← Chapters

အခန်း (၃၅၂)

Vol. 36 Ch. 352

အခန်း (၃၅၂)

Vol. 36 Ch. 352

မဒမ်လီ ကလေးက အမွှာဖြစ်ကြောင်း စကားသံကိုကြားလိုက်ရလျှင်ချက်ချင်းပင် အားအင်ပြန်ပြည့်လာခဲ့ပြီး ထရပ်လျက် ဖန်သားပြင်အား သေချာကြည့်လိုက်သည်။

“ဆရာဝန်၊ ဒါ နဂါးနဲ့ ဖီးနစ်လေးတွေပါလို့ ပြပေးနိုင်လား”

ဆရာဝန်က ပြုံးလိုက်သည်။

“အန်တီ၊ ကလေးတွေက လိင်အင်္ဂါတွေ မဖွံ့ဖြိုးသေးပါဘူး၊ ကျွန်တော့်အနေနဲ့လည်း မြင်ရရင်တောင် ပြောပြလို့ မရဘူး၊ ဒါက စည်းကမ်းနဲ့ မညီဘူး။”

ကျန်းကျန်း ကုတင်ပေါ် လှဲလျောင်းလျက် ပြုံးလိုက်သည်။

“အဖွား၊ ဆရာဝန်ကို အားနာစရာ မလုပ်ပါနဲ့၊ မွေးလာတဲ့အချိန်ကျရင် သိလာပါလိမ့်မယ်”

မဒမ်လီက ရက်များ ရေတွက်လျက် သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ဒါပေမဲ့ လပေါင်းများစွာ စောင့်ရဦးမယ်”

ဆုံးရှုံးသွားသော ဤခံစားချက်သည် စစ်ဆေးခန်းသို့ ပြန်ရောက်သည့်အခါ၌ ပြန်လည်ပျောက်ကွယ်သွားခဲ့ပြန်သည်။ သန္ဓေသား၏နှလုံးခုန်သံတို့က အားကောင်းသည်ကို ကြားရသည့်အခါ မဒမ်လီ များစွာ စိတ်လှုပ်ရှား၍ မျက်ရည်ပင်ကျခဲ့သည်။

သူမက လက်ကိုင်ပုဝါဖြင့် မျက်ရည်သုတ်ရင်း တိုးတိုးလေး ပြောခဲ့သည်။

“ကျွန်မ ကလေးတွေ တစ်ပုံကြီး၊ မြေးတွေ တစ်ပုံကြီး မွေးခဲ့ဖူးတယ်၊ ဒါပေမဲ့ ဗိုက်ထဲက ကလေးရဲ့ နှလုံးခုန်သံကို ဒါ ပထမဆုံးအကြိမ် ကြားဖူးတာပဲ”

8

ရှီကျွင့်ကျဲသည် သူ့ကလေးများ၏ နှလုံးခုန်သံကို ကြားရသောအခါတွင် လက်များပင် တုန်ရီခဲ့လေသည်။

သိာ့သော်လည်း မဒမ်လီကတော့ သူထက်ပင် ပို၍ စိတ်လှုပ်ရှားနေခဲ့ကာ စကားပြော ပိုမိုသွက်လက်နေခဲ့သည်။

ထိုနောက်တွင် ဆရာဝန်က ထရပ်၍ သူတို့ကို မှာကြားလာခဲ့သည်။

“ကလေးနှစ်ယောက်စလုံးရဲ့ နှလုံးခုန်သံတွေ အရမ်းကောင်းပါတယ်၊ နောက်လမှပဲ ပြန်လာစစ်ဆေးပါ”

မဒမ်လီလည်း မျက်ရည်များကို သုတ်ကာ ပြန်လည်ပြုံးပြခဲ့သည်။

ထို့နောက် အနောက်သို့လှည့်၍ ဝမ်စုဖန်းတို့ကို လှမ်းပြောလိုက်လေ၏။

“ကျန်းကျန်းမှာ နဂါးနဲ့ဖီးနစ် လေးတွေ ကိုယ်ဝန်ရှိတယ်လို့ ငါပြောခဲ့တာကို နင်တို့က မယုံကြဘူးမလား၊ အခုကြည့်လိုက် ကလေးနှစ်ယောက်တဲ့”

