← Chapters

အသန်မာဆုံးအရှင်

Vol. 74 Ch. 1037

အသန်မာဆုံးအရှင်

Vol. 74 Ch. 1037

လီဖူချန်းက ခရမ်းရောင်မျက်လုံးအရှင်နဲ့သံမဏိလက်သည်းတစ္ဆေနတ်ဘုရားတို့ကို သတိပြုမိခဲ့တယ်။

အရင်တုန်းကဆိုရင် သူက သေချာပေါက် ထွက်ပြေးမှာပါ။ ဒါပေမယ့် အခု ထွက်ပြေးစရာမလိုတော့ဘူးလို့ လီဖူချန်းက ခံစားရတယ်။

လွန်ခဲ့တဲ့နှစ်ငါးရာတုန်းကနဲ့နှိုင်းယှဉ်ရင် သူ့ခွန်အားက အဆတစ်ရာပိုသန်မာလာတယ်။

လွန်ခဲ့တဲ့နှစ်ငါးရာက သူ့ရဲ့ဓားပညာနဲ့ကျင့်ကြံခြင်းနည်းစနစ်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာ မရှိခဲ့ပေမယ့်  သူက အဆင့်မြင့်အကြိုနတ်ဘုရားတွေနဲ့ ဖလှယ်နိုင်နေပြီ။

နောက်နှစ်ငါးရာကြာတော့ သူ့ရဲ့ဓားပညာနဲ့ကျင့်ကြံခြင်းနည်းစနစ်နှစ်ခုလုံးက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ချိုးဖြတ်သွားခဲ့ပြီ။ သူ့ရဲ့လက်ရှိဓားတာအိုစွမ်းအားက သာမန်အကြိုနတ်ဘုရားတစ်ယောက်ရဲ့အကြိုနတ်ဘုရားစွမ်းအားထက် မနိမ့်ကျဘူးလို့ သူက ယူဆထားတယ်။

တကယ်တော့ ဓားပညာချိုးဖြတ်တာပဲဖြစ်ဖြစ်၊ ကျင့်ကြံခြင်းနည်းစနစ်ချိုးဖြတ်တာပဲဖြစ်ဖြစ်၊ ဓားတာအိုသွေးမျိုးဆက်ကို တိုးမြင့်စေတယ်။ ဓားတာအိုသွေးမျိုးဆက်တိုးမြင့်လာတာနဲ့အတူ ဓားတာအိုစွမ်းအားကလည်း အလိုအလျောက်တိုးမြင့်လာတယ်။

ဒါ့ပြင် လီဖူချန်းက ဒီအချိန်မှာ သာမန်ချိုးဖြတ်တာမျိုးမဟုတ်ဘူး။ သူ့ရဲ့ဓားပညာနဲ့ကျင့်ကြံခြင်းနည်းစနစ်နှစ်ခုလုံးက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာရှိတယ်။ လီဖူချန်းရဲ့ဓားတာအိုစွမ်းအားက စကြာဝဠာရဲ့အကန့်အသတ်ကို ရောက်ရှိနေပြီး အသန်မာဆုံးဓားတာအိုစွမ်းအားဖြစ်တယ်။

နှိုင်းယှဉ်ရရင် သာမန်အကြိုနတ်ဘုရားတွေရဲ့အကြိုနတ်ဘုရားစွမ်းအားက လွှမ်းမိုးနိုင်ပေမယ့် သာမန်အကြိုနတ်ဘုရားအများစုက နှောင်းပိုင်းအခြေအနေကြယ်ပိုင်နက်အဆင့်မှာရှိတယ်။ အချို့သာမန်အကြိုနတ်ဘုရားတွေက အလယ်အခြေအနေကြယ်ပိုင်နက်အဆင့်မှာသာရှိပြီး ကျင့်ကြံခြင်းအဆင့်အရ လီဖူချန်းက ဖိနှိပ်နိုင်လိမ့်မယ်။

ထပ်ပြောရရင် အကြိုနတ်ဘုရားတစ်ယောက်ရဲ့အကြိုနတ်ဘုရားစွမ်းအားကို စကြာဝဠာက ကြောက်ရွံ့တယ်၊ ဒါကြောင့် စကြာဝဠာက အဲဒါကို ကန့်သတ်လိမ့်မယ်။

သံမဏိလက်သည်းတစ္ဆေနတ်ဘုရား ပြေးဝင်တိုက်ခိုက်လာတာကိုမြင်ပြီး လီဖူချန်းရဲ့ခါးရှိကမ္ဘာဥိီးမူလလက်ကောက်က ကမ္ဘာဦးဓားအဖြစ်သို့ ပြောင်းကာ တိုက်ခိုက်မှုကို ကြိုဆိုလိုက်တယ်။

ချွမ်း..........

