← Chapters

အခန်း (၃၄၅)

Vol. 35 Ch. 345

အခန်း (၃၄၅)

Vol. 35 Ch. 345

ပြင်သစ်နိုင်ငံသို့ ရောက်ရှိလာခဲ့ကတည်းက ကျန်းကျန်းအနေဖြင့် သူမ၏အလုပ်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရှာဖွေရန် အလုပ်များနေသောကြောင့် ရှီကျွင့်ကျဲနှင့် အတူနေရန် အခွင့်အရေး အလွန်နည်းခဲ့သည်။

လက်ရှိတွင် ကျန်းကျန်းတစ်ယောက် ရှီကျွင့်ကျဲ၏ ရင်ခွင်၌ လှဲလျောင်းရင်း သူ၏မေးစေ့ကို ကိုက်လိုက်သည်။

“ဒီရက်ပိုင်း ကျွန်မကို လွမ်းနေလား”

ဤအကြောင်းပြောသည်အခါတွင် ရှီကျွင့်ကျဲ၏ မျက်နှာထားက ပြောင်းလဲသွားခဲ့လေသည်။

“ကိုယ် မင်းကို စာရင်းရှင်းဖို့ မမေးရသေးဘူး၊ မင်း ရတနာရှာမယ်လို့ပဲ ပြောပြီး ပင်လယ်ထဲကို သွားမယ်ဆိုတာ ဘာလို့ ကိုယ့်ကို မပြောခဲ့တာလဲ၊

ကိုယ် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်တဲ့အချိန်တုန်းက ဘယ်လောက်ထိကြောက်သွားလဲ မင်းသိလား၊

ဘာလို့...မင်း ဘာမှ မကြောက်ဘူးလား၊ အဲဒါ ပင်လယ်ပဲ!”

“သိပါတယ်၊ သိပါတယ်”

ကျန်းကျန်းက ရှီကျွင့်ကျဲ၏ နောက်ကျောကို ညင်သာစွာ ပုတ်လိုက်ပြီး သူ၏မျက်နှာက ဖြူဖျော့နေသည်ကို မြင်သောကြောင့် ကျန်းကျန်း သူ့ကို နှစ်ကြိမ်လောက် အမြန်နမ်းလိုက်သည်။

“ရှင် ကျွန်မကို သွားခွင့်မပြုမှာစိုးလို့ ကျွန်မ မပြောခဲ့တာပါ”

“ဒါဆို မသွားသင့်ဘူးလေ၊ ပင်လယ်ကိုသွားတယ်ဆိုတာက ရဲတိုက်ထဲမှာ ပစ္စည်းရှာတာနဲ့ သဘောတရား မတူဘူး”

ရှီကျွင့်ကျဲတစ်ယောက် သက်ပြင်းချလိုက်သည်။

“အနာဂတ်မှာ ကိုယ့်ကိုကိုယ် အန္တရာယ်ရှိစေမဲ့အရာတွေ မလုပ်တော့ဘူးလို့ ကတိပေးပါ”

“ကျွန်မ တကယ်အန္တရာယ်မရှိပါဘူး”

ကျန်းကျန်းတစ်ယောက် သူမ၏စွမ်းရည်များကို မည်သို့ရှင်းပြရမည်ကို မသိသောကြောင့်ကတိပေးနိုင်ခဲ့သည်။

“နောက်တစ်ခါ ပင်လယ်ထဲကိုသွားရင် ရှင့်ကို ခေါ်သွားမယ်လို့ ကတိပေးတယ်”

“တကယ်လား”

ရှီကျွင့်ကျဲ သူမကို စိုက်ကြည့်လိုက်သည်။

“မင်း ကတိတည်ရမယ်”

“ရှင်ပြောသလိုပဲ”

ကျန်းကျန်း သူ့အပေါ်သို့ မှီလိုက်ပြီး သူ၏နှုတ်ခမ်းကို နမ်းလိုက်သည်။

“အနာဂတ်မှာ ရှင့်ကို စိတ်မပူစေရဘူးလို့ ကတိပေးပါတယ်”

