အခန်း (၃၅၇)
Vol. 36 Ch. 357
ကျန်းကျန်း သူမဒအကြည့်ကို ရုပ်လိုက်ပြီး လီမင်ကျုံးဘေးမှ မြက်ခင်းပေါ်တွင် ထိုင်လိုက်သည်။
ထို့နောက် လီမင်ကျုံး၏ ခေါင်းကို ပွတ်သပ်ရင်း ကျန်းကျန်း အနည်းငယ် စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။
“မင်ကျုံး၊ မင်းက စားချင်တာလား၊ ကစားချင်တာလား”
“ငါက တစ်သက်လုံး မစားရသေးတာရှိနေလို့လား၊ မကစားရဘူးဆိုတာရှိနေလို့လား၊ ကျားတွေတောင်မှ ငါ့ရဲ့သူငယ်ချင်းတွေပဲ၊ ဒါကြောင့် ငါ့မှာ ဘယ်လို နောင်တမှမရှိဘူး”
လီမင်ကျုံးသည်ကား ဂုဏ်ယူသည့် ပုံစံပြပြီး ကျန်းကျန်းကို ကြည့်ကာ ကျယ်လောင်စွာ ရယ်လိုက်သည်။ ပြီးသည့်အခါ အနည်းငယ် လွမ်းဆွတ်သည့် ပုံစံ ပြန်ဖြစ်သွားသည်။
“ဒါပေမဲ့ တာ့ဟွမ်က ဘယ်လိုဖြစ်သွားလဲ မသိဘူး၊ ပြန်သွားပြီး ငါ့ကို သွားကြည့်ခိုင်းပါလား”
ကျန်းကျန်းက လီမင်ကျုံးကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
“နင်က သူ့ကို မြင်တာနဲ့ ဆီးထွက်လုနီးနီး ကြောက်နေကျလေ၊ အသက်ကြီးလေလေ ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းလေလေ ဖြစ်လာတာလား”
“ငါက သူ့ကိုမကြောက်ပါဘူး၊ သူ သေပြီလား ရှင်သေးလားကို ကြည့်ချင်တာ”
လီမင်ကျုံးက သူ့အမြီးကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
“နောက်ပြီး၊ သူက အသက်အရမ်းကြီးလို့ သေလောက်ပြီလို့ ထင်တယ်၊ သွားမရှိတဲ့ကျားကို ဘာများကြောက်စရာရှိလဲ”
“ကောင်းပြီ၊ မနက်ဖြန် မင်းကို သွားပြပေးမယ်”
ကျန်းကျန်းက သူမ၏လက်ကို လီမင်ကျုံး၏ ကိုယ်ပေါ်တင်ပြီး သူမ၏ စွမ်းအားထဲမှ “ဒေါသ” စွမ်းအင်ကို အသုံးပြု၍ လီမင်ကျုံး၏ သွေးလည်ပတ်မှုကို ရှင်းလင်းပေးလိုက်သည်။
ဤသည်မှာ လီမင်ကျုံး တော်ဝင်တက္ကသိုလ်သို့ ရောက်လာပြီးနောက် ကျန်းကျန်း နေ့စဉ်လုပ်နေကျ အလုပ်တစ်ခုဖြစ်သည်။ ဤ “ဒေါသ” ၏ အကူအညီဖြင့်ပင် လီမင်ကျုံးသည် အသက်ရှည်ရှည် နေနိုင်ခဲ့သည်။
“တိရစ္ဆာန်တွေရဲ့ သက်တမ်းက တိုလွန်းတယ်၊ နောက်ဘဝမှာ လူဖြစ်ချင်တယ်”
လီမင်ကျုံးက ကျန်းကျန်းကို ဝမ်းနည်းသည့် ပုံစံဖြင့် ကြည့်ပြီး ပြောလာသည်။
“ဒီလိုဆိုရင် မင်းနဲ့ တစ်သက်လုံး အတူနေနိုင်မှာပဲ”
