← Chapters

အခန်း (၃၂၈)

Vol. 33 Ch. 328

အခန်း (၃၂၈)

Vol. 33 Ch. 328

စစ်ရာရန်တစ်ယောက် သူ၏ စီးကရက်ဖိုးကိုပင် မတတ်နိုင်ခဲ့ရသည့် ဒုက္ခကို ဖြေရှင်းပေးခဲ့သည့် ဂုဏ်သိက္ခာရှိသတင်းထောက်မလေးအား မြင်သည့်အတွက် ကျန်းကျန်းထံသို့ လျှောက်လာခဲ့ကာ ဖော်ဖော်ရွေရွေဖြင့် လက်ဆန့်၍ နှုတ်ဆက်ခဲ့သည်။

“အိုး ...သတင်းထောက်လီရောက်နေတာလား၊ မထင်မှတ်ဘဲနဲ့ တွေ့ခဲ့ရတာပဲ၊ ဘာလို့ ဒီရောက်နေတာလဲ”

ကျန်းကျန်း မပြန်ဖြေမီ စစ်ရာရန်က ထပ်ရယ်လိုက်သည်။

“ငါမေးတာကို ကြည့်ပါဦး၊ ဒီနေရာမှာရောက်နေတယ်ဆိုမှတော့ မင်း တစ်ယောက်ယောက်ကို စောင့်နေမှာပေါ့၊

ပြီးခဲ့တဲ့တစ်ခေါက် မင်းကူညီပေးတဲ့အတွက် ကျေးဇူးတင်စကားကို လူကိုယ်တိုင် မပြောရသေးဘူး၊ မင်းငါ့ကို စီးပွားရေးအရ မိတ်ဆက်ပေးလို့ ငါတို့ရဲ့စက်ရုံက အလုပ်သမားတွေ လစာရခဲ့တာလေ၊

ဒါနဲ့ မင်း စက်ရုံဒါရိုက်တာဝမ်ကိုတော့ သိမှာပေါ့၊ ငါတို့ စက်ရုံက အခု ဒါရိုက်တာ ဝမ်နဲ့ ပူးပေါင်းခဲ့ပြီ၊ ဒီစီးပွားရေးက မင်းစီစဉ်ပေးခဲ့တဲ့မတွက် ဖြစ်လာခဲ့ရတာလေ”

စစ်ရာရန်သည်ကား ဝမ်ရှင်းကျယ်ကို သူ့၏ နောက်မှ ဆွဲထုတ်လိုက်၍ ပြုံးရယ်ကာ ပြောလိုက်သည်။

“မထင်မှတ်ဘဲ တွေ့ခဲ့ရတာပဲ၊ မင်းမြင်တဲ့အတိုင်းပဲ၊ အရင်ကတော့ ငါက ဒါရိုက်တာ ဝမ်နဲ့ စီးပွားမိတ်ဖက်တွေပဲ ဖြစ်ခဲ့တာ၊ အခုတော့ ငါတို့က မိသားစုဖြစ်သွားပြီ၊ မင်းလည်း သိမှာပေါ့၊

ဒါရိုက်တာ ဝမ်က အခု ငါတို့ အထည်ချုပ်စက်ရုံရဲ့ ဒါရိုက်တာဖြစ်နေပြီလေ”

စစ်ရာရန်၏ စကားများကို နားထောင်ပြီးသည့်နောက် ကျန်းကျန်းက ပြုံး၍ လက်ဆန့်လိုက်သည်။

“ဒါရိုက်တာဝမ်နဲ့ ဒါရိုက်တာစစ်၊ ထိုင်ကြပါဦး”

စစ်ရာရန်က လက်ကို လျင်မြန်စွာ ဝှေ့ယမ်း၍ ပြောလာခဲ့သည်။

“ဒီနေ့ စက်ရုံဒါရိုက်တာဝမ်က ငါ့ကို ငါတို့စက်ရုံရဲ့ ရင်းနှီးမြှုပ်နှံသူ သူဌေးနဲ့ ပြဖို့ ခေါ်လာတာ၊ ငါတို့သူဌေး ခဏနေရင် ရောက်လာတော့မှာထင်တယ်၊ ဒီတော့ မင်းငါ့ကို ဖုန်းနံပါတ်လေး ပေးခဲ့ပါဦး၊ နောက်ကျရင် ငါ မင်းကို ညစာ ဖိတ်ကျွေးပါ့မယ်”

ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။

“မလိုပါဘူး၊ ဒီနေ့ ညစာကို ကျွန်မကျွေးပါ့မယ်”

“တကယ်လား”

စစ်ရာရန်က အခြေအနေကို မစဉ်းစားနိုင်မီ လက်ဝှေ့ရမ်း၍ သူမကို တွန်းထုတ်ညန် ကြံရွယ်လိုက်သည်။

ဝမ်ရှင်းကျယ်က ပြုံးလိုက်ပြီး ခေါင်းကိုခါရမ်းလိုက်ကာ နောက်ဆုံးမှ ဝင်ပြောလာခဲ့သည်။

“စက်ရုံဒါရိုက်တာ၊ သူမက ကျွန်တော်တို့စက်ရုံရဲ့ ရင်းနှီးမြှုပ်နှံသူ လီမင်ကျန်းပါ”

စစ်ရာရန်၏ စကားများက ရပ်တန့်သွားခဲ့လေသည်။ သူ၏ပါးစပ်က အကျယ်ကြီး ဖွင့်ဟထားခဲ့မိကာ လီမင်ကျန်းအား လက်ညိုးထိုးပြလိုက်ဝမ်ရှင်းကျယ်အား လက်ညိုးထိုးပြလိုက် ဖြစ်နေခဲ့သည်။ ပြီးသည့်နောက်တွင် မယုံကြည်နိုင်စွာဖြင့် ပြောလာခဲ့လေ၏။

“ကျွန်တော်တို့ရဲ့စက်ရုံကို သူမ ဝယ်လိုက်တာလား”

ဝမ်ရှင်းကျယ်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်”

စစ်ရာရန်၏ ဦးခေါင်းအတွင်းမှ ပြတ်နေသည့် ကြိုးများက နောက်ဆုံးတွင် ပြန်လည်ဆက်သွားခဲ့သည်။

“ဒါဆို တန်တာ ပရိဘောဂစက်ရုံကလည်း သတင်းထောက်လီ ပိုင်တာလား”

ဝမ်ရှင်းကျယ်က ထပ်မံ၍ပြုံးလိုက်ပြန်သည်။

“ဟုတ်တယ်၊ ဥက္ကဋ္ဌမင်ကျန်းက ပရိဘောဂစက်ရုံမှာလည်း ရင်းနှီးမြှုပ်နှံခဲ့တာ၊ ပြီးတော့ ဒီနေ့ ခေတ်စားနေတဲ့ သူမကိုယ်တိုင် တန်တာ မွေ့ရာကို ဒီဇိုင်းထုတ်ခဲ့တာပါ”

စစ်ရာရန်၏ ဦးခေါင်းသည်က ဤအခိုက်အတန့်တွင် ဗလာဖြစ်သွားခဲ့သည်။

သူက လီမင်ကျန်း၏ ခပ်ဖျော့ဖျော့အပြုံးအား ကြည့်ရင်း သူမ သူ့ကို အင်တာဗျူးခဲ့သည့် မြင်ကွင်းကို တမင်တကာ မစဉ်းစားမိဘဲ ပြန်လည်တွေးမိသွားခဲ့ရသည်။

ရုတ်တရက် အတွေးမပါသည့် မေးခွန်းတစ်ခုက သူ၏ ပါးစပ်မှ ထွက်လာခဲ့သည်။

“မင်း အင်တာဗျူးခဲ့တဲ့ ကုမ္ပဏီတွေထဲက အခု ဘယ်နှစ်ခုကို ဝယ်လိုက်ပြီးပြီလဲ”

စစ်ရာရန်၏ တည့်တိုးမေးခွန်းအား ကြားသည့်အချိန်တွင် ကျန်းကျန်းက အပြုံးလေးဖြင့် သူမ၏ ကိုယ်ကိုင်းလိုက်မိသည်။

သူမ၏ လခြမ်းသဏ္ဍန် မျက်လုံးများက အနည်းငယ် ရယ်မောချင်နေပုံပေါ်ကာ အတော်လေးပင် ချစ်စရာကောင်းနေခဲ့လေသည်။ သူမ၏ အသက်အရွယ်နှင့် တူညီစွာဖြင့် အပြစ်ကင်းစင်ကာ ချစ်စရာကောင်းနေခဲ့သည်။

