← Chapters

အခန်း (၃၆၁)

Vol. 37 Ch. 361

အခန်း (၃၆၁)

Vol. 37 Ch. 361

လန်ကျန်း အလှကုန်စက်ရုံမှ လက်ရှိဒီဇိုင်းထုတ်ထားသော ပစ္စည်းများသည်က အဓိကအားဖြင့် နှစ်မျိုး ရှိသည်။

တစ်မျိုးက ဆေးဝါးအလှကုန်များအပေါ် အခြေခံထားခြင်းဖြစ်ကာ ဓာတ်မတည့်ခြင်းကို ကာကွယ်ပေးပြီး သက်သာစေသည့်စီးရီးဖြစ်၍ နောက်တစ်မျိုးကမူ သန့်စင်သော သစ်ဥသစ်ဖုဖြစ်ပြုလုပ်ထားကာ အရေပြားထိန်းသိမ်းမှုစီးရီးဖြစ်သည်။

အရေပြားထိန်းသိမ်းမှုပစ္စည်းများ၌မူ ကျန်းကျန်းက လင်းရှို့လန်လောက် မသိပေ။ သူမက ပြုံး၍ ခေါင်းခါလိုက်သည်။

“ဒါတွေကက အရမ်းပရော်ဖက်ရှင်နယ်ဆန်တယ်၊ ကျွန်မ တကယ် နားမလည်ဘူး၊ ဒါပေမဲ့ သစ်ဥသစ်ဖုတွေကို အခြေခံအလှကုန်တွေ ဖန်တီးတယ်ဆိုတဲ့ အယူအဆကို ကျွန်မတို့ ဆက်လက်ဆုပ်ကိုင်ထားတာ မမှားပါဘူး၊ စမ်းသပ်ထုတ်လုပ်နိုင်ပြီလား”

“မနက်ဖြန်ခါကျရင် စမ်းသပ်ဖို့အတွက် တစ်သုတ်ထုတ်လုပ်နိုင်ပြီ”

လင်းရှို့လန်က ဖော်မြူလာကို ဘေးသို့ ဖယ်ထားလိုက်သည်။

“ဒီကိစ္စကသာ အောင်မြင်ရင် ငါတို့တွေ ပန်းတွေကို အခြေခံပြီး ထုတ်လုပ်ဖို့အတွက် စိုက်ခင်းတွေနဲ့ ဆေးဆိုင်အတော်များများကို တွေ့ပြီး ထောက်ပံ့ရေးအတွက် သဘောတူညီချက်တွေ ချုပ်ဆိုနိုင်လိမ့်မယ်”

“ကုန်ကြမ်းတွေက ကျွန်မတို့အတွက် အရမ်းအရေးကြီးတယ်၊ ဒီအဆင့်ကို အပြင်မှာထားရတာ စိတ်မချရဘူးလို့ခံစားရတယ်၊ ပထမဆုံးအသုတ်အတွက် အပြင်က အပင်တွေကို သုံးတာ ပိုကောင်းမယ်ထင်တယ်

ကျွန်မ အလှကုန်စက်ရုံအတွက် အပင်အခြေခံစိုက်ခင်းတစ်ခု တည်ဆောက်လိုက်မယ်၊

ဒါက ကျွန်မတို့ရဲ့ အနာဂတ်မှာ အလှကုန်တွေ မြှင့်တင်ရေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်”

ကျန်းကျန်းက ပြောနေရင်းဖြင့် သူမ၏အသိနှင့် တော်ဝင်တက္ကသိုလ်၏ ဆင်ခြေဖုံးရှိ နေရာတစ်ခုကို ရှာဖွေခဲ့သည်။

မကြာမီပင် တောင်ကုန်းပြောင်တစ်ခုနှင့် အနီးအနားရှိ မြေရိုင်းဧရိယာကြီးတစ်ခုကို တွေ့ရှိခဲ့သောကြောင့် ဤကိစ္စကို တာဝန်ယူလိုက်လေသည်။

“အမေ ဒီကိစ္စကို ကျွန်မကို လွှဲထားလိုက်လေ”

လင်းရှို့လန်က သူမကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

“မင်း အလုပ်တွေ များနေတာမဟုတ်ဘူးလား၊ မင်းအရင်တုန်းက အိမ်ခြံမြေလုပ်ငန်းထဲကိုလည်း ဝင်ချင်ခဲ့တာ မလား”

