← Chapters

အခန်း (၃၄၃)

Vol. 35 Ch. 343

အခန်း (၃၄၃)

Vol. 35 Ch. 343

ပင်လယ်အောက် ကိရိယာများစွာသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိသည့်အချိန်မျိုးတွင် ချွတ်ယွင်းတတ်သော်လည်း ကျန်းကျန်း၏ အသိစိတ်ကတော့ မတူပါချေ။

သူမသည်ကား ပင်လယ်အောက်ခြေ၏ အနက်ဆုံးနေရာကို တိုက်ရိုက်ရောက်ရှိနိုင်ပြီး အသေးစိတ်တိုင်းကို ၃၆၀ ဒီဂရီဖြင့် ရှင်းလင်းစွာ မြင်နိုင်သည်။

သူမ၏ အသိစိတ်က ပင်လယ်အောက်ခြေကို ရေဒါတစ်ခုကဲ့သို့ ဧရိယာကျယ်ကြီးဖြင့် ရှာဖွေခဲ့သည်။

သူမက ရွက်သင်္ဘော၏ အင်ဂျင်ကို ပိတ်ထားသော်လည်း လှိုင်းများက ကျန်းကျန်း၏ အသိစိတ်မှ လမ်းကြောင်းအတိုင်း သင်္ဘောကို အရှေ့သို ဆက်တွန်းပို့နေခဲ့သည်။

ကျန်းကျန်းက ကုန်းပတ်ပေါ်တွင် ထိုင်၍ ဆာရှိမီစားနေခဲ့ကာ သူမ၏ နေရာလွတ်ထဲမှ ပင်လယ်စာဆန်ပြုတ်တစ်ခွက်ကို ထုတ်ယူလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ လတ်ဆတ်သည့် ဆန်ပြုတ် နှစ်ဇွန်းခန့်စားလိုက်သည်။

ကျန်းကျန်းက ပေါင်းထားသည့် ဂဏန်းကို ထပ်မံထုတ်၍ယူလိုက်ပြီး ဂဏန်းအသားများစွာကို ခွာယူ၍ စားလိုက်လေသည်။ ပင်လယ်၏ ဆားငံရနံ့များနှင့် ဖုံးလွှမ်းနေသော နေရာတွင် ပင်လယ်စာကို စားသောက်ခြင်းက အရသာရှိလှပေသည်။

သူမ စားသောက်နေရင်းမှ ရုတ်တရက် လွန်ခဲ့သည့်အချိမ်များက နစ်မြုပ်ထားသည့် သင်္ဘောတစ်စီး ရှိနေသည်ကို သတိပြုမိသွားခဲ့လေ၏။

ကျန်းကျန်းက ပေါင်းအိုးထဲမှ နောက်ထပ်ဂဏန်းတစ်ကောင်ကို ဓားနှင့်ထိုးလိုက်ပြီး ထုတ်ယူကာ ဂဏန်းလက်မတစ်စုံကို ဖြုတ်၍ စားလိုက်ပြန်သည်။

သူမ၏ အသိစိတ်က နစ်မြုပ်နေသည့် သင်္ဘောပတ်ပတ်လည်ကို လှည့်ပတ်သွားနေခဲ့ပြီး ပိတ်ထားသည့် တံခါးများနှင့် ပြတင်းပေါက်များမှတစ်ဆင့် ဝင်ရောက်သွားခဲ့သည်။

သင်္ဘောဝမ်းထဲ၌ သေတ္တာကြီးများ များစွာကို အလွန်ရှင်းလင်းတွေ့နေရပြီး ထိုသေတ္တာများထဲတွင်ကား လက်ဝတ်ရတနာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ပြည့်နှက်နေခဲ့သည်။

ကျန်းကျန်း ပြုံးလိုက်သည်။

ထို့နောက်တွင် နစ်မြုပ်နေသည့်သင်္ဘောရှိရာ ပင်လယ်အောက်ခြေသည်က ရုတ်တရက် ခဏတာ ရပ်တန့်သွားပြီးနောက်၌ တစ်မီတာစီ နောက်ဆုတ်သွားခဲ့လေသည်။

မကြာခင်ပင် နစ်မြုပ်နေသည့် သင်္ဘောပတ်လည်တွင် ပင်လယ်ရေမရှိသည့် ထူးဆန်းသည့်မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

