← Chapters

အခန်း (၃၄၄)

Vol. 35 Ch. 344

အခန်း (၃၄၄)

Vol. 35 Ch. 344

ဤအချိန်တွင် ပြင်သစ်တွင်ရှိနေသော တရုတ်နိုင်ငံသံရုံးတွင်တော့ ရှီကျွင့်ကျဲမှတစ်ဆင့် ကျန်းကျန်းထံသိာ့ ဆက်သွယ်ကာ တရုတ်ပြည်မှ ကျွမ်းကျင်ပညာရှင်များကို စေလွှတ်ပြီး ယဉ်ကျေးမှုအမွေအနှစ်များကို လာယူရန် အဆင်ပြေမပြေကို မေးမြန်းခဲ့လေသည်။

ကျန်းကျန်းသည်လည်း နိုင်ငံခြားမှ ရရှိသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ဖုံးကွယ်ထားရန် စိတ်ကူးမရှိသောကြောင့် ချက်ချင်းပင် သဘောတူခဲ့သည်။

ထို့ကြောင့်တရုတ်နိုင်ငံ၏ အစိုးရမှ အထူးလေယာဉ်တစ်စီးကိုစီစဥ်ကာ တရုတ်ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ဟွားကော်ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည့်အဖွဲ့ကိုပါ စေလွှတ်ခဲ့သည်။

ယဉ်ကျေးမှုအမွေအနှစ်များကို လွှဲပြောင်းပေးမည့်နေ့တွင် တရုတ်နိုင်ငံမှ ရောက်ရှိလာကြသော ကျွမ်းကျင်ပညာရှင်များသည်လည်း ကျန်းကျန်း၏ နောက်သို့လိုက်၍ ပြင်သစ်နိုင်ငံမှ နာမည်ကျော် ပြတိုက်တစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။

ကျန်းကျန်းလိုချင်သည့် ယဉ်ကျေးမှုအမွေအနှစ်များကို ပြတိုက်အသီးသီးမှ ကြိုတင်သယ်ယူထားခဲ့ပြီး လက်ရှိတွင် အရာအားလုံးက ဤနေရာသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် တစ်စုတစ်စည်းတည်း လွှဲပြောင်းပေးနိုင်ခဲ့သည်။

ကင်မရာများက သူတို့၏ ပတ်ပတ်လည်တွင်ရှိနေခဲ့ကာ ရှုထောင်းပေါင်းစုံမှ လည်ပတ်ရိုက်ကူးနေခဲ့လေသည်။

တီဗွီရုပ်သံလိုင်းတွင် လီမင်ကျန်းနှင့် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များသည် ပြင်သစ်ဝန်ထမ်းများ၏ ဦးဆောင်မှုနှင့် လုံခြုံရေးအဆင့်ဆင့်ကို ဖြတ်ကျော်၍ ယဉ်ကျေးမှုအမွေအနှစ်များကို ယာယီထားရှိသည့် ဂိုထောင်သို့ ရောက်ရှိလာခဲ့ကြသည်။

ပြင်သစ်နိုင်ငံ၏ ပြတိုက်ဝန်ထမ်းများက ပထမဆုံးသေတ္တာကို ဖွင့်လိုက်သည်အခါတွင် အတွင်း၌ စုန့်မင်းဆက်ခေတ်ကာလအတွင်းမှ ရှေးဟောင်းပန်းချီကားတစ်ချပ်ကို တွေ့ရှိရသည်။

ချက်ချင်းဆိုသလို ပန်းချီပညာရှင်တစ်ဦးက ပန်းချီကားကို စစ်ဆေးလိုက်ပြီး ကျန်းကျန်းကို ခေါင်းညိတ်ပြလာလေသည်။ ထို့ကြောင့် ကျန်းကျန်းလည်း လက်ကိုဆန့်၍ စာရင်းတစ်ခုကို လွှဲပြောင်းပေးလိုက်ကာ သူမဘက်တွင်တွင် စာရင်းမှတ်စုပေါ်၌ ဤပန်းချီကား၏ အမည်ကို ရှာဖွေကာ အမှန်ခြစ်တစ်ခု ပြုလုပ်ခဲ့သည်။

