သေခြင်းကျောက်တုံး
Vol. 74 Ch. 1039
အရှင်ဧည့်ခံပွဲကို ကျောက်တုံးတစ်တုံးပေါ်မှာ ကျင်းပတယ်။
ဒီကျောက်တုံးက ဖုန်မှုန့်တစ်စက်ပမာ ကျယ်ပြောတဲ့အဆုံးမဲ့စကြာဝဠာထဲမှာ လွင့်မျောနေတယ်။ ပိုနီးကပ်လာတဲ့အခါ ကျောက်တုံးက အရွယ်အစားအားဖြင့် မိုင်သောင်းအနည်းငယ်ရှိပြီး သေးငယ်တဲ့ကြယ်တစ်လုံးနဲ့ နှိုင်းယှဉ်နိုင်တာကို မြင်နိုင်တယ်။
တစ်ယောက်ယောက်က အနီးကပ်ကြည့်ရင် ဒီကျောက်တုံးက စတုရန်းပုံကျောက်တံဆိပ်တုံးတစ်ခုဆိုတာ သိနိုင်တယ်။ ကျောက်တံဆိပ်တုံးမှာ အကြိမ်များစွာပုံကြီးချဲ့ထားတဲ့သဘာဝအမှတ်အသားတွေတောင်ရှိတယ်။
မြေကျောက်တံဆိပ်တုံး၊ အဆင့်နိမ့်စကြာဝဠာရတနာအသုံးအဆောင်ပစ္စည်း။
စကြာဝဠာရတနာတစ်ခုအနေနဲ့ အရွယ်အစားအားဖြင့် မိုင်သောင်းအနည်းငယ်ရှိတာ ပုံမှန်ပါပဲ။
ကျောက်တံဆိပ်တုံးပေါ်မှာ လီဖူချန်းက ရှေးဦးဖရိုဖရဲမြေတာအိုရင်းမြစ်အဆီအနှစ်ကို သုံးကာ ဥယျာဉ်တစ်ခုကို ဖန်တီးထားတယ်။ အစေ့အရေအတွက်များစွာနဲ့ဘူးသီးစိမ်းရေတို့ကို ပက်ကျဲထားပြီးနောက် ဥယျာဉ်က ပန်းပင်တစ်ထောင်ကျော်နဲ့ ပြည့်နှက်နေတယ်။ သစ်ပင်မြင့်ကြီးတွေက မြေပြင်မှ မြင့်တက်လာပြီး နွယ်ပင်တွေက ဥယျာဉ်ရဲ့ထောင့်တိုင်းမှာ ရစ်ခွေနေတယ်။
ဒါပေမယ့် ဒါက မြင်ကွင်းအလှသာဖြစ်တယ်။ အရှင်တစ်ယောက်ရဲ့အဆင့်မှာ တစ်ယောက်ယောက်က ပိုနက်ရှိုင်းတဲ့ရှုထောင့်ကနေ မြင်နိုင်တယ်။ သူတို့က ဥယျာဉ်မှတစ်ဆင့် မြေတာအိုဥပဒေသနဲ့အသက်တာအိုဥပဒေသတို့ကို ဖြတ်မြင်နိုင်တယ်။
"အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုကို ဧည့်ခံပွဲကျင်းပဖို့နေရာတစ်ခုအဖြစ် အသုံးပြုခဲ့တာပဲ။ ခမ်းနားလွန်းပါတယ်ကွာ"
"သူက အသန်မာဆုံးအရှင်ဆိုတာ အံ့ဩစရာမရှိဘူးပဲ။ စကြာဝဠာတစ်ခုလုံးမှာ လက်တစ်ဆုပ်စာကသာ ဒီလိုခမ်းနားမှုမျိုးရှိနိုင်တာ"
မြေကျောက်တံဆိပ်တုံးအပေါ်ခြေချလာတဲ့အရှင်တွေက ချီးကျုးနေကြတော့တယ်။
သူတို့က မြေတာအိုဥပဒေသနဲ့အသက်တာအိုဥပဒေသတို့ကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။ မြေတာအိုနဲ့အသက်တာအိုကိုကျင့်ကြံတဲ့အရှင်အချို့က ဒီနေရာမှာ ကျင့်ကြံအားထုတ်ရင် သူတို့ရဲ့ကျင့်ကြံခြင်းမြန်နှုန်းက ဆယ်ဆဒါမှမဟုတ်အဆတစ်ရာတောင် သေချာပေါက်တိုးလာလိမ့်မယ်။
