အရှင်ဧည့်ခံပွဲ
Vol. 74 Ch. 1038
လီဖူချန်းထွက်သွားတဲ့နှစ်သုံးရာအတွင်း ရန်ချင်းဟူနဲ့သမန်းဝံပုလေလူဝင်စားတို့က တိုးတက်လာခဲ့တယ်။
ရန်ချင်းဟူက သာမန်အရှင်တစ်ယောက်မှ လက်ရွေးစင်အရှင်သို့ တိုးမြှင့်လာခဲ့ပြီး သမန်းဝံပုလွေလူဝင်စားက သာမန်ပြိုင်ဘက်ကင်းအရှင်မှ အားကောင်းတဲ့ပြိုင်ဘက်ကင်းအရှင်သို့ တိုးမြှင့်လာခဲ့တယ်။
ဒါပေမယ့် ကမ္ဘာနှလုံးသားကြောင့်သာ သူတို့နှစ်ယောက် ဒီလောက်လျင်မြန်စွာတိုးတက်လာရတာပဲ။
သူတို့က ကမ္ဘာနှလုံးသားထဲမှာ ကျင့်ကြံရင် ဘယ်လိုအရှင်မဆို လျင်မြန်စွာ တိုးတက်လာမှာပဲ။ ဒါ့ပြင် သူတို့နှစ်ယောက်မှာ လီဖူချန်းပေးထားတဲ့ကျင့်ကြံခြင်းအသုံးအဆောင်ပစ္စည်းမျိုးစုံရှိတယ်လေ။
"ငါ့ရဲ့နေရာလပ်-အချိန်တာအိုတိုးမြှင့်ဖို့အချိန်ပဲ"
လီဖူချန်းသိထားတာအရ အကြိုနတ်ဘုရားတစ်ယောက်က အကြိုနတ်ဘုရားစွမ်းအားမျိုးစုံကို ပိုင်ဆိုင်နိုင်တယ် ဒါပေမယ့် အနေအထားက အလွန်ကြမ်းတမ်းတယ်။
ပထမ၊ အကြိုနတ်ဘုရားစွမ်းအားမျိုးစုံကို လိုက်လျောညီထွေဖြစ်စေဖို့ စိတ်တန်ခိုးစွမ်းအားက လုံလုံလောက်လောက်သန်မာရမယ်။ သို့မဟုတ်ရင် ခန္ဓာကိုယ်က အလွယ်တကူပေါက်ကွဲသွားလိမ့်မယ်။
ဒုတိယ၊ တာအိုတစ်ခုက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရရှိထားရမယ်။
အခြေအနေနှစ်ရပ်ထဲကတစ်ခုက ပြည့်စုံဖို့က အလွန်ခက်ခဲတယ်။ စကြာဝဠာတစ်ခုလုံးမှာ အခြေအနေနှစ်ရပ်လုံးကို ပြည့်စုံစေနိုင်တဲ့သူက ဆယ်ယောက်အောက်သာရှိတယ်။
သူ့ရဲ့သန်မာတဲ့စိတ်အခြေအနေကြောင့်ထင်တယ်၊ လီဖူချန်းရဲ့နေရာလပ်-အချိန်တာအိုကျင့်ကြံခြင်းက အရင်ကထက် အများကြီးပိုချောမွေ့လာတယ်။ အနည်းငယ်ပဲချင့်ချိန်စဉ်းစားဖို့လိုအပ်တဲ့အရာတွေများစွာရှိတယ်။
ဒါ့ပြင် လီဖူချန်းက မူလဘူတမြေပြင်မှ နေရာလပ်-အချိန်အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုကိုလည်း ရရှိခဲ့တယ်။ ဒီနေရာလပ်-အချိန်အဆင့်နိမ့်စကြာဝဠာရတနာရဲ့အကူအညီနဲ့ဆိုရင် သူ့ရဲ့နေရာလပ်-အချိန်တာအိုက နှောင်းပိုင်းအခြေအနေကြယ်ပိုင်နက်အဆင့်ကို တိုးမြှင့်ဖို့ လီဖူချန်းက နှစ်ဒါဇင်အနည်းငယ်သာ အချိန်ယူခဲ့ရတယ်။
တစ်ဆက်တည်းမှာ သူ့ရဲ့နေရာလပ်-အချိန်တာအိုကို အလုံးစုံတတ်သိနားလည်ခြင်းအဆင့်သို့ တိုးမြှင့်ဖို့ လီဖူချန်းက နောက်ထပ်နှစ်ငါးရာကို အသုံးပြုခဲ့တယ်။