ကျန်းကျန်းက ပြုံး၍ မျက်လုံးလှန်လိုက်သည်။

“ကျွန်မရဲ့ စတုတ္ထအစ်ကိုကလည်း ကျွန်မနဲ့အတူ အလုပ်လုပ်ချင်တယ်တဲ့၊ သူနဲ့ မရီးတို့ ဆွေးနွေးပြီး ပြဿနာမရှိရင် ဒီကိစ္စတွေကို သူ့ဆီကို ခဏလောက်လွှဲပေးထားလို့ရပါတယ်”

“အဲဒီလိုသာဆိုရင် အရမ်းကောင်းတာပေါ့”

လင်းရှို့လန်က ပြုံး၍ ပြောဆိုခဲ့သည်။

“ဘာပဲဖြစ်ဖြစ် မင်းရဲ့အစ်ကိုက ပညာရှင်ပဲလေ၊ သူနဲ့ဆိုရင် မင်းအများကြီး စိတ်အေးရမှာပါ”

ကျန်းကျန်းက ခေါင်းညိတ်လိုက်သည်။

“နောင်ကျရင် အလှဆင်ပစ္စည်းနဲ့ ပရိဘောဂပါတဲ့ အဆောက်အအုံတွေ အများကြီး ဆောက်ပြီး တိုက်ရိုက်ဝင်နေလို့ရအောင် လုပ်နိုင်မယ်လို့ ထင်တယ်”

လင်းရှို့လန်က ပြုံး၍ ထောက်ခံလိုက်သည်။

“မင်းက အပြင်လူတွေဆီကို အဆီအဆိမ့်တွေ မစီးဆင်းစေချင်ဘူးဆိုပြီး အိမ်နဲ့ ပရိဘောဂလုပ်ငန်းကိုပါ တစ်ခါတည့် လုပ်လိုက်တာ မကောင်းဘူးလား၊ ပြောရရင် ဒါကလည်း အတော်လေး ကောင်းတဲ့အကြံပဲ”

လင်းရှို့လန်ထံ၌ ခဏလောက်ထိုင်ပြီးသည့်နောက်တွင် ကျန်းကျန်းက အိမ်တွင်ရှိနေသည့် အမွှာကလေးများကို စဉ်းစားမိခဲ့ကာ အလျင်အမြန် ပြန်လာခဲ့သည်။

မိခင်နှင့် အချိန်ကြာမြင့်စွာ မတွေ့ရသောကြောင့် ကလေးနှစ်ယောက်က စိတ်ကောက်နေပုံရလေ၏။

ကျန်းကျန်း၏ကိုယ်မှ အနံ့ကိုရသည်နှင့် ငိုကြွေးလာကြသောကြောင့် ကျန်းကျန်းလည်း လက်များကို အမြန်ဆေးလိုက်ရပြီး မွေးကင်းစနဂါးနှင့် ဖီးနစ်လေးတို့ကို ပွေ့ချီလိုက်ရသည်။

ကလေးများနှစ်ယောက်က ကျန်းကျန်း၏ရင်ခွင်ထဲသို့ရောက်သည်နှင့် နို့စို့ရန်အတွက် ထပ်မံ မစောင့်နိုင်ကြတော့ပေ။

“မနက်တုန်းက မင်း ချန်ခဲ့တဲ့နို့တွေကို သူတို့နှစ်ယောက်စလုံး သောက်ထားပြီးပြီ၊ တကယ်တိုရင် ဗိုက်မဆာလောက်ဘူးလို့ ထင်တာပဲ၊ သူတို့က မင်းကို သတိရနေတာပဲ ဖြစ်ရမယ်”

ဝမ်စုဖန်းက နဂါးနှင့် ဖီးနစ်အမွှာလေးကို ကြည့်၍ ပြုံးလိုက်သည်။ ဤကလေးများကိာကြည့်ကာ မည်မျှစိတ်ချမ်းသာရသည်ကို ပြောစရာပင် မလိုပေ။

ကျန်းကျန်းက ပြုံး၍ ကလေးနှစ်ယောက်၏ တင်ပါးဖောင်းဖောင်းလေးများကို ပုတ်လိုက်သည်။

“ဘယ်အရွယ်ကိုရောက်နေပြီလဲ၊ အခုမှ အချွဲပိုနေကြတယ်”

