အခန်း (၃၅၁)
Vol. 36 Ch. 351
လျို့ရှို့လန်တစ်ယောက် ခြံအတွင်း၌ အဝတ်လျှော်နေစဥ် အသံချဲ့စက်ထဲမှ အကြောင့် ကြောင်အ,သွားရသည်။
“ဒီအဘိုးကြီးကတော့၊ ဘာလို့ ဒီလောက် အသံကျယ်နေရတာလဲ၊ ဒီပါးစပ်က တကယ်ကို ပျက်နေပြီ”
သူမ ထရပ်၍ လက်ကို လက်သုတ်ပုဝါဖြင့် သုတ်လိုက်သည်။ ထို့နောက်ပုဝါကို တဲ၏ တစ်ဖက်၌ ချိတ်ထားလိုက်လေသည်။ ပြီးလျှင် အနောက်သို့ ပြန်လှည့်၍ အခန်းအတွင်းသို့ အော်ပြောလိုက်သည်။
“ရှောင်ဝေ့၊ အမေ ရပ်ကွက်ရုံးကို သွားပြီး နင့်အဖွားကို ဖုန်းခေါ်လိုက်ဦးမယ်၊ မီးဖိုပေါ်က ဆန်ပြုတ်ကို နင်ကြည့်ထားလိုက်ဦး”
လီရှောင်ဝေ့က သူမ၏သားအား ပွေ့လျက် ထွက်လာသည်။
“အသံချဲ့စက်ကနေ ကျန်းကျန်း မှာကိုယ်ဝန်ရှိတယ်လို့ ကြားလိုက်ရသလားလို့၊ ဒါဆို အမေ မြန်မြန် ခေါ်လိုက်ပါဦး၊ အဘွားကို စောင့်မနေစေနဲ့ဦး။”
လျို့ရှို့လန်လည်း အမြန်ပြေးသွားခဲ့ကာ ရပ်ကွက်ရုံကိုရောက်လျှင် ရုံးစာရေး လောင်လျို့အား လက်ဝါးဖြင့် ရိုက်လိုက်သည်။
“ဘာလို့ အဲဒီလောက် အသံကျယ်ကျယ်နဲ့ အော်နေရတာလဲ၊ ဘာလို့ ငါတို့ရဲ့ ကျန်းကျန်းရဲ့ ကိုယ်ဝန်သတင်းကို တစ်နယ်လုံးကြားအောင် ထုတ်လွှင့်နေတာလဲ၊ ဘာလို့ ဒီလောက် စိတ်ရှုပ်စရာ ကောင်းရတာလဲ”
လောင်လျို့က မြေပြင်မှ ထရပ်၍ မြေကြီးပေါ်ရှိ ပြာများအား ပုတ်ထုတ်လျက် အတော်လေး မကျေနပ်သော လေသံဖြင့် ပြောခဲ့သည်။
“ဒါက တခြားလူတွေ ကိုယ်ဝန်ရှိတာနဲ့ တူးပါ့မလား၊ အခု ကိုယ်ဝန်ရှိနေတာက လီမင်ကျန်း ပဲလေ၊ ငါတို့ ပေရှားဒေသမှာ ဒီလို နာမည်ကြီး ပုဂ္ဂိုလ်မျိုးက ဒီလိုနှစ်မှာမှ ပေါ်ထွက်လာခဲ့တာ၊
သူမရဲ့ကိုယ်ဝန်က ကြီးကြီးမားမား ကိစ္စပဲ၊ ဘာလို့ ကိုယ်ဝန် ရှိတာကို သတင်းမကြေည်နိုင်ရမှာလဲ၊ ငါက ဒီလိုထုတ်လွှင့်တာကိုမပြောနဲ့ ရုပ်သံ သတင်းကွန်ရက်ပေါ်တောင် ထည့်ချင်နေတာ!”