သံမဏိလက်သည်းနဲ့ဓား ထိပ်တိုက်တွေ့တဲ့အခါ တုန်ခါမှုလှိုင်းတစ်ခုဖြစ်လာပြီး ပတ်ဝန်းကျင်ရှိအရာအားလုံးကို ဖျက်ဆီးလိုက်တယ်။

"ဘာလဲ"

သူ့ခန္ဓာကိုယ်ကို ရပ်တန့်သွားစေတဲ့အထိ ကြောက်စရာကောင်းတဲ့ခုခံမှုတစ်ခုကို သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက ခံစားလိုက်ရတယ်။ သူက ဒုတိယမြောက်တိုက်ခိုက်မှုကိုတောင် အချိန်မီမဖော်ထုတ်နိုင်ခဲ့ဘူး။

"သူ ဒုမဟာမိတ်ခေါင်းဆောင်ရဲ့ပထမဆုံးတိုက်ကွက်ကို တားတီးလိုက်တာလား"

ခရမ်းရောင်မျက်လုံးနတ်ဘုရားက ထိတ်လန့်သွားတယ်။

"အသန်မာဆုံးဓားတာအိုစွမ်းအားဆိုတာ အံ့ဩစရာမရှိဘူးပဲ" လီဖူချန်းက သူ့လက်ထဲရှိ ကမ္ဘာဦးဓားကို အကဲဖြတ်ကာ ယုံကြည်ချက်ပိုရှိလာတယ်။

အသန်မာဆုံးအရှင်ဖြစ်လာပြီးနောက် ကမ္ဘာဦးမူလလက်ကောက်ရဲ့ရင်းမြစ်အဆီအနှစ်ကို ပိုပိုပြီးပေါက်ကွဲထွက်လာစေနိုင်တယ်။ အခုဆိုရင် ကမ္ဘာဦးမူလလက်ကောက်က သူ့လက်ထဲမှာ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအ‌ဆောင်ပစ္စည်းတစ်ခုနဲ့မခြားတော့ပါဘူး။

"ဘယ်လိုအဆင့်မြင့်စကြာဝဠာရတနာလဲ"

လီဖူချန်းက အသန်မာဆုံးအရှင်ဖြစ်နေမယ်လို့တော့ သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက မတွေးထားဘူး။ အဓိကအားဖြင့် အသန်မာဆုံးအရှင်နယ်ပယ်ကို ရောက်ရှိဖို့က ခက်ခဲလွန်းတာကြောင့်ပဲလေ။

အသန်မာဆုံးအရှင်မဟုတ်ဘူးဆိုမှတော့ တစ်ခုတည်းသောရှင်းပြချက်က အဆင့်မြင့်စကြာဝဠာရတနာပဲဖြစ်ရမယ်။ ၎င်းက လူတိုင်းထင်ထားတာထက် ပိုသန်မာတာပဲ။ ဖြစ်နိုင်တာက အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအ‌ဆောင်ပစ္စည်းတစ်ခုနဲ့ မနှိုင်းယှဉ်နိုင်ပေမယ့် အများကြီးတော့ အားမနည်းလောက်ဘူး။

ဒါနဲ့ပတ်သက်ပြီး စဉ်းစားကြည့်လိုက်တော့ စကြာဝဠာတစ်ခုလုံးမှာ အဆင့်မြင့်စကြာဝဠာရတနာတွေ ဘယ်လောက်များများ ထွက်ပေါ်ခဲ့လို့လဲ။

ငါးခုလောက်သာ ရှိမယ်လို့ သူက ခန့်မှန်းထားတယ်။ သာမန်လူတွေက အဆင့်မြင့်စကြာဝဠာရတနာတစ်ခုရဲ့အစစ်အမှန်စွမ်းအားကို မြင်တွေ့ဖို့ အခွင့်အလမ်း ဘယ်တုန်းကမှ မရှိခဲ့ဘူးလေ၊ ဒါကြောင့် အဆင့်မြင့်စကြာဝဠာရတနာတစ်ခုရဲ့တန်ဖိုးက မှားယွင်းခန့်မှန်းမိတာ ပုံမှန်ပါပဲ။

"အဲဒါရဲ့စွမ်းအားက အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ နီးကပ်တာလားဒါမှမဟုတ်နှိုင်းယှဉ်နိုင်တာလား"

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားရဲ့မျက်လုံးတွေက နီရဲသွားတယ်။

သူ့မှာ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုရှိရင် အနည်းငယ်ပိုအားနည်းတဲ့အထွတ်အထိပ်အကြိုနတ်ဘုရားတွေနဲ့ ယှဉ်ပြိင်နိုင်မှာမဟုတ်ဘူးလား။

"ငါ ဒီအဆင့်မြင့်စကြာဝဠာရတနာကို ရကိုရရမယ်"

သူက ကြီးမားတဲ့တန်ဖိုးတစ်ခုပေးချေရရင်တောင် လီဖူချန်းကို သတ်ပြီး ရတနာကို အရယူမယ်လို့ သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက ဆုံးဖြတ်လိုက်တယ်။

တကယ်တော့ သူက ဒီအခွင့်အလမ်းကို လက်လွှတ်မိရင် ‌နောက်တစ်ခါဆိုတာ ရှိလာလိမ့်မှာမဟုတ်ဘူး။

"သံမဏိလက်သည်းမုန်တိုင်း"

