← Chapters

အခန်း (၃၇၄)

Vol. 38 Ch. 374

အခန်း (၃၇၄)

Vol. 38 Ch. 374

နိုင်ငံခြားသို့ ရောက်နေရသည့်အတွက် တရုတ်ပြည်ကဲ့သို့ အဆင်မပြေမှုများ ရှိနေသောကြောင့် လူမမာစာများကို ကြိုတင်ပြင်ဆင်ထားရသည်။

သံရုံးကလည်း ခေါက်ဆွဲတစ်ပန်းကန်နှင့် ကြက်စွပ်ပြုတ်တစ်ခွက်သာ ပြင်ဆင်ထားပေးခဲ့လေသည်။

ရှီကျွင့်ကျဲလည်း ပါးစပ်ဆေးပြီးနောက် ကြက်စွပ်ပြုတ်ကို တစ်ငုံသောက်လိုက်လေသည်။

ထို့နောက် ပန်းကန်ထဲက ဆီများကို ကြည့်၍ စိတ်နှလုံးသားမှ သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

“ဒါက ဇနီးလေး ချက်ထားသလို မကောင်းဘူး”

ခေါက်ဆွဲတစ်ဝက်နှင့် ကြက်စွပ်ပြုတ် နှစ်ဇွန်းခန့် စားပြီးသည့်နောက်တွင် ရှီကျွင့်ကျဲ တူကို ချလိုက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ရန်အတွက် အတင်းအကျပ် တောင်းဆိုလိုက်သည်။

သံရုံးဝန်ထမ်းများက အစားအသောက်တစ်ဝက်ခန့် ကျန်နေသေးသည်ကို မြင်သောအခါ နားမလည်စွာ ခေါင်းကုတ်မိကြသည်။

“အရင်တုန်းက ပတ်စ်ပို့ပျောက်လို့ ကယ်ဆယ်ခဲ့ရတဲ့ တရုတ်လူမျိုးတွေဆိုရင် နှစ်ရက်လောက် ဗိုက်ဆာနေပြီးရင် ထမင်းတစ်အိုးလုံးကိုတောင် ကုန်အောင်စားဖို့ကို မစောင့်နိုင်ကြဘူး. ဒါပေမဲ့ အရာရှိရှီကျွင့်ကျဲ ကတော့ နည်းနည်းလေးပဲ စားတယ်၊ သူ သိပ်ပြီး နေမကောင်းလို့လားမသိဘူး”

“အရာရှိ ရှီကျွင့်ကျဲက သတိမေ့နေတာကြာတော့ အရမ်းပင်ပန်းသွားပုံရတယ်၊ ထမင်းစားချင်စိတ်တောင် မရှိတော့ဘူး”

ဘေးဘက်မှ အရာရှိတစ်ဦးက သက်ပြင်းချလိုက်သည် ။

“ဒီတစ်ခေါက်တော့ တော်တော်လေး စိတ်လှုပ်ရှားစရာ ကောင်းခဲ့တာပဲ”

ရှီကျွင့်ကျဲသည်ကား အခြားသူများမှ သူ့ကို ရေချိုးရန် ကူညီပေးမည်ဆိုသည့်စကားကို ငြင်းပယ်လိုက်ပြီး ရေချိုးခန်းတံခါးကို တင်းတင်းကျပ်ကျပ် ပိတ်လိုက်သည်။

ထို့နောက် တီးတိုး ပြောလိုက်လေသည်။

“ဇနီးလေး .. ဇနီးလေး ကိုယ့်ကို ရေချိုးပေးပါဦး”

ကျန်းကျန်းတစ်ယောက် မတတ်သာစွာဖြင့် အခန်းမှ ထွက်လာပြီးနောက် ကိုယ်လုံးတီးဖြစ်နေသည့် ရှီကျွင်းကျဲကို ရေချိုးခန်းရှိ ခုံပေါ်သို့ ဖိချကာထိုင်စေသည်။

ထို့နောက် ရေပန်းကို ယူပြီး သူ၏ နဖူးရှိ ဒဏ်ရာကို ရှောင်ရှားကာ ခေါင်းကို သုံးကြိမ်တိုင်တိုင် ဆေးကြောပေးလိုက်သည်။

