အခန်း (၃၄၈)
Vol. 35 Ch. 348
ကျန်းကျန်းက စက်ဘီးစီး၍ သတင်းစာတိုက်တံခါးဝသို့ ပျင်းရိစွာ ဝင်သွားခဲ့သည်။ တံခါးစောင့်နေသည့် ဦးလေးကြီးက ကျန်းကျန်းအား မြင်သည်နှင့် ချက်ချင်းထိုင်ခုံမှ ခုန်ထ၍ ကျယ်လောင်သည့်အသံဖြင့် အော်လိုက်သည်။
“လီမင်ကျန်း ပြန်လာပြီ!”
ကျန်းကျန်းတစ်ယောက် အလွန်လန့်သွားခဲ့ရပြီး စက်ဘီးပေါ်မှ လဲကျလုနီးပါး ဖြစ်သွားကာ ရင်ဘတ်အား ပွတ်သပ်ရင်း ကြောက်လန့်တကြားဖြင့် ဦးလေးကြီးအား ကြည့်လိုက်သည်။
အချိန်အတော်ကြာသည်အထိ အသိစိတ်ပြန်မဝင်နိုင်သေးပေ။
ထိုအဘိုးကြီး၏ အသံသည်က အလွန်ကျယ်လောင်လွန်း၍ ကားဂိုဒေါင်အတွင်းမှ လူများတင်မကဘဲ အပေါ်ထပ်ရုံးခန်းမှ လူအများအပြားပါ ခေါင်းထွက်၍ ကြည့်လာကြသည်။
“လီမင်ကျန်း ဘယ်မှာလဲ”
လူအုပ်ကြီးက သူမဆီသို့ စုဝေးလာသည်ကို ကျန်းကျန်း ကြောင်တောင်တောင်ဖြင့် ကြည့်နေခဲ့မိသည်။
သူမ၏ လက်အတွင်းမှ စက်ဘီးကိုလည်း စိတ်အားထက်သန်သည့် လုပ်ဖော်ကိုင်ဖက်များက တွန်းထုတ်သွားကြပြီး ကားဂိုဒေါင်အတွင်း၌ ထည့်ပေးလိုက်သည်။
သူမ သတိမရမီပင် ၎င်းတို့က ပြန်ပြေးလာကြကာ သော့ကို သူမ၏လက်အတွင်း ထည့်ပေးလိုက်ကြပြန်သည်။ သိသည့်သူများ၊ မသိသည့်သူများ၊ ရင်းနှီးသည့်သူများ၊ မရင်းနှီးသည့်သူများက စိတ်အားထက်သန်သည့် မျက်နှာများဖြင့် ကျန်းကျန်းအား ဝိုင်း၍ ဤနှစ်များအတွင်း နိုင်ငံခြား၌ ယဉ်ကျေးမှုအမွေအနှစ်များ ဖလှယ်ခဲ့သည်နှင့်ပတ်သက်၍ မေးမြန်းလာခဲ့ကြသည်။
ယွီရှိုကျင်းတစ်ယောက် စက်ဘီးနင်း၍ ဝင်ရောက်လာသည်နှင့် သူ၏ ရုံးဝင်းအတွင်း လူဆယ်ဦးခန့် စုဝေးနေခြင်းကို မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားရသည်။
“ဘာဖြစ်နေကြတာလဲ၊ လူစုလူဝေးလုပ်ပြီး ဒုက္ခပေးကြမလို့လား”
ကွားရှောင်ချင်းမှာ လူအုပ်ထဲသို့ မရောက်မီကပင် စိတ်ပူပန်နေခဲ့သည်။
သူမက ယွီရှိုကျင်း၏ အသံကြားသော် ချက်ချင်းလှည့်ကြည့်ကာ မကျေနပ်စွာ ပြောဆိုလိုက်လေသည်။
“အယ်ဒီတာချုပ်! လီမင်ကျန်း အလုပ်ကိုပြန်ရောက်လာပြီ၊ ဒီမှာကြည့်ဦး၊ သူတို့တွေက ကျွန်မတို့ရဲ့ ကျန်းကျန်းကိုတောင် နင်းခြေတော့မလို့ပဲ”
ယွီရှိုကျင်းလည်း ထိုစကားများကို ကြားသည်နှင့် ချက်ချင်းဆိုသလို စက်ဘီးကို ထောင်လိုက်ကာ လုံခြုံရေးထံမှ မိုက်လှမ်းတောင်းခဲ့ပြီး ဒေါသတကြီး အော်လိုက်သည်။