ထိုအခါမှ ရှီကျွင့်ကျဲတစ်ယောက် ပြုံးလာခဲ့သည်။

“အဲဒီလောက်ဆိုရင် လုံလောက်ပါပြီ”

သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု အခြေအနေကို သတိရသွားသောကြောင့် ရှီကျွင့်ကျဲ ကျန်းကျန်းကို ထပ်မေးလိုက်သည်။

“မင်း ပင်လယ်ထဲသွားတာ ကိုယ်တို့ရဲ့မိဘတွေနှင့်အဘိုးအဘွားတို့ကို မပြောနဲ့ဦး၊ ငါးဖမ်းဖို့ တစ်ခုခုယူသွားတယ်လို့ပဲ ပြောလိုက်ပါ၊ တော်ကြာ အဘိုးအဘွားတွေက သည်းမခံနိုင်ဖြစ်နေမှာကို ကိုယ်ကြောက်တယ်”

ရှီကျွင့်ကျဲသည်ကား မည်သို့ပင်ဖြစ်စေ ကျန်းကျန်း၏ မိဘများနှင့် အဖွားသည်က ပင်လယ်သို့ တစ်ခါမျှ မသွားဖူးသေးကြောင်းကိုတွေးမိသည်။

ပင်လယ်ကြီးက မည်မျှကြီးသည်၊ နက်သည်ကို မသိနိုင်လောက်ကြပေ။ ထိုကြောင့် သူတို့ကို လှည့်စား၍ရလျှင် လှည့်စားသင့်သည်ဟု စဉ်းစားလိုက်သည်။

ကျန်းကျန်းက ပြုံး၍ ကိုယ်ကိုလှည့်လိုက်ကာ အိပ်ရာပေါ်တွင် ပက်လက်လှဲလိုက်သည်။

“သိပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ အဖွားက ရှင့်ထက် လက်ခံနိုင်စွမ်း ပိုကောင်းတယ်လို့ ထင်တယ်၊ ကျွန်မ သုံးနှစ်သားတုန်းက တောင်ပေါ်ကို တစ်ယောက်တည်း တက်ခဲ့တာတောင် သူမ မကြောက်ခဲ့ဘူး”

ရှီကျွင့်ကျဲတစ်ယောက် ကျန်းကျန်း သစ်ပင်ပေါ်သို့တက်၍ အမဲလိုက်သည့် တက်ကြွလွန်းသော ပုံစံကို သတိရပြီး သူမ၏နှာခေါင်းကို သွားညှစ်လိုက်သည်။

“ဘယ်လောက်တောင် အဆော့မက်လွန်းတဲ့ မျောက်လေးလဲ”

ပြတိုက်ထဲ၌ ယဉ်ကျေးမှုအမွေအနှစ်များ များစွာ ရှိပေသည်။သို့သော်လည်း ပြင်သစ်နိုင်ငံအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို သူမ ရှာဖွေနိုင်ခဲ့ခြင်းကလည်း များစွာ တန်ဖိုးရှိပေသည်။

ဤနိုင်ငံ၏ အမွေအနှစ်များသည် တရုတ်ပြည်နှင့် အလှမ်းဝေးသည်ဟုသာ ပြော၍ရသည်။

သို့သော်လည်း တရုတ်ယဉ်ကျေးမှုအမွေအနှစ်များ ရှိသည့်နိုင်ငံသည်က ပြင်သစ်တစ်ခုတည်း မဟုတ်ချေ။

ကျန်းကျန်းတစ်ယောက် သူမ၏ အာရုံကို လင်းယုန်နိုင်ငံဘက်သို့ လှည့်လိုက်ပြန်သည်။

အားလပ်ချိန်အနည်းငယ် ရသည်အခိုက်တွင် ကျန်းကျန်းတစ်ယောက် သူမ၏ဦးထုပ်၊ နေကာမျက်မှန်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်၍ လင်းယုန်နိုင်ငံသို့ ရောက်အောင်သွားခဲ့သည်။

