← Chapters

အခန်း (၃၃၁)

Vol. 34 Ch. 331

အခန်း (၃၃၁)

Vol. 34 Ch. 331

ကျန်းကျန်း မွေးဖွားလာခဲ့သည့်အချိန်မှစ၍ မွေးနေ့တိုင်းသည်က သူမ၏ စွမ်းရည်များကို အဆင့်မြှင့်တင်သည့် အချိန်များ ဖြစ်ခဲ့သည်။

သို့သော် လွန်ခဲ့သည့်နှစ်အနည်းငယ်က သူမ၏ မွေးနေ့များတွင် ကျန်းကျန်းအနေဖြင့် သူမ၏ အသိစိတ်ထုတ်လွှတ်နိုင်စွမ်းက ပိုမိုကျယ်ပြန့်လာသည်မှလွဲ၍ မည်သည့်စွမ်းရည်အသစ်ကိုမျှ မရှိခဲ့ချေ။

ကျန်းကျန်းက သူမ၏ အသိစိတ်နှင့် အာရှပိုင်နက်၏ မည်သည့်နေရာကိုမဆို အချိန်မရွေး ကြည့်နိုင်သော်လည်း သူမ၏ စွမ်းရည်များက မပြောင်းလဲသေးသည့်အတွက် အနည်းငယ် စိတ်ပျက်မိသည်။

ဤတစ်ကြိမ်၌မူ စွမ်းအားအဆင့်မြှင့်တင်ပြီးသည်နှင့် ကျန်းကျန်းတစ်ယောက် အိပ်မောကျနေရင်း သူမ၏စွမ်းအင်က မတူတော့သည်ကို သတိထားမိလိုက်ကာ မျက်လုံးကို ညင်သာစွာ ဖွင့်လိုက်သည်။

ကျန်းကျန်း သူမ၏ ခန္ဓာကိုယ်ကို သတိနှင့် ကြည့်လိုက်သော် မည်သည့်ကွာခြားမှုမျှ မရှိဟန်တူသော်လည်း မည်သည့်အရာက ကွဲပြားနေကြောင်း မပြောနိုင်သည့် တခြားကွာခြားမှုတစ်မျိုးမူ ရှိနေခဲ့သည်။

မည်သည့်စွမ်းရည်က အဆင့်မြှင့်တင်လိုက်နိုင်မည်နည်း။

ကျန်းကျန်း နားမလည် ဖြစ်နေခဲ့ရသည်။

ခဏအတွင်း၌ အပြည့်အစုံ နားလည်နိုင်မည် မဟုတ်သည့်အတွက် ကျန်းကျန်းလည်း ဆက်လက်၍ ဆက်မစဉ်းစားတော့ချေ။

မည်သို့ပင်ဖြစ်စေ ဤစွမ်းအားကို သုံးနိုင်သည့်အခါတွက် သူမ သိလာပါလိမ့်မည်။ ထို့ကြောင့် ဘေးကိုလှည့်လိုက်ပြီး အိပ်ပျော်နေသည့် ရှီကျွင့်ကျဲကို ကြည့်လိုက်မိကာ ကျန်းကျန်းသည် အနည်းငယ် ပြုံးလိုက်ပြီး တစ်ဖက်လူ၏၏နှုတ်ခမ်းကို ငုံ့နမ်းလိုက်သည်။

ပြီးနောက် သူမ၏ မျက်လုံးများကို မှိတ်ပြီး အိပ်မက်ကမ္ဘာထဲသို့ ပြန်ဝင်သွားခဲ့လေသည်။

*

တရုတ်နှစ်သစ်ကူး နီးလာသည်နှင့်အမျှ မဒမ်လီနှင့် ဝမ်စုဖန်းတို့၏ ရင်ထဲတွင် ဟာတာတာ ဖြစ်လာခဲ့သည်။

လက်ထပ်စ ဇနီးမောင်နှံသည်ကား ညစာစားပြီးတိုင်း ညတိုင်း သူတို့၏အိမ်သို့ လာရောက်ကြပြီး စနေ၊ တနင်္ဂနွေများတွင်လည်း အတူတူစားကြပေသည်။ ဤသည်မှာ ကျန်းကျန်းက လက်ထပ်ပြီးသား ဖြစ်နေသော်လည်း ယခင်အတိုင်းပင် ရှိနေဟန်တူသည်။

