← Chapters

ရေနတ်ဘုရားအုတ်ဂူ

Vol. 74 Ch. 1040

ရေနတ်ဘုရားအုတ်ဂူ

Vol. 74 Ch. 1040

အရှင်ဧည့်ခံပွဲပြီးသွားတာနဲ့ လီဖူချန်းက မြေကျောက်တံဆိပ်တုံးကို သိမ်းလိုက်တယ်။

"ရိတ်သိမ်းထားတာ အမြောက်အများရှိတာပဲ"

ကြယ်ကောင်းကင်ထဲမှာ လီဖူချန်းက ပြုံးလိုက်တယ်။

ဒီဧည့်ခံပွဲအတွင်း သူက အသက်အမျိုးအစားအဆင့်နိမ့်စကြာဝဠာရတနာနှစ်ခုနဲ့အသက်အမျိုးအစားထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းဆယ့်ခုနှစ်ခုကို ရရှိခဲ့တယ်။ အသက်သစ်ပင်က အလယ်ဆင့်စကြာဝဠာရတနာတစ်ခုသို့ ပြောင်းလဲလာနိုင်မယ်လို့ သူက ယူဆထားတယ်။

"ဒဏ္ဍာရီလာသေမင်းနတ်ဘုရားရေကန်။ ငါ သွားဖို့ အခွင့်အရေးတစ်ခုကို ရှာရမယ်။ ဒါပေမယ့် ဒီမတိုင်ခင် ငါ ရေနတ်ဘုရားအုတ်ဂူကို တစ်ချက်သွားရမယ်"

လီဖူချန်းက သေမင်းနတ်ဘုရားရေကန်ပတ်သက်ပြီး အမြဲတမ်းသိလိုစိတ်ပြင်းပြခဲ့တယ်။ အဲဒါက သူ့ရဲ့‌သေမင်းနတ်ဘုရားအပေါ် သိလိုစိတ်မှ အစပြုလာခဲ့တယ်။

ထာဝရနတ်ဘုရားက ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ယောက်ဆိုရင် သေမင်းနတ်ဘုရားကလည်း ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ အကြိုနတ်ဘုရားများစွာရဲ့လုပ်ကြံမှုအောက်မှာ ထာဝရနတ်ဘုရားက အဆုံးမှာ သေဆုံးခဲ့ပြီး သေမင်းနတ်ဘုရားက လုပ်ကြံမှုအောက်မှာ မသေဆုံးခဲ့ဘူး။ အချက်အလက်အရ သေမင်းနတ်ဘုရားက သေသလားရှင်သလားကို တစ်ယောက်မှ မသိဘူး။ သေမင်းနတ်ဘုရားက နတ်ဘုရားတစ်ယောက်ဖြစ်သွားတယ်လို့ ကောလဟာလတော့ရှိတယ်။

ဒါပေမယ့် သေမင်းနတ်ဘုရားရေကန်က အန္တရာယ်များလွန်းတယ်။ လီဖူချန်းက အသန်မာဆုံးအရှင်ဆိုရင်တောင် သေမင်း‌နတ်ဘုရားရေကန်ကို သွားဖို့က အန္တရာယ်များလွန်းနေသေးတယ်။ နှိုင်းယှဉ်ရရင် ရေနတ်ဘုရားအုတ်ဂူက ပိုအန္တရာယ်ကင်းတယ်။

ဒါပေမယ့် ဒီဘေးကင်မှုက နှိုင်းယှဉ်ရုံမျှပဲ။ ရှေးခေတ်အတွင်း ရေနတ်ဘုရားကလည်း အလွန်အမင်းကြောက်စရာကောင်းတဲ့အကြိုနတ်ဘုရားတွေထဲကတစ်ယောက်ဖြစ်တယ်။

……

ရေနတ်ဘုရားအုတ်ဂူထဲမှာ မိုးတဖွဲဖွဲကျနေပြီး ပုံရိပ်သုံးခုက ထွက်ပေါ်လာတယ်။

လီဖူချန်းရဲ့သတိပေးမှုနဲ့အတူ ရန်ချင်းဟူက သူမရဲ့ဓား‌မော့စွမ်းအင်အကာအကွယ်ကို အသက်သွင်းလိုက်တယ်။ ပြီးနောက် မိုးရေတွေက ဓားမော့စွမ်းအင်အကာအကွယ်အပေါ် ကျလာတဲ့အခါ တိုက်စားသံတစ်ခုထွက်လာတယ်။

