← Chapters

အခန်း (၃၄၂)

Vol. 35 Ch. 342

အခန်း (၃၄၂)

Vol. 35 Ch. 342

ရှီကျွင့်ကျဲတစ်ယောက် ထိုရှေးဟောင်းရဲတိုက်၌ ရတနာဘဏ္ဍာများ တူးဖော်၍ ရနိုင်လိမ့်မည်ကို ကျန်းကျန်း မည်သို့သိရှိနေသည်ကို နားမလည်သော်လည်း ပြင်သစ်နိုင်ငံရှိ ရှေးဟောင်းရဲတိုက်အများစုတွင် ရွှေများသိုဝှက်ထားသည့် ဒဏ္ဍာရီများ ရှိနေကြောင်းကိုတော့ သိရှိထားသည်။

သို့သော် ရှီကျွင်ကျဲသည်ကား ကျန်းကျန်းကို အမြဲတစေ အကန့်အသတ်မရှိ ထောက်ခံခဲ့သူဖြစ်သောကြောင့် သူမ၏ ဆန္ဒကိုကြားလျှင် ချက်ချင်း အကောင်အထည်ဖော်ခဲ့သည်။

သူက သူ မြှုပ်နှံထားသည့် ငွေများအားလုံးကို ထုတ်ယူခဲ့ကာ ကျန်းကျန်းထံ ငွေပမာဏများစွာ ပေးခဲ့လေသည်။

ကျန်းကျန်းက ငွေကြေးများအလုဲအလောက် ရရှိသည်နှင့် ပထမဦးဆုံး ဖားလော့ခ်ရဲတိုက်ကိုအမွေဆက်ခံဖု့ ရယူခဲ့သည်။ အခြားအကြောင်းပြချက်ကတော့ မရှိပေ။

ဤရဲတိုက်၌ ယဉ်ကျေးမှုအမွေအနှစ်များ များစွာ မရှိသော်လည်း ကမ္ဘာကို တုန်လှုပ်စေမည့် ရွှေဒင်္ဂါးပြားတစ်ချို့ကတော့ ရှိခဲ့သည်။

ဤရွှေဒင်္ဂါးပြားများကို ငွေနှင့် လဲလှယ်မှသာ ကျန်းကျန်းအနေဖြင့် နောက်ထပ် ရှေးဟောင်းရဲတိုက်များကို ပိုမိုဝယ်ယူနိုင်လိမ့်မည် ဖြစ်သည်။

ထို့ကြောင့် မည်သူမှ သတိမထားမိမီ အချိန်ကာလအတွင်း ကျန်းကျန်းက တစ်လအတွင်း ပြင်သစ်တစ်နိုင်ငံလုံးကို ခရီးသွားခဲ့ပြီး ရှေးဟောင်းရဲတိုက် ၁၂၃ ခုကို ဝယ်ယူခဲ့သည်။

ထိုအချိန်ကျမှသာ ပြင်သစ်လူမျိုးများမှာ တရုတ်၏ မျိုးချစ် ရှေးဟောင်းပစ္စည်းစုဆောင်းသူ အိမ်ရှင်မတစ်ဦး၏ ထူးဆန်းသည့်အပြုအမူကို သတိထားမိလာခဲ့ကြသည်။

တစ်ဖက်၌လည်း သူမက အဘယ်ကြောင့် ဤမျှလောက်အထိများစွာသော စွန့်ပစ်ထားသည့် ရဲတိုက်များကို ဝယ်ယူသည်ကို သိလိုကြသော်လည်း တခြားတစ်ဖက်၌လည်း သူမ၏ ငွေကြေးအင်အားကို တုန်လှုပ်နေခဲ့ကြသည်။

ထိုအချိန်ကာလကိုရောက်မှ ကျန်းကျန်းက သူမ ရှေးဟောင်းရဲတိုက်ထဲ၌ ရွှေဒင်္ဂါးပြား သန်းပေါင်းများစွာ တွေ့ရှိခဲ့သည့်အကြောင်းကို ဖော်ထုတ်ခဲ့သည်။

ဤရဲတိုက်၌ ရွှေဒင်္ဂါးပြား သန်းပေါင်းများစွာ ပါဝင်သည်ဆိုသည့် ဒဏ္ဍာရီသည်ကား ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။

ရတနာရှာဖွေရာအတွက် ဘဏ္ဍာမြေပုံတစ်ခု ရှိခဲ့သည်ဟု ဆိုကြသော်လည်း နှစ်များကြာလာသည်နှင့်အမျှ ဤရဲတိုက်သည်ကား ပိုင်ရှင်အများအပြား ပြောင်းလဲခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ထိုဘဏ္ဍာတစ်ခုတလေမျှ ရှာမတွေ့ခဲ့ပေ။

