← Chapters

အခန်း (၃၂၇)

Vol. 33 Ch. 327

အခန်း (၃၂၇)

Vol. 33 Ch. 327

ကျန်းကျန်းနှင့် ဝမ်ရှင်းကျယ်တို့သည်က ယခင်က စက်ရုံညွှန်ကြားရေးမှူး စစ်ရာရန်ကို နှုတ်ထွက်ခိုင်းခြင်းနှင့် ဆက်လက်ထားရှိခြင်း ကိစ္စကို အတူတကွ ဆွေးနွေးခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ပရိဘောဂစက်ရုံ၏ မတိုင်ခင် ပရိဘောဂစက်ရုံညွှန်ကြားရေးမှူးသည်က အာဏာသိမ်းရန်အတွက် လုပ်ငန်းခွင်အတွင်းပဋိပက္ခကို လှုံ့ဆော်ရန် စိတ်ကူးရှိခဲ့ဖူးသည့်အတွက် ထိုသို့သော လူမျိုးသည်က မမြင်နိုင်သော ပိုးမွှားတစ်မျိုးနှင့် အလားတူနေခဲ့သည်။

ဝမ်ရှင်းကျယ်သည်က ပရိဘောဂစက်ရုံမှ ဖြစ်ရပ်ကို မကြုံဖူးသော်လည်း စွမ်းရန်သယ်မှ ကြားဖူးသည်။ သို့သော် သူ့အနေဖြင့် စစ်ရာရန်နှင့် အကြိမ်ပေါင်းများစွာ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးပြီး စစ်ရာရန်အပေါ် သူ၏ ထင်မြင်ချက်က ယခုအထိ အလွန်ကောင်းမွန်နေဆဲပင် ဖြစ်သည်။

ထို့ကြောင့် ကျန်းကျန်းမှ ဤမေးခွန်းကို မေးမြန်းလိုက်သည်အခါ သူသည် ချက်ချင်းပင် စစ်ရာရန်အတွက် ကောင်းမွန်သည့် စကားအနည်းငယ် ပြောပေးခဲ့လိုက်သည်။

“စစ်ရာရန်က စီမံခန့်ခွဲမှုစွမ်းရည်ကတော့ သာမန်ပါပဲ၊ စျေးကွက်အပေါ် သိပ်အာရုံစိုက်သူ မဟုတ်ဘူး၊ ဒါပေမဲ့ သူက လက်တွေ့ကျတဲ့လူတစ်ယောက်ပါ၊

အရင်တုန်းက ကျွန်တော်တို့ရဲ့ အော်ဒါတွေက အရမ်းအရေးတကြီး ဖြစ်ခဲ့တယ်၊ အဲဒီတုန်းက ကျွန်တော် စက်ရုံကို အကြိမ်အနည်းငယ် သွားဖူးတယ်လေ၊

သူက အလုပ်ရုံနဲ့ အလုပ်သမားတွေအပေါ်မှာ စိတ်နှစ်ထားပြီး သူတို့နဲ့အတူတူ စားသောက်တာတွေ အလုပ်အတူလုပ်တာကို တွေ့ခဲ့ရတယ်၊

သူတို့မှာ ဇွဲရှိတယ်၊ဘအဝတ်အထည်ရဲ့ အရည်အသွေးအပေါ် တင်းကြပ်တဲ့ သတ်မှတ်ချက်တွေရှိတယ်၊ အလုပ်သမားတွေကလည်း သူ့ကို အရမ်းယုံကြည်တယ်၊

ကျွန်တော့်ရဲ့ စိတ်ကူးအတိုင်းဆိုရင် သူ့ကို ထုတ်လုပ်ရေး တာဝန်ခံရဲ့ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ထားဖို့ပဲ၊ ဒီလိုဆိုရင် သူဌေးက တခြားကိစ္စတွေကို လုပ်ဖို့ စွမ်းအင်ပိုရှိလာလိမ့်မယ်”

ကျန်းကျန်းက ဝမ်ရှင်းကျယ်၏ လူများကို ကြည့်တတ်သည့် စွမ်းရည်နဲ့နည်းလမ်းကို ယုံကြည်နေဆဲပင် ဖြစ်သည်။

“ဒါဆို ရှင်ပြောတဲ့အတိုင်း လုပ်လိုက်ပါ၊ တခြားသင့်တော်တဲ့ မန်နေဂျာတွေကိုလည်း ဆက်ထားလိုက်ပေါ့၊ စိတ်ထားမဖြောင့်တဲ့သူတွေကိုတော့ လျော်ကြေးပိုပေးပြီး ထွက်ခိုင်းလိုက်ပါ၊ ကျွန်မတို့က သူတို့နဲ့ ကလိမ်ကကျစ်လုပ်နေဖို့ အချိန်မရှိဘူး”

