← Chapters

အခန်း (၃၅၆)

Vol. 36 Ch. 356

အခန်း (၃၅၆)

Vol. 36 Ch. 356

ကျန်းကျန်းသည်ကား သဘာဝအတိုင်း မီးဖွားခဲ့သည်။ ထို့ကြောင့် အမြွှာမွေးပြီး သုံးရက်အကြာ၌ ဆေးရုံမှ ဆင်းခွင့်ရကာ သူ၏ သက်တောင့်သက်သာရှိသည့် သူမ၏အိမ်ခန်းဆီသို့ ပြန်လာခဲ့သည်။

ကျန်းကျန်းအနေဖြင့် ရေမချိုးနိုင်သေးသော်လည်း ရှီကျွန့်ကျဲကို မျက်နှာသုတ်ပုဝါကြီးနှင့် ခန္ဓာကိုယ်သုတ်ပေးရန် ပြောခဲ့သည်။ ထိုသို့ပြုလုပ်မှသာ များစွာ လန်းဆန်းသွားသကဲ့သို့ ခံစားရသည်။

မိသားစုနှစ်စုတွင် မတိုင်မီက ကလေးထိန်းနှစ်ဦး ရှိခဲ့သည်။ လက်ရှိတွင် တစ်ဦးသည် ထမင်းချက်ရန် တာဝန်ယူပြီး တစ်ဦးသည် သန့်ရှင်းရေးလုပ်ရန် တာဝန်ယူခားသည်။ မတတ်နိုင်ပါချေ။ အိမ်များသည်က များစွာကြီးမားသည်ဖြစ်၍ တစ်ဦးတည်းဖြင့် လုံးဝ မလုပ်ဆောင်နိုင်တော့ပေ။

ယခု ကျန်းကျန်းသည် အမြွှာမွေးထားသည်အတွက် လူနှစ်ဦးတည်းဖြင့်ဆို ပင်ပန်းလွန်းသည်။ ဝမ်စုဖန်းပင်လျှင် ကလေးကို ချီခြင်းသာ လုပ်ဆောင်နိုင်သည်။

သူမအနေဖြင့် အနှီးများနှင့် အဝတ်အစားများအတွက် လူတစ်ဦး ရှာဖွေရတော့မည်။

ရှီချန်ပေါ်တို့၏ အိမ်တွင် ချက်ပြုတ်နေသည့် အန်တီယန်က လင်းရှို့လန် လူရှာနေသည်ဟု ကြားသည့်အခါ သူ့မ၏ယောက်မကို အကြံပေးသည်။

“သူမက အရမ်းစိတ်ရင်းမှန်တယ်၊ အလုပ်လည်း မြန်တယ်၊ ကလေးတွေလည်း အများကြီး ပြုစုဖူးတော့ ဘာပြဿနာမှ မရှိလောက်ပါဘူး”

အန်တီယန်သည်ကညး လင်းရှို့လန်အိမ်၌ လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် အလုပ်လုပ်နေသည်ဖြစ်ပြီး သူတို့နှစ်ဦးသည်လည်း အဆင်ပြေပြေ ပေါင်းသင်းနေခဲ့ကြသည်။

ထို့ကြောင့် လင်းရှို့လန်၌ လူရှာရန် အချိန်မရှိသည့်အတွက် အန်တီယန်၏ ယောက်မကို အရင်ဆုံးလာခိုင်းလိုက်သည်။

အန်တီယန်၏ ယောက္ခမ နာမည်မှာ ကျောက်ဖြစ်ပြီး အသက်လေးဆယ်ကျော်အရွယ်ဖြစ်ကာ တော်တော်လေး သန့်ရှင်းသပ်ရပ်သည့် ပုံစံရှိသည်။

အိမ်ထဲရောက်သည်နှင့် သူမကိုယ်သူမ မိတ်ဆက်ပြီး ကလေးအနှီးများ ထည့်ထားသည့် ဇလုံတစ်ခုကို ထုတ်ယူလိုက်သည်။

ယခုကဲ့သို့ ရာသီဥတုကောင်းပြီး နေရောင်ခြည် အလုံအလောက်ရသည့် အချိန်တွင် အန်တီကျောက်က အိမ်နောက်ဖေးမှ ရေအပြည့်ထည့်ထားသည့် ဇလုံကြီးတစ်လုံးကို ယူလာပြီး ခြံထဲ၌ရှိသော ခုံပုလေးပေါ်ထိုင်ကာ အနှီးများ စတင်လျှော်ဖွပ်ခဲ့သည်။

