အခန်း (၃၆၀)
Vol. 36 Ch. 360
ဤသို့ဖြင့် ကျန်းမင်ရွှမ်းတစ်ယောက် ဥက္ကဋ္ဌဆီသို့ရောက်ရှိခဲ့သော တိုင်ကြားခံရမှု ကိစ္စကို ကြားလိုက်ရလေသည်။
သူ အနည်းငယ် အံ့သြသင့်ကာ ပြောလိုက်မိသည်။
“ဒီတို့ သတင်းပို့တိုင်ကြားစာက တရားမဝင်ဘူး၊ မင်းအလုပ်ဆက်လုပ်တာကိုလည်း ဘာမှမထိခိုက်နိုင်ပါဘူး”
“သတင်းစာတိုက်က ကျွန်မကို ခန့်ခဲ့ တာက အဲဒီနှစ်တွေတုန်းက သတင်းစာပညာနှင့် ဘွဲ့ရတဲ့သူ အရမ်းနည်းလို့ဆိုတာ ကျွန်မသိပါတယ်၊ သတင်းစာတိုက်က ကျွန်မရဲ့ အထူးပြုဘာသာရပ်အတွက် ဘွဲ့ရတွေကို အရေးတကြီးလိုအပ်နေတာကြောင့် ကျွန်မကို အထူးရေးရာဌာနကနေ ခန့်ထားခဲ့တာပါ
ဒါပေမဲ့ မကြာသေးခင်နှစ်တွေမှာ သတင်းစာပညာအထူးပြုဘွဲ့ရတွေ တစ်နှစ်ထက်တစ်နှစ် များလာတော့ ကျွန်မတို့သတင်းစာတိုက်မှာရှိတဲ့ ဝန်ထမ်းရှားပါးမှုပြဿနာ ပြေလည်သွားပြီလေ”
ကျန်းကျန်းက လေးနက်စွာ ပြောလိုက်သည်။
“သတင်းစာတိုက်မှာ လုံလောက်တဲ့ရွေးချယ်စရာတွေ ရှိလာပြီဆိုရင် ကျွန်မ ကိုယ်တိုင်နုတ်ထွက်သင့်တယ်လို့ ထင်တယ်
ဘာပဲဖြစ်ဖြစ် ဒီတိုင်ကြားတဲ့စာကို သတင်းစာတိုက်ကို ပို့ရုံတင်မကဘဘူး၊ အပေါ်ကိုပါ တင်ပြခဲ့တာဆိုတော့ စုံစမ်းစစ်ဆေးမှု ရှင်းလင်းသွားပေမဲ့လည်း ဂုဏ်သိက္ခာပိုင်းမှာ မကောင်းဘူးမလား”
ကျန်းမင်ရွှမ်း ဆက်စည်းရုံးရန် ကြိုးစားနေသည်ကို မြင်၍ ကျန်းကျန်းက ဆက်ပြောခဲ့သည်။
“ဒီလိုကိစ္စမျိုးက တစ်ခါနှစ်ခါပဲ ဖြစ်လာနိုင်ပေမဲ့ ကျွန်မ နုတ်ထွက်တာ ပိုကောင်းပါတယ်၊ တကယ်တော့ သတင်းစာတိုက်အလုပ်က ကျွန်မအတွက်ဆို ခံစားချက်နဲ့ ပိုဆိုင်ပါတယ်
ဒီအလုပ်ကို မှီခိုပြီး မိသားစုကိုထောက်ပံ့နေရတာလည်း မဟုတ်ဘူးလေ၊ ဒါကြောင့် ဒီခံစားချက်အလှအပကို တစ်စုံတစ်ယောက်က ဖျက်ဆီးတာကိုလည်း မလိုချင်ဘူး၊ ဒါကြောင့် ကျွန်မနုတ်ထွက်တာကို ခွင့်ပြုပေးပါ”
