← Chapters

အခန်း (၃၆၃)

Vol. 37 Ch. 363

အခန်း (၃၆၃)

Vol. 37 Ch. 363

လီမင်ပေတို့ လူရှစ်ဦးသည်ကား လုပ်ငန်းအတွေ့အကြုံ ငါးနှစ် ရှိကြပြီး အကြိမ်များစွာ ပူးပေါင်းလုပ်ကိုင်ဖူးကြသည်။

သူတို့က သူတို့၏ ယခင် လုပ်ငန်းပုံစံ အတိုင်း အုပ်စုများ ခွဲ၍ ပြည်သူ့အိမ်ရာ ဆောက်လုပ်ရေး ယူနစ်ကို ကွင်းဆင်း လေ့လာရန် ပြင်ဆင်ခဲ့ကြသည်။

မူလက သေးငယ်သော ကုမ္ပဏီဆိုသည့် နာမည်ကလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။

ကျန်းကျန်းတစ်ယောက် သူမ၏ ခါးကိုဆန့်နိုင်ခဲ့ပြီး လုပ်ငန်းသုံးကားဖြင့် မြို့ပြင်သို့ မောင်းထွက်သွားခဲ့သည်။

အိမ်ဆောက်ခြင်းထက် ကျန်းကျန်း က လယ်ယာလုပ်ခြင်းကို ပိုနှစ်သက်သည်ဟု ပြောရပေမည်။

သူမပ စိုက်ပျိုးရေးနေရာသို့ မောင်းသွားသောအခါ အနီးအနားမှ ငှားထားသော လယ်သမားများက မြေရိုင်းများ ရှင်းလင်းနေခဲ့ကြသည်။

ကျန်းကျန်းက သူမ၏ အသိစိတ်ဖြင့် ကြည့်လိုက်သောအခါ မြေရိုင်းများ အားလုံး နီးပါး ရှင်းလင်းပြီး ဖြစ်ပေသည်။

ကျန်းကျန်း ရောက်လာသည်ကို မြင်လျှင် အဖွဲ့၏ ခေါင်းဆောင်က အပြေးအလွှား လာ၍ ပြောလာသည်။

“မန်နေဂျာလီ၊ ခင်ဗျား ဒီမြေကို စိုက်ပျိုးဖို့အတွက် ရွေးချယ်တာက သိပ်မကောင်းဘူးမလား၊ တချို့နေရာတွေက အရမ်းခြောက်သွေ့ပြီး မြေကြီးကမာလို့ ဒီမြေပေါ်မှာ သီးနှံတွေစိုက်တာ မကောင်းဘူးလို့ ကျွန်တော်ထင်တယ်၊

အသီးအနှံတွေတောင်မရတာ ခင်ဗျားရဲ့ နူးညံ့တဲ့ ပန်းတွေကို စိုက်လို့ရပါ့မလား”

ကျန်းကျန်းက ပြုံး၍ ပြန်ပြောလိုက်သည်။

“မြေကြီးကို အာဟာရဖြည့်ဖို့အတွက် အထူးထုတ်ထားတဲ့ မြေဩဇာတချို့ကို ဝယ်ခိုင်းထားပါတယ်၊ ဘာပြဿနာမှ မရှိပါဘူး”

ထိုသူများသည်ာ လီမင်ကျန်းကို လူကောင်းတစ်ဦး ဖြစ်သည်ဟု ထင်မြင်ကြသည်။

ထို့ကြောင့် သူတို့၏ ကိုယ်ပိုင် အတွေ့အကြုံအရ အကြံဉာဏ် ပေးခဲ့ကြပြီး ကြိုးစားအားထုတ်ပြီးမှ အလဟာသဖြစ်ခြင်းကို သက်သာစေလိုခြင်း ဖြစ်သည်။

သို့သော် သူဌေးက အားလုံးကိုပြင်ဆင်ပြီး ဖြစ်သည်ဟု ကြားသောအခါ စိတ်သက်သာရာ ရသွားပြီး ပြန်ပြောလာကြလေ၏။