မွေးကင်းစကလေးငယ်များ၏ အနှီးများသည်က ခဏခဏလဲရသလို လျှော်ရသည်လည်း ခက်ခဲသည်။

သို့သော်လည်း ကျောက်သည် ကောင်းစွာပွတ်တိုက်၍ လျှော်လိုက်သည့်အတွက် အဝါရောင် အစွန်းအထင်းမျိုး မရှိပဲ အနှီးများက အသစ်ကဲ့သို့ ဖြစ်သွားသည်။

အန်တီယန်က သူမကို ခြံထဲ၌ သံဇလုံကြီးတင်ထားသည့် မီးဖိုပုလေးတစ်ခု ဆောက်ပေးသည်။ ရေဆူလာသည့်အခါ လျှော်ပြီးသားအနှီးများကို ထိုအိုးထဲတွင် မိနစ်အနည်းငယ်ခန့် ပြုတ်ပြီး ပြန်ထုတ်လိုက်ရပေမည်။

ရေများအေးသွားသည်နှင့် အနှီးကို လှန်း၍ရပေပြီ။ အခန်းထဲမှ ကြည့်နေသည့် ဝမ်စုဖန်းသည်ကား အလွန်စိတ်ကျေနပ်မှုရှိသည်ဖြစ်၍ စိတ်ချလက်ချဖြစ်ကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဒီရှောင်ကျောက်က တကယ်တော်တယ်”

ကလေးအဝတ်အစားများကို လျှော်ဖွပ်ပေးမည့်သူရှိလာသည့်အတွက် ရှီကျွင့်ကျဲသည်လည်း ရုတ်တရက် များစွာ ပိုမိုစိတ်ပေါ့ပါးသွားသည်ဟု ခံစားရသည်။

ဤအချိန်ကာလသည်ကား မီးဖွားခွင့်ဟူသည်လည်း မရှိသေးပါချေ။ ထို့ကြောင့် ရှီကျွင့်ကျဲတစ်ယောက် တစ်ပတ်နားပြီးသည်နှင့် အလုပ်ပြန်ဝင်ရတော့သည်။

သို့သော် အိမ်တွင် မဒမ်လီနှင့် ဝမ်စုဖန်း ရှိနေသည်ဖြစ်၍ ရှီကျွင့်ကျဲလည်း စိတ်မပူတော့ပေ။

ယခုဆိုလျှင် မဒမ်လီက နဂါးနှင့်ဖီးနစ် အမွါမြေးလေးများရချင်သည့် သူ့အိပ်မက်ကို နောက်ဆုံးတွင် အကောင်အထည်ဖော်နိုင်ခဲ့ပြီ။

မနက်ကိုရောက်လျှင် မျက်နှာသစ်ပြီးသည်နှင့် ဘေးအိမ်ကိုသွားတော့သည်။ သူမက ဖောင်းဖောင်းကားကား အမြွှာလေးများကို မြင်ရသည်ပင် စိတ်မရောင့်ရဲနိုင်ချေ။

ဖရဲသီးသည်ကား စားလေ၊ ဝလေဖြစ်ပြီး စပျစ်သီးသည်ကား အနည်းငယ် ပို၍ နုနယ်သည်။

ဆယ်ရက်ကျော်လာသည့်အခါတွင် ကလေးနှစ်ဦးကို မျက်လုံးဖြင့်ပင် ခွဲခြား၍ရနေပြီ။

ကံကောင်းစွာဖြင့် ကျန်းကျန်း၏ နို့သည်က အလွန် ကောင်းမွန်သောကြောင့် ကလေးနှစ်ဦးသည်က တစ်နေ့လျှင် ဆယ်ကြိမ်ကျော် အစာစားနိုင်ပေသည်။ သို့ဖြစ်၍ ကောင်းမွန်စွာ ဝဝလင်လင်ရှိနေခဲ့ကြသည်။

နောက်ဆုံးတွင် တစ်လပြည့်နေ့ရောက်လာသည့်အတွက် ရှီမိသားစုနှင့် လီမိသားစုတို့က ဥယျာဉ်ထဲ၌ စားပွဲဆယ်ခုကျော် ပြင်ဆင်ပြီး နဂါးနှင့်ဖီးနစ်လေးများ၏ ရက်တစ်လပြည့်ပွဲကို ကျင်းပခဲ့ကြသည်။