ပြင်သစ်၌ မနက်ပိုင်းအချိန်ကာလတွင် ယဉ်ကျေးမှုအမွေအနှစ်များ လွှဲပြောင်းခြင်း စတင်ခဲ့သည်။

သို့သော်လည်း တရုတ်ပြည်တွင်မူ နေ့လယ်ပိုင်းငို့ ရောက်ရှိနေပြီဖြစ်လေသည်။

မဒမ်လီနှင့် ဝမ်စုဖန်းတို့သည်က နေ့လယ်ဘက်တွင် အိပ်မပျော်ခဲ့ကြသည့်အတွက် တီဗီရှေ့၌ ထိုင်ကြည့်နေခဲ့ကြစဥ် သူတို့၏ သမီးငယ်လေးက တီဗွီရုပ်သံလိုင်းထဲ၌ ပေါ်ထွက်လာသည်ကိုမြင်တွေ့လိုက်ရသည်။

သူမက စာရွက်ပေါ်၌ စာရင်းမှတ်နေခဲ့ပြီး တွေ့ရှိခဲ့ရပြီး ထိုမြင်ကွင်းက အတော်ပင် ကြီးကျယ်ခန်းနားနေပုံရသည်။

“ဒီကလေးက ငါတို့ ကျန်းကျန်းပဲ ၊ သူမတစ်ယောက်ကပဲ ဒီလိုမျိုးတွေလုပ်နိုင်တာ၊ တခြားသူဆို ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး”

မဒမ်လီက ဝမ်းသာအားရ ပြောလာခဲ့လေသည်။

“ကျန်းကျန်း ပြင်သစ်ကို သွားတာ တစ်နှစ်တောင် မပြည့်သေးဘူး၊ အဲဒှနိုင်ငံကနေ ပို့လိုက်တဲ့ လက်မှတ်တွေ၊ ဆုတွေကလည်း နံရံမှာ အပြည့်ဖြစ်နေပြီ”

“အမေ၊ အမေပြောကြည့်ပါဦး၊ ကျန်းကျန်းက တီဗီမှာပါလာတာဆိုတော့ ကျွန်မတို့ရဲ့ အဘိုးအဘွားတွေတောင် မြင်နိုင်မလား၊ ဒါက မိဘဘိုးဘွားတွေကို ဂုဏ်ပြုရာ မရောက်ဘူးလား”

ဝမ်စုဖန်းတစ်ယောက် မနေနိုင်ဘဲ မေးလိုက်သည်။

“ဘိုးဘွားတွေကို ဂုဏ်ပြုတာထက် ပိုတာပေါ့၊ ဒီအတွကင ငါတို့ တရုတ်နိုင်ငံရဲ့ဘိုးဘွားတွေအားလုံး ဂုဏ်ယူကြရမှာ”

မဒမ်လီတစ်ယောက် အလွန် ပျော်ရွှင်နေခဲ့ကပြီး ရွှင်မြူးစွာ ပြောခဲ့သည်။

ယောက္ခမနှင့် ချွေးမတို့နှစ်ယောက် ပျော်ရွှင်စွာ စကားပြောနေစဉ် ရုတ်တရက် ဖုန်းမြည်လာပြီး မဒမ်လီက ဦးစွာ ကိုင်လိုက်လေသည်။

“ဟယ်လို”

သူမပြောပြီးနောက်တွင် တစ်ဖက်မှ လျို့ရှို့လန်၏ အသံကို ကြားလိုက်ရသည်။

“အမေ၊ တီဗီက ဘာလို့ ကျန်းကျန်းကို ပြနေတာလဲ၊ ကျွန်မ မျက်စိများ မှားနေတာလား”

