အခန်း (၃၆၆)
Vol. 37 Ch. 366
လေနုအေးလေးများ ဖြတ်သန်းတိုက်ခတ်လာသောကြောင့် ကျန်းကျန်းတစ်ယောက် သူမ၏မျက်နှာပေါ်သို့ ဝဲကျနေသော ဆံပင်များကို နားနောက်သို့ ပို့လိုက်လေ၏။
သူမ လင်းရှို့လန်ကိုပြောလိုက်သည်။
“ဒါက ကျွန်မ ကံကောင်းလို့ပါ”
“ကံကောင်းရုံနဲ့တော့ အောင်မြင်ဖို့ မလွယ်ပါဘူး”
လင်းရှို့လန်က သူမအား အားကျသည့် အကြည့်ဖြင့် ကြည့်လျှက် ပြောလာခဲ့သည်။
“ကြိုးစားမှုနဲ့ သတ္တိတွေလည်း လိုတယ်”
“ဘယ်သူက ကျွန်မကို ဒီလိုကောင်းမွန်တဲ့ခေတ်ကြီးမှာ မွေးဖွားခွင့် ပေးလိုက်လို့လဲ၊ အခုဆိုရင် ရွှေတွေက နေရာတိုင်းမှာ ရှိနေတာပဲ၊ ကောက်ဖို့အတွက် ခါးကိုင်းမလားဆိုတာပဲ မူတည်တယ်လေ”
ကျန်းကျန်းသည် ပြုံးလျှက် ဆက်ပြောခဲ့သည်။
“ကျွန်မကတော့ ခါးကိုင်းပြီး ကြိုးစားရတာ ကြိုက်တဲ့သူမျိုးဖြစ်နေတာကိုး”
ကျန်းကျန်း၏ ဥပမာကို ကြားသောအခါ လင်းရှို့လန် ရယ်မောမိသည်။
“အခုတော့ တကယ်ကို အဆင်ပြေသွားပြီ၊ ငါတို့မှာ ပန်းစိုက်ပျိုးရေးခြံလည်း ကိုယ်ပိုင် ရှိပြီ၊ ထုတ်ကုန်အရည်အသွေးကလည်း ပိုစိတ်ချရပြီ၊ ဒါနဲ့၊ ဆေးဖက်ဝင်အပင်တွေလည်း စိုက်တယ်လို့ ကြားမိတယ်”
“ဟုတ်တယ်”
ကျန်းကျန်းက မလှမ်းမကမ်းရှိ တောင်ဘက်သို့ လက်ညိုးထိုးပြလျှက် ပြောလိုက်လေ၏။
“အဲဒီတောင်ပေါ်မှာ အကုန်လုံးကို စိုက်ထားတာ၊ ဒါပေမဲ့ ဆေးဖက်ဝင်အပင်တွေကို လူလုပ်စိုက်ပျိုးတဲ့ အတွေ့အကြုံကတော့ သိပ်မရှိသေးဘူး၊
ဒါကြောင့် အတွေ့အကြုံတွေ ရှာဖွေရဦးမယ်၊ နောက်ပြီး ဆေးဖက်ဝင်အပင်တွေရဲ့ ကြီးထွားမှုကာလကလည်း တော်တော်လေး ကြာတယ်လေ၊
နောက်နှစ်ကျရင်တော့ အပြင်က ဝယ်နေရတဲ့ ဆေးဖက်ဝင်အပင်တွေကို တဖြည်းဖြည်း ကိုယ့်ဘာသာ အစားထိုးနိုင်မယ်လို့ ခန့်မှန်းထားတယ်”
“ဒါကကို တော်တော်လေး ကောင်းနေပါပြီ”
လင်းရှို့လန်သည်ကား အဆုံးအစမရှိသော ပန်းခြံကြီးကို ကြည့်လျှက် အလွန်အမင်း ပျော်ရွှင်ကာ သက်သောင့်သက်သာ ခံစားနေခဲ့ရသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ငါ အရင်တုန်းက ကိုယ်ပိုင်အပင်စိုက်ခင်း တည်ဆောက်ဖို့ စိတ်ကူးတောင် မယဉ်ခဲ့ဘူး၊ လူအင်အား၊ ပစ္စည်းအင်အားနဲ့ စွမ်းအင်တွေ အရမ်းများတယ်လို့ပဲ အမြဲခံစားရတယ်လေ၊