“ကောင်းပါပြီ၊ ဒါဒီမြေကို ထွန်ယက်ရှင်းလင်းပြီးပြီဆိုတော့ ဘေးဘက်က တောင်ကုန်းတွေကို သွားရှင်းလင်းလိုက်မယ်၊ ဒါနဲ့ မြေယာစိုက်ပျိုးခိုင်းဖို့ လူခေါ်မှာလား၊ ကျွန်တော်တို့မိသားစုမှာ သက်ကြီးအမျိုးသမီးတချို့ရှိတယ်၊ သူတို့က အလုပ် လုပ်နိုင်ကြတယ်”

ကျန်းကျန်း ခဏ စဉ်းစားပြီး ခေါင်းခါရမ်းလိုက်သည်။

“ရပါတယ်၊ ကျွန်မမှာ အဲဒီအလုပာတွေ လုပ်ဖို့ လူတွေရှိတယ်”

သူတို့ကလည်း ကျန်းကျန်း၏စကားကိုကြားသည်နှင့် ဆက်၍ မတိုက်တွန်းတော့ဘဲ စိုက်ခင်းမှ ဦးဆောင်၍ ဘေးနားရှိ မြေရိုင်းတောင်ပေါ်သို့ တန်းတန်းမတ်မတ် သွားခဲ့ကြသည်။

ဤနေရာ၌ ဤမျှကျယ်ပြောသော မြေရိုင်းတောင်ကုန်းများနှင့် မြေရိုင်းများ ရှိနေခြင်းက အဓိကအားဖြင့် အနီးအနား၌ လူမရှိ၍ ဖြစ်ပေသည်။

မဟုတ်ဘဲ နှစ်ပေါင်းများစွာ စိုက်ပျိုးပြီး မြေဩဇာ ကျွေးခဲ့လျှင် စိုက်ပျိုး၍ ရနေလောက်မည် ဖြစ်သည်။

ကျန်းကျန်းက လူများအားလုံး ထွက်သွားသည်ကို မြင်မှ သူမ၏ အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်ဝထို့နောက် နေရာမှ မိုင်အနည်းငယ်အတွင်း မည်သူမှ မလာသည်ကို တွေ့လိုက်ရသောကြောင့် ခြေဖဝါးကို ဖွဖွနင်းလိုက်လေသည်။

ထိုလုပ်ဆောင်ချက်ကြောင့်မြေကြီးများက အလိုအလျောက် လှန်လာပြီး မြေကြီးအောက် နက်နက်မှ မြေဩဇာကောင်းသော မြေဆီလွှာကို အပေါ်သို့ ရောက်လာစေခေ့်သည်။

ကြမ်းတမ်းသော မြေကြီးများသည်လည်း နူးညံ့သော မြေကြီးများ ဖြစ်လာပြီး မျက်စိတစ်မှိတ်အတွင်း၌ မြေကြီးက စိုက်ပျိုးရန် သင့်တော်သွားခဲ့သည်။

အမှန်တကယ်တမ်းတွင် ကျန်းကျန်းအနေဖြင့် ဤစိုက်ပျိုးရေးကကို မည်သူ့ကိုမျှ မငှားဘဲ သူမ၏ စွမ်းအားများ သုံး၍ မြေကြီးကို လှန်နိုင်ပေသည်။

သို့သော်လည်း ဤသို့သော ဧရိယာ ကျယ်ကြီးသည်ကား အစိုးရ က စိတ်ဝင်စားသော ပရောဂျက် ဖြစ်သောကြောင့် ပွင့်လင်းမြင်သာစွာ ချပြနိုင်ရန်အတွက် လူများ မြင်တွေ့နိုင်ရန် အလုပ်လုပ်နိုင်သော လူအချို့ကို ရှာရခြင်းဖြစ်ပေသည်။

မြေကြီးကို လှန်ပြီးနောက် ကျန်းကျန်းက အိတ်ဆယ့်ဒါဇင်ကျော်မျှ ရှိသော မျိုးစေ့များကို သူမ၏ နေရာလွတ်ထဲမှ ထုတ်လိုက်ပြီး အိတ်များကို ဖွင့်လိုက်သည်။

မျိုးစေ့များသည်က ကျန်းကျန်း၏ အသိစိတ်နှင့်အတူ ပျံ့လွင့်ထွက်လာပြီး မြေကြီးပေါ်တွင် အညီအမျှ ကျဆင်းသွားခဲ့သည်။