ဖရဲသီးကြီးသည်က လှုပ်ရှားရခြင်းကို မကြိုက်ပေ။ ကျန်းကျန်းက ပုတ်လိုက်သောအခါ မကျေမနပ်ဖြင့် ညည်းညူလာ၏။ စပျစ်သီးလေးက အစ်ကိုဖြစ်သူ၏ ညည်းသံကို မကြိုက်ပုံရသည်။

ထို့ကြောင့် သူမ၏ခြေထောက်သေးများအား ဒေါသတကြီး ဆန့်ထုတ်လိုက်ပြီး နို့စို့ရင်းဖြင် ဖရဲသီး၏ဖင်ကို ကန်လိုက်လေသည်။

“အိုး၊ ငါတို့ရဲ့စပျစ်သီးလေးက တကယ်ကိုသန်မာတာပဲ”

မဒမ်လီက ပျော်ရွှင်စွာဖြင့် ကြည့်လိုက်သည်။

“သူမက သူမရဲ့အစ်ကိုကို တော်တော်လေး ကန်ချပစ်လိုက်တာ၊ ဖရဲသီးလေးတောင် လွင့်ပါသွားတော့မလို့”

ကျန်းကျန်းက တစ်ဖက်တစ်ချက်စီတွင် ကလေးတစ်ဦးစီကို ပွေ့ထားသောကြောင့် ကိုယ်ဟန်အနေအထားကို မညှိနိုင်ဘဲ မဒမ်လီကို အကူအညီတောင်းရတော့သည်။

“အဘွား ရယ်နေတာကို ရပ်လိုက်ပါဦး၊ ဖရဲသီးကို ရွှေ့ဖို့ ကူညီပေးဦး၊ ကျွန်မ သူ့ကို မချီနိုင်တော့ဘူးထင်တယ်”

မဒမ်လီက လက်ကိုဆန့်တန်း၍ ဖရဲသီးကို ကျန်းကျန်း၏ရင်ခွင်ထဲသို့ ပြန်လည်ထည့်ပေးလိုက်သည်။

စပျစ်သီးသည်က ထပာမံ၍ စိတ်အားထက်သန်လာပြန်ကာ ခြေထောက်တစ်ဖက်ပြီးတစ်ဖက် လိုက်ကန်နေခဲ့လေသည်။ သူမကိုယ်တိုင် အိပ်ပျော်သွားသည်အထိ ကန်နေခဲ့ကာ အိပ်ပျော်သွားပြီးနောက်မှသာ ရပ်တန့်သွား၏။

“ဒီကလေးမလေးက တော်တော်လေး အလုပ်ရှုပ်တာပဲ”

ကျန်းကျန်းက နဂါးနှင့် ဖီးနစ်လေးတို့ကို အိပ်ရာပေါ်သို့ ပြန်တင်လိုက်ကာ သူမ၏လက်မောင်းများကို ပွတ်သပ်လိုက်သည်။

“နို့စို့တာကို မရပ်နိုင်ဘူး”

မဒမ်လီက သူမ၏ရင်ထဲမှ ချစ်ရသော ကလေးသုံးဦးကို ကြည့်၍ ပြုံးရယ်ကာ ပြောဆိုလာခဲ့သည်။

“မင်း တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့ရတာမလား၊ အိပ်ယာပေါ်မှာ ခဏလောက် လှဲပြီး မှေးနေသင့်တယ်”

ကျန်းကျန်းက ကလေးများနှစ်ဦးကြား၌ ဝင်အိပ်နေခဲ့သော်လည်း သူမ၏အသိစိတ်သည်ကား ပေရှားဒေသရှိ တောင်ပေါ်သို့ ပြန်မသွားဘဲ မနေနိုင်ခဲ့ပေ။

သစ်တောများကို အလွန်အကျွံခုတ်လှဲခြင်းနှင့် အချိန်မီ မကာကွယ်နိုင်သောကြောင့် ထိုတောင်ပေါ်ရှိ တောရိုင်းတိရစ္ဆာန်များမှာ နှစ်အနည်းငယ်အတွင်း တစ်ဝက်မျှ လျော့နည်းသွားခဲ့ပြီး သစ်တောအစွန်းပိုင်းကလည်း သိသိသာသာ ကျုံ့သွားခဲ့သည်။

