← Chapters

အခန်း (၃၅၄)

Vol. 36 Ch. 354

အခန်း (၃၅၄)

Vol. 36 Ch. 354

ပြန်လည်နိုးထလာသောအချိန်တွင် ကလေးနှစ်ဦး၏ အားကောင်းသည့် ငိုသံများကို ကြားလိုက်ရလေသည်။

လင်းရှို့လန်နှင့် ဝမ်စုဖန်းတို့က ကလေးများ၏ အနှီးကို လဲပေးလိုက်ပြီး သန့်ရှင်းပြီးသား ကလေးလေးများကို ကျန်းကျန်း၏ ရင်ခွင်အတွင်း ပြန်လည်ထည့်ပေးလိုက်သည်။

ကလေးကို နို့တိုက်ပြီးနောက် ပြန်ချထားပြီးချိန်တွင် လင်းရှို့လန်က ပြုံး၍ တံခါးဖွင့်လိုက်လေသည်။

“အားလုံးပဲ၊ ကျန်းကျန်း နိုးလာပြီ၊ ဝင်လာကြတော့”

ကျန်းကျန်း လှည့်ကြည့်လိုက်လျှင် အပြင်ဘက်မှနေ၍ လူအုပ်စုကြီးတစ်ခုလုံး ဝင်လာကြသည်ကို တွေ့လိာက်ရသည်။

နှစ်ဖက်မိသားစုဝင်အားလုံး ရောက်ရှိနေကြပြီး အခန်းတွင်း၌ လူများပြည့်နှက်နေသည်ကို တွေ့ရှိလိုက်ရသည်။ လင်းရှို့လန်က သူတို့ကို တစ်ချက်ကြည့်၍ အမိန့်ပေးလိုက်သည်။

“မင်းတို့ အသုတ်လိုက် ခွဲလိုက်ပြ၊ ငါတို့ရဲ့ကလေးတွေကို ကြောက်သွားမှာကို မသိဘူးလား”

ချက်ချင်းပင် နောက်ဘက်မှလူများလည်း ပြုံး၍ နောက်ဆုတ်သွားကြသည်။ အခန်းအတွင်း၌ လေးငါးဦးသာ ကျန်ရှိတော့လေသည်။

အသားမုန့်လုံးနှင့် ပဲမုန့်လုံးတို့က ရှေ့တန်းမှနေ၍ ပြေးဝင်လာကြသည်။ မင်တုန်၊ မင်နန်နှင့် မင်ပေတို့လည်း အရှေ့သို့ တိုးဝှေ့လာကြပြီး ဤငါးဦးသည်ကား ကလေးကို ဝိုင်းကာ အချိန်ကြာမြင့်စွာ ကြည့်နေခဲ့ကြသည်။

အသားမုန့်လုံးက ရုတ်တရက် ကျန်းကျန်းအား ကြည့်ကာ ကောက်ကျစ်စွာ ပြုံးလာခဲ့သည်။

“အန်တီလေး၊ နဂါးနဲ့ဖီးနစ်လေးတွေကို နာမည်ပေးပြီးပြီလား၊ ဒါမှမဟုတ် ကျွန်တော် နာမည်ပေးရမလား”

ကျန်းကျန်းက သူ့အား သတိထား၍ ကြည့်လိုက်သည်။

“မင်းရဲ့ အဆင့်ကိုမယုံဘူး”

“ဟမ့်”

အသားမုန့်လုံးသည် မကျေမနပ်နှင့် သူမအားကြည့်၍ ပြောလာသည်။

“ကျွန်တော် ကောလိပ်ကနေ ဘွဲ့ရတော့မှာနော်၊ ဒါတောင် မကောင်းသေးဘူးလား”

ပဲမုန့်လုံးသည်လည်း ပြုံး၍ ဝင်ပြောခဲ့သည်။

“အန်တီလေး၊ ကျွန်တော်လည်း ကောလိပ်ကျောင်းသားပဲ၊ ကျွန်တော်လည်း ကူစဉ်းစားပေးမယ်”

“တစ်ယောက်ကို မုန်လာဥချဉ်၊ တစ်ယောက်ကို ခေါက်ဆွဲဖတ်လို့ ပေးရင်ကော”

အသားမုန့်လုံးသည်က အလေးအနက် စဉ်းစားနေသကဲ့သို့ ဦးခေါင်းခါလိုက်၍ ပြောလာသည်။

“ဒီနှစ်ခု ပေါင်းလိုက်ရင် အရသာက ပြည့်စုံတယ်”

