← Chapters

အခန်း (၃၃၆)

Vol. 34 Ch. 336

အခန်း (၃၃၆)

Vol. 34 Ch. 336

လင်းရှို့လန်သည် ပြုံးလျက် မေးလိုက်သည်။

“ရှင် ဘယ်လိုအဝတ်အစားတွေကို ပြင်ဆင်ထားလဲဆိုတာ ကျွန်မ အရင်ဆုံး ကြည့်လို့ရမလား”

ချန်ရွှယ်သည် မျက်နှာနီမြန်းလျက် သူ၏လက်ထဲမှ အိတ်ကို ကမ်းပေးလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလာသည်။

“သိုးမွေးစကတ်တစ်ထည် ရှိတယ်”

လင်းရှို့လန် အိတ်ကို ဖွင့်ကြည့်သောအခါတွင် အတွင်းမှအဝတ်အထည်က အမှန်တကယ်ပင် ကောင်းမွန်နေခဲ့သည်။

သို့သော်လည်း ဤအဝတ်အစားက ယခင်ကတည်းက ပြုလုပ်ထားဟန်ရှိပြီး ဆွယ်တာအင်္ကျီနှင့် တွဲဖက် ဝတ်စားနိုင်ရန် ပြုလုပ်ထားပုံပေါ်သည်။

လင်းရှို့လန်က အဝတ်များကို ပြန်လည်ခေါက်လိုက်ကာ တစ်ဖက်လူဆီသို့ စမ်းသပ်သည့် အနေဖြင့် ပြောလိုက်သည်။

“ဒီစကတ်က သိပ်ပြီးမသင့်တော်ဘူးလို့ ထင်တယ်၊ မိန်းကလေးချန် အနေနဲ့ စိတ်မရှိဘူးဆိုရင် ကျွန်မတို့ရဲ့ဆိုင်မှာ ပြင်ဆင်ထားတဲ့ ညနေခင်းဝတ် ဂါဝန်အမျိုးမျိုးကိုလည်း ဝင်ကြည့်လို့ရပါတယ်”

“ဒီမှာလည်း အဝတ်အစားတွေ ရွေးချယ်လို့ရတာလား”

ချန်ရွှယ်တစ်ယောကင အံ့သြတကြီးဖြစ်သွားခဲ့ကာ ပတ်ပတ်လည်ကို ကြည့်ရှုလိုက်လေသည်။ သူမက ဤနေရာတွင် အဝတ်ဆိုင်တစ်ခုခု ရှိသည်ဟု ထင်လိုက်သည်။

သို့သော်လည်း လင်းရှို့လန်က သူမကို အလှပြင်ခန်းဆီ ခေါ်ဆောင်သွားခဲ့သည်။ အခန်းထဲသို့ ရောက်သောအခါ အမြင့်မှ ကြမ်းပြင်အထိ ရောက်ရှိသည့် ဖိနပ်စင်ကြီးတစ်ခုကို တွေ့မြင်ရသည်။

လှပသည့် ဖိနပ်များကို စင်ပေါ်၌ တင်ထားပြီး မီးရောင်အောက်၌ စင်ဒရဲလား၏ ဖန်ဖိနပ်များကဲ့သို့ တောက်ပလျက်ရှိသည်။

ဖိနပ်စင်ဘေး၌ကား သားရေအိတ်များ၏ ကမ္ဘာကြီးက တည်ရှိနေခဲ့သည်။ လှပသည့် ဒီဇိုင်းအမျိုးမျိုးရှိသည့် သားရေအိတ် ဒါဇင်များစွာက ကန့်များထဲ၌ ပြန့်ကျဲလျက်ရှိသည်။

ချန်ရွှယ်က အပေါ်တွင်ရှိနေသော အမှတ်တံဆိပ်ကို မသိသော်လည်း အိတ်၏ လက်ရာများကို ကြည့်ရုံဖြင့် ဈေးပေါသည်မဟုတ်ဟု သိရှိနေခဲ့သည်။