ထိုအချိန်မှသာ ရှီကျွင့်ကျဲ၏ ခေါင်းက ကြည်လင်လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

ရှီကျွင့်ကျဲ၏ ကိုယ်ကို သန့်စင်အောင် ပွတ်တိုက်ပြီးနောက် သူ့၏ ကိုယ်ပေါ်မှ အစိတ်အပိုင်းများက ကျန်းကျန်း၏ ရှေ့တွင်ပင် ပွင့်လင်းစွာ ပြောင်းလဲလာခဲ့လေသည်။

ကျန်းကျန်းလည်း သူ့ကိုတည့်တည့် ကြည့်လိုက်ကာ သူ၏ သူ၏ မျက်နှာကို ဒေါသတကြီးဖြင့် ရေပန်းနှင်သ ဖျန်းလိုက်ပြီး အသံကိုနှိမ့်ကာ ဟိန်းဟောက်လိုက်သည်။

“ရှင် လူနာတစ်ယောက်လို နေလို့မရဘူးလား”

ရှီကျွင့်ကျဲလည်း စိတ်မသက်မသာဖြစ်သွားပြီး တီးတိုးပြောလာသည်။

“ကိုယ်လည်း ရိုးရိုးသားသားနေချင်တာပေါ့၊ ဒါပေမဲ့ သူက ကိုယ့်ကို နားမထောင်ဘူးလေ”

ကျန်းကျန်းတစ်ယောက်က် ဒေါသထွက်၍ ရယ်လည်း ရယ်ချင်ဖြစ်သွားပြီး သူ၏သန်မာသည့်ခါးကို လိမ်လိုက်ပြီး ခပာတိုးတိုး ပြောလိုက်သည်။

“အိမ်ကို ရောက်ရင် ရှင့်ကို ဘယ်လိုစာရင်းရှင်းမလဲဆိုတာ စောင့်နေလိုက်”

ရှီကျွင်းကျဲ စကားပြောရန် ပြင်နေစဉ်မှာပင် အပြင်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။

“ကျွင့်ကျဲ၊ မြန်မြန်လုပ်တော့၊ လေဆိပ်က လေးနာရီအတွင်း ထွက်ခွာဖို့ စီစဉ်ထားတယ်”

“ကောင်းပါပြီ”

ရှီကျွင့်ကျဲလည်း အလျင်အမြန် အော်ပြောလိုက်သည်။

ကျန်းကျန်းက နေရာလွတ်ထဲမှ မျက်နှာသုတ်ပုဝါအကြီးတစ်ထည်ကို ထုတ်ယူပြီး ရှီကျွင့်ကျဲကို သန့်စင်အောင် သုတ်ပေးသည်။

ထို့နောက် သံရုံးမှ ပြင်ဆင်ထားသည့် သန့်ရှင်းသော အဝတ်အစားများကို ဝတ်ပေးလိုက်ကာ နေရာလွတ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။

လေယာဉ်ပေါ် တက်ရန် အချိန်နီးလာသောကြောင့် ရှီကျွင့်ကျဲမှလွဲ၍ သံရုံးဝန်ထမ်းများ အားလုံး ပြန်လည်း အလုပ်များလာခဲ့ကြပြန်သည်။

သူတို့က အနီးအနားရှိ အိမ်များတွင် ခေတ္တနေထိုင်နေကြသည့် တရုတ်နိုင်ငံသားများကို ဘတ်စ်ကားပေါ် အမြန်တက်ပြီး လေဆိပ်သို့ အမြန်သွားရန်အတွက် တန်းစီစေရန် စီစဉ်ပေးရသည်။

နိုင်ငံခြားရောက် တရုတ်လူမျိုးများက ဤနေရာသို့ ရောက်ရှိသည့်အချိန်ကတည်းက နေထိုင်ခွင့်နေရာများကို စီစဉ်ပေးခဲ့သည့် သံရုံးဝန်ထမ်းများက ပတ်စ်ပို့များကို နာမည်နှင့်တကွ တစ်ဦးချင်းစီ ဝေငှပေးထားပြီးဖြစ်သည်။