အပြင်က ဝယ်တာလည်း တူတူပါပဲလို့ ကိုယ့်ဘာသာကိုယ် နှစ်သိမ့်ခဲ့တာ၊
ဒါပေမဲ့ ကုန်ကြမ်းနှစ်သုတ်ပဲ ဝယ်ဖူးပြီးရုံနှင့် ဒီကိစ္စက ငါ ထင်ထားသလောက် မလွယ်ကူဘူးဆိုတာ သိလိုက်ရတယ်၊ အထူးသဖြင့် လွယ်လွယ်ကူကူ ပျက်စီးတတ်တဲ့ ပန်းတွေပေါ့
တခြားသူက ပေးတဲ့ပန်းတွေရဲ့ အရည်အသွေး မကောင်းဘူးဆိုတာကို သိလိုက်ရတာနဲ့ ချက်ချင်း အစားထိုးလို့ရတဲ့ ပေးသွင်းသူ ရှာရတာ ခက်တယ်
ကံကောင်းတာက ကျန်းကျန်းက ဒီအကြောင်းကို အစကတည်းက စဉ်းစားခဲ့တာပဲ၊ အခု ငါတို့မှာ ကိုယ်ပိုင်အပင်စိုက်ခင်း ရှိတဲ့အတွက် ကုန်ကြမ်းအရည်အသွေးကို အာမခံနိုင်ပြီး ငါတို့ရဲ့ အလှကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကိုလည်း သေချာပေါက်အာမခံလို့ရပြီ”
“အဓိကကတော့ ကျွန်မရဲ့ အမေက အရမ်းကို ကြိုးစားလွန်းလို့ပဲလေ”
လင်းရှို့လန်၏ ချီးမွမ်းခြင်းကို ခံရသောအခါ ကျန်းကျန်း မျက်နှာနီရဲသွားခဲ့ပြီး သူမ ယောက္ခမကိုလည်း ပြန်လည်ချီးမွမ်းခဲ့လေသည်။
“အမေ့ရဲ့ ကြိုးစားမှုနဲ့ လုံ့လဝီရိယတွေကြောင့် ကျွန်မတို့ အလှပြင်ဆိုင်တစ်ဆိုင်ကနေ ရှစ်ဆိုင်အထိ တိုးချဲ့နိုင်ခဲ့ပြီး အခုဆိုရင် အလှကုန်စက်ရုံနဲ့ အပင်စိုက်ခင်းပါ ရှိနေပြီ၊ အမေ့ရဲ့ ဂုဏ်က အကြီးဆုံးပါပဲ”
“တော်ပြီ တော်ပြီ၊ ယောက္ခမနဲ့ ချွေးမ တစ်ယောက်နဲ့တစ်ယောက် ချီးမွမ်းနေတာ ရပ်ကြရအောင်”
လင်းရှို့လန်သည် ပြုံးလျှက် ကျန်းကျန်း၏ လက်ကို ပုတ်လိုက်သည်။
“လူတွေကို မြန်မြန် ခူးခိုင်းရမယ်၊ မနက်ဖြန်ကျရင် အလတ်ဆတ်ဆုံး ပန်းတွေကို ထုတ်လုပ်မှုလိုင်းထဲ ထည့်နိုင်ပြီ”
ပန်များးခူးခြင်းကိစ္စတွင်တော့ ကျန်းကျန်း ကူညီ၍ မရနိုင်ပေ။ သူမက လင်းရှို့လန်နှင့် ခဏတာ နေ၍ မြို့တွင်းသို့ ပြန်လာခဲ့သည်။
မကြာသေးမီက မြို့တွင်း၌ နေရာကောင်းသော မြေကွက်တစ်ခုကို လေလံပစ်မည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။
ဤတစ်ကြိမ်သည်ကား တော်ဝင်မြို့တော်မှ လူနေအိမ်ရာမြေတည်ဆောက်ရန် လေလံပစ်မည်ဟု ပြောကြားခြင်း ပထမဆုံးအကြိမ် ဖြစ်သည်။