မြေကြီးထဲမှ စိုစွတ်မှုက မျိုးစေ့များကို ဖုံးအုပ်သွားပြီး သဘာဝလွန်စွမ်းအားများ၏ ကောင်းချီးပေးမှုအောက်၌ အမြန်ဆုံး အမြစ်တွယ်သွားခဲ့လေသည်။

ကျန်းကျန်းကက သူမ၏ သတိစိတ် နှင့် မျိုးစေ့များ၏ အခြေအနေကို ကြည့်လိုက်သောအခါ ခုနစ်ရက်၊ ရှစ်ရက်အတွင်း အညှောက်ပေါက်လာမည်ဟု ခန့်မှန်းရသည်။

ပန်းစိုက်ခင်းထဲမှ ထွက်လာပြီးနောက် ကျန်းကျန်းက ရွာငယ် တစ်ရွာဆီသို့ ကားမောင်းသွားခဲ့သည်။

ထို ရွာသည်ကား များစွာ ဝေးလံခေါင်ဖျားသောကြောင့် ခေတ်နှင့် အညီ လုံးဝ မလိုက်နိုင်ဘဲ ယခုအထိ ၁၉၆၀ ပြည့်နှစ်များ၏ အဆင်းရဲဆုံး လူနေမှု အဆင့်အတန်းအတိုင်းပင် ရှိနေသေးသည်။

သူမက ကားကို ရွာအဝင်ဝတွင် ရပ်လိုက်သောအခါ ဟောင်းနွမ်းသောအဝတ်အစားအနည်းငယ်ကို ဝတင်ဆင်ထားသည့်ကလေးအုပ်စု တစ်အုပ်က စူးစမ်းလိုစိတ်ဖြင့် ပြေးလာပြီး ရှားရှားပါးပါး မြင်ရသော ကားကို ပတ်၍ ပျော်ရွှင်နေကြသည်။

ကျန်းကျန်းက သူတို့ ကားပေါ်တွင် တက်ဆော့နေသည်ကို မြင်သော်လည်း စိတ်မဆိုးခဲဘဲ ရွာရှိ သက်ကြီးရွယ်အိုများဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

ရွာထဲသို့ အင်မတန်လှပသော မိန်းကလေးတစ်ဦး ရောက်လာသည်ကို မြင်သောအခါ အသက်အရွယ်ကြီးသူများက လှမ်းမေးလာခဲ့ကြသည်။

“မိန်းကလေး ဘယ်ကလာတာလဲ”

“ဘယ်သူ့ကို လာရှာတာလဲ”

“ရေဆာနေလား၊ အဒေါ်တို့ အိမ်ကို သွားပြီး သောက်ပါလား”

သူတို့က နွေးထွေးစွာ နှုတ်ဆက်ကြသည်။

ကျန်းကျန်းက ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး တံခါးဝတွင် ထိုင်နေသော သက်ကြီးရွယ်အိုများ၏ မျက်လုံးများကို ကြည့်လိုက်သည်။

“ဦးလေးတို့၊ အဒေါ်တို့၊ ကျွန်မနာမည် လီမင်ကျန်းပါ၊ ဒီကိုလာခဲ့ရတဲ့အကြောင်းရင်းက ဒီလိုပါ၊

ကျွန်မက ဆယ်မိုင်ကျော် ဝေးတဲ့ နေရာမှာရှိတဲ့ တောင်ကုန်းတွေနဲ့ မြေရိုင်းတွေကို ပန်းတွေ၊ အပင်တွေနဲ့ တရုတ်တိုင်းရင်းဆေးပင်တွေ စိုက်ဖို့ ငှားထားတယ်၊

အဲဒီစိုက်ခင်းအတွက် ရေလောင်းပေါင်းသင်တာ၊ စတာတွေအတွက် လူတွေရဲ့ အကူအညီ လိုအပ်တယ်၊

ဒါကြောင့် လူတချို့ကို ပိုက်ဆံပေးပြီး ငှားချင်ပါတယ်၊ ရွာထဲမှာ ဒီအလုပ်ကို လုပ်ဖို့ သင့်တော်တဲ့သူတွေ ရှိမယ်လို့ ထင်လား”

