အခန်း (၃၅၅)
Vol. 36 Ch. 355
ရှီကျွင့်ကျဲ၏ စကားကိုကြားလျှင် မဒမ်လီက ချက်ချင်းပင် ကန့်ကွက်လာသည်။
“အဲလိုမရဘူး၊ မင်းလို ယောကျ်ားတစ်ယောက်က ကလေးကို ပြုစုနိုင်ပါ့မလား”
“ဒါက ကျွန်တော် သင်ယူရမယ့် ကိစ္စပဲလေ၊ ဒါ့အပြင် အဖွားတို့က ညတိုင်း နိုးနေရဦးမယ်ဆိုရင် အဆင်မပြေဘူး၊ အသက်ကြီးလာရင် တစ်ခါတစ်လေ နိုးလာရင် ပြန်အိပ်ဖို့ခက်တတ်တယ်ဆိုတော့ တစ်ညလုံး ကောင်းကောင်း အိပ်ရမှာ မဟုတ်မှာစိုးတယ်”
ရှီကျွနင့်ကျဲက ဝမ်စုဖန်းအား တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ဆက်ပြောလိုက်သည်။
“မနက်ဖြန် အမေ ကျွန်တော့်ဆီ အစားအသောက်ယူလာတဲ့အချိန် ကျွန်တော် အိပ်ရေးဝအောင် ပြန်အိပ်လိုက်မယ်၊ ပြီးရင် တစ်လှည့်စီ လုပ်ကြတာပေါ့”
ဤစကားများသည် ဝမ်စုဖန်းကို စိတ်လှုပ်ရှားစေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤနေရာ၌ ပင်ပန်းနေကြပြီဖြစ်၍ မနက်ဖြန်အတွက် စွမ်းအင်များ ချန်ထားသင့်ပြီဖြစ်သည်။
“ကောင်းပြီ၊ နက်ဖြန် စောစော လာခဲ့ပါ့မယ်”
သို့သော် ဝမ်စုဖန်းအနေဖြင့် ရှီကျွင့်ကျဲသည် ကျန်းကျန်းကို အလွန်အမင်း ချစ်ခင်သည်ကို သိသော်လည်း သူသည်က လူများကို ပြုစုပေးခြင်းကို ယခင်က မလုပ်ခဲ့ဖူးသည်အတွက် သူမက စိတ်ပူပန်နေခဲ့သေးသည်။
ထို့ကြောင့် သူ့ကို ဆွဲလျက် မိခင်နှင့် ကလေးကို မည်သို့ ဂရုစိုက်ရမည်ကို အကြိမ်များစွာ ပြောပြခဲ့သည်။ ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့သည် အလွတ်ရလုနီးပါး ဖြစ်သွားသောအခါမှသာ သူမ လိုက်သွားတော့သည်။
တံခါးပိတ်လိုက်ပြီးနောက်တွင် အခန်းထဲ၌ တိတ်ဆိတ်သွားခဲ့သည်။ ရှီကျွင့်ကျဲသည် သူ၏ လူနာစောင့်အိပ်ရာကို ဆေးရုံကုတင်ဘေးအနီးသို့ ရွှေ့လိုက်သည်။
ထို့နောက် ယူလာသည့် ညအိပ်ဝတ်စုံကို ဝတ်ဆင်လိုက်ပြီး သူ၏ လက်ကို ဆန့်ထုတ်လျက် ကျန်းကျန်းကို ရင်ခွင်ထဲ၌ ဖက်လိုက်လေသည်။ ပြီးနောက် ကျေနပ်စွာ သက်ပြင်းချလျက် ပြောလာသည်။
“ဒီနေ့ ကိုယ် မင်းကို အရမ်းဖက်ချင်နေတာ၊ ဒါပေမယ့် လူတွေ အရမ်းများတော့ မဖက်ရဲဘူး”
ကျန်းကျန်းလည်း ပြုံးလိုက်မိကာ ရှီကျွင့်ကျဲ၏ ရင်ခွင်ထဲ၌ ခေါင်းကို မှီလိုက်သည်။ သူမ၏ မျက်နှာလေး သူ၏ နူးညံ့သည့် ညအိပ်ဝတ်စုံကို ပွတ်သပ်နေခဲ့သည်။
“ကျွန်မရောပဲ ရှင်နဲ့ အတူရှိပြီး စကားပြောချင်နေတာ”
“ဘာပြောချင်တာလဲ”
ရှီကျွင်ကျဲက ကျန်းကျန်းကို အပြုံးတစ်ခုနှင့် ကြည့်လျက် မေးသည်။
ကျန်းကျန်းက သူမ၏ လက်ချောင်းများနှင့် ရှီကျွင့်ကျဲ၏ ကြယ်သီးများကို ဆော့ကစားနေခဲ့ကာ အနည်းငယ် ရှက်နေသည့်ပုံရသည်။
“ကျွန်မတို့ အခု မိဘတွေ ဖြစ်လာပြီဆိုတာကို တကယ်မဟုတ်သေးဘူးလို့ ခံစားရတယ်”