ဤမျှ များပြားသည့် ဖိနပ်များ၊ အိတ်များကို မြင်လိုက်ရသည်ကပင် အလွန်အမင်း တုန်လှုပ်စရာ ကောင်းနေပေပြီ။

အတွင်း၌ ချိတ်ဆွဲထားသည့် လှလှပပ ချုပ်လုပ်ထားသည့် အဝတ်အစားတန်းကြီးများကို ချန်ရွှယ် မြင်လိုက်ရသည့်အခါတွင် သူမ၏မျက်နှာထားကို မည်သို့ထားရမည်မှန်းပင် မသိတော့ချေ။

ဤအဝတ်အစားများ အားလုံးကို လင်းရှို့လန်က တစ်ထည်ချင်းစီ ရွေးချယ်ထားခဲ့ခြင်း ဖြစ်သည်။

တစ်ထည်ချင်းစီတိုင်းကို သူမ ရင်းနှီးကျွမ်းဝင်သည်ဟု ဆိုနိုင်သည်။

ချန်ရွှယ်သည်က ညနေခင်းစားပွဲအကြောင်းကို သိပ်ပြီးမပြောခဲ့သော်လည်း လင်းရှို့လန်အနေဖြင့် သာမန်ဝတ်စားဆင်ယင်ခြင်းမျိုးက အလှပြင်ဆင်ထားခဲ့သည့်မင်းသမီးတစ်ယောက်အတွက် အဆင်ပြေလိမ့်မည်မဟုတ်ဟု ခံစားရသည်။

ထို့ကြောင့် ပို၍ ပွဲတက်ဝတ်စုံပုံစံနှင့်တူညီသည့် ဂါဝန်များကိုသာ သူမက အကြံပြုပေးခဲ့သည်။

ချန်ရွှယ်သည်ကား ထိုမျှလှပလွန်းသည့် အဝတ်အစားများကို မြင်သောအခါတွင် လက်ကိုပင် လှမ်းမကြည့်ရဲတော့ချေ။

လင်းရှို့လန်က သူ၏ခန္ဓာကိုယ်အချိုးအစားနှင့် အသင့်တော်ဆုံးဖြစ်သည့် ဂါဝန် သုံးထည်ကို ရွေးချယ်ပြီး တိုက်ရိုက်မေးလိုက်သည်။

“ဘယ်တစ်ခုကို ကြိုက်လဲ”

ချန်ရွှယ်၏ မျက်လုံးများက အနက်နှင့်အဖြူစကတ်ကို ကျော်လွန်၍ အနီရောင်ဂါဝန်ကြီးဆီသို့ ရောက်ရှိသွားသည်။

လင်းရှို့လန်သည်လည်း ထိုဂါဝန်ကို ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းဆီသို့ ပေးလိုက်လေသည်။ ဆယ်မိနစ်ခန့် ကြာသောအခါ အနီရောင်ဂါဝန်ကိုဝတ်ဆင်ထားသည့် ချန်ရွှယ်က အဝတ်လဲခန်းမှ ထွက်လာခဲ့သည်။

သူမက မလုံမလဲဖြစ်နေသည့်ပုံစံဖြင့် ဂါဝန်ကို ငုံ့ကြည့်လိုက်ပြီး သူမ၏လက်မောင်းကို စိုးရိမ်တကြီး ထိကိုင်မိနေခဲ့သည်။

လင်းရှို့လန်က ချန်ရွှယ်ဆီသို့ လျှောက်သွားပြီး မှန်ထဲမှ သူမ၏ ပုံစံကို ကြည့်ခိုင်းလိုက်သည်။

“လက်မောင်းဗလာကို မဝတ်ရဲဘူးဆိုရင် ကျွန်မ အပေါ်ထပ်တစ်ထည်နှင့် တွဲပေးလို့ရတယ်”

ချန်ရွှယ်က ချက်ချင်း ခေါင်းငြိမ့်လိုက်ပြီး ဝန်ဆောင်မှုဝန်ထမ်းက သူ့ကို အပေါ်ထပ် တစ်ထည် ဝတ်ပေးလိုက်သည်။ သူမ၏လက်မောင်းများ ဖုံးအုပ်သွားသည်ကို မြင်သောအခါမှသာ ချန်ရွှယ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

