← Chapters

အခန်း (၃၃၄)

Vol. 34 Ch. 334

အခန်း (၃၃၄)

Vol. 34 Ch. 334

အဖွားဖြစ်သူ၏စကားများကို နားထောင်ပြီးနောက် ကျန်းကျန်း ပြုံးလိုက်ပြီး ခေါင်းကိုခါရမ်းလျက် မိသားစုဝင်များကို နှုတ်ဆက်ကာ ဘေးအိမ်သို့ လျင်မြန်စွာ ပြန်လာခဲ့သည်။

သူမ အိအ်သို့ရောက်ချိန်တွင် ရှီကျွင့်ကျဲသည်လည်း အိပ်ရာမှ နိုးနေပြီး ဖြစ်လေသည်။

ကျန်းကျန်း အိမ်ထဲသို့ဝင်ပြီးနောက် ကိုယ်လက်နှင့်မျက်နှာသစ် သန့်ရှင်းလိုက်ပြီး အဝတ်အစားများကိုလဲပြီးသည်နှင့် လူငယ်ဇနီးမောင်နှံနှစ်ဦးက အထုပ်အပိုးများကို ပြင်ဆင်လျက် ရှီမိသားစုဟောင်း၏ အိမ်ကြီးသို့ သွားရန် စောင့်ဆိုင်းနေခဲ့ကြလေ၏။

ထိုအခိုက်တွင် လင်းရှို့လန်လည်း ရောက်လာခဲ့ကာ သူတို့ကို ခေါ်လာခဲ့သည်။

မိသားစုတစ်စုလုံးက လက်ဆောင်သေတ္တာများကို ထမ်း၍ အိမ်အပြင်သို့ ထွက်လာခဲ့ကြသည်။ ခြံတံခါးဝသို့ ရောက်သောအခါတွင် သေသပ်စွာ စီတန်းထားသည့် သစ်သားသေတ္တာ ငါးလုံးကို မြင်လိုက်ရသောကြောင့် သူတို့ အနည်းငယ် ကြောင်သွားကြသည်။

လင်းရှို့လန် မမေးမီပင် ကျန်းကျန်းက ပြုံး၍ ရှင်းပြလာခဲ့လေ၏။

“ဒါတွေက လုပ်ငန်းပါတနာ မိတ်ဆွေတစ်ယောက်ဆီက ပို့ပေးလိုက်တဲ့ ပင်လယ်စာတွေပါ”

ကျန်းကျန်း၏ လုပ်ငန်းသည်ကား ယခုအခါ များစွာ ပို၍ ကောင်းမွန်နေပြီ။

ရှီချန်ရှန်ထံမှ ကြားရသည်မှာ ယခုနှစ်တွင် ပရိဘောဂစက်ရုံသည်က တော်ဝင်မြို့တော်အတွင်းရှိ လုပ်ငန်းများအားလုံးတွင် အခွန်အများဆုံး ဆောင်ရသည့် စက်ရုံ ဖြစ်လာသည်ဟူ၏။

မူလ ပရိဘောဂစက်ရုံ အဆောက်အအုံတစ်ခုတည်းဖြင့်လည်း ထုတ်လုပ်မှု လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်တော့ချေ။

ထို့ကြောင့် ကျန်းကျန်းက ပေကျင်းမြို့ပြင်တွင် မြေကွက်အကြီးကြီးတစ်ကွက်ကို လျှောက်ထားခဲ့သည်။

သူမက နှစ်သစ်ကူးပြီးနောက်တွင် စက်ရုံအဆောက်အအုံအသစ်များ ဆောက်ရန်အတွ် ကြိုတင် စီစဉ်ထားခဲ့သည်။

ထို့ကြောင့် သူမထံသို့ နှစ်သစ်ကူးလက်ဆောင်အတွက် ပင်လယ်စာများကို ဤမျှလောက်သော ပမာဏအထိ ပို့ပေးနိုင်သည့်သူတစ်ဦးနေသည်က ထူးဆန်းသည် မဟုတ်ပါချေ။

မိသားစုလေးယောက်က ရှီမိသားစုအိမ်ဟောင်းကြီးသို့ ကားဖြင့် မောင်းလာခဲ့ကြသည်။

ရှီအဘွားကြီးမှာ လက်ရှိတွင် မြေးများအုပ်စုနှင့် စကားပြောနေခဲ့သည်။ ရှီကျွင့်ကျဲနှင့် ကျန်းကျန်း အထဲသို့ရောက်လာသည်ကို မြင်သည်နှင့် သူမက ပြုံး၍ မေးလိုက်လေသည်။

