← Chapters

အခန်း (၃၄၉)

Vol. 35 Ch. 349

အခန်း (၃၄၉)

Vol. 35 Ch. 349

တံခါးခေါက်သံကို ကြားလိုက်ရသည့်အတွက် ဝမ်ကျင်းချန် ခေါင်းမော့လိုက်ကာ လှမ်းအော်လိုက်သည်။

“ ဝင်ခဲ့”

ကျန်းမင်ရွှမ်လည်း တံခါးကိုဖွင့်၍ ပြုံးကာ ပြောလိုပာသည်။

“ဥက္ကဋ္ဌ၊ လီမင်ကျန်း ရောက်လာပါပြီ”

“အိုး! ရောက်လာပြီလား “

ဝမ်ကျင်းချန်က ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး နှုတ်ဆက်ရန် ထွက်လာကာ လက်ကိုဆန့်တန်းသည်။

“သတင်းထောက်လီ၊ တရုတ်ပြည်တွင်းက ပြန်လည်ကြိုဆိုပါတယ်”

လီမင်ကျန်းသည် သတင်းစာတိုက်၌ နှစ်ပေါင်းများစွာ ရှိနေသော်လည်း ဥက္ကဋ္ဌကို ဤသည် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သောကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေသည်။

“ဥက္ကဋ္ဌဝမ်၊ မင်္ဂလာပါ”

“သတင်းထောက်လီက ငယ်ရွယ်ပြီး အလားအလာရှိတယ်”

လီမင်ကျန်းကို မြင်သော် ဝမ်ကျင်းချန်တစ်ယောက် ယဉ်ကျေးမှုအမွေအနှစ်များအကြောင်းကို မလွဲမသွေ ပြောဆိုလိမ့်မည်။

“အတိတ်က အရှက်ရစရာ သမိုင်းက ငါတို့ တရုတ်လူမျိုး တစ်ဦးချင်းစီရဲ့ နာကျင်မှုပဲ၊ မင်းက ငါတို့တွေ အများအပြား လုပ်ချင်ပေမဲ့ လုပ်နိာင်ခြင်း မရှိတဲ့အရာတွေကို လုပ်ခဲ့တာပဲ”

လီမင်ကျန်းလည်း ပြုံး၍ ပြောလိုက်သည်။

“အဓိကကတော့ ကျွန်မ ကံကောင်းလို့ပါ၊ ဒီလောက်များပြားတဲ့ တရုတ်ယဉ်ကျေးမှု အမွေအနှစ်တွေကို မတော်တဆ တွေ့ဆုံခဲ့ရတာပဲ၊ တခြားတစ်ယောက်ဆိုရင်လည်း ဒီအတိုင်းပဲ လုပ်လိမ့်မယ်”

ဝမ်ကျင်းချန်သည်က ဤအပေါ်၌ မှတ်ချက်မပေးပေ။ ဤမျှတန်ဖိုးရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပတ်သက်လာလျှင် လူတိုင်းက ဤသို့သော ဆုံးဖြတ်ချက်မျိုးကို ချနိုင်သည်မဟုတ်ပေ။

ဤအချက်ကြောင့်ပင် တရုတ်နိုင်ငံမှ ခေါင်းဆောင်ပိုင်းမှစ၍ သာမန်ပြည်သူများအထိ အားလုံးက ကျန်းကျန်း၏ လုပ်ရပ်ကို ရိုးသားစွာ ချီးကျူးဂုဏ်ပြုကြခြင်းဖြစ်သည်။

ကျန်းမင်ရွှမ်သည်လည်း သူ၏လက်အောက်ငယ်သား၏ အကျိုးစီးပွားအတွက် တိုက်ပွဲဝင်ရန် အခွင့်အရေးယူ၍ ပြောသည်။

“ဥက္ကဋ္ဌ၊ ရဲဘော် လီမင်ကျန်းက ဒီနှစ်ပိုင်းအတွင်း ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ သတင်းစာတွေအတွက် တစ်ကမ္ဘာလုံးကို ခရီးသွားနေခဲ့ရတာ၊

