အခန်း (၃၃၀)
Vol. 33 Ch. 330
ဝမ်းရှင်းကျယ် ခေါ်လာခဲ့သည့်ညလူရှစ်ဦးသည်ကား ကုန်ထုတ်လုပ်စက်ရုံသို့ ရောက်ရှိပြီးသည့်နောက်တွင် နေ့ခင်းဘက်၌ ဆရာကြီးများနှင့်အတူ အဝတ်ချုပ်ပညာကို သင်ယူကြပြီး ညဘက်တွင်တော့ စက်ရုံ၏ ဧည့်ခန်းအတွင်း ဖိတ်ခေါ်ထားသည့် ဆရာများနှင့် အနုပညာပညာရပ်များကို သင်ယူကြရသည်။
ဝမ်ရှင်းကျယ်အနေဖြင်သ သူတို့ အလွန်ပင်ပန်းမည်ကို စိုးရိမ်နေခဲ့သောကြောင့် နေ့လယ်ဘက်တွင် တစ်နာရီခွဲခန့် အိပ်ချိန်ပေးထားခဲ့သည်။
ပုံမှန်အားဖြင့် ညနေ ၅ နာရီခွဲတွင် အလုပ်ဆင်းပြီး ညနေ ၆ နာရီခွဲမှ ၉ နာရီခွဲအထိ စာသင်ကြားခဲ့ကြရသည်။
ထို့အပြင် တစ်နေ့လျှင်သုံးနပ်လုံး အသားနှင့် ဟင်းသီးဟင်းရွက် မျှတအောင် ကျွေးသည့်အတွက် အာဟာရမချို့တဲ့ကြောင်းကိုလည်း ကျိန်သေ အာမခံနိုင်ပေသည်။
ဤလူရှစ်ဦးနှင့် မတိုင်ခင်က ရရှိထားသောသုံးဦးတို့သည်ကား ၎င်းတို့တစ်ဦးချင်းစီကို မည်သည့်ဒီဇိုင်နာမျိုးအဖြစ် ပျိုးထောင်နေကြောင်း သိထားခဲ့ကြသော်လည်း ၎င်းတို့အနေဖြင့် မည်သည့်အရာက ထူးထူးခြားခြား ဖြစ်နေသည်ကို မခံစားခဲ့ကြရချေ။
ဆန့်ကျင်ဘက်အားဖြင့် ဆရာတစ်ဦးပြီးတစ်ဦး ထပ်မံခေါ်ယူကာ သင်ကြားရသည့်အတွက် အနည်းငယ် စိတ်လှုပ်ရှားနေကြပြီး အားလုံးက အလွန်ကြိုးစားခဲ့ကွကာ သင်ယူလိုချင်စိတ်များလည်း အပြည့်ရှိနေခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် ဤကဲ့သို့ သင်ကြားပေးနေခဲ့သည်သ အတတ်ပညာမြားကို မသင်ယူလိုက်ရလျှင် စက်ရုံအတွက် ငွေကြေးဖြုန်းတီးရာ ရောက်မည်ကို ကြောက်နေခဲ့ကြသည့်အတွက်ကြောင့်ပင် ဖြစ်ပေ၏။
ဝမ်ရှင်းကျယ်သည်လည်း ညဘက်တိုင်းတွင် ဧည့်ခန်းအပြင်ဘက်သို့ လာရောက်ကြည့်ရှုလေ့ရှိပြီး ဆရာများနှင့် အခြေအနေကို သီးသန့်မေးမြန်းတတ်သည်။
ထိုသင်တန်းသားတို့ အလွန်တိုးတက်လာသည်ကို တွေ့မြင်ရသော် သူသည်လည်း အလွန်တရာ ကျေနပ်ပျော်ရွှင်နေခဲ့လေ၏။
တစ်နှစ်တာကုန်ဆုံးခါနီးအချိန်၌ အလှပြင်ဆိုင်အတွက် သုံးထပ်အဆောက်အအုံကလည်း ဆောက်လုပ်ပြီးစီးသွားပြီး အတွင်းပိုင်းအလှဆင်ခြင်းများအားလုံးကိုလည်း လင်းရှို့လန်၏ ဆန္ဒအတိုင်း သပ်ရပ်စွာ ဆောင်ရွက်ထားလဲ့သည်။
