ်အနည်းငယ် ကြာအောင် နေခဲ့ပြီးကတည်းက တည်ငြိမ်သွားခဲ့ပြီး အခုဆိုရင် ပိုပြီးတည်ငြိမ်လာပြီ၊
အရင်ကဆိုရင် ဒီလောက်အထိ အာရုံစိုက်ဖို့ ဘာမှမပြောနဲ့၊ ခုံပေါ်မှာတောင် ခဏလောက် ကြာအောင်ထိုင်လို့မရနိုင်ဘူး”
မဒမ်လီက လက်ဝှေ့ယမ်းလိုက်ပြီး ဝမ်စုဖန်းနှင့် ကျန်းကျန်းတို့ကို အိမ်အပြင်ဘက်သို့ ခေါ်ထုတ်သွားခဲ့သည်။
သူတို့က မင်ပေ၏ အလုပ်ကို ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် မီးဖိုချောင်ထဲသို့ ဝင်ကာ သွားရောက် ကူညီပေးကြသည်။
မိသားစုနှစ်စု ပေါင်းလိုက်သည့်အချိန်တွင် စားပွဲဝိုင်းကြီးစားတစ်ပွဲစာကို အလျင်အမြန် ချက်ပြုတ်ပြီးစီးသွားသည်။ ရှီကျွင့်ကျဲကလည်း အပြင်ဘက်မှ ဘဲကင်တစ်ခြမ်း ဝယ်ယူလာကာ ပန်းကန်ထဲသို့ထည့်၍ စားပွဲပေါ် တင်လိုက်သည်။
လင်းရှို့လန်က ကျန်းကျန်းကိုယ်တိုင်ချက်ထားသည့် ဝိုင်ကို ကိုင်မြှောက်လိုက်ပြီး မျက်နှာပေါ်မှ အပြုံးကလည်း အထူးတောက်ပနေခဲ့သည်။
“ဒီမှာ.. ချီးယားလုပ်ရအောင်! ကျွန်မတို့ရဲ့ အလှပြင်ဆိုင် စောစောစီးစီးဖွင့်လှစ်နိုင်ပါစေ”
မိုးရွာသည့် ဆောင်းဦးနှင့် အအေးဒဏ်ခံပြီးနောက် ရက်အနည်းငယ်ခန့်ကဆိုလျှင် ပါးလွှာသည့် အင်္ကျီနှင့် ထွက်သွား၍ ရသော်လည်း မျက်စိတစ်မှိတ်အတွင်း၌ပင် ဆွယ်တာအင်္ကျီဝတ်သည့်တိုင် အနည်းငယ် အေးစိမ့်သည့် ရာသီဥတုကို ရောက်လာခဲ့သည်။
ဆောင်းဦးမိုးတစ်ကြိမ် ရွာပြီးနောက်တွင် ယခင်က ပြည်သူ့အထည်ချုပ်စက်ရုံကို ယိမေ့အထည်ချုပ်စက်ရုံဟု တရားဝင် အမည်ပြောင်းလဲခဲ့ပြီး ဝမ်ရှင်းကျယ်က စက်ရုံ၏ လုပ်ငန်းများကို တာဝန်ယူခဲ့သည်။
စက်ရုံပြောင်းလဲခြင်း လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ပြီး ကိုယ်တိုင် တံဆိပ်အသစ်ကို ချိတ်ဆွဲပြီးနောက်တွင် ဝမ်ရှင်းကျယ်က စက်ရုံညွှန်ကြားရေးမှူးရုံးခန်းထဲသို့ ဝင်ကာ စတင်အလုပ်ရှုပ်နေခဲ့တော့သည်။
သူက ညအမှောင်ကျသည်အထိ အလုပ်လုပ်ခဲ့ပြီး နံရံပေါ်မှ နာရီကို ကြည့်လိုက်သော် ကျန်းကျန်း အလုပ်မှ ပြန်ရောက်ပြီဟု ခန့်မှန်း၍ သူ၏အိမ်သို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။
ဟိုဘက်မှ ကြားလိုက်ရသည့် ကြည်လင်ပြတ်သားသည့် နှုတ်ခွန်းဆက်သံကို နားထောင်ရင်း ဝမ်ရှင်းကျယ် ခဏတာ တုန်လှုပ်သွားသော်လည်း မကြာခင်၌ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး လုပ်ငန်းသဘောမျိုးနှင့်
“သူဌေး၊ အထည်ချုပ်စက်ရုံရဲ့ လုပ်ထုံးလုပ်နည်းတွေ ပြီးစီးသွားပါပြီ။ တံဆိပ်အသစ်လည်း ချိတ်ဆွဲလိုက်ပါပြီ။ နေ့လယ်ပိုင်းမှာ ဒီနှစ်အတွက် ဝါဂွမ်းအသစ် ဝယ်ဖို့ စီစဉ်ထားပြီးပါပြီ။ ဝါဂွမ်းရောက်တာနဲ့ စစ်ယူနီဖောင်းတွေ ထုတ်လုပ်လို့ရပါပြီ”
မိုက်ခရိုဖုန်းတစ်ဖက်မှ ကျန်းကျန်းက သူစိတ်ဝင်စားသည့် အကြောင်းအရာကို ဦးစွာ မေးမြန်းလိုက်သည်။
“မူလမန်နေဂျာတွေကိုရော ဘယ်လိုစီစဉ်ထားလဲ”