← Chapters

အခန်း (၃၆၉)

Vol. 37 Ch. 369

အခန်း (၃၆၉)

Vol. 37 Ch. 369

သူတို့၏ ခရီးက အချိန်လေးနာရီကြာအောင် ထပ်မံနှောင့်နှေးခဲ့ရသည်။

စစ်သားနှစ်ဦးက အမြဲတစေ သတိအပြည့်အဝ ထားနေရသည့်အတွက် ရှီကျွင့်ကျဲ တစ်ဦးတည်းသာ ကားကိုမောင်းနေခဲ့ရသည်။

သူ့အနေဖြင့် အိမ်ကို ပြန်ချင်စိတ် ပြင်းပြနေသော်လည်း သူ့၏ ကိုယ်ခန္ဓာခံနိုင်ရည်သည်က ကန့်သတ်ချက် ရှိသည့်အတွက် ရှစ်နာရီကြာ ဆက်တိုက် မောင်းပြီးနောက်တွင် ရှီကျွင့်ကျဲက ကားအား သစ်တောအစွန်း၌ ရပ်လိုက်ပြီး သူ့မျက်လုံးများအား ပင်ပန်းနွမ်းနယ်စွာ ပွတ်သပ်လိုက်မိသည်။

“အရမ်းပင်ပန်းနေပြီ၊ ခဏလောက် နားမှရမယ်”

စစ်သားတစ်ယောက်ဖြစ်သည့် ရှောင်ဟုန်ကက သူယူလာသည့် ဖိသိပ်ထားသော ဘီစကစ်များကို ပေးလိုက်သည်။

“နာရီဝက်လောက်နားရင်း စားလိုက် ကျွန်တော် စောင့်ကြပ်ပေးမယ်”

ရှီကျွင့်ကျဲ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ခြောက်သွေ့မာကျောသည်အထိ ဖိသိပ်ထားသော ဘီစကစ်ကို တစ်ကိုက်စားလိုက်ပြီး သူ မျိုမချရသေးမီမှာပင် အိပ်ချင်စိတ်များကလွန်စွာ ကြီးစိုးလာခဲ့ကာ ထိုင်ခုံနောက်ကျောကို မှီ၍ အိပ်ပျော်သွားသည်။

စစ်သား ရှောင်ဟုန်နှင့် ကျူးမင်ယီကတော့ ကားပေါ်မှ ဆင်းပြီး ကားပတ်လည်၌ လှည့်ပတ်စောင့်ကြပ်နေခဲ့ကြသည်။

လီဝမ်နှင့် ကျန်းရှောင်ရန်တို့သည်ကား ရှီကျွင့်ကျဲနှင့် စစ်သားများက သူတို့အား သဘောမကျသည်ကို သတိထားမိ၍ အနည်းငယ်တော့ စိတ်မလုံမလဲ ဖြစ်နေကြသည်။

သို့သော် ကားအတွင်း ရှစ်နာရီကြာ ထိုင်နေပြီးနောက်တွင် သူတို့ ထိုင်မနေနိုင်တော့ပေ။

ထို့ကြောင့် တံခါးကို ဖွင့်လိုက်သည်။

ရှောင်ဟုန်က ချက်ချင်းပင် သူတို့နှစ်ဦးအား လှည့်ကြည့်ပြီး စူးရှစွာ အော်လိုက်သည်။

“ကားထဲ ပြန်ဝင်၊ ဒီမှာ အန္တရာယ်များတယ်။”

လီဝမ်က တံတွေးမျိုချလိုက်ပြီး ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။

“ငါတို့ အိမ်သာသွားချင်တယ်”

ရှောင်ဟုန်က ပတ်ဝန်းကျင်အား ကြည့်၍ မလှမ်းမကမ်းမှ သစ်ပင်ကြီးတစ်ပင်အား လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

“မင်းတို့ အဲဒီကို သွားပြီး ဖြေရှင်းကြ၊ မြန်မြန်ပြန်လာ၊ ငါတို့ ဒီမှာ ကြာကြာနေလို့ မရဘူး”