လက်ထပ်ပြီး နှစ်ပေါင်းများစွာကြာတာတောင်မှ မိသားစုကိစ္စတွေကိုတောင် မစဉ်းစားခဲ့ရသေးဘူး၊ ဒါကြောင့် ကျွန်တော်တို့ သတင်းစာတိုက်က သူမကို အထူးဂရုစိုက်သင့်တယ်လို့ မထင်ဘူးလား”

ဝမ်ကျင်းချန်လည်း ထိုစကားကိုကြားလျှင်သဘောတူစွာ ခေါင်းညိတ်သည်။

“သတင်းထောက်လီကို သုံးလ အရင်အနားပေးလိုက်ပါ၊ ပြီးသွားလို့ သူမအလုပ်ပြန်ဝင်ရင် ပိုပြီး လွယ်ကူတဲ့အလုပ်တချို့ကို စီစဉ်ပေးပြီး သူ့မိသားစုကို ဂရုစိုက်ပါစေ”

ဤသို့ဖြင့် ကျန်းကျန်းသည်ကား ပထမဆုံး အလုပ်စတင်သည့်နေ့၌ ရုံးသို့ နှစ်နာရီခန့်သာ ရောက်ရှိ၍ အိမ်သို့ ပြန်ရောက်သွားခဲ့ရသည်။

တစ်ပတ်ခန့် အလုပ်များပြီးနောက် အိမ်က ပြန်လည် တိတ်ဆိတ်သွားခဲ့ပြန်သည်။

မဒမ်လီတစ်ယောက် စိတ်မသက်မသာ ဖြစ်နေရသည့်အချိန်တွင် ကျန်းကျန်း ပြန်လာခြင်းကို မြင်တွေ့လိုက်ရလေ၏။

“ကျန်းကျန်း၊ ဘာလို့ ပြန်လာတာလဲ၊ ဘာတွေ မေ့ကျန်နေခဲ့လို့လဲ”

မဒမ်လီကအလျင်အမြန် ထွက်လာ၍ မေးလာသည်။

ကျန်းကျန်းလည်း ခေါင်းခါကာ ပြန်ဖြေလိုက်သည်။

“မဟုတ်ဘူး၊ ခေါင်းဆောင်က ကျွန်မကို နောက်ထပ် သုံးလလောက် အနားယူခိုင်းတာ”

“အိုး၊ ဒါဆို အရမ်းကောင်းတာပေါ့”

မဒမ်လီတစ်ယောက် ချက်ချင်း လက်ခုပ်တီး၍ မေးစေ့ကို ပုွတ်သပ်သည်။

“ကျန်းကျန်းရဲ့အမေ၊ မြန်မြန်လုပ်၊ မိန်းက‌လေးယန်ကို ကြက်သွားဝယ်ခိုင်းလိုက်ဦး၊ ငါ ကျန်းကျန်းအတွက် အားဖြည့်စာတွေ ချက်ပေးရမယ်”

ကျန်းကျန်းတစ်ယောက် ခြေထောက်များပင် ရုတ်တရက် အားပျော့သွား၍ လျင်မြန်စွာ ဝမ်စုဖန်းကို ဆွဲကိုင်လိုက်သည်။

“အမေ၊ အမေ ကျွန်မကို အားမဖြည့်ပေးပါနဲ့တော့၊ အားဖြည့်တာတွေပဲ စားနေရတော့ အန်ချင်လာပြီ”

“မင်း အန်ချင်တာလား”

ဝမ်စုဖန်းက ကျန်းကျန်းကို အံ့သြစွာ ကြည့်လာသည်။

“မင်းမှာကိုယ်ဝန်ရှိနေပြီလား”

ကျန်းကျန်းအနေဖြင့် သူမတွင် ကိုယ်ဝန်ရှိနေပြီဟူသည်ကို သိရှိသော်လည်း တစ်ပတ်သာ ရှိသေးသောကြောင့် အဆင့်မြင့်ဆုံး ကိရိယာများနှင့်ပင် မသိနိုင်သေးသည့်အတွက် ခေါင်းကိုခါရမ်းကာ နောက်ပြောင်သည့် အပြုံးဖြင့် ပြောသည်။

“မရှိသေးပါဘူး၊ ဒါပေမဲ့ ဆက်ကြိုးစားသွားမယ်”

