← Chapters

အခန်း (၃၅၈)

Vol. 36 Ch. 358

အခန်း (၃၅၈)

Vol. 36 Ch. 358

လီမင်ကျုံး၏အကြောင်းကို သတင်းကောင်းကြားရပြီးဖြစ်၍ ဝမ်စုဖန်းကလည်း ခေါင်းညိတ်ကာ ဝင်ပြောလိုက်သည်။

“ဒီလောက်ဆိုရင် အတော်လေးကောင်းနေပြီ၊ ငါတို့ နှစ်သစ်အတွက် ပြင်ဆင်ထားသင့်တယ်”

ရှီမိသားစု၏ တရုတ်နှစ်သစ်ကူးပွဲသည်က ပုံမှန်အတိုင်းပင်။

ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့က ကလေးများအား ခေါ်၍ မနက် အစောကြီးး အိမ်အိုကြီးဆီသို့ ရောက်ရှိလာကြသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူတို့မတွေ့လိုသူများဖြစ်သည့် ရှီစူးမေ့နှင့် သူ၏သမီး ရှန်ချင်းရန်တို့ကို တွေ့မြင်ခဲ့ရသည်။

ဤနှစ်များအတွင်း ပွဲလမ်းသဘင်များနှင့် မွေးနေ့ပွဲများရှိနေခဲ့ပါက ရှီအဘွားအိုက ရှီစူးမေ့တို့ မိသားစုအား လာရောက်ရန် ဖိတ်ကြားခြင်းမရှိသလို၊ ကျန်းကျန်းကလည်း ကလေးမွေးပြီး တစ်လပြည့်ပွဲကိုပင် ဖိတ်ကြားခဲ့ခြင်းမရှိပေ။

ထို့ကြောင့် ကျန်းကျန်းအနေဖြင့် ရှီစူးမေ့နှင့် သူမ၏သမီးရှိသည့်ပွဲများအားလုံးကို ရှောင်ရှားနိုင်ခဲ့သည်။

ရှန်ချင်းရန်သည်ကား အိမ်သို့ အကြိမ်ကြိမ်ရောက်ရှိလာသော်လည်း သူမက ကျန်းကျန်းကို မည်သည့်အခါ၌ကမျှ အမိအရဖမ်းဆီးနိုင်ခဲ့ခြင်းမရှိပေ။

ဤတစ်ကြိမ်တွင်မူ မိသားစုအားလုံး တစ်စုတစ်ဝေးတည်း ရောက်ရှိလာကြသည့်အတွက် ကျန်းကျန်းလည်း သူတို့နှစ်ယောက် အထဲတွင် ထိုင်နေသည်ကို သိနေလျက်ပင် လှည့်ထွက်သွားရန် မဖြစ်နိုင်တော့ပေ။

ရှီချန်ပေါ်တို့ မိသားစု ဝင်လာသည်ကို မြင်သောအခါတွင် ရှီစူးမေ့၏ မျက်လုံးများက ရှီချန်ပေါ်၏မျက်နှာပေါ်တွင် လှည့်ပတ်ပြီးမှ ချောမောခန့်ညားသော တူဖြစ်သူ ရှီကျွင့်ကျဲပေါ် သို့ ကျရောက်သွားသည်။

သူမ၏လေသံက အနည်းငယ် ဝမ်းနည်းဟန်စွတ်နေခဲ့လေ၏။

“ကျွင့်ကျဲ၊ မင်းက တကယ်ကို တော်တော်လေး အရည်အချင်းရှိလာတာပဲ၊ ကလေးမွေးတာနှင့်၊ ကလေးတစ်လပြည့်ပွဲလုပ်တာလိုမျိုး ဒီလိုအရေးကြီးတဲ့ ကိစ္စနှစ်ခုလုံးမှာတော့ အဒေါ်ကို မဖိတ်ဘူးဆိုတော့ မင်းနှလုံးသားထဲမှာ အဒေါ်ဆိုတာ မရှိတော့ဘူးလား”

“အင်း”

ရှီကျွင့်ကျဲက ပေါ့ပေါ့ပါးပါး ပြန်လည်ဖြေဆိုလိုက်သည့်အတွက် ရှီစူးမေ့အား ချက်ချင်းပင် ဒေါသထွက်သွားခဲ့လေသည်။

သူမက ခေါင်းကိုလှည့်၍ ရှီအဘွားအိုအား တိုင်ကြားလိုက်သည် ။

“အမေ၊ အမေ့ရဲ့မြေးကို ကြည့်ပါဦး၊ သူကျွန်မကို ဘယ်လိုတွေပြောလိုက်လဲဆိုတာ..”

