အခန်း (၃၃၃)
Vol. 34 Ch. 333
ကျန်းကျန်းတို့ဇနီးမောင်နှံနှစ်ယောက် လက်ချင်းတွဲ၍ သူတို့၏ ခြံဝင်းငယ်လေးသို့ ပြန်ရောက်လာခဲ့ကြသည်။
ရှီကျွင့်ကျဲသည်ကား ယနေ့တွင် ရှားပါးသည့် နေ့လယ်ခင်းအားလပ်ချိန်ကို မျှော်လင့်နေဆဲဖြစ်ပြီး အိမ်ထဲသို့ ရောက်သည်နှင့် ကျန်းကျန်းကို ခုတင်ပေါ် ဆွဲတင်ရန် ကြိုးစားခဲ့သည်။
သို့သော်လည်း ကျန်းကျန်းက ပြုံးလိုက်ပြီး ရှီကျွင့်ကျဲကို ခုတင်ပေါ် တွန်းထုတ်လိုက်လေ၏။ ပြီးနောက် နောက်သို့လှည့်၍ ထရပ်ကာ ပြေးထွက်သွားလေသည်။
“စီးပွားရေးမိတ်ဖက်တစ်ယောက်က တောင်ဘက်ကနေ ကောင်းတာလေးတွေ ယူလာပေးမယ်လို့ ပြောထားသေးတယ်၊ ကျွန်မ ပစ္စည်းတွေကို အရင်ဆုံး သွားယူလိုက်မယ်”
ရှီကျွင့်ကျဲက ခုတင်ပေါ်မှ ထကည တစ်ခုခုပြောရန် ဟန်ဟန်လိုက်ရုံသာ ရှိသေးသော်လည်း ကျန်းကျန်းက ထွက်ပြေး၍ ပျောက်ကွယ်သွားပြီဖြစ်၍ စိတ်ပျက်အားငယ်စွာဖြင့်သာ ခုတင်ပေါ်သို့ ပြန်ဝင်လှဲနေလိုက်ရတော့သည်။
ကျန်းကျန်းက သူမ၏ မိသားစုဝင်က ခုတင်ပေါ်၌ လှဲနေရင်း အိပ်ပျော်သွားခဲ့သည်ကို အသိစိတ်အာရုံဖြင့် ကြည့်လိုက်လေသည်။ သူ အိပ်ပျော်သွားသည်နှင့် နေရာလွတ်ထဲသို့ ဝင်သွားခဲ့သည်။
ပြီးနောက် နေရာလွတ်ထဲတွင် နွေရာသီဝတ်စုံလဲလှယ်လိုက်ပြီး တရုတ်ပြည်၏ တောင်ဘက်စွန်းမှ ကျွန်းလေးဆီ နေရာကူးပြောင်းမှုဖြင့် ရောက်လာခဲ့သည်။
ယနေ့ ဤကျွန်းငယ်လေး၌ နောက်ပိုင်း မျိုးဆက်များကဲ့သို့ စည်ပင်ဝပြောသည့် ပုံစံမျိုး မရှိသေးသော်လည်း၊ စိမ်းစိမ်းစိုစို သစ်ပင်တောအုပ်များ၊ ကြည်လင်သန့်ရှင်းရေများနှင့် ရေစပ်နားတွင် တန်းစီကာပေါက်နေသည့် အုန်းပင်ရိုင်းတန်းများက နောက်ပိုင်းမျိုးဆက်များထက် များစွာ ပို၍ လှပနေခဲ့သည်။
ကျန်းကျန်းက သစ်သားလှေတစ်စင်းကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်ပြီး ထိုလှေပေါ်၌ လုံခြုံစွာ ထိုင်လိုက်သည်။
ပင်လယ်ပြင်က ဤအချိန်တွင် လေများမတိုက်သော်လည်း ပင်လယ်ရေလှိုင်းများက ရိုက်ခတ်နေဆဲဖြစ်၍ လှေကို ပင်လယ်နက်ပိုင်းဆီသို့ အမြန်တွန်းပို့နေခဲ့သည်။ ကျန်းကျန်းက မျက်လုံးကိုမှိတ်၍ လှေပေါ်တွင် လှဲအိပ်လိုက်ပြီး သူမ၏ စိတ်အာရုံကို ပင်လယ်အောက်ခြေအထိ နက်ရှိုင်းစွာ ပို့လွှတ်လိုက်ကာ ပင်လယ်ထဲမှ ပုစွန်၊ ကမာ၊ ပင်လယ်ပိုး၊ ပင်လယ်ပုစွန်၊ ပင်လယ်ခရု၊ ပန်းခရု၊ ဂရူးပါငါး၊ သရက်ခရု၊ ဆင်စွယ်ခရု စသည့် ပင်လယ်စာများကို တိကျမှန်ကန်စွာ လှိုင်းများဖြင့် ရွှေ့ပြောင်းရန် ထိန်းချုပ်နေလိုက်သည်။