ဝမ်ရှင်းကျယ်က ပြုံး၍ ပြောလာသည်။

“ဥက္ကဋ္ဌ စိတ်မပူပါနဲ့။ ဒီရက်ပိုင်းအတွင်း အထည်ချုပ်စက်ရုံ ပြန်လည်ဖွဲ့စည်းပြီးနောက် ပထမဆုံး အထွေထွေဝန်ထမ်း အစည်းအဝေး ကျင်းပဖို့ စဉ်းစားနေပါတယ်၊

သူဌေး စင်ပေါ်တက်ပြီး စကားအနည်းငယ်လောက် ပြောချင်လား၊ ဘာပဲဖြစ်ဖြစ် ဒီစက်ရုံက သူဌေးရဲ့ ပိုင်ဆိုင်မှုပဲလေ”

ကျန်းကျန်းက လူအများရှေ့တွင် စကားပြောရသည်ကို သိပ်စိတ်မဝင်စားပါချေ။

“အခု စက်ရုံရဲ့ အကြီးအကဲက ရှင်ပဲ၊ ဝန်ထမ်းတွေက ရှင့်ကို သိရုံနဲ့ လုံလောက်ပါတယ်၊ ကျွန်မပြောတာ မပြောတာက သိပ်အရေးမကြီးပါဘူး”

“စက်ရုံညွှန်ကြားရေးမှူးက သူဌေးနဲ့ အမြဲတမ်းတွေ့ချင်နေခဲ့တာ”

ဝမ်ရှင်းကျယ်က ခွင့်တောင်းလိုက်သည်။

“သူနဲ့ စကားပြောတဲ့အချိန်တုန်းက ကျွန်တော်က ကျွန်တော့်ရဲ့သူဌေးအကြောင်း အမြဲတမ်း ပြောနေခဲ့တာလေ၊ ဒါကြောင့် သူက နောက်ကွယ်ကမှာရှိနေတဲ့ သူဌေးအကြောင်းကို အရမ်းသိချင်နေပါတယ်၊

ပြောရရင် သုံးနှစ်အတွင်း ပြန်လည်ရှင်သန်လာပြီး နိုင်ငံရဲ့ ထိပ်တန်းလုပ်ငန်းတစ်ခု ဖြစ်လာတာက လုပ်ငန်းလောကမှာ ဒဏ္ဍာရီလို့တောင် ခေါ်ဆိုလို့ရတယ်မလား”

ကျန်းကျန်းက ပြုံး၍ ပြန်ပြောလိုက်သည်။

“ပရိဘောဂစက်ရုံက ဒီနေ့လို အခြေအနေရောက်အောင် လုပ်နိုင်ခဲ့တဲ့အကြောင်းကိုပြောရရင် ရှင်နဲ့ ညွှန်ကြားရေးမှူးစွမ်းရန်သယ်ရဲ့ ပံ့ပိုးမှုက ကြီးမားပါတယ်၊

ဒါပေမဲ့ စစ်ရာရန်က ကျွန်မကို မတွေ့ချင်ဘူးဆိုတာတော့မဟုတ်ဘူး၊ တနင်္ဂနွေနေ့ နေ့လယ်စာစားချိန်မှာ ရှင်တို့ကို ဧည့်ခံဖို့ တော်ဝင်မြို့တော် ဟိုတယ်ကို သွားကြမယ်”

“သူဌေးက အရမ်း ရက်ရောတာပဲ”

ဝမ်ရှင်းကျယ်က ပြုံး၍ ပြောလာသည်။

“ဒါဆို တနင်္ဂနွေနေ့ နေ့လယ်စာစားချိန်မှာ စစ်ရာရန်ကို ခေါ်လာခဲ့မယ်”

“ဒီဇိုင်နာတွေကိုလည်း အမြန်ဆုံး ရှာဖွေရမယ်၊ စက်ရုံမှာ ဒီဇိုင်းစွမ်းရည်ရှိတဲ့ လူငယ်တွေ ရှိလားဆိုတာ ကြည့်ထားလိုက်ဦး။

မရှိရင်လည်း နည်းလမ်းအချို့ကနေတစ်ဆင့် ခေါ်ယူလို့ရမလားဆိုတာ ကြည့်လိုက်ပါ၊ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ်လည်း ပြင်ဆင်ထားရမယ်၊

