← Chapters

အခန်း (၃၅၃)

Vol. 36 Ch. 353

အခန်း (၃၅၃)

Vol. 36 Ch. 353

နွေးထွေးသည့် အရည်ကြည်လေးက ပို၍မြန်ဆန်စွာ စီးဆင်းလာသည်နှင့်အမျှ ကျန်းကျန်းတစ်ယောက် သူမ၏ဝမ်းဗိုက်အောက်သို့ နစ်ဝင်သွားသည်ကို ခံစားလိုက်ရသည်။

သူမ အသက်ကို မရှူမိဘဲ ထိန်းထားခဲ့သည်။ ထို့နောက်တွင် ရုတ်တရက် သူမ၏ဝမ်းဗိုက်သည် အောက်သို့ မြန်ဆန်စွာဆင်းသွားပြီး ပြင်းထန်သည့် ကြွက်သားလှုပ်ရှားမှုနှင့်အတူ ပထမကလေးတစ်ယောက်က အပြင်ဘက်သို့ တိုးထွက်လာခဲ့လေသည်။

သူနာပြုသည် ပြုတ်ကျလာသည့်ကလေးကို ဖမ်းလိုက်ပြီး ဇောက်ထိုးမလိုက်ကာ ခြေဖဝါးလေးများကို ပုတ်လိုက်လေသည်။ ဤသို့ ပြုလုပာပြီးနောက်တွင် ကြည်လင်သည့် ငိုသံလေးက မွေးခန်းတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။

“ယောက်ျားလေးပါ!”

သားဖွားဆရာမက ဝမ်းသာပျော်ရွှင်စွာဖြင့် ကလေးကိုယူကာ ဘေးဘက်၌ သွားရောက် သန့်ရှင်းပေးခဲ့သည်။

ကျန်းကျန်းတစ်ယောက် သက်ပြင်းချလိုက်ရုံရှိသေးချိန်တွင် ရင်းနှီးသည့် ဝမ်းဗိုက်အောက်ပိုင်း တင်းမာလာသည့် ခံစားမှုသည် ထပ်မံ၍ ဖြစ်ပေါ်လာခဲ့သည်။

မွေးလမ်းကြောင်းသည်က ပွင့်နေပြီးသားဖြစ်သောကြောင့် အရင်တစ်ဦးထက် များစွာ ပို၍ချောမွေ့စွာ ထွက်လာခဲ့သည်။

“မိန်းကလေးပါ၊ အမြွှာကလေးနှစ်ဦး မွေးဖွားတာကို ဂုဏ်ယူပါတယ်!”

ကျန်းကျန်းတစ်ယောက် သက်ပြင်းချလိုက်ပြီးမှ စိတ်ဖိစီးမှုနှင့် နာကျင်မှုကြောင့် ရှီကျွင့်ကျဲ၏ လက်ကို ကုတ်ခြစ်မိသွားမှန်း သတိထားမိလိုက်သည်။

ချက်ချင်းပင် သူ၏လက်ပေါ်မှ သွေးများထွက်သည်များကို မြင်လျှင်အနည်းငယ်မျှ နောင်တရစွာဖြင့် ထိကြည့်လိုက်မိလေသည်။

“တောင်းပန်ပါတယ် ၊ ကျွန်မ ရှင့်ကို ကုတ်ခြစ်မိသွားတယ်မလား”

“ကိုယ်ကပဲ မင်းကို နာကျင်အောင်လုပ်မိလို့ တောင်းပန်ရမှာလေ”

ရှီကျွင့်ကျဲက ကျန်းကျန်း၏ လက်ကိုယူ၍ ညင်သာစွာ နမ်းလိုက်ကာ နူးညံ့စွာ ပြောလာခဲ့သည်။

“မင်းကို ပင်ပန်းအောင် ကိုယ်လုပ်မိတာပါ”

ကျန်းကျန်းက ပင်ပန်းနေရာမှ ပြုံးလိုက်မိသည်။

“ရှင် တကယ်တောင်းပန်သင့်တယ်”

ရှီကျွင့်ကျဲက ကျန်းကျန်း၏ နဖူးကို ထိကာ နမ်းရှိုက်လိုက်သည်။

“နောက်ရက်ကျရင် ကိုယ် သားကြောဖြတ်လိုက်မယ်”

