← Chapters

အခန်း (၃၃၈)

Vol. 34 Ch. 338

အခန်း (၃၃၈)

Vol. 34 Ch. 338

၁၈၆၀ ပြည့်နှစ်များ၌ တရုတ်ယဉ်ကျေးမှု အမွေအနှစ်များနှင့် ရတနာပစ္စည်းများသည်က ဗြိတိသျှနှင့် ပြင်သစ်မဟာမိတ်တပ်ဖွဲ့များက ဖျက်ဆီးခဲ့ခြင်းကြောင့်ပင်လယ်ရပ်ခြားသို့ ရောက်ရှိသွားခဲ့ရသည် ။

တချို့ပစ္စည်းများမှာ ပြတိုက်များတွင် ရှိနေသော်လည်း အများစုသည်ကား ပုဂ္ဂလိက စုဆောင်းသူများလက်သို့သာ ရောက်ရှိခဲ့လေသည်။

ကျန်းကျန်းအနေဖြင့် ရတနာစုဆောင်းခြင်းနှင့်ပတ်သက်လျှင် ယုံကြည်မှု များစွာရှိသည်။

သူမက ဝယ်ယူ၍ ရသော ပစ္စည်းများကို ဝယ်ယူ၍၊ ဝယ်ယူ၍ မရသော ပစ္စည်းများအား လဲလှယ်၍ ရယူတတ်သည်။

မည်သို့ပင် ဖြစ်စေ၊ ကျန်းကျန်း၏ လေ့လာတွေ့ရှိချက်အရ ပြင်သစ်၌ ရတနာများ များစွာရှိနေခဲ့သည်။

ကျန်းကျန်းသည် စာဖတ်ခန်းထဲသို့ ဝင်ရောက်ကာ မှတ်စုစာအုပ်တစ်အုပ်ကို ဖွင့်၍ သူမ၏ အသိစိတ်ထဲ၌ မြင်တွေ့နေရသော အလေးချိန်စီးပြီး တန်ဖိုးရှိသည့် ယဉ်ကျေးမှု အမွေအနှစ်များကို စာအုပ်ထဲတွင် စာရင်းလိုက်ရေးနေခဲ့သည်။

“ဘာတွေရေးနေတာလဲ”

ရှီကျွင့်ကျဲက စပ်စုလိုစိတ်ဖြင့် ကိုယ် ကုန်း၍ ကြည့်လာခဲ့သည်။

“ချန်လုံဧကရာဇ်ရဲ့ ကျောက်စိမ်းတံဆိပ်၊ ယွမ်မင်ယွင်က ကြေးနီသားရဲခေါင်းရုပ်တု... မင်း ဘာတွေရေးနေတာလဲ”

“ကျွန်မ ပြန်ဝယ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေလေ”

ကျန်းကျန်းက ပြုံး၍ ပြောပြလိုက်သည်။

“ကျွန်မ ဒီလိုမျိုးပစ္စည်းတွေကို စုဆောင်းရတာကို ကြိုက်တယ်ဆိုတာ ရှင်လည်းသိသားပဲ”

ရှီကျွင့်ကျဲသည်ကား မင်္ဂလာဆောင်ပြီးချိန်တွင် ကျန်းကျန်းထံ၌ ရှေ့ဟောင်း အမွေအနှစ်ပစ္စည်းဟောင်းများ စုဆောင်းထားသည့် အိမ်တစ်လုံးပင် ရှိနေသည်ကို သိခဲ့ရသည်။

ထိုပစ္စည်းများကို သူ့အနေဖြင့် သိပ်ပြီးမနားလည်သော်လည်း ရှုမုန့်ကော်က သူ၏အိမ်သို့ ရောက်ရှိတိုင်း ပစ္စည်းဟောင်းများ ထားရှိသည့် အခန်းထဲသို့ ပြေးဝင်သွားလေ့ရှိကာ တစ်နေကုန် မထွက်လာသည်ကို ကြည့်လျှင် အတွင်း၌ တန်ဖိုးကြီး ယဉ်ကျေးမှု အမွေအနှစ်များ များစွာ ရှိသည်ကို သိနိုင်ပေသည်။

ရှီကျွင့်ကျဲအနေဖြင့် ကျန်းကျန်း၏ ဤဝါသနာကို အမြဲတမ်း စိတ်ရောကိုယ်ပါ ထောက်ခံပေးခဲ့သည်။