အသားမုန့်လုံးသည်လည်း သူ့မိဘများနှင့်အတူ ရောက်လာပြီး သူ၏ညီလေးနှင့် ညီမလေးအတွက် လက်ဆောင်များစွာဖြင့် ယူလာခဲ့သည်။

အသားမုန့်လုံးတစ်ယောက် လက်ထဲမှ ပစ္စည်းများကို ချပြီးသည်နှင့် မစောင့်နိုင်ဘ်ဖြစ်ကာ မေးလိုက်သည်။

“အန်တီလေး၊ ဒီတစ်ခါ ကလေးနာမည်ကို ကောင်းကောင်းပေးထားပြီလား”

နဂါးနှင့်ဖီးနစ်၏ တစ်လပြည့်ပွဲကို လူများစွာ မဖိတ်ခဲ့ပါချေ။ စက်ရုံပိုင်ရှင် အနည်းငယ်ကိုပင် မဖိတ်ခဲ့။ထို့အစား မိသားစုနှစ်စုသည် စုပေါင်းပြီး ပညာရှင်အနည်းငယ်ကို ဖိတ်ခဲ့ကြသည်။

မနက်စောစောကတည်းက ဆွေမျိုးများ တစ်ဦးပြီးတစ်ဦး ရောက်လာခဲ့ကြသည်။ လင်းရှို့လန်နှင့် ဝမ်စုဖန်းတို့သည်လည်း ကလေးများကို အရင်ခေါ်ထုတ်လာကြပြီး ကျန်းကျန်းကတေား ရေချိုးကန်ထဲတွင် သက်သောင့်သက်သာဖြစ်စွာ ရေချိုးနေခဲ့သည်။

ဆံပင်အခြောက်ခံပြီး မှန်ရှေ့၌ ရပ်နေသည့်အချိန်တွင် ကျန်းကျန်းတစ်ယောက် ကိုယ်ဝန်ကြောင့် ဖောင်းနေသည့် ဗိုက်က ပြန်ပြားသွားပြီး ကိုယ်ဝန်မဆောင်ခင်က ပုံစံနှင့် သိပ်မကွာခြားသည်ကို တွေ့လိုက်ရသည့်အတွက် အံ့သြဝမ်းသာဖြစ်သွားသည်။

ကလေးနှစ်ဦးကို နို့တိုက်ရသည့်အတွက်ကြောင့်လော မသိသော်လည်း၊ ကျန်းကျန်းက ထမင်းကို တစ်နပ်၌ များစွာစားလာခဲ့သည်။

ဆိာရလျှင် ပုံမှန်မိခင်များထက် စားသုံးမှုက များစွာ ပိုနေခဲ့သည်ပင်။

ဆံပင်အခြောက်ခံပြီးနောက် ကျန်းကျန်းက သူမ၏ ခြံကျယ်ကြီးကို အသိစိတ်ဖြင့် လှည့်ပတ်ကြည့်လိုက်ရာ ဧည့်သည်များက အားလုံးနီးပါး ဥယျာဉ်ထဲ၌ ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။

စက်တင်ဘာလဖြစ်၍ ရာသီဥတုသည် အေးလည်းမအေး ပူလည်းမပူဘဲ နေရောင်ခြည်သည်လည်း အနေတော်ဖြစ်နေကာ ဥယျာဉ်တစ်ခုလုံးက ရိတ်သိမ်းပြီးစီးသည့် မြင်ကွင်းမျိုးဖြစ်သည့်အတွက် အသက်ကြီးသူများရော၊ ကလေးများပါ ဤနေရာတွင် ထိုင်ရသည်ကို နှစ်သက်ကြသည်။

အိမ်တွင် ကလေးရှိသူများသည်က ပို၍ပင် စိတ်လှုပ်ရှားကြသည်။

ကလေးများက သစ်ပင်ပေါ်တက်၍ ပန်းသီးခူးကြသည်။ ရေကန်ဘေးတွင် ငါးဖမ်းသည်မှာလည်း ကစားရန်အတွက်သုခဘုံတစ်ခုပမာပင်။