သူမ ပြောဆိုပြီးသွားသည်နှင့် ရုတ်တရက် အခန်းထဲမှ တိတ်ဆိတ်မှုကို ငိုသံတစ်ခုက ဖြိုခွဲလိုက်သည်။ ပြီးနောက် နောက်တစ်ဦးသည်လည်း စတင်၍ ငိုကြွေးတော့သည်။
ရှီကျွန့်ကျဲတစ်ယောက် ခပ်ဖွဖွ ရယ်မောမိလိုက်သည် ။
“ဒီတစ်ခါက တကယ်လို့သိပြီးလား”
“တကယ်ပဲ”
ကျန်းကျန်း ခေါင်းတစ်ဆက်ဆက် ငြိမ့်လိုက်သည် ။
“မြန်မြန်လေး ၊ ကလေးလေးကို ချီပေးဦး၊ ဒီလောက်သေးသေးလေးနဲ့ အသံအကျယ်ကြီး ငိုနေတာ”
ရှီကျွင့်ကျဲလည်း ကလေးကို အိပ်ရာပေါ်သို့ ချီတင်လိုက်ကာ ကျန်းကျန်းကို ပေးလိုက်သည်။ ကျန်းကျန်းကလည်း ထိုင်နေရင်းဖြင့် ထိုကလေးအပြင် နောက်တစ်ဦးကိုပါ ပွေ့ချီလိုက်လေသည်။
ရှီကျွင့်ကျဲသည်ကား ကျန်းကျန်း၏ လက်ကို ထိခိုက်မည်ကို စိုး၍ ကလေးများ၏အောက်ဘက် ဂရုတစိုက် ထောက်ပံ့ပေးထားခဲ့သည်။ သို့သော်လည်း ဤအချိန်၌ကား ခွန်အားကြီးခြင်း၏ အကျိုးကျေးဇူးကို မြင်တွေ့နိုင်သည်။
ကျန်းကျန်းက ကလေးနှစ်ဦးကို တစ်ချိန်တည်း နို့တိုက်နေသည်မှာ ပင်ပန်းသည်ဟု လုံးဝမခံစားရပေ။ သူမအနေဖြင့် ပန်းသီးနှစ်လုံးကို ကိုင်ထားသည်ကဲ့သို့ပင် ဖြစ်နေခဲ့သည်။
မွေးကာစကလေးသည်ကား စား၊ အိပ်၊ အိပ်၊ စား ဟူသည့် အဆင့်၌ ရှိနေသည်။ ရှီကျွင့်ကျဲသည် ကလေးကို ပြန်ချီလျက် အနှီးကို ထပ်မံလဲပေးလိုက်သည်။ ပြီးနောက် ကျန်းကျန်းကို ခပာတင်းတင်း ဖက်လိုက်လေသည် ။
“ကောင်းပြီ၊ အခု သူတို့တွေ ငြိမ်နေတုန်း မြန်မြန် အိပ်လိုက်တော့”
ကျန်းကျန်းက နေ့ခင်းဘက်တွင် အိပ်စက်ထား၍ ဤအချိန်၌ သိပ်ပြီးအိပ်မငိုက်တော့ပေ။ ဘေးနားတွင်ရှိနေသော ကလေးတွန်းလှည်းထဲမှ ကလေးကို ကြည့်လျက် ရှီကျွင့်ကျဲကို ညင်သာစွာ တွန်းလိုက်သည်။
“ကျွန်မတို့ရဲ့ နဂါးနဲ့ဖီးနစ်လေးတွေကို ဘယ်လိုခေါ်ရမယ်လို့ ထင်လဲ”
ဤကိစ္စသည် အချိန်အတော်ကြာ လေ့လာခဲ့ပြီး အမည်များကို စာရွက်များစွာ၌ ချရေးခဲ့သော်လည်း မည်သည့်အမည်မျှ သူတို့စိတ်ထဲ မတွေ့သည်ဟု ခံစားနေရသည်။
ရှီကျွန့်ကျဲလည်း စဉ်းစားမိသောအခါ ခေါင်းကိုက်လာရသည်။ ကလေး၏ နာမည်သည် ဘဝတစ်ခုလုံးအတွက် ကိစ္စဟု အစဉ်အမြဲ ခံစားနေရပြီး အကောင်းဆုံးတစ်ခုကိုသာ ပေးသင့်သည်ဟု ထင်နေခဲ့သည်။
သို့သော်လည်း ယခု ကလေးများ ထွက်လာပြီဖြစ်ပြီး သူတို့အနေဖြင့် လောင်တာ့နဲ့ ရှောင်အာ့ဟု ခေါ်ဆို၍ မရနိုင်ချေ။ ထို့ကြောင့် ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့ ဆွေးနွေးလိုက်ကြသည် ။
“မဖြစ်ဘူး၊ ပထမတော့ နာမည်ပြောင်လေး ခေါ်ထားလိုက်မယ်၊ ပြီးတော့ ပြန်ရောက်မှ ထပ်လေ့လာကြတာပေါ့”
ကျန်းကျန်းက ခေါင်းလှည့်လျက် အိပ်နေသည့် အမြွှာများကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများက ထောင့်တစ်နေရာ၌ ပုံထားသည့် သစ်သီးများဆီသို့ ရောက်ရှိသွားသည်။
ရုတ်တရက် အမည်ပြောင်နှစ်ခုက သူမ၏ စိတ်ထဲ၌ ပေါ်လာသည်။