တစ်ချိန်တည်း၌ သစ်တောများစွာကို ခုတ်လှဲခဲ့ပြီး ရထားဖြင့် တစ်နိုင်ငံလုံးသို့ ဆွဲထုတ်သွားခဲ့လေသည်။

ဒေသခံဘဏ္ဍာရေးဝင်ငွေကို ထိန်းသိမ်းရန်အတွက် နှစ်တစ်ရာသက်တမ်းရှိ သစ်ပင်များသာမကဘဲ သစ်တောနက်ထဲ၌ ပေါက်ရောက်နေသော အားကောင်းမောင်းသန်ကြီးထွားနေသည့် သစ်တောအချို့ကိုပါ သစ်ခုတ်မှုညွှန်းကိန်းထဲ ထည့်သွင်းခံထားခဲ့ရသည်။

ကျန်းကျန်း သက်ပြင်းချလိုက်မိသည်။

ပေရှားဒေသ၌ အကြီးဆုံးဖြစ်သည့် ကိုရီးယားထင်းရှူးတောကြီးသည်က ကမ္ဘာမြေမျက်နှာပြင်မှ ပျောက်ကွယ်သွားခဲ့တော့မည်ဖြစ်ပြီး အဆုံးအစမရှိသည့် ကိုရီးယားထင်းရှူးတောက အသက်ကြီးသူများ၏ မှတ်ဉာဏ်၌သာ တည်ရှိပေတော့မည်။

ကျန်းကျန်းက သူမ၏အတိတ်ဘဝ၌ ယဲ့တုန်း၏ ထင်းရှူးတောထဲတွင် ခုတ်လှဲရန် သစ်ပင်များ မရှိတော့ဟူသော သတင်းကို ဖတ်ခဲ့ရသည်ကို မှတ်မိနေသေး၏။

အစိုးရက ဤသို့ ဖျက်ဆီးသည့် သစ်ခုတ်မှု၏ ဆိုးကျိုးကို နားလည်လာသောအခါ၌ မူလတုန်းက ကိုရီးယားထင်းရှူးတောဧရိယာ ၁.၂ သန်းဟက်တာကြီးမှာ ငါးသောင်းဟက်တာပင် မပြည့်တော့ပေ။

ယခုအချိန်တွင် မူလဧရိယာ၏ တစ်ဝက်အောက်အထိ လျော့နည်းသွားခဲ့ပြီး တစ်ချိန်က နေရာတကာ၌ရှိခဲ့သော ရွှေဝါရောင် ငှက်များနှင့် ယုန်များပင်လျှင် ဒေသခံများ၏ ပါးစပ်၌ ရှားပါးအစားအစာ ဖြစ်လာခဲ့ပြီ။

ကျန်းကျန်းအနေဖြင့် ထင်းရှူးတောနီ၏တောင်ခြေရင်း၌ ပြန်လည်မွေးဖွားလာသောအချိန်တွန်းက ဤသစ်တောနှင့် ခွဲခွာ၍ မရနိုင်သည့် ခံစားချက်တစ်ခု ရှိခဲ့ပြီး ဤသစ်တော၏ အနာဂတ်ကိုလည်း ခန့်မှန်းခဲ့သည်။

ထို့ကြောင့် သူမကိုယ်သူမ စွမ်းဆောင်နိုင်ရန်နှင့် ငွေ အလုံအလောက်ရှိရန် လုပ်ရပေမည်။

ထိုသို့မှသာ ဤသစ်တောကြီးကို ပြန်လည်တည်ဆောက်နိုင်မည်ပင်။

ဝမ်းနည်းစရာကမူ သစ်တောအပေါ် မှီခို၍ အလုပ်သမား ထောင်ပေါင်းများစွာကို ထောက်ပံ့နေဆဲဖြစ်သော သစ်တောဒေသမှ မြို့ငယ်လေးမှာ သစ်တောကို တစ်ဦးပိုင်အတွက် စာချုပ်ချုပ်ဆိုရန် လက်ခံဦးမည် မဟုတ်ဘဲ စောင့်ဆိုင်းရဦးမည်ပင်။

ကျန်းကျန်း မျက်နှာကိုသုတ်လိုက်ပြီး သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ သူမအနေဖြင့် အလုပ်များ များစွာနှင့် ပင်ပန်းနေသောကြောင့် နေ့ခင်းဘက်၌ အလွယ်တကူ အိပ်ပျော်ခြင်း မရှိတော့ပေ။