ကိုယ်ပိုင်အိမ်ခြံမြေကုမ္ပဏီက မြေကို လေလံဆွဲနိုင်လျှင် ပြင်ပရောင်းချရန် စီးပွားဖြစ်အိမ်ရာများ ဆောက်လုပ်နိုင်ပေပြီ။ ဤသည်ကား တင်ဒါနှင့် အစိုးရအိမ်ရာ ဆောက်လုပ်ခြင်းနှင့် မတူညီပါချေ။
အစိုးရအိမ်ရာ ဆောက်လုပ်ခြင်းသည်ကား အများဆုံး ဆောက်လုပ်ရေးကုမ္ပဏီ အဆင့်မျှသာ ရှိသည်။ ကိုယ်တိုင် မြေရမှသာ စီးပွားဖြစ်အိမ်ရာ ဆောက်လုပ်နိုင်မည်ဖြစ်ကာ စစ်မှန်သော အိမ်ခြံမြေကုမ္ပဏီ ဖြစ်လာလိမ့်မည်။
ရုံးခန်းသို့ ပြန်ရောက်သောအချိန်တွင် ကျန်းကျန်းက သူမ အသစ်ခန့်ထားသော လက်ထောက်ကို ဖုန်းခေါ်ကာ ပြောလိုက်သည်။
“မြေရာလေလံပွဲနဲ့ပတ်သက်ပြီး သတင်းတစ်ခုခု ရှိသေးလား”
“မြို့ကနေ အများပြည်သူ လေလံပွဲကို ၁၀ ရက်အတွင်း ကျင်းပမယ်လို့ အကြောင်းကြားစာ ထုတ်ပြန်ထားပြီးပါပြီ”
လက်ထောက်က စကားပြော၍ ကျန်းကျန်းအား စာရွက်စာတမ်းများ လှမ်းပေးလိုက်သည်။ ကျန်းကျန်းလည်း လှမ်းယူ၍ အမြန်ဖတ်ကြည့်ပြီး စာများကိုဖတ်ပြီးသောအခါမှသာ စိတ်သက်သာရာ ရသွားခဲ့ရသည်။
“မြန်မြန် သွားစာရင်းသွင်းလိုက်၊ ပြီးရင် ကြိုတင်ကာကွယ်မှုတွေ ဘာတွေလုပ်ရမလဲဆိုတာ မေးကြည့်၊ ဒီလေလံပွဲကို လုံးဝ လက်လွတ်ခံလို့ မဖြစ်ဘူး”
“ကောင်းပါပြီ”
လက်ထောက်က ပြန်ဖြေ၍ ထွက်ခွာတော့မည်ရှိစဉ် တစ်စုံတစ်ရာကို သတိရသွား၍ ချက်ချင်း လှည့်ကာ ပြောလာသည်။
“မန်နေဂျာချုပ်၊ ခုနက အိမ်ကနေ ဖုန်းအကြိမ်နည်းနည်း ခေါ်ထားပါတယ်၊ အရေးပေါ်ကိစ္စတစ်ခုခု ရှိပုံရတယ်”
ဤစကားကို ကြားသောအခါ ကျန်းကျန်း၏ ရင်ထဲ၌ တုန်လှုပ်သွားသည်။
သူမ ပထမဆုံး တွေးမိသည်က ဆိုးရွားသည့် တစ်စုံတစ်ရာ ဖြစ်ပွားများ ဖြစ်လို့ပါသလားဟူ၍ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ မိသားစုအနေဖြင့် သူ အလုပ်များနေသည်ကို သိထားသောကြောင့် အထူးအခြေအနေမဟုတ်လျှင် ရုံးသို့ ဖုန်းမခေါ်တတ်ပေ။
ကျန်းကျန်းသည် ချက်ချင်းပင် သူမ၏ အသိစိတ်နှင့် အိမ်က အခြေအနေကို လှမ်းကြည့်လအုက်လျှင် နဂါးနှင့် ဖီးနစ်ကလေးနှစ်ယောက်က အိပ်ရာပေါ်၌ ဆောက်လုပ်ရေးဘလောက်များ ကိုင်ထားခဲ့ကြပြီး ပြုံးရွှင်စွာ ထိုင်နေသည်ကို တွေ့ရသည်။