ယခုအခါ၌ ဤတုန်လှုပ်ဖွယ်ရာ ကြွယ်ဝမှုကြီးသည်က အမှန်တကယ်ပင် ကမ္ဘာကြီးရှေ့တွင် ပေါ်လာခဲ့သည်။ သို့သော်လည်း ထိုပိုင်ဆိုင်မှု ဘဏ္ဍာက တရုတ်လူမျိုးတစ်ဦး၏ လက်ထဲ ရောက်ရှိသွားသည့်အတွက် ပြင်သစ်လူမျိုးများစွာက ဤခဏတွင် အလွန်အမင်း စိတ်မကောင်းဖြစ်ခဲ့ကြရသည်။

သူမ လိုချင်သည့် သတင်း၏ အကျိုးသက်ရောက်မှု ပေါ်ထွက်လာသည်နှင့် ကျန်းကျန်း ဝယ်ယူခဲ့သည့် တခြားရဲတိုက်များ၌လည်း တွေ့ရှိခဲ့သည့် ဘဏ္ဍာများ၏ သတင်းများသည်လည်း တစ်ခုပြီးတစ်ခု ပျံ့နှံ့လာခဲ့သည်။

ကျောက်မျက်ရတနာများနှင့် ရွှေများပါသည့် သေတ္တာများက သိပ်ပြီးအာရုံစိုက်စရာ မလိုသော်လည်း ၁၄ ရာစုမှ ၁၉ ရာစုအထိ လက်ရေးစာများ၊ ပန်းချီကားများ၊ ၁၈ ရာစုမှ ရှေးဟောင်းပရိဘောဂများ၊ ရှေးဟောင်းနာရီများ၊ ၁၄ ရာစုမှ အဖိုးတန်စာအုပ်များ၊ နာမည်သာသိ၍ တစ်ခါမျှ ထုတ်ဝေခြင်းမရှိသေးသည့် နာမည်ကြီးပန်းချီကားများ၊ ဘုရင်များနှင့် မိဖုရားများ၏ ဂုဏ်ပုဒ်ကို ကိုယ်စားပြုသည့် ပစ္စည်းများ၊ မြို့စားများနှင့် မှူးမတ်များ ဝတ်ဆင်ခဲ့သည့် လက်ဝတ်ရတနာများ.. စသည် စသည်တို့က လူတိုင်း၏ အာရုံကို ဖမ်းစားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းများသည်က သူတို့ ဖတ်ရှုခဲ့ဖူးသော စာသားများ၊ ပုံတူများနှင့် အနည်းနှင့်အများ ထပ်တူကျနေပြီး ပထမဦးဆုံး ပေါ်ထွက်လာချိန်၌ပင် လူထုတစ်ရပ်လုံးဆီမှ ဆူညံသံများ ထွက်ပေါ်ခဲ့သည့်အတွက်သာ ဖြစ်ပေသည်။

ဤပစ္စည်းများသည်က တရုတ်၏ ယဉ်ကျေးမှုအမွေအနှစ်များထက် နည်းပါးခြင်းမရှိသော်လည်း တရုတ်နိုင်ငံ၏ မူရင်းပစ္စည်းများ မဟုတ်ချေ။

ထို့ကြောင့် ကျန်းကျန်းအနေဖြင့် ၎င်းတို့အတွက် တန်ဖိုးထားသည့် ခံစားချက် သိပ်ပြီးမရှိပါချေ။ သူမက ၎င်းတို့ကို တိုက်ရိုက်ကြော်ငြာခဲ့ပြီး သူမ၏ တောင်းဆိုချက်ကတော့ အလွန်ပင် ရိုးရှင်းပေသည်။

၎င်တောင်းဆိုချက်မှာ ဤ ပစ္စည်းများကို တရုတ်ယဉ်ကျေးမှုအမွေအနှစ်များနှင့် လဲလှယ်လိုသည်ဟု သာ ဖြစ်သည်။

ပြင်သစ်အစိုးရသည်ကား တရုတ်နိုင်ငံမှ ဤသတင်းထောက်ကြောင့် အတော်ပင် စိတ်ရှုပ်နေခဲ့ရသည်။

တစ်ဖက်၌ကား ပြင်သစ်နိုင်ငံ၌ ဤမျှအဖိုးတန်သည့် ယဉ်ကျေးမှုအမွေအနှစ်များကို သူမ ရှာတွေ့သည့်အတွက် ကံကောင်းသည်ဟု ထင်နေကြသော်လည်း တခြားတစ်ဖက်၌ကား လဲလှယ်ခံရမည့် တရုတ်ယဉ်ကျေးမှုအမွေအနှစ်များအတွက် နှမျောကာ စိတ်မကောင်းဖြစ်နေခဲ့ကြခြင်းဖြစ်ပေသည်။