အကြိုနတ်ဘုရားစွမ်းအားကို အသက်သွင်းလျက် အဆုံးမဲ့လက်သည်းအရိပ်တွေက မုန်တိုင်းတစ်ခုပမာ လီဖူချန်းက ရိုက်ခတ်လာတယ်။

အကြိုနတ်ဘုရားတစ်ယောက်ရဲ့တိုက်ခိုက်မှုက အရှင်တစ်ယောက်ရဲ့တိုက်ခိုက်မှုနီးပါး ဆန်းကြယ်ပေမယ့် စွမ်းအားက အဆတစ်ရာတစ်ထောင်ပိုသန်မာတယ်။ တိုက်ခိုက်ရေးစွမ်းအားအရ လီဖူချန်းက သံမဏိလက်သည်းတစ္ဆေနတ်ဘုရားနဲ့‌တောင် မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ဓားပညာက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာ ရှိထားပြီး သူက သူ့ရဲ့ဓားပညာကို အသုံးပြုကာ လက်သည်းအရိပ်ရဲ့စွမ်းအားကို ပျက်ပြယ်စေနိုင်တယ်။ သံမဏိလက်သည်းတစ္ဆေနတ်ဘုရားရဲ့စွမ်းအား၁၀ရာခိုင်နှုန်းကို ပျက်ပြယ်စေဖို့က သူ့ခွန်အားရဲ့၁၀ဒါမှမဟုတ်၂၀ရာခိုင်နှုန်းကို အသုံးပြုတာနဲ့ အတူတူပါပဲ။

"‌တောက်"

သူက ရွှံ့နွံအိုင်ထဲရှိသလို သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက ခံစားရတယ်။ အဆုံးမဲ့ခွန်အားတွေရှိမှန်းသိသာပေမယ့် သူ့ရဲ့လက်နဲ့ခြေတွေကို ကန့်သတ်ထားပြီး သူ့ခွန်အားကို အပြည့်အဝအသုံးမချနိုင်ဘူး။ တစ်ဖက်မှာ‌တော့ လီဖူချန်းက ရန်သူရဲ့ခွန်အားကို အသုံးပြုကာ အနေအထားကို ချိန်ညှိုနိုင်တယ်။

"ဘုန်း......"

ဓားအလင်းစီးကြောင်းတွေ သံမဏိလက်သည်းတစ္ဆေနတ်ဘုရားရဲ့ခန္ဓာကိုယ်အပေါ် ကျရောက်သွားပြီး သွေးတွေ ပန်းထွက်လာတယ်။

ကျွမ်းကျင်သူတွေအကြားတိုက်ပွဲတစ်ခုမှာ ပိုသန်မာတဲ့တိုက်ခိုက်ရေးစွမ်းအားသာမကဘူး။ နည်းစနစ်တွေအပေါ်မှာလည်း မူတည်တယ်။

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားရဲ့တိုက်ခိုက်မှုက အလွန်အားကောင်းပုံထင်ရပေမယ့် လီဖူချန်းကို မရိုက်နိုင်ပါဘူး။ အကွက်ဒါဇင်အနည်းငယ်ပြီး‌နောက် လီဖူချန်းက သံမဏိလက်သည်းတစ္ဆေနတ်ဘုရားကို ရိုက်နှက်ပြီး သံမဏိလက်သည်းတစ္ဆေနတ်ဘုရားရဲ့အကြိုနတ်ဘုရားစွမ်းအားကို ကုန်ခန်းစေနိုင်လိမ့်မယ်။

"ငါ မင်းကို မရိုက်နိုင်ဘူးလို့ ငါ မယုံဘူး"

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက လီဖူချန်းရဲ့တိုက်ခိုက်မှုကို လစ်လျူရှုကာ အနီးကပ်တိုက်ခိုက်ဖို့ ရည်ရွယ်လိုက်တယ်။

ဒါပေမယ့် လီဖူချန်းက သူ့ကို အခွင့်အရေးပေးမှာမဟုတ်ဘူး။

"မဖြစ်နိုင်ဘူး၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက ဒါကို လက်မခံနိုင်ဘူး။

သူက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်ပြီး အရှင်တစ်ယောက်အနားတောင် မကပ်နိုင်ဘူးတဲ့။ တစ်ယောက်မှ ဒါကို ယုံမှာမဟုတ်ဘူး။

"ဒီလိုစွမ်းအား။ မူလအဆုံးစွန်းအရှင်ရဲ့ခွန်အားက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ထက် မနိမ့်ကျဘူးပဲ။ ဒါ့ပြင် သူ့ရဲ့ဓားပညာက........"