ကျန်းမင်ရွှမ်း သက်ပြင်းချကာ ထိုင်နေရာမှ ထရပ်၍ ပြောခဲ့သည်။
“ဒီကိစ္စကို ငါမထိန်းချုပ်နိုင်ဘူး၊ ခဏစောင့်ဦး၊ ငါ ဥက္ကဋ္ဌနဲ့ တိုင်ပင်လိုက်ဦးမယ်၊ မင်း အက်ဒီတာယွီကိုလည်း နှုတ်ဆက်သင့်တယ်၊ မင်းက သူ့ရဲ့ထိပ်တန်းတပည့်ပဲလေ”
ကျန်းကျန်းက ခေါင်းညိတ်၍ ကျန်းမင်ရွှမ်းတစ်ယောက် ဥက္ကဋ္ဌကို ရှာရန် ထွက်သွားစဉ် ယွီရှို့ကျင်း၏ ရုံးခန်းသို့ တိုက်ရိုက်သွားခဲ့သည်။
ယွီရှို့ကျင်းသည်ကား လက်ရှိသတင်းအတွက် မူကြမ်းကို ဖတ်ရှုပြီးကာစသာ ရှိသေးလေသည်။ သူက မူကြမ်းခွင့်ပြုချက်အတွက် လက်မှတ်ထိုးလိုက်ပြီး ဘေးနား၌ စောင့်နေသော ကွားရှောင်ချင်းကို ပေးလိုက်သည်။
ပြီးနောက် စိတ်အားထက်သန်စွာ ထရပ်၍ ပြောလာလေ၏။
“မင်ကျန်း ရောက်လာပြီ၊ မင်းရဲ့ မီးဖွားခွင့်ပြီးသွားပြီလား၊ အခု ကြည့်လို့ကောင်းသားပဲ”
ကျန်းကျန်းက ပြုံး၍ ယူရှို့ကျင်းနှင့် လက်ဆွဲနှုတ်ဆက်ပြီး တည့်တိုးပင်ပြောဆိုခဲ့သည်။
“အက်ဒီတာချုပ်၊ ကျွန်မ ဒီနေ့ နုတ်ထွက်ဖို့ လာခဲ့တာပါ”
ယွီရှို့ကျင်း ခဏမျှ ကြောင်အသွားခဲ့ရသည်။ သူက ကျန်းမင်ရွှမ်းကဲ့သို့ တုံ့ပြန်မှုကြီးမားစွာ မဟုတ်ဘဲ မမျှော်လင့်ထားသော ပုံစံဖြင့် ပြောလာလေ၏။
“တကယ်တော့ ထွက်သွားတာက ပိုကောင်းပါတယ်၊ ဘာပဲဖြစ်ဖြစ် သတင်းလောကမှာက ကန့်သတ်ချက်တွေရှိနေတုန်းပဲ၊ မင်းအတွက် ပိုကျယ်ပြန့်တဲ့ ကမ္ဘာတစ်ခု ရှိနေသင့်တယ်”
ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။
“ဒီလို မွန်မြတ်တဲ့ စိတ်ကူးတွေ ကျွန်မမှာ မရှိပါဘူး၊ ကျွန်မက ကျွန် ကြိုက်တဲ့အရာတွေကို ပိုလုပ်ချင်ရုံပါပဲ”
“ကောင်းပြီ”
ယွီရှို့ကျင်းက ခေါင်းညိတ်၍ ပြောလာသည်။
“လူငယ်တွေက နည်းနည်းတော့ ရဲရင့်ရမယ်၊ ကြိုးစားပါ၊ မကြာခင် ငါကိုယ်တိုင် မင်းကို အင်တာဗျူးခွင့်တောင်းဆိုရတဲ့အထိ ကြိုးစားထား!”