ကျန်းကျန်း၏ အသိစိတ်က သင်္ဘောခန်းကို ဖွင့်ရန် အခွင့်ကောင်းယူခဲ့သည်။ ထို့နောက်တွင် ပင်လယ်ရေများက အသိစိတ်ရှိနေသကဲ့သို့ သင်္ဘောခန်းတံခါးမှတစ်ဆင့် ဝင်ရောက်လာပြီး နစ်မြုပ်နေသည့် သင်္ဘောထဲမှ သေတ္တာများကို အပေါ်သို့ တွန်းတင်ခဲ့သည်။

သေတ္တာများအားလုံး ပင်လယ်ပြင်ပေါ် ရောက်ရှိလာသည့်အချိန်တွင် ကျန်းကျန်းက သူမ၏ လက်များကို သုတ်၍ မတ်တပ်ရပ်လိုက်သည်။

သူမက ပင်လယ် မျက်နှာပေါ်တွင် ပေါ်နေသည့် သေတ္တာ ဒါဇင်ပေါင်းများစွာကို ကြည့်လိုက်ပြီး အားလုံးကို သူမ၏နေရာလွတ်ထဲသို့ ရွှေ့လိုက်သည်။

ကမ္ဘာပေါ်တွင် အကြီးဆုံးဘဏ္ဍာတိုက်သည်က ပင်လယ်အောက်ခြေဟု ပြောမည်ဆိုလျှင် နစ်မြုပ်နေသည့်သင်္ဘောများနှင့် ဘဏ္ဍာများက ရေအောက်ကမ္ဘာကို လျှို့ဝှက်ဆန်းကြယ်မှုများ များစွာ ထပ်ဖြည့်ပေးသည်။

ပင်လယ်အောက်ခြေသည်က အန္တရာယ်များပြည့်နေသည့် မသိသေးသည့် ဧရိယာတစ်ခုသာ မဟုတာခဲ့ပါက လူသားများက ဤနေရာကို သိမ်းပိုက်၍ တူးဖော်ပြီးသား ဖြစ်နေမည်။

သို့သော် ကျန်းကျန်း၌ ဘဏ္ဍာအားလုံးကို တူးဖော်နိုင်သည့်စွမ်းရည် ရှိသော်လည်း သူမက ဤသို့လုပ်ရန် ရည်ရွယ်ချက်မရှိပေ။

ယဉ်ကျေးမှုအမွေအနှစ်များကို လဲလှယ်ခြင်းမှလွဲ၍ ကျန်းကျန်းက ကျန်သည့်အရာများကို ပင်လယ်ထဲတွင် ထားရှိခြင်းကသု ပိုမိုကောင်းမွန်သည်ဟု ခံစားရသည်။

သူမအနေဖြင့် မည်သည့်အရာကိုမျှ အလွန်အကျွံ မဖြစ်သင့်ဟု ယူဆသည်။

အချိန်က တစ်ရက်သာ ရှိသေးသည့်အတွက် အိမ်ကို ပြန်ရန် စောနေသေးပေသည်။

ကျန်းကျန်းက ပင်လယ်ထဲတွင် တစ်လကြာ ကစားခဲ့ပြီး လှပသည့် သန္တာကျောက်တန်းများနှင့် တောက်ပသည့် ပုလဲများကို များစွာကိုလည်း ရွေးချယ်ခဲ့သည်။

ပင်လယ်ထဲ၌ကား ကျန်းကျန်းအနေဖြင့် ဆာလောင်မှုကို စိတ်ပူစရာမလိုပေ။ ပင်လယ်အောက်ခြေမှ အစားအစာများက လုံလောကာသည်ထက်ပင် ပို၍ စားသောက်နိုင်သည် မဟုတ်ပါလား။

ကျန်းကျန်းက ဤအခွင့်အရေးကိုယူ၍ သူမ၏နေရာလွတ်ရှိ မီးဖိုချောင်တွင် ပင်လယ်စာများကို များစွာ ထုတ်ပိုး သိမ်းဆည်းထားခဲ့သည်။ ထို့အပြင် ချက်ပြုတ်ထားခဲ့သည်။

နောက်ပိုင်းတွင် သူမ ချက်ပြုတ်ရန် ပျင်းရိလျှင်ပင် ဤနေရာလွတ်ထဲမှ ချက်ပြုတ်ထားသည်များကို အရံသင့် စားသောက်ကာ ပျော်ရွှင်နိုင်ပေသည်။

တစ်လခွဲကြာပြီးနောက်၌ ကျန်းကျန်း၏ ရွက်လှေက နောက်ဆုံးတွင် မြိုးသိုး ပြန်ရောက်လာခဲ့သည်။