သို့သော် ဤနှစ်သစ်ကူးသည်က မတူချေ။

ကျန်းကျန်းနှင့် ရှီကျွင့်ကျဲ၏ မိဘများ အိမ်ဟောင်းသို့ ပြန်သွားသည့်အခတွက် ဤသို့ကြီးမားသည့် အိမ်ကြီးသည်ကား တစ်ဝက်ခန့် လွတ်သွားပေလိမ့်မည်။

ကျန်းကျန်းသည်ကား ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါး နေတတ်သော်လည်း သူမ၏ မိဘများနှင့် မဒမ်လီကို အလွန်ဂရုစိုက်သည်။

သက်ကြီးရွယ်အိုသုံးဦးက ငေးမှိုင်နေသည်ကို မြင်သော် အနည်းငယ် လစ်ဟာစွာ ခံစားနေရသည်ကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

သို့နှင့် ကျန်းကျန်းက လီမင်တုန်၊ လီမင်ရှီနှင့် လီမင်ပေတို့ကို အလျင်အမြန်ခေါ်ယူပြီး ကလေးများကိုပါ ခေါ်လာရန် ပြောကြားလိုက်လေသည်။

လီမင်တုန်သည်ကား အားလပ်ရက် ရရှိနေပြီဖြစ်သော်လည်း ကွေ့ဟွားနှင့် အသားမုန့်လုံးတို့မှာ နှစ်ကုန်ဆုံးချိန်နီးသည်နှင့်အမျှ ပို၍ အလုပ်များလာခဲ့ကြသည်။

ပဲမုန့်လုံးတို့ပင် ကူညီရန် သွားနေခဲ့ကြရသည်။ ယခုအခါတွင် ခေတ်ကာလက ကောင်းမွန်လာသည်နှင့်အညီ ဘဝများက ပိုမိုကောင်းမွန်လာသည့်အတွက် မိသားစုများက အနည်းငယ် ချမ်းသာလာကြကာ နှစ်သစ်ကူးအတွက် အဝတ်အစားအသစ်များကို ဝယ်ယူလာကြသည်။

နှစ်သစ်ကူး၏ ပထမဆုံးနေ့တွင် အဝတ်အစားအသစ်များ ဝတ်ဆင်ပြီး အခြားသူများနှင့် စကားပြောဆိုရသည်မှာ အဆင်ပြေပေလိမ့်မည်။

မိသားစုအတွင်း၌ ယခင်နှစ်က အဝတ်အစားဟောင်းများကိုသာ ဝတ်ထားလျှင် တခြားသူများ မပြောသော်လည်း ကိုယ်တိုင်က ရှက်ရွံ့ပြီး စိတ်ပူနေရလိမ့်မည်။

ဤကဲ့သို့နေ့များကို မမြင်ရဲကြတော့ချေ။ ထို့ကြောင့် ကွေ့ဟွားနှင့် ကျန်းကျန်းတို့၏ အဝတ်အထည်ဆိုင်များသာမက အဝတ်အထည်စက်ရုံမှ နှစ်အနည်းငယ်အကြာက ထုတ်လုပ်ခဲ့သည့် အဝတ်အစားအသစ်များအားလုံးကို ဆိုင်များစွာက ဝယ်ယူသွားခဲ့သည်။

လီမင်တုန်နှင့် သကြားမုန့်လုံးတို့မှာ အိမ်၌ မျက်လုံးအကြီးနှင့် အသေးစုံစည်းကာ ပင်ပန်းနေသည့်အချိန်တွင် ကျန်းကျန်း၏ ဖုန်းခေါ်ဆိုမှုက ရောက်ရှိလာသည်။

လီမင်တုန်သည်လည်း ချက်ချင်းပင် ကုတ်အင်္ကျီကို ဝတ်ဆင်ပြီး သကြားမုန့်လုံးကို ခိုင်းစေလိုက်သည်။

“မြန်မြန်လုပ်တော့၊ မင်းရဲ့အန်တီလေးအိမ်ကို သွားရအောင်”

သကြားမုန့်လုံးသည်လည်း ချက်ချင်း ပျော်ရွှင်သွားပြီး ဂွမ်းအင်္ကျီဝတ်ရင်း လီမင်တုန်ကို ပျော်ပျော်ရွှင်ရွှင်ဖြင့် မေးလိုက်သည် ။

“သမီးရဲ့ အန်တီ‌လေးရော အိမ်မှာရှိလား”

“သူမ အိမ်မှာရှိတယ်”