“အလုပ်က ကြီးမားတဲ့ကိစ္စ မဟုတ်ပါဘူး၊ ဘာလို့ ပိုက်ဆံပေးနေမှာလဲ”

အဒေါ်ကြီးတစ်ဦးက ဤသို့ ပြော၍ အိမ်ထဲသို့ အော်ပြောလိုက်သည်။

“သားရေ၊ မင်း အိမ်ကကိစ္စတွေ ပြီးရင် ဒီအစ်မကို ရေလောင်းတာ ဒါမှမဟုတ် တခြားအလုပ်တွေ ကူညီပေးလိုက်ပါဦး”

ဤစကားကို ကြားသောအခါ ကျန်းကျန်းက အမြန်ပင် လက်ကာ၍ ပြောလိုက်သည်။

“အဒေါ်၊ ဒါက တစ်ရက်နှစ်ရက် ကိစ္စမဟုတ်ဘူး၊ နှစ်အတော်ကြာ လုပ်ရမှာပါ၊

အိမ်ကနေ မထွက်နိုင်တဲ့ လူငယ်လေးတွေက ကျွန်မရဲ့ ပန်းခြံကို ကြည့်ရှုရင်းနှင့် အိမ်စရိတ်ရှာဖို့ ကူညီပေးနိုင်မယ်လို့ ကျွန်မထင်တယ်၊ ပုံမှန်အားဖြင့်တော့ ရွာထဲမှာ ဒီလိုမျိုးနေမှာဆိုတော့ ဒီအလုပ်လေးနဲ့ဆိုရင် သူတို့တွေလည်း အိမ်ကို စောင့်ရှောက်ပေးနိုင်တယ်လေ”

ကျန်းကျန်းက အမှန်တကယ်ပင် လူငှားလိုသည်ကို မြင်သောအခါ အသက်ကြီးသူတချို့က တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီး အနည်းငယ် ရှက်ရွံ့စွာ ပြောလာကြသည်။

“ကြည့်ပါဦး၊ အလုပ်ကလည်း အများကြီးလည်းမဟုတ်ဘူး၊ ပိုက်ဆံပြန်ယူရတာလည်း အရမ်းရှက်စရာကောင်းတယ်မလား”

ကျန်းကျန်းက ပြုံး၍ ဖြောင်းဖြလိုက်သည်။

“ ကျွန်မက အဒေါ်တို့ကို အမြဲတမ်း အလကား ကူညီခိုင်းနေလို့ မရဘူးလေ၊ ဒါက အချိန်အကြာကြီး လုပ်နေရမဲ့ကိစ္စမျိုးပါ”

“ဒါဆို ကောင်းပြီ၊ မင်း ဘယ်နှစ်ယောက်လိုချင်လဲဆိုတာ ပြောပါ”

ကျန်းကျန်း၏ ရိုးသားမှုကို မြင်သောအခါ အသက်ကြီးသူများကလည်း သူမကို မတိုက်တွန်းတော့ပေ။

“ငါတို့တြေ ရွာထဲက အစွမ်းအစအရှိဆုံးနဲ့ အဲဒီမြေကြက်နဲ့ နီးစပ်တဲ့သူကို ရွေးပြီး မင်းအတွက် ခွဲပေးပါ့မယ်”

ကျန်းကျန်း စဉ်းစားပြီး ပြောလိုက်သည်။

“ဆယ့်နှစ်ယောက်လောက်ဆိုရင် ရပါပြီ၊ မိန်းကလေးရော ယောက်ျားလေးရော အဆင်ပြေတယ်။ သန်မာတဲ့ အစ်ကိုကြီးတွေနဲ့ အစ်မကြီးတွေလည်း ပါတယ်”

သက်ကြီးရွယ်အိုများစွာက ဤကဲ့သို့ လူများစွာ ရှိမည်ဟု ဆိုကာ ရွာလူကြီးကို အမြန် ခေါ်၍ ဆုံးဖြတ်ချက်ချခိုင်းလိုက်သည်။

ရွာလူကြီးကလည်း ထိုမိန်းကလေး က သူ၏ ရွာ၌ အလုပ်လုပ်ရန် လူလာရှာနေသည်ကို မြင်သောအခါ ဝမ်းသာလွန်း၍ အသံပင် တုန်ယင်နေခဲ့သည်။

