အခန်း (၃၄၇)
Vol. 35 Ch. 347
သတင်းများတွင် လီမင်ကျန်းဟူသည့် နာမည်ကိုကြားသည့်အချိန်တုန်းကည ရွှယ်ဝမ်ဟွားတစ်ယောက် အမှန်ပင် အံ့သြသွားခဲ့ရသည်။
ထိုစဉ်အချိန်တုန်းက သူမနှင့် လီမူဝမ်းတို့သည် ရထားဖြင့် စီးနင်းကာ ရက်များစွာကြာအောင်ခရီးနှင်ခဲ့ရသည့် မြို့ပြနှင့်ဝေးသည့် သစ်တောမြို့လေးဆီ ပြန်သွားခဲ့ကြသည်။
ဤကောင်မလေးအား သူမ ပထမဆုံး မြင်သည်တွင် သူမအနေဖြင့် အလွန်ဉာဏ်ကောင်း၍ ရုပ်ရည်ချောမောသည်ဟုသာ ထင်ခဲ့သည်။
သူမက လှပသည်။ ဤသို့ သေးငယ်သည့်နေရာ၌ ကြီးပြင်းလာသည့် မိန်းကလေးတစ်ယောက်နှင့် မတူပေ။
လီမူဝမက မိသားစု၌ရှိသည့် ဤတစ်ဦးတည်းသော မိန်းကလေးအား အလွန်အလေးထားသည့်အတွက် ရွှယ်ဝမ်ဟွားကလည်း သူမ၏တစ်လစာလစာကို သုံး၍ သိုးမွေးကုတ်အင်္ကျီတစ်ထည် ဝယ်ပေးခဲ့သည်။
နောက်ပိုင်း၌ လီမင်ကျန်းသည်ကား ဟေးခရိုင်၌ ပထမဆုံးအဆင့်ဖြင့် တော်ဝင်တက္ကသိုလ်ဝင်ခွင့်ရခဲ့လေ၏။ သူမက တောင်များမှ တူးဖော်ရရှိသည့် ရွှေချောင်းများအား ယူကာ တော်ဝင်မြို့တော်၌ အလွန်ကောင်းမွန်လွန်းသည့် မြေကွက်ကို ဝယ်နိုင်ခဲ့သည်။
သူမသည်က လီမိသားစု၌ အစွမ်းအစဆုံးလူ ဖြစ်လာပုံရသည်။
သူ၏ ဘဝ၌ အထွတ်အထိပ်သို့ ရောက်နှင့်နေပြီဟု ထင်ခဲ့သည့် လီမူဝမ်းပင်လျှင် လီမင်ကျန်းကြောင့် ပြင်းထန်သည့်ပြိုင်ဆိုင်မှုကြားတွင် ထင်ရှားကျော်ကြားလာခဲ့ပြီး အဆင့်တစ်ဆင့် ထပာမံ မြင့်တက်လာခဲ့သည်။
လီမူဝမ်း၏ စစ်တပ်ရာထူးက အတော်လေး မြင့်နေပြီဟူသည်ကို သိထားရပေမည်။ အဆင့်တိုင်း တက်လှမ်းရန်မှာ အလွန်ခက်ခဲသည့်အရာပင်ဖြစ်ခဲ့သည်။ အထူးသဖြင့် ဤငြိမ်းချမ်းသည့်ခေတ်ကာလအတွင်း၌ စစ်ရေးဂုဏ်ထူးမရှိဘဲ အောင်မြင်ရန်ဆိုသည်မှာ အလွန်အမင်းခက်ခဲသည့်အရာပင်။
ကျန်းကျန်းအတွက်မူကား ရွှယ်ဝမ်ဟွားအပေါ် အဆိုးမြင်သည့်စိတ်မရှိပေ ရွှယ်ဝမ်ဟွားသည် အနည်းငယ်အေးစက်သော်လည်း နှစ်များစွာအတွင်း မဒမ်လီအား လစဉ် စားသောက်ကုန်နှင့် အဝတ်အစားများ ပေးခဲ့သည်။ မည်သည့်အမှားမျှ မလုပ်ခဲ့ပေ။