ကျန်းကျန်း၏ နှာခေါင်းက ကျဉ်လာပြီး ငိုလုနီးပါး ဖြစ်သွားသည်။ သူမက လီမင်ကျုံး၏ ခေါင်းကို ပွတ်သပ်ရင်း ဆုတောင်းသလိုမျိုး ပြောလိုက်သည်။
“နောက်ဘဝမှာ မင်း လူဖြစ်ဖို့အတွက် သေချာပေါက် ကံကောင်းမှာပါ၊ လီမင်ကျန်း မွေးထားတဲ့ခွေးမှာ ဒီလို ကံကောင်းခြင်းမျိုး ရှိရမယ်”
ကျန်းကျန်း၏ စကားများသည် ကလီမင်ကျုံးကို ယုံကြည်မှုပေးလိုက်သည့်အလားပင်။ သူ ချက်ချင်း ပိုမိုတက်ကြွလာသည်။
ထိုအချိန်၌ လင်းရှို့လန်လည်း အပြင်မှ ပွဲတော်ကို စတင်ခိုင်းလိုက်သည်။ အန်တီယန် ချက်ထားသည့် လီမင်ကျုံးအတွက် အရိုးဂျုံပြုတ်သည်လည်း အေးသွားပြီဖြစ်ပြီး သူမက အိုးကြီးတစ်လုံး ယူလာပေးခဲ့သည်။
လီမင်ကျုံးက ဇလုံထဲမှ အသားများကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် သွေးအပြည့်အဝ ပြန်လည်အသက်ဝင်လာသည်။
သူက ပျော်ရွှင်စွာ ခုန်ချပြီး နူးညံ့ပျော့အိနေသည့် အသားများကို စားလိုက်သည်။
လီမင်ကျုံးက သူ့အမြီးကို ဝှေ့ယမ်းပြီး ကျန်းကျန်းကို ပြောလာသည်။
“တကယ်တော့ ငါ ထင်တာ ခွေးဖြစ်တာလည်း အရမ်းကောင်းတယ်၊ ပုံမှန်လူတွေ ဒီလိုအစားအစာမျိုး မစားနိုင်ဘူးလေ”
ကျန်းကျန်း ပြုံးလိုက်မိသည်။ သူမ လက်များကို ဆေးကြောပြီးနောက် ဧည့်သည်များကို နှုတ်ဆက်ရန် ထွက်လာခဲ့လေသည်။
ပြီးသည့်နောက်တွင် ဝမ်စုဖန်း စားသောက်နိုင်ရန်အတွက် သူမအား အဆောက်အအုံလေးထဲမှ အမြန်ခေါ်ထုတ်လာခဲ့သည်။
လင်းရှို့လန်က ကလေးတွန်းလှည်းတစ်စီး ဝယ်ထားသည့်အတွက် သူတို့နှစ်ဦးက ကလေးများကို လှည်းထဲသို့ထည့်ပြီး ဥယျာဉ်ထဲသို့ တွန်းသွားနိုင်ခဲ့သည်။
အမြွှာလေးများသည်ကား မွေးကတည်းက စိတ်ပူစရာမလိုပဲ အခွန် ကောင်းမွန်စွာ နေခဲ့ကြသည်။
စားပြီးသည်နှင့် အိပ်စက်ကြပြီး နိုးလာသည့်အခါ အနှီးစိုနေသည့်အချိန်မှအပ ကျန်သည့်အချိန်များတွင် လိမ်လိမ်မာမာ ကစားနေတတ်ကြသည်။
လူတိုင်းက စားသောက်နေကြပြီး ကလေးများသည်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြပေပြီ။ လီမင်ကျုံးက အသားဂျုံစွပ်ပြုတ်ကို စားပြီးနောက် ရေဇလုံတစ်ဝက်လောက် သောက်ကာ ကလေးတွန်းလှည်းဆီသို့ ယိမ်းထိုးစွာ လျှောက်လာခဲ့သည်။
ကလေးများသည်က နေ့စဉ်နှင့်အမျှ ကြီးထွားလာပြီး လီမင်ကျုံးလည်း အသက်ကြီးလာခဲ့သည်။