သူမက ပင်လယ်စာများကို တစ်ခုပြီးတစ်ခု လှေပေါ်တွင်ပါရှိသော ပုံးများထဲသို့ ထည့်လိုက်သည်။ လှေက ထွက်လာသည်မှာ မိနစ် (၂၀) သာ ရှိနေသေးသော်လည်း ကျန်းကျန်း၏ ခြေထောက်အောက်ရှိ ပုံးများက ပြည့်နေခဲ့ပေပြီ။
ပင်လယ်စာများကို ပုံးထဲသို့ ဖိသိပ်ထည့်ထားသည်ဖြစ်၍ လှည့်ပတ် လှုပ်ရှား၍ မရနိုင်သော်လည်း ကျန်းကျန်း၏ စွမ်းအားကြောင့် သူတို့အားလုံးက တက်ကြွစွာ ခုန်ပေါက်နေခဲ့ရကြသည်။
ဤမျှ များစွာသော ပင်လယ်စာများဖြင့်ဆိုလျှင် စားပွဲဝိုင်းကြီး နှစ်နပ်စာလောက်အတွက်ပင် ဝလင်ပိုလျှံစွာ စားသောက်ရန်အတွက် လုံလောက်နိုင်သည်ပင်။
ကျန်းကျန်းက ထိုနေရာမှ ထွက်ခွာခါနီးအချိန်တွင် ရုတ်တရက် သူမ၏ ခြေထောက်အောက်တွင်ရှိနေသော ရေမြှုပ်အောက်၌ ပင်လယ်ပုစွန်ကြီးများ အနည်းငယ်ခန့်က ရေကူးသွားနေသည်ကို မြင်လိုက်ရသောကြောင့် ကျန်းကျန်း၏အာခံတွင်းအတွင်း၌ တံတွေးများက ရုတ်တရက်ပြည့်လျှံလာခဲ့ရသည်။
သူမက လှေပေါ်တွင်ရှိနေသော ပင်လယ်စာပုံးများကို နေရာလွတ်ထဲသို့ ရွှေ့ပြောင်းလိုက်ပြီး နောက်ထပ် ပုံးအလွတ်တစ်ခုကို ထပ်ထုတ်လိုက်ပြန်သည်။
မကြာမီအချိန်တွင်ပင် ကြီးမားသော လက်မကြီးများပါသည့် ပင်လယ်ပုစွန်ကြီး ဆယ်ကောင်ကို လှိုင်းများကြားမှ ဖမ်းယူနိုင်ခဲ့ကာ ပုံးထဲသို့ ထည့်လိုက်သည်။
ပင်လယ်စာ၏ ထူးခြားသည့် အညှီနံ့များကို ရရှိပြီးနောက်တွင် ကျန်းကျန်း၏ နဂို ပြုံးနေသည့် မျက်လုံးများက ပို၍ပင်ကွေးညွတ်သွားခဲ့ရသည်။
မွန်းလွဲပိုင်း၌ ရှီမိသားစုအိမ်ဟောင်းသို့ သွားရမည်ဖြစ်၍ ပင်လယ်ပြင်၏ လှပသည့်ရှုခင်းကို ခံစားရန် အချိန်သများစွာ မရရှိပေ။
ကျန်းကျန်း သူမ၏ လက်ကိုဝှေ့ရမ်းလိုက်သည်နှင့် လှေများက ပင်လယ်ပုစွန်နှင့်အတူ ပင်လယ်ပြင်ထဲမှ ပျောက်ကွယ်သွားသည်။
ထိုပျောက်ကွယ်သွားသည့် ပင်လယ်စာပုံးများအားလုံ ကျန်းကျန်း၏ တေရာလွတ်ထဲသို့ အစီအရီ ရောက်ရှိနေခဲ့ကြသည်။