အစပိုင်း၌ သူတို့မြေးအဖွား၏စကားကို စနောက်စရာကဲ့သို့ နားထောင်နေခဲ့ကြသည့် လင်းရှို့လန်နှင့် ဝမ်စုဖန်းတို့သည်လည်း အနည်းငယ်မျှ အလေးအနက်ထားလာခဲ့ကြသည်။

တကယ်လည်း ကလေးနှစ်ဦး ကိုယ်ဝန်ရှိနေသည်ဖြစ်သောကြောင့် မိန်းကလေးနှင့် ယောက်ျားလေးအမြွှာဖြစ်နိုင်သည် မဟုတ်ပါလား။

ရက်များသည်က လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ကျန်းကျန်း၏ ဝမ်းဗိုက်သည်လည်း မိုးပျံပူဖောင်းကဲ့သို့ ပို၍ကြီးမားလာခဲ့သည်။

နောက်တစ်နှစ်၏ ဧပြီလသို့ရောက်လျှင် ဆောင်းရာသီကုန်ဆုံးကာ နွေရာသီရောက်ရှိ၍ ရာသီဥတုသည်လည်း ပူနွေးလာခဲ့ပြီဖြစ်သည်။

ခြံအတွင်းရှိ ပန်းများလည်း ပွင့်လန်းနေခဲ့ကြပေပြီ။ အိမ်မွေးကြက်ဖနှင့် ကြက်မများသည်လည်း မြက်ခင်းပြင်၌ ပျော်ရွှင်စွာ ခုန်ပျံကာ ပိုးကောင်များကို ရှာဖွေစားသောက်နေခဲ့ကြလေသည်။

၎င်းတို့သည်ကား ခဏအကြာတွင် မွှေးကြိုင်သော ကြက်စွပ်ပြုတ်အိုးထဲ ရောက်ရှိမည်ကို မသိခဲ့ကြရှာပေ။

ကလေးနှစ်ဦးကို ကိုယ်ဝန်ရှိခဲ့ပါလျှင် လမစေ့မီ မွေးဖွားနိုင်သည်ဟု ပြောဆိုကြသောကြောင့် မိသားစုတစ်ခုလုံးက ကျန်းကျန်း၏ ဝမ်းဗိုက်ကို မျက်တောင်မခတ် စောင့်ကြည့်နေခဲ့ကြသည်။

နောက်ဆုံးတွင် နေ့လပြည့်သည့်အချိန်သို့ ရောက်ရှိသောအခါမှ စိတ်အေးရခဲ့သည်။ မွေးဖွားရမည့်ရက်မတိုင်မီ တစ်လခွဲခန့်အလိုတွင် လင်းရှို့လန်က ကျန်းကျန်းအား ဆေးရုံ၌ သွားရောက်နေထိုင်ရန် တိုက်တွန်းခဲ့သည်။

အိမ်တွင် ကားရှိသော်လည်း၊ ဆေးရုံနှင့်လည်း နီးစပ်သော်လည်း ၊ မွေးဖွားချိန်ရောက်လျှင် ထိတ်လန့်မည်ကို စိုးရိမ်၍ စောစီးစွာ ဆေးရုံသို့ သွားရောက်နေထိုင်ခြင်းသည် ပို၍ကောင်းမွန်လိမ့်မည်ဟု ဆိုခဲ့သည်။

ဤအကြံပြုချက်ကို မဒမ်လီနှင့် ဝမ်စုဖန်းတို့သည်က လက်နှစ်ဖက်စလုံးမြှောက်၍ သဘောတူခဲ့ကြသည်။

သို့သော် ကျန်းကျန်းသည်ကား အိမ်၌သာ သက်သောင့်သက်သာ နေရ၍ ကောင်းစွာအိပ်ပျော်နိုင်ခဲ့သည်။

အဓိကအားဖြင့် သူ၏ဝမ်းဗိုက်အကြောင်းကို သူသည် သိရှိနေခြင်းဖြစ်၍ နောက်ထပ်ရက်အနည်းငယ် လိုအပ်သေးသည်ဟု သူသည် အမြဲတစေ ခံစားနေရခြင်းလည်း ဖြစ်သည်။