"လာ၊ ဝင်ကြစို့။ ငါ ဝိုင်ကောင်းတစ်ခုရဲ့ရနံကို ရနေတယ်"
ဥယျာဉ်ထဲမှာ ဝတ်ရုံဝါဝတ်အစေခံတွေက လက်ထဲမှာ ပန်းကန်ပြားတွေကို ကိုင်လျက် ခေါက်တုံ့ခေါက်ပြန်လျှောက်နေတော့တယ်။ ဒီအစေခံတွေက သဘာဝအတိုင်းဖြစ်လာတဲ့သက်ရှိတွေမဟုတ်ဘူး၊ မြေမူလစွမ်းအင်မှ သိပ်သည်းလာတဲ့မြေစိတ်ဝိညာဉ်တွေဆိုတာ အမြင်အာရုံကောင်းသူတွေက မြင်နိုင်တယ်။
အချိန်ကြာလာတာနဲ့အမျှ အရှင်တွေက ပိုပိုပြီးရောက်ရှိလာတယ်။ ဒါပေမယ့် ဒီအရှင်အများစုက ပျော်ရွှင်ခြင်းကို ရှာဖွေဖို့အတွက်ပါပဲ။ သူတို့မှာ အသုံးအဆောင်ပစ္စည်းတွေ အလုံအလောက်ရှိရင်တောင် စကြာဝဠာရတနာတွေနဲ့လဲလှယ်ဖို့အတွက် အသုံးပြုမှာမဟုတ်ဘူး။ ဘယ်လိုဟာသလဲ၊ စကြာဝဠာရတနာက ကြီးကျယ်ခမ်းနားပေမယ့် တစ်ယောက်ယောက်မှာ အဲဒါကို ကာကွယ်နိုင်တဲ့စွမ်းအားရှိရမယ်။ သူက အသန်မာဆုံးအရှင်ဖြစ်လို့ မူလအဆုံးစွန်းအရှင်က သူ့ရဲ့စကြာဝဠာရတနာတွေကို ကာကွယ်နိုင်တာလေ။ အခြားတစ်ယောက်ယောက်သာဆိုရင် သူတို့က အခုချိန်မှာ သေနေလောက်ပြီ။
"ငါ့ကို တစ်ခွက်ပေးပါ"
ခရမ်းဝင်ရိုးစွန်းအရှင်က ဥယျာဉ်ထဲမှာ တစ်ယောက်ထဲ လမ်းလျှောက်နေရင်း သူ့နှလုံးသားက ညည်းညူနေတော့တယ်။
အရင်တုန်းက သူက လီဖူချန်းနဲ့ ပြဿနာအသေးအဖွဲတစ်ခုတက်ခဲ့မှန်း သူ မှတ်မိတယ်၊ ဒါပေမယ့် ကံကောင်းစွာနဲ့ လီဖူချန်းက အချိန်မီရပ်တန့်နိုင်ခဲ့လို့ပဲ။
အတိတ်တုန်းက သူ့အတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်တဲ့လီဖူချန်းက ဒီလိုအောင်မြင်မှုတစ်ခုကို ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
"အသန်မာဆုံးအရှင်တဲ့လား" ဒီစကားလုံးသုံးလုံးကို ကြားရတာ ထိတ်လန့်တုန်လှုပ်စရာပဲ။
"ဝိုင်ကောင်းပဲ"
မြေစိတ်ဝိညာဥ်စေခံတွေမှဝိုင်ကိုယူလျက် ခရမ်းဝင်ရိုးစွန်းအရှင်က တစ်ငုံသောက်ပြီးနောက် အားရကျေနပ်စွာနဲ့ သက်ပြင်းချလိုက်တော့တယ်။
ရက်အနည်းငယ်ကြာပြီးနောက် မြေကျောက်တံဆိပ်တုံးပေါ်ရှိအရှင်တွေရဲ့အရေအတွက်က ငါးထောင်အထိ ရောက်ရှိသွားပါပြီ။
..................
