အခန်း (၃၆၅)
Vol. 37 Ch. 365
ကျန်းကျန်း၏ ကတိစကားကြောင့် လူအုပ်စုသည်က ပို၍ ကြိုးကြိုးစားစား အလုပ်လုပ်လာခဲ့ကြသည်။
သူတို့က မြေ၏ ဧရိယာကိုကို တိုင်းတာကြည့်၍ သိနိုင်သည်။ နောင်အနာဂတ်၌ တစ်ခုခု စိုက်ပျိုးမည်ဆိုလျှင် တာ့ရန်ရွာမှ လူများလောက်နှင့် မလုံလောက်နိုင်ပေ။
ယခု သူတို့ ကောင်းစွာ လုပ်နေကြပြီးသူတို့၏ လုပ်အား အစွမ်းအစကို ပြသနိုင်လျှင် နောင်အနာဂတ်၌ ငွေရှာရန် နည်းလမ်းများ ပို၍များစွာ လာလိမ့်မည်။
လူတစ်ဦးတစ်ယောက်တွင် အလုပ်များနေမည်ဆိုပါက နေ့ရက်များသည်လည်း အလျင်အမြန် ကုန်သွားသလို ခံစားရသည်။
ကျန်းကျန်းက မြို့သို့ ပြန်ရောက်၍ ရက်အနည်းငယ်ကြာပြီး ရက်ကိုစစ်ကြည့်လိုက်လျှင် လဝက်ခန့် ကုန်သွားပြီဟု သိလိုက်ရလေသည်။
ကျန်းကျန်းက သူမ၏ အသိစိတ်နှင့် ပန်းခုံအတွင်းမှ ပန်းပျိုးပင်များအား ကြည့်လိုက်သည်။
စိုက်ခင်းသည်ကား ရွာသားများ၏ ရေလောင်းပေးမှုအောက်၌ လက်တစ်ချောင်းခန့် ရှည်သည့် ပျိုးပင်များအဖြစ် ပေါက်လာခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ဤလူများက ပန်းပင်များအကြောင်းကို သိပ်ပြီး လေ့လာထားခြင်းမရှိသောကြောင့် ကျွမ်းကျင်မှာမရှိကြသေးပေ။
သူတို့က ရေအနည်းငယ်လောက်ရမည့်အပင်ကိုလည်း များစွာ လောင်းထားကြသည်။
သို့နှင့် ကျန်းကျန်း ကားကို ပန်းစိုက်ခင်းဆီ မောင်းသွားခဲ့သည်။
ကားရပ်ပြီးသည်နောက်တွင် ဆောက်လုပ်ပြီးသား အိမ်များကို တွေ့လိုက်ရလေသည်။ ဤစိုက်ခင်းအတွက်မှ အိမ်များသည်ကား လူနေထိုင်ရန်နေရာ မဟုတ်သည့်အတွက် ဤအိမ်များ သိပ်၍ မကြီးလှပါချေ။
ခုတင်တစ်လုံးနှင့် စားပွဲတစ်လုံးသာ ထား၍ရသည်။ ထိုအပြင် အိမ်ကြီးနှစ်လုံးကိုတော့ သီးသန့် ဆောက်ထားခဲ့သည်။
တစ်လုံးက လယ်ယာသုံးပစ္စည်းများအတွက်ဖြစ်ပြီး နောက်တစ်လုံးကမူ မီးဖိုချောင်နှင့် စားသောက်ရန်နေရာအဖြစ် အသုံးပြုထားသည်။
တာ့ရှန်က ရွာသားများအား ထမင်းစားရန် ဦးဆောင်နေစဉ် ကျန်းကျန်း ရောက်လာသည်ကို မြင်သော် ပန်းကန်ကို အလျင်အမြန်ချလိုက်၍ ပြောလာလေသည်
“သူဌေး၊ ရောက်လာပြီလား”
ကျန်းကျန်းက ခေါင်းညိတ်၍ ပြောလိုက်သည်။