ရှီကျွင့်ကျဲ ကျန်းကျန်းကို သူ၏ရင်ခွင်ထဲသို့ ထည့်ကာ ပွေ့ဖက်လိုက်ပြီး သူမ၏ နှုတ်ခမ်းကို ချစ်ခင်စွာ နမ်းလိုက်သည်။

“ရေသွားချိုးလိုက်ဦးလေ၊ ကိုယ် မင်းကို ကောင်းမွန်တဲ့ အစားအသောက်တစ်ခုခု လိုက်ကျွေးမယ်”

“ဘယ်လိုအရသာရှိတာကို စားမှာလဲ၊ ရှင်က ကျွန်မကို တစ်ခုပဲ ဝယ်ကျွေးမှာလား”

ကျန်းကျန်း၏ မျက်လုံးများက ဝင်းလက်တောက်ပစွာဖြင့် သူ့ကို ကြည့်လာခဲ့သည်။

ရှီကျွင့်ကျဲ ခဏမျှ စဉ်းစားပြီးနောက် ပြန်၍ ပြုံးလိုက်လေသည်။

“ဒါဆို ကိုယ့်ရဲ့ ငွေကြေးစာရင်းအားလုံးကို မင်းကို လွှဲပေးလိုက်မယ်၊ နောက်ဆို မင်းပေးတဲ့ မုန့်ဖိုးနဲ့ပဲ စားသောက်တော့မယ်”

“ရှင့်ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်လေးကို လွှဲပေးရတာ မနှမြောဘူးလား”

ကျန်းကျန်းက ပြုံး၍ ရှီကျွင့်ကျဲ၏ ရင်ဘတ်ကို လက်ဖြင့် အသာတို့တိလိုက်သည်။

တော်ဝင်မြို့တော်၌ ရှိနေစဉ်ကတည်းက ရှီကျွင့်ကျဲသည်က ပြင်သစ်၌ ရှိသော သူ၏ပိုင်ဆိုင်မှုများကို ကျန်းကျန်းထံသို့ မှန်ကန်တိကျစွာ ပြောပြခဲ့ပြီးဖြစ်သည်။ ၎င်းပစ္စည်းဥစ္စများမှာ ကျန်းကျန်း၏ ပိုင်ဆိုင်မှုပမာဏမျှ မများပြာသော်လည်း စုစုပေါင်း ကြွယ်ဝမှုကတော့ အလွန်အမင်း များပြားနေဆဲပင်ဖြစ်လေ၏။

ကျန်းကျန်း၏ စနောက်ချင်နေသောမျက်နှာ အမူအရာကို မြင်သော် ရှီကျွင့်ကျဲက ပြုံး၍ ပြောသည်။

“ကိုယ့်ရဲ့ စိတ်ထဲမှာ မင်းကိုပဲ အမြဲတမ်း ပထမနေရာမှာထားတာလေ၊ ငွေဆိုတာ ဘာမှ မဟုတ်ဘူး”

“အတော်လေး အပြောချိုတာပဲ”

ကျန်းကျန်းက ရှီကျွင့်ကျဲ၏ ကိုယ်ပေါ်မှ ထရပ်၍ တည်ငြိမ်သောမျက်နှာဖြင့် ပြောလာသည်။

“သွားပြီး စားသောက်ရအောင် ၊ ပြီးရင် ဘယ်စာရင်းကိုမှ ထပ်မပြောင်းနဲ့တော့၊ ၁၉၈၂ တုန်းက ရာဖယ်လ်ပန်းချီကားကို သွားဝယ်ဖို့ ကျွန်မနဲ့လိုက်ခဲ့”

ကျန်းကျန်း ရှီကျွင့်ကျဲကို ကြည့်လိက်လျှင် တစ်ဖက်လူက ငေးကြည့်နေခဲ့ကာ ခဏမျှ တွေဝေသွားသလို ဖြစ်နေသည်ကို မြင်သော် လက်ကို အမိန့်ဆန်စွာ ဝှေ့ယမ်းလိုက်သည်။

“အဲဒါကို ဝယ်လိုက်ကြရအောင်”

ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့နှစ်ယောက် နှစ်ရက်ခန့် အနားယူပြီးနောက်တွင် လေယာဉ်မူးဝေခြင်းနှင့် အချိန်ကာလအကူးအပြောင်းကို ချိန်ညှိနိုင်ခဲ့ကာ အလုပ်ပြန်စခဲ့ကြသည်။