ဘေးကနေကြည့်နေတဲ့ခရမ်းရောင်မျက်လုံးအရှင်က သံမဏိလက်သည်းတစ္ဆေနတ်ဘုရားထက် ပိုပြီး ရှင်းရှင်းလင်းလင်းမြင်ရတယ်။ လီဖူချန်းရဲ့ဓားပညာက အလုံးစုံတတ်သိနားလည်ခြင်းကြယ်ပိုင်နက်အဆင့်မှာရှိတာ သေချာတယ်။ ထပ်ပြောရရင် လီဖူချန်းရဲ့ခွန်အားက အားကောင်းလွန်းပြီး သာမန်အကြိုနတ်ဘုရားတစ်ယောက်ရဲ့အကြိုနတ်ဘုရားစွမ်းအား‌အောက် နိမ့်ကျပုံမပေါ်ပါဘူး။

"ဒါ ဖြစ်နိုင်လား"

ခရမ်းရောင်မျက်လုံးနတ်ဘုရားက ထိတ်လန့်တုန်လှုပ်ဖွယ်အမူအရာကို ထုတ်ပြလိုက်မိတယ်။

"အသန်မာဆုံးအရှင်"

အတွေးတစ်ခုက ခရမ်းမျက်လုံးအရှင်ရဲ့စိတ်ထဲမှာ လင်းလက်သွားတယ်။

အဲဒါပဲ ဖြစ်ရမယ်။ အသန်မာဆုံးအရှင်ရဲ့စွမ်းအားကသာ မှင်တက်စရာပဲ။ အဲဒါက သာမန်အကြိုနတ်ဘုရားတစ်ယောက်ရဲ့အကြိုနတ်ဘုရားစွမ်းအားနဲ့ နှိုင်းယှဉ်နိုင်တာပဲ။

ခရမ်းရောင်မျက်လုံးနတ်ဘုရားက သူ့ရဲ့ရှာတွေ့မှုကို သံမဏိလက်သည်းတစ္ဆေနတ်ဘုရားထံ ချက်ချင်းပြောပြလိုက်တယ်။

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားရဲ့မျက်လုံးတွေက ရှုပ်ထွေးသွားတယ်။ အရိုးသားဆုံးပြောရရင် လီဖူချန်းက အသန်မာဆုံးအရှင်ဆိုတာ သူက ရှစ်ဆယ်ရာခိုင်နှုန်းသေချာတယ်။

တကယ်တော့ အသန်မာဆုံးအရှင်ကလွဲပြီး အခြားရှင်းပြချက်တွေ တစ်ခုမှမရှိဘူး။

အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက အားကောင်းပေမယ့် သူနဲ့ကစားဖို့တော့ မလုံလောက်ပါဘူး။

ကြည့်ရတာ ငါ တစ္ဆေအရိပ်အံ့ဖွယ်နတ်လက်သည်းရဲ့စွမ်းအားကို အသုံးပြုရမှာပဲ"

ဈ

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားရဲ့လက်ဝါးက လျင်မြန်စွာ အဆရာင်ပြောင်းသွားပြီး သူ့လက်သည်းက ချွန်ထက်သွားတယ်။

"သတ်စမ်း"

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက သူ့လက်သည်းတွေကို ဝှေ့ယမ်းလိုက်တယ်၊ အမည်းရောင်နဲ့အနီရောင်လက်သည်းအရိပ်တစ်ခုက လီဖူချန်းကို ချက်ချင်း ဝန်းရံသွားတယ်။

"ဒီလိုအရှိန်"

အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့စွမ်းအားကို ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက ၎င်းကို အလွယ်တကူမပျက်ပြယ်စေနိုင်ခဲ့ဘူး၊ သူက လက်သည်းအရိပ်ကြောင့် လွင့်ထွက်သွားတယ်။

"သတ်၊ သတ်၊ သတ်......"

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက သူ့လက်သည်းကို ထပ်ခါတလဲလဲဝှေ့ယမ်းကာ လီဖူချန်းကို ဦးတည်ဘက်တိုင်းမှ တိုက်ခိုက်လာတယ်။

ဝှစ်......

လီဖူချန်းရဲ့ခန္ဓာကိုယ်မှာ အရိုးနက်လက်သည်းဒဏ်ရာတစ်ခု ချန်ထားခဲ့တယ်။

အခုဆိုရင် လီဖူချန်းရဲ့ရုပ်ပိုင်းဆိုင်ရာခုခံမှုက ကြမ်းတမ်းလွန်းတယ်။ သူ့မှာ ကပ်ဘေးမသေမျိုးခန္ဓာကိုယ်နဲ့အသန်မာဆုံးအရှင်ရဲ့ခန္ဓာကိုယ်ရှိတယ်။ နှစ်ခုစုပြုံလာတဲ့အခါ သူ့ခန္ဓာကိုယ်မာကျောမှုက မှင်တက်စရာအဆင့်မှာ ရှိတယ်။

ဒါပေမယ့် ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့ရင်ဆိုင်ရာမှာ ကပ်ဘေးမသေမျိုးခန္ဓာကိုယ်က ကင်းမဲ့နေသေးတယ်။ ကပ်ဘေးစွမ်းအားအားလုံးက ချက်ချင်းကုန်ခန်းသွားတယ်။ လီဖူချန်းမှာ အသန်မာဆုံးအရှင်ရဲ့ခန္ဓာကိုယ်မရှိရင် ဒီလက်သည်းတိုက်ခိုက်မှုက လီဖူချန်းစွမ်းအားရဲ့ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုကို သေချာပေါက်ဖယ်ရှားနိုင်လိမ့်မယ်။

အနေအထားကို မြင်ပြီး လီဖူချန်းက ကမ္ဘာဦးချပ်ဝတ်ကို လျင်မြန်စွာ သိပ်သည်းလိုက်တယ်။

ကမ္ဘာဦးချပ်ဝတ်နဲ့ကမ္ဘာဦးဓားက တစ်ချိန်တည်းထွက်ပေါ်လာတဲ့အခါ သူတို့က သူတို့စွမ်းအားရဲ့ရှစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးချနိုင်တယ်။ ဒါပေမယ့် ဒါက လီဖူချန်းအတွက် လုံလောက်တယ်။

ဝုန်း ဝုန်း ဝုန်း......