နှစ်ဦးသား ခေါင်းညိတ်၍ သစ်ပင်ကြီးဆီသိုး ပြေးသွားကြသည်။ လီဝမ်က ကားနှင့် အကွာအဝေးကို ကြည့်၍ ကျန်းရှောင်ရန်အား ဆွဲခေါ်ပြီး ပြောလိုက်သည်။

“သူတို့နဲ့ အရမ်းနီးတယ်၊ ခိုးကြည့်နေမလားမပြောနိုင်ဘူး၊ ဟိုဘက်ကို သွားကြမယ်”

ကျန်းရှောင်ရန်က သေနတ်များဖြင့် ကားကို လှည့်ပတ်နေသည့် စစ်သားနှစ်ဦးအား ကြည့်ပြီး တုံ့ဆိုင်းစွာ ပြောလိုက်သည်။

“ဒီမှာ မလုံခြုံဘူးလား၊ အဆင်ပြေအောင်ပဲ လုပ်ကြရအောင်။”

လီဝမ်က လှောင်ပြောင်လိုက်သည်။

“ဒီနေရာမှာ ဘယ်သူမှ မရှိဘူး၊ ပြီးတော့ ဝေးဝေးလည်း သွားမှာ မဟုတ်ဘူး၊ ဟိုဘက်မှာ တောင်စောင်းတစ်ခု ရှိတယ်၊ အဲဒီကို သွားကြမယ်ဆိုရင် ဘယ်သူမှ မမြင်ရဘူး”

ကျန်းရှောင်ရန်က လီဝမ် ပြောသည့် ဆယ်မီတာခန့်သာ ဝေးသည့် တောင်စောင်းကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည် ။

“ကောင်းပြီ၊ မြန်မြန်လုပ်ကြရအောင်၊ ငါတို့တွေ ရွှေဆိုင်ကို ရွှေတွေ သွားယူလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက လူက ငါတို့ကို မကျေနပ်ဘူးထင်တယ်”

“ငါတို့က သူတို့ကို တစ်ခေါက်လောက် ထပ်ပြေးခိုင်းလိုက်လို့ မကျေမနပ်ဖြစ်နေတာ မဟုတ်ဘူးလား”

လီဝမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည် ။

“ငါတို့က ခဏလောက်ပဲသွားတာကို သူတို့ ရုတ်တရက် ထွက်သွားပြီး ငါတို့ကို မစောင့်ဘူးလို့ ဘယ်သူက ထင်မှာလဲ”

နှစ်ဦးသား စကားပြောရင်း တောင်စောင်းအောက်သို့ ဆင်းသွားကြသည်။ သို့သော် မှောင်မည်းနေသည့်အတွက် ကောင်းစွာ မမြင်ရပေ။

တောင်စောင်းထိပ်သည် သဲများဖြစ်နေပြီး အောက်ခြေသည် ချိုင့်ကြီးတစ်ခု ဖြစ်လေသည်။

သို့နှင့် နှစ်ဦးသား ခြေတစ်လှမ်း ချလိုက်သည်နှင့် ချော်ကျသွားကြသည်။

“အား...အား...အား...”

နားကွဲမတတ် အော်ဟစ်သံသည်က ညနက်ပိုင်း၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ ရှောင်ဟုန်နှင့် ကျူးမင်ယီ ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်သော် သစ်ပင်ကြီးဘေး၌ လူနှစ်ဦး၏ အရိပ်အယောင် မရှိသည်ကို တွေ့လိုက်သော် မျက်နှာများ ပြောင်းလဲသွားသည်။

“ဒီမိန်းမနှစ်ယောက် ဘာတွေ လုပ်နေပြန်ပြီလဲ။”

“ကယ်ကြပါဦး”

“လာပြီး ကယ်ကြပါဦး”

“ကျွန်မတို့ ကျင်းထဲ ကျသွားပြီ”