“ငါက မင်းကိုမဖိတ်ခိုင်းတာ”

ရှီအဘွားအိုက လက်လှုပ်ရမ်းပြပြီး ဆက်ပြောခဲ့သည်။

“မင်းတို့အားလုံး အိမ်ထဲကိုပြန်ဝင်ကြတော့”

လူတိုင်းလည်း ချက်ချင်းပင် ထရပ်၍ ပြန်ဝင်သွားခဲ့ကြသည်။

ရှီစူးမေ့၏အစ်မ ရှီစူးယွီပင် ပါဝင်သွားလေသည်။

လင်းရှို့လန်က အခန်းတွင်းမှ ထွက်လာပြီး ဖယောင်းစက္ကူကို ဖရဲသီးမျက်နှာပေါ် တင်ပေးလိုက်သည်။

ထို့နောက် သူမက သက်ပြင်းချ၍ ပြောလိုက်မိသည်။

“ဒီရှီစူးမေ့က ဦးနှောက်မှာ ပြဿနာရှိတယ်၊ စိတ်ရောဂါကုဆရာဝန်နဲ့ ပြသဖို့အတွက် လုပ်လို့မရတော့ဘူးလား၊ သူမက ပိုပြီးသံသယစိတ်ကြီးလာသလိုပဲ”

ရှီစူးယွီက သူမ၏ညီမဖြစ်သူ ဤနှစ်များအတွင်း ပြုလုပ်ခဲ့သော အပြုအမူများအား သတိရသောအခါ အလွန်ပင် စိတ်တိုသွားလေသည်။

“ကလေးဘဝတုန်းကတည်းက ရူးတာပးလေ၊ ကျောင်းမပြီးခင် ကိုယ်ရွေးချယ်တဲ့သူနဲ့ အတူနေပြီး လက်ထပ်လိုက်တယ်၊ ဒီကိစ္စကြောင့်ပဲ မိသားစုနဲ့ ဆက်ဆံရေးပြတ်သွားတယ်

ပြီးတော့ သူမက မပျော်မရွှင်နဲ့ နေပြီး သူမရဲ့တာဝန်ကို မိသားစုအပေါ် ပြန်ပုံချတယ်၊ မသိရင်မိသားစုက သူ့မအကို ကြွေးတင်နေသလိုမျိုးပဲ”

တူမလေး၏ စိတ်ညစ်ညူး၍ တွက်ချက်နေတတ်သောမျက်နှာအား သတိရသောအခါ ရှီစူးယွီ၏မျက်နှာက ပိုမို ပျက်ယွင်းသွားခဲ့သည်။

“အထူးသဖြင့် အဲဒီ ရှန်ချင်းရန်ပဲ၊ သူမရဲ့မျက်နှာပေါ်က တွက်ချက်မှုတွေနဲ့အမြဲပြည့်နေတတ်တယ်၊ သူမရဲ့အဖေနဲ့ အတူတူပဲ၊ တစ်နေ့လုံး တခြားသူတွေဆီက ဘာရနိုင်မလဲဆိုတာကိုပဲ ရူးလောက်အောင် တွေးနေတာပဲ”

ထိုမိခင်နှင့်သမီးများအကြောင်း ပြောဆိုသောအခါ တစ်မိသားစုလုံးက မျက်နှာမသာမယာရှိလာကြပြီး အိမ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကြကာ သိပ်ပြီးမပျော်ရွှင်ကြတော့ပေ။

ရှီချန်ပေါ်၏မိသားစုကြီးသည်ကား အိမ်ကြီး၏ စတုတ္ထခြံဝင်းတွင် နေထိုင်ခဲ့ကြပြီး၊ လင်းရှို့လန်ကမူ အိမ်ကြီး၏အဓိကဝင်းတွင် နေထိုင်သည်။ ကျန်းကျန်းနှင့် ရှီကျွင့်ကျဲက အရှေ့ဘက်တောင်ပံတွင် နေထိုင်ကြသည်။