"ဟားဟား၊ မူလအဆုံးစွန်းအရှင်၊ ငါ၊ လေဖမ်းနတ်ဘုရားက မဖိတ်ခေါ်ဘဲ ရောက်လာခဲ့ပြီ။ မင်း ငါ့ကို အပြစ်မတင်ဘူးမလား"
မမြင်နိုင်တဲ့လေတစ်ခုက မြေကျောက်တံဆိပ်တုံးအပေါ် ကျရောက်လာပြီး လူလတ်ပိုင်းတစ်ယောက်ရဲ့ပုံရိပ်ကို ထုတ်ဖော်ပြခဲ့တယ်။
"ဒါ လေလိုက်ကလန်ရဲ့အကြိုနတ်ဘုရားဘိုးဘေး၊ လေလိုက်နတ်ဘုရားပဲ"
တစ်ယောက်ယောက်က လေလ်ိုက်နတ်ဘုရားကို သတိပြုမိလိုက်တယ်။
စကြာဝဠာထဲမှာ မဟာကလန်တွေများစွာရှိတယ်။ အကြိုနတ်ဘုရားတစ်ယောက်ကို မွေးထုတ်နိုင်တဲ့ဘယ်ကလန်ကိုမဆို မဟာကလန်တစ်ခု ဖြစ်လာလိမ့်မယ်။ လေဖမ်းကလန်က မကြာသေးတဲ့နှစ်သန်းပေါင်းများစွာက မဟာကလန်တစ်ခုဖြစ်လာခဲ့တယ်။
"မဟုတ်တာ၊ ရပါတယ်။ လေဖမ်းနတ်ဘုရား၊ ကျေးဇူးပြုပြီးဝင်လာပါ"
လီဖူချန်းက ပြုံးလိုက်တယ်။
အကြိုနတ်ဘုရားတစ်ယောက်ရောက်ရှိလာတဲ့အပေါ် လီဖူချန်းကျေနပ်တာ အသေအချာပဲ။
အရှင်တွေနဲ့နှိုင်းယှဉ်ရင် အကြိုနတ်ဘုရားတွေမှာ ပစ္စည်းကောင်းတွေအမြောက်အများရှိတယ်။
လေဖမ်းနတ်ဘုရားပြီးနောက် နောက်ထပ်အကြိုနတ်ဘုရားသုံးယောက်က အရှင်ဧည့်ခံပွဲကို တက်ရောက်လာတယ်။
ဒါပေမယ့် သူတို့အားလုံးက သာမန်အကြိုနတ်ဘုရားတွေဖြစ်တယ်။ လီဖူချန်းက အလယ်ဆင့်စကြာဝဠာရတနာတစ်ခုကို လေလံမတင်နိုင်ဘဲနဲ့ အဆင့်မြင့်အကြိုနတ်ဘုရားတွေက စိတ်ဝင်စားမှာမဟုတ်ဘူး။
ဧည့်ခံပွဲစတင်လာတဲ့အခါ အယောက်ခြောက်ထောင်နီးပါးက ဥယျာဉ်ရဲ့အလယ်ဗဟိုရှိကွက်လပ်မှာ စုဝေးလာတယ်။
"အားလုံးပဲ၊ ဒီနေရာမှာ အဆင့်နိမ့်စကြာဝဠာရတနာကိုးခုနဲ့ထူးကဲဆင့်အသုံးအဆောင်ပစ္စည်းတွေတစ်ရာ့ရှစ်ခုရှိတယ်။ မင်းတို့အထဲမှာ အသက်အမျိုးအစားအဆင့်နိမ့်စကြာဝဠာရတနာဒါမှမဟုတ်ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းရှိသူတွေကိုတော့ ဖလှယ်ရာမှာ ဦးစားပေးမယ်" လီဖူချန်းက အချိန်ဖြုန်းမနေပါဘူး။ လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အဆင့်နိမ့်စကြာဝဠာရတနာတွေနဲ့ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတွေရဲ့ကြီးမားတဲ့အရေအတွက်တစ်ခုက လေထဲမှာ လွင့်မျောလာတယ်။ တစ်ခဏအတွင်း ကြယ်ကောင်းကင်ကို လင်းထိန်သွားစေတယ်။
ဟူး.....