“မျက်စိက ဘာဖြစ်လဲ၊ မင်း မျက်စိနဲ့ မမြင်ရရင်တောင် နားကတော့ မကြားနိုင်တာ မဟုတ်ဘူးမလား၊ သူတို့တွေ ကျန်းကျန်းရဲ့ နာမည်ကို မကြားလိုက်ဘူးလား”

မဒမ်လီက လျို့ရှို့လန်ကို မဆူဘဲ မနေနိုင်ဘဲ ပြောလိုက်လေသည်။

“အမေ၊ ကျွန်မက ကျန်းကျန်းကို တွေ့လိုက်ရလို့ အရမ်းပျော်နေလို့ပါ”

လျို့ရှို့လန်က ဖုန်းထဲမှ ရယ်မော၍ ပြောလာခဲ့သည်။

“အမေ့ကိုပြောပြမယ်၊ ကျွန်မ လမ်းပေါ်ကို ရောက်တော့ လူတော်တော်များများက လာပြီး နှုတ်ဆက်ကြတယ်၊ သူတို့အားလုံးက ကျန်းကျန်းကို တီဗီမှာ မြင်ကြတာတဲ့လေ”

မဒမ်လီလည်း ရယ်မော၍ ပြောခဲ့လေသည်။

“အခုမှ မြင်တာလား၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ဒီလိုမျိုး တိုက်ရိုက်ထုတ်လွှင့်သေးတယ်၊

ကျန်းကျန်းက ပင်လယ်ထဲက ရှေးဟောင်းပစ္စည်းတွေ အများကြီး ပြန်ယူလာတာ၊ နိုင်ငံခြားသားတွေတောင် ပါးစပ်အဟောင်းသား ဖြစ်သွားကြတယ်”

“ကျွန်မတို့ ရဲ့ကျန်းကျန်းက တော်တော်ကြီး ထက်မြတ်လွန်းတယ်၊ သူမက ငယ်ငယ်ကတည်းက တခြားသူတွေထက် ငါးပိုဖမ်းတယ်၊ ဒီလူတွေက ရေအောက်မှာ ကျွန်မတို့ ကျန်းကျန်း ဘယ်လောက်တော်လဲဆိုတာ မသိကြဘူး”

လျို့ရှို့လန်သည်လည်း အခြေအနေကို ကောင်းစွာ နားလည်ပုံရသည်။

“ရပြီ ရပြီ၊ မင်းနဲ့ စကားမပြောတော့ဘူး၊ ငါတို့တွေတီဗီကြည့်ရဦးမယ်၊ မင်းလည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ထုတ်လွှင့်ခဲ့တာကို မကြည့်လိုက်ရဘူးမလား၊ အခု တီဗီကနေ ကျန်းကျန်းကိုပဲ ကြည့်လိုက်ဦး၊

ခုနက တီဗီဌာနက ဖုန်းဆက်တယ်၊ ဒီတိုက်ရိုက်ထုတ်လွှင့်မှုပြီးရင် နောက်ထက် သတင်းတွေကိုပဲထုတ်လွှင့်မယ်လို့ ပြောတယ်၊ ကျန်းကျန်းက တီဗီရှိုးတွေပါ ထပ် မပါရတော့ဘူး”

လျို့ရှို့လန်သည်လည်း ချက်ချင်းပင် ပြောခဲ့သည်။

“ဒါဆိုရင် အခုတီဗီအစီအစဉ်က ကျွန်မတို့ ကျန်းကျန်းရဲ့ အထူးအစီအစဉ် ဖြစ်လာပြီပေါ့၊ ကျွန်မတို့ ကျန်းကျန်းက အနာဂတ်မှာ နာမည်ကြီး ဖြစ်လာမှာ”

“မဆိုးဘူး”

မဒမ်လီသည် ပန်းပွင့်လေးများကဲ့သို့ ပျော်ရွှင်စွာ ပြုံးကာ ပြောခဲ့သည်။

“အနာဂတ်မှာ သူ နာမည်ကြီး ဖြစ်လာရင် မင်းလည်း သူ့ရဲ့ တတိယအဒေါ် အဖြစ် နာမည်ကြီးလာမှာ”