ယူရှို့ကျင်း၏ မျှော်လင့်ချက်အပြည့်ဖြင့် အမူအရာကို မြင်၍ ကျန်းကျန်းလည်း ရယ်မောမိသည်။
“ကောင်းပါပြီ၊ အက်ဒီတာချုပ်ယွီပြောတဲ့အတိုင်း လုပ်ပါမယ်”
သူတို့နှစ်ဦး စကားပြောရင်း ရယ်မောနေစဉ် ကျန်းမန်ရွှမ်း ဝင်ရောက်လာသည်။
“သွားကြရအောင်၊ ဥက္ကဋ္ဌ ရုံးကိုသွားကြတာပေါ့”
ယူရှို့ကျင်း ထရပ်၍ ကျန်းကျန်းဘက်သို့ လက်ဆန့်ကာ နှုတ်ဆက်လာသည်။
“ဒါဆို မင်းရဲ့ အနာဂတ် ကောင်းမွန်စေဖို့အတွက် ငါ ဆုတောင်းပေးပါတယ်”
ယူရှို့ကျင်း၏ စိတ်ရင်းမှန်သော ဆုတောင်းကို ကြားရ၍ ကျန်းကျန်း၏ မျက်လုံးများက နီရဲလာသည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
နုတ်ထွက်လက်မှတ်ထိုးခြင်းလုပ်ငန်းစဉ်သည်က မရှုပ်ထွေးပေ။ အဆင့်ဆင့် ခွင့်ပြုပြီးသည့်နောက် ကျန်းကျန်းက ရက်အနည်းငယ်အတွင်း နုတ်ထွက်ခြင်းကို ပြီးမြောက်ခဲ့သည်။
အလုပ်ဌာနမှ အပြန်လမ်း၌ ကျန်းကျန်းးကစက်ဘီးဖြင့် တော်ဝင်မြို့တော်၏ ဗိသုကာဌာနသို့ တိုက်ရိုက်သွား၍ လီမင်ပေကို ခေါ်ထုတ်ခဲ့သည်။
သူတို့သည်ကား တော်ဝင်မြို့တော်တစ်ခုတည်း၌ ရှိနေခဲ့ကြသော်လည်း ကျန်းကျန်းအတွက် မင်ပေ၏ဌာနသို့ လာရှာခြင်းက ပထမဆုံးအကြိမ်ပင် ဖြစ်လေ၏။
အစ်ကိုနှင့်ညီမနှစ်ယောက်က အနီးအနားရှိ စီချွမ်းစတိုင်စားသောက်ဆိုင်တစ်ဆိုင်ကို ရှာဖွေ၍ ဟင်းပွဲအနည်းငယ်မှာကာ စားရင်းစကားပြောရန် ပြင်ဆင်ခဲ့ကြသည်။
မကြာသေးခင်က လီမင်ပေတစ်ယောက် အစပ်အစားအစာများကုု စွဲလမ်းနေသည်။ မောက်ချိုက်၊ အမဲသားအစပ်၊ ပူပူစပ်စပ်ငါးပေါင်းများနှင့်ဆိုလျှင် ထမင်းအိုးတစ်အိုးကို ကုန်အောင်စားနိုင်၏။
ကျန်းကျန်းကတော့ ကလေးများကို နို့တိုက်နေသောကြောင့် လီမင်ပေတစ်ယောက် ပါးစပ်တစ်ဝိုက် ဆီများပေနေသည်အထိ စားနေသည်ကိုသာ ကြည့်နေရကာ အစပ်သိပ်မပါသည့် ကြက်သားကုန်းပေါင်ဟင်းတစ်ပွဲတည်းကိုသာ စားခဲ့ရသည်။
“စတုတ္ထအစ်ကို...”