"ဒါက ရေနတ်ဘုရားအုတ်ဂူလား။ ဒါက ဆန်းကြယ်လွန်းပါတယ်"

ရန်ချင်းဟူက အတွေ့အကြုံအနည်းငယ်မျှပဲ ရှိတယ်။ နက်ပြာပလိန်းကလွဲပြီး အပြင်ကမ္ဘာရှိအရာအားလုံးက သူမအတွက် အသစ်အဆန်းဖြစ်နေတယ်။

ဒါက လီဖူချန်း သူမကို ရေနတ်ဘုရားအုတ်ဂူကို ခေါ်လာတဲ့အကြောင်းပြချက်ပဲ ဖြစ်တယ်။

ရေနတ်ဘုရားအုတ်ဂူကိုလာတဲ့အရှင်တွေများစွာ ရှိသေးတယ်။ အရင်တစ်ခေါက်နဲ့တော့ မတူပါဘူး။ ဒီအရှင်တွေက လီဖူချန်းကို မြင်တဲ့အခါ သူတို့က အဝေးကို ရှောင်သွားကြတယ်။ ဘယ်လိုဟာသလဲ၊ လီဖူချန်းရဲ့လက်ရှိအသွင်အပြင်နဲ့ချီတည်ရှိမှုကို လူတိုင်းက သိနေပြီ။ သူ့ကို မသိတာဆိုလို့ အနည်းငယ်လောက်သာ ရှိတယ်။

ဒီလူတွေက သူ့ကို ရန်မစရင် သူက သူတို့ကို မသတ်ဘူး၊ ရတနာတွေကိုသာ ယူထားလိုက်တယ်။

ပြိုင်ဘက်ကင်းအရှင်ခွန်အားနဲ့အတူ ရေနတ်ဘုရားအုတ်ဂူထဲရှိမိုးက ရန်ချင်းဟူအတွက် ခြိမ်းခြောက်မှုတစ်ခုမဟုတ်ပါဘူး။

မသိလိုက်မသိဘာသာနဲ့ သူတို့သုံးယောက်က ရေကန်တစ်ခုအ‌ရှေ့ကို ရောက်ရှိလာတယ်။

ဒီရေကန်ကို ရေနတ်ဘုရားရေကန်လို့ ခေါ်ပြီး အဲဒါက အလွန်အမင်းအန္တရာယ်များတယ်။ သူတို့က ရေနတ်ဘုရားရေကန်ထဲကို ဝင်ရောက်ခဲ့ရင် ပြိုင်ဘက်ကင်းအရှင်တွေကတောင် သေသွားရလိမ့်မယ်။

ဒါပေမယ့် ရေနတ်ဘုရားအုတ်ဂူထဲမှာ ရေနတ်ဘုရားရေကန်ရဲ့အလယ်ဗဟိုရှိရေနတ်ဘုရားနန်းတော်မှာပဲ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရှိတယ်။

ရေနတ်ဘုရားနန်းတော်ကို ရေနတ်ဘုရားအစောင့်များစွာက စောင့်ကြပ်နေတယ်။ ယခုထိတိုင် ရေနတ်ဘုရားရဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ရေနတ်ဘုရားသုံးခွမှိန်းကို တစ်ယောက်ယောက်က ရရှိသွားတယ်လို့ မကြားဖူးသေးပါဘူး။

သူက အကြိုနတ်ဘုရားတစ်ယောက်မဟုတ်တာကြောင့် လီဖူချန်းက ရေနတ်ဘုရားအုတ်ဂူထဲ ဝင်ရမှာကို မကြောက်ပါဘူး။ သို့မဟုတ်ရင် ရေနတ်ဘုရားအစောင့်တစ်ယောက်က‌တင် သူ့ကို ထိခိုက်ခံစားရအောင် ပြုလုပ်ဖို့လုံလောက်တယ်။

ဝုန်း ဝုန်း ဝုန်း.....