လူကြီးနှစ်ဦးက အလျင်စလိုဖြစ်နေကြသော်လည်း ကျန်းကျန်း၏ ဆုံးဖြတ်ချက်ကို မည်သည့်အခါမျှ မငြင်းခဲ့ကြပေ။

ခုနစ်ရက်ကြာမျှ အိမ်၌နေထိုင်ပြီးနောက်တွင် ကျန်းကျန်းက ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ရုတ်တရက်ပြောသည်။

“ဒီနေ့ ဆေးရုံကိုသွားကြမယ်”

ဤစကားတစ်ခွန်းကြောင့် တစ်အိမ်လုံးပင် ချွေးများ ဖြာကျကုန်ကြသည်။ မဒမ်လီ၏ ပထမဆုံး တုံ့ပြန်မှုသည်ကား:

“ရေမွှာ ပေါက်သွားပြီလား”

“မဟုတ်ပါဘူး”

ကျန်းကျန်းသည် ဦးခေါင်းကို ခါရမ်းလိုက်၍ ရယ်မောချင်စွာဖြင့် ပြောလာခဲ့လေ၏။

“ကျွန်မ ဒီနေ့ ကလေးမွေးလောက်တယ်လို့ ခံစားမိလို့ပါ”

ဤသို့သောကိစ္စများအား ထင်မြင်ရုံဖြင့် ဖြစ်နိုင်ပါ၏လော။ သို့သော် တွက်ချက်ကြည့်ပါကလည်း အချိန်သည်လည်း နီးကပ်နေပြီဖြစ်သောကြောင့် လင်းရှို့လန်နှင့် ဝမ်စုဖန်းတို့သည်လည်း ၎င်းတို့ပြင်ဆင်ထားခဲ့သည့် ခရီးဆောင်အိတ်များကို ကားနောက်ဖုံးအတွင်းသို့ အလျင်အမြန် ထည့်သွင်းကြသည်။

ရှီကျွင့်ကျဲက ကျန်းကျန်းအား ကားပေါ်သို့ ပွေ့ချီကာ တင်ပေးပြီး တစ်အိမ်လုံး ဆေးရုံသို့ အလျင်အမြန် မောင်းနှင်သွားခဲ့ကြသည်။

လင်းရှို့လန်သည်က VIP ရဆေးကုသဆောင်ကို ကြိုတင်မှာယူထားပြီးသားဖြစ်လေသည်။ အမျိုးသမီးများသည်ကား ဆေးရုံ၌ ကလေးမွေးဖွားရမည်ကို သိရှိကြသော်လည်း တစ်ခန်းတည်းတွင် စုပေါင်း၍နေနိုင်သည့်အခန်းသို့ သွားလိုသည့်သူများ မရှိကြပေ။

သို့ဆိုလျှင်ပင် VIP အခန်းတစ်ခန်းလုံးကို ငှားရမ်းရန်အတွက်မူ တွန့်ဆုတ်နေတတ်ကြသည်။ ပေးရသည့်ငွေနဲ့ မတန်ဟု ထင်မြင်ကြသည် မဟုတ်ပါလား။

သို့သော်ဘည်း လင်းရှို့လန်သည်ကား သူမ၏ချွေးမလေးသည် ငယ်စဉ်ကတည်းက ဒုက္ခများစွာ မရောက်ဖူးခြင်း၊ ဤတစ်ကြိမ်တွင် ကလေးနှစ်ဦးတောင် ကိုယ်ဝန်ရှိနေခြင်းဖြစ်၍ ငွေကြေးချွေတာရန်အတွက်လုပ်ဆောင်နေရန်မလိုအပ်ဟု ခံစားမိသောကြောင့် အဆင့်မြင့်ဆေးရုံခန်းဆောင်ကို ကြိုတင်မှာယူထားခဲ့ခြင်း ဖြစ်သည်။