ပြီးနောက် ကမ္ဘာဦးချပ်ဝတ်နဲ့အတူ သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက လီဖူချန်းကို ထပ်ပြီး ဒဏ်ရာမရ‌စေနိုင်ခဲ့ဘူး။

"ခရမ်းရောင်မျက်လုံးနတ်ဘုရား၊ မြန်မြန်လာကူညီစမ်း"

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက သူ့ရဲ့ဂုဏ်သတင်းကို ဂရုမစိုက်နိုင်တော့ဘူး၊ ခရမ်းရောင်မျက်လုံးနတ်ဘုရားကို အော်ခေါ်လိုက်တယ်။

"ကောင်းပြီ"

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက လီဖူချန်းကို ဘာမှမလုပ်နိုင်တာကို ခရမ်းရောင်မျက်လုံးနတ်ဘုရားက ဘယ်လိုလုပ်ပြီး မမြင်နိုင်ရမှာလဲ။

"ခရမ်းရောင်မျက်လုံးမှန်ချိတ်ပိတ်......"

ခရမ်းရောင်မျက်လုံးမျိုးနွယ်ရဲ့အသန်မာဆုံးစွမ်းရည်က သူတို့ရဲ့မျက်လုံးနည်းစနစ်ပဲ။ ခရမ်းရောင်မျက်လုံးနတ်ဘုရားရဲ့မျက်လုံးက ခရမ်းရောင်အလင်းတွေ တောက်ပလာတာကြောင့် အဆုံးမဲ့မှန်ချပ်တွေက လီဖူချန်းပတ်လည်မှာ ထွက်ပေါ်လာတယ်။ မှန်တစ်ချပ်စီမှာ လီဖူချန်းတစ်ယောက်ရှိပြီး လီဖူချန်းရဲ့မျက်လုံးတစ်လုံးစီမှာ အဆုံးမဲ့မှန်ချပ်တွေရှိတယ်။

သူတို့က ဂရုမစိုက်ရင် ခရမ်း‌မျက်လုံးကမ္ဘာမှာ ပိတ်မိပြီးနောက် ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်က လွတ်မြောက်ဖို့ အချိန်အကြာကြီးလိုအပ်လိမ့်မယ်"

ခရမ်းရောင်မျက်လုံးနတ်ဘုရားက သူ့ရဲ့မျက်လုံးနည်းစနစ်ကို အလွန်ယုံကြည်ချက်ရှိတယ်။

ဒါ့ပြင် သူ့ရဲ့ခရမ်းမျက်လုံးကမ္ဘာက ခရမ်းမျက်လုံးစကြာဝဠာမဖြစ် မပြောင်းသေးပါဘူး။ အဲဒါက ခရမ်းမျက်လုံးစကြာဝဠာအဖြစ် ပြောင်းသွားရင် သူက ဘယ်လိုပထမတန်းစားအဆင့်အကြိုနတ်ဘုရားကိုမဆို အနိုင်ယူနိုင်တယ်လို့ ယုံကြည်တယ်။

"မျက်လုံးနည်းစနစ်ကမ္ဘာလား"

လီဖူချန်းက မေးငေါ့လိုက်တယ်။

မျက်လုံးနည်းစနစ်တွေက ပုံရိပ်ယောင်နည်းစနစ်တွေဖြစ်ပြီး စိတ်ဝိညာဉ်ကို ပစ်မှတ်ထားတယ်။

ပုံရိပ်ယောင်နည်းစနစ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ တစ်ယောက်ယောက်ရဲ့စိတ်တန်ခိုးစွမ်းအားက လုံလုံလောက်လောက်မသန်မာရင် ရှုံးနိမ့်ဖို့က အရမ်းလွယ်တယ်။

သနားစရာတစ်ခုကတော့ ခရမ်းရောင်မျက်လုံးနတ်ဘုရားက လူမှားရွေးချယ်မိတာပဲ။

လီဖူချန်းရဲ့စိတ်ဝိညာဉ်က အကြိုနတ်ဘုရားတစ်ယောက်ထက် အဆများစွာ ပိုသန်မာတယ်။ ဒီမျက်လုံးနည်းစနစ်က သူ့မျက်လုံးထဲမှာတော့ ဟာကွက်တွေအပြည့်နဲ့ပေါ့။

"ချိုးဖြတ်စမ်း"

လီဖူချန်းက အော်လိုက်တယ်၊ ခရမ်းရောင်မျက်လုံးကမ္ဘာက ချက်ချင်း ပျက်စီးသွားတယ်။

ဖောက်.....