“မင်းတို့ ရောက်လာပြီလား၊ အပြင်မှာ အရမ်းအေးနေလား၊ ကျန်းကျန်း မင်းမလာခင်က မင်းအဖွား ဘာပြောလဲ”

ကျန်းကျန်း ပြုံး၍ နှုတ်ဆက်ကာ ပြောလိုက်လေ၏။

“အဘွားက သူမကိုယ်စား နှုတ်ဆက်ပေးပါလို့ ပြောလိုက်တယ်၊ ပြီးတော့ တရုတ်နှစ်သစ်ကူးကျရင် မာ ကျောက် အတူဆော့မဲ့ အချိန်ကိုလည်း သိချင်တယ်လို့ ပြောခိုင်းပါတယ်”

ရှီအဘွား ချက်ချင်းဆိုသလိ ပျော်ရွှင်သွားခဲ့ကာ တက်ကြွစွာဖြင့် ပြောလာခဲ့သည်။

“နှစ်သစ်ပြီးလို့ ဆယ့်ငါးရက်နေ့ ပြီးရင် သွားမယ်”

နှစ်သစ်ကူးအကြိုနေ့သို့ မရောက်သေးသော်လည်း မိသားစုတစ်စုလုံးက စုံစုံညီညီ စုရုံးနေခဲ့ကြသည်။

ကျန်းကျန်းသည် ယခုကဲ့သို့ ဆောင်းရာသီတွင် ရှာဖွေရ အလွန်အမင်းခက်ခဲသည့် ရှားပါးအစားအစာဖြစ်သည့် ပင်လယ်စာ များစွာကို ယူလာပေးသည့်အတွက် လူတိုင်းက ပျော်ရွှင်နေကြသည်ကိုတော့ အထွေအထူး ပြောစရာမလိုတော့ပေ။

ရှီကျွင့်ကျဲက ရှီမိသားစုအတွင်းတွင် ဟင်းချက် လက်ရာအကောင်းဆုံးသူ ဖြစ်သော်လည်း ရှီမိသားစုက တရုတ်နှစ်သစ်ကူးအတွက် ဟင်းလျာများ ချက်ပြုတ်ခြင်းမှာ ရှီကျွင့်ကျဲ၏ အလုပ်တာဝန် ဖြစ်ရမည်ဟု မယူဆထားကြပါချေ။

ရှီဦးလေးနှင့် ရှီချန်ရှန်တို့က စာကြည့်ခန်းအတွင်းတွင် လက်ဖက်ရည်သောက်နေကြသည်မှလွဲ၍ ကျန်သည့်သူများအားလုံးသည်က မီးဖိုချောင်အတွင်း အလုပ်များနေခဲ့ကြပြီး လူများစွာဖြင့် ပြည့်ကျပ်နေကြသည်။

ပင်လယ်စာကို သန့်ရှင်းသည့်သူများ၊ ဟင်းသီးဟင်းရွက် ဆေးကြောသည့်သူများလည်း ရှိသည်။

လူတိုင်းသည်က မိမိ၏ အထူးဟင်းလျာကို ကိုယ်တိုင်ချက်ပြုတ်နေခဲ့ကြကာ အဘွားကြီးရှီအား သူတို့၏လက်ရာ အရသာကို မြည်းစမ်းခိုင်းချင်နေခဲ့ကြသောကြောင့် အထူးတလည်းကောင်းစွာ ချက်နေခဲ့ကြလေ၏သည်။

ယန်းကျန်း ယူလာသည့် ပင်လယ်စာများသည် ထိုမျှလောက်ပင် များပြားသည့်အတွက် မိသားစုအတွင်း၌ အကြိမ်များစွာ စားသောက်ရန်ပင် လုံလောက်ပေသည်။

သူတို့၏ လက်ရာများက မကောင်းမွန်လျှင်ပင် ပုစွန်နှင့် ပုစွန်ပေါင်းများကို ချက်ရန် အလုအယက်ယူဆောင်နေခဲ့ကြသည်။