ကျန်းကျန်းက အနောက်တိုင်းအဆောက်အအုံထဲငို့ ဝင်ကာ ချည်သားလက်အိတ် တစ်စုံ ထုတ်ယူလိုက်ပြီး၊ ရောက်ရှိလာသည့် ပင်လယ်စာများကို မြန်မြန်ဆန်ဆန်ပင် အပိုင်းများခွဲကာ သစ်သားသေတ္တာများထဲသို့ ထည့်လိုက်သည်။
ကျန်းကျန်းက နေရာလွတ်ထဲမှ မထွက်မီ သူမ၏ အိမ်ကို ဦးစွာလှည့်ပတ်ကြည့်ရန် မမေ့ခဲ့ပေ။ ရှီချန်ပေါ်နှင့် လင်းရှို့လန်က အခန်းထဲ၌ ငြိမ်သက်စွာရှိနေခဲ့ကြပြီး အိပ်ယာထဲမှ မနိုးသေးသည့် ပုံရသည်။
ရှီကျွင့်ကျဲကလည်း ကျန်းကျန်း၏ ခေါင်းအုံးကို ဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။
အိမ်မှ အိမ်ဖော်များလည်း အားလပ်ရက်ယူထားကြပြီဖြစ်၍ အိမ်ကြီးက ဤအချိန်၌ တိတ်ဆိတ်နေသည်။
ကျန်းကျန်း ပင်လယ်စာများကို အရှေ့ဘက်ခြံထဲ၌ အရင်ထားလိုက်သည်။ သို့ဆိုပါက နောက်ပိုင်း ရှီမိသားစုအိမ်ဟောင်းသွားသည့်အခါတွင် ကားထဲသို့ တိုက်ရိုက်ထည့်ကာ ယူဆောင်သွားနိုင်လိမ့်မည်။
ကျန်ရှိနေသည့် ပင်လယ်စာပုံးများကတော့ သူမ၏ မိဘနှင့် အဖွားအတွက် နှစ်သစ်ကူးလက်ဆောင်ပင် ဖြစ်ချေသည်။
ကျန်းကျန်း ဘေးဘက်ခြံသို့ သွားလိုက်ပြီး အိမ်တွင်ရှိနေသည့်ကောင်လေးများကို ခေါ်လာကာ ပင်လယ်စာများ အိမ်သို့ သယ်ခိုင်းလိုက်သည်။
မဒမ်လီတစ်ယောက် တီဗီကြည့်နေရင်းဖြင့် ကျန်းကျန်းက လျှို့ဝှက်ဆန်းကြယ်သည့်ပုံကို လုပ်နေသည်ကို မြင်သောကြောင့် အဝတ်အစားများကို သပ်ရပ်အောင်လုပ်လိုက်ပြီး အပျော်ကြည့်ရန်လိုက်လာခဲ့သည်။
သစ်သားသေတ္တာ ငါးပုံးစီက အလေးချိန် ပေါင် ၂၀ ခန့်စီရှိပြီး ကောင်လေးများက လူအင်အားနှင့် သယ်လျှင်ပင် မောပန်းနေခဲ့ကြသည်။ ကျန်းကျန်းက သူတို့၏နောက်မှ လိုက်ကာ ခေါင်းခါရမ်းပြီး သတိပေးလိုက်လေသည်။
“မင်းတို့တွေက ကောင်လေးတြေဖြစ်ပြီး ကိုယ်ကာယခွန်အားက လုံးဝ မကောင်းဘူး၊ ဒီလောက်လေးတောင်မှ မနိုင်ကြဘူ့ပဲ၊ ရှက်စရာကောင်းလွန်းတယ်”
ကောင်လေးများက သူတို့၏ အဒေါ်ဖြစ်သူ မည်မျှ သန်မာသည်ကို သိနေကြသည်ဖြစ်၍ မည်သူကမျှ စကားတစ်ခွန်းမျှ မပြောရဲကြပေ။
ပစ္စည်းများကို မီးဖိုချောင်ထဲ၌ ထားပြီးမှသာ စိတ်သက်သာရာရသွားကြသည်။
“ဒါတွေက ဘာတွေလဲ”
မဒမ်လီက ကိုယ်ကို ကိုင်းညွတ်၍ သစ်သားသေတ္တာထဲမှ တကျစ်ကျစ်အသံကို နားထောင်လိုက်သည်။
သူမက အံ့ဩစွာ ပြောလာလေ၏။
“ဘာလို့ အသံတွေ ကြားနေရသေးတာလဲ”
ကျန်းကျန်းက အသံအကျယ်ဆုံးထွက်နေသည့် သေတ္တာ၏ အပြင်ဘက်မှ ကြိုးကို ပေါ့ပေါ့ဆဆ ဖြတ်လိုက်လေ၏။
