အခန်း (၃၃၅)
Vol. 34 Ch. 335
ရီရန်အလှပြင်ဆိုင်၏ မူလ ရည်ရွယ်ချက်မှာ အဆင့်မြင့်ဇိမ်ခံပစ္စည်းများအတွက် ဖြစ်သည့်အတွက် ပထမထပ်မှ အလှပြင်ဝန်ဆောင်မှုသည်က သာမန်လူများအတွက် ဖွင့်ထားလျှင်သော်လည်း စျေးမပေါပါချေ။
အပြည့်အစုံ အလှပြင်ဝန်ဆောင်မှုတစ်ခုသည်က ၂၈ ယွမ်၊ အသက်သာဆုံး သာမန်အရေပြားထိန်းသိမ်းရန် အနှိပ်ခံမှုသည်က ၁၀ ယွမ်ဖြစ်ပြီး ကျန်ရှိသော အလှပြင်ဆင်ထိန်းသိမ်းမှုများသည်များလည်း စျေးမပေါပါချေ။
ဆံပင်ညှပ်ဆိုင်၏ စျေးနှုန်းကတော့ ထိုမျှလောက်မျှ မမြင့်သော်လည်း ဆံပင်ညှပ်ခသည်လည်း အပြင်ဘက် မှ ဆံပင်ညှပ်ဆိုင်များထက် နှစ်ဆပိုများသည်။
ဆံပင်ကောက်ခြင်းနှင့် ဒီဇိုင်းထုတ်ထားသည့် ဆံပင်ပုံစံများသည်က စျေးကြီးနေသည်ကိုတော့ ပြောစရာပင်မလိုပါချေ။
သို့သော်လည်း ဤနေရာတွင် မဂ္ဂဇင်းများကို အသုံးပြု၍ ဆံပင်ကို နာမည်ကြီးများကဲ့သို့ အတိအကျ ကောက်နိုင်ပေသည်။
ဤသည်မှာ အပြင်ဘက်၌ မီးပူတိုက်၍ ဆံပင်ကောက်သည့်သူများနှင့် လုံးလုံးလျားလျားနှိုင်းယှဉ်၍ မရပေ။
တန်းစီနေသည့် လူများက များစွာရှိသည့်အတွက် ပထမထပ်မှ အလှပြင်ကုတင်များ အားလုံးက ပြည့်သွားခဲ့ပြီး နောက်မှရောက်လာသည့် လူဆယ်က စောင့်ဆိုင်းခန်းအတွင်းသို့ စောစီးစွာ ရောက်ရှိသွားကြသည်။
ချိုမြိန်သည့် အပြုံးများဖြင့် ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းကလည်း ဖောက်သည်ထံတွင် သူတို့၏ ကြိုက်နှစ်သက်သည့်အရသာကို နူးညံ့ညင်သာစွာ မေးမြန်းနေခဲ့ကြပြီး လက်ဖက်ရည်၊ ဖျော်ရည်နှင့် ကော်ဖီအပြင် ကွတ်ကီးများ၊ ကိတ်မုန့်များ၊ လတ်ဆတ်သည့် သစ်သီးတုံးများကိုပါ ကျွေးခဲ့သည်။
ဤတစ်ကြိမ်တွင် တစ်လှမ်း နောက်ကျသွား၍ စိတ်တိုနေသည့် ဖောက်သည်များအားလုံးက ထိုဧည့်ခံမှုများကြောင့် ပြုံးရွှင်နေကြပေပြီ။
ကိတ်မုန့်သည်ကား တစ်ကိုက်စာသာ ရှိသော်လည်း နူးညံ့သည့် အရသာသည်က သူတို့ကို ကြာရှည်စွာ သတိရနေအောင် လုပ်နိုင်ခဲ့သည်။
အပြင်ဘကကက်၌ စောင့်နေသည့်သူများကို အစားအစာပြည့်စုံစွာ ပို့ဆောင်ပေးရန် အဆင်မပြေသော်လည်း ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများက လက်ဖက်ရည်ပူပူများကို တစ်ဦးချင်းစီ လိုက်ပါ ပို့ပေးခဲ့သည်။