မည်သို့ပင် ဖြစ်စေ၊ အလတ်ဆတ်ဆုံး ဖြစ်သည့်အတွက် မူလအရသာအတိုင်းသည်က ပင်လယ်စာများအတွကင အကောင်းဆုံး ဖြစ်ပေသည်။

ပျော်ရွှင်ဖွယ်ရာ ပွဲတော်အခါသမယဖြစ်သည့် နှစ်သစ်ကူးပြီးနောက်တွင် လင်းရှို့လန်၊ စွမ်းရန်သယ်နှင့် ဝမ်ရှင်းကျဲတို့သည်လည်း သူတို့ ရွေးချယ်ထားသည့် အလုပ်သမားများနှင့်အတူ တရုတ်နိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။

ပရိဘောဂစက်ရုံကို စွမ်းရန်သယ်၏ လက်ထောက်က ယာယီဦးစီးနေခဲ့သည်။ ဤသူကို စွမ်းရန်သယ်နှင့် ဝမ်ရှင်းကျဲတို့က ပူးပေါင်း၍ အကြံပြုထားခြင်းဖြစ်ပြီး သူသည်က အရည်အချင်းရှိ၍ ပြဿနာများကိုလည်း ကောင်းမွန်စွာ စဉ်းစား၍ ဖြေရှင်းတတ်သည်။

စွမ်းရန်သယ်က သူ့ကို ယုံကြည်စွာထားခဲ့သည့်အတွက် ထိုသူက စက်ရုံကို အပြည့်အဝ ထောက်ပံ့နိုင်ကြောင်း သိရှိနိုင်သောကြောင့် ကျန်းကျန်းလည်း များစွာ စိတ်ပူစရာမလိုပါချေ။

အဝတ်ချုပ်စက်ရုံ ကိစ္စအတွက်မူ စစ်ရာရန်က လုပ်ငန်းကို တာဝန်ယူထားခဲ့သည်။

သူသည်ကား စျေးကွက်နှင့် ပတ်သက်သည့် ထိုးထွင်းဉာဏ်များ သိပ်ပြီးမရှိလှသည်မှအပ မည်သည်အရာကိုမှ ပြောစရာမရှိပေ။

ကျန်းကျန်းသည် ထိုသူမှ ရောင်းမထွက်နိုင်သည့် ရှေးဟောင်းအဝတ်အစားများ ပြန်လည်ထုတ်လုပ်မည်ကို စိုးရိမ်သည့်အတွက် သူမကိုယ်တိုင် နွေဦးရာသီအတွက် အဝတ်အစားသစ်များကို ဒီဇိုင်းဆွဲပေး၍ အလုပ်သမားများနှင့် ဦးစွာ ထုတ်လုပ်ခိုင်းလိုက်သည်။

ဤစက်ရုံနှစ်ခုသည်က စနစ်တကျရှိသည့် လုပ်ငန်းများဖြစ်၍ လူအနည်းငယ် ထွက်သွားသည်က လုပ်ငန်း၏ ပုံမှန်လည်ပတ်မှုကို အချိန်တိုအတွင်း ထိခိုက်စေမည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အားဖြင့် အလှပြင်ဆိုင်က ကျန်းကျန်းအတွက် စိတ်ပူပန်မှုများစွာ ပေးခဲ့သည်။

အလှပြင်ဆိုင်တွင် လေ့ကျင့်ရေး တက်ရောက်ခဲ့သည့် အလှဖန်တီးရှင် သုံးဆယ်သာ ရှိသည်။

ဤသူများအားလုံးကို နိုင်ငံခြားသို့ တစ်ချိန်တည်း ခေါ်ဆောင်သွား၍ သင်ကြားမှုကို တက်ရောက်ခိုင်းရန် မဖြစ်နိုင်ချေ။

ထို့ကြောင့် လင်းရှို့လန်က ဦးစွာ လေ့ကျင့်ရေးအတွက် သင်တမ်းသားများအတွင်းမှ အကောင်းဆုံးများကို သင်တန်းသားများကိုရွေးချယ်၍ စုစုပေါင်း ခြောက်ဦးကို ပြင်သစ်နိုင်ငံရှိ ထိပ်တန်းအလှပြင်ဆိုင်များသို့ သွားရောက်လေ့လာရန် ရွေးချယ်ခဲ့သည်။