မိသားစုသည် စနေ၊ တနင်္ဂနွေတိုင်း တစ်နှစ်၏တစ်ဝက်ခန့်အား ဤအိမ်သို့ ပြန်လည်ရောက်ရှိကြသည့်အတွက် အရာရာတိုင်းက အလွန်အမင်း အဆင်ပြေနေခဲ့သည်။

ဖရဲသီးနှင့် စပျစ်သီးလေးတို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြပေပြီ။ နဂါးနှင့် ဖီးနစ်လေးတို့ကို ကလေးပုခက်အတွင်း ထည့်ထားပြီးနောက် ကျန်းကျန်းက ခုတင်ပေါ် ပေါ် တက်၍ မျက်လုံးမှိတ်လိုက်သည်။

သူမအနေဖြင့် အသိစိတ်ဖြင့် အိမ်ကြီးအလယ်မှ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ကြည့်ရှုလိုစိတ်တို့ တားမရတော့ပေ။

ရှီစူးမေ့သည်ကား အိမ်ဟောင်းသို့ လာရောက်သည့်အခါတိုင်း ငွေကြေးတောင်းခံခြင်းမရှိ၊ သူ၏မောင်နှမများထံမှ အကျိုးအမြတ်များ တောင်းဆိုခြင်းခြင်း မရှိသည့်အကြိမ်ဟု၏ တစ်ခါမှ မရှိခဲ့ပေ။

သို့သော် မည်သည့်အကြောင်းကြောင့်ဖြစ်စေ တောင်းဆိုလိုက်တိုင်း ငြင်းပယ်ခံရသည်။

ရှီစူးမေ့ လက်ရှိတွင် မည်သည့်အရာကို တွေးနေသည်ကို မသိနိုင်ပါချေ။

“အမေ၊ ချင်းရန်က အထက်တန်းကျောင်းတောင် မတက်ခဲ့ရဘူး၊ အလယ်တန်းကျောင်းပြီးတာနဲ့ စက်ရုံမှာ အလုပ်သမားလေးအဖြစ် လုပ်ခဲ့ရတယ်

သူမက တော်တော်ပင်ပန်းနေရတာလေ၊ ကလေးတစ်ယောက်ကို ဒီလိုဘယ်လိုလုပ် ဒီလိုမျိုး ခိုင်းထားနိုင်မှာလဲ”

ရှီစူးမေ့၏မျက်နှာတွင် ဒေါသထွက်သော အသွင်အပြင် ရှိနေသည်။

“လင်းရှို့လန်ကို ကြည့်ပါဦး၊ သူမကဘယ်လိုလုပ်ပြီး အလှပြင်ဆိုင်ရဲ့ မန်နေဂျာတစ်ယောက် ဖြစ်နေရတာလဲ

အဲဒီတုန်းက သူမက အဲဒီမျက်နှာလေးတစ်ခုတည်းနဲ့ပဲ ကျွန်မတို့မိသားစုကို လာချည်နှောင်ခဲ့တာ မဟုတ်ဘူးလား၊

သူမကျတော့ ဘာလို အရာအာားလုံးကိာ တတ်နိုင်တာလဲ ၊ သူမက အိမ်ပြန်ပြီးနေသင့်တယ်လို့ ကျွန်မ ထင်တယ်၊ တကယ်ဆို ချင်းရန်ကို မန်နေဂျာ လုပ်ခိုင်းတာက ပိုကောင်းတာမဟုတ်ဘူးလား”

“လင်းရှို့လန်က ဘယ်လိုပဲဖြစ်ဖြစ် တက္ကသိုလ်ကျောင်းပြီးထားတဲ့သူပဲ၊ မင်းသမီးက အလယ်တန်းအောင်ရုံပဲ ရှိတာ၊ ဘယ်လိုလုပ်ပြီး သူမရ့်အဒေါ်လောက် ကောင်းမှာလဲ “

အဘွားရှီက လက်ဖက်ရည်တစ်ငုံသောက်၍ ပြန်လည်ဟန့်တားလိုက်သည်။

“နောက်ပြီး.. သူမ မန်နေဂျာလုပ်တယ်ဆိုတာ သူတို့ကိုယ်တိုင် ပိုက်ဆံအရင်းအနှီးထုတ်ပြီး လုပ်ခဲ့တာ၊ မင်းဆိုင်မန်နေဂျာ လုပ်ချင်တယ်ဆိုရင်လည်း ဆိုင်မန်နေဂျာလုပ်ပေါ့၊ သူများကို မကျေနပ်ရင် မင်းလည်း တစ်ခုထောင်ပေါ့”