ဝမ်စုဖန်းနှင့် မဒမ်လီတို့ကတော့ ကလေးကို ကြည့်၍ စကားပြောနေကြပြီး လီမူဝူမူ ဘေး၌ ထိုင်၍ လက်ဖက်ရည်သောက်နေသည်။
မည်သည့် အရာများမှ ဖြစ်နေပုံမရပါ။
ကျန်းကျန်းလည်း အကြည့်လွှဲတော့မည်ရှိစဉ် ရှီကျွင့်ကျဲကို အိမ်၌ တွေ့လိုက်ရသည်။ သူသည်ကား ခရီးဆောင်အိတ်များ ထုပ်ပိုးနေခြင်းဖြစ်ချေသည်။
ကျန်းကျန်း ချက်ချင်း ဖုန်းကိုကောက်ကိုင်၍ သူမ၏အိမ်ခန်းသို့ ခေါ်လိုက်သည်။
ရှီကျွင့်ကျဲက သူ့လက်ထဲမှ ခေါက်ထားသော ရှပ်အင်္ကျီကို ချ၍ ဖုန်းကို ဖြေလိုက်သည်။
“ဟဲလို”
“ကျွင့်ကျဲ၊ ရှင် ကျွန်မကို ဖုန်းခေါ်ထားတယ်လို့ ကြားတယ်”
ကျန်းကျန်း ဖုန်းကို ကိုင်၍ အလောတကြီးမေးလိုက်သည်။
“အိမ်မှာ တစ်ခုခုများ ဖြစ်နေလို့လား”
“မဟုတ်ပါဘူး”
ရှီကျွန့်ကျဲ၏ မျက်နှာပေါ်၌ ပင်ပန်းသည့် အရိပ်အယောင်တို့ရှိနေခဲ့ပြီး နှာတံကို ပွတ်ကာ ပြောလာခဲ့သည်။
“ကိုယ် ခဏလောက် ခရီးထွက်ရမလား မသိဘူး”
ကျန်းကျန်းတစ်ယောက် ရှီကျွန့်ကျဲ၏ မျက်နှာအမူအရာကို ကြည့်၍ စိတ်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ဝင်လာသည်။
နိုင်ငံခြားရေးရာကိစ္စတွေကို ဆောင်ရွက်ရမှာလေ”
“ဘယ်ကို သွားရမှာလဲ”
“ပေရှားဒေသကို သွားပြီး အဲဒီမှာ ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေကို ပြန်ခေါ်ရမယ်၊ နိုင်ငံခြားရေးကိစ္စတွေ ဆောင်ရွက်ရမယ်”
ရှီကျွန့်ကျဲ၏ အသံသည် အနည်းငယ်မျှ စိုးရိမ်စိတ်များ ပါနေခဲ့သည်။ ၎င်းမှာ ကျန်းကျန်းက သဘောမတူမည်ကို စိုးရိမ်နေသကဲ့သို့ ဖြစ်သည်။
“အဲဒီမှာ အန္တရာယ်ရှိနိုင်တယ်ဆိုတာ ကိုယ်သိပါတယ်၊ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်း သွားတာ မဟုတ်ပါဘူး၊ လုပ်ဖော်ကိုင်ဖက် ခုနစ်ယောက်လည်း ပါမယ်၊ စစ်သားတွေလည်း လိုက်ပါမှာဆိုတော့ စိတ်ချထားလိာက်လိာ့ရတယ်၊ လုံခြုံမှာပါ”
မိုက်ခရိုဖုန်းတစ်ဖက်၌ တိတ်ဆိတ်သွားသည်ကို ကြားလျှင် ရှီကျွင့်ကျဲက သက်ပြင့်ချ၍ ထပ်ပြောလိုက်သည်။
“ကိုယ်တို့က နိုင်ငံခြားရေးရာတွေကြားမှာ ဆောင်ရွက်လုပ်ဆောင်ပေးနေရတဲ့သူတွေဆိုတာ မင်းလည်း သိပါတယ်၊ ဒီလိုကိစ္စမျိုးတွေက ရှောင်လွှဲလို့မရပါဘူး”