ဆေးရုံတက်ရန် လုပ်ငန်းစဉ်များ ပြီးစီးသောအခါတွင် ဆေးဘက်ဆိုရင်ရာ ဝန်ထမ်းများက ကျန်းကျန်း၏ ဝမ်းဗိုက်ကို စမ်းသပ်ကြည့်လိုက်ကြပြီး ဗိုက်အနည်းငယ်တင်းနေသည်ကို ခံစားရသည်။

သူတို့ ကုသဆောင်သို့ ပြန်၍ စောင့်ကြည့်ရန် ပြောဆိုမည့်ဆဲဆဲတွင် ကျန်းကျန်းက ရှီကျွင့်ကျဲ၏လက်ကို ကိုင်ကာ တုန်တုန်ယင်ယင်နှင့်ပြောလိုက်လေသည်။

“ရေမွှာ ပေါက်သွားပြီ”

ဤတစ်ကြိမ်တွင် ကုသဆောင်သို့ ပြန်စရာမလိုတော့ချေ။ သူတို့က မွေးခန်းသို့သာ တန်း၍သွားရတော့မည်ဖြစ်သည်။

ကျန်းကျန်းအား ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက တွန်းသွင်းသွားသည်ကို မြင်သောအခါ ရှီကျွင့်ကျဲက ဆရာဝန်၏လက်ကို စိုးရိမ်တကြီး ဆွဲ၍ မေးသည်။

“ကျွန်တော်ရော ဝင်လို့ရလား၊ ခင်ပွန်းတစ်ယောက်က ဇနီးသည် ကလေးမွေးတဲ့အချိန်မျိုးမှာ လိုက်ပါခွင့်ရှိရမယ်မလား”

ဆရာဝန်က အနည်းငယ် ရှက်ရွံ့စွာနှင့် ပြောလာခဲ့သည်။

“ဒီလိုမျိုး အရင်က ဖြစ်ဖူးတာ မရှိပါဘူး၊ ပြီးတော့ မင်းဝင်သွားရင်လည်း ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူးလေ”

“ဒါပေမဲ့ ကျွန်တော် သူမရဲ့လက်ကို ကိုင်ထားရင် သူမ ကြောက်နေတော့မှာ မဟုတ်ဘူး”

ရှီကျွင့်ကျဲမှာ စိုးရိမ်မှုကြောင့် မျက်လုံးများ နီရဲနေခဲ့ပြီး တောင်းပန်နေခဲ့သည်။

“ဒေါက်တာ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဝင်ခွင့်ပြုပါ၊ ကျွန်တော့်ရဲ့ဇနီးလေး အခန်းထဲမှာ တစ်ယောက်တည်းဆိုရင် ကြောက်နေလိမ့်မယ်”

ကျန်းကျန်းသည်ကား အဆင့်မြင့်ကုသဆောင်၌ နေထိုင်ခြင်း၊ မွေးခန်းသည်လည်း သီးခြားဖြစ်နေခြင်းကြောင့် အခြားမိခင်များကို ထိခိုက်မှုမရှိနိုင်သော်လည်း လက်ရှိတရုတ်နိုင်ငံ၌မူ ကလေးမွေးဖွားခြင်း၌ ခင်ပွန်းသည် လိုက်ပါခွင့်ပြုသည့် စည်းကမ်းမရှိသေးပေ။

တာဝနာကျ ဆရာဝန်မှာ သူမ၏ရှေ့၌ ဇနီးဖြစ်သူကို စိတ်ပူ၍ ငိုနေသည့် အရပ် ၁.၈ မီတာရှိသော လူငယ်လေးကို ကြည့်လိုက်ပြီး အတွင်းထဲ၌ မွေးဖွားတော့မည့်သူသည်လည်း တရုတ်ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ရရှိရန် ကူညီပေးခဲ့သည့် လီမင်ကျန်းဖြစ်သည်ကို သတိရသွားသည့်အတွက်ကြောင့် စိတ်ပျော့သွားကာ ပြောလာသည်။

“ကျွန်မ အထက်လူကြီးဆီမှာ သွားလျှောက်ကြည့်ပါ့မယ်”

ရှီကျွင့်ကျဲလည်း မည်သည့်စကားကိုမျှ မပြောဘဲ ဦးခေါင်းကိုသာ ငြိမ့်လိုက်သည်။ လင်းရှို့လန်က အလျင်အမြန်ပင် ကျေးဇူးတင်လာသည်။