ရာသီဥတုသည်လည်း ပို၍အေးလာခဲ့ပေပြီ။ လီမင်ကျုံးက အပူပေးစက်ဘေးတွင် လှဲနေသည်မှအပ အလွယ်တကူ မလှုပ်ရှားတော့ချေ။
ဆယ့်နှစ်လပိုင်း၏ တစ်မနက်ခင်းအထိထိုအတိုင်းသာ ရှိနေခဲ့သည်။
ထိုနေ့တွင် ကျန်းကျန်း နိုးလာပြီးနောက် ပုံမှန်အတိုင်း လီမင်ကျုံးကို သွားကြည့်လိုက်သည့်အချိန်တွင် သူ အိပ်ပျော်သွားပြီဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
နှစ်ပေါင်း ၂၀ ကျော် အတူနေခဲ့သည့် ခွေးလေး မရှိတော့သည်မှာ မည်မျှလောက် စိတ်မကောင်းဖြစာစေသည်ကို စကားလုံးနှင့်ပင် ပြော၍မရနိုင်ပါချေ။
အမြွှာလေးများပင် ကျန်းကျန်း၏ စိတ်ခံစားချက်ကို ပိုကောင်းအောင် မလုပ်နိုင်ခဲ့ပေ။ လီမင်ကျုံး၏ နောက်ဆုံးဆန္ဒအရ ကျန်းကျန်းက သူ၏ခန္ဓာကိုယ်ကို ပေရှားဒေသ မြောက်ပိုင်းမှ တောင်ပေါ်သို့ ပြန်ခေါ်သွားသည်။
တာ့ဟွမ်သည်လည်း အနားသို့ ရောက်လာပြီး လီမင်ကျုံး၏ ကိုယ်ကို နမ်းကြည့်ကာ ဝမ်းနည်းစွာ အော်ဟစ်လိုက်သည်။
အိမ်သို့ပြန်ရောက်သည့်အချိမ်တွင် မိသားစုဝင်များက အလွန်နားလည်မှုရှိနေခဲ့ကြပြီး မည်သည်ကိုမှ ထပ်မမေးကြတော့ပေ။
ကျန်းကျန်းတစ်ယောက် နှစ်ရက်တိတိ ပျော်ရွှင်မှုမရှိပဲ ကုန်ဆုံးသွားပြီး တစ်ဆယ့်နှစ်လပိုင်း၏ ခုနစ်ရက်မြောက်ညသို့ ရောက်လာခဲ့သည်။
သန်းခေါင်ကျော်ပြီးနောက်တွင် ကျန်းကျန်း၏ မွေးနေ့သို့ ရောက်တော့မည်ဖြစ်ပြီး အပြောင်းအလဲအသစ်များ ရှိနေလိမ့်မည်။
ကျန်းကျန်းစောစောစီးစီး အိပ်ရာထဲလှဲလိုက်သည့်အခါ ချက်ချင်း အိပ်ပျော်သွားသည်။ ဤတစ်ကြိမ်တွင် ရွှေရောင်သွေးအနှစ်သာရသည်က လရောင်အနှစ်သာရကို စုပ်ယူရန် အထူးတလည်အချိန်ကြာမြင့်ခဲ့ပြီး ကျန်းကျန်းသည်လည်း ညသန်းခေါင် နှစ်နာရီကျော်မှ နိုးလာခဲ့သည်။
ကျန်းကျန်း မျက်လုံးကိုဖွင့်လိုက်သည့်အခိုက်တွင် အိပ်ရာခြေရင်းမှ အရိပ်ကြောင့် လန့်သွားဝသည်။
“ဘုရားရေ၊ လီမင်ကျုံး”
ဤတစ်ကြိမ် အစွမ်းအသစ်သည်က သရဲများကိုမြင်နိုင်ခြင်းများလား။
ဤသည် အလွန်ဆိုးဝါးပေသည်။
လီမင်ကျုံး၏ ဝိညာဉ်သည် အသံကြားသည်နှင့် ခုန်ထလာသည်။
သူ့၏ သန်မာသည့် ခန္ဓာကိုယ်နှင့် ချောမွေ့သည့် အမွေးအမျှင်များသည်က သူငယ်ငယ်တုန်းက ပုံစံအတိုင်းပင်။