“ရှင်တို့တွေ စားစရာရှိတာတွေကို စားကြပါ၊ ကျွန်မ ပန်းပျိုးပင်တွေရဲ့ အခြေအနေကို သွားကြည့်လိုက်ဦးမယ်”
တာ့ရှန်က အလျင်အမြန်ပြောလိုက်သည်။
“ကျွန်တော်တို့လည်း စားပြီးပါပြီ၊ သူဌေးနဲ့အတူ လိုက်ခဲ့ပါ့မယ်၊ သူဌေး၊ ကျွန်တော်တို့က ဒီပန်းပင်တွေအကြောင်းကို သိပ်မသိပါဘူး၊ ပန်းပျိုးပင်တွေ ဘယ်လိုကြီးထွားနေလဲဆိုတာ ကြည့်ပေးပါဦး”
ကျန်းကျန်းက ပန်းစိုက်ပျိုးခြင်းကို တစ်ခါမျှ မသင်ဖူးသော်လည်း အပင်များ၏ အခြေအနေကို တိုက်ရိုက်ပင် ခံစားနိုင်၏။
သူမက ဒူးကိုအသာကွေးညွတ်ကာ ထိုင်လိုက်ပြီး ခြေထောက်နားရှိ ပန်းပျိုးပင်များအား ထိတွေ့လိုက်သည်။
ကျန်းကျန်းက ထရပ်လိုက်ပြီး ပြောလာလေ၏။
“ရေက အရမ်းများနေတယ်၊ နည်းနည်းလည်း ရေဝပ်နေသေးတယ်”
တာ့ရှန်နှင့် တခြားသူများက ဤစကားကို ကြားသော် အနည်းငယ် စိတ်ပူသွားကြသည်။
သူတို့၏ အမှားများကြောင့် ပန်းများ ဆုံးရှုံးမည်ကိုလည်း စိုးရိမ်နေခဲ့ကြသည်။ သူတို့ ချွေးများထွက်နေသည်ကို မြင်သော် ကျန်းကျန်းက အလျင်အမြန်ရယ်လိုက်၍ ပြောလာသည်။
“ဒါပေမယ့် ကိစ္စမရှိပါဘူး၊ ဒါက သိပ်မပြင်းထန်ပါဘူး၊ ကျွန်မ အရင်က ရှင်တို့ကို မသင်ပေးရသေးဘူး၊ ပြောရရင် ရှင်တို့ ကောင်းကောင်း လုပ်ခဲ့ပြီးပြီ၊ ဒါကြောင့် ဒီနေ့ ကျွန်မ အားနေတဲ့အချိန်လေး ဒီပန်းပျိုးပင်တွေ ပြုစုစောင့်ရှောက်တဲ့အကြောင်းတွေ ပြောပြပေးမယ်”
ဤစကားကို ကြားသော် တာ့ရှန်က အိမ်အတွင်းသို့ အလျင်အမြန်ပြန်ဝင်၍ စာရွက်နှင့် ဘောပင် ယူလာပြီး ကျန်းကျန်းနောက်မှ လိုက်လာခဲ့သည်။
ကျန်းကျန်းက သူတို့အား ပထမဆုံးစိုက်ကွင်းဆီ ခေါ်သွား၍ နုနယ်သည့် ပန်းပျိုးပင်များအား ငုံ့၍ ထိလျက် ပြောလာသည်။
“ဒီလယ်ကွင်းမှာ နှင်းဆီတွေ စိုက်ထားတယ်၊ နှင်းဆီတွေက အအေးဒဏ် ခံနိုင်တယ်၊ မိုးခေါင်ရေရှားဒဏ်လည်း ခံနိုင်တယ်…”
အလှကုန်စက်ရုံက အပင်အခြေခံ အသားအရေ ထိန်းသိမ်းရေး ထုတ်ကုန်များအပြင် အလှပြင်ဆိုင်များ လိုအပ်သည့် မရှိမဖြစ်လိုအပ်သည့် အဆီအမျိုးမျိုးကိုပါ ထုတ်လုပ်သည့်အတွက် ဤပန်းဥယျာဉ်၌ စိုက်ထားသည့် ပန်းအမျိုးအစား များစွာ ရှိသည်။