“ကျေးဇူးတင်ပါတယ် ဒေါက်တာ. တကယ်တော့ နိုင်ငံခြားမှာဆိုရင် ကလေးမွေးရာမှာ ခင်ပွန်းသည်လည်း လိုက်ပါပေးတာက ပုံမှန်ပါပဲ၊ ဒါက မိခင်ရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးရုံသာမက ခင်ပွန်းကိုလည်း ပိုပြီး တာဝန်ယူစိတ်ရှိစေပါတယ်၊ ကျွန်မတို့ကို စမ်းသပ်မှုတစ်ခုအဖြစ် သဘောထားပေးပါ”

ဆရာဝန်လည်း ဦးခေါင်းကို ငြိမ့်လိုက်ပြီး ခဏအကြာတွင် ခွင့်ပြုမိန့်နှင့် အလျင်အမြန် ရောက်လာပေးခဲ့သည်။ သူမက သူနာပြုတစ်ဦးကိုလည်း ခေါ်၍ ပြောခဲ့လေ၏။

“ဒီလူငယ်လေးကို ပိုးသတ်ပေးပြီး မွေးခန်းထဲ မိခင်ကို ဂရုစိုက်ဖို့ လိုက်ပါခိုင်းလိုက်ပါ”

ရှီကျွင့်ကျဲလည်း သက်ပြင်းချလိုက်၍ သူနာပြုနှင့်အတူ ဝင်တော့မည့်အချိန်တွင် လင်းရှို့လန်က သူ့ကို အလျင်အမြန် ဆွဲထားလိုက်သည်။

ထို့နောက် အိတ်အတွင်းမှ လှပစွာ ထုပ်ပိုးထားသည့် ချောကလက်အချို့နှင့် ရေသန့်ဗူးကို အလျင်အမြန် ထုတ်ပေးလိုက်လေသည်။

“အားမရှိတော့ရင် ကျန်းကျန်းကို ကျွေးလိုက်နော်၊ သူမက ပထမဆုံး ကလေးမွေးတာဆိုတော့ နည်းနည်း ပင်ပန်းလိမ့်မယ်”

ဝမ်စုဖန်းသည်လည်း သတိပြန်လည်ဝင်လာ၍ ဆေးဖက်ဝင်စွပ်ပြုတ်ထည့်ထားသည့် အပူထိန်းဗူးကို ရှီကျွင့်ကျဲ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒီမှာ ကြက်စွပ်ပြုတ်လည်း ပါတယ်နော်။ ကျန်းကျန်းကို တိုက်ပေးဖို့ မမေ့နဲ့နော်”

ရှီကျွင့်ကျဲသည်ကား မိသားစု၏ မှာကြားချက်များနှင့်အတူ မွေးခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

မဒမ်လီနှင့် အခြားသူများကမူ အပြင်ဘက်ရှိ စောင့်ဆိုင်းခန်းအတွင်းမှ ကုလားထိုင်များပေါ်၌ ပျော့ခွေနေခဲ့ကြပြီး စိတ်မအေးနိုင်စွာဖြင့် ထိုင်နေခဲ့ကြလေသည်။

မွေးဖွားခြင်းမှနာကျင်မှုက တဖြည်းဖြည်း ပို၍ပြင်းထန်လာခဲ့သည်။ ဤကဲ့သို့သော နာကျင်မှုမျိုးကို ကျန်းကျန်း ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်သည်။

နာကျင်မှုက မခံမရပ်နိုင်အောင် ဖြစ်လာသည့်အချိန်၌ပင် နွေးထွေးသည့် အရည်ကြည်တစ်ခုက သူ၏မျက်ခုံးမှစ၍ တင်ပါးဆုံအထိ ဖြည်းဖြည်းချင်း စီးဆင်းလာခဲ့လေသည်။

ကျန်းကျန်း ချက်ချင်းပင် သိရှိလိုက်သည်။ ၎င်းသည်ကား သူမ၏နာကျင်မှုကို သက်သာစေမည့် ရွှေရောင်သွေးစက်လေးဖြစ်သည်ပင် ။

*

All Chapters