စစ်ရာရန်တစ်ယောက် မတိုင်ခင်က သူ၏ ဦးခေါင်းအား ရိုက်ခွဲပစ်ချင်နေခဲ့သော်လည်း ယခုလေးတင်ကမှ ကျောင်းပြီးစ၊ ရင့်ကျက်မှုမရှိသေးသည့် ဤသို့သော ငယ်ရွယ်သည့် မိန်းကလေးသည် စက်ရုံကြီးနှစ်ခုကို ဝယ်ယူသည့် နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသူ ဖြစ်နေသည်ကို ဤအချိန်ထိပင် နားမလည်နိုင်ခဲ့ချေ။

“ကံမကောင်းစွာနဲ့.. ကျွန်မ အင်တာဗျူးခဲ့တဲ့ စက်ရုံတွေ အများကြီးထဲက အထည်ချုပ်စက်ရုံ တစ်ခုတည်းကိုပဲ ဝယ်ယူခဲ့တာပါ”

ကျန်းကျန်းက သူတို့အား ထိုင်ခိုင်းပြီးသည့်နောက် စားပွဲထိုးအား ပြုံး၍ ခေါင်းညိတ်ပြသည်။

“အချိန်ကျပြီ၊ ဟင်းပွဲတွေ ချပေးလိုက်တော့”

စစ်ရာရန်တစ်ယောက် သူ၏စက်ရုံကို ကျန်းကျန်း မဝယ်မီက အခက်အခဲများကို သတိရသွားသည့်အခါ သူ့အပြုံးသည်က အနည်းငယ် ခါးသီးသွားခဲ့ရသည်။

“တကယ်ပြောတာ၊ ကျွန်တော့်လိုမျိုး စက်ရုံတွေထဲမှာ အကြွေးတွေ ပုံပြီး ဒေဝါလီခံရလုနီးပါး ဖြစ်နေတဲ့ ကုမ္ပဏီတွေ အများကြီး မရှိလောက်ဘူး”

မကြာမီ၌ပင် စားပွဲပေါ်တွင် စားချင်စဖွယ် ဟင်းပွဲပေါင်း များစွာကို ချပေးလာခဲ့သည်။

အားလုံးသည်က တော်ဝင်ဟိုတယ် ၏ နာမည်ကြီး ဟင်းပွဲများသာဖြစ်ပေသည်။ စစ်ရာရန်အတွက်မူ သူ၏ နည်းပါးလှသည့် လစာကို ထည့်သွင်းကြည့်ပါက နေ့တိုင်း အသားစားနိုင်ခဲ့မည်ဆိုလျှင်ပင် ဤသည်က အလွန် ကောင်းမွန်သည့် ဘဝတစ်ခု ဖြစ်ပေလိမ့်မည်။

ဤသို့သော အဆင့်အတန်းမြင့်မားသည့် စားသောက်ဆိုင်မျိုးသို့ ရောက်ဖူးသည်မှာကား ပထမဆုံးအကြိမ်ပင်ဖြစ်လိမ့်မည်။

စစ်ရာရန်၏ မျက်နှာက အနည်းငယ် မကောင်းသည်ကို မြင်သည့်အခါတွင် ကျန်းကျန်းက ဝမ်ရှင်းကျယ်အား ဝိုင်တစ်ခွက် ငှဲ့ပေးရန် အချက်ပြလိုက်သည်။

“ဒါရိုက်တာစစ်၊ အထည်ချုပ်စက်ရုံက ဒီနှစ်တွေအတွင်း အခြေအနေသိပ်မကောင်းခဲ့ပေမဲ့ ရှင့်ရဲ့ စိတ်ရင်းမှန်နဲ့ ကြိုးစားအားထုတ်မှုကတော့ လေးစားစရာပါပဲ၊ ရှင့်ကြောင့်သာမဟုတ်ရင် စက်ရုံက ဒီလောက်နှစ်တွေကြာအောင် မရပ်တည်နိုင်လောက်ဘူး”

စစ်ရာရန်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးနှင့် ဝိုင်ခွက်ကို ကောက်ယူလိုက်သည်။