လီဖူချန်းက နေရာလပ်-အချိန်တာအိုမှာ အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိနိုင်ပေမယ့် သူ့ကို နေရာလပ်-အချိန်တာအိုရဲ့အသန်မာဆုံးအရှင်လို့ သတ်မှတ်လို့မရနိုင်ပါဘူး၊ လီဖူချန်းက နေရာလပ်-အချိန်တာအိုကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ဖန်တီးနိုင်ပြီး ၎င်းကို အလုံးစုံတတ်သိနားလည်ခြင်းအဆင့်သို့ မတိုးမြှင့်နိုင်ခဲ့ဘူး-သူ့ရဲ့နေရာလပ်-အချိန်သွေးမျိုးဆက်ကို အလုံးစုံတတ်သိနားလည်ခြင်းအဆင့်သို့ အသွင်ပြောင်းလဲမနိုင်ခဲ့ဘူးဆိုရင်ပေါ့။
ရှင်းလင်းစွာဆိုရရင် သိုင်းတာအိုအရှင်တစ်ယောက်က အသန်မာဆုံးအရှင်တစ်ယောက်ဖြစ်ချင်ရင် သိုင်းပညာနဲ့ကျင့်ကြံခြင်းနည်းစနစ်နှစ်ခုစလုံးက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာ ရှိရပါမယ်။
သိုင်းတာအိုမကျင့်ကြံတဲ့သူတွေအတွက် သူတို့ရဲ့သွေးမျိုးဆက်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာ ရှိဖို့လိုအပ်တယ်။
နောက်ပိုင်းက ရိုးရှင်းပုံထင်ရပေမယ့် အနှစ်သာရအရ အရှေ့တစ်ခုနဲ့ ဘာကွာခြားချက်တစ်ခုမှ မရှိပါဘူး။
လီဖူချန်းကို ဥပမာအနေနဲ့ ကြည့်ပါ၊ သူ့ရဲ့ဓားပညာက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိပြီးနောက် သူ့ရဲ့ဓားတာအိုသွေးမျိုးဆက်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာ မရှိခဲ့ပါဘူး။သူ့ရဲ့ကျင့်ကြံခြင်းနည်းစနစ်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိပြီးမှသာ သူ့ရဲ့ဓားတာအိုသွေးမျိုးဆက်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာ ရှိလာတယ်။
သိုင်းတာအိုကို မကျင့်ကြံတဲ့အရှင်တွေအတွက် အသန်မာဆုံးအရှင်ဖြစ်ဖို့ အသေးစိတ်အဆင့်တွေ မရှိပါဘူး။သူတို့က သူတို့ရဲ့သွေးမျိုးဆက်ကိုပဲ ဖြည်းဖြည်းချင်းစီ တိုးမြှင့်နိုင်တယ်။
"ငါ့ရဲ့နေရာလပ်-အချိန်တာအိုက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ဒီလောက်လျင်မြန်စွာ ရောက်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ကြည့်ရတာ စိတ်အခြေအနေက ငါ ထင်ထားတာထက် ပိုအသုံးဝင်တာပဲ။ ငါက ဘယ်လိုသိုင်းပညာကိုမဆို အသန်မာဆုံးစိတ်အခြေအနေနဲ့ ကျင့်ကြံရင် တစ်နေ့တည်းနဲ့ မိုင်သန်းပေါင်းများစွာ ခရီးနှင်သလို ရုတ်ချည်းတိုးမြှင့်သွားနိုင်လိမ့်မယ်"
လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက ကောင်းကင်ဆန့်ကျင်တယ်၊ အသန်မာဆုံးစိတ်အခြေအနေနဲ့ဆိုရင် ကျားကိုတောင်ပံတပ်ပေးလိုက်သလိုပဲပေါ့။
"အလယ်အခြေအနေကပ်ဘေးလက်က အနည်းငယ်အားနည်းနေတုန်းပဲ။ ငါ အဲဒါကို နှောင်းပိုင်းအခြေအနေကို မြှင့်တင်ရမယ်"
အလယ်အခြေအနေကပ်ဘေးလက်က အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်ရုံမျှပဲ။ အကြိုနတ်ဘုရားတစ်ယောက်နဲ့ရင်ဆိုင်မိရင် ၎င်းရဲ့ကပ်ဘေးစွမ်းအားက ချက်ချင်းလျော့ကျသွားလိမ့်မယ်။
ကပ်ဘေးလက်က နှောင်းပိုင်းအခြေအနေကို ရောက်ရှိခဲ့ရင် အကြိုနတ်ဘုရားတစ်ယောက်နဲ့ တိုင်ခိုက်နိုင်သင့်တယ်။ တကယ်တော့ ဒီသိုင်းပညာကို ထာဝရနတ်ဘုရားက ဖန်တီးထားခဲ့တာပဲ။ ဒိီသိုင်းပညာနဲ့ထာဝရလက်အိတ်နဲ့အတူ ထာဝရနတ်ဘုရားက ထိုအချိန်တုန်းက ကြောက်စရာအကောင်းဆုံးအကြိုနတ်ဘုရားတွေထဲကတစ်ယောက်ဖြစ်ခဲ့တာပဲ။
ကပ်ဘေးလက်က လီဖူချန်းတွေးထားတာထက် ချိုးဖြတ်ဖို့ပိုခက်ခဲတယ်။ နှစ်ငါးရာကြာပြီးတောင် လီဖူချန်းက ကပ်ဘေးလက်ရဲ့နှောင်းပိုင်းအခြေအနေကို မချိုးဖြတ်နိုင်သေးဘူး။
တစ်ဖက်မှာ ရန်ချင်းဟူနဲ့သမန်းဝံပုလွေလူဝင်စားက သာမန်ပြိုင်ဘက်ကင်းအရှင်နဲ့အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်သို့ အသီးသီးချိုးဖြတ်ခဲ့တယ်။
အထူးသဖြင့် ရန်ချင်းဟူပဲ၊ ဓားမော့ကျိုးကို ရရှိပြီးနောက် သူမရဲ့ကျင့်ကြံခြင်းအရှိန်က သမန်းဝံပုလွေလူဝင်စားနဲ့ နှိုင်းယှဉ်နိုင်နေပြီဖြစ်တယ်။
"ကြည့်ရတာ ကပ်ဘေးလက်က အတော်လေးထူးခြားပြီး ကျင့်ကြံခြင်းအဆင့်တိုးဖို့ ပြင်ပအားတွေကို မှီခိုရမယ့်ပုံပဲ"
အရင်က ဖရိုဖရဲမီးကြာပန်းမှကပ်ဘေးစွမ်းအားကို စုပ်ယူခဲ့တာကြောင့် ကပ်ဘေးလက်က စဦးအခြေအနေမှအလယ်အခြေအနေသို့ တိုးမြှင့်ခဲ့တယ်။ သူက ကပ်ဘေးလက်ကို နှောင်းပိုင်းအခြေအနေသို့ တိုးမြှင်ချင်ရင် ကပ်ဘေးစွမ်းအားရှိတဲ့တစ်စုံတစ်ရာကို စုပ်ယူဖို့လိုမယ် ဒါမှမဟုတ် အချိန်အကြာကြီးကျင့်ကြံဖို့လိုမယ်။
"ဖရိုဖရဲမီးကြာပန်းက အလယ်ဆင့်စကြာဝဠာရတနာတစ်ခုပဲ။ ငါက အဆင့်မြင့်စကြာဝဠာရတနာတစ်ခုရဲ့ကပ်ဘေးစွမ်းအားကို စုပ်ယူရင်ရော မဖြစ်နိုင်ဘူလား"