ထို့ကြောင့် ဤတစ်ခေါက်တွင်တော့ ဘတ်စ်ကားပေါ်တွင် စာရင်းဖြင့် တိုက်စစ်ခဲ့သည်။

သူတို့က နာမည်ကို တစ်ခုပြီးတစ်ခု အော်ခေါ်ကာ အမှန်ခြစ်ခဲ့ပြီး တစ်နာရီကြာသောအခါတွင် သံရုံးဝန်ထမ်းများက လူနှစ်ဦး ထပ်ပျောက်နေသည်ကို တွေ့လိုက်ရပြန်သည်။

“ဘယ်သူတွေကို ရှာမတွေ့တာလဲ”

လူကယ်ဆယ်ရေး တာဝန်ခံက လာရောက်မေးမြန်းသည်။

“လီဝမ်နှင့် ကျန်းရှောင်ရန်”

သံရုံးဝန်ထမ်းက စာရင်းကို ကြည့်၍ ပြန်ဖြေသည်။

“အဲဒီနှစ်ယောက်ပဲ ထပ်ဖြစ်ပြန်ပြီလား”

ထိုနှစ်ဦးက သံရုံးဝန်ထမ်းများကို ခွင့်မတောင်းဘဲ ထွက်သွားသောကြောင့် ရှီကျွင့်ကျဲက သူတို့နှစ်ဦးကို ရှာရန် ပြန်သွားခဲ့ရသည့်အတွက် လမ်းတွင် တိုက်ခိုက်ခံခဲ့ရကာ ရှီကျွင့်ကျဲလည်း ပျောက်ဆုံးသွားရကြောင်းကို လူတိုင်း သိရှိထားခဲ့ကြပေပြီ။

ရှီကျွင့်ကျဲက ကံကောင်းထောက်မစွာဖြင့် အလွန်လျှို့ဝှက်သည့် တွင်းနက်ကြီးတစ်ခုကို ရှာမတွေ့ခဲ့လျှင် ဤထူးချွန်သည့် သံတမန်အရာရှိမှာ သေဆုံးသွားနိုင်ပေသည်။

တာဝန်ခံက စာရင်းကို ယူပြီး သူတို့နှင့် အခန်းအတူနေသည့် အမျိုးသမီး၏ နာမည်ကို ရှာတွေ့ခဲ့သည်။

ထို့နောက် လက်အောက်ရှိဝန်ထမ်းကို ညွှန်ကြားလိုက်သည်။

“ကားနံပါတ် (၁) က ကျန်းဖေးကို ငွားခေါ်လိုက်”

ချက်ချင်းပင် လူတစ်ဦးက သွားရောက်ရှာဖွေလိုက်ရာ မကြာမီပင် ကျန်းဖေး ကားပေါ်မှ ဆင်းလာသည်။

သူမက နည်းနည်းလောက် ကြောက်နေပြီး စိတ်မချမ်းမသာဖြစ်နေခဲ့လေသည် ။

“ဟို... ကျွန်မရဲ့ သူငယ်ချင်းတွေ မလာသေးလို့ပါ”

တာဝန်ခံက သူ၏ ဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး မေးသည် ။

“မင်းတို့ကို နေ့စဉ်အစားအသောက် သုံးနပ်ပေးတုန်းက အကြိမ်ကြိမ် အလေးထား ပြောခဲ့တယ်လေ၊ ဘယ်အချိန်မဆို ထွက်ခွာသွားနိုင်တာကြောင့် ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်ခွင့်မရှိဘူးလို့မှာထားတယ်၊ ဒီတစ်ခေါက် ဘာလို့ ခိုးထွက်သွားကြတာလဲ”

ကျန်းဖေးက ချီတုံ့ချတုံဖြစ်နေခဲ့သည်။ သူမအနေဖြင့် ပြောသင့်သည်၊ မပြောသင့်သည်ကို မသိသကဲ့သို့ပင်။

ဤအချိန်မှာပင် သူမသည်ကား ခေါင်းနှင့် လက်၌ ပတ်တီးစည်းထားသည့် လူတစ်ဦးကို လူနာတင်ယာဉ်ဆီသို့ သယ်ဆောင်သွားသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