ဆက်စပ်အလှပြင်ပစ္စည်းများ မည်သို့ အသုံးပြုရမည်ကို သင်ယူရန်အတွက် အလှကုန်ပစ္စည်းများ စက်ရုံသို့လည်း သွားခဲ့ကြသည်။

ဤသူများသည် အနာဂတ်တွင် အလှပြင်ဆိုင်များ၏ အထူးအလှဖန်တီးရှင်များ ဖြစ်လာသည်သာမက စီမံခန့်ခွဲမှု ရာထူးသို့ တိုးမြှင့်ရရန် အများဆုံးဖြစ်နိုင်ခြေရှိသူများလည်း ဖြစ်သည်။

ကောင်းမွန်သည့် ဝန်ထမ်းများကို ခေါ်သွားသည့်အတွက် ကျန်သည့်သူများက ထိန်းချုပ်မှု မရှိတော့ချေ။

ဝန်ထမ်းများ ဆုံးရှုံးမှု မရှိစေဖို့ ကာကွယ်ရန်အတွက် ဤသင်တန်းသား သုံးဆယ်လုံးကို ရေရှည်စာချုပ်များ ချုပ်ဆိုထားကြသည်။

သူတို့ကို ပုံမှန်အတိုင်း လစာပေးထားသည်ဖြစ်၍ ကျန်းကျန်းအနေနှင့် သူတို့ကို ပေါ့ပေါ့နေ၍ သင်ယူထားသည်များ မေ့သွားအောင် လုပ်ခိုင်းမည် မဟုတ်။

ထို့ကြောင့် ကျန်းကျန်းက လူများကို အလှပြင်ဆိုင်သို့ ပြန်ခေါ်လာခဲ့သည်။

သူမက ထိုသင်တန်းသားများကိုပတ်ဝန်းကျင်တွင် နေ့စဉ် သန့်ရှင်းရေးလုပ်ခြင်းအပြင် ပတ်ဝန်းကျင်နှင့် သူတို့ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် သင်ယူခဲ့သည်များကိုလည်း ရင်းနှီးအောင် လုပ်ခိုင်းခဲ့သည်။

သတင်းထောက် ဖြစ်ရခြင်း၏ အားသာချက်များသည်က ယခုအချိန်တွင် ပေါ်လွင်လာခဲ့သည်။

ကျန်းကျန်း၏ အရည်အချင်းအရဆိုလျှင် အမျိုးသားရေးရာ ကိစ္စရပ်များကဲ့သို့ သတင်းများကို လိုက်နိုင်မည် မဟုတ်ချေ။

သူမသည်ကာဝ အဓိကအားဖြင့် လူမှုစီးပွားရေးနှင့် ပြည်သူ့အရေးကို အာရုံစိုက်သည်။ ဤကဲ့သို့သော ဆောင်းပါးများတွင် အင်တာဗျူးလုပ်ရမည့် နေရာများစွာ ရှိ၍ အချိန်ကန့်သတ်ချက်လည်း မရှိပေ။

ထို့ကြောင့် ယွီရှို့ကျင်းက ကျန်းကျန်းကို အင်တာဗျူး၍ ထုတ်ဝေသည့် လုပ်ငန်းကို ပြီးမြောက်ရန် သုံးရက်မှ ငါးရက် သို့မဟုတ် တစ်ပတ်ခန့် ပုံမှန်ပေးလေ့ရှိသည်။

ပုံမှန်အလုပ်အပြင် ကျန်းကျန်းက အချိန်အများစုကို အလှပြင်ဆိုင်၌ ကုန်ဆုံးခဲ့သည်။

တစ်လကြာသောအခါတွင် လင်းရှို့လန်က အသွင်အပြင်အသစ်နှင့် ဝန်ထမ်းများ၊ အလှပြင်ပစ္စည်း တစ်ဒါဇင်ကျော်နှင့် နိုင်ငံတကာ အမှတ်တံဆိပ်ကြီးများမှ ခေတ်မီအဝတ်အစားအချို့ကို ယူဆောင်၍ တရုတ်ပြည်သို့ ပြန်လာခဲ့လေ၏။ ထိုအချိန်မှသာ ကျန်းကျန်း သက်ပြင်းချနိုင်ခဲ့သည်။