လီမင်ကျုံးလည်း ယခုဆိုလျှင် အသက်ကြီးလာပြီ။ သူက အပျော့ပြောင်းဆုံးမြက်ပင်ပေါ်တွင် လှဲလျောင်းနေခဲ့ပြီး ကလေးများ ကစားနေသည်ကို နူးညံ့သည့် မျက်လုံးများဖြင့် ကြည့်နေသည်။

ကလေးတစ်ဦးဦးက သူ့၏ခေါင်းကို လာပွတ်သပ်လျှင် သူတို့၏ လက်ဖဝါးများကို ဖော်ဖော်ရွေရွေ ပွတ်သပ်ပေးတတ်သည်။

ကျန်းကျန်းက ဗီရိုကိုဖွင့်ပြီး အဝတ်အစားအတွဲများစွာကို စမ်းဝတ်ကြည့်လိုက်သည်။ နို့တိုက်နေသည့်ဖြစ်၍ ကိုယ်ဝန်မဆောင်ခင်က အဝတ်အစားများက အနည်းငယ်လောက်ကျပ်နေသည်။

ကံကောင်းစွာဖြင့် လင်းရှို့လန်သည် ဤအခြေအနေကို ကြိုတင်တွေးဆပြီး အဝတ်အစားအသစ်များစွာ ကြိုတင်ပို့ပေးထားသည်။

ကျန်းကျန်းလည်း လက်တိုအင်္ကျီနှင့် ဘောင်းဘီရှည်ကို ရွေးချယ်ကာ ဝတ်ဆင်လိုက်သည်။ ဤကဲ့သို့ အဝတ်အစားများသည်က နို့တိုက်ရန်အတွက်လည်း အတော်လေး အဆင်ပြေပေသည်။

ဥယျာဉ်ထဲသို့ရောက်သည့်အခြိန်တွင် လင်းရှို့လန်နှင့် ဝမ်စုဖန်းတို့၏ ရင်ခွင်ထဲမှ အမြွှာလေးများက တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ထားသည့်အလား ချက်ချင်းအော်ဟစ်ခဲ့ကြသည်။

လင်းရှို့လန်က သူ့ရင်ခွင်ထဲမှ ဖရဲသီးလေး၏ ဖင်ကို ပြုံးပြီး ပုတ်လိုက်သည်။

“မင်းတို့အမေ ရောက်လာပြီဆိုတာ သိလို့ နို့စို့ချင်နေကြတာလား”

ဥယျာဉ်ထဲ၌ အနောက်တိုင်းပုံစံ အဆောက်အအုံငယ်လေးတစ်ခု ရှိပြီး အရင်က လင်းရှို့လန်၏ အနားယူရာနေရာ ဖြစ်ခဲ့သည်။

သို့နှင့် လူအနည်းငယ်က ကလေးများကို ပွေ့ချီပြီး အထဲသို့ ဝင်သွားကြသည်။ အနှီးလဲ၊ နို့တိုက်ပြီးသည့်အခါ ကလေးလေးနှစ်ဦးက ပြန်လည်အိပ်ပျော်သွားခဲ့သည်။

ဝမ်စုဖန်းက နဂါးနှင့်ဖီးနစ်လေးများကို ခုတင်ပေါ်တင်ပေးရင်း ပြောခဲ့သည်။

“ဥယျာဉ်ထဲကို ဆွေမျိုးတွေနဲ့ နှုတ်ဆက်ဖို့ သွားလိုက်လိုက်ဦး၊ ဒီမှာ ငါ စောင့်ကြည့်နေပါ့မယ်၊ ခဏလှဲပြီး နားလိုက်တာပေါ့”

ဤကိစ္စ၌ တစ်ဦးကိုတစ်ဦး ပြောစရာ မည်သည့်အရာမှ မရှိချေ။ ပြောရလျှင် လင်းရှို့လန်သည်က လူမှုရေးပွဲလမ်းသဘင်များနှင့် ပို၍ လိုက်ဖက်ပြီး ဝမ်စုဖန်းသည်ကား ကလေးများကို ကြည့်ရသည်ကို ပိုမိုနှစ်သက်သည်။

ကျန်းကျန်းလည်း ဘေးခန်းမှ ခေါင်းအုံးတစ်လုံး ထပ်ယူလာပြီး ဝမ်စုဖန်းကို နဂါးနှင့်ဖီးနစ်လေးများ၏ ဘေးတွင် လှဲခိုင်းလိုက်သည်။ ဤသို့ဆိုလျှင် အိပ်ချင်လာသည့်အခါ တစ်ရေးတစ်မော အိပ်၍ရနိုင်လိမ့်မည်။