သူနာပြုကတော့ ဤလူငယ်ဇနီးမောင်နှံနှစ်ဦးက ကလေးအသစ်မွေးဖွားသည်ကို မေ့နေသကဲ့သို့ နမ်းနေကြသည်ကို ကြည့်လိုက်ပြီး မွေးကင်းစ ကလေးနှစ်ဦးအား စောင့်ဆိုင်းနေသည့် မိသားစုဝင်များထံသို့သာ ခေါ်သွားရတော့သည်။

“လီမင်ကျန်းရဲ့ မိသားစုက ဘယ်သူတွေလဲ”

သူနာပြုက မေးမြန်းလိုက်သည်နှင့်

မဒမ်လီက အရင်ဆုံး ခုန်ထလာကာ အော်ပြောလိုက်သည်။

“ကျွန်မပါ ကျွန်မပါ”

သူနာပြုနှစ်ဦးက မဒမ်လီအား ၎င်းတို့၏ရင်ခွင်အတွင်းမှ ကလေးများကို ပြသာကာ ပြုံး၍ ပြောလာခဲ့သည်။

“အဘွား၊ ဂုဏ်ယူပါတယ်၊ အမြွှာနှစ်ယောက် မွေးလာခဲ့ပါပြီ”

မဒမ်လီက သူမ၏ပေါင်ကို ပုတ်၍ ဂုဏ်ယူစွာနှင့် ပြောလာသည်။

“ဒါပေါ့၊ ငါပြောသားပဲ နဂါးနဲ့ဖီးနစ်လေးတွေ ဖြစ်ကိုဖြစ်ရမယ်လို့”

သူနာပြုက ကျန်းကျန်းအား ပြင်ဆင်ကူညီပေးပြီးနောက်တွင် ရှီကျွင့်ကျဲသည် ကျန်းကျန်းအား မွေးခန်းအတွင်းမှ တွန်းထုတ်လာခဲ့သည်။

ကျန်းကျန်း၏ ပုံစံကို မြင်သည်နှင့် မိသားစုဝင်များသည် ချက်ချင်း ဝိုင်း၍ ကျန်းကျန်း၏ အခြေအနေကို မေးမြန်းကြသည်။

သဘာဝအတိုင်းမွေးဖွားခြင်းနှင့် နာကျင်မှုကို သက်သာစေသည့် ရွှေရောင်သွေးတို့ပါဝင်ခြင်းများကြောင့် ကျန်းကျန်းသည် များစွာ မသက်မသာ မခံစားရတော့ပေ။

သို့သော် အားနည်းသကဲ့သို့ ခံစားနေရသေးသည်။ သူမ၏မိသားစုဝင်များထံမှ စိုးရိမ်တကြီးမျက်နှာများကို ကြည့်၍ ကျန်းကျန်း ဦးခေါင်းခါရမ်းလိုက်ကာ တီးတိုးပြောလိုက်သည်။

“တော်တော်လေး သက်သာပါတယ်၊ အခု ပေါ့ပေါ့ပါးပါးလေး စားချင်တယ်”

လင်းရှို့လန်လည်း ချက်ချင်းပင် ပြောလာသည်။

“အိမ်မှာ အဆင်သင့်ပြင်ထားပြီ၊ မင်းရဲ့အန်တီယန်က ခုနစ်ရှစ်မျိုးလောက် လုပ်ထားပြီးပြီတဲ့၊ ခဏနေရင် ရောက်လာမှာပါ”

ဝမ်စုဖန်းက သူနာပြုထံမှ ကလေးတစ်ဦးကိုယူ၍ ပြုံးရင်း ပြောလာသည်။

“အရင်ဆုံး ဆေးရုံခန်းထဲကို ပြန်သွားကြရအောင်၊ ကျန်းကျန်းလည်း လှဲပြီးအနားယူရတာပေါ့”

လင်းရှို့လန်သည်လည်း အလျင်အမြန်ရှေ့တိုး၍ ကျန်ကလေးတစ်ဦးကို ပွေ့ချီလိုက်သည်။ လူအုပ်စုကြီးသည်က ကျန်းကျန်းနှင့် ကလေးနှစ်ဦးကို ဝိုင်း၍ ကုသဆောင်သို့ ပြန်သွားခဲ့ကြလေသည်။