“ကျွန်တော့်ရဲ့ အတွေးအခေါ်တွေက အခုခေတ် လူ့အဖွဲ့အစည်းမှာ ခေတ်စားနေတဲ့ အရာတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတာ သိပါတယ်၊

ဥပမာ- ဒီနွေရာသီအချိန်တုန်းက ဆာချီကျစ်ရှပ်အင်္ကျီပဲဆိုပါတော့၊ ဘာလို့ လူတွေက အပိုငွေပေးပြီး လက်တိုအင်္ကျီကို ဝယ်ချင်ကြမှန်း ကျွန်တော်နားမလည်နိုင်ဘူး၊

အဲဒီအင်္ကျီကို ဝယ်တာက ဈေးပေါပေါနဲ့ အရာကို တန်ဖိုးကြီးပေးပြီးဝယ်ရသလိုမျိုးပဲ၊ ဒါပေမဲ့ အဲ့ဒီအရွယ်ရောက်မိန်းကလေးတွေရော မိန်းကလေးငယ်တွေရောက တန်ဖိုးမရှိဘူးလို့ မခံစားရဘဲ ပြေးဝယ်ကြတာ”

“ဒါက ဖက်ရှင်ပဲလေ”

ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။

“အဲဒီအချိန်တုန်းက ခေတ်စားခဲ့တဲ့ အစိမ်းရောင်စစ်ဝတ်စုံဝတ်တာနဲ့ အတူတူပါပဲ၊ ဘယ်သူမဆို ဝတ်စုံက ထူးထူးခြားခြားရှိနေချိန်မှာ ကိုယ်ဆီမှာလည်း ဝတ်စရာရှိနေမယ်ဆိုရင် အရမ်းမျက်နှာပွင့်လန်းရတယ်မလား”

“ဒါက မတူဘူး...”

စစ်ရာရန်က ဤနှိုင်းယှဉ်ချက်က မမှန်ဟု ခံစားရသော်လည်း မည်သည့်အရာက မှားနေကြောင်းကိုမူ နားမလည်ခဲ့ချေ။

“တကယ်တော့ မတူတာ ဘာမှမရှိပါဘူး၊ အဲဒီတုန်းက လူတွေက တော်လှန်ရေးဝါဒကို လိုက်စားခဲ့ကြတာ၊ ဒါပေမဲ့ အခုတော့ နာမည်ကြီးတွေရဲ့ လွှမ်းမိုးမှုကို လိုက်စားနေကြတာလေ”

ကျန်းကျန်းက သူမ၏ ဝိုင်ခွက်ကို ကောက်ယူ၍ မြှောက်လိုက်သည်။

“ခေတ်တွေက ပြောင်းလဲနေတယ်၊ ခေတ်နဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲရမယ်၊ နောင်ဆိုရင် စက်ရုံထုတ်လုပ်မှုကိုပဲ ဂရုမစိုက်သင့်တော့ဘူး၊

ပြင်ပက ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုတွေကိုလည်း ပိုပြီး ဂရုစိုက်သင့်တယ်၊ အခုခေတ်က စွန့်ဦးတီထွင်သူတွေအတွက် အခွင့်အရေးလမ်းပဲ”

ဝိုင်တစ်ခွက် သောက်ပြီးသည့်နောက်တွင် စစ်ယာရန်၏ ဦးခေါင်းသည်က များစွာ ပို၍ ရှင်းလင်းသွားသည်။

“သတင်းထောက်လီ ပြောတာ... ဪ... ကျွန်တော့်ကို ကြည့်ပါဦး၊ သတင်းထောက်လီလို့ ဘာလို့ ခေါ်နေမိလဲမသိဘူး၊ ဒါရိုက်တာဝမ်လိုပဲ သူဌေးလို့ ခေါ်ရမှာပေါ့”

ကျန်းကျန်းက ပြုံး၍ ဝမ်ရှင်းကျယ်နှင့် စစ်ရာရန်အား ကြက်ဆီထမင်း စားရန် တူတစ်စုံစီ ပေးလိုက်သည်။

“သူဌေးလို့ခေါ်စရာ မလိုပါဘူး၊ ဒါက နားထောင်လို့လည်း မကောင်းဘူး။ ကျွန်မက ရင်းနှီးမြှုပ်နှံသူပါပဲ၊ စက်ရုံကို နောက်ဆိုရင် ရှင်တို့တွေပဲ ဦးဆောင်ရမှာ၊ စကားတွေ ဆက်မပြောကြတော့နဲ့၊ မြန်မြန်စားကြရအောင်၊ ခဏနေရင် အစားအသောက်တွေ အေးကုန်လိမ့်မယ်”