ဤနေ့ခေတ်ကာလသည်ကား စားသောက်ဆိုင်သို့ သွားခြင်း သို့မဟုတ် အဝတ်အစားဝယ်ခြင်းများတွင် ဝန်ဆောင်မှုပေးသည့်သူများ၏ မျက်နှာကို ကြည့်နေရခြင်းကဲ့သို့ မဟုတ်ဘဲ ဆန့်ကျင်ဘက်ဖြစ်စွာဖြင့် ဤနေရာက လက်ဖက်ရည်၊ ရေ၊ ကိတ်မုန့်နှင့် ကွတ်ကီးများကို အခမဲ့ပေး၍ ဝန်ဆောင်မှုပေးနေလဲ့သည်။
သူတို့သည်ကား ဤမျှ အနွေးထွေးဆုံးနှင့် စဉ်းစားပေးသည့် ဝန်ဆောင်မှုပေးသည့်နေရာကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်ပေသည်။
ရီရန်အလှပြင်ဆိုင်သည်ကား တစ်ရက်အတွင်းမှာပင် သာမန်လူများ၏ကြား၌ အားကျစွာ ပြောဆိုကြရသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။
အလှပြင်ဆိုင်၏ ပထမထပ်၌ ဆူညံပွက်လောရိုက်နေခြင်းနှင့် ယှဉ်လျှင် ဒုတိယထပ်သည်ကား များစွာ ပိုမိုတိတ်ဆိတ်နေခဲ့သည်။
အသက် ၅၀ ကျော်ပြီဟု ထင်ရသော်လည်း ဆွဲဆောင်မှုရှိနေသေးသည့် အမျိုးသမီး ခြောက်ဦးက သက်တောင့်သက်သာရှိသည့် ဆိုဖာများပေါ်တွင် ထိုင်နေကြသည်။
တချို့က လတ်ဆတ်သည့် ဖျော်ရည်တစ်ခွက်ကို ကိုင်ထားကြ၍ တချို့ကမူ လတ်ဆတ်စွာ ဖျော်ထားသည့် ကော်ဖီကို သောက်နေခဲ့ကြသည်။
တချို့ကမူ စျေးကွက်၌ ရှာဖွေရခက်ခဲသည့် အဆင့်မြင့် လက်ဖက်ရည်ကို သောက်နေကြလေသည်။ သူတို့၏ ကော်ဖီစားပွဲပေါ်တွင်မူ အလွန်စျေးကြီးပုံရသည့် မုန့်အမျိုးအစားများနှင့် အသီးအနှံများ ရှိနေသည်။
“လင်းရှို့လန်က နှစ်တစ်ဝက်ကျော်ကြာအောင် အလုပ်များနေတာလေ၊ တစ်နေကုန် ဘယ်သူ့မှ သူမကို မမြင်ရဘူးလို့ ငါပြောခဲ့တယ်မလား၊
အခုတော့ သူမက အလှပြင်ဆိုင်ကြီးတစ်ခုကို တိတ်တိတ်လေး စီမံခန့်ခွဲနေတာကိုသိလိုက်ရပြီ၊ အံ့သြစရာပဲ”
စကားသံတစ်ခု ထွက်လာသည်တွင် မနာလိုသည့် အပြုံးဖြင့် လင်းရှို့လန်ကို ကြည့်လိုက်သည့် မျက်လုံးများက တောက်ပနေခဲ့သည်။
“အသက်နည်းနည်းငယ်သေးတော့ မတူဘူးပေါ့၊ဘငါ့ကိုသာ စီးပွားရေးလုပ်ခိုင်းကြည့်ပါလား၊ အင်အားရော အရည်အချင်းပါ မရှိတော့ဘူးလေ”
“ကျွန်မရဲ့ ချွေးမက အလှပြင်ဆိုင်မှာ ရင်းနှီးမြှုပ်နှံထားတာလေ၊ သူမက ကိစ္စတော်တော်များများကို စီမံခန့်ခွဲနေရတော့ ဒီဘက်ကို ကြည့်ပေးဖို့အတွက် အချိန်မရှိခဲ့ဘူး၊ ဒါကြောင့် ကျွန်မလည်း အိမ်မှာ အားနေတုန်း တစ်ခုခုလုပ်ရတာ ပိုကောင်းပါတယ်ဆိုပြီး လုပ်ဖြစ်သွားတာ”
လင်းရှို့လန်က ဖျော်ရည်ခွက်ကို ကိုင်လျက် ပြုံး၍ သူမကို ကြည့်လိုက်သည်။
“ရှင့်ကို ကြည့်လိုက်ပါဦး၊ ရှင်ပြောတဲ့စကားက ကျွန်မထက် အများကြီး အသက်ကြီးတယ်လို့ ထင်ရတယ်၊ ကျွန်မက ရှင့်ထက် နှစ်နှစ်ပဲငယ်တာလေ၊ မွေးနေ့အရဆို တစ်နှစ်ကျော်လေးပဲ ကွာတယ်”