သူမ၏ အသိစိတ်နှင့် ဤနိုင်ငံ၏ နယ်မြေကို စစ်ဆေးလိုက်ပြီးနောက်တွင် သူမ ပြုလုပ်စရာကိစ္စများက များစွာ ရှိနေသေးသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ကျန်းကျန်း ပြင်သစ်သို့ ပြန်ရောက်ပြီးနောက် ရှီကျွင့်ကျဲနှင့် ဆွေးနွေးခဲ့လေသည်။

သူမ လင်းယုန်နိုင်ငံ၌ ခဏတာ နေထိုင်ရန် စဉ်းစားနေကြောင်း သိလိုက်ရလျှင် ရှီကျွင့်ကျဲက နှလုံးသားနာကျင်စွာဖြင့် သူမ၏ဆံပင်ကို ပွတ်သပ်လိုက်သည်။

“ယဥ်ကျေးမှု အမွေအနှစ်တွေကို ရှာဖို့က မလွယ်ဘူး”

“ကျွန်မ သိပါတယ်၊ ကံတရားအတိုင်း အတတ်နိုင်ဆုံး လုပ်ပါ့မယ်”

ကျန်းကျန်းက ပခုံးတွန့်လိုက်သည်။

“ကျွန်မတို့ နိုင်ငံခြားကို သုံးနှစ်ပဲနေဖို့ ရောက်လာတာလေ၊ အချိန်ပြည့်လို့ တရုတ်ပြည်ပြန်ပြီးရင် ကလေးယူတော့မှာဆိုတော့ အဲဒီအချိန်ကျရင်တော့ ဒီလောက် ပေါ့ပေါ့ဆဆ ပြေးလွှားနေလို့ မရတော့ဘူး”

ရှီကျွင့်ကျဲက လက်ကိုဆန့်တန်း၍ ကျန်းကျန်းကို ရင်ခွင်ထဲသို့ ဆွဲထည့်ကာ ဖက်လိုက်သည်။

“မင်း ဆန္ဒရှိရင် လုပ်လိုက်လေ၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ”

“အမိန့်အတိုင်းပါပဲ”

ကျန်းကျန်းက ခြေဖျားထောက်၍ ရှီကျွင့်ကျဲ၏ နှုတ်ခမ်းကို နမ်းရှိုက်လိုက်သည်။ သူမ လှည့်၍ ထွက်ပြေးတော့မည်ဆဲဆဲတွင် ရုတ်တရက် ရပ်တန့်ကာ ခေါင်းလှည့်လိုက်လေသည်။

“ဒါနဲ့ ကျွန်မရဲသ စပျစ်ခြံကို စောင့်ရှောက်ဖို့ သင့်တော်တဲ့လူ ရှာတွေ့ပြီလား”

ရှီကျွင့်ကျဲ ခေါင်းညိတ်လိုက်သည်။

“ဝိုင်ထုတ်လုပ်ရေးခြံတစ်ခုနဲ့ ဆက်သွယ်ပြီးပြီ၊ သူတို့က ကိုယ်တို့ရဲ့ စပျစ်သီးတွေကို စစ်ဆေးပြီးတော့ တော်တော်လေး စိတ်ဝင်စားနေတယ်၊ မနက်ဖြန် စာချုပ်ချုပ်ဖို့ လူလွှတ်လိမ့်မယ်

သူတို့က ကိုယ်တို့ရ့် လိုအပ်ချက်အတိုင်း ထိန်းသိမ်းဖို့အတိက် အထူးအဖွဲ့ကိုလည်း စေလွှတ်နိုင်တယ်၊ ဒါပေမဲ့ ကိုယ်တို့က ခြံက စပျစ်သီးတွေက အမြဲတမ်း ဒီအရည်အသွေးပဲ ရှိရမယ်လို့ သေချာစေရမယ်”