လီမင်တုန်က သကြားမုန့်လုံးကို ဦးထုပ်ဆောင်းပေးရင်း ဆက်ပြောခဲ့သည်။

“အခုက မင်းအန်တီလေးခေါ်တာ”

သကြားမုန့်လုံးနှင့် အပြင်မထွက်မီ လီမင်တုန်သည် ဘေးအိမ်ဝင်းသို့ ပတ်သွားပြီး ကွေ့ဟွား၏ မိဘများကို နှုတ်ဆက်လိုက်သည်။

“အမေ၊ သကြားမုန့်လုံးကို သူမရဲ့အဘွားအိကိုမ် ခေါ်သွားလိုက်ဦးမယ်”

“ကောင်းပြီ၊ မင်းအဘွားနဲ့ မင်းမိဘတွေကို ငါ့အတွက် နှုတ်ဆက်ပေးပါဦး”

ကွေ့ဟွား၏အမေဖြစ်သူက လီမင်တုန်ကို မှာကြားလိုက်ပြီးနောက် အပြင်ဘက် ကုလားကာမှ ပိုးသားတစ်ထပ်ကို မဖယ်ဘဲ အေးခဲထားသည့် ပဲစေ့ကပ်မုန့်တစ်ထုပ်ကို ထုတ်ယူကာ လီမင်တုန်ကို ပေးလိုက်သည်။

“မနေ့က ကိုယ်တိုင် လုပ်ထားတာ မင်းအဘွားကို မြည်းစမ်းခိုင်းလိုက်ဦး”

မုန့်များက ၎င်းတို့ကိုယ်တိုင် ပြုလုပ်ထားသည်များဖြစ်ပြီး ဈေးလည်း မကြီးချေ။

ထို့ကြောင့် လီမင်တုန်လည်း မတွန့်ဆုတ်ဘဲ ယူလိုက်သည်။ အခန်းအတွင်းရှိ ဆိုဖာပေါ်တွင် အိပ်ပျော်နေသည့် ကွေ့ဟွား၏ ဖခင်ကို မြင်သော် လီမင်တုန် စကားနှစ်ခွန်းလောက် ထပ်ပြောလိုက်သည်။

“ဒါဆို အမေနဲ့ အဖေ၊ နေ့လည်စာ စားဖို့ မမေ့နဲ့နော်။ ညနေ ကွေ့ဟွားတို့ သားအမိသုံးယောက် ပြန်လာရင် သူတို့ကို ပြောပြလိုက်ပါဦး၊ ကျွန်တော်တို့ ညစာစားပြီးမှ ပြန်လာမယ်လို့”

“သိပါတယ်၊ မင်း စိတ်မပူပါနဲ့၊ နေ့လည်ဘက်မှာ အစားအသောက် ပိုချက်ပြီး သူတို့ကို ဒီမှာ လာစားခိုင်းလိုက်မယ်”

ကွေ့ဟွား၏မိခင်က သကြားမုန့်လုံး၏ လည်ပင်းမှ မာဖလာကို ပြန်ဆွဲတင်ပေးကာ ထပ်ပြောလိုက်သည်။

“မြန်မြန်သွားတော့၊ လမ်းမှာ ဖြည်းဖြည်းသွားကြနော်၊ သကြားမုန့်လုံးကို ဂရုစိုက်ဦး”

လီမင်တုန်သည်လည်း ပြန်ဖြေပြီး သကြားမုန့်လုံးကို စက်ဘီးပေါ်တွင်တင်ကာ စီးနင်းသွားခဲ့သည်။

တစ်ဖက်တွင် လီမင်ရှီနှင့် လီမင်ပေတို့သည်လည်း ကလေးများနှင့်အတူ ခြံဝင်းအတွင်းသို့ သွားနေခဲ့ကြသည်။

ကလေးအုပ်စုက အကြီးရော အငယ်ပါ စုဝေးကာ ရောက်လာခဲ့ကြသဖြင့်ချက်ချင်းပင် မဒမ်လီ၏ အခန်းကို ပြည့်သွားခဲ့သည်။

မဒမ်လီသည် သူမ၏ မြေးကြီးများနှင့် မြစ်များကို မြင်သော် မျက်နှာတွင် ပျော်ရွှင်မှုများ ပွင့်လန်းလာပြီး ဝမ်စုဖန်းပင် စိတ်မကောင်းဖြစ်ရန် အချိန်မရလိုက်ချေ။