ပစ္စည်းများကို တစ်ခုချင်းစီ နေရာတကျ တပ်ဆင်လိုက်ကြပြီးနောက် တရုတ်ပြည်သို့ ပြန်လာကြသည့် အထူးအလှဖန်တီးရှင်များက နိုင်ငံခြား၌ သင်ယူခဲ့သည့် ပညာရပ်များကို တရုတ်ပြည်၌ ကျန်ရစ်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များသို့ လုံးဝမခြွင်းချန်ဘဲ လက်ဆင့်ကမ်း သင်ကြားပေးခဲ့ကြသည်။

ပစ္စည်းများကို တပ်ဆင်ပြီးနောက်တွင် အလှပြင်ဆိုင်က နောက်ဆုံးတွင် ဖွင့်လှစ်ရန် အဆင်သင့် ဖြစ်နေခဲ့ပေပြီ။

အလှပြင်ဆိုင် စတင်တည်ဆောက်သည့် အစောပိုင်းကာလတွင် ယန်းကျန်းက အလှပြင်ဆိုင်အတွက် လှပသည့် ကြော်ငြာနံရံကို ဆေးပန်းချှဖြင့် နံရဲများပေါ်တွင် ရေးဆွဲခဲ့သည့်အတွက် လူများစွာ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့သည်။

အလှပြင်ဆိုင်၏ တည်နေရာသည်က တော်ဝင်မြို့တော်အတွင်း အကျော်ကြားဆုံး စီးပွားရေးလမ်းမကြီးနှင့် မီတာတစ်ရာလောက်တောင်မဝေးဘဲ အလွန် နီးကပ်ပေသည်။

လွန်ခဲ့သည့် လအနည်းငယ်က တော်ဝင်မြို့တော်မှ လူများက ဤနေရာတွင် အလှပြင်ဆိုင် ဖွင့်တော့မည်ကို အခြေခံအားဖြင့် သိနေခဲ့ကြပြီ။

သို့သော်လည်း ယန်းကျန်းနှင့် လင်းရှို့လန်တို့က ဖွင့်ပွဲမတိုင်မီ ပြင်ဆင်မှုများစွာ လုပ်ခဲ့ကြသည်။

ကြော်ငြာဗီနိုင်းများ ချိတ်ဆွဲခြင်းအပြင် လက်ကမ်းကြော်ငြာများ ဝေရန် လူများစွာကို ငှားရမ်းခဲ့သည်။

အစောပိုင်း ကြော်ငြာပိုစတာများကို ဖွင့်ပွဲကြိုတင်လှုပ်ရှားမှုနှင့် ပေါင်းစပ်ခဲ့သည်။

ဖွင့်ပွဲနေ့တွင် အလှပြင်လုပ်ငန်းအတွက် လူဒါဇင်ပေါင်းများစွာ တန်းစီခဲ့ကြသည်အပြင် လူရာပေါင်းများစွာသည်လည်း စိတ်ဝင်စား၍ လာရောက်ကြည့်ရှုခဲ့ကြသည်။

တီဗီဌာနနှင့် သတင်းစာများမှ သတင်းထောက်များပင် လာရောက်ခဲ့ကြသည်။ ဤသည်မှာ တော်ဝင်မြို့တော်၏ ပထမဆုံး အလှပြင်ဆိုင်ဖြစ်၍ အတော်လေးအဓိပ္ပာယ်ရှိသည့် ကိစ္စ ဖြစ်ပေသည်။

မီးရှူးမီးပန်းများ ပစ်ဖောက်ပြီးသည်နှင့် လင်းရှို့လန်က အလှပြင်ဆိုင်တံခါးကို ဖွင့်လိုက်သည်။

ထို့နောက်တွင် ပန်းရောင်ဖျော့ဖျော့ ဝတ်စုံဖြင့် အလှဖန်တီးရှင်များနှင့် ဆံပင်ညှပ်သူများက တန်း၏စီထွက်လာခဲ့ကြကာ ဖောက်သည်များနှင့် လူအုပ်ကြီးကို ညီညီညာညာ ခေါင်းညိတ် အရိုအသေပေးကြသည်။

“ရီရန်အလှပြင်ဆိုင်မှ ကြိုဆိုပါတယ်”

ဤကဲ့သို့ အမူအရာက တုံ့ဆိုင်းနေသေးသည့် လူများစွာကို အားပေးမှုတစ်ရပ် ပေးခဲ့၍ တန်းစီမှုက ချက်ချင်း ပိုမိုရှည်လျားလာခဲ့လေသည်။

All Chapters