မဒမ်လီတစ်ယောက် ကျန်းကျန်း နိုင်ငံခြားမသွားမီ ပြောဆိုခဲ့သည့် စကားများကို ရုတ်တရက် ပြန်လည်သတိရသွားခဲ့ကာ ချက်ချင်း ပြောသည်။

“သားယောကျ်ားလေး တစ်ယောက်၊ သမီးလေး တစ်စ်ယောက် ရအောင်ယူနော်၊ မောင်နှမတွေ ရှိတာက အကောင်းဆုံးပဲ၊ ညီမလေးတွေကို အစ်ကိုတစ်ယောက်က ကာကွယ်ပေးဖို့ လိုတယ်”

“ကျွန်မလည်း အဲဒီလိုပဲ တွေးထားပါတယ်”

ကျန်းကျန်းက ပြုံး၍ ပြောလာသည်။

“နှစ်ယောက် ကိုယ်ဝန်ရှိအောင် ကြိုးစားလိုက်မယ်”

ဝမ်စုဖန်းသည်ကတော့ သူမ၏မြေးများနှင့် ပတ်သက်၍ ပြောနေသည့် ယုံကြည်ရခက်သည့် စကားများကို နားထောင်ရင်း မနေနိုင်ဘဲ ဝင်ရောက်မေးမြန်းလိုက်သည်။

“ဒါဆို မင်း ဘာကို အတိအကျ စားချင်တာလဲ ၊ ကျန်းကျန်း၊ငါ မင်းအတွက် မြန်မြန် သွားယူပေးမယ်”

ကျန်းကျန်း ခဏခန့် စဉ်းစား၍ ပြောလိုက်သည်။

“ငါးနဲ့ ပုစွန်ဆိုရပါပြီ၊ ငါးတွေပုစွန်တွေကိုစားရင် ကလေးမွေးပြီးတဲ့အချိန် ကလေးတွေ ဥာဏ်ကောင်းလာလိမ့်မယ်”

ဝမ်စုဖန်းသည်လည်း ငါးနှင့်ပုစွန် များစွာ စားလျှင် ကလေးများ ဉာဏ်ကောင်းမည်ဟူသည့် စကားကို ကြားလိုက်ရသော် ချက်ချင်း ပြန်လည်အားတက်လာခဲ့သည်ရ

“ဒါမျိုးက အပြင်ကနေ ဝယ်စရာမလိုဘူး၊ ငါတို့ရေကန်ထဲမှာ အလတ်ဆတ်ဆုံးငါးနဲ့ပုစွန်တွေ ရှိတယ်”

ဤတစ်ခေါက်၌ မဒမ်လီနှင့် ဝမ်စုဖန်းတို့က ပြန်လည်၍ စိတ်အားထက်သန်လာကြသည်။

ကျန်းကျန်းလည်း သူတို့ နောက်ထပ် ဟင်းပွဲများ အပြည့်အစုံ ပြင်ဆင်မည်ကို စိုးရိမ်သောကြောင့် များစွာမချက်ပြုတ်ရန် အကြိမ်ကြိမ် ပြောခဲ့သည်။

ဤသို့ဖြင့် မဒမ်လီနှင့် ဝမ်စုဖန်းတို့သည် ဤနေ့ မည်သည်ကိုစားမည်၊ မနက်ဖြန် မည်သည်စားမည်ဟူသည်ကို တစ်နေ့ကုန် ဆွေးနွေးခဲ့ကြပြီး ကျန်းကျန်းကို မည်သည့်အခါမျှ ထပ်မကျွေးမိအောင် ကြိုးစားခဲ့ကြသည်။

စားသောက်ရေးအတွက် မည်သည့်အရာမျှ စိတ်ပူစရာမလိုပါချေ။ ပရိဘောဂစက်ရုံ၊ အဝတ်အထည်စက်ရုံ သို့မဟုတ် အလှပြင်ဆိုင်၊ အားလုံးသည်လည်း ကောင်းမွန်နေခဲ့သည်။