ဤအချိန်ကာလတွင် လူများက သိပ်ပြီး မသိကြသော်လည်း နောင်အနာဂတ်အတွက် ထားခဲ့မည်ဆိုလျှင် အဘယ်ကြောင့် မူရင်းမတူသည့် ပန်းပင်များနှင့် အပင်များအား အတူတကွ စိုက်ထားသနည်းဟု တစ်ဦးဦးက တီးတိုးပြောလာနိုင်သည်။
သို့သော်လည်း ဤသည်က ကျန်းကျန်းအတွက် ပြဿနာ မဟုတ်ပါချေ။ သူမက ပန်းပင်များ၏ လိုအပ်ချက်အရ စိုက်ပျိုးနည်းကို ပုံမှန် လာ၍ ညှိနှိုင်းပေးမည်ဖြစ်ပေသည်။
ပြီးလျှင် သူမ၏ စွမ်းအားများ မလိုအပ်ပဲ ရွာသားများနှင့်အတူ ပန်းစိုက်ပျိုးနည်း တစ်ခုကို ရှာဖွေသွားမည်။ဖြစ်သည်
ကျန်းကျန်းက သူတို့အား ပန်းဥယျာဉ်စိုက်ခင်း တစ်ခုလုံး ပတ်၍ ခေါ်သွားခဲ့သည်။ ပန်းပင်များအား အမျိုးအစားအလိုက် မိတ်ဆက်ပေးခဲ့သည်။ ပြီးလျှင် မည်သည့်အခြေအနေက ရေဓာတ် မလုံလောက်ခြင်း၊ မည်သည့်အခြေအနေ ရေများခြင်းကို လေ့လာခိုင်းခဲ့လေသည်။
ပြီးနောက်တွင် ပန်းပျိုးပင် အမျိုးမျိုး၏ နှစ်သက်ရာအလိုက် ကွဲပြားသည့် ပြုစုစောင့်ရှောက်မှု နည်းလမ်းများအား မိတ်ဆက်ပေးခဲ့သည်။
တာ့ရှန်ကလည်း သူမပြောသမျှကို ဂရုတစိုက် နားထောင်နေခဲ့ပြီး လက်ကလည်း စာရွက်ပေါ်၌ အလျင်အမြန် မှတ်တမ်းတင်နေခဲ့တတ်သည်။
တစ်ခါတစ်ရံ တစ်ကြောင်းလွဲသွားလျှင် အလျင်အမြန်ပြန်မေးလေ့ရှိသည်။ သူ့အနေဖြင့် သူ အနည်းငယ်လောက် မှားယွင်းမှတ်မိခြင်းမျိုးဖြစ်သွားလျှင် ပန်းပျိုးပင်များ၏ ကြီးထွားမှုကို နှောင့်နှေးစေမည်ကို ကြောက်နေခဲ့သည်။
ကျန်းကျန်းက တာ့ရှန်၏ လုပ်ဆောင်မှုများအား အာရုံစိုက်ထားခဲ့သည်။
တစ်ဖက်လူက အမှန်တကယ်ပင် မြေပြင်၌ ခြေချ၍ အလုပ်လုပ်နိုင်ခြင်း၊ သူ၏နောက်မှလူထု၏ ယုံကြည်မှုကို ရနိုင်ခြင်း၊ အဓိကအားဖြင့် ကိုယ်တိုင်လည်း ကြိုးစားအားထုတ်လိုစိတ်ရှိသည်ကို မြင်သော် သူမ စိတ်အေးသွားခဲ့ရသည်။
ကျန်းကျန်းက ပန်းစိုက်ခင်းတစ်လုလုံးကို ပတ်၍ လျှောက်သွားခဲ့သည်။ ပန်းပျိုးပင်များမှာမှာလည်း ကောင်းစွာ ကြီးထွားနေကြလေသည်။
ကျန်းကျန်းက သူတို့၏ ကြီးထွားမှုကို အလျှင်အမြန်တိုးတက်လာစေရန် သူ့၏ စွမ်းအားများအား အသုံးမပြုခဲ့သော်လည်း ပန်းများနှင့် သစ်ပင်များအတွက်ကတော့ ကျန်းကျန်း ရှိနေခြင်းသည်ကပင် သဘာဝ ပေါင်းတင်မြေဩဇာ တစ်မျိုးဖြစ်နေခဲ့သည်။