လင်းရှို့လန် ပြုံးလျက် မေးလိုက်သည်။

“ကျစ်ဆံမြီးကို ဖြည်လို့ရမလား”

ချန်ရွှယ်က ခေါင်းငြိမ့်ပြီး ကျစ်ဆံမြီးကို သူမဘာသာသူမ ဖြည်လိုက်လေသည်။ လင်းရှို့လန်သည် ဘီးအစား သူ၏လက်ဖြင့် ဆံပင်များကို စုစည်း၍ အသာ ဖြန့်ပေးလိုက်သည်။

ဤသည်က သူ၏ဆံပင်များကို ပခုံးပေါ်၌ ဖြန့်ချရန် အထောက်အကူပြုသည်။

လှိုင်းတွန့်ဆံပင်ရှည်များနှင့် အနီရောင်စကတ်သည် ချန်ရွှယ်အတွက် ပထမဆုံးအကြိမ်ပင်။

ဤမျှပင် တောက်ပနိုင်သည်ကို သူ သိရှိလိုက်ရသည်။

“ဒါကို ဝတ်လို့ရမလား”

ချန်ရွှယ်သည် မှန်ထဲမှ သူ့ကိုယ်သူ ကြည့်ရင်း မျက်နှာနီမြန်းနေသည်။

“ရတာပေါ့”

လင်းရှို့လန်သည် ပြုံးလိုက်သည်။

“ရှင်က အရမ်းကိုလှလွန်းတယ်”

“အင်း၊ တကယ်လှတာပဲ”

ချန်ရွှယ်သည် မှန်ထဲမှ သူ့ကိုယ်သူ ကြည့်ပြီး စွဲဆောင်ခံလိုက်ရသည်။ သူသည် ခေါင်းလှည့်၍ လင်းရှို့လန်ကို ချိုသာစွာ ပြုံးပြလိုက်သည် ။

“ဒီဂါဝန်က ဘယ်လောက်လဲ”

လင်းရှို့လန်သည် ပြုံးပြီး ဈေးနှုန်းတစ်ခုကို ပြောလိုက်သောအခါတွင် ချန်ရွှယ်တစ်ယောက် ကြောင်အ,သွားရသည်။

ချန်ရွှယ်သည်က အမှတ်တံဆိပ်ကို သိပ်ပြီးရင်းနှီးဟန်မရချေ။ လင်းရှို့လန်လည်း အရင်ဆုံး အမှတ်တံဆိပ်အကြောင်း အတိုချုပ် မိတ်ဆက်ပေးလိုက်ပြီး ပြောလာလေ၏။

“ဒါက ဒီနှစ်ရဲ့ ကန့်သတ်ထုတ်လုပ်တဲ့ မော်ဒယ်အသစ်ပဲ၊ ဟွာကော်နိုင်ငံတင်မကဘူး။ ကမ္ဘာမှာတောင် အများကြီးမရှိဘူး၊ ဒီဂါဝန်က အဓိကအားဖြင့် အနီရောင်စိုစိုဖြစ်ပြီး စတိုင်က အနောက်တိုင်းအတွက်တော့ နည်းနည်းလေး ရှေးဆန်တယ်၊

တရုတ်လူမျိုးတွေအတွက်ဆိုရင်တော့ ပိုသင့်တော်တယ်၊ ဒါကြောင့် ကျွန်မ မြင်တာနဲ့ ဝယ်လိုက်တာပဲ”

ချန်ရွှယ်တစ်ယောက် မှန်ထဲမှ သူ့ကိုယ်သူ ကြည့်လိုက်မိပြီး နောက်ဆုံးတွင် လှပမှုအပေါ် သူမ၏ချစ်ခြင်းမေတ္တာက အနိုင်ရသွားသည်။

“ဒါဆို ဒီဂါဝန်ကိုပဲ ရွေးလိုက်မယ်”