လင်းရှို့လန် နိုင်ငံခြားမှ မှာယူထားသည့် ဇိမ်ခံရေချိုးကန်များကိုလည်း တတိယထပ် ရေချိုးခန်းအတွင်း တပ်ဆင်ထားပြီး ဖြစ်ပေသည်။
အရာအားလုံး ပြီးစီးသွားသည့်အခါတွင် လင်းရှို့လန်နှင့် ကျန်းကျန်းတို့က ၎င်းတို့မိသားစုဝင်များကို ခေါ်ယူပြီး အလှပြင်ဆိုင်သို့ လာရောက်လည်ပတ်ခဲ့ကြသည်။
အလှပြင်ဆိုင်၏ တံခါးဝသို့ ဝင်လိုက်သည်နှင့် ဧည့်ကြိုဌာနနှင့် စောင့်ဆိုင်းဧရိယာ ရှိသည်။
အထဲတွင် ထူးခြားပြီး သက်တောင့်သက်သာရှိသည့် ဆိုဖာများကို ပုံစံတကျ ချထားသည်များ တွေ့ရသည်။
၎င်းတို့၏ ဘေးတွင် လင်းရှို့လန် ကမ္ဘာအနှံ့မှ မှာယူထားသည့် ဖက်ရှင်မဂ္ဂဇင်းများကို ထားသည့် မဂ္ဂဇင်းစင်တစ်တန်းလည်း ရှိနေခဲ့သည်
လာရောက်သူများအနေဖြင့် စာသားများကို နားမလည်နိုင်သော်လည်း ကိစ္စမရှိပါချေ။
အတွင်းဘက်၌ ပုံစံကျကျရှင်းလင်းသည့် ပုံပေါင်းများစွာကို ပုံနှိပ်ထားသည့်အတွက် ထိုအပေါ်မှ သေသပ်လှပသည့် ဆံပင်ပုံစံများနှင့် မိတ်ကပ်များကို ကြည့်ရုံနှင့် အလှကြိုက်သူမျာပို လက်မလွှတ်နိုင်အောင် ဖြစ်သွားစေပေသည်။
ဧည့်ကြိုဧရိယာနှင့် အလှပြင်ဆိုင်ကို မှန်ပြတင်းပေါက်ကြီးတစ်တန်းဖြင့် ပိုင်းခြားထားပြီး ဘေးနှစ်ဖက်တွင် မှန်တံခါးများလည်း ရှိနေခဲ့သည်။
တစ်ဖက်က အလှပြင်ရန်အတွက်ဖြစ်ပြီး နောက်တစ်ဖက်က ဆံပင်ညှပ်ရန်အတွက်ဖြစ်သည်။
ဆံပင်ညှပ်သည့်နေရာကို ကျန်းကျန်းက နောက်ပိုင်းခေတ် ဆံပင်ညှပ်ဆိုင်၏ ပုံစံနှင့် ဒီဇိုင်းထုတ်ထားသည်။
နောက်ဆုံးတန်း၌ ရှိသည့် ခေါင်းလျှော်ကုလားထိုင်များကိုလည်း ကျန်းကျန်းပြောပြခဲ့သည့် လိုအပ်ချက်အတိုင်း တန်တာ ပရိဘောဂစက်ရုံက ဤအလှပြင်ဆိုင်အတွက် အထူးထုတ်လုပ်ပေးထားခြင်းဖြစ်ပြီး ခေါင်းလျှော်ကုလားထိုင်များ၏ ရှေ့ပိုင်းတွင် ရေဖျန်းခေါင်းများကိုလည်း တပ်ဆင်ထားသည်။
ရေဖျန်းခေါင်းများသည်ကား ရေနွေးပေးစက်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့်အတွက် အချိန်တိုင်းတွင် သင့်တော်သည့်အပူချိန်ရှိသည့် ရေနွေးရရှိရန် အာမခံထားနိုင်ပေသည်။