အထူးကုသဆောင်မှာ အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ ရေချိုးခန်းတစ်ခန်း ပါဝင်သည့်ပုံစံဖြစ်၍ တစ်ခန်း၌ ဆေးရုံကုတင်နှင့် အဖော်စောင့်ပေးမည့်သူ အိပ်စက်သည့် ကုတင်တစ်လုံးပါဝင်သည်။

ကုတင်နှစ်လုံးကြားတွင်မူ အကြီးစားကလေးပုခက်တစ်လုံးရှိသည်။

အပြင်ဘက်၌မူ ဆိုဖာ၊ ကော်ဖီစားပွဲ၊ ရုပ်မြင်သံကြားနှင့် ထမင်းစားပွဲပါဝင်သည့် ဧည့်ခန်းတစ်ခုလည်းရှိသည်။

မဒမ်လီနှင့် ဝမ်စုဖန်းတို့လည်း VIP ဆောင်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်၍ အတွင်းရှိ ပရိဘောဂများကို မြင်သောအခါ အံ့အားသင့်သွားကြသည်။

“ဒါက သာမန်လူတွေရဲ့ အိမ်ထက်တောင် ကောင်းသေးတယ်၊ တီဗီတောင် ပါသေးတယ်”

ရှီကျွင့်ကျဲက ကျန်းကျန်းအား ပွေ့ချီ၍ ကုတင်ပေါ်သို့ ညင်သာစွာ တင်ပေးလိုက်သည်။

သူမ၏ခါးပေါ်မှ စောင်ကို ထိလိုက်သည့်အချိန်တွင် ကျန်းကျန်းလည်း စိတ်သက်သာရာရသွားပြီး သူမ၏လက်မောင်းများကို ဆန့်တန်းလိုက်သည်။

အနည်းငယ်မျှ လှုပ်ရှားပြီးနောက် ကျန်းကျန်းသည် လက်ဆန့်၍ ပွောလိုက်လေ၏။

“အမေ၊ ကလေးကို ချီပြီး ကျွန်မကို ပြပါဦး”

ဆေးရုံကုတင်သည်ကား အလွန်ကြီးမားသည်ဖြစ်၍ ကလေးနှစ်ဦးက ကျန်းကျန်း၏ ရင်ခွင်အတွင်း၌ ဘေးချင်းကပ်၍ အိပ်နေနိုင်ကြသည်။

ကျန်းကျန်းလည်း အမြွှာကလေးနှစ်ဦးကို သေချာစွာ ကြည့်လိုက်သောအခါ ရုပ်ရည်က တူညီနီးပါးပင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

နဂါးနှင့်ဖီးနစ်လေးများသည်ကား မွေးကင်းစကတည်းက အားအပြည့်ရှိနေခဲ့ကြသည်။ လက်သေးသေးလေးများနှင့် ခြေထောက်သေးသေးလေးများကို လှုပ်ရှားနေကြလေသည်။

ကျန်းကျန်း၏ဘေးမှ ကလေးမှာ ကျန်းကျန်းထံမှ မိခင်နံ့ကို ရရှိသွားသကဲ့သို့ပင်။ ဦးခေါင်းအသေးလေးသည် သူမဘက်သို့ ကြိုးစားလှည့်ကာ တွန်းနေပြီး ပန်းရောင်နှုတ်ခမ်းလေးက နို့စို့သည့်ပုံစံကို ပြုလုပ်နေခဲ့သည်။

“အိုး.. နို့စို့ချင်နေတာလား”

လင်းရှို့လန်က အံ့သြသင့်စွာ ပြုံးလိုက်သောအခါ ဖခင်နှစ်ဦးသည်လည်း ချက်ချင်းပင် စကားပြောဆိုခြင်း ရပ်တန့်လိုက်ကြပြီး အပြင်ဘက်ရှိ ဧည့်ခန်း၌ သွားရောက်စောင့်ဆိုင်းခဲ့နေကြသည်။

ရှီချန်ပေါ်သည်ကား ရုပ်မြင်သံကြားစင်အောက်မှ စစ်တုရင်ဗူးတစ်ဗူးကို ရှာဖွေတွေ့ရှိသွားခဲ့သဖြင့် နှစ်ဦးသာ ချက်ချင်းပင် အခွင့်အရေးယူ၍ တစ်ပွဲတိုက်ရန် ပြင်ဆင်လိုက်ကြသည်။

