← Chapters

အခန်း (၃၇၅)

Vol. 38 Ch. 375

အခန်း (၃၇၅)

Vol. 38 Ch. 375

ကျန်းရှောင်ရန် ကြောက်လန့်တကြား ငိုကြွေးနေခဲ့သည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် အချိန်အကြာကြီး ရှာဖွေရရှိခဲ့သည့် ရွှေများက လေထဲသို့ လွင့်သွားမည်ကို မလိုလားပါချေ။ တစ်ဖက်မှ လူမိုက်အုပ်စု ထွက်သွားတော့မည်ဆိုသည်ကို မြင်သောအခါ သူမက ဈေးဆစ်ချင်ခဲ့သည်။

‘ ရှင်တို့ ရွှေတွေယူသွားလို့ရတယ်၊ ဒါပေမဲ့ ငွေတွေကို ကျွန်မတို့နဲ့ ထားခဲ့ပေးလို့ မရဘူးလား”

ခေါင်းဆောင်က ပြက်လုံးတစ်ခုခုကို ကြားလိုက်ရသကဲ့သို့ ကြည့်လာခဲ့ပြီး သူတို့နှစ်ယောက်ကို လက်ညှိုးထိုးကာ အခြားသူများနှင့်အတူ ရိုင်းစိုင်းစွာ ရယ်မောလိုက်ကြသည်။

“မင်းတို့က ငါ့ကို ဈေးဆစ်နေတာလား၊ မင်းတို့တွေ ငါ့နာမည်ကို မသိတဲ့ပုံပဲ၊

ညီအစ်ကိုတို့၊ သင်ခန်းစာပေးလိုက်ကြရအောင်၊ သူတို့ကို သင်ခန်းစာပေးလိုက်၊ ပြီးရင် မတော်တဆရှာဖွေဖို့ ကျန်နေခဲ့တဲ့ ဒေါ်လာနဲ့ ရွှေတွေ ရှိနေသေးလားဆိုတာ ကြည့်လိုက်ရအောင်”

လူတစ်စုက ဝိုင်းအုံလာပြီး သူတို့နှစ်ဦး၏ လက်ကိုင်အိတ်များနှင့် အိတ်ကပ်များကို ဆွဲဖြဲကြသည်။

ဤတစ်ခါတော့ ပို၍ပင်ကောင်းသွားပေပြူ။ သူတို့နှစ်ဦး၏ ကျောပိုးအိတ်တွင်ထည့်ထားသည့် ရွှေများလည်း ရှာတွေ့သွားသည့်အပြင် သူတို့ကိုယ်ပေါ်ရှိ ငွေများကိုလည်း ရှာဖွေသွားနိုင်ခဲ့ကြကြသည်။

လူမည်းခေါင်းဆောင်က အနားသို့လျှောက်လာပြီး ကျန်းရှောင်ရန်၏လက်မှ ရွှေလက်ပတ်ကြိုးကို ဆွဲဖြုတ်လိုက်ကာ လှောင်ပြောင်လာခဲ့သည်။

“မင်းတို့တွေ ကျေးဇူးတင်သင့်တယ်။ ငါတို့က မိန်းမတွေကို မဒိန်းမကျင့်သေးဘူး၊ မဟုတ်ရင် မင်းတို့နှစ်ယောက် ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး”

ကျန်းရှောင်ရန်ကို နောက်တွင်ချန်ထားခဲ့ပြီး လူမည်းခေါင်းဆောင်က ရွှေကြိုးကို သူ၏ နောက်လိုက်ဆီသို့ ပစ်ပေးလိုက်သည်။

“ သွားကြမယ်”

လီဝမ်နှင့် ကျန်းရှောင်ရန်တို့မှာ မြေပေါ် ပုံလဲကျနေပြီး လူတစ်စု ထွက်ခွာသွားသည်ကို ကြည့်ရင်း မငိုဘဲ မနေနိုင်ကြတော့ပါချေ။

တရုတ်ပြည်သို့ သွားသည့် လေယာဉ်နှစ်စီးကတော့ မူလအချိန်ဇယားအတိုင်း ထွက်ခွာသွားခဲ့သည်။