ကျန်းကျန်းက သူမ၏အသံကို ဆွဲ၍ ခေါ်ဆိုခဲ့သည်။
“အင်း၊ ငါ နားထောင်နေတယ်၊ မင်း ပြောလေ”
မင်ပေက ခေါင်းမဖော်ဘဲ အမဲသားအပြည့်ပါသော ဟင်းတစ်လုပ်ကို သူ၏ပါးစပ်ထဲ ထည့်လိုက်၏။
ပြီးနောက် ပါးစပ်ဖွင့်၍ နှစ်ကြိမ် ရှူးရှူးရှဲရှဲအသက်ရှူကာ ထမင်းများကို ပါးစပ်ထဲ ထိုးထည့်လိုက်သည်။
ကျန်းကျန်းက စိတ်ဆိုးစွာဖြင့် ခေါင်းလှည့်၍ ပြောလိုက်သည်။
“နည်းနည်းလောက် စကားပြောလို့မရဘူးလား၊ အသက်ရှူကျပ်ပြီး သေမှာမကြောက်ဘူးလား”
“မင်းက မနာလိုနေတာပဲ၊ အစပ်မစားနိုင်လို့ ငါ့ကိုကြည့်ပြီး ပြသနာပေးနေတာနလား”
မင်ပေက အစာကို မျိုချလိုက်ကာ ဆိုဒါတစ်ပုလင်းကို ပျော်ပျော်ရွှင်ရွှင် သောက်လိုက်သည်။
“ဟား၊ အစပ်က တကယ် ပျော်စရာကောင်းတယ်”
သူက အချိုရည်ပုလင်းကို ချ၍ ကျန်းကျန်းကို ကြည့်လိုက်သည်။
“ပြောစမ်းပါဦး၊ မင်း ငါ့ကို ဘာလာရှာတာလဲ”
“အိမ်ခြံမြေကုမ္ပဏီတစ်ခု တည်ထောင်ချင်တယ်”
ကျန်းကျန်းက မြေပဲတစ်စေ့ကို ပါးစပ်ထဲသို့ ထည့်ရင်း လီမင်ပေကို မော့ကြည့်၍ ပြောလိုက်သည်။
“ကျွန်မကို မိတ်ဆက်ပေးဖို့အတွက် သင့်တော်တဲ့ ပုဂ္ဂလိကဆောက်လုပ်ရေးအဖွဲ့ရှိလား၊ ပိုပြီးကောင်းကောင်း လုပ်နိုင်တဲ့သူတွေ ဖြစ်ရမယ်”
မကြာသေးသော နှစ်များတွင် အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှုသည်က လီမင်ပေအတွက် မစိမ်းသက်ပါချေ။ သို့သော်လည်း အမှန်တကယ်တမ်းတွင် ပေါ်ပေါက်စလုပ်ငန်းတစ်ခုပင် ဖြစ်သည်။
လီမင်ပေလည်း ထိုအကြောင်းကို ကြားသည်နှင့် စိတ်ဝင်စားသွားခဲ့၏။ သူက ထမင်းပင် မစားနိုင်တော့ဘဲ လီမင်ကျန်းကို မော့ကြည့်၍ ပြောလာခဲ့သည်။
“မင်းက အဋ္ဌမမြောက်..လား၊ မင်း မှာ ပိုက်ဆံတွေအရမ်းများနေပြီကို နောက်တစ်ခု ထပ်လုပ်ချင်တာလား”
“ အဓိပ္ပာယ်မရှိတာပဲ၊ ပိုက်ဆံဆိုတာက များလွန်နေပြီဆိုတာမျိုး ရှိလို့လား”
ကျန်းကျန်းက သူ့ကို တစ်ချက်ကြည့်၍ လေးနက်စွာ ပြောဆိုခဲ့သည်။
“ဒီလုပ်ငန်းကို လုပ်ချင်ရုံတင်မကဘူး၊ ဒီအိမ်ခြံမြေကုမ္ပဏီကို ပိုပြီးခိုင်မာကြီးမားအောင် လုပ်ချင်တယ်”
လီမင်ပေက သူ၏တူများကို ချ၍ ကျန်းကျန်းကို မျက်လုံးများ တောက်ပစွာဖြင့် ကြည့်လိုက်သည်။
“ဒါဆို မင်း ငါ့ကိုပါ အတူခေါ်လို့ရမလား”