ကျန်းရန်ကျယ်သည် မဒမ်လီ၏သွေးခုန်နှုန်းကို စစ်ဆေးရန် လာရောက်သည့်အခါတွင် ကျန်းကျန်း၏ အခြေအနေကို မြင်သော် ချက်ချင်း ပြုံး၍ ပြောသည်။

“မင်းကို မတွေ့ရတာ တစ်လလောက်ရှိပြီ မဟုတ်လား၊ နေကြာစေ့ကနေ ဖရဲသီး ဖြစ်သွားပြီလား”

ကျန်းကျန်းသည် သူ၏မျက်နှာပေါ်မှ အသားပိုများကို ကိုင်ကြည့်၍ အနည်းငယ် စိုးရိမ်နေသည်။

“ဒီရက်ပိုင်း စားတာအရမ်းများသွားလို့ ထင်တယ်”

မဒမ်လီသည်ကား ကျန်းကျန်း၏ ပုံစံကို ကြည့်လိုက်ပြီး ရိုးရှင်းစွာ အစားများသောကြောင့် မဟုတ်ဘဲ တစ်ခုခုရှိသည်ဟု ခံစားရသည်။

သူမက ကျန်းရန်ကျယ်ကို တိတ်တိတ်လေး မျက်စိမှိတ်ပြ၍ မေးလိုက်လေ၏။

“ ဆရာကျန်း၊ ကျွန်မတို့အိမ်က ကျန်းကျန်းရဲ့ ကျန်းမာရေးကို နည်းနည်းကြည့်ပေးပါဦး”

သူမက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ကျန်းကျန်းက အသိစိတ်ရှိရှိနှင့် စားပွဲဘေး၌ ထိုင်၍ လက်များဆန့်လိုက်သည်။ ကျန်းရန်ကျယ်က သူမ၏သွေးခုန်နှုန်းစမ်းလိုက်ပြှးသော် သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။

“ရက်တွေက နည်းနည်းပဲရှိသေးပေမဲ့၊ ၈၀ ရာခိုင်နှုန်းလောက် ကိုယ်ဝန်ရှိနေပြီလို့ ခံစားရတယ်”

ဝမ်းသာအားရ အာမေဋိတ်သံဖြင့် မဒမ်လီတစ်ယောက် လက်ခုပ်တီး၍ ထိုင်ခုံမှ ခုန်ဆင်းကာ ပြောလာသည်။

“ကျွန်မ ပြောသားပဲ၊ ကလေးမရှိလို့ဆိုရင် ဒီလောက်စားချင်စိတ် ဘယ်ရှိပါ့မလဲ၊ ဆရာကျန်း၊ ကျွန်မတို့ ကျန်းကျန်းမှာ ကိုယ်ဝန်ရှိတာ နဂါးနဲ့ဖီးနစ်အမြွှာများလား”

ကျန်းရန်ကျယ်တစ်ယောက်သူမ၏စကားကြောင့် ထိတ်လန်ကာ ဒူးထောက်လဲကျတော့မတတ် ဖြစ်သွားရသည်။

“အစ်မကြီး၊ ကျွန်တော် ဒါကို တကယ်ပဲ မသိနိုင်ပါဘူး”

အမြွှာဟုတ်သည်လော မဟုတ်သည်လောဟူသည်ကို မသိနိုင်သော်လည်း ကိုယ်ဝန်ရှိသည့် သတင်းသည်ကပင် စိတ်လှုပ်ရှားစရာ ကောင်းနေပေပြီ။

မဒမ်လီက လက်မောင်းနှစ်ဖက်ကို လှန်တင်လိုက်ကာအပြင်သို့ ထွက်၍ အော်ဟစ်တော့မလို ဖြစ်နေခဲ်ပြီ။

“ငါ ကြက်သတ်ပြီး ကျန်းကျန်းအတွက် အားဖြည့်ဟင်းချိုချက်ပေးတော့မယ်”

ကျန်းကျန်းအတွက်တော့ ဤရက်ပိုင်း အကြားရဆုံး ကြောက်စရာစကားသည်က “အားဖြည့်စာ” ဟူသည့် စကားလုံးပင်။