ဝန်ဆောင်မှုဝန်ထမ်းသည် ချန်ရွှယ်ကို ပြုံးပြလာခဲ့ပြီး အဝတ်လဲခန်းထဲ ခေါ်ဆောင်သွားသည်။ ရေချိုးပြီး၊ အသားအရေထိန်းသိမ်းပြီး၊ မိတ်ကပ်လိမ်းပြီးနောက်တွင် ဆံပင်ပုံစံကိုပါ ပြင်ဆင်ပြီးနောက် ချန်ရွှယ်တ၀်ယောက် မှန်ရှေ့၌ ရပ်နေသောအခါ သူမကိုယ်သူမပင် မမှတ်မိနိုင်တော့ချေ။

ပျံသန်းနေသည့် ကြက်ဆိုးလေးတစ်ကောင်သည်က ယခုအခါ လှပသည့် ကြိုးကြာဖြူလေးအဖြစ် ပြောင်းလဲသွားပပြီ။

လင်းရှို့လန်လည်း ဘေးဘက်၌ ရပ်လျက် ချန်ရွှယ်ကို ကြည့်လိုက်သည် ။

“မိန်းကလေးချန်၊ မိတ်ကပ်လိမ်းတာကို ကျေနပ်ရဲ့လား၊ ပြင်ဆင်ဖို့ လိုတာများ ရှိသေးလား”

ချန်ရွှယ်တစ်ယောက် သတိပြန်ဝင်လာသော်လည်း သူ၏မျက်လုံးများက မှန်ထဲမှ မခွာနိုင်သေး။ ထို့ကြောင့် သူ ခေါင်းအနည်းငယ် ငြိမ့်လိုက်သည်။

“အရမ်းကျေနပ်ပါတယ်”

သူမက သူ၏၏ခြေထောက်အောက်ရှိ ဒေါက်မြင့်ဖိနပ်များကို ငုံ့ကြည့်ပြီး အခန်းထဲ၌ နှစ်ကြိမ်ခန့် လမ်းလျှောက်ကြည့်သည်။

ခြေဖဝါးများနှင့် အသားကျလာသောအခါတွင် သူမ စိုးရိမ်သွားမိပြန်သည်။ တော်ဝင်ဟိုတယ်သည်က သိပ်မဝေးသော်လည်း ချန်ရွှယ်အနေနဲ့ များစွာ လှပအေောင်ပြင်ဆင်ထားပြီး မိတ်ကပ်လိမ်းခြယ်ထားသောကြောင့် လမ်းလျှောက်သွားသောအခါ သူမ၏မျက်နှာပေါ် ဖုန်များမှုတ်လာမည်ကို စိုးရိမ်နေသည်။

နွေဦးရာသီဖြစ်သောကြောင့် လေနှင့်ဖုန်များ များစွာ ရှိသည်ကို သူမ သိရှိသည်။

ချန်ရွှယ်၏ စိုးရိမ်ပူပန်မှုများကို မြင်သောအခါ လင်းရှို့လန်သည် ပြုံး၍ ပြောသည်။

“မိန်းကလေးချန် ဘယ်ပွဲကို တက်ရောက်မှာလဲမသိဘူး၊ လမ်းခရီး အဆင်မပြေဘူးဆိုရင် ကျွန်မတို့ အလှပြင်ဆိုင်က ကားစီစဉ်ပေးတဲ့ ဝန်ဆောင်မှု ပေးနိုင်ပါတယ်၊ ရှင်လဲလှယ်ထားတဲ့ အဝတ်အစားတွေနဲ့ ကျောပိုးအိတ်တွေကို ကျွန်မတို့ရဲ့ သိုလှောင်ခန်းမှာ ခဏသိမ်းထားလို့ရတယ်၊ ရှင့်အနေနဲ့ သုံးရက်အတွင်း လာယူရုံပဲ၊

ဒါမှမဟုတ် ကျွန်မတို့ ဝန်ဆောင်မှုဝန်ထမ်းက ရှင်တို့အိမ်ကို တိုက်ရိုက်ပို့ပေးလို့ရပါတယ်”