လီဖူချန်းက ချီအတားအဆီးတစ်ခုကို ထုတ်လွှတ်ကာ ရန်ချင်းဟူနဲ့သမန်းဝံပု‌လွေလူဝင်စားတို့ကို ကာကွယ်လိုက်တယ်။

ရေနတ်ဘုရားရေကန်ထဲမှာ ရေမွန်းစတားတွေများစွာရှိတယ်။ ဒီရေမွန်းစတားတွေရဲ့အားအနည်းဆုံးက ပြိုင်ဘက်ကင်းအရှင်အဆင့်မှာရှိပြီး အသန်မာဆုံးက အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်အဆင့်မှာရှိတယ်။ ရေမွန်းစတား‌တွေအတူတကွပူးပေါင်းအလုပ်လုပ်တဲ့အခါ အသန်မာဆုံးအရှင်အောက်တစ်‌ယောက်ကမှ ခုခံနိုင်လိမ့်မှာမဟုတ်ဘူး။

"ချင်းဟူ၊ ဒီရေမွန်းစတားရဲ့ခွန်အားက မင်းနဲ့အတူတူပဲ။ မင်း အရင်လေ့ကျင့်သင့်တယ်"

လီဖူချန်းက ဓားပိတ်လှောင်ခြင်းစကြာဝဠာကို သုံးကာ ရန်ချင်းဟူနဲ့ရေမွန်းစတားကို ဝန်းရံလိုက်တယ်။

ဓားပိတ်လှောင်ခြင်းကမ္ဘာထဲမှာ ရန်ချင်းဟူက ဓားမော့ကျိုးဒါမှမဟုတ်စကြာဝဠာရတနာတွေကို မထုတ်ပါဘူး။ သူမရဲ့လက်နက်က အဆင့်၅ထူးကဲအဆင့်အန္တိမအဆင့်ဓားမော့တစ်လက်ဖြစ်တဲ့မိုးကြိုးဆူးဓားမော့ဖြစ်တယ်။ ဓားမော့အလင်းလက်သွားပြိီး လူသားနဲ့ရေမွန်းစတားတစ်ကောင်က အပြင်းအထန်တိုက်ခိုက်နေတယ်။

ရန်ချင်းဟူက မတိုက်ခိုက်ရတာ အတော်ကြာခဲ့မှန်း သိသာတယ်၊ သူမရဲ့တိုက်ခိုက်ရေးအတွေ့အကြုံက သိသိသာသာကင်းမဲ့နေတယ်။ သူမက အသာစီးမရနိုင်ဘူးဖြစ်နေတယ်။

"ရုတ်တရက်ပြောင်းလဲလာတာက ကြီးမားလွန်းတော့ ငါ လိုက်လျောညီထွေမလုပ်နိုင်ဘူးဖြစ်နေတယ်"

အချိန်အကြာကြီးတိုက်ခိုက်ပြီးနောက် ရန်ချင်းဟူက ဓားမော့ကျိုးကို ယူထုတ်ကာ ရေမွန်းစတားကို အလွယ်တကူတိုက်ခိုက်လိုက်တယ်။

သူမ အရှင်တစ်ယောက်ဖြစ်လာပြီးကတည်းက သူမမှာ တိုက်ပွဲအတွေ့အကြုံတွေအများကြီးမရှိဘူး။ သူမက ကျင့်ကြံပြီးရင်းကျင့်ကြံနေခဲ့ရတယ်။

ဒီလိုနဲ့ သူမရဲ့ကိုယ်ပိုင်ခွန်အားနဲ့ရန်သူရဲ့ခွန်အားအပေါ်နားလည်မှုကို ပိတ်ဆို့ထားတယ်။ ဒီပိတ်ဆို့မှုက သူမရဲ့ဆုံးဖြတ်ချက်ကို ပြင်းထန်စွာ ကန့်သတ်ထားတယ်။

"မင်း ဖြည်းဖြည်းချင်း သင်ယူပေါ့။ လောစရာမလိုဘူး"

လီဖူချန်းက ရန်ချင်းဟူလေ့ကျင်ဖို့အတွက် ရေမွန်းစတားတွေကို အဆက်မပြတ်ရှာဖွေခဲ့တယ်၊ ဒါကြောင့် သူမက သူမရဲ့ခွန်အားနဲ့ ရင်းနှီးလာတယ်။

မသိလိုက်မသိဘာသာနဲ့ သူတို့သုံးယောက်က သေမင်းနတ်ဘုရားရေကန်ကို ဖြတ်ကျော်ကာ ရေနတ်ဘုရားနန်းတော်အပြင်ဘက်ရှိကွက်လပ်ကို ရောက်ရှိလာတယ်။

ဝုန်း ဝုန်း .....