“အိုး၊ ငါ ပြန်လာပြီ၊ နောက်ဆုံးတော့ မင်း ငါ့ကို မြင်နိုင်ပြီပဲ”
လီမင်ကျုံးက သူမ၏ အနားကိုလျှေက်လာပြီး ကျန်းကျန်းကို လျှာထုတ်ပြလိုက်သည်။
“ဒီရက်တွေအတွင်း မင်းနောက် လိုက်နေခဲ့တာ၊ ဒါပေမဲ့ ခုနစ်ရက်ပဲ ဒီမှာနေနိုင်မှာလေ၊ ဒီနေ့ မင်း ငါ့ကို မမြင်နိုင်တော့ရင် ငါ ဘဝသစ်ကို ပြောင်းရတော့မှာ”
ကျန်းကျန်းလည်း ဤသည်မှာ နောက်ဆုံးနေ့ဖြစ်သည်ကို သတိရသွားခဲ့သည်။ လီမင်ကျုံး၏ ဝိညာဉ်ကို မြင်ရပြီး ဘဝသစ်သို့ ပြောင်းလဲနိုင်သည်ဟု ကြားရသည့်အခါ ကျန်းကျန်း၏ စိတ်ဓာတ်ကျနေသည့် စိတ်ခံစားချက်သည်လည်း ချက်ချင်း ပိုမိုကောင်းလာခဲ့သည်။
“ဒီဘဝသစ်က လူဖြစ်နိုင်လား”
“သေချာတာပေါ့၊ မင်းကြောင့် ဒီတစ်ခါ တာ့ဟွမ်နှင့် ငါ ဘဝသစ်ကို လူအဖြစ် ပြောင်းကြရမှာ”
လီမင်ကျုံးက
“တစ်ယောက်တည်းသိနေရသည့် အမှန်တရားကို ဖွင့်ပြောနိုင်ခဲ့ပြီ”
ဆိုသည့် ပုံစံဖြင့် ပြောလာခဲ့သည်။
ကျန်းကျန်း သိပ်ပြီး နားမလည်သည်ကို မြင်သည့်အခါ သူမကို သံသယအနည်းငယ်ဖြင့် ကြည့်လိုက်သည်။
“မင်းက မင်း ဘယ်သူလဲဆိုတာကို ခုထိ မသိသေးဘူးလား၊ ငါ အောက်မှာတုမ်းက တရားသူကြီး ပြောတာ ကြားလိုက်တယ်၊ မင်းက ကမ္ဘာမြေရဲ့ မိခင်တဲ့၊ ယင်နဲ့ ယန်ကို ထိန်းချုပ်ပြီး၊ အရာခပ်သိမ်းကို မွေးမြူပေးနိုင်တယ်၊
ကမ္ဘာမြေ၊ တောင်၊ မြစ်၊ ပင်လယ်တွေကို ထိန်းချုပ်တယ်၊ အရာအားလုံးကို ကြီးစိုးတဲ့ လူတစ်ယောက်လိုပဲ”
ကျန်းကျန်းတစ်ယောက် သူမ၏မေးစေ့ကို ပွတ်သပ်လိုက်မိသည်။
ထိုစကားများက အလွန်အစွမ်းထက်သည်ဟုကား ထင်ရသည်။ သို့သော် မြေ၊ သမုဒ္ဒရာ၊ တိရစ္ဆာန်များနှင့် အပင်များကို ထိန်းချုပ်နိုင်သည့် စွမ်းရည်မှအပ ကျန်နှစ်ခုနှင့်ပတ်သက်၍ကား သူမ၌ အတွေ့အကြုံ သိပ်မရှိလှပေ။
သူမကိုယ်သူမ ထိုအရာနှင့် အလှမ်းဝေးသည်ဟု ခံစားရသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ဤဘဝတွင် သူမ အတိတ်ဘဝ၏ အသိစိတ်သည် အပြည့်အဝ နိုးထမည်မဟုတ်လောက်ပေ။
မည်သို့ပင်ဖြစ်စေ သူမ၏ဆန္ဒကြောင့် လီမင်ကျုံးက နောက်ဘဝတွင် ကောင်းမွန်သည့် ဘဝတစ်ခုရလျှင် ကောင်းမည်ဟု သိလိုက်ရသည်။
ကျန်းကျန်း ပြုံးလိုက်ပြီး လီမင်ကျုံး၏ ပုံရိပ်ကို နောက်ဆုံးအကြိမ် ထိတွေ့ရန် လက်လှမ်းလိုက်သည်။