ချန်ရွှယ်တစ်ယောက် ထိုအကြောင်းကိုကြားလျှင် များစွာ ဝမ်းသာသွားပြီး ချက်ချင်းပြောလိုက်သည်။

“ဒီမှာပဲ ထားခဲ့လိုက်မယ်၊ ကျွန်မ မနက်ဖြန် လာယူပါ့မယ်”

ဝန်ဆောင်မှုဝန်ထမ်းသည်လည်း ချက်ချင်းပင် အဝတ်အိတ်အသစ်များကို ယူလာပြီး ချန်ရွှယ်ရှေ့၌ သပ်သပ်ရပ်ရပ် ချထားလိုက်သည်။

ဤမျှဈေးကြီးသည့် ပစ္စည်းဖိုးကို ပေးရန် ပိုက်ဆံထူထူတစ်ထပ်ထုတ်ပြီးနောက် သူမက အိတ်အသစ်တစ်လုံးနှင့် လှပသည့် ဒေါက်မြင့်ဖိနပ်များကို စီး၍ ဓာတ်လှေကားမှ ဆင်းသွားခဲ့လေသည်။

ဓာတ်လှေကားတံခါးပွင့်လာသောအခါတွင် စောင့်ဆိုင်းနေသည့် လူများအားလုံး တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။

ပတ်ပတ်လည်ရှိ အကြည့်များကို ရင်ဆိုင်ရသောအခါ ချန်ရွှယ် ထပ်မံ၍ စိတ်လှုပ်ရှားလာခဲ့ပြန်သည်။

သူမက သူမ၏ခြေထောက်ပေါ်ရှိ စကတ်ကို ဆွဲမ,ရန် သတိမရဘဲ ခြေလှမ်းလိုက်သော်လည်း လင်းရှို့လန်က သူမ၏ခန္ဓာကိုယ် အနည်းငယ်စောင်းသွားသည်နှင့် သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။

လင်းရှို့လန်၏ အမူအရာကို ပြန်ကြည့်ရန် ခေါင်းလှည့်လိုက်အြီးနောက် ချန်ရွှယ်လည်း အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ခေါင်းမော့ကာ ပြုံးပြလာခဲ့သည်။

“အဲ ဒါ ချန်ရွှယ်လား”

တစ်စုံတစ်ဦးက နောက်ဆုံးတွင် သူ့ကို မှတ်မိသွားသည် ။

“ဝါး၊ တကယ်တော့ တီဗီပေါ်ကထက် ပိုလှတာပဲ၊ ဒီဆံပင်ပုံစံက အရမ်းလှတာမဟုတ်လား”

“စကတ်ကလည်း လှတယ်၊ အနီရောင်က အစစ်အမှန်ပဲ၊ ပိုးသားဖြစ်ရမယ်။ အရမ်းချောမွေ့ပုံရတယ်”

“ဒီဆံပင်ပုံစံက အရမ်းလှတယ်၊ အစကတော့ ဒီတစ်ခါ ပန်းပွင့်ခေါင်းပုံစံ လှိုင်းထအောင်လုပ်ဖို့ စဉ်းစားထားတာ၊ ဒါပေမဲ့ အခုတော့ ချန်ရွှယ်နဲ့ အတူတူလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ”

“ငါရောပဲ၊ ရာသီဥတုပူတာလျော့သွားလာရင် အနီရောင်ဂါဝန်ဝယ်ဝတ်မယ်၊ ဖက်ရှင်ကျမှာ သေချာတယ်”

ချီးကျူးစကားများ ပို၍ များစွာလာလေ ချန်ရွှယ်၏အပြုံးက ပို၍ ယုံကြည်မှုရှိလာလေပင်။

သူမက လင်းရှို့လန်ကို လှည့်ကြည့်ပြီး ရိုးသားစွာပြောလိုက်သည်။

“အစ်မလင်း၊ ကျေးဇူးတင်ပါတယ်”

“ကျေးဇူးတင်စရာမလိုပါဘူး၊ နောက်တစ်ခါ အချိန်ရရင် လာခဲ့ပါဦး”

*

All Chapters