ထိုအချိန်မှာပင် လီဝမ်နှင့် ကျန်းရှောင်ရန်တို့သည်လည်း တရုတ်သံရုံးဝန်ထမ်းများက ပြောင်းရွှေ့လာသူများအတွက် စီစဉ်ပေးထားသည့် နေရာသို့ ခြေထောက်နာကျင်စွာဖြင့် ပြန်ရောက်လာကြသည်။

သူတို့နှစ်ဦး တံခါးကို တွန်းဖွင့်လိုက်ကြသည်။ ထိုအချိန်တွင် အတွင်း၌ သန့်ရှင်းရေးလုပ်နေသည့်သူက လှည့်၍မေးလာသည်။

“ဘယ်သူ့ကို ရှာနေတာလဲ”

“ကျွန်မတို့က ဒီမှာ နေတာပါ”

လီဝမ်နှင့် ကျန်းရှောင်ရန်တို့မှာ တံခါးဝရှိ အိမ်သုံးအမှိုက်အိတ်များကို ကြည့်ပြီး စိတ်ထဲ၌ မကောင်းသည့် ခံစားမှုတစ်ခု ရလိုက်သည်။

ထို့နောက် ချက်ချင်းပင် အလောတကြီး ပြောလိုက်မိကြသည်။

“ကျွန်မတို့က တရုတ်ပြည်ကနေ ပြောင်းရွှေ့ဖို့ စောင့်ဆိုင်းနေတဲ့ နိုင်ငံခြားရောက် တရုတ်လူမျိုးတွေပါ၊ တရုတ်သံရုံးက ဝန်ထမ်းတွေက ကျွန်မတို့ကို ဒီမှာ နေခိုင်းတာပါ”

“အိုး၊ သူတို့ ထွက်သွားပြီလေ”

သန့်ရှင်းရေးသမားက ပြောသည်။

“သူတို့ ဒီနေရာကနေ သုံးနာရီကြာကတည်းက ထွက်သွားခဲ့ကြပြီ”

လီဝမ်နှင့် ကျန်းရှောင်ရန်တို့မှာ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။ သူတို့ မျက်လုံးများတွင်တော့ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေသည်။

ဤအချိန်မှာတော့ သူတို့ ခြေထောက်ရှိ နာကျင်မှုကို ဂရုမစိုက်နိုင်တော့ပါပဲ မလှမ်းမကမ်းရှိ တရုတ်သံရုံးသို့ သွားခဲ့ကြသည်။

တရုတ်နိုင်ငံမှ ဤနိုင်ငံငယ်လေးသို့ စေလွှတ်ခဲ့သည့် သံတမန်အရေအတွက်သည်က မများပါချေ။ လက်ရှိတွင် နေရာတွင်ရှိနေသည့် လူအနည်းငယ်ကလည်း နိုင်ငံခြားရောက် တရုတ်လူမျိုးများကို ပြောင်းရွှေ့ရေးနှင့် ပတ်သက်သည့် ကိစ္စများကို ညှိနှိုင်းရန် လေဆိပ်သို့ လိုက်သွားခဲ့ကြသည်။

သူတို့ အလုပ်ပြီးစီးချိန်တွင်တော့ ရုံးပိတ်ချိန်ပင် ကျော်လွန်နေပြီ ဖြစ်သည်။

နောက်တစ်နေ့ မနက်စောစော၌ အလုပ်သို့ရောက်လာသည့် တရုတ်သံတမန်များမှာ အမျိုးသမီးနှစ်ဦးက ရုံးတံခါးဝ၌ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သံတမန် ကျန်းရန်က အနားသို့ လျှောက်သွားပြီး ခါးကိုကိုင်းညွတ်ကာ သူတို့နှစ်ဦးကို ပုတ်ပြီး ပြောလိုက်သည်။

“ထကြတော့”

ကျန်းရှောင်ရန်တစ်ယောက် အိပ်မက်မှ လန့်နိုးလာပြီး သူ၏ ရှေ့မှ သံတမန်ကို မြင်သောအခါ မငိုဘဲ မနေနိုင်ပေ။

“ကျွန်မတို့ လုယက်ခံရပြီး ဒီမှာ တစ်ညလုံး အေးခဲနေခဲ့ရတာ၊ ဘာလို့ တရုတ်ပြည်ကိုပြန်တဲ့ လေယာဉ်က ကျွန်မတို့ကို မစောင့်ဘဲ ထွက်ခွာသွားတာလဲ”