ကျန်းကျန်းနှင့် ရွှယ်ဝမ်ဟွားတို့ စကားအနည်းငယ်ဖလှယ်နေစဥ်တွင် ကြိုတင်မှာထားသည့် ဟင်းလျာများသည်လည်း တစ်ပွဲပြီးတစ်ပွဲ ရောက်လာကြသည်။
ဤနှစ်များအတွင်း နိုင်ငံခြား၌ စားခဲ့သောက်ခဲ့ရသည့် အစားအသောက်များက မဆိုးသော်လည်း ရင်းနှီးသည့်အရသာကို မြည်းစမ်းလိုက်ရသည့်အချိန်တွင် ကျန်းကျန်းက ကမ္ဘာပေါ်၌ အကောင်းဆုံးအစားအစာမှာ တရုတ်အစားအစာပင်ဟု ထင်နေဆဲပင်။
နေ့လယ်ခင်းတစ်ခုလုံး ပျော်ရွှင်စွာ ပြီးဆုံးသွားသည်တွင် လီမူဝူနှင့် ရှီချန်ပေါ်တို့ကလည်း သောက်စားထားပြီး မျက်နှာများ နီရဲနေကြပြီ။
ရှီကျွင့်ကျဲ၏ ခေါင်းသည်လည်း အနည်းငယ်ငိုက်ကျနေခဲ့သည်။ သို့သော်လည်း ကျန်းကျန်းကမူ မျက်နှာနီရဲနေသော်လည်း သူမ၏မျက်လုံးက ကြည်လင်နေခဲ့ပြီး မူးယစ်သည့်ပုံမပေါ်သေးပေ။
အချိန်ကြာမြင့်စွာ ကင်းကွာခဲ့သည့်အိမ်သို့ ပြန်ရောက်သည့်အတွက် ကျန်းကျန်းက သူမနှင့် ရှီကျွင့်ကျဲတို့၏ အိမ်လေးအား ကြည့်လိုက်သည်။
ပြတင်းပေါက်ဘောင်များ၊ မြေပြင်များက ဖုန်တစ်စက်မျှ မရှိအောင် သန့်ရှင်းနေခဲ့သည်။ ပန်းအိုး၌ ပန်းပွင့်များ ထိုးထား၍ အိပ်ရာခင်းများကလည်း ယခုမှ လဲထားသည့်နှယ်။ သင်းပျံ့သည့် ရနံ့လေးလည်း သင်းနေသည်။
လူငယ်ဇနီးမောင်နှံက အဝတ်များကို ချွတ်၍ အဝတ်လျှော်စက်အတွင်းသို့ ပစ်ထည့်လိုက်ကြသည်။ ထို့နောက် ရေချိုးခန်းကို ဖွင့်ကာ ရေနွေးများကို ဖွင့်လိုက်ပြီး သူတို့အား စိုစွတ်စေခဲ့သည်။
ရှီကျွင့်ကျဲက ရေချိုးပြီးသည့်နောက်တွင် ပိုမိုလန်းဆန်းသည့်အလား ခံစားရသည်။ ကျန်းကျန်းက ဆံပင်မှုတ်နေသည့်အချိန်တွင် သူက ကျန်းကျန်း၏အနားသို့ တိုးကပ်၍ မကြာခဏ နမ်းရှိုက်လာခဲ့သည်။
ကျန်းကျန်းက ရှီကျွင့်ကျဲ၏ လျှို့ဝှက်တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ဆံပင်မှုတ်နေခဲ့သည်။
“လေယာဉ်နဲ့ ခရီးရှည်လာရတာ မပင်ပန်းဘူးလား”
ရှီကျွင့်ကျဲ၏ မျက်နှာက သောက်ထားသည့်အတွက် အနည်းငယ်နီရဲနေဆဲပင်။ သူ၏ မျက်တောင်ရှည်များနှင့် စိုစွတ်နေသည့် နှုတ်ခမ်းများသည်လည်း အထူးတလည်ဆွဲဆောင်မှုရှိနေခဲ့သည်။