“အဓိက ကတော့ လင်းရှို့လန်က ငယ်ပြီး ငါတို့ထက် အများကြီး နုပျိုနေလို့ပေါ့၊ တကယ်တော့ ငါတို့အားလုံးက အခြေခံအားဖြင့် ပထမနှစ် ကျောင်းသားတွေ အတူဖြစ်ခဲ့တာပဲ”
နောက်တစ်ဦးက လင်းရှို့လန်၏ ချောမွေ့နူးညံ့သည့် အသားအရေကို ကြည့်၍ ပိုမိုစိတ်ဝင်စားသွားသည် ။
“ရှို့လန်၊ ဒီမှာအလှပြင်တာက မင်းရဲ့ အသားအရေလိုမျိုး ဖြစ်အောင် တကယ်လုပ်နိုင်လား”
လင်းရှို့လန်က သူမမျက်နှာကို ထိ၍ ပြုံးလိုက်သည်။
“ဒါက ကျွန်မ ပြင်သစ်မှာ ပုံမှန် အလှပြင်ဆိုင်သွားတုန်းက ပြင်ဆင်နိုင်ခဲ့တာလေ၊ ကျွန်မ ပြန်ရောက်စတုန်းကဆို ကျွန်မရဲ့ အသားအရေက နူးညံ့ပြီး ကလေးမလေးလိုမျိုး လှတယ်လို့ ရှင်တို့ ပြောခဲ့ကြတာကို မှတ်မိသေးလား၊
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထိန်းသိမ်းစရာ နေရာမရှိခဲ့ဘူး၊ ဒါကြောင့် ကျွန်မရဲ့ မျက်လုံးထောင့်မှာ အရေးအကြောင်း နည်းနည်းလောက် ရှိလာခဲ့တာ၊
ရှင်တို့လည်း မြင်နိုင်ပါတယ်၊ ကျွန်မတို့ တော်ဝင်မြို့တော်ရဲ့ လေထုက အရမ်းခြောက်သွေ့ပြီး အရေပြားထိန်းသိမ်းမှု ပစ္စည်းတွေတစ်ခုတည်းနဲ့ ဘယ်လိုမှ အဆင်မပြေဘူး”
“ဒါဆို ငါတို့လည်း စမ်းကြည့်ရအောင်၊ ဘာပဲဖြစ်ဖြစ် အိမ်မှာ ပျင်းနေရတာလေ၊ ဒီမှာဆိုရင် အတူစုဝေးစကားပြောပြီး လက်ဖက်ရည်သောက်လို့ ရတယ်”
လင်းရှို့လန်၏ ညီအစ်မများနှင့် ထိုက်တန်သည့်သူများသည်က ချမ်းသာသည့် သူဌေးကတော်များချည်းပင်။ သူတို့၏ ခင်ပွန်းများသည်က ရာထူးကြီးများ၌ ရှိ၍ သူတို့၏ သားသမီးများလည်း ချမ်းသာကြွယ်ဝကြသည်။
စျေးဝယ်ခြင်းမှအပ ပုံမှန်အားဖြင့် အိမ်၌သာ ပျင်းရိစွာ နေကြရသည်။ လင်းရှို့လန်နှင့် နှိုင်းယှဉ်လျှင် သူတို့အားလုံး အင်အားနည်းကြသည်။
လူအချို့ စိတ်ဝင်စားနေသည်ကို မြင်သည်နှင့် လင်းရှို့လန်က ပြုံး၍ ပြောလိုက်လေ၏။
“ဒီတစ်ခါ ရှင်တို့ အားလုံးကို ကောင်းကောင်း ခံစားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်၊ နောက်ပိုင်းမှာ မိတ်ကပ်လိမ်းတာနဲ့ အလှပြင်တာတွေ လိုအပ်ရင် ဆိုင်ကို တိုက်ရိုက်လာခဲ့ကြပေါ့၊
ဒါပေမယဲ့ ကျွန်မက မိန်းကလေးအချို့ကို ပြင်သစ်အထိ အထူးတလည်ခေါ်သွားပြီး သင်တန်းပေးထားတာနော်၊ ပေးရတဲ့ ပိုက်ဆံနဲ့ ထိုက်တန်တယ်လို့ အာမခံတယ်”
