← Chapters

အခန်း (၃၅၉)

Vol. 36 Ch. 359

အခန်း (၃၅၉)

Vol. 36 Ch. 359

“မဟုတ်ဘူး၊ ကျွန်မတို့ သူမကို မတိုင်ကြားပါဘူး၊ ကျွန်မတို့တွေက မိသားစုဝင်တွေပဲကို ၊ ဘယ်လိုလုပ် ဒီလိုလုပ်ရမှာလဲ၊ ဒါက နားလည်မှုလွဲတာပဲ၊

တချို့လူတွေက ကျွန်မတို့မိသားစုကြား ဆက်ဆံရေးကို လှုံ့ဆော်ဖို့ ကျွန်မတို့ရဲ့လက်ရေးကို အတုခိုးတာ ဖြစ်နိုင်တယ်”

“ဟုတ်တယ်၊ ဟုတ်တယ်၊ နားလည်မှုလွဲတာပဲ”

ရှီစူးမေ့က ခေါင်းအား ဆက်တိုက်ညိတ်လိုက်သည်။ တကယ်တမ်းတွင် ဤသည်ကို သူတို့သားအမိနှစ်ယောက်ကသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် သူတို့က အမည်မဖော်ဘဲ ပေးပို့ခဲ့သောစာများဖြစ်လေသည်။ ဤကိစ္စအား သူမဆီသို့ ရောက်သည်အထိ လိုက်လံစုံစမ်းနိုင်လိမ့်မည်ဟု မည်သည့်အခါ၌မျှ မတွေးခဲ့ပေ။

သူမ၏မိဘများက သိရှိလိမ့်မည်ဟုလည်း မထင်ခဲ့ပေ။

“ကျန်းကျန်းရဲ့လုပ်ငန်းက ဘွဲ့ရကတည်းက သတင်းပို့ခံနေရတယ်၊ သူမက ဒီနှစ်တွေအတွင်း တရုတ်ယဉ်ကျေးမှုအမွေအနှစ်တွေ ပြန်လည်ရရှိဖို့အတွက် အများကြီး ပံ့ပိုးကူညီခဲ့ပြီး နိုင်ငံရဲ့ သူရဲကောင်းတစ်ယောက်၊

ဒီတစ်ခါတော့ သတင်းစာတိုက်ကနေ အထက်အထိ တိုင်ခဲ့လို့ ဒီသတင်းကို အလွန်အမင်း အာရုံစိုက်နေကြတယ်၊ ပထမစာရဲ့ အကြောင်းအရာက မှန်ကန်နေသေးပေမယ့် နောက်ထပ်သုံးစောင်ကတော့ အချက်အလက်အများကြီးကို ဖန်တီးခဲ့ပြီး အသရေဖျက်နေပြီ”

ရှီအဘွားအိုက တည်ငြိမ်စွာ ပြောဆိုခဲ့သည်။

“ငါတို့က အမေနဲ့သမီးဖြစ်တာကြောင့် ဒီကိစ္စကို မင်းကို ပြောပြခဲ့တာပဲ၊ မင်းကိုယ်တိုင် ဝန်ခံလိုက်ပါ”

“ကျွန်မရဲ့တိုင်ကြားချက်က မှားနေတယ်ဆိုရင်တောင် ဘာလို့သွားပြီးဝန်ခံရမှာလဲ”

ရှီစူးမေ့သည်ကား ဤတစ်ကြိမ်တွင်မူ အမှန်တကယ် ထိတ်လန့်သွားပေပြီ ။

“ပြည်သူ့လုံခြုံရေးဗျူရိုက လူတွေရဲ့တိုင်ကြားချက်တွေကို ဂရုစိုက်နေသေးလား”

“မှန်ကန်တဲ့အကြောင်းအရာကို တိုင်ကြားတာကတော့ ပုံမှန်ပါပဲ၊ ဒါပေမယ့် မင်းရဲ့ တိုင်ကြားစာထဲမှာ ဘာတွေ ရေးထားလဲ၊ မင်းက သူမကို အမေရိကန် အင်ပါယာစနစ်ရဲ့ သူလျှိုတစ်ယောက်လို့ ရေးထားခဲ့တာလား၊ မင်း ကိုယ့်ဘာသာ စဉ်းစားကြည့်ခဲ့သေး”