ရေနတ်ဘုရားအစောင့်နှစ်ယောက်က သူတို့သုံးယောက်ကို ရှာတွေ့ခဲ့ပြီး ဘယ်တစ်ဖက်၊ညာတစ်ဖက်ကနေ တစ်ဟုန်ထိုးပြေးလာကြတယ်။

"ဒီတစ်ယောက်ကို ငါ့အတွက်ထားလိုက်"

သမန်းဝံပုလွေလူဝင်စားက ညာဘက်ရှိရေနတ်ဘုရားအစောင့်ရှိတစ်ဟုန်ထိုးပြေးသွားတယ်။

"ငါလဲကြိုးစားကြည့်မယ်"

ဓားမော့ကျိုးနဲ့အတူ သူမက ရေနတ်ဘုရားအစောင့်နဲ့ ဖလှယ်နိုင်တယ်လို့ ရန်ချင်းဟူက ယုံကြည်ချက်ရှိတယ်။

"ကောင်းပြီလေ"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ ရေနတ်ဘုရားအစောင့်က သန်မာနိုင်ပေမယ့် ပိုအားနည်းတဲ့သာမန်အကြိုနတ်ဘုရားနဲ့သာ ညီမျှတယ်။

သမန်းဝံပုလွေလူဝင်စားက အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်ပြီး အလယ်ဆင့်စကြာဝဠာရတနာတစ်ခုရဲ့အကူအညီနဲ့အတူ တစ်ချက်တည်းနဲ့ အနိုင်ယူခံရမှာမဟုတ်ဘူး။

ရန်ချင်းဟူအတွက်ကတော့ စိုးရိမ်စရာမလိုပါဘူး။ ဓား‌မော့ကျိုးက မပြီးပြည့်စုံတဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး အကြိုနတ်ဘုရားစွမ်းအားကို ယာယီသိပ်သည်းနိုင်တယ်။ ရန်ချင်းဟူက အချိန်တိုလေးတစ်ခုအတွင်း အကြိုနတ်ဘုရားတစ်ယောက်နဲ့ ယှဉ်နိုင်တယ်လို့ ဆိုလိုတယ်။

ဝုန်း......

ဖရိုဖရဲကျောက်မျက်ရတနာအဆီအနှစ်ကို ကိုင်ဆွဲလျက် သမန်းဝံပုလွေလူဝင်စားက ရေနတ်ဘုရားစောင့်နဲ့ ထိပ်တိုက်ရင်ဆိုင်နေတယ်။

ပြင်းထန်တဲ့ချီအားတစ်ခုပေါက်ကွဲထွက်လာပြီး သမန်းဝံပုလွေလူဝင်စားက လွင့်ထွက်သွားတယ်။

ရေနတ်ဘုရားအစောင့်နဲ့ရင်ဆိုင်ရတဲ့အခါ သမန်းဝံပုလွေလီဖူချန်းက နိမ့်ကျနေပါသေးတယ်၊ ဒါပေမယ့် ခြားနားချက်က မကြီးမားပါဘူး။

"အလယ်ဆင့်စကြာဝဠာရတနာတစ်ခုရဲ့အကူအညီနဲ့အတူ အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က အသန်မာဆုံးအရှင်နဲ့တူညီတဲ့ခွန်အားရှိတယ်။ ပိုအားနည်းတဲ့သာမန်အကြိုနတ်ဘုရားတွေအတွက်ကတော့ သူတို့ရဲ့ခွန်အားက အသန်မာဆုံးအရှင်နဲ့အတူတူလောက်မှာ ရှိတယ်" လီဖူချန်းမှာ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်နဲ့နီးကပ်တယ်ဒါမှမဟုတ်ယှဉ်နိုင်တဲ့ခွန်အားရှိတဲ့အကြောင်းကတော့ သူ့မှာ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုရှိလို့ပဲ။ ဒါ့အပြင် အဲဒါက တိုက်ခိုက်ရာမှာအထူးပြုတဲ့အဆင့်မြင့်စကြာဝဠာရတနာတစ်ခုဖြစ်တယ်။