ပြင်သစ်လူမျိုးများကမူ ကျန်းကျန်း အနေဖြင့် ပြင်လယ်ပြင်၏ အပေါ်မှ သွားလာရုဲဖြင့် ပင်လယ်အောက်ခြေတွင်ရှိနေသော မည်သည့်အရာကိုမျှ ရရှိလာမည်မဟုတ်ဟု ထင်ခဲ့ကြသော်လည်း သူမအကြောင်းကို စိတ်ဝင်တစားမကြည့်ဘဲ မနေနိုင်ခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် ဤမိန်းကလေးငယ်၏ လုပ်ရပ်များသည်က အလွန်အမင်းပင် အံ့မခန်းဖြစ်နေသည့်အတွက် ဖြစ်လေသည်။

လှေပေါ်တွင်ရှိစဉ်ကတည်းက ကျန်းကျန်းအနေဖြင့် သူမ ဤတစ်ကြိမ် ပြန်ယူလာသည့် ဘဏ္ဍာများကို စစ်ဆေးပြီးသား ဖြစ်သည်။ အများစုသည် ရွှေ၊ ငွေ ပစ္စည်းများနှင့် အဖိုးတန်လက်ဝတ်ရတနာများ ဖြစ်ပေသည်။

ကျန်းကျန်းက ဤလက်ဝတ်ရတနာများ၏ မူရင်းအကြောင်းကို သိပ်မသိသော်လည်း ပြင်သစ်လူမျိုးများ ကိုယ်တိုင်ကတော့ ရှာဖွေတွေ့ရှိလိမ့်မည်ဟု ယုံကြည်ခဲ့သည်။

ရွက်လှေ ပြန်ရောက်လာသည်နှင့် သတင်းထောက်များစွာက ကမ်းနားသို့ ရောက်ရှိလာခဲ့ကြသည်။

သူတို့က ကျန်းကျန်း၏ ပေါ့ပေါ့ပါးပါး ဝတ်စားဆင်ယင်ပုံကို ကြည့်၍ စိုးရိမ်တကြီး မေးမြန်းခဲ့ကြသည်။

“မိန်းကလေးလီ အခုတစ်ခါ ပင်လယ်ကို ခရီးထွက်တာ ဘာတွေများ ရခဲ့ပါသလဲ”

“ရခဲ့တယ်”

ကျန်းကျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကျွန်မ မတော်တဆ နစ်မြုပ်နေတဲ့ သင်္ဘောတစ်စီးကို တွေ့ခဲ့တာပါ”

နစ်မြုပ်နေသည့် သင်္ဘောကို မတော်တဆ တွေ့ရှိနိုင်သည်ဆိုလျှင် သူတို့အနေဖြင့် နှစ်ပေါင်းများစွာ စေလွှတ်ခဲ့သည့် စူးစမ်းရှာဖွေရေးသင်္ဘောများက အဘယ်ကြောင့် မည်သည့်အရာကိုမှ မတွေ့ရှိခဲ့ရပါသနည်း။

ပြင်သစ်သတင်းထောက်မှာ သူမကို မျှော်လင့်ချက်မဲ့စွာ ကြည့်နေခဲ့မိသည်။ သို့သော် ဤတရုတ်အမျိုးသမီးသည်ကား ဘဏ္ဍာရှာဖွေသည့်နေရာ၌ သာမန်လူများထက် ကံကောင်းခြင်းများ အမြဲရှိနေခဲ့သည့်အတွက် သူတို့ မည်မျှပင် မနာလိုဖြစ်စေ မည်သည့်အရာမျှ လုပ်၍ မရခဲ့ပေ။

တိတ်ဆိတ်မှုအပြီး၌ သတင်းထောက်တစ်ဦးသည် နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ဒါဆို ဒီတစ်ခါ နစ်မြုပ်နေတဲ့သင်္ဘောကနေ ရတနာပစ္စည်းတွေ အများကြီး ပြန်ယူလာခဲ့တာလား”

သတင်းထောက်က သူ့စိတ်ထဲတွင် ဝမ်းသာအားရစွာ မေးလိုက်သည်။

နစ်မြုပ်နေသည့် သင်္ဘောက ရှာဖွေရလွယ်သော်လည်း ဘဏ္ဍာကို ထုတ်ယူရခြင်းကမူ သိပ်မလွယ်ပေ။

သူမ အနည်းငယ်လေးသာ ပြန်ယူလာခဲ့ခြင်း ဖြစ်နိုင်၍ သူမ၏ နိုင်ငံသည်က ကျန်သည့်ဘဏ္ဍာများကို ပြန်ယူရန် အခွင့်အရေးရှိနေသေးသည်။