“အားလုံးပဲ အခုချက်ချင်း ရုံးခန်းအတွင်းကို ပြန်ဝင်ကြစမ်း “
ဆူညံနေသည့် ခြံဝင်းမှာ ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်း ခေါင်းလှည့်ကြည့်လိုက်သော် အယ်ဒီတာချုပ်မှန်းကို သိရှိသွားကြလေသည်။
ကျန်းကျန်းသည်လည်း နောက်ဆုံး၌ လတ်ဆတ်သည့် လေထုကို ပြန်လည်ရှူရှိုက်ရတော့သည်။ သူမက ဦးခေါင်းမှ ပူနေသည့် ချွေးများကို သုတ်၍ ကျေးဇူးတင်သည့် အပြုံးဖြင့် ယွီရှိုကျင်းကို ပြောသည်။
“အက်ဒီတာချုပ်ယွီ၊ ဆရာရောက်လာလို့ တော်သေးတာပေါ့၊ မဟုတ်ရင် သူတို့တွေ ကျွန်မကို ဝါးစားကြတော့မှာ”
ယွီရှို့ကျင်းသည်ကား သူ ကိုယ်တိုင် ပြုစုပျိုးထောင်ထားသည့် ထူးချွန်သည့် တပည့်ကို မြင်တွေ့ရသည့်အတွက် အလွန် ဂုဏ်ယူနေခဲ့သည်။
“မင်းက ဒီနှစ်ပိုင်းအတွင်းမှာ အရမ်း နာမည်ကြီးလွန်းနေလို့လေ၊ ငါတို့ ရဲ့ဥက္ကဋ္ဌတောင် မင်းအကြောင်းကိုပဲ တစ်နေကုန် ပြောနေတာ၊ မင်းက ငါတို့ သတင်းစာတိုက်ရဲ့ ဂုဏ်ယူစရာပဲတဲ့”
ကျန်းကျန်းလည်း နှစ်ချက်ခန့်သာ ပြုံးပြနိုင်ခဲ့သည်။
“ဒါက ကံကောင်းလို့ပါ”
စင်စစ် ကံကောင်းခြင်းပင် ဖြစ်သည်။
ရာစုနှစ်ပေါင်းများစွာအတွင်း နိုင်ငံခြား ရတနာရှာဖွေသူများနှင့် ရွှေတွင်းတူးသူများစွာ ပေါ်ထွက်ခဲ့ကြသည်။ တချို့သည် စစ်မှန်သည်၊ မမှန်သည် မသိသည့် ရတနာမြေပုံတစ်ခုတည်းဖြင့် တစ်သက်တာ ကုန်ဆုံးသွားကြသည်။
မည်သူမျှ ကျန်းကျန်းကဲ့သို့ ရတနာတူးရင်း မိမိမြေကိုပါ ပြန်လည် ဖို့ပေးခြင်းမလုပ်ဆောင်နိုင်ခဲ့ကြချေ။
မုန်လာဥကဲ့သို့ အလေလိုက်ချင်သည့် လူများကိုပင် မနာလိုဖြစ်ကာ သွေးများပင် ဆူပွက်လာအောင် ပြုလုပ်နိုင်သည်။
ကျန်းကျန်း၏ ကြွယ်ဝမှုကြီးကို မနာလိုသည့် လူမိုက်အချို့ပင် ရှိနေခဲ့သည်။ ဤခန္ဓာကိုယ်သေးသေးလေးသာရှိသည့် တရုတ်အမျိုးသမီးတစ်ဦးတည်း သွားလာနေခြင်းကို သိရှိရသော် ပြန်ပေးဆွဲ၍ လုယက်ရန် စိတ်ကူးများ ပေါ်လာခဲ့ကြသည်။
သို့သော်လည်း ဤလူများသည်ကား ဓားများ၊ သေနတ်များကို မည်သို့ပင် အသုံးပြုသည်ဖြစ်စေ၊ သူတို့ လုပ်ဆောင်ကြသည်နှင့် ဤတရုတ်အမျိုးသမီးသည်က တိုက်ခိုက်ရေး၌ အလွန်တော်ကြောင်းကို စိတ်ပျက်အားငယ်စွာ သိရှိလာကြသည်။