နောက်လကျရင် ရှင်နဲ့ ပရိဘောဂစက်ရုံက ဒီဇိုင်းစွမ်းရည်ရှိတဲ့သူ အနည်းငယ်ကို ဥရောပနိုင်ငံအချို့ကို သွားရောက် လေ့လာဖို့ စေလွှတ်မယ်၊

တစ်ချက်က အသိပညာ ရစေဖို့၊ နောက်တစ်ချက်ကတော့ သူတို့ရဲ့ ခေတ်နောက်ကျနေတဲ့ စိတ်ကူးတွေကို ပွင့်လင်းစေပြီး ကျွန်မတို့ရဲ့ ကိုယ်ပိုင် နိုင်ငံတကာစတိုင်လ်ကို ဖန်တီးဖို့အတွက် ပိုပြီး စိတ်ကူးစိတ်သန်းတွေ ရစေဖို့ပဲ”

ကျန်းကျန်းက လူများကို နိုင်ငံခြားသို့ ပညာသင်စေလွှတ်လိုသည်ကို ကြားရသော် ဝမ်ရှင်းကျယ်က အလွန်စိတ်လှုပ်ရှားသွားသည်။

“ကျွန်တော် သိပါတယ်၊ ဒီဇိုင်နာတစ်ယောက်ကို အမြန်ဆုံး ရှာဖွေပါ့မယ်”

ဒီဇိုင်းပိုင်း၌မူ စက်ရုံနှစ်ခုလုံးက အားနည်းချက်များရှိနေသည်။

ပရိဘောဂစက်ရုံ၏ အမှတ်တံဆိပ် နှစ်ခုဖြစ်သည့် ဖေးဟွမ် ကတ်ပြားက အဆင့်မြင့် သစ်သားပရိဘောဂများဖြစ်ပြီး အခြေခံအားဖြင့် ရိုးရာနှင့် ဂန္ထဝင်စတိုင်များကို အခြေခံထားသည်။

အဘယ်ကြောင့်ဆိုသော် သစ်သားပရိဘောဂကို ရွေးချယ်သည့် လက်ရှိဖောက်သည်အုပ်စုက အသက်အနည်းငယ်ကြီးပြီး ရှေးဆန်သည့် အလှအပနှင့် ဆွဲဆောင်မှုရှိသည့် ခေတ်ဟောင်းအငွေ့အသက်ကို နှစ်သက်သည့်အတွက် ဂန္ထဝင်စတိုင်လ်ကို ပိုမိုနှစ်သက်ကြသည်။

ထို့ကြောင့် ဖေးဟွမ် အမှတ်တံဆိပ် ပရိဘောဂ၏ အရောင်းစွမ်းဆောင်ရည်က တည်ငြိမ်စွာ တိုးတက်နေခဲ့သည်။

နှိုင်းယှဉ်ကြည့်သော် တန်တာ အမှတ်တံဆိပ် ပရိဘောဂကမူ အများပြည်သူနှင့် ပိုမိုနီးစပ်သည်။ လူနှစ်ယောက်ခန့်နေထိုင်ရန်လည်း ဝယ်ယူနိုင်ပြီး ခေတ်ဆန်ကာ လက်တွေ့ကျသည်ကို လိုလားကြသည်။

တန်တာ အမှတ်တံဆိပ်ကို အစောပိုင်း၌ ဖွင့်လှစ်ခဲ့သည့် ပရိဘောဂစတိုင်များနှင့် အမှတ်တံဆိပ်၏ နာမည်ကောင်းကို တည်ဆောက်ခဲ့သည်များမှာ ကျန်းကျန်း ကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့သည့်အရာများဖြင့် ဖြစ်ပေသည်။

မွေ့ယာများကမူ ကျန်းကျန်းက အသေးစိတ်ပုံကြမ်းအမျိုးမျိုးကို ဆွဲကာ ဂရုတစိုက် ကြည့်ရှုပြီးမှ ထုတ်လုပ်ခဲ့သည်။

သို့သော် ကျန်းကျန်း၌ အခြားအလုပ်များစွာရှိနေသည့်အတွက် ပရိဘောဂစက်ရုံတစ်ခုတည်းအပေါ် အာရုံစိုက်၍ မရပါချေ။

တန်တာက လွန်ခဲ့သည့် နှစ်နှစ်အတွင်း ထုတ်လုပ်ခဲ့သည့် ပရိဘောဂစတိုင်အသစ်များကမူ သူမ၏ ကိုယ်ပိုင်ဒီဇိုင်းများသာဖြစ်နေသည်။