“တကယ်ကို အလိုက်မသိတတ်ဘူး၊ ကျွန်မရဲ့ယောက္ခမကို ဘာပြောမှာလဲဆိုတာ အရင်သွားနားထောင်လိုက်ဦးမယ်၊ သူပြန်လာရင် ရှင့်ကို ရိုက်မလဲဆိုတာ သတိထားနေလိုက်”
လျို့ရှို့လန်က ဘေးရှိ ခုံပေါ်၌ ဝင်ထိုင်ကာ ကျွမ်းကျင်စွာဖြင့် ဖုန်းနံပါတ်များ နှိပ်လိုက်သည်။
“ဟဲလို၊ အမေ...”
ရှီကျွင့်ကျဲတစ်ယောက် တစ်နေ့တာလုံး အလုပ်မှ ပင်ပန်းပြီး ပြန်လာသည့်အချိန်တွင် အဓိကခြံဝင်း၌ မီးများ ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ကျန်းကျန်းလည်း အခန်းအတွင်း၌ မရှိသောကြောင့် ဘေးကိုပြန်လှည့်၍ စင်္ကြန်အား ဖြတ်လျက် ဘေးအိမ်သို့ တိုက်ရိုက်သွားလိုက်လေသည်။
တစ်ဖက်အိမ်သို့ရောက်သည့်အခါတွင် ဟင်းခွက်များကို သယ်လာသော အန်တီယန်အား တွေ့လိုက်ရသည်။
အန်တီယန်က သူ့ကိုမြင်လျှင် ဝမ်းသာအားရ ကြည့်လာခဲ့ပြီး တစ်ခုခု ပြောလိုသော်လည်း ထိန်းထားလျက် ပြောလာလေ၏။
“အရှေ့ခန်းထဲမှာ လူတိုင်းရှိနေတယ်၊ ဒီနေ့က လူတွေ အရမ်းများနေလို့ အရှေ့ခန်းမှာပဲ စားလိုက်ကြတာ”
ရှီကျွင့်ကျဲက အန်တီယန်၏ လက်အတွင်းရှိ ပန်းကန်အား လှမ်းယူလိုက်သည်။
“ကျွန်တော်ပဲ သယ်သွားလိုက်မယ်၊ အန်တီ လုပ်စရာရှိတာကို ဆက်လုပ်လိုက်ပါ”
မီးဖိုချောင်၌ အမှန်တကယ်ပင် ချက်ပြုတ်ရန်ကျန်ရှိသေးသော ဟင်းအနည်းငယ် ရှိသောကြောင့် အန်တီယန်က သူ့အား ယဥ်ကျေးစွာ မဆက်ဆံတော့ဘဲ ပန်းကန်အား ပေးလိုက်သည်။
ရှီကျွင့်ကျဲမှ ဟင်းပွဲများကို ယူလိုက်ပြီးနောက်တွင်သူမက မီးဖိုချောင်သို့ အမြန်ပြန်သွားလိုက်လေသည်။
ရှီကျွင့်ကျဲက ကျန်းကျန်း အကြိုက်ဆုံး ပုစွန်ပေါင်းကို အရှေ့ဘက်ခန်းအတွင်းသို့ သယ်ယူသွားပြီးနောက်တွင် အရှေ့မှ ဆူညံနေသော မြင်ကွင်းအား ကြည့်ကာ အံ့အားသင့်သွားရသည်။
ရှီချန်ပေါ်နှင့် လင်းရှို့လန်တို့သာမက သူ့၏အဘိုးအဘွားများလည်း ရှိနေခဲ့သည်။
လင်းရှို့လန်က ဟင်းခွက်များအား စားပွဲပေါ်တင်ပြီး ရှီကျွင့်ကျဲအား ကျန်းကျန်း၏ဘေးသို့ တွန်းပို့လိုက်သည်။
“မြန်မြန်၊ မင်းတို့နှစ်ယောက်တည်း သီးသန့်စကားပြောလိုက်ကြဦး”