ကျန်းရန်ကျယ်က ရုံးခန်းတံခါးကို မျက်နှာသေဖြင့် ဖွင့်လိုက်သည် ။

“နိုင်ငံခြားရောက် တရုတ်လူမျိုးတွေကို ပြောင်းရွှေ့မယ့် လေယာဉ်က ဘယ်သူ့ကိုမှ စောင့်မှာ မဟုတ်ဘူး၊ အချိန်လွတ်သွားရင် ကယ်ဆယ်ရေးကို လက်လွှတ်လိုက်ရတာပဲ၊ လုယက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ရင်တော့...”

ကျန်းရန်က သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး ပြောလာသည်။

“ကျွန်တော် အခုချက်ချင်း ရဲကို ဖုန်းခေါ်လိုက်မယ်၊ ပြီးရင် ရဲတွေ လာစစ်ဆေးခိုင်းလိုက်မယ်”

သူတို့နှစ်ဦးသည်ကား မနေ့က လူမည်း၏ သတိပေးစကားကို သတိရလိုက်သောအခါ ရင်ထဲ တုန်လှုပ်သွားသည်။ ထို့နောက် ချက်ချင်းပင် ငြင်းဆန်လိုက်ကြသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ရဲကို မခေါ်ပါနဲ့၊ ကျွန်မတို့ကို အိမ်ပြန်ပို့ဖို့ လေယာဉ်တစ်စီးကိုပဲ မြန်မြန် စီစဉ်ပေးပါ”

သူတို့ လျင်မြန်စွာ ပြောလိုက်ကြသည်။

“စိတ်မကောင်းပါဘူး”

ကျန်းရန်ကျယ်က ပြုံးပြီး ပြောလာသည်။

“မင်းတို့တွေ ဒီကနေ တရုတ်ပြည်ပြန်ဖို့ လေယာဉ်လက်မှတ် ဝယ်လို့ရတယ်၊ မင်းတို့တွေ ကိုယ့်ဘာသာကိုယ် ဝယ်လို့ရပြီး သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေကိုတော့ ကျွန်တော်တို့ ကူညီဆောင်ရွက်ပေးနိုင်ပါတယ်”

“ဒါပေမဲ့ ကျွန်မတို့က ပိုက်ဆံတွေ အလုခံထားရတာ၊ ပြီးတော့ ကျွန်မတို့လည်း ပြောင်းရွှေ့လာသူတွေ မဟုတ်ဘူးလား”

သူတို့နှစ်ယောက် စိတ်ပူသွားကြသည်။

ဤနေရာမှ တရုတ်နိုင်ငံ ပြန်သည့် လေယာဉ်လက်မှတ်သည်ကား စျေးမပေါလှပါချေ။ ထို့အပြင် သူတို့ တရုတ်နိုင်ငံသို့ ပိုက်ဆံမသုံးဘဲ ပြန်၍ရနိုင်နေသည်ဆိုလျှင် အဘယ်ကြောင့် ကိုယ့်ပိုက်ဆံဖြင့် ကိုယ်ပြန်ရမည်နည်း။

“မင်းတို့ ကိုယ်တိုင်က ကယ်ဆယ်ရေးကို လက်ခံဖို့ လက်လွှတ်ခဲ့တာပါ”

ကျန်းရန်က စိတ်ရှည်စွာ ရှင်းပြသည်။

“ဒါမှမဟုတ် တရုတ်ပြည်က မင်းတို့ရဲ့ ဆွေမျိုးတွေကို ဆက်သွယ်ပြီး ပိုက်ဆံပို့ခိုင်းလို့ရတယ်၊ ဒါမှမဟုတ်ရင်လည်း ပါကစ္စတန်ကို ပြန်လို့ရတယ်၊

မင်းတို့က ပါကစ္စတန်နိုင်ငံသားတွေ ဖြစ်နေပြီလို့ ငါ မြင်တယ်၊ စည်းမျဉ်းတွေအရ သူတို့က မင်းတို့ကို ပိုကောင်းအောင် ကူညီနိုင်လိမ့်မယ်”