ရှီကျွင့်ကျဲနှင့် ယှဉ်လျှင် ကျန်းကျန်း၏ အလုပ်ချိန်က ပို၍ လိုက်လျောညီထွေရှိသည့်အပြင် ပြည်တွင်းတုန်းကကဲ့သို့ အလုပ်ဖိစီးမှုလည်း မပြင်းထန်တော့သည်ဖြစ်၍ သူမထံ၌ အချိန်ပို များစွာ ရရှိခဲ့သည်။

သူမက အချိန်များကို ကိုယ်တိုင်စီစဉ်ထားခဲ့ပြီး ယဉ်ကျေးမှု အမွေအနှစ်များ စုဆောင်းခြင်းကိုလည်း သူမ၏ အစီအစဉ်ဇယားထဲသို့ ထည့်ပေါင်းလိုက်သည်။

လွယ်ကူရာမှ ခက်သည်သို့ ဦးတည်ခဲ့ကာ ကျန်းကျန်းက ပထမဆုံး နှစ်လကြာအောင် ရှေးဟောင်းပစ္စည်းဆိုင်များနှင့် အနုပညာဆိုင် အမျိုးမျိုးကို လိုက်လံကြည့်ရှုပြီး ကောင်းမွန်သည့် ပစ္စည်းများ များစွာဝယ်ယူပြီး ပြန်လာခဲ့သည်။

ကျန်းကျန်းသည်ကား ပစ္စည်းတိုင်းကို ဝယ်ယူခြင်းမျိုး မဟုတ်ပေ။ သူမအနေဖြင့် ကျေးလက် ရွာဘက်တွင်တည်ဆောက်ထားသော မီးဖိုများမှ ထွက်သော ပစ္စည်းများကို လုံးဝ စုဆောင်းမည် မဟုတ်ပါချေ။

တော်ဝင်အုပ်ချုပ်ရေး၏ လက်အောက်တွင်ရှိသော မီးဖိုများမှ ထွက်သော ပစ္စည်းများကိုပင် ကမ္ဘာ့စျေးကွက် အခြေအနေကို ကြည့်ပြီးမှ စဉ်းစားလေ့ရှိသည်။

နောက်တစ်ဆင့်က တစ်ဦးချင်း စုဆောင်းသူများထံမှ ဝယ်ယူခြင်းပင်ဖြစ်ပေသည်။

ဤသည်က ပို၍ ခက်ခဲသည်။

ငွေကြေးဖြင့် ဝယ်ယူ၍ ရရှိခြင်းက သဘာဝကျသည်။ သို့သော်လည်း စုဆောင်းသူတိုင်းက သူတို့၏ စုဆောင်းထားသည့် ပစ္စည်းများကို ရောင်းချလိုခြင်း မရှိပေ။

သင့်ထံ၌ သူစိတ်ဝင်စားသည့် စုဆောင်းပစ္စည်းတစ်ခုခုကို အလဲအလှယ်လုပ်ရန် မရှိလျှင် သူတို့က လဲလှယ်လိမ့်မည်မဟုတ်ပါချေ။

ဤတစ်ကြိမ်၌မူ ကျန်းကျန်းသည် ဖားလော့ခ်ဟု ခေါ်သော စုဆောင်းသူတစ်ဦးထံသို့ သွားရောက်ခဲ့သည်။

ဤစုဆောင်းသူ၏ ဘိုးဘေးသည်ကား ၁၉ ရာစုနှောင်းပိုင်း၌ စစ်တပ်နှင့်အတူ တရုတ်ပြည်သို့ အကြိမ်များစွာ ရောက်ရှိခဲ့ဖူး၍ ယဉ်ကျေးမှု အမွေအနှစ်များ များစွာကို ပြန်လည်သယ်ဆောင်လာခဲ့သည်။

တံခါးဘဲလ်မြည်သော် အသက် ၅၀ ကျော် ၆၀ နီးပါးအရွယ် မျက်လုံးများ မှိုင်းမှိုင်းဖြင့် အဖိုးကြီးတစ်ဦး အခန်းထဲမှ ထွက်လာခဲ့လေသည်။

ကျန်းကျန်းကို မြင်သော် သူ၏မျက်နှာ၌ အပြုံးများရှိမနေဘဲ စိတ်မရှည်သည့်ပုံစံဖြင့် ကြည့်၍ မေးလာသည်

“မင်း ဘယ်သူလဲ။ ဘာလိုချင်တာလဲ”