ရှီကျွင့်ကျဲက ကျန်းကျန်း၏မျက်နှာက နီရဲနေသည်ကိုမြင်လျှင် နားမလည်နိုင်ဖြစ်နေခဲ့သည်။
“ဒီနေ့က ဘယ်လိုနေ့မျိုးဖြစ်လို့ ဒီလောက်ထိ စည်ကားနေကြတာလဲ၊ ကျွန်တော်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လည်း မရောက်သေးပါဘူး”
ကျန်းကျန်းက နှုတ်ခမ်းစူလိာက်ပြှးနောက် ပြုံးလိုက်ပြန်သည်။ သူမကရှီကျွင့်ကျဲ၏ လက်အား ဆုပ်ကိုင်ထားလိုက်ပြီး သူမ၏ ဝိုင်းစက်သောမျက်လုံးများက ကျေနပ်ပျော်ရွှင်သော အပြုံးဖြင့် တောက်ပနေခဲ့သည်။
“ရှီကျွင့်ကျဲ ၊ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ”
“ကိုယ်ဝန်ရှိနေပြီလား”
ရှီကျွင့်ကျဲ တစ်ခဏခန့် ကြောင်သွားပြီးနောက် မျက်လုံးများက ကျန်းကျန်း၏ မျက်နှာမှ သူန၏ဗိုက်ဆီသို့ လျှောကျသွားလျက် အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ဘယ်တုန်းက သိတာလဲ၊ မသက်မသာ ခံစားနေရသေးလား”
“ရှစ်ဖူက ကျွန်မကို ဒီနေ့ပဲ ဆေးစစ်ပေးခဲ့တာ”
ကျန်းကျန်း၏ ပြုံးနေသော မျက်နှာလေးက နီရဲသွားလျက် ဆက်ပြောခဲ့သည်။
“တော်တော်လေးကောင်းသလိုမျိုး ခံစားရတယ်၊ ဘာတစ်ခုမှ မသက်မသာ မရှိပါဘူး”
“ကောင်းတယ်”
ရှီကျွင့်ကျဲက ဝမ်းသာအားရ ပြုံးလိုက်လျက် အရူးလေးတစ်ဦးပမာ ဖြစ်နေခဲ့သည်။
လူငယ်ဇနီးမောင်နှံက လက်ချင်းတွဲထားခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ကြည့်လျက် ရယ်မောနေသည်ကို မြင်သည့်အခါ ကျန်ရှိနေသောသူများလည်း မနေနိုင်ဘဲ ပျော်ရွှင်သွားကြသည်။
လင်းရှို့လန်က ၎င်းတို့အား ချက်ချင်းထိုင်ခိုင်းလိုက်သည်။
“မြန်မြန် လာထိုင်ပြီး စားကြ၊ ကျန်းကျန်းက ဗိုက်ဆာလို့ မဖြစ်ဘူး”
ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။
“ဒီတစ်နေ့လုံး ကျွန်မရဲ့ အဖွားက ကျွန်မကိုပဲ အစာပဲ ကျွေးနေတာ၊ အခုတော့ ဗိုက်မဆာဘူး”
“စားနိုင်သလောက်စားကြည့်လေ၊ ပြီးတော့ ဒီမှိုစတူးဟင်းရည်ကို သောက်ကြည့်”
လင်းရှို့လန်က ကျန်းကျန်းအား ဟင်းချိုခပ်ပေးလျက် ရှီကျွင့်ကျဲအားမှာနေခဲ့သည်။
“ကျန်းကျန်းက ဒီပုစွန်ပေါင်းကို ကြိုက်တယ်၊ သူ့အတွက် နှစ်ကောင်လောက် ပိုခွာပေးလိုက်ပါဦး”