အခြားတစ်ဖက်မှာ ရန်ချင်းဟူရဲ့အနေအထားက သမန်းဝံပုလွေလူဝင်စားထက် ပိုကောင်းတယ်။ အစကနေအဆုံးအထိ သူမက ရေနတ်ဘုရားအစောင့်ကို ဖိနှိပ်နေတယ်။

"ရန်ချင်းဟူသိပ်သည်းထားတဲ့အကြိုနတ်ဘုရားစွမ်းအားက အရည်အသွေးအရ အဆင့်မြင့်အကြိုနတ်ဘုရားနဲ့ ယှဉ်နိင်တယ်။ ၎င်းက အနည်းငယ်ပြန့်ကျဲပြီး အလုံအလောက်သန်မာမှုမရှိတာတစ်ခုပဲ"

လီဖူချန်းက သဲလွန်စအချို့ကို မြင်လိုက်တယ်။

ဝုန်း ဝုန်း ဝုန်း.....

ဒီတိုက်ပွဲက အချိန်အလွန်ကြာခဲ့ပြီး နောက်ဆုံးမှာ လီဖူချန်းက တိုက်ကွက်တစ်ကွက်သုံးကာ ရေနတ်ဘုရားအစောင့်နှစ်ယောက်ကို ဖယ်ရှားခဲ့တယ်။

ရေနတ်ဘုရာနန်းတော်ကို အပြာရင့်ရောင်ရေဖန်သားပြင်အလွှာတစ်ခုနဲ့ ဖုံးအုပ်ထားတယ်။ အရင်က သူတို့က ဝေးလွန်းပြီး ရေဖန်သားပြင်ထဲရှိအနေအထားကို မမြင်နိုင်ခဲ့ပါဘူး။ အခု သူတို့က ပိုနီးကပ်လာတာကြောင့် ရေနတ်ဘုရားအစောင့်တွေက နန်းတော်အပြင်ဘက်ရှိလမ်းတွေမှာ ကင်းလှည့်နေတာကို သူတို့က မြင်နိုင်တယ်။ ဒီရေနတ်ဘုရားအစောင့်တွေက အပြာရင့်ရောင်ရှိပြီး သူတို့အားလုံးက အပြာရင့်ရောင်ဘီလူးတွေဖြစ်ကြတယ်။ အပြာရင့်ရောင်ဘီလူးတွေအကြားမှာ အလွန်မျက်စိဖမ်းစားစရာအစိမ်းရင့်ရောင်ဘီလူးတွေရှိတယ်။

"အလယ်ဆင့်ရေနတ်ဘုရားအစောင့်တွေလား"

လီဖူချန်းရဲ့အမူအရာက လေးနက်သွားတယ်။

ရေနတ်ဘုရားအစောင့်တွေကို အဆင့်သုံးဆင့်ခွဲခြားထားတယ်။ အဆင့်နိမ့်ရေနတ်ဘုရားအစောင့်တစ်ယောက်က ပိုအားနည်းတဲ့သာမန်အကြိုနတ်ဘုရားတစ်ယောက်နဲ့ ညီမျှတယ်။ အလယ်ဆင့်ရေနတ်ဘုရားအစောင့်တစ်ယောက်က သာမန်အကြိုနတ်ဘုရားတစ်ယောက်နဲ့ ညီမျှတယ်။ အဆင့်မြင့်ရေနတ်ဘုရားအစောင့်တစ်ယောက်က အဆင့်မြင့်အကြိုနတ်ဘုရားတစ်ယောက်နဲ့ ညီမျှတယ်။ အလယ်ဆင့်ရေနတ်ဘုရားအစောင့်နဲ့အဆင့်မြင့်‌‌ရေနတ်ဘုရားအစောင့်တစ်ယောက်နှစ်ယောက်လောက်ကိုတော့ လီဖူချန်းက မကြောက်ပေမယ့် နန်းတော်ထဲမှာ ဘယ်လောက်တောင် ရှိသလဲကို သူ မသိနိုင်ဘူးလေ။

All Chapters