ထို့နောက်တွင် သူမ မမြင်တွေ့ရသည်မှ အလွန်ကြာမြင့်နေခဲ့၍ မေ့မြောနေပြီဖြစ်သည့် ပင်လယ်ပုစွန်ကြီးတချို့က ချက်ချင်းထွက်လာခဲ့ပြီး ကောင်လေးအုပ်စုကို လန့်ပြေးစေခဲသည်။
ကျန်းကျန်းက ပြုံးလိုက်ပြီး ပင်လယ်ပုစွန်ကို ကောက်ယူပြီး ဘေးဘက်ရှိ ပုံးထဲ ပစ်ထည့်လိုက်ရင်း သူ၏တူများ ပျော်ပျော်ရွှင်ရွှင်နေသည်ကို ကြည့်ပြီး
“ဒါတွေက အသုံးမကျဘူး၊ ပြန်ကြည့်ရင် မင်းတို့ကို မပေးတော့ဘူး”
လီမင်ရှီနှင့် လီမင်ပေတို့လည်း လှုပ်ရှားသံများကိုကြားသောကြောင့် နေရာသို့ ရောက်လာခဲ့ကြသည်။
ပုံးထဲမှ ပုဇွန်ကြီးများကို မြင်လိုက်သည်နှင့် ၎င်းတို့က ပင်လယ်ထွက်ပစ္စည်းများဖြစ်ကြောင်းကို သူတို့ သိလိုက်ကြသည်။
ညီအစ်ကိုနှစ်ယောက်က ချက်ချင်းပင် အသိစိတ်ရှိစွာဖြင့် သူတို့၏ အင်္ကျီလက်ကို ခေါက်တင်လိုက်ကြသည်။ ထို့နောက် ကတ်ကြေးကို လိုက်ရှာပြီး သေတ္တာထဲမှ ပစ္စည်းများအားလုံးကို ထုတ်ယူရန်ပြင်ဆင်ခဲ့ကြသည်။
မမျှော်လင့်ဘဲ သေတ္တာများစွာကို ဖွင့်ကြည့်ပြီးနောက်တွင် ဂရူးပါးငါးမှလွဲ၍ ကျန်သည့်အရာများအားလုံးက ယခုအချိန်ထိ မသေသေးဘဲ အသက်ရှင်နေဆဲပင်။
လီမင်ပေက ကျန်းကျန်းကို အံ့ဩတကြီးကြည့်ကာ မေးလာလေသည်။
“တောင်ဘက်ကနေ ဒီဘက်ကိုဆိုရင် လောက်တောင် ဝေးတာကို သူတို့တွေ အသက်ရှင်နေတုန်းပဲ၊ ဘယ်လိုလုပ်ပြီး ဒီလိုရှိနေတာလဲ”
ကျန်းကျန်းက မျက်နှာပေါ်၌ နက်နဲသည့် အမူအရာဖြင့် ပြောလေသည်။
“ စတုတ္ထအစ်ကို ဘာသိလို့လဲ၊ အခုဆိုရင် လူတွေက အချင်းချင်း ဆက်ဆံရေးတည်ဆောက်ချင်တဲ့အတွက်ကြောင့် တစ်လမ်းလုံး အရပ်အနားမရှိယူလာပြီး ပို့ပေးခဲ့ကြတာ၊
သေနေတဲ့ ငါးနဲ့ ပုစွန်တွေ ပို့ရင် ဘယ်သူ့ကိုမဆို စိတ်ဆိုးအောင် လုပ်မိဖို့ လွယ်တယ်မဟုတ်ဘူးလား၊ ညီမလေး ထင်တာတော့ သူတို့က ပင်လယ်ရေနဲ့ အောက်ဆီဂျင်ပေးပြီး အတူတူ ယူလာတာဖြစ်ရမယ်၊
ပြီးတော့ ပေးမယ့်အချိန် မတိုင်ခင်ကမှ ထုပ်ပိုးတာနေမှာပေါ့၊ ကောင်းပြီ အစ်ကို့ကို ထပ်မပြောတော့ဘူး၊ အစ်ကိုတို့ မြန်မြန်လေး ပစ္စည်းတွေကို ခွဲပြီးထုတ်လိုက်ကြ၊ ပြီးရင် ရေနည်းနည်းထည့်လိုက်၊ သေသွားရင် မျက်စိကန်းတာပဲ”
လီမင်ပေနှင့် လီမင်ရှီတို့ ပုံများကို အထုပ်အပိုးဖြေနေသည်ကို မြင်လျှင် ကျန်းကျန်းက မဒမ်လီကို နှုတ်ဆက်လိုက်လေသည်။