ရှီအဘွားအိုက တုတ်ကောက်ကို မှီ၍ ရပ်လိုက်သည်။

“မင်းတို့နှစ်ယောက် အချုပ်ထဲကို ရောက်သွားပြီးရင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့ကြ၊ မင်းတို့ ပြန်ထွက်လာတဲ့အခါ ကိုယ့်ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်ကြ၊ နောက်ဆို ဒီကို ဘယ်တော့မှ မလာကြနဲ့တော့”

ရှီအဘွားအိုက ထရပ်ပြီးနောက် သူမ၏ လက်အတွင်း ကိုင်ဆောင်ထားသော သတင်းစာအား ရှီစူးမေ့အား ပေးလိုက်သည်။

“မင်းအဖေက သတင်းစာမှာ ကြေညာပြီးပြီ၊ မင်းနဲ့ မင်းအဖေရဲ့ သမီးအဖေ ဆက်ဆံရေး ပြတ်တောက်သွားပြီ၊ မင်းတို့တွေက ငါတို့ ရှီမိသားစုရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်တော့ဘူး”

ရှီစူးမေ့က သတင်းစာအတွင်း ရေးသားထားသော ကြေညာချက်ကို မြင်လိုက်ရပြီးနောက်မွင် အလွန်အမင်း ထိတ်လန့်သွားခဲ့ကာ ဖြူရော်သွားခဲ့ရသည်။

“အမေ၊ ကျွန်မမှားပါတယ်၊ တကယ်ပဲ ကျွန်မမှားကြောင်းသိပါပြီ၊ အမေ အဖေကို ဒီလိုမလုပ်ပါနဲ့လို့ ပြောပေးပါဦး၊ ကျွန်မ အထဲကို မဝင်ချင်ဘူး”

“ဒီလို ရွံစရာကောင်းတဲ့ အလုပ်ကို လုပ်တုန်းက ဒီနေ့လိုမျိုး ဖြစ်လာမယ်လို့ မင်း ဘာလို့ မစဉ်းစားခဲ့တာလဲ”

ရှီအဘွားအိုက လှောင်ပြောင်၍ ရှန်ချင်းရန်၏မျက်နှာအား ဒေါသတကြီးအကြည့်ဖြင့် ကြည့်လိုက်သည် ။

“မင်းအမေက အရင်တုန်းက ရိုးရိုးလေးပဲ ရူးတာ၊ အခုတော့ သူမက ရူးရုံတင်မကဘူး၊ ဆိုးသွမ်းလာတယ်၊ ဒီကိစ္စမှာ မင်းရဲ့ ပံ့ပိုးမှုတွေ အများကြီးပါဝင်ခဲ့တယ်လို့ ငါထင်တယ်

မင်းလည်း ငါ့ကို အဘွားလို့ နှစ်နည့်နည်းလောက် ခေါ်ခဲ့ဖူးတယ်၊ ဒါကြောင့် ငါမင်းကို စကားတစ်ခွန်း မှာလိုက်မယ်၊ သူများကို အမြဲတမ်း ငတုံးတွေလို့ မထင်ပါနဲ့၊

မင်းရဲ့သေးငယ်တဲ့ အတွေးအခေါ်ကို ငါတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်၊ အရင်တုန်းကတော့ မင်းအမေရဲ့ သမီးအဖြစ် မျက်နှာကို ထောက်ထားခဲ့တာ

ဒါပေမဲ့ ပိုကောင်းတဲ့ဘဝကို နေချင်တယ်ဆိုရင် ကိုယ့်ဘာသာ ကြိုးစားရမယ်၊ သူများကို လှည့်ပတ်ဖို့ အမြဲမစဉ်းစားနဲ့၊ လှည့်ပတ်တဲ့သူတွေ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး”

ရှန်ချင်းရန်သည်ကား အဘွားအိုကြောင့် နောက်ဆုံးကျန်ရှိသော သစ်ရွက်တစ်ရွက်ကိုပင် ဆွဲဖြဲခံလိုက်ရသောကြောင့် နောက်ထပ်စိုးရိမ်စရာ မည်သည်အကြောင်းမျှ မရှိတော့ပေ။

သူမက မြေပြင်ပေါ်တွင် လဲကျနေသော ရှီစူးမေ့အား ထိန်းကိုင်ပြီး တွန့်ဆုတ်မနေဘဲ ထွက်ခွာသွားခဲ့သည်။