“အို၊ ဒါဆို ကျွန်မလည်း နာမည်ကြီးသွားပြီပေါ့”

လျို့ရှို့လန် ဖုန်းထဲ၌ အော်ရယ်ခဲ့သည်။

တစ်ချိန်တည်း၌ ရီရန်အလှပြင်ဆိုင် တွင်လည်း ဆိုင်တွင်ရှိသည့် တီဗီများအားလုံးကို ဖွင့်ထားပြီး စောင့်ဆိုင်းဧည့်ခန်း၌လည်း တီဗီနှစ်လုံး ထပ်တိုးထားခဲ့သည်။

ဆိုင်သို့ လာရောက်သည့် ဖောက်သည်များ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှု၍ မရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

လင်းရှို့လန်သည်ကား ဆိုင်၏ အခြေအနေကို ကြည့်ရှုရင်း ဝန်ထမ်းများကို သစ်သီးများ ပိုမိုပြင်ဆင်ရန် ခိုင်းခဲ့သည်။

ပုံမှန်ဖောက်သည်တစ်ဦးက လင်းရှို့လန်၏ ပျော်ရွှင်နေသည့် ပုံစံကို မြင်သည်အခါ မနေနိုင်ဘဲ သူမ၏ဘေးမှ ဝန်ထမ်းကို မေးလိုက်မိလေသည်။

“မင်းတို့ ဆိုင်သူဌေးက ဘာလို့ ဒီလောက် ပျော်နေတာလဲ၊ ချွေးမရတော့မှာမို့လို့လား”

ဝန်ထမ်းက ရယ်မောလိုက်သည်။

“ကျွန်မတို့ ဆိုင်က သူဌေးမှာ ချွေးမ ရှိပြီးသားပါ၊ ဟုတ်တယ်၊ အဲဒါက အခု တီဗီထဲမှာ ပါတဲ့သူပဲလေ”

ထိုစကားကို ကြားလိုက်ရသည့် ဖောက်သည်များအားလုံးသည်လည်း တစ်ချိန်တည်း၌ ဝန်ထမ်းကို လှည့်ကြည့်လိုက်ပြီးနောက် တစ်ပြိုင်နက် တီဗီထဲမှ လီမင်ကျန်းကို ပြန်ကြည့်လိုက်မိကြသည်။

“ဪ၊ လီမင်ကျန်းက မင်းတို့ ဆိုင် သူဌေးရဲ့ ချွေးမလား၊ ဒီကလေးမက တော်တော် တော်တာပဲ၊ ဒီရက်ပိုင်း သူမရဲ့သတင်းကို မကြည့်ဖူးတဲ့သူ တစ်ယောက်မှ မရှိလောက်ဘူး”

“ဟေး၊ မပြောနဲ့နော်၊ မင်း မပြောရင် ငါတောင် မတွေးမိဘူး၊ ဒီကလေးမကို ဆိုင်မှာ အရင်က မြင်ဖူးတယ်၊သူမက ဒီ အလှပြင်ဆိုင်ရဲ့ ပိုင်ရှင်လည်း ဟုတ်တယ်မလား၊ မင်းတို့ ဆိုင်မန်နေဂျာ ပြောဖူးတာ မှတ်မိတယ်”

“ဟုတ်ကဲ့၊ ကျွန်မတို့ အလှပြင်ဆိုင် ကို သူဌေးလီမင်ကျန်းက ရင်းနှီးမြှုပ်နှံထားတာပါ”

ဝန်ထမ်း၏ ပုံမှန်ပြုံးနေသည့် မျက်နှာ၌ ဂုဏ်ယူမှုနှင့် ကျေနပ်မှုများ ပြည့်နှက်နေခဲ့သည်။

“ဝိုး”

ဖောက်သည်များအားလုံးက တစ်ပြိုင်တည်း အော်ဟစ်ကြပြီး ဂုဏ်ယူသည့် အမူအရာများဖြင့် ပြည့်နှက်နေခဲ့ကြသည်။