ပိုမိုကျယ်လောင်သည့် အကူအညီတောင်းသံ ထွက်ပေါ်လာသော် ရှောင်ဟုန်တစ်ယောက် သက်ပြင်းရှိုက်၍ ကားဆီသွားကာ ရှီကျွင့်ကျဲအား ဦးစွာ နိုးလိုက်သည်။

“ဟိုမိန်းမနှစ်ယောက် အိမ်သာသွားကြတာ၊ ဘာဖြစ်လဲ မသိဘူး၊ ကျွန်တော်နဲ့ ကျူးမင်ယီ သွားကြည့်လိုက်မယ်၊ ခင်ဗျား သတိထားလိုက်ဦး”

ရှီကျွင့်ကျဲ ခေါင်းညိတ်လိုက်ပြီး မျက်နှာကိုသုတ်လိုက်လေသည်။ ထို့နောက် ထိုင်ခုံခါးပတ်ကို ဖြုတ်ပြီး တံခါးဖွင့်ကာ လေရှူရှိုက်လိုက်သည်။

ရှောင်ဟုန်နှင့် ကျူးမင်ယီတို့က အသံလာရာဘက်သို့ လျှောက်သွားကြသည်။ ထို့နောက် နှစ်ဦးသား မြေကြီးတောင်စောင်းအား တက်လိုက်လျှင် ချိုင့်ဝှမ်းအောက်ခြေမှ အမျိုးသမီးနှစ်ဦးအား တွေ့မြင်လိုက်ရပြီး စကားမပြောနိုင်ဖြစ်သွားကြသည်။

မြေပြင်ပေါ် ထိုင်နေသည့် လီဝမ်က သူမ၏ နဖူးမှ စီးကျနေသည့် သွေးအား ဖုံးအုပ်၍ ကြောက်ရွံ့စွာ ပြောလိုက်သည် ။

“ကျွန်မတို့ကို ဆွဲတင်ပေးပါဦး၊ ခြေထောက်တွေ မခိုင်လို့ တက်လို့မရဘူး”

ရှောင်ဟုန် စကားစပြောရန် လုပ်နေစဉ် သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သူ ခေါင်းလှည့်ကြည့်ရန် လုပ်နေစဉ်မှာပင် နောက်ဘက်မှ ကျည်ဆံတစ်တောင့် ပြေးဝင်လာသံကိုကြားလိုက်ရသည်။

ရှောင်ဟုန်က ချက်ချင်းပင် အချိန်မဆိုင်းဘဲ ကျူးမင်ယီအား ဆွဲခေါ်ကာ ချိုင့်ဝှမ်းအတွင်း ခုန်ချလိုက်သည်။

ထို့နောက်တွင် ချိုင့်ဝှမ်းအနီး၌ လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲပြီး ပြိုကျလာသည့် သဲကျောက်များက လူအနည်းငယ်အား မြေကြီးအတွင်း အရှင်လတ်လတ် မြှုပ်ပစ်တော့မည်ပမာ ဖြစ်သွားခဲ့သည်။

ကျူးမင်ယီနှင့် ရှောင်ဟုန်တို့က အမျိုးသမီးတစ်ဦး၏ ပါးစပ်ကို ပိတ်ဆို့လိုက်ပြီး ချိုင့်ဝှမ်းအောက်၌ တိတ်တဆိတ် လဲလျောင်းနေကြသည်။ အသံမထွက်ရဲကြပေ။

ထိုအမျိုးသမီးနှစ်ဦးက အန္တရာယ်ကို သတိပြုမိ၍ အသံမထွက်တော့ပါဟု ပြောမှသာ ရှောင်ဟုန်နှင့် ကျူးမင်ယီတို့က တိတ်တဆိတ် သူတို့လက်များအား မြှောက်၍ တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။