ပန်းပျိုးပင်များ တဖြည်းဖြည်း ကြီးထွားလာသည်နှင့်အမျှ ပထမဆုံး အသားအရေ ထိန်းသိမ်းရေး ထုတ်ကုန် စီးရီးများစွာသည်လည်း ထုတ်လုပ်ပြီးစီးခဲ့ပြီး ဖြစ်ပေသည်။
သို့သော်လည်း လင်းရှို့လန်က အမြဲတစေ သတိကြီးကြီးထားတတ်သူ ဖြစ်လေ၏။ သူမက ဈေးကွက်အတွင်းသို့ အလျင်အမြန် မဝင်ခဲ့ပေ။
နမူနာများအား သက်ဆိုင်ရာ ဌာနများသို့ အရင် ပို့၍ စစ်ဆေးခိုင်းခဲ့သည်။ အရည်အချင်းပြည့်မီသည့် အစီရင်ခံစာ ရပြီးမှသာ စက်ရုံအတွင်းမှ ထုတ်ကုန် စမ်းသပ်ရန် ဆန္ဒအလျောက် လက်မှတ်ထိုးခဲ့သည့် ဝန်ထမ်းရာပေါင်းများစွာအား ရွေးချယ်၍ စမ်းသပ်သုံးစွဲခိုင်းသည်။
လဝက်ကြာမြင့်သည့် စမ်းသပ်ကာလပြီးနောက်တွင် လင်းရှို့လန်က ဝန်ထမ်း 100 ဦး၏ အသားအရေအား မစမ်းသပ်မီနှင့် စမ်းသပ်ပြီးနောက် နှိုင်းယှဉ်ချက် ပြုလုပ်ခဲ့သည်။
စမ်းသပ်မှု၌ ပါဝင်ခဲ့သည့် ဝန်ထမ်းများထဲမှ မည်သူမျှ ဓာတ်မတည့်ခြင်း မရှိခဲ့။ သူတို့၏ အသားအရေများမှာ သိသိသာသာ တိုးတက်လာခဲ့သည်။
ထိုအချိန်မှသာ လင်းရှို့လန်က လန်ကျန်း အသားအရေ ထိန်းသိမ်းရေး ထုတ်ကုန်များကို စတင်ထုတ်လုပ်ဖြန့်ချီကြောင်း တရားဝင်ကြေညာခဲ့သည်။
လန်ကျန်း အသားအရေ ထိန်းသိမ်းရေး ထုတ်ကုန်များကို စတင်သည့်ကတည်းက အဆင့်မြင့် ထုတ်ကုန်အဖြစ် သတ်မှတ်ခဲ့သည်။ ထိုအချိန်ကာလအတွင်း၌ ပြည်တွင်းရှိ လူအများစုမှာ အသားအရေအစိုဓာတ်ထိန်းနိုင်သည့် ခရမ် တစ်ပုလင်းသာ ဝယ်နိုင်ကြသေးသည်။
သို့သော်လည်း လန်ကျန်း၏ ထုတ်ကုန်စီးရီး နှစ်မျိုးတွင် အသားအရေ ထိန်းသိမ်းရေးအတွက် အာဟာရဖြည့်ရေ၊ အနှစ်၊ မျက်လုံးလိမ်းခရင်မ်၊ နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်နှင့် တခြား ပြည့်စုံသည့် ထုတ်ကုန်များ ပါဝင်သည်။
ထိုပုလင်းများနှင့် ဘူးများမှာ သာမန်လူများအတွက်သာ ရွေထုတ်လုပ်ထားသည့် ပစ္စည်းများ မဟုတ်ပေ။
ထို့ကြောင့် စျေးဝယ်စင်တာများရှိ ကောင်တာများအပြင်၊ အလှပြင်ဆိုင်များမှာ အလှကုန်များ၏ အဓိက ရောင်းအားနေရာများ ဖြစ်လာကြသည်။