လူတိုင်းက အသက်ရှုသွင်းလိုက်မိတယ်။
လီဖူချန်းမှာ အကြိုနတ်ဘုရားတွေထက် ပိုကြွယ်ဝပြီး ရတနာတွေ ပိုပေါများမှန်း သိပေမယ့် အဲဒါကို သူတို့ရဲ့ကိုယ်ပိုင်မျက်လုံးတွေနဲ့ မြင်လိုက်ရတဲ့အခါ သူတို့က အသက်ရှုသံတွေကို မနည်းထိန်းချုပ်လိုက်ရတယ်။
အဆင့်နိမ့်စကြာဝဠာရတနာကိုးခုလား၊ အဲလောက်ထိ ပုံကြီးချဲ့စရာမလိုဘူးမလား။ ဒါ့ပြင် လီဖူချန်းရဲ့အသွင်အပြင်အရ အဆင့်နိမ့်စကြာဝဠာရတနာကိုးခုက သူမှာရှိသမျှအကုန်လုံးမဟုတ်မှန်း သိသာတယ်။
ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတွေအတွက်ကတော့ သူတို့က နိမ့်ကျတယ်။ ပုံမှန်အားဖြင့်ပြောရရင် သာမန်အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုကို ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတစ်ဆယ်ဒါမှမဟုတ်နှစ်ဆယ်နဲ့ ဖလှယ်နိုင်ပါလိမ့်မယ်။ လူများစွာက စကြာဝဠာရတနာတွေကို ဝယ်ယူဖို့ မတတ်နိုင်ပေမယ့် ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတွေကိုတော့ တတ်နိုင်ပါသေးတယ်။
"ငါ ဒီလေစိတ်ဝိညာဉ်အံ့ဖွယ်သစ်သားကို လိုချင်တယ်"
လေလိုက်နတ်ဘုရားရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ သူက အကြိုနတ်ဘုရားတစ်ယောက်ဖြစ်နိုင်ပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က မမြင့်ပါဘူး။ သို့မဟုတ်ရင် သူက သာမန်အကြိုနတ်ဘုရားတစ်ယောက်လောက်ပဲ ဖြစ်လာမှာမဟုတ်ဘူး။ သူက လေစိတ်ဝိညာဉ်အံ့ဖွယ်သစ်သားကို ရရှိပြီး အချိန်တစ်ခုအထိ ကျင့်ကြံခဲ့ရင် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို နောက်တစ်ဆင့်သို့ တိုးမြင့်သွားပေလိမ့်မယ်။
ပြောနေရင်း လေလိုက်နတ်ဘုရားက သူ့ရဲ့နေရာလပ်လက်စွပ်မှ ပန်းတစ်ပွင့်ကို ယူထုတ်လိုက်တယ်။ ဒီပန်းပွင့်ကို ကြည့်ရတာ ရှေးကျတဲ့ကျောက်စိမ်းတွေနဲ့ ထွင်းထုထားသလို ထင်ရတယ်။ "ဒါက အဆင့်နိမ့်စကြာဝဠာရတနာဖြစ်တဲ့အဖြူရောင်ကျောက်စိမ်းပန်းပဲ။ ဒါက လေစိတ်ဝိညာဉ်အံ့ဖွယ်သစ်သားနဲ့ ဖလှယ်ဖို့ လုံလောက်ရဲ့လား"
လေလိုက်နတ်ဘုရားက လီဖူချန်းကို ကြည့်လိုက်တယ်။
"သေချာတာပေါ့" လီဖူချန်းက ခေါင်းညိတ်ကာ လက်ကို ဝှေ့ယမ်းပြီး လေစိတ်ဝိညာဉ်အံ့ဖွယ်သစ်သားကို လေလိုက်နတ်ဘုရားထံ ပို့လိုက်တယ်။
"ကျေးဇူးအများကြီးတင်ပါတယ်"
လေလိုက်နတ်ဘုရားကလည်း အဖြူရောင်ကျောက်စိမ်းပန်းကို လီဖူချန်းထံ ပို့လိုက်တယ်။