“အရမ်းပင်ပန်းခဲ့တယ်၊ ဒါပေမဲ့ မင်းကို မြင်ရတော့ မပင်ပန်းတော့ဘူး၊ ကိုယ့်ရဲ့မိန်းမက ကိုယ့်ကို ပွေ့ဖက်ခိုင်း ရင်ပိုပြီးတော့တောင် ပင်ပန်းတာပျောက်သွားဦးမယ်”
သူမဆီသို့ အတင်းတိုးလာသည့် ရှီကျွင့်ကျဲအား ကြည့်၍ ကျန်းကျန်းလည်း ခြေထောက်များကို မြှောက်၍ သူမ၏ ဖြူဖွေးနူးညံ့သည့် ခြေထောက်များကို သူ၏ရင်ဘတ်ပေါ် ဖိထားလိုက်သည်။
“လူဆိုးကောင်”
ရှီကျွင့်ကျဲက ကျန်းကျန်း၏ ခြေထောက်ပေါ် လက်တင်၍ သူ၏လက်ဖြင့် ပိန်သွယ်သည့် ခြေသလုံးကို ပွတ်သပ်လိုက်ရင်း ပြောလာခဲ့သည်။
“ ကိုယ် မင်းရဲ့ဆံပင်ကို မှုတ်ပေးမယ်”
ရှီကျွင့်ကျဲ၏ ထိတွေ့မှုကြောင့် ယားလာသည့်အတွက် ကျန်းကျန်းက ခြေထောက်ကို ပြန်ဆွဲလိုက်သည်။ ရှီကျွင့်ကျဲလည်း ပြန်လွှတ်ပေးလိုက်ပြီး ဆံပင်အခြောက်ခံစက်ကိုယူကာ ကျန်းကျန်း၏ ရှည်လျားနက်မှောင်သည့် ဆံပင်များအား ညင်သာစွာ မှုတ်ပေးလိုက်သည်။
ဆံပင်ပေါ်မှ ရေများ တဖြည်းဖြည်း ခြောက်သွားခဲ့ပြီး လုံးဝ ခြောက်သွေ့သည့်ဆံပင်ကို ထိတွေ့လိုက်မိချိန်တွင် ရှီကျွင့်ကျဲက ဆံပင်အခြောက်ခံစက်ကို ပိတ်ကာ ဘေးသို့ဖယ်ထားလိုက်သည်။
သူမ စကားမပြောမီမှာပင် ကျန်းကျန်းတစ်ယောက် ခုတင်ပေါ်သို့ ဆွဲခေါ်ခံလိုက်ရပြီး ဆွဲဆောင်မှုရှိသည့် အနီရောင်နှုတ်ခမ်းရဲရဲလေးများကလည်း စွဲမက်စွာနမ်းရှိုက်ခံလိုက်ရသည်။
အနမ်းများသည် နှုတ်ခမ်းမှ လည်ပင်းဆီသို့ လျှောဆင်းသွား၍ တဖြည်းဖြည်း အောက်ဘက်သို့ ဆက်လက်ဆင်းသွားခဲ့လေသည်။
အနမ်းများ ပိုမိုပူပြင်းလာသည်နှင့်အမျှ ကျန်းကျန်း၏ မျက်လုံးများသည်လည်း ဤအချိန်၌ အနည်းငယ်ဝေဝါးနေပြီ။
သူမက သူမ၏လက်များကို ရှီကျွင့်ကျဲ၏ သန်မာသည့် ရင်ဘတ်ပေါ် တွင်တင်ထား၍ သူပြုလုပ်လိုသည့်အရာများကို ပြုလုပ်ရန် လွှတ်ထားပေးလိုက်သည်။
ခိုင်ခံ့သည့် သစ်သားကုတင်ကြီးက နာရီဝက်ခန့် လှုပ်ယမ်းနေပြီးမှ ရပ်တန့်သွားသည်။ ကျန်းကျန်းက အားအင်ချည့်နဲ့စွာဖြင့် ရှီကျွင့်ကျဲ၏ ရင်ခွင်အတွင်း လဲလျောင်းနေခဲ့ကာ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းအား ညင်သာစွာ ဖုံးအုပ်ထားရင်း စိတ်အတွင်း၌ဆုတောင်းလိုက်သည်။