ကျန်းကျန်းက ပြုံးလိုက်ပြီး သူမယူလာသည့် လက်ဆောင်ဖြစ်သော ခရမ်းရောင် မြေအိုးလေးတစ်လုံးကို ကမ်းပေးလိုက်သည်။

ဖားလော့ခ်ထံတွင် ဝါသနာများဟူ၍ သိပ်မရှိပေ။ သူနှစ်သက်သည့် တစ်ခုတည်းသော အရာက ဟွားကော်မှ လက်ဖက်ရည်အိုး သေးသေးလေးများပင် ဖြစ်သည်။

ကျန်းကျန်းကလည်း သူနှစ်သက်သည်ကို လုပ်ဆောင်၍ တရုတ်ပြည်သို့ပြန်စဉ်တုန်းက လက်မှုပညာဖြင့် ပြုလုပ်ထားသည့် ခရမ်းရောင် မြေအိုးလေးတစ်လုံးကို လမ်းစဖွင့် လက်ဆောင်အဖြစ် ဝယ်ယူလာခဲ့သည်။

“မင်္ဂလာပါ ၊ ကျွန်မက ဟွားကော်(တရုတ်)နိုင်ငံက လီမင်ကျန်းပါ၊ ဒီတစ်ခေါက် ရှင့်ရဲ့ စုဆောင်းပစ္စည်းတွေကို တွေ့ချင်လို့ပါ လာခဲ့တာပါ၊

ဒါက ကျွန်မယူလာတဲ့ ဟွားကော်ထုတ် ခရမ်းရောင် လက်ဖက်ရည်အိုးလေးလေ၊ လက်ဆောင် အသေး အနေနဲ့ မှတ်ယူနိုင်ပါတယ်”

ဖားလော့ခ်၏ မျက်လုံးများက ကျန်းကျန်းလက်ထဲမှ ခရမ်းရောင် မြေအိုးလေးဆီသို့ ရောက်သွားခဲ့လေ၏။

သူမ ကျန်းကျန်း၏ မျက်နှာကို နှစ်ချက်ခန့် ကြည့်ပြီးမှ ခရမ်းရောင် မြေအိုးလေးကို လှမ်းယူလိုက်သည်။

သူက အချိန်အကြာကြီး ပွတ်သပ်ကြည့်ပြီးမှသာ အိမ်တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ပေးလိုက်သည်။

“ဝင်ခဲ့ပါ”

ဖားလော့ခ်၏ ဘိုးဘေးများထံတွင် နာမည်ကျော်ပုဂ္ဂိုလ် များစွာ ရှိခဲ့သည်။ နံရံပေါ်မှ တန်းစီထားသည့် ဆုတံဆိပ်များသည်က ဤမိသားစု၏ အမွေအနှစ်ကို ပြသနေခဲ့လေသည်။

ဖားလော့ခ်၏ ဖခင် ကွယ်လွန်ပြီးနောက် ဖားလော့ခ်က မိသားစုပိုင်ဆိုင်မှု အားလုံးကို ဆက်ခံခဲ့သည်။ သူနေထိုင်သည့် နေရာကိုကြည့်လျှင် ဆယ်ဟက်တာရှိသည့် စပျစ်ခြံများက ဖားလော့ခ်ပိုင်ဆိုင်သည်ကို သိနိုင်သည်။

ဖားလော့ခ် အရွယ်ရောက်သော် ဘိုးဘွားပိုင်အိမ်မှ ပြောင်းရွှေ့၍ သူ၏ဇနီးနှင့်အတူ စပျစ်ခြံထဲ၌ ချစ်စရာကောင်းသည့်အိမ်လေးတစ်လုံး ဆောက်ခဲ့သည်။

ယခုမူ သူ၏အချစ်ဆုံးဇနီးသည်က ထွက်ခွာသွားပြီ ဖြစ်၍ ဖားလော့ခ် တစ်ဦးတည်းသာ အိမ်ငယ်လေး၌ နေထိုင်နေသည်။

နှစ်များ ကြာလာသော်လည်း အလှဆင်ထားသည့် ပရိဘောဂများမှတဆင် ယခင်အချိန်များက ခမ်းနားသည့် ပုံစံကို မြင်နေရဆဲပင်။