ရှီစူးမေ့က အဘွားအိုကြောင့် ကြောက်လန့်တကြားဖြစ်နေပြီး သူမတွင် အားအင်များ ကုန်ခမ်းသွားခဲ့သည်။ သူမက ရှန်ချင်းရန်အား ဖက်၍ ငိုကြွေးလျက် မေးမြန်းလိုက်သည်။

“မင်းပြောတာက လီမင်ကျန်းကို လက်စားချေဖို့ တိုင်ကြားစာရေးလို့ရတယ်ဆို၊ ဒါပေမဲ့ အခု သူမက ဘာမှမဖြစ်ဘူး၊ ငါတို့တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ ရဲက ငါတို့ကို ဖမ်းတော့မှာလား”

ရှန်ချင်းရန်သည်ကား ဤကိစ္စနှင့်ပတ်သက်၍ မည်သည်မျှမသိပေ။ မည်သို့ပင်ဖြစ်စေ လွန်ခဲ့သည့် နှစ်နှစ်ခန့်က သူမသည်တစ်စုံတစ်ယောက်၏နောက်သို့ အတင်းအဓမ္မ လိုက်ရန် ကြိုးစားခဲ့ရသည်။ သို့သော် တစ်ဖက်မှ သူမကို အရေးမလုပာဘဲ အမှိုက်တစ်စကဲ့သို့ဆက်ဆံသောကြောင့်ဤသို့လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။

ဤသည်က ပြင်းထန်သည်လား၊ မပြင်းထန်လောက်လားဆိုသည်ကို မသိပေ။ သူမအနေဖြင့် အထက်မှ လီမင်ကျန်းအား ဤမျှလောက် ယုံကြည်လိမ့်မည်ဟုလည်း လုံးလုံးလျားလျား မထင်ခဲ့ပါချေ။

ရှန်ချင်းရန်က နှုတ်ခမ်းကိုက်၍ ရှီစူးမေ့အား တောင်းပန်သည့်မျက်လုံးများဖြင့် ကြည့်လိုက်သည် ။

“အမေ၊ အမေပဲ ဒီကိစ္စကို ဖြေရှင်းလိုက်ပါလား၊ ကျွန်မက ငယ်သေးတယ်၊ ကျွန်မသာ အထဲကို ဝင်သွားရင် ကျွန်မရဲ့ တစ်သက်လုံးက ပြီးသွားမှာပဲ၊ အမေ နှစ်နှစ်လောက်ပဲ အထဲမှာ နေရမှာပါ၊ ပြီးတော့ အမေပြန်ထွက်လာရင် ကျွန်မက အမေ့ကို ပြန်ပြီး စောင့်ရှောက်ပေးမယ်”

ရှီစူးမေ့၏နှလုံးသားအတွင်း အအေးဓာတ်တစ်ခုကို ခံစားလိုက်ရသည်။

သူမက သူမ၏သမီးအတွက် ဘဝ ပိုမို၍ ကောင်းမွန်လာစေရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။ သမီးဖြစ်သူမှ အရည်အချင်းရှိသည့်သူနှင့် လက်ထပ်ပြီး ဘဝအား ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်လျှင် အကောင်းဆုံးပင်ဟု တွေးခဲ့သည်။

သူမက သမီးဖြစ်သူအတွက် မိသားစုမှ ပိုင်ဆိုင်မှုကို ရယူလိုနေခဲ့သည်။

သူမ အမေ၏ မျက်လုံးများအား ကြည့်၍ ရှန်ချင်းရန်က မိမိကိုယ်မိမိ အပြစ်ရှိသကဲ့သို့ ရှောင်ရှားလိုက်သည်။

သူမက ရှီစူးမေ့အား ရှေးဦးစွာ အိမ်သို့ပြန်ပို့ပြီးလျှင် အခွင့်အရေးယူ၍ သူတို့မိသားစုဆီမှ ငွေကြေးများ ခိုးယူကာ ရှန်ကျန်း သို့မဟုတ် ဟောင်ကောင်ကျွန်းသို့ တရားမဝင် ဝင်ရောက်သွားသင့်သလားဟု တွေးလိုက်သည်။