“အမွှာလေးတွေ ကိုယ်ဝန်ရနိုင်ပါစေလို့ မျှော်လင့်ပါတယ်”
စကားဆုံးသည်နှင့် ကျန်းကျန်း၏ ဝမ်းဗိုက်အောက်ပိုင်း၌ အပူအနည်းငယ်ကို ခံစားလိုက်ရလေ၏။ မကြာခင်၌ပင် သူ့မ၏ခန္ဓာကိုယ်အတွင်း၌ အသက်ဓာတ်အနည်းငယ်ကို ခံစားလိုက်ရသည်။
အလွန်အားနည်းလွန်း၍ သတိမထားမိပါကပင် မသိနိုင်သော်လည်း ကျန်းကျန်းကမူ ၎င်းတို့၏ ရှိနေခြင်းကို ခံစားနိုင်ဆဲပင်။
ရှီကျွင့်ကျဲက သူတို့နှစ်ယောက်၏ ကိုယ်ခန္ဓာများအား သန့်ရှင်းရေးပြုလုပ်ပြီးသည့်နောက် ကျန်းကျန်း၏ မျက်နှာအား နမ်းရှိုက်ကာပြောလာသည်။
“မင်းကို ကိုယ်ပွေ့ချီခေါ်သွားရမလား”
“ဒါပေမဲ့ အရမ်းအိပ်ချင်နေပြီ၊ လှုပ်တောင် မလှုပ်ချင်တော့ဘူး”
ကျန်းကျန်းက ပျင်းရိစွာ သမ်းဝေလိုက်သည်။
ရှီကျွင်းကျဲက ပြုံး၍ ခေါင်းကိုခါရမ်းလိုက်သည်။
“ဒါဆို အိပ်တော့လေ၊ ကိုယ်မင်းကို သန့်ရှင်းပေးမယ်”
ကျန်းကျန်းက ခေါင်းညိတ်လိုက်သည်။ အိပ်ချင်စိတ်က ချက်ချင်းပင် ဝင်ရောက်လာခဲ့သည်။
ပူနွေးစိုစွတ်နေသည်ဟု ခံစားရသည့် မျက်နှာသုတ်ပဝါကတော့ သူမ၏ ခန္ဓာကိုယ်ပေါ်မှ ချွေးများအား ညင်သာစွာ သုတ်ပေးနေဆဲပင်။
ကျန်းကျန်းက သက်သောင့်သက်သာ သက်ပြင်းချ၍ ချက်ချင်းပင် အိပ်ပျော်သွားသည်။
အိမ်၌ တစ်ပတ်အနားယူပြီးနောက် လင်းရှို့လန်က အလှပြင်ဆိုင်၌ အလုပ်များနေသည့်အတွက် သူတို့နှင့်အတူ အိမ်၌ မနေနိုင်ခဲ့ချေ။ မဒမ်လီနှင့် ဝမ်စုဖန်းတို့ကမူ လူငယ်ဇနီးမောင်နှံအား ကျွေးမွေးသည့်အလုပ်ကို ပျော်ရွှင်စွာဖြင့် လွှဲယူလိုက်ကြသည်။
မနက်စောစော ထသည်နှင့် မည်သည်ကို စားရမည်ဟူသည်ကို ၎င်းတို့နှစ်ယောက် စတင်ဆွေးနွေးကြပြီးနောက် ထမင်းချက်သည့် အဒေါ်ကြီးနှင့်အတူ မီးဖိုအတွင်း ပြုံတိုးဝင်၍ အလုပ်စလုပ်ကြသည်။
တစ်ခါတစ်ရံ၌ ရတနာရှစ်မျိုးဆန်ပြုတ်၊ ဟင်းမျိုးစုံနှင့် အသားမုန့်လုံး၊ တစ်ခါတစ်ရံ ပေါင်းထားသည့် ဖက်ထုပ်၊ ဝက်အူချောင်း၊ တစ်ခါတစ်ရံ ပဲပြားဟင်းရည်နှင့် ကောက်ညှင်းကြော်များ။