နေ့လယ်ဘက်တွင် ဟင်းများကို ပိုချက်ရန် မီးဖိုချောင်ဘက်ကို အလျင်အမြန် မှာကြားရင်း ၎င်းတို့ အိမ်၌ မည်သည့်အရာများ လုပ်ဆောင်နေကြသည်ကို တစ်ဦးချင်းစီ မေးမြန်းခဲ့သည်။

မဒမ်လီက ကလေးအုပ်စုကို ကြည့်လိုက်ပြီး လူအုပ်ထဲ၌ ထိုင်နေသည့် ကျန်းကျန်းကို ကြည့်လိုက်ကာ မည်သည့်အရာကို ပြောရမှန်းမသိဘဲ ရယ်မောလုက်မိပြီး နောက်ဆုံး၌ မေးလိုက်တော့သည်။

“ကျန်းကျန်း၊ မင်း ရှီကျွင့်ကျဲနဲ့ လက်ထပ်တာ ဒီလောက်ကြာနေပြီ၊ ဘာလို့ ကလေး မယူသေးတာလဲ”

ကျန်းကျန်း၏ ပါးစပ်အတွင်း၌ ယခုလေးတင် ထည့်လိုက်သည့် ဖရဲစေ့များမှာ လည်ချောင်းနင်မတတ်ဖြစ်သွားပြီး ကမ္ဘာမြေကို တုန်လှုပ်စေလောက်အောင် ချောင်းဆိုးပြီးနောက် သူမ၏ ဗိုက်ကို ရုတ်တရက် ထိလိုက်မိသည်။ ထို့နောက်တွင် မကြာခင်က ရရှိခဲ့သော စွမ်းရည်က မည်သည့်စွမ်းရည်ဖြစ်နေကြောင်းကို သူမ သိလိုက်တော့သည်။

မဟာကိုယ်ခန္ဓာ၏ မိခင်သည်က ကလေးမွေးဖွားခြင်းကိုလည်း ထိန်းချုပ်နိုင်ကြောင်းကို သိလုက်ရပြီးချိန်တွင် ကျန်းကျန်းတစ်ယောက် ခေါင်းအနည်းငယ်ပင် မူးသွားရတော့သည်။

ကျန်းကျန်းနှင့် ရှီကျွင်းကျဲတို့က အစကတည်းက လက်ထပ်ပြီးချိန်အတွက် ဆွေးနွေးထားခဲ့ကြသည်။

သူတို့က ငယ်ရွယ်သည့် အသက်နှစ်ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ခန့်တွင် အလုပ်အကိုင်များ၌ ပိုမိုကြိုးစားပြီး အနည်းငယ် နောက်ဆုတ်ပြီးမှ ကလေးယူမည်ဆိုလျှင်လည်း နောက်ကျမည် မဟုတ်ကြောင်း ဆွေးနွေးထားခဲ့သည်။

ရှီချန်ပေါ်နှင့် လင်းရှို့လန်တို့သည်လည်း မြေးများမရှိဘဲ မနေနိုင်သည့် ရှေးရိုးစွဲယောက္ခမမျိုး မဟုတ်ချေ။

၎င်းတို့၏ အမြင်တွင်မူ ဤလူငယ်စုံတွဲ ကလေးယူခြင်း၊မယူခြင်းနှင့် မည်သည့်အချိန်တွင် ကလေးယူခြင်းသည် ၎င်းတို့ကိုယ်တိုင် ကိစ္စဖြစ်ပြီး မိဘများအနေနှင့် အလွန်အကျွံ ဝင်ရောက်စွက်ဖက်ခွင့် မရှိချေ။

ကျန်းကျန်းကို ပိုမိုစိတ်အေးစေရန်အတွက် လင်းရှို့လန်သည်က မဒမ်ရှီရှေ့တွင်ပင် ကျန်းကျန်းအတွက် ဆင်ခြေပေးခဲ့ပါသေးသည်။ သူမက နှစ်နှစ်ခန့်ကြာမှ ကလေးယူခြင်းသည်က ပိုမိုစိတ်ချရကြောင်း ပြောခဲ့သည်။

အကြီးအကဲများရှေ့တွင် ရှင်းလင်းစွာ ပြောပြီးသားဖြစ်သည့်အတွက် ကျန်းကျန်းက လက်ထပ်သည့်အချိန်ကတည်းက သန္ဓေတားဆေးကို သုံးစွဲနေခဲ့သည်။