"အဖြူရောင်ကျောက်စိမ်းပန်းမှာ အသက်ရင်းမြစ်အဆီအနှစ်မပါဝင်ပေမယ့် သစ်သားတာအိုရင်းမြစ်အဆီအနှစ်က အသက်ရင်းမြစ်အဆီအနှစ်နဲ့ နီးကပ်စွာဆက်စပ်နေတယ်။ အသက်သစ်ပင်အနေနဲ့ သိသိသာသာကြီးထွားဖို့လုံလောက်တယ်" လီဖူချန်းက အဖြူရောင်ကျောက်စိမ်းပန်းကို ဘူးသီးစိမ်းထဲသို့ ထည့်လိုက်တယ်။
"အဆင့်နိမ့်စကြာဝဠာရတနာခုနှစ်ရောင်ခြယ်ကျောက်မျက်ရတနာနဲ့ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းဆယ်ခုကို သုံးပြီး ဖရိုဖရဲအစစ်အမှန်ရေနဲ့ ဖလှယ်ချင်တယ်" လေလိုက်နတ်ဘုရားက ဖလှယ်လိုက်တာကို မြင်ပြီး အခြားအကြိုနတ်ဘုရားတစ်ယောက်ဖြစ်တဲ့ရေဖိနှိပ်ခြင်းနတ်ဘုရားက စိတ်ကို မထိန်းချုပ်နိုင်တော့ပါဘူး။
"ရတာပေါ့"
လီဖူချန်းက သဘောတူလိုက်တယ်။
ခုနှစ်ရောင်ခြယ်ကျောက်မျက်ရတနာရဲ့တန်ဖိုးက ဖရိုဖရဲအစစ်အမှန်ရေထက် မနိမ့်ကျပါဘူး။ ထူးကဲအဆင့်စကြာဝဠာရတနာဆယ်ခုပေါင်းထည့်လိုက်မယ်ဆိုရင်လီဖူချန်းက အကျိုးအမြတ်တစ်ခုရတယ်လို့ ပြောနိုင်တယ်။
"မူလအဆုံးစွန်းအရှင်၊ ငါ့မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအန၁၂ခုနဲ့ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းအခု၂၀ရှိတယ်။ ကိုးခုမူလရေခဲပုလဲနဲ့ လဲလှယ်လို့ရနိုင်မလား" ပြောတဲ့သူက ဆန်းကြယ်ရေခဲနတ်ဘုရားပါပဲ။ ဒီအကြိုနတ်ဘုရားက တစ်ကိုယ်တော်သမားဖြစ်တယ်။
လီဖူချန်းက ဆန်းကြယ်ရေခဲနတ်ဘုရားရဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတွေနဲ့ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတွေကို အကဲဖြတ်ပြီးနောက် ခေါင်းညိတ်လိုက်တယ်"ရတာပေါ့"
ကိုးခုမူလရေခဲပုလဲက သာမန်အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုမဟုတ်ဘူး။ ၎င်းရဲ့တန်ဖိုးက ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်း၂၀ရဲ့အထက်မှာ သေချာပေါက်ရှိတယ်။
"ကျေးဇူးတင်ပါတယ်" လီဖူချန်း သဘောတူတာကို မြင်ပြီး ဆန်းကြယ်ရေခဲနတ်ဘုရားက ပျော်ရွှင်သွားတယ်။
ကိုးခုမူလရေခဲပုလဲက ရှားပါးလွန်းတယ်။ ဆန်းကြယ်ရေခဲနတ်ဘုရားက ကိုးခုမူလရေခဲပုလဲနဲ့ပတ်သက်ပြီး ရှေးမှတ်တမ်းတွေမှာပဲ ဖတ်ဖူးတာပါ။ တစ်ယောက်ယောက်က အဲဒါကို ပိုင်ဆိုင်ထားတာကို သူ ဘယ်တုန်းကမှမမြင်ဖူးမကြားခဲ့ဖူးပါဘူး။