ထို့ကြောင့် အိပ်ယာမှ ထ၍ လက်ဆေးပြီးနောက် နို့ပုလင်းအနည်းငယ်ကို ညှစ်ထုတ်ကာ ရေခဲသေတ္တာထဲ ထည့်လိုက်သည်။

ပြီးနောက် အပြင်ဘက်အခန်းသို့ တိတ်တိတ်လေးသွားကာ အိပ်ယာတွင် မှေးနေသော ဝမ်စုဖန်းကို ညင်ညင်သာသာ ခေါ်လိုက်သည်။

“အမေ၊ ကျွန်မ အပြင်သွားစရာရှိတယ်၊ နို့ကို ရေခဲသေတ္တာထဲမှာ ထည့်ထားခဲ့တယ်နော်”

ဝမ်စုဖန်းက သမ်းဝေ၍ ကော်ဖီစားပွဲမှ ပန်းကန်ပြား၌ရှိသော ပန်းသီးနှစ်လုံးကို ကျန်းကျန်း၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

“မင်း တစ်နေ့လုံး အလုပ်များနေတာဆိုတော့ အသီးမစားရသေးဘူးလား၊ ဒါကြောင့် လမ်းမှာစားဖို့ နှစ်လုံးလောက် ယူသွားလိုက်တာ”

ကျန်းကျန်းလည်း သဘောတူလိုက်ပြီး ပန်းသီးကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ပြီးနောက် မြေရိုင်းနေရာလွတ်ကို စာချုပ်ချုပ်ဆိုရန် သက်ဆိုင်ရာဌာနသို့ စကား သွားပြောဆိုခဲ့လေသည်။

တော်ဝင်မြို့တော်၏ ဆင်ခြေဖုံးနေရာတွင်ရှိနေသော မြေရိုင်းများနှင့် တောင်ကုန်းပြောင်များသည်ကား ယခုအချိန်တွင် ဖွံ့ဖြိုးတိုးတက်မှု မရှိသေးပေ။

ကျန်းကျန်းက စာချုပ်ချုပ်၍ သီးနှံစိုက်မည်ဟု ပြောသောအခါတွင် မြေယာစီမံခန့်ခွဲမှုဌာနက ချက်ချင်း သဘောတူခဲ့သည်။

၎င်းသည်က ကျန်းကျန်း ကိုယ်တိုင် သူမ၏မျက်နှာကို သွားပြခဲ့သောကြောင့်ဟုလည်း ပြောရမည်။

သာမန်လူတစ်ဦးဆိုလျှင် ဤမျှဧရိယာကြီးကို ခွင့်ပြုချက်ရရှိရန် ဤကဲ့သို့ ချောချောမွေ့မွေ့ ဖြစ်မည် မဟုတ်ပေ။

အစိုးရဝန်ထမ်းများနှင့်အတူ မြေကို တိုင်းတာခြင်း၊ စာချုပ်စာတမ်းကြေးပေးခြင်း၊ အရည်အချင်းစစ်လက်မှတ်လျှောက်ထားခြင်းများ လုပ်ဆောင်ပြီး ကျန်းကျန်းက လုပ်ထုံးလုပ်နည်းများအားလုံးကို တစ်လခွဲအတွင်း ပြီးစီးခဲ့သည်။

ကျန်းကျန်းတစ်ယောက် မြေပိုင်ရှင်ဖြစ်ရသည့် ပျော်ရွှင်မှုကို မခံစားရသေးခင်တွင် လီမင်ပေက စိတ်လှုပ်ရှားစွာဖြင့် သူမဆီသို့ ပြေးလာခဲ့ကာ ပြောလာလေ၏။

“ကျန်းကျန်း၊ ငါအလုပ်ထွက်လိုက်ပြီ”

ကျန်းကျန်းက သူ့ကို အံ့သြစွာ ကြည့်လိုက်မိသည်။

“မရီးက သဘောတူပြီလား”

“ဟုတ်တယ်”

လီမင်ပေက ရွှင်ပျစွာ ခေါင်းညိတ်လုက်ပြီး လူခုနစ်၊ ရှစ်ဦး ထပ်ခေါ်လာသည်။

“ငါ့ရဲ့ အတန်းဖော်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ခေါ်လာခဲ့တယ်”

*

All Chapters