ခရမ်းရောင်မျက်လုံးနတ်ဘုရားက သွေးတစ်ပွက်အန်လိုက်တယ်၊ သူက တစ္ဆေတစ်ကောင်ကို မြင်လိုက်မိတဲ့အလား လီဖူချန်းကို စိုက်ကြည့်နေမိတယ်။

လီဖူချန်းရဲ့စိတ်တန်ခိုးစွမ်းအားက ဘယ်လောက်တောင်အားကောင်းတာလဲ။ အဲဒါက ခရမ်းရောင်မျက်လုံးကမ္ဘာကို ချက်ချင်းချိုးဖြတ်နိုင်ပြီး သူ့ကို ပြင်းထန်တဲ့တုံ့ပြန်မှုတစ်ခု ခံစားစေခဲ့တာပဲ။

"အမှိုက်"

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက စိတ်ထဲမှာ ကျိန်ဆဲလိုက်တယ်။

အဆင့်မြင့်အကြိုနတ်ဘုရားတစ်ယောက်က အရှင်တစ်ယောက်ကို တစ်ခဏပဲ ရင်ဆိုင်နိုင်တယ်တဲ့။ အမှိုက်မဟုတ်ရင် သူက ဘာလဲ။

"မင်းဘယ်လောက်ထိခံနိုင်မလဲကြည့်ရတာပေါ့"  ရွေးချယ်စရာတစ်ခုမရှိဘဲ သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက လီဖူချန်းရဲ့ခွန်အားကို ကုန်ခန်းစေဖို့ ဆုံးဖြတ်လိုက်တယ်။

အချိန်တစ်ခုကြာပြီးနောက် လီဖူချန်းရဲ့ခွန်အားကို ကုန်ဆုံးစေဖို့က သဘာဝမကျဘူးလို့ သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက သဘောပေါက်ခဲ့တယ်။ လီဖူချန်းရဲ့ခွန်အား မကုန်ခန်းခင် သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားအရင်ကုန်ဖို့က ဖြစ်နိုင်လောက်တယ်။

"တောက်၊ ဘာလို့ သူတို့ အခုထိ မရောက်သေးတာလဲ"

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားအနေနဲ့ အဆင့်မြင့်စကြာဝဠာရတနာကို လက်လျှော့ဖို့က မဖြစ်နိုင်ဘူး။ မြောက်ပိုင်းနယ်စပ်မဟာမိတ်မှာ အကြိုနတ်ဘုရားစုစုပေါင်းငါးယောက်ရှိပြီး သူက အခြားအကြိုနတ်ဘုရားသုံးယောက်ကို အကြောင်းကြားထားပြီးပြီ။

"စိတ်ဝိညာဉ်ဖိနှိပ်ခြင်းသစ်သား"

ရုတ်တရက် ဧရာမသစ်သားတစ်ခုက ကောင်းကင်မှဆင်းသက်လာပြီး လီဖူချန်းရှိနေတဲ့နေရာကို ဧရာမသစ်တောတစ်ခုအဖြစ် ပြောင်းလဲလိုက်တယ်။

"မြားမိုး"

ပြီးနောက် မြားမိုးတစ်ချောင်းက ချက်ချင်းထွက်ပေါ်လာတယ်။ မြားမိုးက ကျိုင်းကောင်အုပ်ပမာ လီဖူချန်းဆီ ပြေးဝင်လာတယ်။

"မီးတောက်တူ"

နောက်ဆုံးမှာ မီးတောက်တူတစ်ချောင်းက ရိုက်ချလာတယ်။

"အချိန်ကျပြီ"

ဧရာမသစ်သား‌တောအုပ်က ပိတ်လှောင်ခြင်းအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်း၊ မြားမိုးက မြားအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်ပြီး မီးတောက်တူက တူအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။

မူလအဆုံးစွန်းဓားပညာကို ဖော်ထုတ်ပြီးနောက် အဆုံးမဲ့ဓားပင်လယ်တစ်ခုက လီဖူချန်းကို ကာကွယ်ခဲ့တယ်။ မြားမိုးနဲ့မီးတောက်တူအကုန်လုံးကို တားဆီးလိုက်တယ်။

"မူလဘူတဓား*

ဓားတစ်သောင်းက ဓားတစ်လက်အဖြစ် ပြောင်းသွားပြီး လီဖူချန်းက ဧရာမသစ်သားတောအုပ်ကို ထိုးဖောက်ကာ ပျံသန်းထွက်လာတယ်။

"သူ ငါ့ရဲ့စိတ်ဝိညာဉ်ဖိနှိပ်ခြင်းသစ်သားကို အခုလိုပဲ ချိုးဖြတ်ခဲ့တာလား"

မနီးမဝေးမှ ဦးခေါင်းအထက်လွင့်မျောနေတဲ့အစိမ်းရောင်သစ်သားတစ်ခုနဲ့အတူအကြိုနတ်ဘုရားတစ်ယောက်က ထိတ်လန့်တုန်လှုပ်သွားတယ်။