မွှေးကြိုင်နူးညံ့သည့် ကြက်သားက ပါးစပ်ထဲ ရောက်သည့်အခါတွင် စစ်ရာရန်၏ တင်းမာနေသည့် အာရုံကြောများက များစွာ ပြေလျော့သွားသည်။

ဝမ်ရှင်းကျယ်က စစ်ရာရန်အား ရွှေရောင်ကြည်လင်နေသည့် ဒုတိယအဆင့် ဆူးတောင်ပံဟင်း တစ်ပန်းကန် ခပ်ပေးရင်း တည်ငြိမ် မိတ်ဆက်ပေးသည်။

“ဒါက တော်ဝင်ဟိုတယ်ရဲ့ နာမည်ကြီး ဆူးတောင်ဟင်းလေ၊ ဆူးတောင်ကို ငါးနာရီခြောက်နာရီလောက်ကြာအောင် အနံ့အသက်ပျောက်အောင် ချက်ပြုတ်ပြီးတော့ ကြက်တစ်ကောင်လုံးနဲ့ ဘဲတစ်ကောင်လုံးအပြင် ဝက်ခြေထောက်၊ ကမာ၊ ကျင်းဟွာဝက်ပေါင်ခြောက်နဲ့ တခြားကောင်းမွန်တဲ့ ပစ္စည်းတွေနဲ့ ပြီးပြည့်စုံတဲ့ ဟင်းရည်ကို ချက်ပြီး ဆူးတောင်နဲ့ ပေါင်းပြီး ချက်ရတာ၊

ဆူးတောင်ပျော့ပြီး နူးညံ့ပျော့ပြောင်းသွားတဲ့အထိ မီးပေါ်မှာ အနည်းဆုံး ခြောက်နာရီ ခုနစ်နာရီလောက် ချက်ရတယ်၊ အဲလိုမှ ဒီဟင်းပွဲက အဆင်သင့်ဖြစ်တာ”

ဝမ်ရှင်းကျယ် ပြောသည်စကားများကို နားထောင်ရသည်ကပင် အလွန်ကို ခက်ခဲလွန်းသည့်အတွက် စစ်ရာရန်တစ်ယောကင တစ်ကိုက်ကိုက်ရန် မစောင့်နိုင်ဘဲ စားလိုက်သည်။

နူးနူးပျော့ပြောင်းကာ အရည်ရွှမ်းသည့် ဆူးတောင်သည်ကား အရသာရှိလွန်းသည့်အတွက် စစ်ရာရန်ျစ်ယောက် ချက်ချင်းပင် ချီးကျူးစကားများကို ပြောမိခဲ့ရသည်။

အရသာရှိလွန်းသဖြင့် မည်သည်ကိုမှ သတိမပြုနိုင်တော့ဘဲ ဆူးတောင်ဟင်းချိုတစ်ပန်းကန်လုံးနီးပါးလောက်ကို ကုန်အောင် စားပြီးမှသာ စစ်ရာရန်က အလျင်စလိုဖြင့် မေးလိုက်မိသည်။

“ဒီဟင်းပွဲက ဒီလောက်ကောင်းတဲ့ပစ္စည်းတွေ အများကြီးသုံးထားတော့ ဈေးပေါမှာ မဟုတ်ဘူး”

ဝမ်ရှင်းကျယ်က သူ့ကို ကြည့်၍ ပြုံးလိုက်သည်။

“ခင်ဗျားရဲ့ တစ်လစာနီးပါးခန့် ရှိ တယ်။”

စစ်ရာရန်က ပန်းကန်ထဲမှ တစ်ဝက်စားပြီးသား ဆူးတောင်ဟင်းအား ကြောင်တောင်တောင်ကြည့်ရင်း ရေရွက်လိုက်မုသည်။

“ဒါက အရမ်းဈေးကြီးတာပဲ၊ ဒီပိုက်ဆံကို ဝက်သားဝယ်ရင် နှစ်လ သုံးလလောက်တောင် စားလို့ရတယ်”

All Chapters