ကျန်းကျန်းက အဝတ်အစားကြယ်သီးကို ဖြုတ်၍ သူမ၏အနီးသို့ကပ်နေသည့်ကလေးကို ရင်ခွင်အတွင်း ပွေ့ဖက်လိုက်သည်။

ကလေးများသည်ကား မွေးဖွားသည့်အချိန်ကတည်းက နို့စို့တတ်ကြခြင်း ဖြစ်နိုင်သည်။ ကလေးက သူ၏နှာခေါင်းလေးကို တရှုံ့ရှုံ့လုပ်ကာ ရှူရှိုက်၍ ပစ်မှတ်ကို အလျင်အမြန် တွေ့သွားခဲ့ပြီး တိကျစွာ ငုံလိုက်လေသည်။

ကျန်းကျန်းသည်ကား ယခုလေးတင်ကမှ မွေးဖွားထားသည်ဖြစ်၍ နို့မထွက်သေးပေ။

သို့သော် သူမက အရင်ဘဝက ကလေးမွေးဖူးသည့် အကြီးအကဲများထံမှ မိခင်ပညာပေး အသိပညာအချို့ကို နားထောင်ထားဖူးသည်။

ဥပမာအားဖြင့် နို့ထွက်ရှိမှုကို အားပေးရန်အတွက် ကလေးမွေးဖွားပြီး နာရီဝက်အတွင်း ကလေးအား နို့တိုက်ရမည် ဟူသည်မျိုး ဖြစ်သည်။

ယောက်ျားလေးမှာ သန်မာသည့်ပုံရသည်။ နို့မရှိသော်လည်း မျက်လုံးမှိတ်၍ ပြင်းထန်စွာ စို့နေခဲ့သည်။ သူ၏လက်သေးသေးလေးများသည်က လက်သီးဆုပ်အဖြစ်ရှိနေပြီး အပေါ်အောက် လှုပ်ယမ်းနေခဲ့သည်။

သူက ဤတစ်ကြိမ်တွင် ၁၅ မိနစ်ကြာမျှ စို့သော်လည်း မည်သည်ကိုမျှ မသောက်ခဲ့ရဘဲ ပင်ပန်း၍ ချက်ချင်း အိပ်ပျော်သွားခဲ့သည်။ လင်းရှို့လန်လည်း ကလေးအား ညင်သာစွာ ချီသွားလိုက်လေ၏။ ကျန်းကျန်းလည်း သူမ၏ နောက်ထပ်ကလေးကို ရင်ခွင်အတွင်း ထပ်မံပွေ့ချီလိုက်သည်။

ညီမလေးဖြစ်သူမှာ အားနည်းသော်လည်း အစ်ကိုက ရှေ့ဆောင်လမ်းပြထားသည်ဖြစ်၍ ကျန်းကျန်းတစ်ယောက် ခဏအနားယူနိုင်လိုက်ပြီးနောက်တွင် နို့မျိုချသံကို ကြားလိုက်ရသည်။

“နို့ထွက်လာပြီ”

ကျန်းကျန်းက သူမ၏ သမီးလေး၏ နူးညံ့သည့် ကျောပြင်ကို ချစ်ခင်စွာ ပွတ်သပ်လိုက်ပြီး သူမ၏မျက်နှာတွင် အံ့သြဝမ်းသာသည့် အပြုံးများ ပြည့်နေခဲ့သည်။

ဝမ်စုဖန်းက ရှေ့သို့ ကိုင်းလိုက်ပြီး ကလေးမလေး၏ နှုတ်ခမ်းထောင့်ကို သေချာစွာ ကြည့်လိုက်သောအခါ နို့ဖြူဖြူလေး အနည်းငယ်တွေ့ရှိရပြီး ချက်ချင်းပင် ပြုံးလိုက်လေသည်။

“ဒီကလေးမလေးက သူ့အမေလိုပဲ ကံကောင်းတာပဲ၊ ကျွန်မ မင်နန် နဲ့ မင်ပေကို မွေးတုန်းက နို့သိပ်မထွက်ခဲ့ဘူး၊