“အဘွား၊ ကျွန်မ အရင်သွားတော့မယ်၊ ကျွန်မရဲ့ ယောက္ခမတွေ အခုလောက်ဆို နိုးနေလောက်ပြီ၊ ကျွန်မတို့ ရှီမိသားစုအိမ်ဟောင်းကို သွားရဦးမယ်”
“သွားတော့ သွားတော့”
မဒမ်လီက ပြုံး၍ ပြောလိုက်လေသည်။
“ရှီကျွင့်ကျဲရဲ့အဘိုးနဲ့ အဘွားကို ငါကို နှုတ်ဆက်တယ်လို့ ပြောပေးပါဦး၊ ပြီးတော့ မင်းရဲ့အဒေါ်နဲ့အတူ ဘယ်တော့လောက်ကို ငါတို့အိမ်ကို မာကျောက်ကစားဖို့ လာမလဲဆိုတာကိုလည်း မေးပေးပါဦး”
လင်းရှို့လန်နှင့် ကျန်းကျန်းတို့က အလှပြင်ဆိုင်ဖွင့်ရန် ပူးပေါင်းလုပ်ဆောင်ရန် ဆုံးဖြတ်ပြီးသည်ကတည်းက ပုံမှန် မာကျောက်ကစားဖော် သုံးယောက် လိုအပ်နေခဲ့သည်။ လင်းရှို့လန်၏ ယောက်မကြီး ချန်လဲ့ချင်းက သူမ၏ယောက္ခမ အိမ်၌ နေ့တိုင်းမရှိသည်ကို စိုးရိမ်ခဲ့သော်လည်း အဘွားရှီကမူ မျက်စိတစ်မှိတ်အတွင်း၌ သူမကို ဆွဲခေါ်လာခဲ့တတ်သည်။
ထိုယောက္ခမနှင့် ချွေးမတို့က မဒမ်လီနှင့် ဝမ်စုဖန်းတို့နှင့်အတူ နံနက်နှစ်နာရီကြာအောင် ကတ်ပြားများကစားခဲ့ကြလေသည်။
နေ့လယ်စာကို အတူစားခဲ့ကြပြီးနောက် နှစ်ယောက်က လင်းရှို့လန်မှ သူမ၏ ယောက္ခမ နားရန် ပြင်ဆင်ထားသည့် အခန်းထဲသို့ ပြန်သွားပြီး ခဏနားခဲ့ကြသည်။
ပြီးလျှင်မွန်းလွဲပိုင်း၌ ထပ်မံ ကစားပြီး မြို့တော်ဝန် ရှီချန်ပေါ်ပြန်မလာခင်အချိန်လောက်ကို အိမ်သို့ပြန်ခဲ့ကြသည်။
ကျန်းကျန်းက မဒမ်လီတစ်ယောက် မာကျောက် ကစားရန် ထပ်မံစဉ်းစားနေသည်ကို ကြားလျှင် မျက်နှာပေါ်၌ အနက်ရောင်မျဉ်းတစ်ကြောင်း ထွက်ပေါ်လာရသည်။
“ဒီလို အေးတဲ့နေ့တွေမှာ ဆိုဖာပေါ်မှာထိုင်ပြီး တီဗီကြည့်နေတာက ဘယ်လောက်တောင် ကောင်းလိုက်လဲ။ မာကျောက်ကစားဖို့အတွက် နှစ်နာရီလောက် ထိုင်နေတာ ခါးမနာဘူးလား”
“နင်က ဘာသိလို့လဲ”
မဒမ်လီက ယုတ္တိရှိစွာ ပြောလိုက်လေသည်။
“နင့်ရဲ့ယောက္ခမပြောတယ် မာကျောက်ကစားတာက ဦးနှောက်အတွက် ကောင်းတယ်တဲ့၊ အသက်တစ်ရာထိ နေရရင်တောင် စိတ်မရှုပ်ထွေးတော့ဘူးတဲ့”
မဒမ်လီတစ်ယောက် ပြောရင်း သူ၏မျက်လုံးများက ပုံးထဲရှိ ဂရူးပါးငါးပေါ် ကျရောက်သွားသည်။
“ဒီအချိန် ငါးစားတာ ကောင်းတယ်၊ ညကျရင် နှစ်ကောင်ပေါင်းပြီး ချက်စားမယ်၊ ငါးများများစားရင်လည်း အသက်ကြီးတဲ့အခါ စိတ်မရှုပ်ထွေးဘူးတဲ့”
*