တချို့ လူဆိုးများဆိုလျှင် သေနတ်များ ကျည်ထိုးထား၍ အစွန်အဖျားအထိ တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် လာကြသည်။ သို့သော် မပစ်ရသေးမီ၌ပင် ကျန်းကျန်းသည် သူ၏နောက်သို့ ခုန်ဝင်ကာ လက်ဝါးဖြင့် ပုတ်ချလိုက်သည်နှင့် ချက်ချင်း မြေပြင်ပေါ် လဲကျသွားခဲ့ကြသည်။
သူတို့၏ ဦးခေါင်းအတွင်း ကြယ်များလည်နေစဉ်မှာပင် ကြမ်းတမ်းသည့် လက်သီးဖြင့် ထိုးနှက်ခံလိုက်ရပြန်ကာ သတိလစ်သွားခဲ့ကြသည်။
တချို့ဆိုလျှင် နိုင်ငံတကာ ဆုငွေအကြီးအများ ထုတ်၍ ဖမ်းဝရမ်းထုတ်ထားသည့် ရာဇဝတ်ကောင်များပင် ပါရှိခဲ့သော်လည်း ကျန်းကျန်း၏ အရူးအမူး ရိုက်နှက်ခြင်းကို မည်သည့်လူကမျှ မခံနိုင်ခဲ့ကြပါချေ။
ထို့ကြောင့် နိုင်ငံအသီးသီးမှ ရဲများသည်က မိမိအားကို ကိုး၍ မဖမ်းနိုင်ခဲ့သည့် ရာဇဝတ်ကောင် များစွာကို၊ ငွေကြေးနှင့် ပစ္စည်းအရင်းအမြစ် များစွာကို ဤတရုတ်အမျိုးသမီးငယ်က ရဲစခန်းသို့ ခေါ်ဆောင်လာပေးခြင်းကို တွေ့ရသည့်အချိန်၌ ဝမ်းသာအားရ ဖြစ်ကြသည်။
ကျန်းကျန်း ပေါ်ပေါက်လာသည့် နိုင်ငံများ၌ ရုတ်တရက် လုံခြုံရေးအခြေအနေသည်က အလွန် ကောင်းမွန်လာခဲ့ကြသည်။
ယွီရှို့ကျင်းသည် ကျန်းကျန်းကို သူ၏ရုံးခန်းအတွင်း ခေါ်ဆောင်လာခဲ့သည်။ သူ လက်ဖက်ရည်ပင် မဖျော်ရသေးမီ၌ နိုင်ငံတကာသတင်းဌာန၏ အယ်ဒီတာချုပ် ကျန်းမင်ရွှမ်က တံခါးကို တွန်းဖွင့်၍ ဝင်ရောက်လာခဲ့လေသည်။
“ငါပြောမယ် လောင်ယွီ၊ မင်းက အရမ်း ရက်စက်တာပဲ၊ မနက်စောစောစီးစီး ငါတို့ဌာနက လီမင်ကျန်းကို လုယူသွားတာ၊ ငါက အရမ်း မျှော်လင့်နေတုန်းပဲ ရှိနေသေးတာလေ”
ကျန်းကျန်းက ပြုံး၍ မတ်တပ်ရပ်သည်။
“ဒါရိုက်တာကျန်း”
“ထိုင်ပါ၊ ထိုင်ပါ၊ ဒီတစ်ခေါက် ပင်ပန်းလာခဲ့လား”
လီမင်ကျန်းကို မြင်သော် ကျန်းမင်ရွှမ်က ချက်ချင်း ပြုံးရွှင်စွာ နှုတ်ဆက်လာသည်။
“တကယ်တော့ ခဏလောက် အနားယူလို့ရပါတယ်၊ အလုပ်ကို အလျင်လိုစရာမလိုပါဘူး”
“ဟေ့၊ ဟေ့၊ ငါပြောမယ် လောင်ကျန်း၊ လီမင်ကျန်းက သူမရဲ့ခင်ပွန်းသည်နဲ့ နိုင်ငံခြားကိုသွားလို့ မင်းတို့ရ့် နိုင်ငံတကာသတင်းဌာနကို ပြောင်းရွှေ့ခဲ့တာနော်၊
အခု လီမင်ကျန်းက ပြည်တွင်း ပြန်ရောက်ပြီဆိုတော့ ဘာလို့ မင်းတို့ဘက်ကိာ ပြန်ပြောင်းရွှေ့ရမှာလဲ”
“မင်းက အရမ်း ရက်စက်တာပဲ”
ကျန်းမင်ရွှမ်သည် ယွီရှိုကျင်းကို မျက်လုံးလှန်ကြည့်၍ ပြောသည်။