“မကောင်းပါဘူး၊ အရမ်း ရိုင်းတယ်”

ပဲမုန့်လုံးသည် ဦးခေါင်းခါလိုက်၍ ဝင်ပြောခဲ့သည်။

“တစ်ယောက်ကို ပဲနို့၊ တစ်ယောက်ကို ပေါက်စီကြော်လို့ ပေးရင်ကော၊ အစ ကတည်းက မောင်နှမအရင်းတွေလိုပဲ”

အသားမုန့်လုံးတို့ ညီအကို၏ စနောက်မှုတို့ကိုကြားလျှင် လီမင်ပေတစ်ယောက် သူ၏ တူများဖြစ်ကြသည့် အသားမုန့်လုံး၊ ဖက်ထုပ်၊ ဘီစကစ်စသည်တို့ကို သတိရမိလျက် ရုတ်တရက် ပြုံးလိုက်၏။

“ကျန်းကျန်း ၊ မင်းရဲ့ တူလေးတွေကို အဲဒီလိုနာမည်တွေပေးတုန်းက ဒီနေ့လိုမျိုး ဖြစ်လာမယ်လို့ မတွေးမိခဲ့ဘူးမလား”

ကျန်းကျန်းက သူ့ကို သွားဖြူဖြူများ ပေါ်လွင်အောင် ရယ်ပြလျက် ပြောလာသည်။

“ဘယ်သူက ကျွန်မရဲ့ နဂါးနဲ့ဖီးနစ်အမြွှာကို အသားမုန့်လုံးလိုမျိုး နာမည်ပြောင်ပေးမယ်လို့ ပြောလို့လဲ”

အသားမုန့်လုံး၏ ကြောင်သွားသည့် မျက်နှာကို မြင်သောအခါ ကျန်းကျန်းသည် ရှီကျွန့်ကျဲကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။

“ကျွန်မတို့ မိသားစုက ရှီမျိုးရိုးပဲ လီမဟုတ်တော့ဘူး”

အသားမုန့်လုံးတစ်ယောက် မကောင်းသည့် နိမိတ်တစ်ခုကဲ့သို့ ခံစားမိလျက် ရှီကျွင့်ကျဲကို မေးလိုက်သည်။

“ဦးလေး ၊ ဦးလေးတို့ မိသားစုဘက်က နဂါးနဲ့ဖီးနစ်နဲ့ မျိုးဆက်တူတဲ့ ကလေးတွေရဲ့ နာမည်ပြောင်တွေက ဘာတွေလဲ”

ရှီကျွန့်ကျဲသည် ခဏမျှ စဉ်းစားလျက် ပြောလိုက်သည်။

“နာမည်ပြောင်မရှိဘူး၊ နာမည်ရဲ့ နောက်ဆုံးစာလုံးနှစ်လုံး ဒါမှမဟုတ် တစ်လုံးပဲ ခေါ်ကြတာ”

“ကောက်ညှင်းထုပ်တို့လိုမျိုး မရှိဘူးလား”

အသားမုန့်လုံးက မကျေမနပ် ဖြစ်နေဆဲပင်။

ရှီကျွင့်ကျဲသည်က ပြုံးလျက် ခေါင်းခါရမ်းပြလိုက်သည် ။

“စိတ်မကောင်းပါဘူး၊ ငါတို့မိသားစုထဲမှာ ကျန်းကျန်းလိုမျိုး ရိုးရှင်းတဲ့ အဒေါ်မျိုးမရှိဘူးလေ”

အသားမုန့်လုံး၏ မှိုင်တွေသွားသည့် မျက်နှာကို မြင်သောအခါ ကျန်းကျန်းက ကျယ်လောင်စွာ ရယ်မောလျက် ပြောလိုက်လေ၏။

“မိသားစုက နာမည်ပြောင်နဲ့ စနောက်ခဲ့တာ၊ ကျွန်မတို့မိသားစုအတွက် အစကတည်းက နာမည်ကြီးတွေ ပေးဖို့က နည်းနည်းခက်ခဲတယ်၊ ဒါကြောင့် စိတ်ထင်ရာ ခေါ်ခဲ့ကြတာလေ၊ မင်းကို နာမည်ပေးဖို့သွားတော့ အဲဒီနေ့တုန်းက မှတ်ပုံတင်ခဲ့တာ မှတ်မိတယ်”