သူ့ရဲ့စိတ်ဝိညာဉ်ဖိနှိပ်ခြင်းသစ်သားက အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပေမယ့် ပိတ်လှောင်ခြင်းအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်က‌တောင် ပိတ်မိနေရမှာပါ။ လီဖူချန်းလောက် မလွယ်ပါဘူး။

"ဒီမူလအဆုံးစွန်းအရှင်က သန်မာလွန်းတယ်"

မြားအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့တူအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ကိုင်ထားတဲ့အကြိုနတ်ဘုရားနှစ်ယောက်က မျက်မှောင်ကြုတ်လိုက်တယ်။ သူတို့တွေ အသက်ရှင်လာတာ နှစ်ပေါင်းမရေမတွက်များစွာရှိပြီ၊ ဒီလ်ိုအားကောင်းတဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို ဘယ်တုန်းကမှ မမြင်ခဲ့ဘူး။ သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက သူ့ရဲ့ဂုဏ်သတင်းကိုတောင် ဂရုမစိုက်ဘဲ သူတို့ကို ခေါ်လိုက်တာ အံ့ဩစရာမရှိဘူးပဲ။

"အကြိုနတ်ဘုရားငါးယောက်၊ မြောက်ပိုင်းနယ်စပ်မဟာမိတ်က ငါ့ကို တကယ်ကို အမြင့်ကြီးတွေးထားတာပဲ" လီဖူချန်းက သံမဏိလက်သည်းတစ္ဆေနတ်ဘုရားကို ပြုံးပြလိုက်တယ်။

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက အေးစက်စွာ ပြောလိုက်တယ်"ငါတို့ငါးယောက်အတူပူးပေါင်းတိုက်ခိုက်ရင် မင်းမှာ အခွင့်အရေးတစ်ခုတောင် ရှိမှာမဟုတ်ဘူး။ အဆင့်မြင့်စကြာဝဠာရတနာကို အမြန်လက်လွှဲပေးဖို့ ငါ မင်းကို အကြံပေးချင်တယ်" အဆင့်မြင့်စကြာဝဠာရတနာကို ရဖို့ဆိုရင် ဂုဏ်သိက္ခာက အရေးမပါတော့ဘူး။

"ဟုတ်လား။ ကမ္ဘာက ကြီးမားပြီး ငါလီဖူချန်းက သွားချင်တဲ့နေရာသွားနိုင်တယ်ကွာ။ မူလအဆုံးစွန်းဓားတည်နေရာရွှေ့ပြောင်းခြင်း......"

လီဖူချန်းက ဆက်မတိုက်ခိုက်ချင်တော့ဘူး။ သူ့အနေနဲ့ ဆက်တိုက်ခိုက်ဖို့က အဓိပ္ပါယ်မရှိတော့ဘူး။ သူ့အနေနဲ့ သူတို့ငါးယောက်လုံးကို သတ်ဖို့က မဖြစ်နိုင်ဘူး။ တိုက်ပွဲက ဆက်သွားရင် အခြားအကြိုနတ်ဘုရားကို ဆွဲဆောင်မိသွားနိုင်တယ်၊ ဒါက ကောင်းတဲ့အရာတစ်ခုမဟုတ်ဘူး။

လီဖူချန်းက ဓားအလင်းတစ်ခုအဖြစ် ပြောင်းကာ အရိပ်အယောင်တစ်ခုတောင် မကျန်ဘဲ ‌ပျောက်ကွယ်သွားတော့တယ်။

"သူ ‌ပျောက်သွားတာလား"

မြားအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကိုကိုင်ဆွဲထားတဲ့အကြိုနတ်ဘုရားက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ စစ်ဆေးလိုက်တယ်၊ လီဖူချန်းရဲ့အရိပ်အယောင်ကို လုံးဝမတွေ့တော့ဘူး။

"သူ တကယ်ပျောက်သွားတာပဲ"

ဦးခေါင်းအထက်လွင့်မျောနေတဲ့အစိမ်းရောင်သစ်သားပိုင်ရှင်အကြိုနတ်ဘုရားနဲ့ တူအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းပိုင်ရှင်အကြိုနတ်ဘုရားတို့က တစ်ယောက်ကိုတစ်‌ယောက် တုန်လှုပ်ချောက်ခြားစွာ ကြည့်လိုက်ကြတယ်။ သူတို့က ဒီနေ့ တစ္ဆေတစ်ကောင်ကို တကယ်မြင်ခဲ့တာပဲ။

အရှင်တစ်ယောက်ရဲ့ခွန်အားက ပထမတန်းစားအတင့်အကြိုနတ်ဘုရားတစ်ယောက်နဲ့ယှဉ်နိုင်ရင်တောင် အဆင်ပြေပါတယ်၊ ဒါပေမယ့် သူ့ရဲ့တည်နေရာရွှေ့ပြောင်းရေးနည်းစနစ်ကလည်း ဆန်းပြားလွန်းပါတယ်။