သူမ၏ မိဘနှစ်ပါးနှင့် ခင်ပွန်း၏ ဂရုစိုက်မှုအောက်၌ ကျန်းကျန်းတစ်ယောက် ပါးစပ်ဖွင့်ခြင်းမှလွဲ၍ မည်သည့်အရာမဆို လုပ်မရာမလိုအပ်ခဲ့ပေ။
သို့သော်လည်း နေ့ဘက်၌ အစားအသောက် စုံလင်စွာ စားစားခဲ့ရသောကြောင့် ကျန်းကျန်းက ပုစွန်အနည်းငယ်နှင့် ဟင်းချိုတစ်ပန်းကန်စားပြီးနောက် ဗိုက်ပြည့်သွားသည်။
မိသားစုတစ်လုလုံးက ကျန်းကျန်းမှာ လှပမှုအတွက် အစားကောင်းကောင်း မစားသော ကလေးမျိုး မဟုတ်သည်ကို သိသည့်အတွက် မည်သူမျှ ထပ်မံစားရန် မတိုက်တွန်းကြပေ။
သို့သော်လည်း လင်းရှို့လန်က ကျန်းကျန်း တစ်ညလုံး ဗိုက်ဆာမည်ကို စိုးရိမ်သောကြောင့် ရှီကျွင့်ကျဲအား သီးသန့်မှာခဲ့သည်။
“ကျန်းကျန်း ညဘက် ဗိုက်ဆာရင် မင်း ထပြီး တစ်ခုခု လုပ်ပေးရမယ်နော်”
အမှန်တကယ်တမ်းတွင် လင်းရှို့လန်၏ စိုးရိမ်ပူပန်မှုများက မလိုအပ်ခဲ့ပေ။ ညဘက်၌ ကျန်းကျန်း အိမ်ပြန်ရောက်သည့်အခါတွင် ရှီကျွင့်ကျဲက သူ့မနှင့် တီးတိုးပြောလိုသော်လည်း ရေချိုးပြီး အိမ်ခန်းတွင်းသို့ ပြန်ရောက်သည့်အခါ၌ ကျန်းကျန်းက အိပ်ပျော်သွားသည်ကို တွေ့လိုက်ရသည်။
ဤသို့ဖြင့် ကိုယ်ဝန်ဆောင်ကာလ စတင်ခဲ့သည်။ ကျန်းကျန်းက မနက်အိပ်ယာနိုးသည်နှင့် ရေကန်ပတ်ပတ်လည် နှစ်ပတ် လမ်းလျှောက်ခဲ့သည်။
မနက်ပိုင်း၌ ပြတင်းပေါက်ဖွင့်လျက် စာရေးစားပွဲ၌ စာတစ်စောင် သို့မဟုတ် ပုံတစ်ပုံ နှစ်ပုံ ရေးဆွဲခဲ့သည်။
ရှေးဟောင်းပစ္စည်းမှတ်တမ်း စာအုပ်များကို ကြည့်ရှုနေတတ်သည်။
နေ့လယ်ပိုင်း၌မူ များသောအားဖြင့် နေ့ခင်းတစ်ရေးတမော အိပ်တတ်သည်။ နိုးလာလျှင် သစ်သီးအနည်းငယ်စား၊ စာအုပ်တစ်အုပ်ဖတ်ပြီးနောက် ညနေဘက်ကို ရောက်သွားလေပြီ။
နေ့တိုင်းက သက်တောင့်သက်သာရှိနေခဲ့ပြီး သိပ်မပျင်းရိခဲ့ရပေ။
မဒမ်လီနှင့် ဝမ်စုဖန်းတို့မှာမူ နောက်ဆုံး၌ လုပ်စရာတစ်ခုခု ရှိလာခဲ့ကြသည်။ ၎င်းတို့က ကျန်းကျန်းအတွက် တက်ကြွစွာပင် အလုပ်ရှုပ်နေခဲ့ကြသည်။
သူတို့နှစ်ဦးမှာ ကျန်းရန်ကျယ်ဆီမှ ကျန်းကျန်းအတွက် မည်သည့်အစားအစာများက သင့်တော်သည်ကို မေးမြန်းခြင်းမှလွဲ၍ ကျန်ရှိသော အားလပ်ချိန်များ၌ ဆိုင်သို့ပြေး၍ အစားအသောက်နှင့်လိုအပ်သည်များဝယ်ယူကြသည်။