သူက လူငယ်များ အားလုံးကို အမြန် ခေါ်လိုက်သည်။ ရွာထဲ၌ မြေယာက အနည်းငယ်မျှသာ ရှိပြီး ရေ နှင့် မီးလည်း မရှိပေ။ ယခုဆိုလျှင် နာမည်ကျော် ဆင်းရဲသော ရွာတစ်ရွာ ဖြစ်နေပေပြီ။

တစ်ချိန်တည်း၌ အပြင်ဘက်တွင် အခြေအနေများ ကောင်းနေပြီး ပိုက်ဆံရှာရန် နည်းလမ်းများ များစွာ ရှိသည်။

ထို့ကြောင့် လူငယ်အများစုက ဆင်းရဲမည်ကို ကြောက်၍ ရွာမှ ထွက်ခွာရန် ရွေးချယ်ကြသည်။

ယခု ရွာ၌မူ အိမ်နှင့် အဆက်အသွယ်ရှိသော လူငယ်မိသားစု တစ်ဒါဇင်မျှ မှလွဲ၍ ကျန်ရှိနေသော သူများက အသက်ကြီးသူများ၊ အားနည်းသူများ၊ ဖျားနာသူများ နှင့် မသန်မစွမ်းသူများသာ ဖြစ်ကြသည်။

ဤလူငယ်များကို အိမ်နှင့်နီးသည့်နေရာတွင် အလုပ်အကိုင်ရှာပေးနိုင်လျှင် ရွာ၏ ပြဿနာကြီးကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

ရွာထဲ၌ ကျန်ရှိနေသော လူငယ် ၁၅ ဦးကို ခေါ်လိုက်လျှင် ယခုမှ လက်ထပ်ထားသော ဇနီးမောင်နှံလေးများ နှင့် ၁၇-၁၈ နှစ် အရွယ် လူငယ်လေးများ ရောက်လာကြလေသည်။

ကျန်းကျန်းက ရွာလူကြီး ကိုကြည့်က် ခေါင်းညိတ်၍ ပြောလိုက်သည်။

“အိမ်မှာ ဘာမှမလုပ်စရာမရှိရင်တော့ လူတိုင်း အလုပ်ကိုလာနိုင်ပါတယ်”

ရွာလူကြီးက ဝမ်းသာပျော်ရွှင်လွန်း၍ ငိုတော့မတတ် ဖြစ်နေခဲ့သည်။

“ဒါရိုက်တာလီ၊ ဒါရိုက်တာကးလီကို အရမ်းကျေးဇူးတင်ပါတယ်၊ ဒီကိစ္စကို ကျွန်တော် ဘယ်လောက် စိတ်ပူနေရလဲဆိုတာ မင်း မသိလောက်ဘူး၊ ကျွန်တော် ခရိုင်ကို ခဏခဏစာရေးပြီး မြို့ကို သွားခဲ့သေးတယ်

ခေါင်းဆောင်တွေက ကျွန်တော့်ကို ကူညီပေးပါစေလို့ ဆုတောင်းနေခဲ့ရတာ”

ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။

“ဒီတစ်ခါမြို့တော်ဝန်က ရှင်တို့ရွာက လူတွေကို ဦးစားပေးခန့်ထားဖို့ ကျွန်မကို အထူးမှာလိုက်ပါတယ်၊ နောက်ဆက်တွဲ ရေနဲ့မီးရရှိရေး လုပ်ငန်းတွေကိုလည်း ရှီမြို့တော်ဝန်က စီစဉ်ပြီးသားပါ၊ ရှင်တို့ စောင့်နေရုံပါပဲ”

“မြို့တော်ဝန်က တကယ်ကို ကောင်းတဲ့သူပဲ”

ရိုးသားသော ရွာသားများက ချက်ချင်းပင် ကျေးဇူးတင်စကား များ ပြောခဲ့ကြပြီး ကျန်းကျန်းကိုလည်း အလွန်ကျေးဇူးတင်ခဲ့ကြသည်။

“အစ်မ၊ အစ်မလည်း လူကောင်းတစ်ယောက်ပဲ၊ အခုလို ကူညီပေးတာ ကျေးဇူးအများကြီးတင်ပါတယ်”

*

All Chapters