ကျန်းရှောင်ရန် ဒေါသထွက်သွားသည် ။

“သံတမန်ကို ပျောက်ဆုံးခဲ့တာကြောင့် ကျွန်မတို့ကို ဒေါသထွက်နေတာလား”

ကျန်းရန်က ဆက်လက်ပြုံးနေခဲ့သည်။

“ကျွန်တော်တို့က စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်နေတာပါ၊ ဒီတော့ အခု မင်းတို့အတွက် ရဲကို ခေါ်ပေးဖို့ လိုအပ်လား၊ ပါကစ္စတန်ရဲ့ရဲတွေက ရွှေဆိုင်ခိုးယူမှုကို စစ်ဆေးနေတယ်လို့ ငါ အခုလေးတင် ကြားခဲ့ရတယ်

ပါကစ္စတန်က ထုတ်ပြန်ထားတဲ့ ယာယီဥပဒေတွေအရ ဗုံးကြဲခံရတဲ့ ဆိုင်ခန်းတွေဟာ ပုဂ္ဂလိကပိုင်ပစ္စည်းတွေ ဖြစ်နေသေးပြီး တစ်စုံတစ်ယောက်က တရားမဝင် သိမ်းပိုက်ထားရင် ခိုးမှုမြောက်တယ်”

လီဝမ်နှင့် ကျန်းရှောင်ရန်တို့၏ မျက်နှာများမှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့ကြသည်။

လေယာဉ်က တော်ဝင်မြို့တော် လေဆိပ်တွင် ဆင်းသက်ခဲ့သည်။ ရှီချန်ပေါ်၊ လင်းရှို့လန်၊ နှင့် ကျန်းကျန်းတို့က လေယာဥ်ထွက်ပေါက်၌ စောင့်ဆိုင်းနေကြပြီ။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံတော် အလံကို ကိုင်ဆောင်ထားသည့် လူများစွာသည်လည်း သူတို့၏ ဆွေမျိုးများကို အိမ်ပြန်ခေါ်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။

ပထမဆုံး ရောက်လာသည်မှာ နိုင်ငံခြားရောက် တရုတ်လူမျိုးများနှင့် တရုတ်နိုင်ငံသားများ ဖြစ်ပြီး နောက်ဆက်တွဲမှာတော့ သံရုံးဝန်ထမ်းများ၊ နောက်ဆုံးမှာတော့ အထူးတပ်ဖွဲ့ဝင်များ ဖြစ်သည်။

ရှီကျွင့်ကျဲက ဒဏ်ရာရထားသောကြောင့် လူအုပ်များကြား၌ ထူးခြားစွာ မြင်သာနေသည့်အတွက် လင်းရှို့လန်တစ်ယောက် ချက်ချင်းပင် မျက်ရည်များ ကျလာခဲ့သည်

ရှီချန်ပေါ်၏ အထောက်အထားသည်က နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးသာမကဘဲ ဖခင်တစ်ဦးလည်း ဖြစ်ပေသည်။

သူ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး တခြား လုပ်ဖော်ကိုင်ဖက်များကို အရင် နှစ်သိမ့်ပေးပြီးမှ နောက်ဆုံးတွင် ရှီကျွင့်ကျဲဘေးသို့ လျှောက်သွားသည်။ သူက ရှုပ်ထွေးလွန်းသည့် စိတ်ခံစားမှုဖြင့် ရှီကျွင့်ကျဲ၏ ပခုံးကို ပုတ်လိုက်လေသည်။

“ပြန်ရောက်လာတာ တော်ပါသေးတယ်၊ အခု အဆင်ပြေသွားပြီ”

ဤမြင်ကွင်းကို မွန်းတည့်ချိန်သတင်း၌ မြင်လိုက်ရသောကြောင့် ဝမ်စုဖန်းလည်း နောက်ဆုံးတွင်တော့ နားလည်သွားခဲ့သည်။

“ကျွင့်ကျဲက ပါကစ္စတန်နိုင်ငံက နိုင်ငံခြားရောက် တရုတ်လူမျိုးတွေကို ကယ်ဆယ်ဖို့ သွားခဲ့တာလား၊ ဒီရက်ပိုင်း ကျွန်မရဲ့ ခမည်းခမက်တွေနဲ့ ကျန်းကျန်းတို့ နှစ်ယောက်လုံး စိတ်ပူပန်နေကြတာ ဒါကြောင့်ကိုး၊ ဒါက အရမ်းအန္တရာယ်များတာပဲ”