သို့သော်လည်း ဂရုစိုက်မည့်သူ မရှိတော့ခြင်းကြောင့် အိမ်က အနည်းငယ် ရှုပ်ပွနေသည်။

ဖားလော့ခ်သည်က ခရမ်းရောင် မြေအိုးလေးနှင့် ခဏမျှကစားနေခဲ့ပြီးနောက် ဂရုတစိုက်ဖြင့် စင်ပေါ်၌ တင်လိုက်သည်။

ပြီးနောက် ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။

“ဘယ်စုဆောင်းပစ္စည်းကို ဝယ်ချင်တာလဲ၊ အိုး.. သတိရပြီ၊ မင်းက တရုတ်ပြည်ကဆိုတော့ တရုတ်ပြည်ရဲ့ စုဆောင်းပစ္စည်းတွေကိုပဲ ဝယ်ချင်တာပေါ့ ဟုတ်လား”

“ဟုတ်ပါတယ်”

ကျန်းကျန်းက ခေါင်းညိတ်လိုက်သည်။

“ကျွန်မက ကျွနာမတို့နိုင်ငံအတွင်က ဆုံးရှုံးသွားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို မိခင်နိုင်ငံဆီ တတ်နိုင်သမျှ ပြန်ယူချင်တယ်၊

ကျွန်မ သိရသလောက် ရှင့်ဆီမှာ တရုတ်ပြည်က ယဉ်ကျေးမှု အမွေအနှစ်တွေ အများကြီးရှိတယ်ဆိုတော့ အဲဒါတွေအားလုံးကို ကျွန်မဆီကို ရောင်းပေးနိုင်မလား မသိဘူး”

ဖားလော့ခ်က ပြုံးလိုက်ကာ သူ၏မျက်လုံးထဲ၌ အထင်အမြင်သေးသည့် အရိပ်အယောင်များဖြင့် ကျန်းကျန်းကိုကြည့်၍ ပြောလာသည်။

“ကလေးမလေး၊ ဒါက ဖရန့်ခ် ထောင်ဂဏန်းလောက်နဲ့ ဝယ်လို့ရတဲ့ ပစ္စည်းတွေ မဟုတ်ဘူးနော်၊ အိမ်ကိုပြန်ပြီး မင်းရဲ့မိဘတွေကို မင်းတို့မှာ အဲဒီပစ္စည်းတွေကို ဝယ်ဖို့ ပိုက်ဆံ အများကြီး ရှိလားလို့ မေးကြည့်သင့်တယ်”

“ကျွန်မက ဒီလိုပြောပြီးပြီဆိုမှတော့ ကျွန်မဆီမှာ ဝယ်ယူနိုင်ဖို့အတွက် အစီအစဉ် ချပြီးသားပါ”

ကျန်းကျန်းက နှိမ့်ချစွာ ပြုံးလိုက်သည်။

ဖားလော့ခ်က သူမကို စူးစူးစိုက်စိုက် ကြည့်လိုက်လိုက်ကာ ရုတ်တရက် ထရပ်လိုက်ပြီး ဘေးမှ မီးခံသေတ္တာထဲမှ သော့အတွဲကြီးတစ်တွဲကို ထုတ်လိုက်လေသည်။

“ဒါဆို ငါနဲ့ လိုက်လာခဲ့”

ရှည်လျားသည့် လျှောက်လမ်းတစ်ခုကို ဖြတ်သန်းပြီးနောက် ဖားလော့ခ်က အခန်းတစ်ခု၏ရှေ့၌ ရပ်လိုက်သည်။

ကျန်းကျန်းက အခန်း၏အပေါ်တွင် ချိတ်ဆွဲထားသော သစ်သားဆိုင်းဘုတ်ကို ကြည့်လိုက်သော် “ဟွားကော် စုဆောင်းပစ္စည်းများ” ဟုရေးထားသည်ကို တွေ့မြင်လိုက်ရလေ၏။

ဖားလော့ခ်က သူ၏လက်ထဲမှ သော့ဖြင့် တံခါးကို ဖွင့်လိုက်ပြီးနောက်တွင် မှောင်မည်းနေသည့်အခန်းကို မြင်တွေ့လိုက်ရသည်။

ဖားလော့ခ် မီးဖွင့်လိုက်သည်နှင့် နှစ်ပေါင်းများစွာ၏ အငွေ့အသက်များ ပါဝင်နေသည့် ဟွားကော် စုဆောင်းပစ္စည်းများက မီးရောင်အောက်၌ သူတို့၏ မူလအရောင်အသွေးများကို ပေါ်လွင်လာစေခဲ့တော့သည်။

All Chapters