အခန်း (၃၇၉)
Vol. 38 Ch. 379
နောက်ဆုံးတွင် ကုမ္ပဏီတစ်ခုက စျေးနှုန်းကို အမြင့်ဆုံးသို့ တင်လိုက်သည်။
ကျန်းကျန်းက လီမင်ပေကို နောက်လှည့်ကြည့်၍ သူ ဆိုင်းဘုတ်ကို မြှောက်ရဲပုံမရသည်ကို မြင်သောကြောင့် လက်လှမ်း၍ နံပါတ်ပြားကို ယူလိုက်သည်။
“ယွမ် ငါးသန်း တစ်သိန်း”
လီမင်ပေသည် သူ၏ညီမ၏လုပ်ရပ်ကြောင့် ဒူးထောက်လုနီးပါး ဖြစ်နေခဲ့ပြီ။ ယခုကဲ့သို့ စျေးနှုန်း မြင့်မားနေသောအခါ လူများသည်ကား ယွမ် ၅၀,၀၀၀ ထပ်ထည့်ရန်ပင် တွန့်ဆုတ်နေကြသည်ကို သူမက ရုတ်တရက် ယွမ် ၁၀၀,၀၀၀ တိုးလိုက်သည်လား။
အမှမ်တကယ်ပင်၊ ကျန်းကျန်း ဘုတ်ပြားမြှောက်ပြီးနောက် တွန့်ဆုတ်နေခဲ့သော ကုမ္ပဏီများစွာက အတွေးများ ရပ်သွားခဲ့ကြသည်။
အချိန်ရောက်တော့မည်ကို မြင်သောအခါ အရင်က ယွမ် ငါးသန်း စျေးခေါ်ခဲ့သော ကုမ္ပဏီက ဘုတ်ပြားကို ထပ်မြှောက်လိုက်သည်။
“ယွမ် ငါးသန်း တစ်သိန်း ငါးသောင်း”
ကျန်းကျန်းက လုံးဝမတွန့်ဆုတ်ဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
“ယွမ် ငါးသန်း နှစ်သိန်း”
ယွမ် ငါးသန်း နှစ်သိန်း..
ပရိသတ်ထဲမှ လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်၍ မည်သူမျှ မြေယာအသုံးပြုခွင့် ပထမဆုံး လေလံပွဲ၌ ဤမျှ မြင့်သောစျေးကို ရောက်ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။
လူများစွာသည်က ခဏတာ အတွေးများ ရပ်တန့်သွားခဲ့ကြသည်။ အချိန်များက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားခဲ့သည်။ အစီအစဉ်မှူး၏ တိတ်ဆိတ်ခြင်းအတွက် ကောင်တာအောက်သို့ ရောက်ရှိလာသောအခါ နောက်ဆုံးတွင် လေလံတူက ကျန်းကျန်း၏ မျက်လုံးများရှေ့၌ ပြုတ်ကျလာခဲ့သည်။
လီမင်ကျန်း အိမ်ခြံမြေကုမ္ပဏီသည် ယွမ် ၅,၂၀၀,၀၀၀ ဖြင့် ၉,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းသော မြေကွက်ကို ရရှိခဲ့သည်။
ဤတစ်ကြိမ် လေလံပွဲသို့ လာသူများက အခြေခံအားဖြင့် ဆောက်လုပ်ရေးကုမ္ပဏီ သို့မဟုတ် အိမ်ခြံမြေကုမ္ပဏီများ၏ အကြီးအကဲများသာ ဖြစ်သည်။
တချို့က လီမင်ကျန်းနှင့် ရင်းနှီးကြ၍ တချို့ကမူ သူမ၏ ယဉ်ကျေးမှုအမွေအနှစ်များ လှူဒါန်းသော ဂုဏ်သတင်းကိုသာ သိရှိကြသော်လည်း သူမကို ပုဂ္ဂိုလ်ရေးအရ သိပ်မသိရှိကြပေ။