အပြင်ဘက်မှ သေနတ်သံများသည် ပြန့်ကျဲသွားပြီး အနည်းငယ် ပျောက်ကွယ်သွားသည်။ ရှောင်ဟုန်နှင့် ကျူးမင်ယီတို့မှာ ကားအတွင်း၌ ကျန်ရစ်နေခဲ့သော ရှီကျွင့်ကျဲကို စိုးရိမ်နေကြသည်။

သူ့ တစ်ခုခု ဖြစ်သွားမည်ကို ကြောက်နေကြခြင်း ဖြစ်လေသည်။

အချိန်များက ကုန်လွန်သွားပြီး ရှောင်ဟုန် ထပ်မံ၍ မစောင့်နိုင်တော့ပေ။ သူက ကျူးမင်ယီအား ဖုံးကွယ်ရန် အမူအရာ ပြုလုပ်ပြပြီး သူ့သေနတ်ဖြင့် ချိုင့်ဝှမ်းပေါ်သို့ ဂရုတစိုက် တက်လိုက်သော် အပြင်ဘက်၌ တိတ်ဆိတ်နေပြီး မည်သူများမှ မရှိသည်ကို တွေ့လိုက်ရသည်။

ရှောင်ဟုန်က ကျူးမင်ယီအား အမူအရာ ပြုလုပ်လိုက်သည့်အတွက် ကျူးမင်ယီက အမျိုးသမီးနှစ်ဦးအား ချိုင့်ဝှမ်းထဲမှ ဆွဲထုတ်ပြီး သစ်တောအပြင်ဘက်၌ ရပ်ထားသည့် ကားဆီသို့ အမြန် ပြေးသွားကြသည်။

သို့သော် ကားဘေးသို့ ရောက်သည့်အချိန်၌ တံခါးဖွင့်နေပြီး ကားကိုယ်ထည်တွင်လည်း ကျည်ဆံရာများ များစွာ တွေ့ရသည်။ သို့သော် ရှီကျွင်းကျဲကမူ ပျောက်သွားပြီ ဖြစ်သည်။

ရှောင်ဟုန်နှင့် ကျူးမင်ယီတို့က ဤနတ်ဆိုးကဲ့သို့မိန်းမနှစ်ဦးအား ဤအချိန်တွင် ဂရုမစိုက်နိုင်တော့ပေ။

သူတို့သည်က သေနတ်များကို ကိုင်ဆောင်ကာ ပတ်ဝန်းကျင်အား အရူးအမူး ရှာဖွေနေကြသည်။ သို့သော် အနီးအနားမှ သစ်တောများအား အကုန်ရှာဖွေခဲ့သော်လည်း ရှီကျွင့်ကျဲအား မတွေ့ရပေ။

ဤအချိန်တွင် မိုးလင်းနေပြီ ဖြစ်သည့်အတွက် စစ်သားနှစ်ဦးက ထပ်မံ လှည့်ပတ်ရှာဖွေကြသည်။ ဤတစ်ခါတွင်တော့သူတို့ နောက်ဆုံးတော့ သဲလွန်စအချို့အား တွေ့လိုက်ရသည်။

မြေပြင်၌ ကျည်ခွံများ ပြန့်ကျဲနေပြီး တစ်နေရာတွင် သွေးစွန်းနေသည့် အမှတ်အသားတစ်ခု ရှိနေခဲ့သည်။ ဤသည်မှလွဲ၍ ရှီကျွင်းကျဲ၏ ပုံရိပ်အား မတွေ့ရပေ။

“ဒါက ပြန်ပေးဆွဲခံရတာလား၊ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ရဲ့ တရုတ်သံတမန်တွေကို ပြန်ပေးဆွဲပြီး ဘာလုပ်ချင်တာလဲ”

ရှောင်ဟုန်က မသေချာစွာ ပြောလိုက်သည်။

“ငါတို့ ဘာလုပ်သင့်လဲ”

ကျူးမင်ယီ ခဏတာ တိတ်ဆိတ်နေပြီး ပြောလိုက်သည်။

“ငါတို့ နောက်ထပ် မနှောင့်နှေးနိုင်တော့ဘူး၊ ဒီနှစ်ယောက်ကို အရင်ပြန်ပို့ပြီး ချက်ချင်း ကယ်ဆယ်ရေးတောင်းခံမယ်”