အကြိုနတ်ဘုရားလေးယောက်ထဲမှာ သုံးယောက်က လီဖူချန်းနဲ့ ဖလှယ်ပြီးပါပြီ။ ကျန်ရှိနေတဲ့အကြိုနတ်ဘုရားကို မီးမြေနတ်ဘုရားလို့ခေါ်တယ်။ သူက ပြောလိုက်တယ်"ငါ့မှာ သေခြင်းကျောက်တုံး၂၈တုံးရှိတယ်။ ဒါအတွက် အဆင့်နိမ့်စကြာဝဠာရတနာဘယ်လောက်နဲ့ ဖလှယ်ရနိုင်မလဲ"
"ဘာ၊ သေခြင်းကျောက်တုံးလား"
သေခြင်းကျောက်တုံးအကြောင်းပြောရင် ဒဏ္ဍာရီလာသေမင်းနဲ့သေမင်းနတ်ဘုရားရေကန်အကြောင်းပြောဖို့လိုပါတယ်။
သေမင်းက စကြာဝဠာရဲ့သမိုင်းမှာ အလွန်အမင်းကြောက်စရာကောင်းတဲ့အကြိုနတ်ဘုရားဖြစ်တယ်။ သူက သေခြင်းရှင်ခြင်းနဲ့ပြန်လည်မွေးဖွားခြင်းကို ထိန်းချုပ်နိုင်တယ်။ သူ ရှိစဉ်အခါတုန်းက အကြိုနတ်ဘုရားတစ်ယောက်ကမှ သူနဲ့ မယှဉ်ပြိုင်ရဲဘူး။ နတ်ဘုရားမျိုးနွယ်ရဲ့အကြိုနတ်ဘုရားတွေကတောင် သူ့ရှေ့မှာ အမြီးကုတ်နေခဲ့ရတယ်။
သေမင်းနတ်ဘုရားရေကန်က အလင်းဖြာထွက်ကြယ်ပိုင်နက်မှာ တည်ရှိပြီး အလင်းဖြာထွက်ကြယ်ပိုင်နက်ရဲ့ဒုတိယမြောက်အန္တရာယ်အများဆုံးနေရာဖြစ်တယ်။ သေမင်းနတ်ဘုရားရေကန်လို့ ခေါ်ရတဲ့အကြောင်းရင်းကတော့ ၎င်းက သေမင်းနဲ့ ခွဲခြားလို့မရအောင်ဆက်စပ်နေလို့ပဲ။ ဘယ်လိုချိတ်ဆက်မှုရှိသလဲကိုတော့ တစ်ယောက်မှ မသိပါဘူး။
သေခြင်းကျောက်တုံးမှာ သေခြင်းစွမ်းအားရှိတယ်။
သေမင်းနတ်ဘုရားရေကန်ရဲ့အလယ်မှာ ကျွန်းငယ်တစ်ကျွန်းရှိပြီး ကျွန်းပေါ်မှာ သေမင်းနတ်ဘုရားလိုဏ်ဂူတစ်ခုရှိတယ်။ သေခြင်းကျောက်တုံးကိုပိုင်ဆိုင်သူတွေကသာ သေမင်းနတ်ဘုရားလိုဏ်ဂူကို ဝင်နိုင်တယ်။ သေမင်းနတ်ဘုရားလိုဏ်ဂူကို ဝင်ရောက်ပြီးနောက် ရလဒ်နှစ်ခုသာရှိတယ်။ သူတို့က ရတနာတစ်ခုနဲ့ ထွက်လာနိုင်ရင်ထွက်လာ၊ ဒါမှမဟုတ်ရင် အထဲမှာပဲ ထာဝရနေခဲ့ကြရတာပေါ့။
နှစ်ပေါင်းမရေအတွက်များစွာ သေမင်းနတ်ဘုရားလိုဏ်ဂူကို ဝင်ရောက်ခဲ့တဲ့အကြိုနတ်ဘုရားများစွာရှိတယ်။ ကိန်းဂဏန်းအချက်အလက်အရ သေဆုံးခြင်းနှုန်းက ငါးဆယ်ရာခိုင်နှုန်းခန့်ရှိတယ်။
သေခြင်းကျောက်တုံးတစ်တုံးက သေမင်းနတ်ဘုရားလိုဏ်ဂူကို တစ်ကြိမ်ဝင်ခွင့်ရနိုင်ရင် ကျောက်တုံးနှစ်ဆယ့်ရှစ်တုံးက သေမင်းနတ်ဘုရားလိုဏ်ဂူကို နှစ်ဆယ့်ရှစ်ကြိမ်ဝင်ခွင့်ရနိုင်တယ်။ ဒါပေမယ့် လူတိုင်းရဲ့အမြင်အရ တစ်ယောက်မှ သေမင်းနတ်ဘုရားလိုဏ်ဂူကို နှစ်ဆယ့်ရှစ်ကြိမ်စလုံးမဝင်နိုင်ပါဘူး။ တကယ်တော့ အကြိုနတ်ဘုရားတွေက သေမင်းနတ်ဘုရားလိုဏ်ဂူကို မဝင်နိုင်ဘူးလေ။
"သေခြင်းကျောက်တုံးလား" လီဖူချန်းက ပြောလိုက်တယ်"မင်းကြိုက်တဲ့အဆင့်နိမ့်စကြာဝဠာရတနာဘယ်တစ်ခုကိုမဆို ယူလို့ရတယ်"