ဆံပင်ညှပ်စားပွဲတိုင်း၏ အရှေ့တွင် လှပသည့် မှန်မိတ်ကပ်တင်စားပွဲကြီးတစ်ခု ရှိပြီး ဘေး၌မူ အလှပြင်ပစ္စည်းများအတွက် မှာယူထားသည့် စင်တစ်ခု ရှိသည်။
ဆံပင်အခြောက်ခံစက်များနှင့် အမျိုးမျိုးသော ကတ်ကြေးများ၊ ဘီးများ ထားရှိပြီး နံရံထောင့်မှ လွတ်နေသည့်နေရာတွင် ဆံပင်ကောက်စက်များကို သပ်ရပ်စွာ တစ်တန်းစီ စီထားသည်
တစ်ဖက်ခြမ်းရှိ အလှပြင်ဆိုင်သည်ကား ပစ္စည်းများ မရောက်ရှိသေးသည့်အတွက် အနည်းငယ်လွတ်နေသေးသည်။
အတွင်းရှိ အခန်းရှစ်ခန်းမှာ အလှပြင်သည့်နေရာများ ဖြစ်ပြီး အပြင်ဘက်ရှိ မိတ်ကပ်တင်စားပွဲများကား မိတ်ကပ်လိမ်းခြယ်သည့် နေရာများ ဖြစ်သည်ပင်။
ဧည့်ကြိုဧရိယာမှ ဒုတိယနှင့် တတိယထပ်ကို VIP ဧရိယာအဖြစ် သတ်မှတ်ထားသည်။ ငွေကြေးသုံးစွဲနိုင်သူများက ဤနေရာ၌ တစ်ဦးချင်းဝန်ဆောင်မှုများကို ခံစားနိုင်ပေလိမ့်မည်။
အလှပြင်ဝန်ဆောင်မှုများအပြင် နှိပ်နယ်ပေးသူများနှင့် ပရော်ဖက်ရှင်နယ် နည်းပညာရှင်များက ရေချိုးပေးခြင်း၊ နှိပ်နယ်ပေးခြင်းများကို ကူညီပေးလိမ့်မည်။
ဆံပင်ညှပ်ရန်အတွက် အကောင်းဆုံးဆံသပညာရှင်များ ရှိပြီး မိတ်ကပ်လိမ်းခြယ်ရန်အတွက်လည်း အကောင်းဆုံး မိတ်ကပ်ပညာရှင်များ ရှိသည်။
ပြည်တွင်းပြည်ပမှ နာမည်ကြီး အဝတ်အထည်များ၊ ရွှေ၊ ငွေ ရတနာများလည်း ရွေးချယ်နိုင်စရာများစွာ ရှိသည်။
လုံလောက်သည့် ငွေကြေးပေးရုံနှင့် ပရော်ဖက်ရှင်နယ် အကျဆုံးနှင့် အသက်သာဆုံး ဝန်ဆောင်မှုများကို ခံစားနိုင်မည်များ ဖြစ်သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ညစ်ပတ်နေသည့် ရုပ်ဆိုးဆင်းရဲသည့် ဘဲကလေးတစ်ကောင် ထွက်လာခဲ့ကာ သူထံတွင် ငွေကြေးရှိ၍ ဒုတိယနှင့် တတိယထပ်သို့ လာရောက်နိုင်လျှင် သူ ပြန်ထွက်သွားသည့်အခါ လူများ တိုက်ရိုက်မကြည့်ရဲလောက်အောင် လှပသည့် ဘဲဖြူလေးအဖြစ် ပြောင်းလဲသွားမည်ကို အာမခံနိုင်ပေသည်။
မဒမ်လီနှင့် ဝမ်စုဖန်းတို့မှာ ဤအကြောင်းကို ကြားသော် နှာခေါင်းရှုံ့လိုက်ကြလေ၏။
“ဒီကို တစ်ခေါက် လာလို့ အဝတ်အစားနဲ့ လက်ဝတ်ရတနာ ဝယ်လိုက်ရင် ဒေါ်လာတစ်ထောင်၊ ရှစ်ရာလောက် ကုန်မှာပေါ့၊ ဒါကို ဘယ်သူမဆို လာလို့ရနိုင်မှာမဟုတ်ဘူးလေ”