ယခုအချိန်၌ ထိုနေရာများတွင် ငွေကြေးရှာဖွေရန် အခွင့်အလမ်းများက တော်ဝင်မြို့တော်ထက် များစွာ ပိုကောင်းသည်ပင်။

ထူးဆန်းသော အတွေးများဖြင့် အမေနှင့်သမီးနှစ်ယောက်က အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။ တံခါးဝသို့ ရောက်ရှိသောအခါတွင် အိမ်အတွင်း ပုန်းအောင်းနေသည့်ရဲများက သူတို့အား ဖမ်းဆီးလိုက်လေသည် ။

“ရှီစူးမေ့၊ ရှန်ချင်းရန် မှန်တယ်မလား၊ မင်းတို့ကို အသရေဖျက်မှုနဲ့ ဖမ်းဆီးလိုက်ပြီ၊ ငါတို့နဲ့ လိုက်ခဲ့ရမယ်”

ရှန်ချင်းရန်တစ်ယောက် ထိုစကားကြားလိုက်ရလျှင် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့ရသည်။ သူမအနေဖြင့် ထွက်ပြေးရန် အခွင့်အရေးပင် မရဘဲ အဖမ်းခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူမသည်ကား အိမ်ထောင်ပင်မပြုရသေးချေ။ သူမသာ အထဲသို့ဝင်သွားလျှင် သူမ၏ဘဝ တစ်ခုလုံး ပျက်စီးသွားမည်သာ။

သူမ၏မျက်လုံးများက အလျင်အမြန် လှည့်ပတ်သွားပြီး ရဲများ မည်သည်အရမျှမလုပ်ခင် တံခါးဆီသို့ ပြေးသွားသော်လည်း နှစ်လှမ်းပင် မလှမ်းရသေးခင် မြေပြင်ပေါ်သို့ ဖိချခံလိုက်ရသည်။

ရှီစူးမေ့နှင့်သမီးဖြစ်သူ ဖမ်းဆီးခံရသည်ဟူသော သတင်းက ရှီမိသားစုအိမ်သို့ ထိုနေ့၌ပင် ရောက်ရှိလာသည်။ ရှီအဘိုးအိုက အတော်အတန် တည်တည်ငြိမ်ငြိမ်ရှိသော်လည်း ရှီအဘွားအိုကမူ စိတ်မသက်မသာဖြစ်ပြီး မျက်ရည်အနည်းငယ် ကျဆင်းခဲ့ရသည်။

“တကယ်ကို ဆိုးသွမ်းတဲ့သားသမီးပဲ”

သို့သော် မိသားစုဝင်များအားလုံး ရှိနေပြီး သားများနှင့်မြေးများက အဘွားအိုတစ်ယောက် နှစ်သစ်ကူးပွဲ၌ ရှီစူးမေ့အတွက် စိတ်မကောင်းဖြစ်နေသည်ကို မလိုလားကြပေ။

ထို့ကြောင့် မိသားစုက လေထုအား ပြောင်းလဲ၍ သူမအား ပျော်ရွှင်စေခဲ့သည်။ မိသားစုတွင် ကလေးများနှင့် မြေးများပြည့်နေခဲ့ပြီး မိသားစု၏ ပျော်ရွှင်သောပုံစံကို မြင်တွေ့ရသောကြောင့် ရှီအဘွားအိုလည်း ရှီစူးမေ့အားပင် မေ့လျော့သွားခဲ့သည်။

ဤတစ်ကြိမ်မှသာ ကျန်းကျန်းတစ်ယောက် ရှီစူးမေ့နှင့် သူမ၏သမီးများက သူမအား လျှို့ဝှက်တိုင်ကြားခဲ့သည်ကို သိရှိလိုက်ရသည်။

တရုတ်နိုင်ငံ၏ စည်းမျဉ်းအရ စီးပွားရေးလုပ်ငန်း၌ ပါဝင်သည့်အတွက် နိုင်ငံတော်ယူနစ်တွင် အလုပ်လုပ်ခွင့်မရှိသည်က မှန်ကန်ပေသည်။