အလှပြင်ဆိုင်များက သူတို့၏ အသားအရေ ထိန်းသိမ်းရေး ထုတ်ကုန်များအား လန်ကျန်း အမှတ်တံဆိပ်အဖြစ် ပြောင်းလဲသုံးစွဲခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း၌ အလှပြင်ခြင်းမီာ အမျိုးသမီးများအကြား၌ အလွန်ပင် ဂုဏ်ယူစရာ ကိစ္စတစ်ရပ် ဖြစ်လာခဲ့သည်။
အလှပြင်သည့်သူတိုင်း ပြင်ဆင်ပြီးလျှင် သေချာပေါက် ဂုဏ်ယူဝံ့ကြွားကြသည်။ ထို့ကြောင့် ဤအလှကုန် စီးရီးနှစ်ခု ထွက်လာသည်နှင့် အလှပြင်ဆိုင်များတွင်ရှိနေသော ဖောက်သည်များ၏ ဝယ်ယူအားပေးမှုကို ရရှိခဲ့သည်။
လူတိုင်းက ထိုပစ္စည်းများကို ဝယ်လာသည့်အချိန်မျိုးတွင် ဂုဏ်ယူစွာဖြင့် ကြွားဝါလာတတ်သည်။
“ကျွန်မသုံးစွဲနေတဲ့ အသားအရေ ထိန်းသိမ်းရေး ထုတ်ကုန်တွေက အလှပြင်ဆိုင်တွေမှာလည်း သုံးစွဲတဲ့ ကုန်ပစ္စရ်း အမှတ်တံဆိပ်တွေနဲ့ အတူတူပဲ”
ပထမဆုံး ထုတ်ကုန်စီးရီးများစွာ ရောင်းချပြီးသည်နှင့် ဒုတိယအသုတ် အလှကုန်များလည်း ထုတ်လုပ်မှု စတင်ခဲ့သည်။
ဤအချိန်၌ ပန်းစိုက်ခင်းအတွင်းမှ ပထမဆုံး အပင်များသည်လည်း ဖူးပွင့် ၊ ရင့်မှည့်လာခဲ့ပြီ။
ကျန်းကျန်းက လင်းရှို့လန်အား ပန်းစိုက်ပျိုးခင်းသို့ လာရောက် စစ်ဆေးရန် တက်ကြွစွာဖိတ်ခေါ်ခဲ့ကြသည်။
သူတို့၏ကားက ပန်းစိုက်ခင်းအပြင်ဘက်၌ ရပ်လိုက်ပြီးနောက် သစ်သားခြံစည်းရိုး တံခါးကို ဖွင့်လိုက်သည်နှင့် ပန်းပင်လယ်ပြင်ကဲ့သို့ ရှုခင်းက သူတို့၏ရှေ့၌ ပေါ်ထွက်လာခဲ့သည်။
လင်းရှို့လန်က နှင်းဆီဥယျာဉ်အတွင်းသို့ အရင်ဝင်သွားခဲ့လေသည်။ လေထဲ၌ ယိမ်းထိုးနေသည့် နှင်းဆီပန်းများသည် အရောင်တောက်ပရုံသာမကပဲ အရွယ်အစားလည်း ကြီးမား၍ မွှေးကြိုင်လှသည်။
သူမ အပြင်မှ မှာယူခဲ့သည့် အပင်များထက် များစွာ ပို၍ အရည်အသွေး ကောင်းမွန်သည်။
လာဗာဒါ၊ ကင်မိုမိုင်း… ပန်းအမျိုးမျိုး ပေါင်းစပ်၍ စိတ်ကို ပြေလျော့စေပြီး ပျော်ရွှင်စေသည့် ပန်းပင်လယ်ကြီးကို ဖန်တီးပေးထားသည်။
လင်းရှို့လန်က သူမ၏ရှေ့မှ မမေ့နိုင်စရာ မြင်ကွင်းကို ကြည့်၍ သက်ပြင်းချလိုက်မိသည်။
“ကျန်းကျန်း၊ အမေ မင်းကို ဘယ်လို ချီးကျူးရမှန်း မသိတော့ဘူး၊ မင်းကတော့ ဘာပဲလုပ်လုပ် ဘယ်တော့မှ မအောင်မြင်ဘူးဆိုတာမျိုး မရှိခဲ့ဘူးပဲ”
*