သေမင်းနတ်ဘုရားလိုဏ်ဂူထဲရှိရတနာတွေက သူ့ကို ဆွဲဆောင်နိုင်ပေမယ့် အရမ်းကြီးတော့ မဟုတ်ပါဘူး။
"တစ်ခုက နည်းလွန်းတယ်။ တစ်စုံတစ်ယောက်က သေမင်းနတ်ဘုရားလိုဏ်ဂူကနေ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ယူပြီးထွက်လာနိုင်ခဲ့တာတောင်ရှိတယ်"
မီးမြေနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်တယ်။ သေခြင်းကျောက်တုံးကို ရဖို့က သူ့အတွက် မလွယ်ကူခဲ့ပါဘူး၊ သူ အန္တရာယ်များတဲ့အနေအထားကို တစ်ကြိမ်ကျရောက်လုနီးပါးဖြစ်ခဲ့ရတယ်။
"ဒါတောင် အတော်လေးများနေပြီ။ ငါက သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို စိတ်ဝင်စားမယ်လို့ မင်း ထင်တာလား"
လီဖူချန်းက ခေါင်းခါလိုက်တယ်။
လက်ရှိအချိန်မှာ သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမဆိုနဲ့၊ အဆင့်မြင့်ဒါမှမဟုတ်ပထမတန်းစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကိုတောင် လီဖူချန်းက စိတ်မဝင်စားပါဘူး။
တကယ်တော့ ကျင့်ကြံခြင်းအဆင့်အရ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အကြိုနတ်ဘုရားတစ်ယောက်ရဲ့ခွန်အားအပေါ်မှာ ကြီးမားတဲ့လွှမ်းမိုးမှုတစ်ခုရှိတယ်။ လီဖူချန်းက အသန်မာဆုံးအရှင်ဖြစ်ပေမယ့် သူ့ရဲ့ပထမဆုံးအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဆိုရင် သူက အကြိုနတ်ဘုရားတွေအကြားမှာ ထိပ်ဆုံးဆယ်ယောက်ထဲတောင် ဝင်နိုင်မှာမဟုတ်ဘူး။ အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရခဲ့ရင် သူ့ခွန်အားက လီဖူချန်းရဲ့အထက်ကို ရောက်ရှိသွားလိမ့်မယ်။
လီဖူချန်းက သူ့အတွက် ရည်မှန်းချက်တစ်ခု သတ်မှတ်ထားတယ်။ ဓားတာအိုအရ သူက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရွေးချယ်ရမယ်။ အချိန်နဲ့နေရာလပ်တာအိုအရ သူက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရွေးချယ်ရမယ်။ ထပ်ပြောရရင် လီဖူချန်းက စတုတ္ထမြောက်သိုင်းတာအိုတစ်ခုကိုပါ ကျင့်ကြံဖို့ စဉ်းစားနေတယ်။
"နှစ်ခုဒါမှမဟုတ်ရင်ထားလိုက်တော့" မီးမြေနတ်ဘုရားက သဘောမတူသေးပါဘူး။
"တစ်ခုနဲ့ထူးကဲအဆင့်အသုံးအဆောင်အခုနှစ်ဆယ်"
လီဖူချန်းက အဆင့်နိမ့်စကြာဝဠာရတနာနှစ်ခုကိုတော့ သဘောမတူပါဘူး။
အဆုံးမှာ သူတို့နှစ်ယောက်က အဆင့်နိမ့်စကြာဝဠာရတနာတစ်ခု၊ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းအခုနှစ်ဆယ်နဲ့ သဘောတူညီမှုရသွားခဲ့တယ်။