ရှီစူးမေ့တွင် အလှပြင်ရန်အတွက်ပင် ငွေကြေးမရှိပါချေ။ အလှပြင်ဆိုင်ဖွင့်လှစ်ရန်ဆိုသည်မှာ အလွန်ပင် ဝေးသွားပေ

ပြီ။ ဤစကားများက ရှီစူးမေ့၏ နှလုံးသားအတွင်းသို့ တည့်တည့်စိုက်ဝင်သွားသည်။ သူမက ဒေါသတကြီး ထရပ်၍ ရှီအဘွားအိုရှေ့တွင် ရပ်ကာ မေးမြန်းလိုက်သည်။

“အမေက ဘယ်သူလဲ၊ အမေက ကျွန်မအမေ မဟုတ်ဘူးလား၊ ကျွန်မအတွက် မကူညီဘဲ ဘယ်လိုလုပ်ပြီး သူစိမ်းတွေကို ကူညီနိုင်တာလဲ”

“မင်းက ငါ့သမီး မဟုတ်ဘူး၊ မင်းကို ကောက်လာခဲ့တာ”

အဘွားရှီက ရှီစူးမေ့စကားနောက်သို့ ချက်ချင်း လိုက်ပြောခဲ့သည်။

“မင်းကို ကောက်ယူခဲ့တာကိုတောင် နောင်တရတယ်၊ ဒါကြောင့် အခု မင်းရဲ့ကိုယ်ပိုင်အမေဆီကို သွားပါတော့”

ရှီစူးမေ့တစ်ယောက် ဤသို့ ပိတ်ဆို့ခံရသောကြောင့် စကားပင် မပြောနိုင်ဖြစ်သွားသည်။ တကယ်တမ်းတွင် သူသည်ကား သူမ၏ပုံစံကို ကြည့်ရုံနှင့် အမေဖြစ်သူ၏ သမီးအရင်းမှန်း ကိုသိသော်လည်း အဘွားအိုက ဤမျှလောက် ရက်စက်စွာ ပြောနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူမက သမီးအရင်းကိုပင် အသိအမှတ်မပြုသည်အထိ မသိကျိုးကျွန်ပြုသည့် အပြုအမူမျိုး ပြုလုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရှန်ချင်းရန်သည်လည်း သူမ၏အမေက နှစ်ချီတိုင်တိုင် ရှုံးနေသည်ကို မြင်သောအခါ အနည်းငယ် စိုးရိမ်သွားပြီး ရှီအဘွားအို၏ဘေးတွင် ကပ်၍ သနားစရာမျက်နှာဖြင့် ထိုင်ချလိုက်သည်။

“အဘွား၊ တကယ်တော့ ကျွန်မအမေကလည်း ကျွန်မအတွက်ပြောနေတာပါ...”

“ငါသိတယ်”

ရှီအဘွားအိုက သူမအား ဖြတ်ပြောလိုက်သည်။

“မင်းအမေရဲ့စိတ်က ရှုပ်ထွေးတဲ့ အတွေးတွေကို များသောအားဖြင့် မစဉ်းစားနိုင်ဘူးဆိုတာ ငါသိတယ်၊ တကယ်တော့ သူမ ဒီလိုတွေပြောအောင် မင်းကပဲ အမြဲတွန်းပို့တာ”

ရှန်ချင်းရန်၏မျက်နှာပေါ်တွင် အေးစက်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ဒေါသတကြီး ထရပ်လိုက်သည်။

“ရှီမိသားစုက ကျွန်မတို့ကို မကူညီနိုင်တာလည်း မဟုတ်ဘူး၊ ကျွန်မတို့တွေကိုသာ နည်းနည်းလောက် ထောက်ပံ့ပေးလိုက်ရင် လူတိုင်းကကောင်းကောင်းမွန်မွန် နေထိုင်နိုင်တာပဲ၊ ဘာလို့ မိသားစု သံယောဇဉ်ကိုတောင် ထည့်မတွက်နိုင်တော့တာလဲ”