"မင်းက အသန်မာဆုံးအရှင်ဆိုတာ အံ့ဩစရာမရှိဘူးပဲ။ ငါ သံမဏိလက်သည်းတစ္ဆေနတ်ဘုရား၊ ဒီနေ့ အရှုံးကို ဝန်ခံပါတယ်"

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက အံကြိတ်ကာ တစ်လုံးချင်းစီပြောလိုက်တယ်။

အသန်မာဆုံးအရှင်နဲ့ပတ်သက်ပြီး ကောလဟာလအချို့ကို သူ သိတယ်။ အသန်မာဆုံးအရှင်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိပြီဖြစ်တာကြောင့် သူတို့က စကြာဝဠာနဲ့ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်တယ်။ အကြိုနတ်ဘုရားတွေက စကြာဝဠာစိတ်တန်ခိုးစွမ်းအားကို စိုးရိမ်ရပြီး အမြဲတမ်း အတားအဆီးအရိပ်အယောင်တစ်ခုရှိတယ်။ ဒီအတားအဆီးအရိပ်အယောင်က သူတို့ကို  လီဖူချန်းကို ရှာတွေ့ခြင်းမှ ကာကွယ်ပေးခဲ့တယ်။

အခြားစကားဖြင့်ဆိုရရင် အကြိုနတ်ဘုရားမြေအပြင်ဘက်မှာ တစ်ယောက်မှ အသန်မာဆုံးအရှင်ကို မရင်ဆိုင်နိုင်ဘူး၊ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်တောင်မှပေါ့။ အသန်မာဆုံးအရှင်က သူဆန္ဒရှိသလို သွားနိုင်လာနိုင်တယ်၊ သူ့ကိုရှာတွေ့ဖို့က မဖြစ်နိုင်ဘူး။

"အသန်မာဆုံးအရှင်က ကြောက်စရာကောင်းလွန်းတယ်။ သူ နတ်ဘုရားစစ်မြေပြင်ကို သွားရင် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရလောက်တယ်။ အသန်မာဆုံးအရှင်တစ်ယောက် အကြိုနတ်ဘုရားဖြစ်လာရင်တော့ ဘယ်လိုတောင် အံ့မခန်းဖြစ်လာမှာလဲ"

"အကြိုနတ်ဘုရားလက်နက်တစ်ခုကို ရဖို့က မလွယ်ဘူး။ အရေးကြီးဆုံးကတော့ မူလအဆုံးစွန်းအရှင်ကို ကြည့်ရတာ သူက သာမန်အကြိုနတ်ဘုရားလက်နက်တွေကို စိတ်မဝင်စားမှာ ငါ ကြောက်တယ်။ သူက ပထမတန်းစားအကြိုနတ်ဘုရားလက်နက်တွေကိုပဲ စိတ်ဝင်စားလိမ့်မယ်"

ပထမဆုံးအကြိုနတ်ဘုရားလက်နက်ကို သန့်စင်ဖို့က အရမ်းအရေးကြီးတယ်။ သင်က သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရွေးချယ်ရင် သာမန်အကြိုနတ်ဘုရားတစ်ယောက်ပဲ ဖြစ်လာဖို့များတယ်။ သင်က အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရွေးချယ်ရင် အဆင့်မြင့်အကြိုနတ်ဘုရားတစ်ယောက်ပဲ ဖြစ်လာဖို့‌များတယ်။ ဒါပေမယ့် ဒီကမ္ဘာမှာ သေချာတယ်ဆိုတာ မရှိဘူး။ ဒုတိယအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ပထမတစ်ခုထက် သုံးဆင့်ပိုသန်မာရင် ဒုတိယမြောက်ကင်ပွန်းတပ်ခြင်းကို ကြုံတွေ့ပြီး အကြိုနတ်ဘုရားစွမ်းအားကို ဆင့်ကဲပြောင်းလဲသွားစေလိမ့်မယ်"

သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို သန့်စင်ပြီး သာမန်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာတဲ့လူအချို့ရှိတယ်။ ပြီးနောက် သူတို့က အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိလာကြတယ်။ အဲဒါကို သန့်စင်ပြီးနောက် သူတို့က ဒုတိယမြောက်ကင်းပွန်တပ်ခြင်းကို ကြုံတွေ့ပြီး အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာလိမ့်မယ်။

ဒါပေမယ့် အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ရှားပါးလွန်းတယ်။ တစ်ခုကို ရဖို့ နတ်ဘုရားစစ်မြေပြင်ရဲ့အနက်ပိုင်းအထိ စွန့်စားသွားဖို့ လိုအပ်တယ်။

"အကြိုနတ်ဘုရားနယ်မြေနဲ့နတ်ဘုရားစစ်မြေပြင်ကို သွားပြိီးရင်‌တော့ စကြာဝဠာစိတ်တန်ခိုးစွမ်းအားက သူ့ကို ကူညီမှာမဟုတ်တော့ဘူး"

သံမဏိလက်သည်းတစ္ဆေနတ်ဘုရားက နှာခေါင်းရှုံ့လိုက်တယ်။

All Chapters