“သွားတော့လေ၊ စောစောစီးစီး ဘဝသစ်ပြောင်းလိုက်တော့”
လီမင်ကျုံးက ကျန်းကျန်း၏ လက်ဖဝါးကို လျှာဖြင့်သပ်လိုက်ပြီး လှည့်ထွက်သွားကာ လေထဲ၌ ပျောက်ကွယ်သွားသည်။ ထိုညတွင် ကျန်းကျန်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့လေသည်။
စိုးရိမ်ပူပန်မှုတစ်ခုပြီးသွားသည့်အခါ ကျန်းကျန်း ပြန်လည် ပြုံးလာနိုင်ခဲ့သည်။ မဒမ်လီနှင့် ဝမ်စုဖန်းတို့လည်း သက်ပြင်းချနိုင်ခဲ့ကြသည်။
သူတို့လည်း လီမင်ကျုံးအတွက် စိတ်မကောင်းဖြစ်သော်လည်း မွေး၊ အို၊ နာ၊ သေဟူသည် ပုံမှန်သာဖြစ်သည်။
၎င်းသည်က မလွန်ဆန်နိုင်သော သဘောတရားများသာဖြစ်ပေ၏။
နှိုင်းယှဉ်ကြည့်လျှင် ကျန်းကျန်း စိတ်ဓာတ်ကျပြီး အိပ်မပျော်၊ အစာမစားနိုင်သည်ကိုသာ သူတို့ ပိုမိုစိတ်မကောင်းဖြစ်ခဲ့ကြသည်။
မဒမ်လီနှင့် ဝမ်စုဖန်းတို့က လီမင်ကျုံး၏ ပုံပန်းသဏ္ဍာန်ကို သတိထား၍ မပြောတော့သည်ကို မြင်သည့်အခါ ကျန်းကျန်းက ပြောပြလိုက်သည်။
“ကျွန်မ မနက်တုန်းက လီမင်ကျုံးကို အိပ်မက်မက်တယ်၊ သူ လူဖြစ်ဖို့အတွက် ဘဝသစ် ပြောင်းတော့မယ်လို့ ပြောတယ်”
“အိုး၊ ဒါ ကောင်းတဲ့ကိစ္စပဲ”
မြေးမလေး၏ အံ့သြဖွယ်ကောင်းသည့် စွမ်းရည်ကို သိရှိပြီးနောက်တွင် မဒမ်လီသည် ဤကဲ့သို့ ဘုရားပေးသည့် အရာများကို ယုံကြည်လာခဲ့သည်။
“ဘယ်နေရာမှာ ဘဝသစ် ပြောင်းသွားလဲဆိုတာ မင်း မမေးခဲ့ဘူးလား၊ ငါတို့ သွားရှာလို့ ရတာပေါ့”
ကျန်းကျန်းက ရယ်မောရင်း ပြောလိုက်သည်။
“လီမင်ကျုံးက ဘဝသစ်ပြောင်းပြီးသွားရဲသရင် သူ့ရဲ့အတိတ်ဘဝက အမှတ်တရာတွေ ရှိတော့မှာမဟုတ်ဘူး၊ နောက်ပြီး၊ ကျွန်မတို့ သူ့ရဲ့အိမ်တံခါးဝရောက်ရင် ဘာပြောရမလဲ၊
‘ ဂုဏ်ယူပါတယ်၊ မင်းတို့အိမ်မှာ သားလေးမွေးတာ ဂုဏ်ယူပါတယ်၊ မင်းတို့သားလေးက ကျွန်မတို့ရဲ့ ခွေးဟောင်းလေးလေ၊ ကျွန်မတို့ ပိုပြီး ဆက်ဆံကြရအောင်၊
အနာဂတ်မှာ ဆွေမျိုးဖြစ်ကြမယ်ဆိုရင် ဘယ်လိုလုပ်လဲ’
ကျွန်မတို့တွေ အဲဒီလိုပြောတာကိုကြားရင် လူတွေက တံမြက်စည်းနဲ့ မောင်းထုတ်မှာပဲမလား”
မဒမ်လီသည် ထိုမြင်ကွင်းကို စဉ်းစားပြီး ရယ်မောလိုက်သည်။
“ကျန်းကျန်း ပြောတာမှန်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် လီမင်ကျုံး နောက်ဘဝမှာ ကောင်းကောင်းမွန်မွန် နေရမှာပဲ”
*