ကမ္ဘာဦးမူလလက်ကောက်မှာ ကပ်ဘေးစွမ်းအားမရှိမှန်း လီဖူချန်းက သေချာတယ်။ တကယ်လို့ ရှိရင်တောင် လီဖူချန်းက စုပ်ယူမှာမဟုတ်ဘူး။ ကမ္ဘာဦးမူလလက်ကောက်က သူ့အတွက် အခု အရမ်းအသုံးဝင်နေသေးတယ်။
အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့အစအနတွေမှာ ကပ်ဘေးစွမ်းအားပါနိုင်တာပဲ"
လီဖူချန်းက ဖြစ်နိုင်ချေတစ်ခုကို တွေးမိတယ်။
ကပ်ဘေးစွမ်းအားက အခြေခံအားဖြင့် အဖျက်အဆီးစွမ်းအားပဲ။ အရာအားလုံးကို ပျက်စီးယိုယွင်းစေတဲ့စွမ်းအားပဲ။ ဒီလိုစွမ်းအားကို ထိန်းချုပ်ဖို့ အရမ်းခက်ပြီး ထာဝရနတ်ဘုရားအနေနဲ့ ဖန်တီးနိုင်ခဲ့တာက သူက ထာဝရလက်အ်ကို လေ့လာခဲ့တာကြောင့်လို့ ပြောကြတယ်။ ထာဝရလက်အိတ်မှာ ကပ်ဘေးစွမ်းအားပါရှိတာ သေချာတယ်။
ထာဝရလက်အိတ်မှာ ကပ်ဘေးစွမ်းအားပါရှိမှတော့ အခြားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေမှာလည်း ကပ်ဘေးစွမ်းအားပါဝင်မှန်း သိသာတယ်။
တကယ်တော့ နတ်ဘုရားစစ်မြေပြင်မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းမျိုးစုံရှိတာလေ။
"ငါ ပြင်ဆင်မှုပြုလုပ်ရမယ်။ အလျင်လိုစရာမလိုဘူး"
လီဖူချန်းက အကြိုနတ်ဘုရားနယ်မြေကို မကြာမီသွားဖို့တော့ အစီအစဉ်မရှိပါဘူး။
သူ့မှာ လုံလုံလောက်လောက်စုဆောင်းထားတာ ဘာမှမရှိသေးဘူး၊ အကြိုနတ်ဘုရားနယ်မြေကို မဆင်မခြင်သွားတာ အန္တရာယ်များလွန်းတယ်။ တကယ်တော့ သူနဲ့ ပြဿနာတက်ထားတဲ့ဂိုဏ်းကြီးတွေ များလွန်းတယ်လေ။
"မင်းတို့နှစ်ယောက် ကျင့်ကြံလာတာ နှစ်ဆယ်သန်းရှိပြီ။ အခုက မင်းတို့တွေ လှုပ်ရှားဖို့အချိန်ပဲ"
ဒီနေ့မှာ လီဖူချန်းက ရန်ချင်းဟူနဲ့သမန်းဝံပုလွေလူဝင်စားကို ပြောလိုက်တယ်။
"နင် မပြောရင်တောင် ငါ လှုပ်ရှားမှာပါ" ပြိုင်ဘက်ကင်းအရှင်အဆင့်ကို ချိုးဖြတ်ပြီးနောက် ရန်ချင်းဟူက ကြီးမားတဲ့တစ်ဆို့မှုတစ်ခုကို ခံစားရတယ်။ သူမရဲ့စိတ်အခြေအနေက လုံလုံလောက်လောက်မသန်မာဘူး၊ သူမက နားလည်ဖို့ ဆက်လက်ကျင့်ကြံအားထုတ်နေရင်တောင် အချိန်ဖြုန်းတာပဲလို့ ရန်ချင်းဟူက ခံစားမိတယ်။
ဒါ့ပြင် လီဖူချန်းပြောခဲ့သလိုပဲ၊ နားလည်ဖို့ သူမသီးခြားကျင့်ကြံခဲ့တဲ့အချိန်က များလွန်းတယ်။ နေရာလပ်-အချိန်အရှိန်နဲ့အတူ သူမကျင့်ကြံလာတာ မသိလိုက်မသိဘာသာနဲ့ နှစ်ဆယ်သန်းရှိပြီ။ ကမ္ဘာနှလုံးသားကြောင့်သာမဟုတ်ရင်၊ စကြာဝဠာရတနာနဲ့မပြီးပြည့်စုံတဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတို့က သူမရဲ့ကျင့်ကြံခြင်းကို ကူညီပြီး သူမရဲ့စိတ်အခြေအနေကို လမ်းညွှန်ပေးခဲ့တာတွေကြောင့်မဟုတ်ရင် သူမရဲ့ကျင့်ကြံမှုက ရပ်တန့်နေလောက်ပြီ။ သူမက အတင်းဖိအားပေးကာ ဆက်လက်ကျင့်ကြံခဲ့ရင် သူမက သေချာပေါက်ပျက်စီးသွားရပါလိမ့်မယ်။