လွန်ခဲ့သည့် မိနစ်အနည်းငယ်က မဒမ်လီသည် ကလေးအကြောင်း ရုတ်တရက် မေးလိုက်ချိန်တွင် ကျန်းကျန်းတစ်ယောက် ဗိုက်ကို ထိလိုက်သည်နှင့် ရုတ်တရက် ခံစားချက်တစ်ခု ဝင်လာခဲ့တော့သည်။

ထိုစွမ်းရည်က ကလေးလိုချင်လျှင် တစ်ဦးတည်းဖြစ်စေ၊ အမြွှာဖြစ်စေ၊ သုံးမြွှာဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ မည်သည့်အရာမျှ ကိစ္စမရှိဟု ထင်ရသည်။

ဤခံစားချက်သည်က အလွန်ထူးဆန်းသည့်အတွက် ကျန်းကျန်းတစ်ယောက် သူမ၏ လက်ကို ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး ဝမ်စုဖန်း၏ ဗိုက်ပေါ် တင်ကြည့်လိုက်ပြန်သည်။

ထို့နောက်တွင် မတိုင်ခင်က ထူးဆန်းသည့် ခံစားချက် ပြန်ဝင်လာခဲ့သည်။ သူမသည် စိတ်ကူးလိုက်သည်နှင့် ဝမ်စုဖန်းအနေဖြင့် ကလေးရရှိနိုင်သည်၊ ကလေး မည်မျှပင် ဖြစ်စေ၊ ယောက်ျားလေးပင် ဖြစ်စေ၊ မိန်းကလေးပင် ဖြစ်စေ ကိစ္စမရှိဟု ထင်ရပြန်သည်။

ကျန်းကျန်း၏ ထူးဆန်းသည့် အပြုအမူကို မြင်သော် မဒမ်လီ၏ မျက်လုံးများအတွင်း စိတ်လှုပ်ရှားမှုများ လင်းလက်သွားပြီး မေးလာသည်။

“မင်း ကိုယ်ဝန်ရှိနေပြီလား”

“မဟုတ်ပါဘူး”

ကျန်းကျန်းသည်ကား မျက်နှာတွင် ထိတ်လန့်တကြားအမူအရာနှင့် ခေါင်းခါလိုက်သည့်အတွက် မဒမ်လီသည်လည်း စိတ်တိုတိုနှင့် လက်ကို ဆန့်ထုတ်ပြီး သူမ၏ နဖူးကို ထိုးလိုက်သည် ။

“မင်းရဲ့ မျက်နှာက ဘယ်လိုမျက်နှာပေးမျိုးလဲ၊ မင်းက ကလေးယူချင်တယ်လို့ ပြောပြီး ဘာလို့ ကလေးယူဖို့ စိတ်မဝင်စားတာလဲ”

ကျန်းကျန်းက အပြုံးတစ်ခုနှင့် မဒမ်လီ၏ လက်မောင်းကို ဖက်လိုက်ပြီး ပြောခဲ့သည်။

“သမီးလည်း ကလေးတစ်ယောက်ပါပဲ၊ အဘွားက ဘယ်လိုကလေးမျိုးကို လိုချင်လဲ”

မဒမ်လီ၏ စိုးရိမ်နေသည့် မျက်နှာကို မြင်သော် ကျန်းကျန်းက သူမ၏ လက်မောင်းကို လှုပ်လိုက်ပြန်သည်။

“အဘွား၊ စိတ်မပူပါနဲ့။ ကျွန်မ သိပါတယ်”

ဤအကြောင်းကို ကြားသော် မဒမ်လီသည် ထပ်မံ၍ စိုက်ကြည့်ရန် လုပ်လိုက်သော် ကျန်းကျန်းသည် ချက်ချင်း ရှင်းပြလိုက်သည်။

“ကျွန်မနဲ့ ရှီကျွင့်ကျဲတို့ ဆွေးနွေးပြီးသားပါ၊ နှစ်အနည်းငယ်ကြာရင် ကလေးယူမယ်ဆိုတာကိုလည်း ယောက္ခမတွေနဲ့ မိဘတွေကို အကုန်ပြောထားပြီးသား၊ ကျွန်မရဲ့ ယောက္ခမက နှစ်အနည်းငယ်ကြာလည်း ကိစ္စမရှိဘူးလို့ ပြောတယ်၊

လူငယ်တွေအတွက် အိမ်မှာပဲ ကလေးမွေးနေတာထက် စီးပွားရေး စတင်တာက ပိုကောင်းတယ်တဲ့”

*

All Chapters