ဤအဖိုးတန် ယဉ်ကျေးမှုအမွေအနှစ်များအားလုံးကို ရှေးဟောင်းရဲတိုက်များမှ တူးဖော်တွေ့ရှိခဲ့သည့်အတွက် စွန့်ပစ်ထားသည့် ပြင်သစ်ရဲတိုက်များ၏ ဈေးနှုန်းများသည်လည်း ခဏတာ မြင့်တက်သွားခဲ့သည်။

အထူးသဖြင့် ကျန်းကျန်း ဝယ်ယူခဲ့သည့် ရှေးဟောင်းရဲတိုက် ၁၂၃ ခုအတွင်း နောက်ထပ် ဘဏ္ဍာများ များစွာ ရှာတွေ့သေးသည်ဟု အမြဲတစေ တွေးနေကြသူများ ရှိခဲ့သည်။

ဤကဲ့သို့ တွေးနေသူများက အနည်းအကျဥ်းလောာ်သာ မဟုတ်ပေ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ဈေးများ မြှင့်တင်ခဲ့ကြပြီး မကြာခင်၌ပင် ဈေးနှုန်းသည်က ကျန်းကျန်း ရှေးဟောင်းရဲတိုက်ဝယ်ယူခဲ့သည့် ဈေးထက် သုံးဆကျော် ပိုမိုများပြားသွားခဲ့သည်။

ကျန်းကျန်းကလည်း ထိုစျေးနှုန်းများကိုရပြီးနောက်တွင် သူမ ရှာဖွေပြီးသားဖြစ်သည့် စွန့်ပစ်ထားသည့် ရှေးဟောင်းရဲတိုက်များကို အလွယ်တကူ ရောင်းချခဲ့သည်။

ယဉ်ကျေးမှုအမွေအနှစ်များအတွက် အင်တာဗျူးများ များစွာ ပြုလုပ်ပြီးသည့်နောက်၌ သူမအနေဖြင့် ပြင်သစ်နိုင်ငံ၌ နောက်ထပ် ရှေးဟောင်းရဲတိုက်များ ဝယ်ယူ၍ ရှေးဟောင်းပစ္စည်းများ တူးဖော်ရန် မဖြစ်နိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ကျန်းကျန်းက မည်သည့်ရှေးဟောင်းရဲတိုက်ကို သွားကြည့်သည်ဖြစ်စေ ထိုရဲတိုက်၏ ဈေးနှုန်းသည်က ကောင်းကင်ကို ထောင်တက်သွားမည်ဖြစ်ပြီး ရောင်းချသူသည်လည်း သူကိုယ်တိုင် တူးဖော်သည်ဖြစ်စေ၊ ရောင်းချသည်ဖြစ်စေ ငွေများစွာ ရရှိမည် ဖြစ်လာကြသည့်အတွက် ဖြစ်သည်။

ကံကောင်းစွာဖြင့် ကျန်းကျန်း ရွေးချယ်ခဲ့သည့် ရှေးဟောင်းရဲတိုက် ၁၂၃ ခုသည် အဖိုးအထိုက်တန်ဆုံးနှင့် ယဉ်ကျေးမှုအမွေအနှစ်အများဆုံး ရှိခဲ့သည်။

တချို့အခြားရဲတိုက်များ၌ ပစ္စည်းများ ရှိသော်လည်း များစွာတန်ဖိုးမရှိသည့်အတွက် လက်လွှတ်ရခြင်းမှာ ဝမ်းနည်းစရာ မရှိပေ။

ဤအပြင် နေရာများစွာ၌လည်း မြှုပ်နှံထားသည့် ဘဏ္ဍာများ များစွာ ရှိသေးသည်။

သမိုင်းကြောင်းအရ အပေါ်ဘက်မှ အဆောက်အအုံများ ပျောက်ကွယ်သွားခဲ့သည်များညှိပေသည်။ သို့သော် ထိုအဆောက်အအုံ၏ မြေအောက်မှ ပစ္စည်းများအတွက် ရှင်းလင်းသည့် ပိုင်ရှင်မရှိပေ။

ဤသို့ ပိုင်ရှင်မဲ့ပစ္စည်းများကို ကျန်းကျန်းက သူမ အမွေဆက်ခံခဲ့သည့် ဖားလော့ခ်ရဲတိုက်ဟောင်းထဲသို့ မဆိုင်းမတွ ရွှေ့ပြောင်းခဲ့ပြီး သူမထို ရဲတိုက်ထဲမှ တူးဖော်ရရှိသည့် ပစ္စည်းများအဖြစ် သတ်မှတ်ခဲ့သည်။