လင်းရှို့လန်က ပြုံးလိုက်ပြီး ပြန်ပြောလိုက်လေ၏။
“ဒုတိယထပ်နဲ့ တတိယထပ်က သာမန်လူတွေအတွက် မဟုတ်တော့ ဒါက ပုံမှန်ပါပဲ၊ ဒါပေမဲ့ တော်ဝင်မြို့တော်မှာ ပိုက်ဆံရှိတဲ့သူတွေနဲ့ အမွေဆက်ခံထားရတဲ့သူတွေက အမြဲတမ်းလိုလို ရှိနေတတ်တယ်၊
တခြား ဘာမှမပြောပါနဲ့ဦး၊ ကျွန်မရဲ့ ခယ်မတွေ ဒါမှမဟုတ် ရှင်တို့ရဲ့ သားအကြီးဆုံးနဲ့ ချွေးမတို့အတွက်ဆိုရင် တစ်လတစ်ခေါက်လောက် လာတာက ပြဿနာမရှိဘူး၊
ကျွန်မတို့က တော်ဝင်မြို့တော်မှာ လူချမ်းသာတဲ့မိသားစုမှ လာရောက်နိုင်မယ်လို့ သတ်မှတ်မထားပါဘူး၊
အန်တီ၊ ကျွန်မ ပြောပြမယ်၊ နောက်ပိုင်းဆိုရင် ကျွန်မတို့ဆိုင်မှာ အလှပြင်တာကို သာမန်လူတွေရော၊ အဲဒီ အလုပ်သမားရဲသဇနီးမယားတွေရော ဂုဏ်ယူစရာအဖြစ် ရောက်လာပါလိမ့်မယ်”
မဒမ်လီသည်က သူမ၏ စကားကို နားမလည်သော်လည်း ကျန်းကျန်းနှင့် လင်းရှို့လန်တို့က ဤလုပ်ငန်း၌ စီးပွားရေးကြီးမားစွာ လုပ်ထားသည်ကိုမူ သိထားသည်။
ဤသည်မှာ အမှန်ပင်။ ကျန်းကျန်းသည်လည်း အလှပြင်ဆိုင်ကို ပြန်လည်ပြင်ဆင်ရန်နှင့် ဝန်ထမ်းလေ့ကျင့်ရန်အတွက် ယွမ်ထောင်ပေါင်းများစွာ အကုန်အကျခံထားပြီး ဖြစ်သည်။
ဤအထဲ၌ နိုင်ငံခြားမှ မှာယူထားသည့် ပစ္စည်းများနှင့် ဝန်ထမ်းလေ့ကျင့်ရေးစရိတ်များ မပါဝင်သေးချေ။
သို့သော် ရင်းနှီးမြှုပ်နှံမှု ကြီးမားခြင်းသည်က အမြတ်အစွန်းများစွာကိုလည်း ရရှိစေမည်။ ဤဈေးကွက်သည်ကား ယခုအချိန်အထိ လွတ်နေသေးသော်လည်း ကျန်းကျန်းက အစကတည်းက အလှပြင်ဆိုင်ကို အဆင့်မြင့်ဈေးကွက် ဦးဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး တော်ဝင်မြို့တော်မှ လူများ၏ ရင်ထဲတွင် အဆင့်မြင့်အလှပြင်ဆိုင်၏ ပုံရိပ်ကို ဖော်ဆောင်ရန် လုပ်ဆောင်ခဲ့သည်။
ထို့ကြောင့် နောက်ပိုင်းတွင် လိုက်လာမည့်သူများသည်လည်း ဤသို့ အင်အားကြီးသည့် ရန်ပုံငွေများနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
အလှပြင်ဝန်ထမ်းများကို အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ပြီးသည့်နောက် လင်းရှို့လန်က အကောင်းဆုံးဝန်ထမ်းငါးဦးကို ရွေးချယ်ပြီး ၎င်းတို့ကို နိုင်ငံခြားသို့ ပညာသင်ရန် ခေါ်ဆောင်သွားရန် စီစဉ်ခဲ့သည်။