ကျန်းကျန်းက သူ့အတွေးများကို မြင်အောင်ကြည့်နိုင်သကဲ့သို့ ပြန်ပြုံးလိုက်ပြီး ပြောလာသည်။

“ဒီတစ်ခါ အကျိုးအမြတ်က တော်တော်ကြီးပါတယ်၊ သေတ္တာ လေးငါးဆယ်လုံးလောက် ပြန်ယူလာခဲ့တာလေ”

သတင်းထောက်၏ မျှော်လင့်ချက်မဲ့သွားရသည့် မျက်နှာကိုကြည့်၍ ကျန်းကျန်းက ထပ်ပြောလိုက်သည်။

“ပင်လယ်ခရီးထွက်တဲ့ ပထမဆုံးနေ့မှာပဲ တွေ့ခဲ့တာလေ၊ ကျွန်မက အဲ့ဒီမှာ ရာသီဥတုသာယာတော့ တစ်လအပြည့် အပန်းဖြေပြီး နေခဲ့တာ”

ဒီလိုဆိုရင် သူမက တစ်လလုံးလုံး ရှာဖွေနေရင် ပုရွက်ဆိတ်တွေတောင် နေစရာပျောက်တဲ့အထိ ပြန်ရွေ့လာနိုင်ခဲ့တာလား။

သတင်းထောက်များသည်ကား မည်သည့်အရာကိုမျှ တတ်နိုင်ခြင်းမရှိခဲ့ပေ။

သေတ္တာ ဒါဇင်ပေါင်းများစွာကို ပြန်သယ်လာရခြင်းသည်လည်း ခက်ခဲသည့်အတွက် ကျန်းကျန်းက သင်္ဘောပေါ်မှာသာ တိုက်ရိုက်လဲလှယ်ရန် ပြောခဲ့သည်။

ပြတိုက်များ တစ်ခုပြီးတစ်ခုကလည်း ထိုသတင်းကိုကြားသည်နှင့် အလျှင်အမြန် ရောက်ရှိလာခဲ့ကြသည်။

ဤအချိန်ကာလအထိ ကျင့်သားရပြီးနောက်တွင် အဓိကပြတိုက်ကြီးများက ဟွားကော်နိုင်ငံနှင်ပတ်သက်ဆက်နွယ်သည့် ရှေးဟောင်းပစ္စည်းများ၊ ပြခန်းပစ္စည်းများနှင့် ပတ်သက်သည့် စာအုပ်များကို ပြင်ဆင်ပြီးသား ဖြစ်နေပေပြီ။

သူတို့က ပြည်နယ်တွင်ရှိနေသော ပစ္စည်းများကို ဆယ်ရက်ခြားတစ်ခါ ရွှေ့ခဲ့ကြရသည်။

လက်ရှိ သင်္ဘောခန်းထဲမှ သေသေချာချာပြုလုပ်ထားသည့် လက်ဝတ်ရတနာများ၊ ရှေးဟောင်းပစ္စည်းများနှင့် ကြွေထည်ပစ္စည်းများကို မြင်သည့်အခါတွင် ပြတိုက်မှလူများက ထပ်မံ တုန်လှုပ်သွားခဲ့ကြရပြန်သည်။

သူတို့ မည်မျှပင် သူမကို မရစေချင်ဟု ပြောနေပါစေ မည်သည့်အရာမျှ တတ်နိုင်ခြင်းမရှိပေ။

ကျွမ်းကျင်သူများကို ခိုင်မာစွာ ခွဲခြားခိုင်းနေစဉ် ပြတိုက်ဝန်ထမ်းများက ဝမ်းနည်းစွာဖြင့် သူတို့တွင်ရှိနေသည့်အရာများကို ရေးမှတ်ထားသောစာအုပ်ငယ်ကို ပေးလိုက်ပြီး မေးခဲ့ကြရသည်။

“ မိန်းကလေးလီ၊ ဒီတစ်ခါ ဘာတွေ လဲလှယ်ချင်ပါသလဲဆိုတာ ကြည့်ပေးပါဦး”

သတင်းထောက်အများစုကို အပြင်၌ ထားခဲ့သော်လည်း အမျိုးသားတီဗီသတင်းဌာနမှ သတင်းထောက်နှစ်ဦးကိုမူ အတွင်းသို့ ဝင်ခွင့်ပြုခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုသည်က ကမ္ဘာသို့ ထုတ်လွှင့်ခဲ့သည်။