ကျန်းကျန်း၏ အသိစိတ်သည်က ပြင်သစ်ပြည်မကြီးတစ်ခုလုံး၏ မြေအောက်ကိုပါ မြင်နိုင်နေခဲ့ပေပြီ။ သူမက နှမြောတတ်သည့်အတွက်ကြောင့် ရွှေဒင်္ဂါးပြားတစ်ပြားကိုမျှပင် လက်လွှတ်မခံပေ။

ဤအပြင် ရှေးဟောင်းပစ္စည်းများ များစွာလည်း ရရှိခဲ့သေးသည်။

ပြင်သစ်နိုင်ငံသည်ကား ဤသေးငယ်သည့် ပျက်စီးနေသည့် ရဲတိုက်မှ တူးဖော်တွေ့ရှိခဲ့သည့် အရာများကြောင့် တုန်လှုပ်ခဲ့ရပြီး မီဒီယာတချို့ကပင် ဖားလော့ခ်၏ ဘိုးဘွားဘီဘင်များ၏ အခြေအနေကို လေ့လာရန် စတင်ခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် နာမည်ဂုဏ်ရှိခြင်းမရှိ၊ လူမှုအသိုင်းအဝိုင်းတွင် ထင်ပေါ်ခြင်းမရှိသည့် ဤမိသားစု၌ ပြတိုက်တစ်ခုစာလောက်ကဲ့သို့ ဘဏ္ဍာများ အဘယ်ကြောင့် များစွာ ရှိနေရသည်ကို ရှာဖွေရန်အတွက် ဖြစ်သည်။

အထူးသဖြင့်ဆိုရလျှင် ရှေးဟောင်းပစ္စည်းများကား ပြင်သစ်၌ များစွာ မရှိပေ။

ယခုဆိုလျှင် ကျန်းကျန်းက ပြင်သစ်တွင် နာမည်ကြီးနေပြီဖြစ်သော်လည်း ဤယဉ်ကျေးမှုအမွေအနှစ်များ မည်သည်နေရာသို့ ရောက်ရှိသွားမည်ကိုကား မည်သူမျှ စိတ်မပူကြပေ။

ပြင်သစ်လူမျိုးများက ကျန်းကျန်း၏ လုပ်ရိုးလုပ်စဉ်ကို ရင်းနှီးပြီးသားဖြစ်၍ တရုတ်ယဉ်ကျေးမှုအမွေအနှစ်များကိုသာ တိုက်ရိုက်ပြင်ဆင်၍ လဲလှယ်ရန်သာ လုံလောက်သည်။

ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဘဏ္ဍာများ အလွန်များပြားသည့်အတွက် ကျန်းကျန်းက စာအုပ်ငယ်တစ်ခုကို တိုက်ရိုက်ထုတ်ဝေခဲ့သည်။

လဲလှယ်ရန် စိတ်ဝင်စားသူများသည်က စာအုပ်ငယ်ကို ဝယ်ယူရန် ငွေသုံးစွဲနိုင်ကြလိမ့်မည်။ ဤသည်က ပြင်သစ်လူမျိုးများကို ရယ်ရခက်၊ ငိုရခက် ဖြစ်စေခဲ့သည်။

ဤစာအုပ်ငယ်၏ တစ်လအတွင်း ဖြန့်ချိမှုသည် ထိုနှစ်၏ အရောင်းရဆုံးစာအုပ်ထက်ပင် ပိုမိုများပြားခဲ့သည်။

ဤရဲတိုက်၌ တွေ့ရှိခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များက ပြင်သစ်အတွက် အလွန်အရေးကြီးသည့်အတွက် ပုဂ္ဂလိကစုဆောင်းသူများသာမက ပြတိုက်များစွာပါ ဤတစ်ကြိမ် လဲလှယ်ရန် ရောက်ရှိလာခဲ့ကြသည်။

ကျန်းကျန်းက သူမ ကြာမြင့်စွာကတည်းက စိတ်ဝင်တစားရှိခဲ့သည့် ထူးခြားအဓိပ္ပာယ်ရှိသည့် သမိုင်းဝင်အမွေအနှစ်များကို လဲလှယ်ရန် အခွင့်အရေးကို နောက်ဆုံး၌ ဆုပ်ကိုင်နိုင်ခဲ့သည်။