“ဒါဆို ငါတို့ ကောင်းကောင်းခံစားကြည့်မယ်၊ မင်းပြောသလို ကောင်းရင် မင်း ခုနက ပြောတဲ့ တစ်နှစ်စာကတ် လုပ်ပေးရုံတင်မကဘဲ နောက်ထပ် ဧည့်သည်တွေပါ ခေါ်လာပေးမယ်”
လူတချို့ ရယ်မောလိုက်ကြပြီ ဝန်ထမ်းများ၏ နောက်မှ အဝတ်လဲခန်းသို့ လိုက်သွားကြသည်။
ငွေသုံးရန် ဒုတိယထပ်သို့ လာသည့်သူများသည်ကား အဆင့်အတန်းရှိသည့်သူများဖြစ်၍ အဝတ်လဲခန်းများသည်လည်း သီးခြားစီဖြစ်ပြီး အထူးဗီရိုနှင့် ဆိုဖာအပြင် တီဗီနှင့် ကုတင်များပါရှိလေသည်။ ဆိုရလျှင် ဧည့်သည်ခန်းလေးတစ်ခုကဲ့သို့ပင်။
ရေချိုးဝတ်စုံလဲပြီးသည်နှင့် ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းက ဖောက်သည်ကို ဘေးနားတွင်ရှိသော အမွှေးနံ့သာဆီစင်ဆီသို့ လမ်းညွှန်ပေး၍ ကြိုက်နှစ်သက်သည့် ဆီကို ရွေးခိုင်းသည်။
ရေအတွင်းသို့ သုံးစက်သာ ချလိုက်သည်နှင့် ရေချိုးခန်းတစ်ခုလုံး မွှေးရနံ့ သင်းပျံ့နေတော့သည်။
ဒုတိယထပ်မှ အပန်းဖြေခန်းမကလည်း တိတ်ဆိတ်သွားခဲ့သည်။ လင်းရှို့လန်က ကိတ်မုန့်နှစ်လုံးစားလိုက်ပြီး ခွက်အတွင်းမှ ဖျော်ရည်ကို သောက်လိုက်သည်။
ထို့နောက် မျက်လုံးကိုမှိတ်၍ ခဏနားနေပြီးမှ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်လေသည်။
ပြီးနောက်တွင် ကြမ်းပြင်မှ မျက်နှာကျက်အထိ မှန်ပြတင်းပေါက်ဆီသို့ လျှောက်သွား၍ အောက်ထပ်မှ အလှပြင်ရန် စောင့်နေသည့် တန်းစီနေသည့်သူများ တဖြည်းဖြည်း ရှည်လျားလာသည်ကို ကြည့်လိုက်ကာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
ပုစွန်ကို ပထမဆုံး စားသည့်သူဖြစ်သည့်အတွက် လင်းရှို့လန်နှင့် ကျန်းကျန်းတို့လည်း အန္တရာယ်များသည့်အခြေအနေတွင် ရှိနေခဲ့ကြသည်မှာ ပြောစရာမလိုပါချေ။
အလှပြင်ဆိုင် အသစ်ပြန်ဆောက်ခြင်းနှင့် နိုင်ငံခြားမှ ပစ္စည်းဝယ်ခြင်းနှင့် ပတ်သက်လာလျှင် လင်းရှို့လန်က အကောင်းဆုံးရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။ အားလုံးစုပေါင်းလိုက်လျှင်သုံးသိန်းခန့် ကုန်ဆုံးသွားပေပြီ။
လုပ်ငန်းက မကောင်းခဲ့ပါက သူမ၏ချွေးမအတွက် ရင်းနှီးမြှုပ်နှံထားသည်ကို ပြန်ဖြည့်တင်းရန် ကိုယ်ပိုင်ငွေရှိသော်လည်း လွန်ခဲ့သည့် ခြောက်လက သူမ၏ ကြိုးစားမှုများသည် ပြက်လုံးတစ်ခု ဖြစ်သွားပေလိမ့်မည်။
သို့ရာတွင် ယခုမူ အောက်ထပ်မှ စည်ကားနေသည့် လူအုပ်ကို ကြည့်လျက် လင်းရှို့လန်တစ်ယောကင ယုံကြည်မှုရှိသည့် အပြုံးကို မျက်နှာပေါ်တွင် ဖော်လှစ်လိုက်မိသည်။