ပုံစံအသစ် ဝါဂွမ်းထည်များနှင့် ထိုနှစ်၏ ဝါဂွမ်းအသစ်များအားလည်း မမွေးသေးသော ကလေးအတွက် အဝတ်များချုပ်ရန် ဝယ်ယူကြသည်။
ဤအချိန်၌ ကျန်းကျန်းအနေဖြင့် မည်သည့်ကလေးကို ကိုယ်ဝန်ရှိနေပြီဆိုသည်ကို မသေချာသော်လည်း မဒမ်လီကတော့ နဂါးနှင့် ဖီးနစ်လေး ဖြစ်မည်ဟု အခိုင်အမာ ပြောနေသောကြောင့် စောင်လေးပင်ဖြစ်စေ၊ ကလေးအဝတ်အစားပင်ဖြစ်စေ ပန်းရောင်နှင့် အပြာရောင် နှစ်မျိုးလုံး ရှိနေခဲ့သည်။
အဘယ်သို့ပင်ဖြစ်စေ အိမ်၌ အထည်နှင့် ဝါဂွမ်းဖိုးသည် မရှားပါးပေ။ ဝမ်စုဖန်းလည်း မဒမ်လီနှင့်အတူ ဤသို့ပင် လုပ်ဆောင်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ကျန်းကျန်း ကိုယ်ဝန် သုံးလ ရှိသွားခဲ့ပေပြီ။ ရှီကျွင့်ကျဲက ဆေးရုံ၌ စစ်ဆေးရန် ရက်ချိန်းယူထားပြီးဖြစ်သည်။
လင်းရှို့လန်လည်း သွားရောက်စစ်ဆေးလိုခဲ့ပြီး မဒမ်လီလည်း လိုက်ပါရမည်ဟု ပြောခဲ့သည်။
ဝမ်စုဖန်းလည်း အတူသွားမည်ဟု တွေးထားခဲ့သည်။ မိခင်နှစ်ယောက်နှင့် အဘွားတစ်ဦးအား ကြည့်လျက် ရှီကျွင့်ကျဲက ငြင်းပယ်၍ မရတော့ပေ။
ထို့ကြောင့် တစ်မိသားစုလုံးအား ဆေးရုံသို့သာ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။
ကိုယ်ဝန်သုံးလ၌ ဗိုက်က သိပ်မထင်ရှားဟု ဆိုသော်လည်း ကျန်းကျန်း၏ ဝမ်းဗိုက်အောက်ပိုင်းသည် အနည်းငယ် ဖောင်းနေခဲ့ပြီ။
ဆရာဝန်က B-ultrasound ဖြင့် စစ်ဆေးရန် ညွှန်ကြားခဲ့သည်။ အေးစက်နေသော စူးစမ်းစစ်ဆေးကိရိယာက သူမ၏ ဝမ်းဗိုက်အား ပတ်ပတ်လည် စစ်ဆေးနေခဲ့သည်။
မဒမ်လီက သူမ ယူဆောင်လာသော မျက်မှန်အား တပ်ထားသော်လည်း ဖန်သားပြင်ပေါ်ရှိ အလင်းအမှတ်က သူမအား ခေါင်းမူးစေသည်။
မဒမ်လီက လက်လှမ်း၍ လင်းရှို့လန်အား ထိုးလိုက်လျက် တိုးတိုးလေး မေးခဲ့သည်။
“အပေါ်က ကလေးက ဘာလေးလဲ”
လင်းရှို့လန်က ခေါင်းလှည့်၍ တိုးတိုးလေး ပြောခဲ့သည်။
“ကျွန်မလည်း နားမလည်ဘူး”
မဒမ်လီ စိတ်ပျက်အားငယ်စွာ သက်ပြင်းချလိုက်သည်။ ဆရာဝန်ကမူ တည်ကြည်သော မျက်နှာဖြင့် ပြုံးလျက် ပြောလာခဲ့လေသည်။
“ကလေးက နှစ်ယောက်ပါ”
*