အသားမုန့်လုံးက သူ၏မျက်နှာကို သုတ်လျက် ရှီကျွင့်ကျဲအနီးသိာ့ ကပ်သွားပြန်သည်။

“ကျွန်တော်ကတော့ အမည်ပြောင်ရှိတာက ကောင်းတယ်လို့ထင်တာပဲ၊ ချစ်စရာကောင်းအောင် ခေါ်ဆိုဖို့အတွက်လည်း ကောင်းတယ်လေ၊ ပေးဖို့ ခက်ခဲနေမယ်ဆိုရင် ကျွန်တော် အကြံဉာဏ်တွေပေးနိုင်တယ်”

အသားမုန့်လုံးက သူ၏ အိတ်ကပ်မှ စာရွက်တစ်ရွက်ကို ထုတ်ယူလျက် ရှီကျွင့်ကျဲအား ပေးအပ်လိုက်သည် ။

“ဒီစာရွက်မှာ ကျွန်တော် စဉ်းစားထားတာတွေ ရေးထားတယ်၊ အဲဒီထဲက နှစ်ခုကို ရွေးလို့ရတယ်”

ရှီကျွင့်ကျဲ စာရွက်ကို ယူကြည့်လိုက်သောအခါ ချက်ချင်း ပြုံးလိုက်သည်။

“မင်းက ပြည့်စုံတဲ့ မန်ချူးစားစရာပွဲကြီး တစ်ပွဲ ချရေးထားတာပဲ”

အသားမုန့်လုံးက လှောင်ပြောင်လျက် ပြောလာလေ၏။

“အဓိကကတော့ ကျွန်တော့်အဒေါ်က ဒီပုံစံကို ကြိုက်လို့ပဲလေ၊ ကျွန်တော့တို့အိမ်က အစားအသောက်တွေကို ကြည့်ရင်လည်း အဒေါ်ကြိုက်တာတွေချည်းပဲ မဟုတ်ဘူးလား”

“ကောင်းပြီ၊ ဒီစာရွက်ကို သိမ်းထားလိုက်မယ်”

ရှီကျွင့်ကျဲသည် စာရွက်ကို ခေါက်လျက် အိတ်ထဲ၌ ထည့်လိုက်သည်ကိုမြင်လျှင် အသားမုန့်လုံး၏ မျက်လုံးများ ချက်ချင်း အရောင်တောက်လာ၏။

သူ ကျေနပ်နေစဉ် ရှီကျွန့်ကျဲက ပေါ့ပေါ့ပါးပါး ပြုံးလျက် ပြောလိုက်လေ၏။

“ဒီရက်ပိုင်း မင်းအဒေါ်အတွက် ဘယ်လို အရသာရှိတဲ့ အစားအစာတွေ လုပ်ပေးရမလဲဆိုတာ စိတ်ပူနေတာ၊ မင်းဆီက မီနူးက ရှိနေတော့ အများကြီး ပိုအဆင်ပြေသွားပြီ၊

နေ့တိုင်း မတူညီတဲ့ အစားအသောက်နည်နည်းလောက်စီလုပ်ပြီး တစ်လလုံး ရွေးချယ်ပြီးစားလို့ရပြီ”

အသားမုန့်လုံး၏ စိတ်ဓာတ်ကျနေသည့် ပုံကိုမြင်သောအခါ လီမင်နန်နှင့် လီမင်ပေတို့ နှစ်ယောက်စလုံး ကျယ်လောင်စွာ ရယ်မောကြသည်။

လီမင်ပေက သူထက် အရပ်ရှည်သည့် တူတော်မောင်၏ ပခုံးကို ပုတ်လျက် စိတ်ရင်းမှန်ဖြင့် ပြောလိုက်လေသည်။

“ဒီလောက်နှစ်တွေ ကြာနေပြီ၊ မင်းက ဘာလို့ အဖြစ်မှန်ကို မသိနိုင်သေးတာလဲ၊ တကယ်တော့ စဉ်းစားကြည့်ရင် မင်းရဲ့နာမည်လည်း တော်တော် ကောင်းပါတယ်၊ မင်းရဲ့ညီမ သကြားမုန့်လုံးဆိုရင်လည်းကြည့်လိုက်၊ ခေါ်ရတာလည်း ချိုမြိန်တယ်”

အသားမုန့်လုံးက သူ့ကို စောင်းကြည့်လျက် မကျေမနပ်ပြောခဲ့သည်။

“ဒါဆို အသားမုန့်လုံးကို ခေါ်ကြည့်ပါလား၊ အသက်ကြီးနေပြီကို အခုထိ ဒီနာမည်ကိုခေါ်ရင် ဗိုက်ပြည့်နေတယ်လို့ မခံစားရဘူးလား”