ကျန်းကျန်းက ကြောင်အသွားကာ လီမင်ပေကို အနည်းငယ် နားမလည်စွာ ကြည့်လိုက်သည်။
“စတုတ္ထအစ်ကိုက အလုပ်အကိုင်ကောင်းရှိတယ်၊ အစ်ကို့ရဲ့ အတန်းဖော်တွေတောင် ဒီဘက်ကို မဝင်သေးဘူး၊ ဒီအလုပ်ကို စွန့်လွှတ်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ရင် အစ်ကို့ရဲ့အတန်းဖော်တွေနဲ့ ယှဉ်လို့မရဘူး၊ နားမလည်ဘူးလား”
“အခု နှစ်တွေအများကြီး ကုန်သွားပြီ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေကို အထင်သေးတဲ့သူတွေက တစ်နေ့ကျရင် သူတို့ရဲ့လက်ချက်နဲ့ ပြန်ရိုက်ခံရမှာပဲ”
လီမင်ပေက ခပ်အေးအေးပင် နှာခေါင်းရှုံ့လိုက်သည်။ ပြီးနောက် စိတ်အားထက်သန်စွာဖြင့် ကျန်းကျန်းကို ကိုယ်တိုင်အကြံပြုလိုက်သည်။
“ငါ့မှာ အလုပ်အတွေ့အကြုံ ငါးနှစ်ရှိတယ်၊ ပြီးတော့ ပိုရင်းနှီးတဲ့ ဆောက်လုပ်ရေးအဖွဲ့တွေလည်းရှိတယ်၊ ငါတကယ်လုပ်နိုင်တယ်၊ မင်း စဉ်းစားလို့ရတယ်”
“စတုတ္ထအစ်ကို လုပ်နိုင်တယ်ဆိုတာ ကျွန်မ သိပါတယ်”
ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။
“အစ်ကိုပါလာရင် ကျွန်မအတွက်အရမ်းကောင်းတာပေါ့၊ ဒါပေမယ့် မအစ်ကို ပြန်ပြီး စတုတ္ထမရီးနဲ့ အရင် ဆွေးနွေးကြည့်တာ ပိုကောင်းမယ်၊ ဘာပဲဖြစ်ဖြစ် ရာထူးကနေ နုတ်ထွက်တာက သာမန်ကိစ္စမဟုတ်ဘူး”
လီမင်ပေက ခေါင်းညိတ်၍ သူ့အတွက်သူ ထမင်းတစ်ပန်းကန် ထပ်ထည့်လိုက်သည်။
“ကောင်းပြီ၊ အပြန်မှာ မင်းရဲ့မရီးကို ပြောပြလိုက်မယ်”
လီမင်ပေနှင့် လမ်းခွဲပြီးသည့်နောက် ကျန်းကျန်းက စက်ဘီးဖြင့် အသစ်တည်ထောင်ထားသော အလှကုန်စက်ရုံသို့ သွားခဲ့သည်။
ထိုအချိန်၌ စက်ပစ္စည်းများ အားလုံး တပ်ဆင်ပြီးစီးပြီဖြစ်ကာ ကိရိယာများကို စမ်းသပ်နေကြပေပြီ။ ဝန်ထမ်းများကိုလည်း အထူးလေ့ကျင့်မှုများ ပေးနေခဲ့ကြသည်။
ကျန်းကျန်းက စက်ရုံဒါရိုက်တာရုံးသို့ သွားသောအခါ လင်းရှို့လန်က အလှကုန်ဖော်မြူလာများကို ကြည့်ရှုခဲ့နေ၏။ ကျန်းကျန်းကို မြင်လျှင် သူမင ဝမ်းသာအားရ ဖြစ်စွာ ပြောလာခဲ့သည်။
“မင်း လာတာ ကွက်တိပဲ၊ ငါတို့ကျွမ်းကျင်သူတွေက မစ္စတာကျန်းပေးခဲ့တဲ့ အလှကုန်ဖော်မြူလာတွေကို ခေတ်မီအလှကုန်တွေနဲ့ ပေါင်းစပ်ထားတယ်၊ မင်း ဘယ်လိုထင်လဲ”
*