တီဗီထုတ်လွှင့်မှုနှင့်အတူ လီမင်ကျန်း၏ အမည်သည်က တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားပြီး အပူဆုံး(နာမည်အကြီးဆုံး)ကြယ်ပွင့်ထက်ပင် ပိုမို၍ နာမည်ကျော်လာခဲ့သည်။

နောက်ဆုံးတွင်တော့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ကို လေယာဉ်ပေါ် တင်ပြီးနောက်တွင် တရုတ်ပြည်မှ ကျွမ်းကျင်ပညာရှင်အဖွဲ့ ခေါင်းဆောင်က ကျန်းကျန်းဆီသို့ လက်ဆန့်ကာ နှုတ်ဆက်လာသည်။

“ရဲဘော် လီမင်ကျန်း၊ ဒီနှစ် မိခင်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ပြန်လည်ရောက်ရှိရေးအတွက် မင်းရဲ့ ပါဝင်ကူညီမှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်”

“ဘာတွေများကျေးဇူးတင်စရာ ရှိလို့လဲ၊ ကျွန်မလည်း တရုတ်လူမျိုးပဲလေ၊ ကျွန်မက ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူပါ၊

ကျွန်မက ကိုယ့်အပိုင်ပစ္စည်းတွေကို တခြားသူတွေဆီက ပြန်မရရင် သည်းမခံမနိုင်ဘူး၊ ပြန်မရဘူးဆိုရင်လည်း စိတ်ဆိုးမှာပဲ”

ကျန်းကျန်းက ရိုးသားပွင့်လင်းစွာ ပြုံးလိုက်သည်။

“ဒီလိုဆိုရင် ကျွန်မတို့ ကိုယ်တိုင် ဒုက္ခနည်းနည်းပဲ ရောက်ပြီး သူတို့ကို ဒုက္ခများများ ရောက်အောင် လုပ်ပေးလိမ့်မယ်”

ကျွမ်းကျင်ပညာရှင်အဖွဲ့နှင့် တီဗီဌာနမှ လူများက ကျန်းကျန်း၏ ရိုးသားသည့် စကားများကို ကြားသည်အခါ ရယ်မောကြသည်။

တာဝန်ခံက ပြောလာခဲ့သည်။

“လီမင်ကျန်း ၊ ဒီနှစ် မိခင်နိုင်ငံကို ပြန်ပို့လိုက်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို နန်းတော်ပြတိုက်နဲ့ ဟွားကော်ပြတိုက်မှာ ထားရှိပါတယ်၊ ဟွား‌ကော်ပြတိုက်မှာလည်း လီမင်ကျန်း ပြခန်းဆိုပြီး သီးသန့်ဖွင့်ထားပါတယ်၊ အဲဒီမှာ မင်း လှူဒါန်းခဲ့တဲ့ အမျိုးသားဘဏ္ဍာတွေ အားလုံးကို ပြသထားပါတယ်”

လီမင်ကျန်းတစ်ယောက် သူမ၏မျက်နှာကို လက်နှင့်အုပ်ပြီး ရွက်ရွံ့စွာ ပြောလိုက်မိသည်။

“အိုး ၊ ကျွန်မ နည်းနည်းတော့ ရှက်သွားပြီ၊ တရုတ်ပြည်ကို ပြန်ရောက်ရင်တော့ သွားရောက်ကြည့်ရှုလိုက်ပါ့မယ်”

ကျွမ်းကျင်ပညာရှင်များက ရယ်မောပြီး ပြောလာကြသည်။

“ကောင်းပြီ၊ မင်း ပြန်လာဖို့ကို စောင့်နေမယ်”

လက်ဝှေ့ရမ်းနှုတ်ဆက်ခဲ့ကြပြီးနောက် ကျန်းကျန်းက ကျွမ်းကျင်ပညာရှင်များကို လေယာဉ်ပေါ် တင်ပေးပြီး အိမ်သို့ ပြန်လာခဲ့သည်။

*

All Chapters