“စိတ်မပူပါနဲ့၊ ကျွန်မ စိုက်ခဲ့တဲ့ စပျစ်သီးတွေက ဘယ်တုန်းကမှ အရသာ မဆိုးဖူးသေးဘူး”

ကျန်းကျန်း ပြုံး၍ပြောလိုက်သည်။

“အဆင်ပြေရင် ယုံကြည်ရတဲ့ အဖွဲ့အစည်းတစ်ခုကို ရှာတာ ပိုကောင်းပါတယ်၊ ခြံကနေရတဲ့ ငွေတွေကို ယဉ်ကျေးမှုအမွေအနှစ်တွေ ပြန်ဝယ်ဖို့ ရန်ပုံငွေအဖြစ် သီးသန့်သုံးသင့်တယ်လို့ ထင်တယ်”

ရှီကျွင့်ကျဲ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ မနက်ဖြန် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဆက်သွယ်လိုက်မယ်”

ကျန်းကျန်း ရယ်မောလိုက်ပြီး သူမ၏လက်လေးဖြင့် ရှီကျွင့်ကျဲ၏ ရင်ဘတ်ကို နှစ်ကြိမ် ထိလိုက်သည်။

“ရှင် ရွှေဒင်္ဂါးတွေကိုလည်း ရင်းနှီးမြှုပ်နှံဖို့ ကူညီပေးရဦးမယ်နော်”

အံ့သြဖွယ်ကောင်းလှသည့် ကြွယ်ဝမှုကို စဉ်းစားမိသည်အခါ ရှီကျွင့်ကျဲတစ်ယောက် မကူညီနိုင်စွာ ခေါင်းရမ်းလိုက်သည်။

“မင်းကို ရတနာပိတ်ဆို့သူလို့ ပြင်သစ်မီဒီယာတွေက ဘာလို့ ခေါ်တာလဲဆိုတာ နားလည်လာပြီ၊ မင်းရဲ့ ရတနာရှာဖွေနိုင်စွမ်းက ဘယ်သူနဲ့မှ မယှဉ်နိုင်ဘူး၊ ရွှေဒင်္ဂါးတွေကို ဖရန့်ငွေနဲ့ လဲလိုက်ပြီးရင် တစ်နှစ်တာ အတိုးက ကိုယ်တို့ တစ်သက်လုံး သုံးဖို့ လုံလောက်တယ်၊ ကိုယ်တို့တွေ အဲဒီပိုက်ဆံတွေကို ဘာလုပ်ရလဲဆိုတာတောင် မသိတော့ဘူး”

ကျန်းကျန်း ခဏစဉ်းစားပြီး ပြောလိုက်သည်။

“ရှင် အရင်က လုပ်ခဲ့သလိုပဲ၊ ရှယ်ယာတွေ ဝယ်တာ၊ ရင်းနှီးမြှုပ်နှံတာ စသဖြင့် လုပ်လိုက်ပေါ့၊ ဒါနဲ့ လှပတဲ့ ကျွန်းတစ်ကျွန်း ရှိရင်လည်း တစ်ကျွန်း ဝယ်လိုက်ရအောင်၊ အပေါ်ကနေ ဗီလာ ဆောက်ပြီး အဘွားနဲ့ မိဘတွေကို အားလပ်ရက် အပန်းဖြေခေါ်သွားမယ်”

“ကောင်းပါပြီ၊ ကိုယ့်ရဲ့ သူဌေးမလေး”

ရှီကျွင့်ကျဲက ခေါင်းငုံ့၍ ကျန်းကျန်း၏ နဖူးကို နမ်းလိုက်သည်။

“စိတ်မပူပါနဲ့၊ ကိုယ် မင်းအတွက် အကုန် တာဝန်ယူပေးပါ့မယ်”

ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့ ဆွေးနွေးပြီးနောက် သူတို့က အေဂျင်စီနှင့် ဗီဇာလျှောက်ထားခဲ့ကြပြီး လင်းယုန်နိုင်ငံ၌ ခဏနေထိုင်ရန် ပြင်ဆင်ခဲ့ကြသည်။