သူမက မဒမ်လီကို လျင်မြန်စွာ ဖမ်းဆွဲ၍ ဆရာဖြစ်သူကျန်းရန်ကျယ်ကို အကူအညီတောင်းသည်။

“ ရှစ်ဖူ၊ ကျွန်မရဲ့ အဖွားကို ပြောပြလိုက်ပါဦး၊ ဒီလိုမျိုး အားဖြည့်လို့ မရဘူးလို့”

မဒမ်လီက သူမ၏လက်မောင်းတွင် တွဲခိုနေသည့် ကျန်းကျန်းကို တွေ့လိုက်ရသောကြောင့် သူမ လဲကျမည်ကို စိုးရိမ်၍ မလှုပ်ရဲဘဲ ချက်ချင်း ချွေးများ စီးကျလာသည်။

“ဘာလို့ ဒီလောက် ပိန်နေသေးတာလဲ၊ နဂါးနဲ့ဖီးနစ်အမြွှာ ကိုယ်ဝန်ရှိနေပြီလေ၊ သိလား ၊မင်း ငြိမ်ငြိမ်လေးနေရမယ် မြန်မြန် လွှတ်လိုက်”

ကျန်းရန်ကျယ်လည်း မဒမ်လီကို ပြောစရာစကားမဲ့စွာ ကြည့်လိုက်မိသည်။

“ကျွန်တော် အမြွှာလို့ မတွေ့သေးပါဘူး၊ အခုဆိုရင် တစ်ယောက်လား နှစ်ယောက်လားဆိုတာတောင် မသေချာသေးဘူး”

“ကျွန်မ သိတယ်”

မဒမ်လီသည် လက်လှုပ်ပြ၍ ပြောလာသည်။

“ဒါပေမဲ့ ကျွန်မ ကျန်းကျန်းနဲ့ သဘောတူထားတယ်၊ နဂါးနဲ့ဖီးနစ်အမြွှာကို ကိုယ်ဝန်ရှိရမယ်လို့ ပြောထားပြီးသား”

ဝမ်စုဖန်းတစ်ယောက် ထပ်၍ နားထောင်လို့ မနေနိုင်တော့ပေ။ သူမ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အမေ၊ ဒီလိုမျိုး မသေချာတဲ့ကိစ္စကို မပြောကြရအောင်၊ မှားနေရင် ဘယ်လိုလုပ်မလဲ၊ အမေ မှန်မှန်ကန်ကန် ပြောနိုင်တယ်ဆိုရင်၊ အမေက သမီးတစ်ယောက်ပဲ လိုချင်တယ်လို့ တစ်သက်လုံး ပြောခဲ့တာ၊ မြေးမလေး လိုချင်တာ၊ အဲဒါက ပိုပြီးမြန်မြန် ဖြစ်လာမှာ မဟုတ်ဘူးလား”

မဒမ်လီက မကျေနပ်ဖြစ်စွာနှင့် သူမကို စူးစိုက်ကြည့်သည်။

“ငါ ပြောတာ မသေချာဘူးဆိုရင်တောင် ကျန်းကျန်း ပြောတာက မှန်တယ်၊ ဟုတ်တယ်မလား ကျန်းကျန်း”

“ဟုတ်ပါတယ် ဟုတ်ပါတယ် ၊အဘွားပြောတာမှန်ပါတယ် နဂါးနဲ့ဖီးနစ်အမြွှာပဲ”

ကျန်းကျန်းက ချွေးများသုတ်လိုက်ပြီး သူမ၏ဆရာထံမှ လျင်မြန်စွာ အကူအညီ ဆက်တောင်းသည်။

“ရှစ်ဖူ၊ ဒီအကြောင်းတွေ ဆက်မစဉ်းစားပါနဲ့တော့၊ ကိုယ်ဝန်ဆောင်မိခင်တွေက အဲဒီနည်းနဲ့ အားဖြည့်လို့ မရတဲ့အကြောင်းတွေကို မြန်မြန်ပြောပါဦး”

ကျန်းရန်ကျယ်သည်လည်း မဒမ်လီမှ ကျန်းကျန်းကို ထိခိုက်မည်ကို စင်စစ်ကြောက်နေသောကြောင့် ချက်ချင်း ညွှန်ကြားသည်။

All Chapters