“လီမင်ကျန်းက ဒီနှစ်ပိုင်းအတွင်း အရမ်းပင်ပန်းခဲ့ရတာ၊ အခု ပြည်တွင်းကို ပြန်ရောက်လာပြီဆိုတော့ အနားမပေးဘူးလား၊
ငါတို့ နိုင်ငံတကာသတင်းဌာနက ပြည်တွင်းသတင်းထောက်တွေက အတော်လေး အေးအေးဆေးဆေးပဲရှိတာနော်၊ မင်းတို့ ပြည်တွင်းသတင်းဌာနကတော့ မတူဘူးလေ၊ ဘယ်သတင်းထောက်ကမှ သတင်းစာတိုက်မှာ အေးအေးဆေးဆေး ဆောင်းပါးရေးလို့မရဘူး၊
လူတိုင်း အပြင်ထွက်ပြီး လေထဲ၊ နေရောင်ထဲ သတင်းရှာရတာပဲ”
ယွီရှို့ကျင်းသည် ချက်ချင်း စကားမဲ့သွားခဲ့ရသည်။ သူက ဆိုဖာပေါ်၌ ထိုင်နေသည့် လီမင်ကျင်းကို ကြည့်လိုက်လျှင် သူမ ပထမဆုံး ဘွဲ့ရ၍ သတင်းစာတိုက်သို့ လာရောက်စဉ်ကနှင့် သိပ်မခြားနားဘဲ ယဉ်ကျေးသိမ်မွေ့သည့် ပုံစံပင် ရှိနေသေးသည်။
သို့သော် သူမ၏ အသက်သည်က ၂၆ နှစ် ရှိနေပြီဖြစ်ပြီး၊ ဤအသက်အရွယ်၌ ရှိနေသော လုပ်ဖော်ကိုင်ဖက်အမျိုးသမီးများစွာမှာ ကလေးများ၏ မိခင်များ ဖြစ်နေကြပေပြီ။
ယွီရှို့ကျင်းသည်က သူ၏သမီးအရွယ်တူ ဤတပည့်ကို သားသမီးကဲ့သို့ သဘောထားသည်။
သို့သော်လည်း ကျန်းမင်ရွှမ်သည် ကောင်းခြင်းဆိုးခြင်းများကို ခွဲခြမ်းစိတ်ဖြာခြင်းကို ကြားသော် အနည်းငယ် မသိချင်ယောင် ဆောင်ထားခဲ့လေသည်။
“ဒီလိုဆိုရင် ငါ လီမင်ကျန်းကို ကိုယ်တိုင် ဂရုစိုက်လိုက်မယ်၊ အလုပ်များများ မပေးတော့ဘူး”
“သိပါပြီ သိပါပြီ”
ကျန်းမင်ရွှမ်သည်က လက်ဝှေ့ရမ်းပြ၍ ပြုံးကာ လီမင်ကျန်းးကို ကြည့်သည်။
“ဥက္ကဋ္ဌရုံးခန်းကို အရင်သွားလိုက်ဦး၊ ဥက္ကဋ္ဌက မင်းပြန်လာရင် သူ့ရုံးခန်းကို ခေါ်လာခဲ့ဖို့ ငါ့ကို မှာထားတာ။ အလုပ်ကို အလျင်လိုစရာမလိုဘူး၊ အိမ်မှာ ပိုနားပါ၊ ငါတို့ သတင်းစာတိုက်က အလုပ်များတယ်”
ယွီရှိုကျင်းသည်လည်း ချက်ချင်း ပြောလာသည်။
“အယ်ဒီတာကျန်း ပြောတာမှန်တယ်၊ မင်း အိမ်ပြန်ပြီး ကိုယ်ဘာသာကိုယ် ဂရုစိုက်ပါဦး၊ မင်းလည်း လက်ထပ်ထားတာ သုံးနှစ်ရှိပြီ၊ ကလေးယူဖို့ စီစဉ်နေပြီလား”
ကျန်းကျန်းက သူမ၏ ဝမ်းဗိုက်ကို ဖြည်းညင်းစွာ ပွတ်၍ ပြုံးကာ ခေါင်းညိတ်သည်။
“စီစဉ်ထားပါတယ်”
ကျန်းကျန်း၏ လုပ်ရပ်ကို မြင်သော် နှစ်ဦးစလုံး ရယ်မောကြသည်။ ကျန်းမင်ရွှမ်သည် ရုံးခန်းတံခါးကို တွန်းဖွင့်၍ ပြောသည်။
“သွားကြရအောင်၊ ဥက္ကဋ္ဌရုံးခန်းကို သွားပြီး ပြောကြမယ်”