အခြေအနေ၏အဆင့်များက မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်နေပြီ။
ပထမထပ်မှ အခြေအနေကို ကြည့်ရန် အောက်ထပ်သို့ ဆင်းတော့မည့်အချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ဓာတ်လှေကားတံခါးပွင့်လာခဲ့ပြီး ဆိုင်ဝမ်ထမ်းတစ်ယောက်က သူတို့ တီဗီတွင် မကြာခဏ မြင်ရသည့် မင်းသမီး ချန်ရွှယ်နှင့်အတူ လျှောက်ဝင်လာသည်ကိုတွေ့လိုက်ရလေ၏။
လင်းရှို့လန် အရှေ့တိုး၍ လက်ဆွဲနှုတ်ဆက်ကာ မျက်နှာပေါ်တွင် ယဉ်ကျေးသည့် အပြုံးဖြင့် ပြောလိုက်သည်။
“မင်္ဂလာပါ မိန်းကလေးချန်ရွှယ်၊ ရီရန်အလှပြင်ဆိုင်မှ ကြိုဆိုပါတယ်၊ ဘယ်လိုကူညီပေးရမလဲ”
လင်းရှို့လန်၏ ထူးခြားသည့် စိတ်နေစိတ်ထားနှင့် ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများနှင့် မတူသည့် ဝတ်စားဆင်ယင်မှုကို ကြည့်၍ ချန်ရွှယ်က ပြုံး၍ မေးလိုက်သည်။
“ရှင်က ဆိုင်မန်နေဂျာလား”
လင်းရှို့လန် ခေါင်းညိတ်သည်ကို မြင်သည်နှင့် ချန်ရွှယ်က သူမ၏ လိုအပ်ချက်များကို ချက်ချင်း ပြောပြလိုက်သည်။
“ ဒီနေ့ ညနေလောက်မှာ ကျွန်မ အရေးကြီးတဲ့ ပွဲတစ်ခုကို တက်ရမှာ၊ အဲဒါ မတူညီတဲ့ ပုံစံမျိုးနဲ့ ဝတ်စားဆင်ယင်ဖို့ လိုပါတယ်... အင်း... ကျွန်မက နည်းနည်းလောက် ခေတ်နောက်ကျနေတာမျိုး ဖြစ်နေလို့..”
သူမ ဝတ်ထားသည့် အပြာရောင်ကုတ်အင်္ကျီကို ကြည့်လျက် ချန်ရွှယ်က မည်သို့ မှ မတတ်နိုင်သကဲ့သို့ ခံစားရသည်။
“ကျွန်မက နှုတ်ခမ်းနီကလွဲလို့ မိတ်ကပ်အကြောင်း သိပ်မသိဘူး၊ ဒီတစ်ခါ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်”
ချန်ရွှယ် သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်တစ်ကားမှာ လူငယ်များစွာ၏ နှစ်သက်မှုကို ရရှိခဲ့၍ သူမ ဖန်သားပြင်ပေါ်တွင် ဝတ်ဆင်ခဲ့သည့် အဝတ်အစားများက ခေတ်စားလာခဲ့သော်လည်း သူမ၏ ဝတ်စားဆင်ယင်မှု ဤမျှ ခေတ်နောက်ကျနေမည်ဟု မထင်ခဲ့ချေ။
သို့သော်လည်း အယူအဆက ယခုမှ ပြောင်းလဲလာခြင်းဖြစ်၍ လျင်မြန်စွာ လက်ခံနိုင်သည့်သူများနှင့် နှေးကွေးစွာ လက်ခံနိုင်သည့်သူများ ရှိခြင်းသည် ပုံမှန်ပင်။
သို့ဆိုလျှင်ပင် လင်းရှို့လန်က ချန်ရွှယ် ဤမျှအထိ ခြေလှမ်းကြီးကြီး လှမ်းလိမ့်မည်ဟု မထင်ခဲ့ချေ။ အပြာရောင်အဝတ်အစားနှင့် ဘောင်းဘီအနက်မှ မိတ်ကပ်လိမ်းခြင်းနှင့် ဆံပင်ပုံစံဖော်ဆောင်ခြင်း အဆင့်သို့ တက်သွားခြင်းပင်။
*