တာဝန်ခံက နောက်သို့ ပြန်လှည့်ကြည့်ပြီး အသံသည် အလွန်တည်ငြိမ်နေခဲ့သည် ။

“သူကတော့ သံသမန်အရာရှိရှီကျွင့်ကျဲပဲ၊ လီဝမ်နဲ့ ကျန်းရှောင်ရန်ကို ရှာဖို့ ပါကစ္စတန်ကို ပြန်သွားတဲ့ သံတမန်တစ်ယောက်၊ သူတို့ကိုပြန်ခေါ်ရင်း လမ်းမှာ သေနတ်ပစ်ခတ်မှုနဲ့ မတော်တဆတွေ့ပြီး သေမလိုဖြစ်ခဲ့ရတာ၊ ဒီနေ့မှပဲ ငါတို့ သူ့ကို ကယ်ဆယ်နိုင်ခဲ့တယ်”

“ကျွန်မ သိပါတယ်”

ကျန်းဖေးက အနည်းငယ် နောင်တရစွာ ပြောသည် ။

“လီဝမ်နဲ့ ကျန်းရှောင်ရန် ကားပေါ် မပါလာဘူးလို့ ကျွန်မ ပြောခဲ့တာပါ”

ကျန်းဖေးက နှုတ်ခမ်းကို ကိုက်ရင်း လျင်မြန်စွာ ပြောလိုက်သည်။

“လီဝမ်နဲ့ ကျန်းရှောင်ရန်တို့ နှစ်ယောက်လုံးက တရုတ်ပြည်ကနေ ပါကစ္စတန်မှာ အလုပ်လာလုပ်နေကြတာ၊ မကြာသေးခင်တုန်းက ဗုံးကြဲခံရတဲ့ ရွှေဆိုင်တစ်ဆိုင်ကို သံရုံးအနီးမှာ တွေ့ခဲ့ရတယ်၊ သူတို့က အပျက်အစီးတွေထဲမှာ ရွှေတွေ ရှာတွေ့မလားလို့ ကံစမ်းကြည့်ချင်ခဲ့တာ၊

ဒါပေမဲ့ ရွှေဆိုင်က တစ်ဝက်ပဲ ပြိုကျပြီး ဗီရိုနှစ်လုံးက လုံးဝမပျက်စီးတာကို တွေ့လိုက်ရတယ်၊ သူတို့ ရွှေတွေကိုသွားယူနေလဲ့တာကြောင့်ပဲ သူတို့ ထွက်ခွာမယ့် ဘတ်စ်ကားကို လွတ်သွားတာပါ”

တာဝန်ခံက မျက်နှာပျက်သွားသည်။

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ဆက်မေးသည်။

“ဒါဆို ဒီတစ်ခေါက် ဘာလို့ ပျောက်သွားကြတာလဲ၊ ရွှေတွေ သွားကောက်ကြပြန်ပြီလား”

“မဟုတ်ပါဘူး၊ သူတို့က တရုတ်ပြည်ကို ပြန်ရောက်ရင် အကောက်ခွန်ဌာနက ရွှေထည်ပစ္စည်း အများကြီး သယ်ဆောင်လာတာကို တွေ့ရင် ပြဿနာရှိနိုင်တယ်လို့ စိုးရိမ်တာကြောင့် နှစ်ယောက်လုံး အပြင်ကိုထွက်ပြီး ရွှေကို အမေရိကန်ဒေါ်လာနဲ့ လဲဖို့ ဆွေးနွေးခဲ့ကြတယ်၊

ဒါက ပိုအဆင်ပြေတယ်တဲ့၊ အိမ်ပြန်ရောက်ရင်လည်း အလုပ်က ငွေသားပိုရတယ်လို့ ပြောလို့ရတဲ့အတွက် သံသယဖြစ်ခံရတာ နည်းမယ်လေ”