လက်တွေ့ကျသည်ဟု ပြော၍ ရသော်လည်း ကျန်းကျန်း၏ အမြင်၌မူ “အလှအပ” ဟူသည့် စကားလုံးနှင့် အနည်းငယ်မူ ဝေးနေဆဲပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် မွေ့ယာများ၌လည်း အပြောင်းအလဲအသစ် မရှိပါချေ။ လက်ရှိတွင်မွေ့ယာများကို တိန်တာပရိဘောဂစက်ရုံကသာ လက်ဝါးကြီးအုပ်ထားသော်လည်း ကျန်းကျန်းက အနာဂတ်၌ မွေ့ယာအမျိုးအစားများ ပိုမိုများပြားလာမည်ကို သိရှိသည်။

တန်တာမွေ့ယာများကမူ လူများကို ပိုမိုသက်တောင့်သက်သာနှင့် ကျန်းမာစွာ အိပ်စက်နိုင်ရန်ဆိုသည့် အခြေခံပေါ်၌ပင် တဖြည်းဖြည်း တိုးတက်အောင် လုပ်ဆောင်ကာ ဖောက်သည်များ ပိုမိုထိန်းထားနိုင်အောင် လုပ်ဆောင်ရလိမ့်မည်။

ယနေ့ခေတ်၌မူ တန်တာ၏ ပရိဘောဂများသည် တရုတ်နိုင်ငံ၌ ခေတ်ရေစီးကြောင်းကို ဦးဆောင်နေပြီး ဖြစ်သည်။

ပို၍ တိုးတက်အောင်နှင့် သင်ယူလိုလျှင် နိုင်ငံခြားသို့ သွားရောက်သည်က အကောင်းဆုံးရွေးချယ်မှုပင် ဖြစ်ပေလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်း တနင်္ဂနွေနေ့ ရောက်ရှိလာပြီး ကျန်းကျန်းနှင့် လင်းရှို့လန်တို့က မနက်စောစောအချိန်တွင် အရှေ့ဘက် ချန်အန်းလမ်းမပေါ်ရှိ ဆိုင်သို့ သွားခဲ့ကြသည်။

မူလတွင် ရှိသည့် အဝတ်အထည်ဆိုင်ကို အနောက် ချန်အန်းလမ်းမပေါ်သို့ ပြောင်းရွှေ့လိုက်ပြီး မင်ပေက လူများကို ခေါ်ကာ မူလက အိုဟောင်းနေသည့် အိမ်ကို ဖြိုဖျက်နေခဲ့သည်။

လုံခြုံရေးအတွက်နှင့် လမ်းသွားလမ်းလာများ အုတ်ပြုတ်ကျကာ ထိခိုက်သည်မျိုး မဖြစ်စေရန် အတွက် ဆောက်လုပ်ရေးဧရိယာကို အကာအကွယ်များနှင့် ပိတ်ဆို့ထားခဲ့သည်။

အတော်လေးပြောင်ချောချောဖြစ်နေသည့် ပျက်စီးနေသော ဘုတ်ပြားကို ကြည့်ရင်း ကျန်းကျန်းက နောင်မျိုးဆက်များ၏ ကြော်ငြာနည်းလမ်းများကို ရုတ်တရက် သတိရကာ စိတ်ကူးတစ်ခု ရရှိလိုက်သည်။

“အမေ၊ ကျွန်မတို့ အလှပြင်ဆိုင်ကို ဒီအပေါ်ဘုတ်ပြားမှာ အရင်ဆုံး ကြော်ငြာသင့်တယ်လို့ ထင်လား”

လင်းရှို့လန်က ကျန်းကျန်းကို ကြည့်၍ မေးလာသည်။

“ပိုစတာ ကပ်မလို့လား။ ငါတို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပိုစတာကို ပုံနှိပ်ပေးနိုင်တဲ့ နေရာရှိမလား မသိဘူး”

ကျန်းကျန်းက ပြုံး၍ ပြောလာ၏။

“တခြားလူ မလိုဘူး၊ ကျွန်မကိုယ်တိုင်ပဲ ဆွဲလို့ရတယ်”

မနေ့က ရရှိခဲ့သည့် နောက်တစ်ပတ် အလုပ်တာဝန် ခွဲဝေမှုအကြောင်းကို စဉ်းစားရင်း ကျန်းကျန်း၌ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနေခဲ့သည်။

“နောက်အပတ်ကျရင် ညဘက် အချိန်ပိုဆင်းပြီး ဗုဒ္ဓဟူးနေ့မှာ အလုပ်အားလုံးကို ပြီးအောင် ကြိုးစားမယ်၊ ကျန်တဲ့ရက်တွေက ကျွန်မ ဒီကိုလာပြီး ပုံဆွဲဖို့ လုံလောက်ပါတယ်”