ထို့အပြင် သူမနှင့် ကျန်းကျန်းတို့သည်က တော်ဝင်မြို့တော် ၊ တောင်ပိုင်းမြို့တော်နှင့် ကျူးရှီးမားတို့မှ ကျွမ်းကျင်သည့် ဆံပင်ညှပ်ဆရာများစွာကို ငှားရမ်းခဲ့သည်။
လင်းရှို့လန်၏ အလှအပနှင့် ဆံပင်ပုံစံဖော်ဆောင်မှု အယူအဆများသည်က ၎င်းတို့ကို အနည်းငယ် ကြောင်သွားစေခဲ့သော်လည်း ဤနေရာမှ လစာမြင့်မားမှုက နောက်ဆုံး၌ ၎င်းတို့ကို ဆွဲဆောင်နိုင်ခဲ့ပေသည်။
စက်ရုံနှစ်ရုံနှင့် အလှပြင်ဆိုင်များရှိ ဝန်ထမ်းများကို နိုင်ငံခြား၌ လေ့ကျင့်ရန် မှာကြားပြီးသား ဖြစ်သော်လည်း နွေဦးပွဲတော် နီးလာသည်နှင့်အမျှ ကျန်းကျန်းက တာဝန်ရှိသူအချို့နှင့် တိုင်ပင်ပြီး အစီအစဉ်ကို နှစ်သစ်ကူးပြီးမှ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တရုတ်နှစ်သစ်ကူးသည်ကား အရေးကြီးသည့်ပွဲတော်တစ်ခု ဖြစ်နေသည့်အတွက်ဖြစ်ပေသည်။
ထို့အပြင် ဤနှစ်သည်က ကျန်းကျန်း ရှီကျွင့်ကျဲနှင့် လက်ထပ်ပြီးနောက် ပထမဆုံး နွေဦးပွဲတော်လည်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် ဆယ့်နှစ်လပိုင်းသို့ ရောက်ရှိလာပြီး ကျန်းကျန်း၏ မွေးနေ့လည်း ရောက်ရှိလာခဲ့သည်။
ညသန်းခေါင်၌ ကျန်းကျန်းနှင့် ရှီကျွင်းကျဲတို့ အိပ်ပျော်နေခဲ့ကြပြီး နံရံပေါ်ရှိ နာရီ၏ အထူအပါးမတူသည့် လက်သုံးချောင်းက မိနစ်နှင့် စက္ကန့်များ ကုန်လွန်သွားသည်နှင့်အမျှ ဆယ့်နှစ်နာရီနေရာတွင် တစ်ထပ်တည်း ကျသွားခဲ့သည်။
လရောင်က တိုက်ရိုက်ကျဆင်းလာခဲ့ပြီး ကုလားကာကိုဖြတ်သန်းကာ ကျန်းကျန်း၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့လေသည်။
အလင်းရောင်သည်ကား အချိန်ကြာမြင့်စွာ မရှိခဲ့ပါချေ။ မိနစ်ဝက်ခန့်အတွင်း၌ပင် ပျောက်ကွယ်သွားခဲ့လေသည်။
သို့သော်လည်း ကျန်းကျန်းက သတိထားမိဟန်ရှိပြီး မျက်လုံးဖွင့်လိုက်သည်။
ကျန်းကျန်းက နိုးလာသော်လည်း သူမက ထမထိုင်ခဲ့ချေ။ လှဲလျောင်းနေရင်းဖြင့် သူမ၏ စွမ်းအားအခြေအနေကို အသိစိတ်နှင့် စစ်ဆေးနေခဲ့သည်။
*