ကျန်းကျန်းအလှည့်ကျတော့ မွေးပြီးကတည်းက နို့တွေအများကြီး သောက်ခဲ့ရတာ၊ ကို ကျန်းကျန်း ရဲ့ အဖွားကတော့ သူ့ထမင်းခွက်ကို သူကိုယ်တိုင် ယူလာတာလို့ ပြောတာပဲ”

ဤစကားကို ကြားသိသောအခါ တစ်အိမ်လုံး ရယ်မောလိုက်ကြသည်။

ကလေးမလေးက နှစ်ဖက်စလုံးမှ စို့ပြီး သူမ၏ဝမ်းဗိုက်သည် ဖောင်းနေခဲ့ပြီဖြစ်သည်။ ထို့အချိန်မှသာ မျက်လုံးလေးကို မှိတ်၍ အိပ်ပျော်သွားခဲ့သည်။

မကြာခင် အန်တီယန်နှင့် မဒမ်လီတို့လည်း အပူထိန်းဗူးများစွာနှင့် ရောဂါဆောင်အတွင်းသို့ ဝင်လာကြသည်။

လင်းရှို့လန်က ရှီချန်ပေါ်ကို ခေါ်လိုက်ပြီး အခန်းတွင်းမှ စားပွဲသေးသေးလေးကို ဆေးရုံခုတင်ဆီသို့ ရွှေ့ကာ အစားအစာများကို တင်လိုက်သည်။

“အခုမှ မွေးထားတာဆိုတော့ ပင်ပန်းနေမှာပေါ့၊ ခုတင်ပေါ်မှာပဲ စားလိုက်နော်၊ ဘာစားချင်လဲဆိုတာ အမေ့ကို ပြော၊ အမေ ပြင်ပေးမယ်”

ရှီကျွင့်ကျဲက ဆေးရုံကုတင်ကို ယူ၍ ခေါင်းအုံးကို ကျန်းကျန်း၏ ခါးနောက်၌ ထိုးထည့်ပေးကာ သူမအား သက်သောင့်သက်သာ ဖြစ်စေမည့်ပုံစံကို ချိန်ညှိပေးခဲ့သည်။

ထို့နောက် ပူနွေးသည့်မျက်နှာသုတ်ပဝါနှင့် သူမ၏လက်နှင့် မျက်နှာကို သေချာစွာ သုတ်ပေးခဲ့သည်။

ပြီးနောက် ဆေးရုံကခုတင်နှင့်တွဲပါဝင်သည့် စားပွဲသေးသေးလေးကို ထောင်လိုက်လေသည်။

လင်းရှို့လန်လည်း ပြုတ်ထားသည့် ကောက်ပဲဆန်ပြုတ်ကို ယူဆောင်လာပေးသည်။

ဤအချိန်တွင်မူ ဝမ်းချုပ်ခြင်းကို ကာကွယ်ရန်အတွက် ကောက်ပဲဆန်ပြုတ်သည် မဖြစ်မနေ စားသုံးရသည် မဟုတ်ပါလော။

လူကြီးများသည်ကား ကောက်ပဲဆန်ပြုတ်သည်က အာဟာရဓာတ်အရှိဆုံးဟု ထင်မြင်ကြသည်။ ထို့ပြင် ငါး၊ အသား၊ ဥနှင့် ဟင်းသီးဟင်းရွက်များလည်း ရှိသည်။

ကျန်းကျန်းသည် အရောင်အဆင်း၊ အနံ့အရသာနှင့် စားချင်စိတ်ဖြစ်စေသည့် ဟင်းပွဲများကို ကြည့်ပြီး အားဖြည့်ကာ စားသောက်လိုက်သည်။

တချို့အဝက်မျှ စားပြီးသည့်နောက်တွင် ဗိုက်ပြည့်သွာသောကြောင့် သူမ လေချဉ်တက်၍ ကျေနပ်စွာ လှဲလျောင်းလိုက်သည်။

ဝမ်းဗိုက်ပြည့်ဝသွားသောအခါတွင်အိပ်ချင်စိတ်များက ဖြစ်လာခဲ့သည်။ ကျန်းကျန်းလည်း စောင်ခြုံပြီး ခဏအကြာတွင် အိပ်ပျော်သွားခဲ့သည်။

*

All Chapters