မဒမ်လီက သူမ၏ ဘဝ၌ စားခဲ့သမျှ မနက်စာအားလုံးကို ပြန်စဉ်းစား၍ မတူညီသည့် ဟင်းလျာနှစ်မျိုးကို လူများအား ကောင်းစွာချက်ပြုတ်ပေးသည်။
နေ့လယ်စာနှင့် ညစာကိုမူ ပြောစရာမလိုတော့၊ စားပွဲဝိုင်းစစ်ခုလုံးတွင် ဟင်းပန်းကန်များဖြင့် ပြည့်နေသည့်အလားထင်မြင်ရသည်။
မဒမ်လီနှင့် မိသားစုဝင်များသည်ကား ဆင်းရဲဒုက္ခ ခံခဲ့ဖူးသူများဖြစ်ကာ စားမကုန်သည့် ဟင်းလျာများအား ပစ်ရန် စိတ်မပါကြချေ။ ထို့ကြောင့် လီမူဝူက တစ်ပတ်လုံး အတင်းအကျပ်စားခဲ့ရသည့်အတွက် သူ့၏ကိုယ်အလေးချိန်က တက်လာခဲ့သည်။
ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့လည်း ပြည့်အင့်သည်အထိ စားရသည်ကို ကြောက်လာကြကာ မဒမ်လီအား နေ့တိုင်း ဟင်းများစွာ မချက်ရန် ပြောခဲ့ရကြသည်။ မဒမ်လီက ပြောသည့်အချိန်တွင် ကောင်းစွာသဘောတူသော်လည်း မီးဖိုအတွင်း ရောက်သည်နှင့် သူမ ပြောထားသည်ကို မေ့သွားပြန်သည်။
“ဒီနံရိုးတွေက လတ်ဆတ်ပြီး ဝက်နံရိုးဆီပြန်ချက်ရအောင်၊ ကျန်းကျန်းက ဒီဆီနဲ့ ထမင်းကိုဆမ်းစားရတာကို စားရတာ ကြိုက်တယ်၊ ဟေး၊ ဒီကြက်က အခုမှ သတ်ထားတာ
ကြက်စွပ်ပြုတ်လုပ်ပြီး ငါ့မိသားစု ကျန်းကျန်းအတွက် အားဖြည့်ရအောင်၊ လက်တစ်ဝါးလောက် ပိန်နေတဲ့ မျက်နှာလေးကို ကြည့်ပါဦး၊ မြင်ရတာ စိတ်မကောင်းဘူး၊
ဒီငါးကလည်း တကယ်ကောင်းတယ်၊ ရှီကျွင့်ကျဲ ငါးစားရတာကြိုက်တယ်၊
ပေါင်းပြီး လတ်လတ်ဆတ်ဆတ် စားရအောင်၊ ဒါနဲ့ အရံဟင်းနည်းနည်းလောက် ထပ်ချက်ပါဦး၊ အကုန်လုံးက အသားငါးတွေချည်းပဲ၊ ကလေးနှစ်ယောက်က ပင်ပန်းပြီး ငြီးငွေ့နေဦးမယ်”
ညစာစားချိန်သို့ ရောက်သည်တွင် စားပွဲတစ်ခုလုံး ပြည့်နေပြန်သည်။
နောက်ဆုံး၌ တနင်္လာနေ့သို့ ရောက်သည့်အချိန်တွင် ရှီကျွင်ကျဲနှင့် ကျန်းကျန်းတို့နှစ်ယောက် မနက်စာပင် မစားကြဘဲ အိမ်မှ ထွက်ပြေးလာကြကာ လမ်းပေါ်မှ ဆိုင်လေးတစ်ဆိုင်သို့သွား၍ ပဲပြားဟင်းရည်တစ်ပန်းကန်သောက်ပြီးမှ အသီးသီး အလုပ်သို့ သွားခဲ့ကြတော့သည်။
*