ကျန်းကျန်း၏ တောင်းဆိုချက်ကို ကြားလျှင် ဟွားကော်အသင်းအဖွဲ့သည်က တောင်းဆိုချက်တိုင်းကို တုံ့ပြန်ခဲ့ပြီး ဥက္ကဌကိုယ်တိုင်ပင် ကျန်းကျန်းကို ဖုန်းပြန်ဆက်ခဲ့သည်။

“မင်း နိုင်ငံခြားမှာရှိနေတဲ့အခါ အလုပ်နေရာကို အတည်တကျ မရှိတော့ဘူး၊ မင်း ကြိုက်တဲ့နေရာ သွားနိုင်တယ်၊ အချိန်နဲ့ နေရာမရွေး လွတ်လပ်ပိုင်ခွင့်ရှိတယ်”

ကျန်းကျန်းသည်ကား သတင်းဌာနအဖွဲ့ချုပ်မှ သူမကို ဤမျှ အားပေးမည်ဟု မထင်ထားသောကြောင့် ခဏတာ ရှက်ရွံ့သွားခဲ့သည်။

“ကျွန်မ ပြင်သစ်နိုင်ငံရောက်ပြီးကတည်းက သတင်းတွေ နည်းနည်းပဲ တင်ခဲ့တဲ့အတွက်ကြောင့် ခေါင်းဆောင်တွေရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးခဲ့မိပါတယ်”

“မင်း တင်တာတွေက အကုန်လုံး သတင်းကြီးတွေပဲလေ၊ ငါတို့က အရေအတွက်ထက် အရည်အသွေးကို ပိုပြီး လိုချင်တယ်”

ဥက္ကဋ္ဌက ပျော်ရွှင်စွာ ပြောခဲ့သည်။

“ရဲဘော် လီမင်ကျန်း၊ မင်း ဆက်လက်ကြိုးစားပြီး ငါတို့ ဟွားဂောာ်သတင်းအေဂျင်စီမှာ ခေါင်းစီးသတင်းတွေ ပိုမိုဖော်ပြနိုင်ပါစေလို့ မျှော်လင့်ပါတယ်”

တရုတ်ပြည် သတင်းအေဂျင်စီ၏ အထူးရေးရာရုံးက လီမင်ကျန်း၏ ရာထူးပြောင်းရွှေ့မှု လုပ်ငန်းစဉ်များကို အမြန်ဆုံး အတည်ပြုပေးခဲ့ပြီး လင်းယုန်နိုင်ငံ ဗီဇာ လျှောက်ထားရာ၌ ကျန်းကျန်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ဗီဇာလျှောက်လွှာကို လက်ခံရရှိသည့် လင်းယုန်နိုင်ငံ သံရုံးသည်လည်း အလွန် စိတ်ရှုပ်ထွေးနေခဲ့လေသည်။

အခြေအနေအရ ကျန်းကျန်းက အခြေအနေများအားလုံးကို အပြည့်အဝ ပြည့်မီနေသောကြောင့် ရတနာပိတ်ဆို့သူသည်က ယဉ်ကျေးမှုအမွေအနှစ် အမြောက်အများကို ယူဆောင်ခြင်းမရှိဘဲ သူမ၏နိုင်ငံသို့ သွားနိုင်မည်လားဆိုသည်က မေးခွန်းတစ်ခုဖြစ်လာခဲ့သည်။

ခဏတာအတွင်း ဗီဇာအရာရှိက တစ်ယောက်တည်းဆုံးဖြတ်ရန်အတွက် အတော်လေး ဝန်လေးနေသောကြောင့် သူ၏အထက်အရာရှိများကို အကူအညီတောင်းရန်သာ ပြုလုပ်နိုင်ခဲ့ပြီး သူတို့သည်လည်း အထက်သို့ ဆက်လက်တင်ပြခဲ့သည်။

နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ဆုံးဖြတ်ချက်ချလိုက်သည်။

“သူမကို လာခွင့်ပြုပါ၊ သူမ ဘယ်လို ယဉ်ကျေးမှုအမွေအနှစ်တွေ ရှာနိုင်မလဲဆိုတာ ကြည့်ရအောင်”

သို့နှင့် လင်းယုန်နိုင်ငံတွင်ရှိနေသော ယဥ်ကျေးမှုအမွေအနှစ် အမြောက်အများသည် သံရုံးမှတစ်ဆင့် တရုတ်ပြည်သို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ၏ ပျော်ရွှင်သည့် အခြေအနေနှင့် နှိုင်းယှဉ်လျှင် ဥရောပမှ အခြားနိုင်ငံများသည် မိုးမရွာမီကတည်းက ကြိုတင် မေးမြန်းမှုများ ပြုလုပ်လာကြသည်။

လီမင်ကျန်းသာ သူတို့နိုင်ငံမှ ဗီဇာလျှောက်ချင်လျှင် သူတို့ ခွင့်မပြုသင့်သည်လော။ သူမ လာနိုင်သည်လော။

ပြင်သစ်၌ အလုပ်များအားလုံး ပြီးသည်နောက် ရှီကျွင့်ကျဲက တရုတ်ပြည်သို့ ပြန်မည့် လေယာဉ်လက်မှတ်ရရှိခဲ့သည်နောက် အိမ်သို့ အမြန်ဖုန်းဆက်ခဲ့သည်။

ကလေးနှစ်ယောက်ကို သုံးနှစ်လုံး မတွေ့ရသောကြောင့် လူကြီးများက ရင်ထဲ၌ နာကျင်ခံစားခဲ့ရသည်။ ဝမ်စုဖန်းက ပရိဘောဂစက်ရုံသို့ ဖုန်းဆက်ကာရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့ကို လေဆိပ်၌ ကြိုရန် ကားနှစ်စီး လာပို့ရန် ခိုင်းလိုက်သည်။

သူတို့နှစ်ဦး ပြန်လာသည်အခါတွင် ခရီးဆောင်အိတ် များစွာ မပါဝင်ခဲ့ချေ။ တစ်ဦးလျှင် နေ့စဉ်ဝတ် အဝတ်အထည်များပါဝင်သည့် ခရီးဆောင်အိတ် တစ်လုံးသာ ပါဝင်လာသည်။

ရှီကျွင့်ကျဲ၏ နိုင်ငံခြားပိုင်ဆိုင်မှုများကိုတော့ အထူးအဖွဲ့တစ်ဖွဲ့သည် တာဝန်ယူ စောင့်ရှောက်ပေးထားပြီး အလှပြင်ဆိုင် လိုအပ်သည့် ဖက်ရှင်မဂ္ဂဇင်းများနှင့် သုံးလတစ်ကြိမ် ထုတ်ဝေသည့် ဖက်ရှင်မဂ္ဂဇင်းများ၊ အဝတ်အထည်အသစ်များကိုလည်း သတ်မှတ်ထားသည့် ပုံမှန်အချိန်တိုင်း၌ အထူးပုဂ္ဂိုလ်တစ်ဦးကို လစဉ် ပြန်ပို့ခိုင်းထားသည်။

မဒမ်လီနှင့် ဝမ်စုဖန်းတို့က လက်ချင်းတွဲ၍ လည်ပင်းရှည်ထားကာ ထွက်ပေါက်ဘက်သို့ ကြည့်နေကြသည်။

သူတို့ စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ် ချစ်စရာကောင်းသည့် ပုံရိပ်တစ်ခု ထွက်လာခဲ့လေသည်။ မဒမ်လီက ဝမ်စုဖန်း၏ လက်များကို လွှတ်လိုက်ပြီး ပြေးသွားကာ ကျန်းကျန်းကို ဖက်လိုက်သည်။

“အို၊ သမီးလေး၊ မင်း နောက်ဆုံးတော့ ပြန်လာပြီ၊ အဖွား မင်းကို အရမ်း လွမ်းနေတာ!”

*

All Chapters