"ငါတော့ ပြဿနာမရှိဘူး"
ရန်ချင်းဟူနဲ့နှိုင်းယှဉ်ရင် သမန်းဝံပုလွေလူဝင်စားက ပြဿနာမရှိပါဘူး။ သူ့ရဲ့စိတ်ဝိညာဉ်က လီဖူချန်းရဲ့စိတ်ဝိညာဉ်မှ လာတယ်။ နှစ်ဆယ်သန်းကျင့်ကြံတာမဆိုနဲ့၊ နှစ်သန်းတစ်ရာကျင့်ကြံရင်တောင် သူ့ရဲ့စိတ်ဝိညာဉ်က ပျက်စီးသွားမှာမဟုတ်ဘူး။
……
"မင်း ကြားပြီးပြီလား။ မူလအဆုံးစွန်းအရှင်က အရှင်ဧည့်ခံပွဲတစ်ခုကို ဦးစီးပြီး ကျင်းပမယ်တဲ့။ ဧည့်ခံပွဲအတွင်း သူက စကြာဝဠာရတနာအချို့ကို လေလံတင်လိမ့်မယ်"
"စကြာဝဠာရတနာတွေကို လေလံတင်မှာလား။ ဟုတ်ရောဟုတ်ရဲ့လားကွာ"
"ဒါ အမှားမဖြစ်နိုင်ဘူး။ မူလအဆုံးစွန်းအရှင်က မူလဘူတမြေပြင်မှာ ကြီးမားတဲ့စကြာဝဠာအရေအတွက်တစ်ခုကို ရရှိခဲ့တယ်လို့ ငါ ကြားတယ်။ သူက အဆင့်မြင့်စကြာဝဠာရတနာတစ်ခုကိုတောင် ရရှိခဲ့တယ်။ သူ့အနေနဲ့ သူမလိုအပ်တဲ့အဆင့်နိမ့်စကြာဝဠာရတနာအချို့ကို လေလံတင်တာ ပုံမှန်ပါပဲ"
"အကြိုနတ်ဘုရားတွေက အဆင့်မြင့်စကြာဝဠာရတနာလာလုမှာကို သူ မကြောက်ဘူးလား"
"မင်း မသိသေးဘူးလား။ မူလအဆုံးစွန်းအရှင်က အသန်မာဆုံးအရှင်ဖြစ်သွားပြီ။ အခု သူသွားချင်တဲ့နေရာသွား၊ လာချင်တဲ့နေရာလာလို့ရတယ်။ ဘယ်လိုအကြိုနတ်ဘုရားကမှ သူ့ကို မရပ်တန့်နိုင်ဘူး"
နှစ်ဒါဇင်အနည်းငယ်အတွင်း လီဖူချန်း အရှင်ဧည့်ခံပွဲကို ကျင်းပမယ်ဆိုတဲ့သတင်းက စကြာဝဠာတစ်လျှောက် ပျံ့နှံ့သွားတယ်။
"ကြည့်ရတာ တကယ်ပဲ သူ အသန်မာဆုံးအရှင်ဖြစ်သွားပြီးထင်တယ်"
ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက အလွန်အံ့အားသင့်သွားတယ်။
အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ရှိသူ့ရဲ့ဓားပညာအရ အသန်မာဆုံးအရှင်ဖြစ်ဖို့ ဘယ်လောက်ခက်ခဲသလဲကို သူ သိတယ်လေ။
အရင်က လီဖူချန်းရဲ့အလားအလာအပေါ် သူက ခပ်မြင့်မြင့်တွေးခဲ့ပေမယ့် အခု သူက လီဖူချန်းအပေါ် လေးစားမှုအပြည့်ဖြစ်နေတယ်။