လီမင်ပေက သူ၏ ဝမ်းဗိုက်ကို ပွတ်သပ်လျက် ဆိုးသွမ်းစွာပြုံးရင်း ပြောလိုက်သည်။

“မခံစားရပါဘူး၊ ငါ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက ကြက်သွန်မြိတ်နဲ့ငါးလုံး၊ ကြက်သွန်ဖြူနှင့်တစ်လုံး စားရမယ်လို့ပဲ”

လူအုပ်စုက ရယ်မောလိုက်ကြပြီး မဒမ်လီက လက်ဝှေ့ရမ်းလျက် ပြောခဲ့သည်။

“တော်ပြီ၊ မင်းတို့ အပြင်ထွက်ပြီး ပြောနေလိုက်ကြ၊ နောက်အသုတ်ကို အလှည့်ပြောင်းပေးလိုက်ကြ”

ကလေးနှစ်ဦးက များစွာ လိမ္မာကြသည်။ လူအများအပြား ကြည့်ရှုနေသည်များသော်လည်း မငို၊ မဆူကြပေ။ အိပ်ချင်လာသည့်အချိန်တွင် မျက်လုံးများ ပိတ်လျက် အိပ်ပျော်သွားကြသည်။ ဘေးပတ်ဝန်းကျင်မှ အသံများသည်လည်း သူတို့၏ အိပ်စက်ခြင်းကို မည်သို့မျှ မနှောင့်ယှက်နိုင်ပေ။

ဧည့်သည်များ ပြန်သွားသောအခါ လင်းရှို့လန်က မဒမ်လီ၏ ပင်ပန်းနွမ်းနယ်နေသည့် ပုံကို ကြည့်လျက် အလျင်အမြန်ပင်ပြောလျက်ချော့မော့သည်။

“အန်တီ၊ ချန်ပေါ်ကို ကားနဲ့ ပြန်လိုက်ပို့ခိုင်းလိုက်ပါလား၊ ကျွန်မပဲ ဒီမှာ ကျန်းကျန်းကို စောင့်ရှောက်လိုက်ပါ့မယ်”

ဝမ်စုဖန်းသည်လည်း အလျင်အမြန်ပင် ပြောခဲ့သည်။

“ခမည်းခမက်က အလုပ်သွားရတာနဲ့တင် ပင်ပန်းနေပါပြီ၊ အလှကုန်စက်ရုံမှာလည်း အလုပ်တွေ ရှိနေသေးတယ် မဟုတ်လား၊

ခမည်းခမက်က ကိုယ့်ရဲ့အလုပ်တွေကိုပဲ လုပ်လိုက်ပါ၊ ဒီမှာ ကျန်းကျန်းအတွက် ကျွန်မရှိနေတယ်၊ ကျွန်မတို့ ဒီဆေးရုံမှာ ဒီလောက်ကြာအောင် အတူတူနေလာတာ၊ ဘယ်လိုလူတွေလဲဆိုတာ သိတာပဲ၊ အပြင်လူတွေမှ မဟုတ်တာ”

အလှပြင်ဆိုင်များ၏ လုပ်ငန်းသည် ကောင်းမွန်နေပြီး လင်းရှို့လန်သည် ပင်းချန်၊ မိုတု၊ ဟွားတုကဲ့သို့သော မြို့ကြီးများ၌လည်း ဆိုင်ခွဲများစွာ ဖွင့်လှစ်ထားသည။

အလှပြင်ဆိုင်လုပ်ငန်းက ကောင်းမွန်သော်လည်း သူတို့ အသုံးပြုသည့် အသားအရေထိန်းသိမ်းမှု ပစ္စည်းများသည် အခြားအမှတ်တံဆိပ်များသာ ဖြစ်ပြီး သူတို့ကိုယ်ပိုင် အလှကုန်အမှတ်တံဆိပ် မရှိသေးပေ။

ထို့ကြောင့် လင်းရှို့လန်က သူ့ကိုယ်ပိုင် အလှကုန်အမှတ်တံဆိပ် ထုတ်လုပ်ရန်ကို အစီအစဉ်ထဲ၌ ထည့်သွင်းထားပြီး ဤဘက်နယ်ပယ်၌လည်း မကြာသေးမီကမှ အလုပ်များနေသည်။