မဒမ်လီလည်း ထထိုင်ပြီး ပြောလာသည်။

“ဘေးကင်းကင်း ပြန်လာတာ ကောင်းပါတယ်၊ ဘေးကင်းကင်း ပြန်လာတာ ကောင်းတယ်၊ မီးဖိုချောင်ကို အမြန် ပြင်ဆင်ခိုင်းပြီး ကျွင့်ကျဲ အတွက် စွမ်းအားဖြည့်ဟင်းချိုနည်းနည်း ထပ်ချက်ခိုင်းလိုက်၊ သူ့ရဲ့ ဒဏ်ရာက ပြင်းထန်လား မသိဘူး”

ရှီချန်ပေါ်က ကားမောင်းနေခဲ့ပြီး လင်းရှို့လန်၊ ရှီကျွင်းကျဲနှင့် ကျန်းကျန်းတို့က နောက်ခန်း၌ ထိုင်နေခဲ့ကြသည်။

ကျန်းကျန်းက ရှီကျွင့်ကျဲ၏ အခြေအနေကို သိထားသောကြောင့် စိုးရိမ်ပူပန်သည့် အဆင့်ကို ကျော်လွန်နေပြီ ဖြစ်ပြီး သူ၏ လက်ကိုသာ တိတ်တိတ်လေး ကိုင်ထားသည်။

လင်းရှို့လန်ကတော့ မတူပါချေ။ အရာအားလုံး ကောင်းမွန်သည့် သားဖြစ်သူက အပြင်ထွက်သွားပြီး ဒဏ်ရာများဖြင့် ပြန်ရောက်လာသည်။ သူမက ရှီကျွင့်ကျဲ၏ လက်မောင်းကို ကိုင်ပြီး ငိုကြွေးနေတော့သည် ။

“ဘာလို့ လူအများကြီးထဲမှာ မင်းပဲ ဒဏ်ရာရတာလဲ၊ ဘာဖြစ်ခဲ့တာလဲ”

“ဘာမှမဟုတ်ပါဘူး၊ နည်းနည်းလောက် မလုံခြုံဖြစ်ခဲ့ရုံပါပဲ”

ရှီကျွင့်ကျဲ ပြုံးပြီး ပြောသည်။

“လက်မောင်းက နည်းနည်းပဲ ပွန်းသွားတာပါ၊ တကယ်ကို ဘာမှမဖြစ်ပါဘူး”

လင်းရှို့လန်လည်း ကြောက်လန့်တကြားဖြစ်ခဲ့ရကာ ငိုပြီးမှ စိတ်သက်သာရာ ရသွားသည်။

မျက်ရည်များကို သုတ်ပြီးနောက် လင်းရှို့လန်က ရှေ့တွင် ကားမောင်းနေသည့် ရှီချန်ပေါ်ကို စိုက်ကြည့်ပြီး ပြောလာပြန်သည်။

“နောင်ဆို ကျွန်မရဲ့သားကို အဲဒီကို သွားခိုင်းဖို့ မပြောနဲ့တော့”

ရှီချန်ပေါ်ကတော့ လက်မခံရဲပါချေ။ ထို့ကြောင့် စကားပြောင်းလိုက်ရုံသာ တတ်နိုင်သည် ။

“နိုင်ငံခြားရောက် တရုတ်လူမျိုးတွေကို ပြောင်းရွှေ့တာက ဘယ်လိုလုပ် အကြိမ်ရေအများကြီး ရှိနိုင်မှာလဲ”

ပြောပြီးသည်နှင့် လင်းရှို့လန်က သူအား တိုက်ခိုက်မည်ကို ကြောက်သောကြောင့် နောက်ကြည့်မှန်မှ ရှီကျွင့်ကျဲကို အမြန်ကြည့်လိုက်သည် ။

“ဒီတစ်ခေါက် ဒဏ်ရာရတော့ အိမ်မှာပဲ ကောင်းကောင်း အနားယူလိုက်ဦး၊ ပြန်စစ်ဆေးတာ အားလုံး အဆင်ပြေမှ အလုပ်ပြန်သွားလိုက်ပေါ့”

*

All Chapters