လက်ရှိအချိန်မှာ လီဖူချန်းက ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားအတွက် ပြိုင်ဘက်တစ်ယောက်မဖြစ်နိုင်ပေမယ့် လီဖူချန်း အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာတာနဲ့ စားပွဲခုံက ပြောင်းပြန်ဖြစ်သွားပါလိမ့်မယ်။ ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက လီဖူချန်းအတွက် ဘယ်တော့မှ ပြိုင်ဘက်တစ်ယောက်မဖြစ်လာနိုင်တော့ဘူး။
"ဒီလိုရန်သူတစ်ယောက်နဲ့ဆိုရင် အခြားဂိုဏ်းကြီးတွေက သေချာပေါက် ခေါင်းကိုက်နေရတော့မှာပေါ့"
ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက ပြုံးလိုက်တယ်။
"ငါ သူ့ကို လုံးဝပြဿနာမရှာခဲ့တာ ကံကောင်းသွားတာပဲ" သတင်းကို ကြားတဲ့အခါ အကြိုနတ်ဘုရားနယ်မြေကို ပြန်သွားဖို့ပြင်ဆင်နေတဲ့ရေတံခွန်မိုးဓားမော့နတ်ဘုရားက စိတ်သက်သာရာရသွားတယ်။
"အသန်မာဆုံးအရှင်တဲ့လား"
ရွှေအလင်းနတ်ဘုရားရဲ့မျက်လုံးတွေက ကြောက်စရာကောင်းတဲ့သတ်ဖြတ်ခြင်းဆန္ဒတွေ ပေါက်ကွဲထွက်လာတယ်။
ဘယ်လိုအသန်မာဆုံးအရှင်တစ်ယောက်အတွက်မဆို နတ်ဘုရားမျိုးနွယ်အတွက် ခြိမ်းခြောက်မှုတစ်ခုပဲ။ သူတို့ကို ဖြစ်နိုင်သမျှ မြန်မြန်မဖယ်ရှားရင် မကြာမီသို့မဟုတ်နောက်ကျရင် ကပ်ဘေးတစ်ခုဖြစ်စေလိမ့်မယ်။
လွန်ခဲ့တဲ့နှစ်မရေမတွက်များစွာက နတ်ဘုရားမျိုးနွယ်ကသာ အသန်မာဆုံးအရှင်ကို ပိုင်ဆိုင်ခဲ့တယ်။ အတိတ်မှာတုန်းက စကြာဝဠာအပေါ်နတ်ဘုရားမျိုးနွယ်ရဲ့ထိန်းချုပ်မှုက ယခုထက် ပိုသန်မာတယ်။ အခြားဂိုဏ်းကြီးတွေက သူတို့ရဲ့ကိုယ်ပိုင်အသန်မာဆုံးအရှင်ကို မွေးထုတ်ပြီးနောက် စကြာဝဠာအပေါ်နတ်ဘုရားမျိုးနွယ်ရဲ့ထိန်းချုပ်မှုက တဖြည်းဖြည်းကျဆင်းလာတယ်။
လက်ရှိမှာ အသန်မာဆုံးအရှင်အဆင့်ကို ရောက်ရှိထားတဲ့သူငါးယောက်သာရှိတယ်။ ဒီငါးယောက်ထဲကအားအနည်းဆုံးသူကတောင် အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်ပြီး အသန်မာဆုံးသူက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်တယ်။
သူတို့ကြားမှာ နတ်ဘုရားမျိုးနွယ်ရဲ့နတ်ဘုရားခန်းမက ကြောက်စရာအကောင်းဆုံးဖြစ်ပြီး အသန်မာဆုံးအရှင်နှစ်ယောက်ကို ပိုင်ဆိုင်ထားတယ်။ အမှောင်ကောင်စီက တစ်ယောက်၊ စီရင်ချက်မျက်လုံးက တစ်ယောက်၊ ထာဝရစစ်တပ်က တစ်ယောက်ပိုင်ဆိုင်ထားတယ်။
ဓားသမားအစည်းအရုံးက တစ်ယောက်ပိုင်ဆိုင်လာခဲ့ရင် နတ်ဘုရားမျိုးနွယ်ကို သေချာပေါက် သက်ရောက်မှုရှိလာပါလိမ့်မယ်။