သူမက ကလေးများနှင့် မိသားစုကို ဂရုစိုက်ရသည်ထက် ကိုယ်ပိုင်စီးပွားရေးကို အလျင်အမြန် လုပ်ဆောင်ရသည်ကို ပိုမိုနှစ်သက်သည်။ ထိုသို့ပြုလုပ်မှ စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှု ရရှိသည်။

ထို့ကြောင့် လင်းရှို့လန်က အလှပြင်ဆိုင်လုပ်ငန်းကို ပိုမို အလုပ်လုပ်လိုသော်လည်း ယောက္ခမ ဖြစ်နေသည့်အတွက် သူ့၏ချွေးမအတွက် အကုန်လုံးကို လုပ်ဆောင်နေပါလျှင် သူမလည်း မသက်မသာ ဖြစ်မည်ကို စိုးရိမ်သည်။

ဤသည်ကား သဟဇာတဖြစ်သော ယောက္ခမ-ချွေးမ ဆက်ဆံရေး၌ အားနည်းချက်များ ဖြစ်ပေါ်စေနိုင်ပေသည်။

သို့သော် ဝမ်စုဖန်းက သူမ၏ ဘဝတစ်လျှောက်လုံး ကလေးများနှင့်သာ ပတ်ချာလည်ခဲ့သည်။ သူမသည် ပျော်ရွှင်သောဘဝဆိုသည်မှာ ကလေးများကို ပြုစုစောင့်ရှောက်ပေးခြင်းသာ ဖြစ်သည်ဟု ခံစားရသည်။ ဤသည်က သူမကို လိုအပ်သည်ဟု ခံစားရစေသည်။

ကျန်းကျန်းလည်း မိခင်နှစ်ဦး၏ အခြေအနေကို ကောင်းစွာသိရှိပြီး လင်းရှို့လန်၏ စိုးရိမ်ပူပန်မှုများကို ခန့်မှန်းနိုင်သည်။ ထို့ကြောင့် သူမသည်လည်း ဝင်ပြောခဲ့သည်။

“အမေ၊ စက်ရုံတည်ဆောက်ရေးက မေမေ့မပါဘဲ မဖြစ်ဘူးနော်၊ ပြီးတော့ ဒီမှာ ကျွန်မအမေနဲ့ ရှီကျွင့်ကျဲလည်း ရှိနေတော့ အမေ မပူပါနဲ့၊ အမေ့ရဲ့ဂရုစိုက်နေတာ ကောင်းပါတယ်”

“ဟုတ်တယ်၊ အပြင်လူလို မလုပ်ပါနဲ့”

မဒမ်လီသည်လည်း လင်းရှို့လန်၏ လက်ကို ဆွဲလျက် ပြောလိုက်သည်။

“ရှောင်ယန်နဲ့ ရှောင်လီတို့ကလည်း ထမင်းလာပို့ပေးဖို့အသင့်ရှိတယ်၊ ကျန်းကျန်းရဲ့အမေက ကလေးကိုချီပြီး အနှီးလဲပေးရုံပဲလုပ်ရမှာလေ၊ ပင်ပန်းစရာမရှိဘူး.

ဒါ့အပြင် ဒီရက်ပိုင်း ကလေးက ဝမ်းအမဲစွန့်တာဆိုတော့ အနှီးတွေကို တိုက်ရိုက် လွှင့်ပစ်လိုက်ရုံပဲ၊ လျှော်စရာမလိုဘူး၊ ပင်ပန်းတဲ့အလုပ် မရှိဘူး၊ ဆေးရုံက ဆင်းပြီးရင်လည်း အနှီးလျှော်ဖို့အတွက် ထိန်းကူရှိမှာဆိုတော့ မင်း ဒီဘက်ကို မပူပါနဲ့”

နှစ်ဖက်မှ အမေများက တစ်ယောက်ကို တစ်ယောက်ပြန်သွားရန် အပြန်အလှန် ချော့မော့နေစဉ် ဧည့်သည်များကို ပြန်လိုက်ပို့ခဲ့သည့် ရှီကျွန့်ကျဲလည်း သူတို့၏စကားကို ကြားလိုက်သောကြောင့် ဝင်ပြောလာသည်။

“ကျွန်တော့်ကို သွားခိုင်းစရာမလိုပါဘူး၊ ဒီည ကျန်းကျန်းနဲ့အတူ ကျွန်တော် ဒီမှာပဲ နေပါ့မယ်၊ အမေတို့အားလုံး ပြန်လို့ရပါပြီ”

*

All Chapters