ကျန်းကျန်း ဘွဲ့ရစဉ်အခါက နိုင်ငံတွင် သတင်းစာပညာဆိုင်ရာ ပညာရှင်များ ရှားပါးနေသည့်အတွက် သူမအား အထူးတလည် လက်ခံခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကျန်းကျန်းက တရုတ်နိုင်ငံအတွက် ထူးခြားသော ပံ့ပိုးမှုများလည်း ပြုလုပ်ခဲ့သောကြောင့် ဤကိစ္စအား အများပြည်သူရှေ့တွင် မည်သည့်အခါ၌မျှ မပြောဆိုခဲ့ကြပေ။

ကျန်းကျန်းသည်ကား ဤကိစ္စက အမှန်တကယ်ပင် တခြားသူများက သူအား တိုင်ကြားရန် အကြောင်းပြချက်တစ်ခု ဖြစ်လာလိမ့်မည်ဟု တကယ်တမ်း မထင်ခဲ့ပါချေ။

ကျန်းကျန်းအနေဖြင့် သတင်းစာတိုက်တွင် တစ်သက်လုံး နေထိုင်ရန် အစီအစဉ်မရှိခဲ့ပေ။ မူလကမူ ဟွားကော်စာနယ်ဇင်းတွင် အလုပ်အတွေ့အကြုံနှင့် ဆက်ဆံရေးများ စုဆောင်းရန် စိတ်ကူးရှိခဲ့သည်။

ယခုအချိန်တွင်တော့ ယဉ်ကျေးမှုအမွေအနှစ်များ လှူဒါန်းခဲ့သည့်အတွက် ဆက်ဆံရေးများစွာနှင့် လုံလောက်သည့် လူမှုရေးနေရာကို ရရှိနေပေပြီ။

သတင်းစာတိုက်တွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ဟု ကျန်းကျန်းက တွေးလိုက်သည်။

ဆိုရလျှင် သူမနှစ်သက်သည့်အလုပ်ကို လုပ်ရန် အချိန်တန်ပြီဟု ထင်ပေသည်။

နွေဦးပွဲတော်ပိတ်ရက် ပြီးဆုံးသောအခါ အလုပ်ပြန်လည်စသည့် ပထမဆုံးနေ့တွင် ကျန်းကျန်းက သူမ၏ နှုတ်ထွက်စာအား တင်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ သတင်းဌာန၏ ဒါရိုက်တာ ကျန်းမင်ရွှမ်းက ကျန်းကျန်း၏ နှုတ်ထွက်စာအား ကိုင်လျက် ထရပ်ကာ ကျန်းကျန်းအား လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။

ထို့နောက် ရင်းနှီးစွာ မေးမြန်းလိုက်သည်။

“မင်း အလုပ် ကောင်းကောင်းမွန်မွန် လုပ်ခဲ့တာပဲ၊ ဘာလို့ နှုတ်ထွက်ဖို့ စဉ်းစားတာလဲ၊ မင်းရဲ့အလုပ်မှာ တစ်ခုခု မှားယွင်းနေလို့လား၊ မိသားစုကို ဂရုမစိုက်နိုင်တော့ဘူးလို့ ခံစားရလို့လား

မင်းရဲ့လိုအပ်ချက်မှန်သမျှကို ငါတို့ ဆွေးနွေးပြီး ဖြေရှင်းပေးနိုင်တယ်၊ ဒါကြောင့် နှုတ်ထွက်မသွားပါနဲ့”

ကျန်းကျန်းက အလျင်အမြန် ပြောဆိုလိုက်သည်။

“ကုမ္ပဏီက နှစ်တွေတစ်လျှောက် ကျွန်မကို အမြဲဂရုစိုက်ခဲ့တာပါ၊ ကျွန်မ အမြဲကျေးဇူးတင်ပါတယ်၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ကောင်းကောင်းမွန်မွန် ပေါင်းသင်းနိုင်ခဲ့ပါတယ်

တကယ်တော့ နှုတ်ထွက်တာက အလျင်စလို ဆုံးဖြတ်ချက် မဟုတ်ပါဘူး၊ ကျွန်မ အချိန်ကြာကြာစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာပါ”

ကျန်းကျန်း လက်ချောင်းများ ယှက်လိုက်ပြီး ခဏတာ တွန့်ဆုတ်ပြီးမှ ပြောဆိုလိုက်သည်။

“ကျွန်မရဲ့ စီးပွားရေးကို တစ်ယောက်ယောက်က တိုင်ကြားခဲ့တယ်လို့ ကျွန်မ ကြားခဲ့တယ်”

All Chapters