ကျန်းဖေးက လျင်မြန်စွာ ပြန်ဖြေသည်။

တာဝန်ခံက ဒေါသတကြီး ရယ်တော့မလို ဖြစ်သွားပြီး ပြောခဲ့လေ၏။

“အမေရိကန်ဒေါ်လာနဲ့ လဲရင် ပြဿနာမရှိတော့ဘူးလား၊ ကောင်းပြီ၊ ငါနားလည်ပြီ၊ မင်းကားပေါ်တက်လို့ရပြီ”

ထို့နောက် အနောက်သို့ ပြန်လှည့်၍ အမိန့်ပေးလိုက်သည် ။

“အချိန်ပြည့်ပြီဆိုတော့ အဖွဲ့ကို ထွက်ခွာဖို့ အကြောင်းကြားလိုက်”

ကျန်းဖေးက နှစ်လှမ်းခန့် လျှောက်ပြီး အမိန့်ကို ကြားလိုက်ရသောအခါ လန့်သွားသည်။

“ဒါပေမဲ့ သူတို့ မပြန်လာသေးဘူးလေ”

“လူနှစ်ယောက်ကြောင့် ရာနဲ့ချီတဲ့ လူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ငါတို့ နှောင့်နှေးလို့မရဘူး”

တာဝန်ခံက မျက်နှာသေဖြင့် ပြောသည်။

“မင်း စိုးရိမ်တယ်ဆိုရင် ဒီမှာနေခဲ့ပြီး သူတို့ကို စောင့်နိုင်တယ်၊ ပြီးရင် သူတို့နဲ့အတူတူ တရုတ်ပြည်ကို ပြန်လာလို့ရတယ်”

ကျန်းဖေးတစ်ယောက် ပါးစပ်ပိတ်ပြီး ကားထဲသို့ လှည့်ဝင်သွားသည်။

တာဝန်ခံက တံခါးပိတ်သွားသည်ကို ကြည့်ပြီး နောက်မှ ကားတစ်စီးထဲသို့ ဝင်သွားလေသည်။ ထို့နောက် စကားပြောစက်ဖြင့် အကြောင်းကြားလိုက်သည်။

“ထွကာခွာကြမယ်”

ဤအချိန်တွင် လီဝမ်နှင့် ကျန်းရှောင်ရန်တို့သည်ကား ကားအဖွဲ့ ထွက်ခွာသွားပြီဆိုသည်ကို မသိကြသေးပါချေ။ သူတို့နှစ်ဦးက မှောင်မိုက်သည့် လမ်းပိတ်တစ်ခုတွင် လူအနည်းငယ်ထံမှ ပိတ်ဆို့ခံထားရပြီး ဓားမြှောင်အချို့က သူတို့ရှေ့၌ တလက်လက် တောက်ပနေသည်။

“ရွှေတွေကို ပေးခဲ့”

ခေါင်းဆောင်ကြီးလာသည့် အရပ်ရှည်ရှည် လူမည်းတစ်ဦးက အော်ပြောသည်။

လီဝမ်တို့နှစ်ဦးက နံရံဆီသို့ ဆုတ်ခွာရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။

ထွက်စရာလမ်း မရှိသည်ကို မြင်သောအခါ သူတို့ ငိုကြွေးလာကြသည်။

“ကျွန်မတို့မှာ ရွှေတွေ တကယ်မရှိပါဘူး၊ ကျွန်မတို့က ပါကစ္စတန်ကနေ လွတ်မြောက်လာတာပါ၊ ဘယ်လိုလုပ်ပြီး ရွှေတွေ ပါလာနိုင်မှာလဲ”

လှောင်ပြောင်သရော်သံနှင့်အတူ လူမည်းက အရှေ့တိုးလာပြီး သူမ၏ ကျောပိုးအိတ်ကို ဆွဲဖြုတ်ကာ ဖွင့်ဟကြည့်လိုက်သည်။

အိတ်ထဲတွင် ရွှေထည်ပစ္စည်း တစ်ဝက်အိတ်အပြင် ဒေါ်လာများစွာ ပါနေသည်ကို တွေ့ရသည်။

“မင်းတို့တွေ အရောင်းအဝယ်လုပ်တာကို ငါ မြင်ခဲ့တယ်”

*

All Chapters