အိမ်လေးထဲမှ ထွက်လာပြီးသည့်နောက် ကျန်းကျန်းက လီမင်ပေ၏ဘက်ကို ကြည့်လိုက်လျှင် လီမင်ကျုံးကို ကလေးတစ်ယောက်က ပန်းသီးတစ်လုံးယူ၍ ကျွေးလိုက်သည်ကိုမြင်ခဲ့ရသည်။

ငယ်စဥ်အချိန်တုန်းက ကျန်းမာသန်စွမ်းသည့်အချိန်တွင် လီမင်ကျုံးက ပန်းသီးစားရသည်ကို ကြိုက်သည်။ သို့သော် ယခုမူ သူ့သွားများသည် မကောင်းတော့ချေ။ အသားကိုတောင် ပွအောင်ပေါင်းမှ စားနိုင်တော့သည်။

ခွေးများအတွက်မူ လီမင်ကျုံးသည်က အသက်ရှည်ရှည် နေခဲ့ရပြီ။ ဤသည်မှာ သူ ငယ်ငယ်ကတည်းက ကျန်းကျန်း ဘေးနားတွင် နေခဲ့သည်နှင့်လည်း သက်ဆိုင်သည်။

ကျန်းကျန်းထံမှ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သည့် စွမ်းအားကြောင့် သူ့ခန္ဓာကိုယ်သည် အခြားခွေးများထက် အမြဲတမ်း ပိုမိုသန်မာခဲ့သည်။

“အန်တီ‌လေး၊ ဟုန်ကျုံးက ပန်းသီးမစားဘူး”

ရှင်းရှင်းက နူးညံ့ညင်သာသည့် အသံလေးဖြင့် ပြောသည်။ လီမင်ကျုံး ပန်းသီးမစားနိုင်သည့်အတွက် အနည်းငယ်ဝမ်းနည်းနေသည့် ပုံပေါ်သည်။

“ဟုန်ကျုံးက အသက်ကြီးပြီမို့ မကိုက်နိုင်တော့ဘူးလေ”

ကျန်းကျန်းက ဒူးထောက်လိုက်ပြီး မည်သူမျှ မသိအောင် မုန့်လေးတစ်တုံးကို “ထုတ်ယူ” လိုက်သည်။

“ဒါကို ဟုန်ကျုံးကို စားခိုင်းလိုက်”

ရှင်းရှင်းသည်ကား မုန့်လေးကိုယူပြီး ခဏတာ တွေဝေနေသည်။ ထို့နောက် ပါးစပ်ဖွင့်၍ တစ်ကိုက်ကိုက်လိုက်သည်။

“အာ၊ အရသာရှိတယ်”

ရှင်းရှင်းက သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး သူ့ကို ပြုံးကြည့်နေသည့် အဒေါ်ကို ကြည့်ရင်း ရှက်ရမ်းရမ်းကာ သူ့ကိုယ်သူ ဆင်ခြေပေးလိုက်သည်။

“နူးညံ့လား မနူးညံ့လား မြည်းကြည့်ချင်ရုံပဲ”

ကျန်းကျန်းသည် မရယ်ဘဲ မနေနိုင်ပါချေ။ လီမင်ကျုံး၏ မျက်လုံးများသည်ပင် အပြုံးများဖြင့် ပြည့်နေခဲ့သည်။ ကျန်းကျန်းက မုန့်တစ်တုံး ထပ်ထုတ်ပြီး ရှင်းရှင်းကို ပေးလိုက်သည်။

“ဒါကိုမင်းကို ပေးလိုက်မယ်၊ အရသာရှိတဲ့ အစားအစာကို မိသားစုနဲ့ မျှဝေစားသင့်တယ်လေ”

ရှင်းရှင်းက ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ မုန့်ကိုယူပြီး ခိုးစားသည့်မျိုး မလုပ်တော့ပဲ မုန့်ကိုကိုင်ပြီး ညီမဖြစ်သူဆီသို့ မထစ်မငေါ့ ပြေးသွားသည်။

“ညီမလေး၊ ညီမလေး၊ မုန့်စားဦး၊ အန်တီလေးက ပေးတာ”

*

All Chapters