ထိုသတင်းရရှိပြီးနောက်၌ ဟွားကော်အစိုးရတီဗီရုပ်သံလိုင်းကလည်း ပြင်သစ်နှင့် အရေးပေါ်ဆက်သွယ်ခဲ့ပြီး ယဉ်ကျေးမှုအမွေအနှစ်များ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်းကို ကြိုဆိုသည့် ခေါင်းစဉ်အောက်တွင် ပြင်သစ်နိုင်ငံ၏တိုက်ရိုက်ထုတ်လွှင့်မှုကို ဟွားကော်အစိုးရတီဗီနှင့် ချိတ်ဆက်ကာ နိုင်ငံတစ်ဝှမ်းလုံးမှ ပြည်သူများကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

တရုတ်လူမျိုးများသည်ကား ကြွေထည်ပစ္စည်းတစ်ခုစီ၏ တန်ဖိုးကို မသိကြသော်လည်း ရွှေဒင်္ဂါးပြားသေတ္တာများနှင့် အဖိုးတန်ကျောက်မျက်ရတနာများကိုကား ကောင်းစွ် သိကြသည့်အတွက် စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့ကြသည်။

တီဗီထဲ၌ ကျန်းကျန်းသည်က စာအုပ်ငယ်တစ်အုပ်ကို ကိုင်၍ ပြတိုက်များစွာမှ လူများနှင့် ဈေးဆစ်နေခဲ့သည်။

နန်းတော်ပြတိုက်မှလူများကမူ တီဗီရှေ့တွင်ထိုင်ကြည့်နေကြပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှ စာအုပ်ငယ်ထဲရှိ အမျိုးသားဘဏ္ဍာပုံများကို စိုးရိမ်တကြီး ကြည့်နေကြသည်။

ကင်မရာက ကျန်းကျန်းကို အနီးကပ်ရိုက်ကူးခဲ့သည်။ သူမ၏ နူးညံ့၍ သွယ်လျသည့်လက်ချောင်းများသည် ဘောပင်တစ်ချောင်းကို ကိုင်ထားပြီး ယဉ်ကျေးမှုအမွေအနှစ်များပေါ်တွင် တစ်ခုပြီးတစ်ခု အမှန်ခြစ်နေခဲ့သည်။

အန်ကာဝပ်မှ ဗုဒ္ဓရုပ်ပွားတော်၊ အနောက်ဟန်မင်းဆက်မှ တိရစ္ဆာန်မျက်နှာပုံစံ ကျောက်စိမ်းပြား၊ မြောက်ဝေမင်းဆက်မှ သကျမုနိဗုဒ္ဓနှင့် တာပေါ်၊ မြောက်ဘက်ဒေသရှိ စွမ်းမင်းဆက် ချီကျိုးမီးဖိုမှ ကြွေထည်ပစ္စည်းများ စသည်တို့ ပါဝင်လေ၏။

ကျန်းကျန်းသည်လည်း ပြင်သစ်နိုင်ငံ၏ ရှေးဟောင်းပစ္စည်းများကို ပြည်တွင်းပြတိုက်များ၌ ပျောက်ဆုံးနေသည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့်လဲလှယ်ကာ နိုင်ငံအတွင်းမှ ပျောက်ဆုံးသွားသည့် အဖိုးတန်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ပြန်လည်ဖြည့်ဆည်းပေးနေခဲ့သည်။

ယွီရှို့ကျင်းကတော့ သူ့၏ ရုံးခန်းထဲမှ တီဗီကို ဖွင့်၍ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေရင်း မနက်ဖြန်သတင်းကို ပြင်ဆင်နေခဲ့သည်။

“ကျွန်တော်တို့ရဲ့ လီမင်ကျန်းက နောက်တစ်ခါ ခေါင်းစီးပိုင်းမှာ ပါလာပြန်တော့မယ်”

ပြင်သစ်ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုအပြီး၌ နစ်မြုပ်နေသည့် သင်္ဘောထဲမှ ပစ္စည်းများအားလုံးကို တစ်ပတ်အကြာတွင် မှတ်ပုံတင်ခဲ့သည်။

ကျန်းကျန်းက ပြင်သစ်လူမျိုးများနှင့် သူမကိုယ်တိုင် ဈေးညှိထားသည့် သတ်မှတ်ဈေးကို မတော်တဆ ကြားပြီးသည့်နောက်၌ သူမက ယဉ်ကျေးမှုအမွေအနှစ်များကို တရုတ်နိုင်ငံသို့ ပိုမို၍ပြန်ယူရန်အတွက် ဈေးကို ရက်ရက်စက်စက် ဆစ်ခဲ့လေသည်။

*

All Chapters