ရှီကျွင့်ကျဲ၏ ဖျော့တော့သော ရှင်းပြချက်ကို နားထောင်လျှင် ကျန်းကျန်း၏ စိတ်ထဲ၌ ပို၍ မသက်မသာ ဖြစ်လာသည်။
မကြာသေးမီက ပေရှားဒေသအစွန်းဘက်နှင့် အိမ်နီးချင်းနိုင်ငံများကြား၌ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး အသေအပျောက်များ များစွာ ဖြစ်ပွားခဲ့သည်။
နိုင်ငံခြား၌ ရောက်ရှိနေသော တရုတ်နိုင်ငံသားများနှင့် တရုတ်လူမျိုးများစွာက သံရုံးသို့ အကူအညီတောင်းခဲ့ကြပြီး တရုတ်နိုင်ငံမှ သူတို့ကို ပြန်ခေါ်ပေးရန် မျှော်လင့်နေခဲ့ကြသည်။
ပေရှားဒေသမှ စစ်ပွဲက ပို၍ ထိန်းချုပ်ရန် ခက်ခဲလာသည်ကို မြင်သည့်အတွက်ကြောင့် သံရုံးဝန်ထမ်းများသည်လည်း နိုင်ငံတော်သို့ အလျှင်အမြန်သတင်းပို့၍ တခြားနိုင်ငံမှ နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် လူများစေလွှတ်ပေးရန် တောင်းဆိုခဲ့သည်။
အချိန်ကြာမြင့်စွာ ဆွေးနွေးမနေခဲ့ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဤတောင်းဆိုမှုကို ချက်ချင်း သတင်းပို့ခဲ့ပြှး တစ်ရက်အတွင်း၌ပင် ညွှန်ကြားချက်များ ရရှိခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို စစ်တပ်နှင့်အတူ ပေရှားဒေသသို့ သွားရောက်ခိုင်းခဲ့ကာ ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခိုင်းစေခဲ့သည်။
ဒေသတွင်းစစ်ပွဲကြောင့် လေယာဉ်က စစ်ဘေးဒဏ်မခံရသော အိမ်နီးချင်းနိုင်ငံတစ်ခု၌သာ ဆင်းသက်နိုင်မည်ဟု ခန့်မှန်းထားရသည်။ ဤကဲ့သို့ကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စစ်တပ်မှာ တရုတ်နိုင်ငံ၏ သံရုံးဆီသို့ ကားနှင့်သွားကာ နိုင်ငံခြားမှ တရုတ်လူမျိုးများကို ပြန်ခေါ်ရမည်ဖြစ်ပြီး ရွှေ့ပြောင်းခံရသူများ၏ ကိုယ်ရေးအချက်အလက်နှင့် နိုင်ငံသားဖြစ်မှုကိုလည်း စစ်ဆေးရမည်ဖြစ်သောကြောင့် အဆင့်တိုင်း၌ အန္တရာယ်ရှိသည့်အရာများ ဖြစ်နိုင်ချေ ရှိနိုင်သည်။
တရုတ်နိုင်ငံမှာ စစ်ပွဲဖြစ်နေသည့် နိုင်ငံနှစ်ခုကို ပူးပေါင်းဆောင်ရွက်ရန်နှင့် ဆုတ်ခွာမည့် လမ်းကြောင်းကို ရှောင်ရှားရန် တောင်းဆိုခဲ့သော်လည်း ဤအာမခံချက်သည်မူ စစ်ပွဲကာလအတွင်း၌ ယုံကြည်၍ မရနိုင်ပါချေ။
*