ဒါကြောင့် ဓားသမားအစည်းအရုံးမှာ ထိုအကြိုနတ်ဘုရားတစ်ယောက်မရှိလာခင် ဖြစ်နိုင်သမျှအမြန်ဖယ်ရှားတာ အကောင်းဆုံးဖြစ်တယ်။
……
အပြန်အလှန်ဖလှယ်ဖို့အတွက် ရည်ရွယ်ကာ လီဖူချန်းက အရှင်ဧည့်ခံပွဲကို ကျင်းပချင်ခဲ့တာပါ။
သူ့မှာ အသုံးမဝင်တဲ့ပစ္စည်းတွေများစွာရှိပြီး နေရာလပ်လက်စွပ်ထဲမှာ သူတို့ကို သိုလှောင်ခြင်းက ဖြုန်းတီးခြင်းတစ်ခုပါပဲ။ အသုံးဝင်တဲ့ပစ္စည်းအချို့အတွက် ဖလှယ်ဖို့ သူတို့ကို အသုံးပြုနိုင်တယ်။ အဲဒါက သူ့အတွက် အသုံးဝင်နိုင်တယ်ဒါမှမဟုတ်သူ့ဘေးနားက လူတွေအတွက် အသုံးဝင်နိုင်တယ်။
ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင် သူတို့ကို ဝယ်ဖို့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကိုပဲ အသုံးပြုချင်တယ်။ သူ့မှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ အလုံအလောက်မရှိမှတော့ အဆင့်နိမ့်ဒါမှမဟုတ်အလယ်ဆင့်စကြာဝဠာရတနာအချို့ကို ဝယ်ယူဖို့က ပြဿနာတစ်ခုမဟုတ်ပါဘူး။
"အသက်အမျိုးအစားစကြာဝဠာရတနာအချို့နဲ့ ဖလှယ်နိုင်ပါစေလို့ ငါ မျှော်လင့်တယ်"
ဘူးသီးစိမ်းရဲ့အဟာရဖြည့်ခြင်းပြီးနောက် လီဖူချန်းရဲ့အသက်သစ်ပင်က မိုင်သန်းရာအနည်းငယ်အထိ ကြီးထွားလာတယ်။ သစ်ပင်ပေါ်ရှိအသက်သစ်ပင်တွေက ၃၀ကနေ၄၀ရာခိုင်နှုန်းခန့် မှည့်နေခဲ့တယ်။
အသက်သစ်သီးတစ်လုံးလုံးဝမှည့်လာတာနဲ့ အစက်သစ်ပင်က အလယ်ဆင့်စကြာဝဠာရတနာတစ်ခုဖြစ်လာမယ်လို့ လီဖူချန်းက ကြိုတင်သိနေတယ်။
အလယ်ဆင့်အသက်သစ်ပင်ကို အထင်သေးလို့မရပါဘူး။
အသက်သစ်ပင်က တကယ်တော့ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုလေ။ ၎င်းက အပြည့်အဝမရင့်မှည့်ရင်တောင် ပါဝင်တဲ့အသက်အားက အလွန်အမင်းသန့်စင်ပြီး ဒဏ်ရာတွေကို အပြည့်အဝသက်သာစေနိုင်တယ်။ လီဖူချန်းက အသန်မာဆုံးအရှင်ဖြစ်လာရင်တောင် အသက်အားအရ သူက လက်ရှိအသက်သစ်ပင်ကို မယှဉ်နိုင်သေးဘူးလို့ပြောရင် မလွန်ပါဘူး။
အသက်သစ်ပင်က အလယ်ဆင့်စကြာဝဠာရတနာတစ်ခုအဖြစ် ကြီးထွားလာတာနဲ့ ၎င်းရဲ့အသက်အားက အဆတစ်ရာတစ်ထောင်အထိ တိုးလာလောက်တယ်။
နှစ်တစ်ရာပြီးနောက် အရှင်ဧည့်ခံပွဲကျင်းပချိန် ရောက်လာပါပြီ။ ဒီနေ့မှာတော့ အရှင်အရေအတွက်များစွာက အမျိုးမျိုးသောကြယ်ပိုင်နက်တွေကနေ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ဆီ အပြေးလာနေကြတယ်။