ရှီအဘွားအိုက ဤစကားအား အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးပေပြီ။

“မင်းရဲ့မိဘတွေက နှစ်ယောက်လုံး အလုပ်လုပ်နေကြတာပဲ၊ အခု မင်းလည်း အလုပ်လုပ်နေပြီဆိုတော့ ပုံမှန်လူတွေထက်တောင် ပိုပြီး ပိုက်ဆံရှာနိုင်နေပြီ. တစ်နေ့လုံး သူများကို မနာလိုစိတ်မထားဘူးဆိုရင် ကောင်းကောင်းမွန်မွန် နေနိုင်တာပဲ မဟုတ်ဘူးလား”

ရှန်ချင်းရန်က ကျောက်စိမ်းလက်ကောက်နှင့် ပုလဲလည်ဆွဲ ဝတ်ဆင်ထားသော ရှီအဘွားအိုအား မကျေမနပ် ကြည့်လိုက်လေသည်။

အဘွားရှီသည်လည်း သူမ၏ လောဘကြီးသောမျက်နှာကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပြီး လှောင်ပြောင်လိုက်သည် ။

“ဒီနေ့ ငါပြောမယ့်စကားကို မင်းကိုစပြောမယ်၊ ငါနဲ့ မင်းတို့ရဲ့အဘိုး တိုင်ပင်ထားပြီးပြီ၊ နောက်ဆိုရင် ငါ့ရဲ့ပိုင်ဆိုင်မှုတွေ၊ လက်ဝတ်ရတနာတွေ၊ မိသားစုပစ္စည်းတွေကို ရှီချန်ရှန်၊ ရှီချန်ဟယ်၊ ရှီချန်ပေါ် နဲ့ ရှီစူးယွီတို့ အချိုးကျ ခွဲဝေယူကြမယ်၊ မင်းဆီမှာတော့ ဘာမှ ဝေစုမရှိဘူး”

“ဘာလို့လဲ”

ရှီစူးမေ့က ချက်ချင်းထရပ်၍ အသံစူးစူးဖြင့် အော်ဟစ်လိုက်သည်။

“ဘာလို့ ကျွန်မရဲ့အစ်မက ရပြီး ကျွန်မမှာ မရတာလဲ! ဘာလို့လဲ”

“မင်း အိမ်ကနေထွက်ပြီး ရှန်မိသားစုက လူကို လက်ထပ်တုန်းက ငါတို့နဲ့ ဆက်ဆံရေးကို မင်းကိုယ်တိုင် ဖြတ်ခဲ့တာ၊ အဲဒီကိစ္စပြီးသွားရင်တောင် အခု မင်းတို့ အမေနဲ့ သမီးနှစ်ယောက်က ကျန်းကျန်းကို တိုင်ကြားတဲ့ လုပ်ရပ်တွေကြောင့် မင်းရဲ့အဖေနဲ့ငါက မင်းရဲ့ အမွေဆက်ခံခွင့်ကို ပယ်ဖျက်ရမှာပဲ”

အဘွားရှီက တည်ငြိမ်စွာပြောဆိုသည်။

“ကျန်းကျန်း နိုင်ငံခြားက ပြန်လာကတည်းက မင်းတို့တွေ စုစုပေါင်း လေးကြိမ်တောင်တိုင်ကြားခဲ့တယ်၊ သတင်းစာတိုက်ကိုလည်း ပို့တယ်၊ မြို့တော်နဲ့ အထက်ကိုလည်း ပို့တယ်၊

အခုဆို အထက်က ဒီကိစ္စကို စစ်ဆေးဖို့တောင် ပြောနေပြီ၊ မင်းတို့ရဲ့ လက်ရေးကိုလည်း အတည်ပြုပြီးပြီ”

ရှီစူးမေ့တစ်ယောက် နောက်သို့ အနည်းငယ်ဆုတ်သွားခဲ့သည်။

သူမ၏လည်ချောင်းအတွင်း တစ်ခုခု ပိတ်ဆို့နေသည့်အလား ခံစားလိုက်ရသည်။ ရှန်ချင်းရန်က သူမအား အလျင်အမြန် ထိန်းချုပ်လိုက်ရလေသည်။ သူမ၏မျက်နှာပေါ်တွင် စိတ်မသက်မသာဖြစ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ရသည် ။

**

All Chapters