ပြတင်းပေါက်မှ နေရောင်ခြည် ဝင်လာသည့်အချိန်တွင် ရှီကျွင့်ကျဲ၏ မျက်တောင်များ လှုပ်ရှားလာပြီး ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။

အမှောင်အတွင်း ကြာကြာနေခဲ့သည့်အတွက်လား မသိပေ၊ ရှီကျွင်းကျဲသည် အလင်းရောင်က အနည်းငယ် မျက်စိစူးနေသည်ဟု ခံစားရသည်။

သူ နေရောင်ခြည်အား ကာကွယ်ရန် လက်ကို ဆန့်ရန် လုပ်နေစဉ် ရုတ်တရက် သူ့၏ လက်မောင်းအပေါ်ပိုင်းမှ ပြင်းထန်သည့် နာကျင်မှုတစ်ခု ရောက်ရှိလာခဲ့သည်။

ရှီကျွင်းကျဲက နာကျင်စွာ သက်ပြင်းရှိုက်လိုက်ပြီးနောက် သူ့မျက်လုံးများသည် ပတ်တီးစည်းထားသည့် လက်မောင်းဆီ ကျရောက်သွားသည်။

ခဏတာအတွင်း မှတ်ဥာဏ်များက အနည်းငယ် ဝေဝါးနေခဲ့သည်။

တဖြည်းဖြည်းနှင့် မနေ့ညက ဖြစ်ပျက်ခဲ့သည်များက အကုန် မှတ်မိလာသည်။ ထိုစဉ်က ရှောင်ဟုန်နှင့် ကျူးမင်ယီတို့ မိန်းမနှစ်ဦးအား သွားရှာနေချိန်တွင် သူက ထိုင်ခုံခါးပတ်ကို ဖြုတ်၍ ကားတံခါးဖွင့်ကာ လေများရှူရှိုက်ရန် လုပ်နေစဉ် ကားနောက်ဘက်မှ လူအနည်းငယ် ထွက်လာခဲ့သည်။

သူတို့သည် ရပ်ထားသည့် ကားအား မြင်သော် မထင်မှတ်ဘဲ ပစ်ခတ်ခဲ့ကြသည်။

ထိုအချိန်တုန်းက ရှီကျွင့်ကျဲတစ်ယောက် ကားပေါ်မှ ချက်ချင်း လှိမ့်ချပြီး ကား၏အကွယ်အကာအောက်မှ သစ်တောအတွင်းသို့ အမြန်ပြေးသွားခဲ့သည်။ ဤအချိန်တွင် တိုက်ခိုက်သည့်အဖွဲ့က အမျိုးသမီးနှစ်ဦး၏ အော်ဟစ်သံများကြောင့် အာရုံပြောင်းသွားခဲ့သည်။

ရှီကျွင်းကျဲတစ်ယောက် လက်ပစ်ဗုံးပေါက်ကွဲသံနှင့် သေနတ်သံများ ဆက်တိုက် ကြားလိုက်ရသည်ဟုသာ မှတ်မိသည်။ နောက်ဆုံးတော့ သစ်တောအတွင်းသို့ ပြေးဝင်သွားသော် ကျည်ဆံတစ်တောင့်က သူ့၏လက်မောင်းအား ပွတ်ဆွဲသွားခဲ့ကာ သူ့ အရှေ့မှ သစ်ပင်ကို ထိမှန်သွားသည်။ ရုတ်တရက် ပြင်းထန်သည့် နာကျင်မှုကြောင့် သူခြေချော်လဲကျသွားပြီး သူ့၏ခေါင်းက တစ်ဖက်မှ သစ်ပင်ကို ထိမိသွားကာ ထိုအချိန်တွင်ပင် မေ့လဲသွားခဲ့လေသည်။

*

All Chapters