ပြတိုက်များကလည်း လဲလှယ်ခံရသည့် အရှေ့တိုင်းယဉ်ကျေးမှုအမွေအနှစ်များအတွက် နာကျင်နေခဲ့ကြသော်လည်း လဲလှယ်ရရှိသည့် ပြင်သစ်ယဉ်ကျေးမှုအမွေအနှစ်များအတွက် အလွန်အမင်း ဝမ်းမြောက်ပျော်ရွှင်နေကြပြီး ခံစားချက်များမှာ အလွန်ရှုပ်ထွေးနေခဲ့ပြရသည်။

ပြင်သစ်နိုင်ငံ၏ အပေါ်ပိုင်းမှ အောက်ခြေအထိ ရှာဖွေခဲ့သတာ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ အားလုံး ကို လဲလှယ်ပြီး တရုတ်နိုင်ငံသို့ ချောမွေ့စွာ ပြန်ပို့ပြီးသည့်နောက်တွင် ကျန်းကျန်း စိတ်သက်သာရာ ရခဲ့သည်။

ယခုဆိုလျှင် ရဲတိုက်ဝယ်ယူရန် မလွယ်တော့ပေ။ စုဆောင်းသူများလက်ထဲမှ အဖိုးတန်သည့် ပိုင်ရှင်မဲ့ပစ္စည်းများကို ကျန်းကျန်းသည် ကြာမြင့်စွာကတည်းက ဝယ်ယူခဲ့ပြီးသား ဖြစ်သည်။

နောက်ပိုင်းတွင် ကြီးမားသည့် ယဉ်ကျေးမှုအမွေအနှစ်များ နိုင်ငံပြင်ပသို့ ထွက်ခွာတော့မည် မဟုတ်ဟု ယူဆရသည်။

ပြင်သစ်လူမျိုးများ စိတ်ပူပန်စွာ တစ်လစောင့်ဆိုင်းပြီးသည့်နောက် ကျန်းကျန်းက အလုပ်သွားအလုပ်ပြန်လုပ်ခြင်းမှလွဲ၍ အပြင်သိပ်မထွက်တော့ဟု တွေ့ရှိခဲ့သည့်အတွက် သက်ပြင်းချမိခဲ့ကြသည် ။

သို့သော် မကြာခင်၌ပင် သူတို့ စောစီးစွာ သက်ပြင်းချမိခြင်းက မှားယွင်းမှန်း သိလိုက်ကြရသည်။

အဘယ်ကြောင့်ဆိုသော် ကျန်းကျန်းက ရက်အနည်းငယ်အတွင်း၌ ပင်လယ်ခရီး ထွက်တော့မည်ကို သိလိုက်ရသည့်အတွက်ကြောင့်ပင် ဖြစ်သည်။

လူများစွာ ရှောင်ရှားနိုင်ရန်အတွက် ကျန်းကျန်းက ကိုယ်ပိုင်ရွက်လှေတစ်စီးနှင့် ၁၉၈၀ ပြည့်လွန်နှစ်များမှ အဆင့်မြင့်ဆုံး စူးစမ်းရှာဖွေရေးနှင့် ဘဏ္ဍာတူးဖော်ရေး ကိရိယာအစုံအလင်ကို ဝယ်ယူ၍ ရေနက်ပိုင်းသို့ သွားခဲ့သည်။

ပင်လယ်အောက်ခြေကား ကမ္ဘာပေါ်တွင် ဘဏ္ဍာအများဆုံးရှိသည့်နေရာဟု ပြော၍ ရသည်။ သို့သော် လူပေါင်းများစွာ၏ အရိုးစုများလည်း မြှုပ်နှံထားသည်။

ရေအောက်ဘဏ္ဍာများနှင့် ပတ်သက်သည့် ဒဏ္ဍာရီများ ကမ္ဘာပေါ်တွင် များစွာ ရှိသည်။ လူအများစုက သူတို့ဘဝတစ်လျှောက်လုံး ဘဏ္ဍာများကို ရှာဖွေနေခဲ့ကြပေသည်။

ကျန်းကျန်းက ကုန်းပတ်ပေါ်တွင် လှဲလျောင်းနေခဲ့ပြီး ပင်လယ်ထဲသို့ တိုက်ရိုက်မဆင်းခဲ့ပေ။ သူမသည်က သူမ၏ အသိစိတ်ကိုဖြန့်ကျက်ထားပြီး ခြေရာခံကိရိယာကို စောင့်ကြည့်ခဲ့ကာ တစ်ချိန်တည်း၌ပင် ပင်လယ်ထဲတွင် ရှာဖွေရန် သူမ၏ အသိစိတ်ကို အသုံးပြုခဲ့သည်။

*

All Chapters