လင်းရှို့လန်က ကျန်းကျန်း ဘက်စုံတော်သည်ကို နားလည်ထားပြီး ကျန်းကျန်း ကိုယ်တိုင်ဆွဲသည့် ပုံ၏ အကျိုးသက်ရောက်မှုက ပုံနှိပ်သည်ထက် ပိုမိုကောင်းမွန်သည်မှာ သေချာကြောင်း ယုံကြည်သည်။

ဆောက်လုပ်ရေးလုပ်ငန်း၏ တိုးတက်မှုကို ကြည့်ပြီးနောက် နှစ်ယောက်သား ခွဲခွာသွားဖို့ လုပ်ခဲ့ကြပြီး ကျန်းကျန်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် မနီးမဝေးမှ ဆိုင်ခန်းတစ်ခုကို လင်းရှို့လန်အတွက် ယာယီရုံးခန်းအဖြစ် နေရာပေးလိုက်သည်။

ယခုအချိန်တွင် လင်းရှို့လန်က ငယ်ရွယ်ကာ လှပ၍၊ ထက်မြက်သည့် မိန်းကလေး ၂၀ ကို ခန့်အပ်ထားခဲ့သည်။ သူမ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းက မစတင်သေးသကဲ့သို့ စတင်လာသည်မှာ လအနည်းငယ်သာ ရှိသေးသည့်အတွက် လင်းရှို့လန်က နိုင်ငံခြားမှ သူငယ်ချင်းများကို အလှအပဆိုင်ရာ စာအုပ်များစွာ ပို့ပေးရန် ပြောထားခဲ့သည်။

သူမသည်က ပြင်သစ်ဘာသာစကားနှင့်ရေးသားထားသော စာအုပ်များကို ဖတ်ရင်း မူရင်းစာသားအတိုင်း မိန်းကလေးများကို လေ့ကျင့်ပေးခဲ့ပြီး တစ်ချိန်တည်းမှာပင် မိန်းကလေးတစ်ဦးစီ၏ အမူအကျင့်များကို လေ့လာကာ နောင်တွင် လေ့ကျင့်သင်ကြားပေးရန်အတွက် အာရုံစိုက်ရမည့်သူများကို ရွေးချယ်ခဲ့သည်။

ကျန်းကျန်းက တော်ဝင်မြို့တော် ဟိုတယ်သို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့ပြီး အချိန်စောနေသေးသည်ကို စစ်ဆေးပြီးနောက် ပြတင်းပေါက်ဘေးမှ ခုံ၌ ဝင်ထိုင်လိုက်ကာ စားပွဲထိုးကို အစားအသောက် မှာကြားလိုက်သည်။

ပြီးနောက် သူမ၏အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်၍ ဖတ်နေခဲ့သည်။

အချိန်များက တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားပြီး ချိန်းဆိုထားသည့်အချိန် မတိုင်မီ ဆယ်မိနစ်အလို၌ ဝမ်ရှင်းကျယ်နှင့် စစ်ယာရန်တို့ တော်ဝင်မြို့တော်ဟိုတယ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသည်။

နေ့လယ်စာစားချိန် မရောက်သေးသည့်အတွက် ဧည့်ခန်း၌ ဧည့်သည်များ သိပ်မရှိပါချေ။ ဝမ်ရှင်းကျယ်က ကျန်းကျန်းမှာ ပြတင်းပေါက်ဘေး၌ ထိုင်ရသည်ကို ကြိုက်သည်ကို သိထားသည့်အတွက် သူ ထိုနေရာ ခေါင်းလှည့်လိုက်သည်နှင့် ကျန်းကျန်း စာအုပ်ဖတ်နေသည်ကို တွေ့လိုက်ရသည်။

ဝမ်ရှင်းကျယ်က ကျန်းကျန်း၏ စာဖတ်နေသည့် မျက်နှာအမူအရာကို စိုက်ကြည့်ရင်း မျက်နှာပေါ်၌ အပြုံးတစ်ခု အလိုလို ပေါ်လာသည်။

စစ်ရာရန်က ဝမ်ရှင်းကျယ်၏ မျက်လုံးနှင့် လိုက်ကြည့်လိုက်သည့်အချိန်တွင် ကျန်းကျန်း ခေါင်းထောင်ကြည့်လိုက်သည်နှင့် အကိုက်ဖြစ်သွားခဲ့လေသည်။

*

All Chapters