ဤအချိန်၌ ဥက္ကဋ္ဌဝမ်ကျင်းချန်မှာ နာမည်မဖော်ထားသည့် အစီရင်ခံစာတစ်စောင်ကို ဖတ်နေသည်။
ထိုစာထဲ၌ လီမင်ကျန်းတွင် ပိုင်ဆိုင်မှုများ၊ စက်ရုံများ၊ အလှပြင်ဆိုင်များ အလွန်များစွာ ရှိသည်ဟု ဖော်ပြထားခဲ့ပြီး စည်းမျဉ်းများအရ နိုင်ငံပိုင်ဌာနများအတွင်း၌ အလုပ်လုပ်ခွင့်မရှိဟု ရေးသားထားသည်။
ဝမ်ကျင်းချန်တစ်ယောက် ဒေါသတကြီး စားပွဲကို ရိုက်၍ ပြောလိုက်သည်။
“ဒီလှုပ်ရှားမှု ပြီးဆုံးတာ နှစ်ပေါင်းများစွာ ရှိနေပြီ၊ ဒါတောင်မှ တခြားသူတွေကို မနာလိုဖြစ်ပြီး နာမည်မဖော်ဘဲ သတင်းပို့ရတာ ကြိုက်တဲ့လူတွေ ရှိနေတုန်းပဲ”
ကျန်းကျန်းသည်ကား တက္ကသိုလ်မှ ဘွဲ့ရ၍ ဖိုင်တင်စဉ်က သူ၌ ပရိဘောဂစက်ရုံတစ်ရုံ ရှိသည်ဟု တင်ပြထားခဲ့သည်။ ထိုအချိန်တုန်းက ပရိဘောဂစက်ရုံသည်က နာမည်ကျော်နေပြီ။
ထိုအချိန်တုန်းက ဥက္ကဋ္ဌ ဝမ်ကျင်းချန်သည်လည်း ဤအကြောင်းအရာကို မြင်သော် အလေးအနက် စဉ်းစားခဲ့သော်လည်း၊ ထိုအချိန်တုန်းက အချိန် သတင်းစာသည်ကား လူငယ်ပညာရှင်များကို အရေးတကြီး လိုအပ်နေသောကြောင့်၊ သူသည် အထူးရှင်းလင်းချက် အစီရင်ခံစာ တင်ပြပြီးနောက် နောက်ဆုံး၌ လီမင်ကျင်းကို လက်ခံခဲ့သည်။
သို့သော် ဥက္ကဋ္ဌမှလွဲ၍ သတင်းစာတိုက်၌ မည်သူမျှ ဤအကြောင်းကို မသိခဲ့ချေ။ ဥပမာအားဖြင့် ယွီရှိုကျင်းက ဘွဲ့ရများကို ခွဲဝေပေးရာ၌ သူတို့၏ ကျောင်းတွင်း ပညာရေးရမှတ်များကိုသာ မြင်ရ၍ အခြားအချက်အလက်များကို ဘာမှ မသိခဲ့။
ဝမ်ကျင်းချန် အစီရင်ခံစာကို အံဆွဲအတွင်း ထည့်လိုက်၍ သီးခြားစုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
ထိုသတင်းပို့တိုင်ကြားလာသူက ဤသတင်းစာတိုက်မှ လူတစ်ဦးဆိုလျှင် ပြင်းထန်စွာ အပြစ်ပေးမည်။
ဤသို့သော လှုပ်ရှားမှုများကို ဖြတ်သန်းခဲ့သည့် လူများအတွက် ဤသို့သော မသမာသည့် သတင်းပို့မှုမျိုးသည် အမုန်းဆုံးပင်။
လီမင်ကျင်း၏ စက်ရုံများ၌ ရင်းနှီးမြှုပ်နှံခြင်းသည် တရားမဝင်ခြင်း၊ အာဏာနှင့်ငွေကြေး အရောင်းအဝယ်လည်း မရှိ။ ထို့အပြင် လီမင်ကျန်းသည်ကား နှစ်ပေါင်းများစွာအတွင်း ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်ခဲ့သည့် ပံ့ပိုးမှုများကြောင့် ဤသို့သော သတင်းပို့သူကို အပြစ်ပေးနိုင်သည်ဟု ယူဆရသည်။
*