ဤတစ်ကြိမ်၌ လီမင်ကျန်း အိမ်ခြံမြေကုမ္ပဏီက အနိုင်ရရှိခဲ့သည့်အတွက် လူများစွာက ဂုဏ်ပြုရန် လာခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ၊ အရင်ဆုံး ရင်းနှီးအောင် ပြုလုပ်ခြင်းက အမြဲတစေ ကောင်းမွန်သည်။
ကျန်းကျန်းက ဂုဏ်ပြုရန် လာကြသောသူများကို တစ်ယောက်ချင်းစီ နှုတ်ဆက်ပြီးနောက် လီမင်ပေကို ခေါ်၍ မြေယာနှင့် သယံဇာတဌာနမှ လူများနှင့် စာချုပ်ချုပ်ဆိုရန် သွားခဲ့သည်။
စာချုပ်အရ လီမင်ကျန်း အိမ်ခြံမြေကုမ္ပဏီသည် လေလံပွဲပြီးနောက် ဆယ်ရက်အတွင်း အပြည့်အဝ ပေးချေရမည်။
တခြားကုမ္ပဏီဆိုလျှင် မြေယာနှင့် သယံဇာတဌာနမှ လူများ စိုးရိမ်ကောင်း စိုးရိမ်လိမ့်မည်၊ သို့သော်လည်း လီမင်ကျန်း၏ နာမည်ကို ကြားသောအခါ မြေယာနှင့် သယံဇာတဌာန၏ ဒါရိုက်တာ ကောင်းပင် သူမ၏ လက်ကို လာဆွဲ၍ ပြောလာခဲ့လေ၏။
“မင်းရဲ့ နာမည်ကို ကြားခဲ့ဖူးတာကြာပြီ ၊ မင်းကို အမြဲတမ်း လေးစားနေခဲ့တာ၊ ဒါပေမဲ့ ဒါ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ”
ကျန်းကျန်းက ပြုံး၍ ပြောလာခဲ့သည်။
“အနာဂတ်မှာ ကျွန်မတို့ တွေ့ဆုံဖို့ အခွင့်အရေးများစွာ ရှိလာမယ်လို့ ယုံပါတယ်၊ ဘာပဲဖြစ်ဖြစ်၊ ဒီလို လေလံပွဲတွေ ပိုများလာမှာပဲမလား”
လူအုပ် တဖြည်းဖြည်း ကွဲသွားသည်ကို မြင်သောအခါ ဒါရိုက်တာ ကောင်းက သူမကို အလွန်စိတ်ပူခဲ့သည်။
“ဒီမြေကွက်ကို ဒီလို မြင့်တဲ့စျေးနဲ့ ဝယ်လိုက်တာ မရှုံးဘူးလား”
ကျန်းကျန်းက ခဏတာ စဉ်းစားပြီးမှ ပြုံး၍ ပြောဆိုခဲ့သည်။
“ကျွန်မတို့က သရုပ်ပြ မြို့ပြလူနေအိမ်ရာအသိုက်အဝန်းကို ဆောက်ပြီး တော်ဝင်မြို့တော် မြို့ပြအသိုက်အဝန်းရဲ့ စံပြဖြစ်အောင် လုပ်မယ်၊ ဒါဆိုရင် ငွေမရှုံးပါဘူး”
“ဒါဆိုရင် ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်”
ဒါရိုက်တာကောင်းက ကျန်းကျန်းနှင့် လက်ဆွဲ၍ စာချုပ်စာတမ်းများနှင့်အတူ လေလံပွဲနေရာမှ ထွက်သွားခဲ့သည်။ လီမင်ပေသည်လည်း ထိုအခါမှ ရောက်လာ၍ တိုက်ပွဲဝင်သကဲ့သို့ မေးလိုက်သည်။
“ငါ တို့ တကယ် ဝယ်လိုက်တာလား၊ ယွမ် ငါးသန်းခွဲတောင်မှလေ”
ကျန်းကျန်းက သူ၏ချွေးထွက်နေသော မျက်နှာကို ကြည့်၍ စိတ်ပျက်လက်ပျက်နှင့် ပြောဆိုခဲ့သည်။
“စတုတ္ထအစ်ကို ဘာကို အဲဒီလောက်တောင် ကြောက်နေတာလဲ”
“ယွမ် ငါးသန်း နှစ်သိန်းက ငါ်အတွက် အိပ်မက်လိုပဲလို့ ခံစားရတယ်”
လီမင်ပေက ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။
“ညီမလေး၊ အစ်ကို ပြောတာကို နားထောင်ဦး၊ မင်း ချမ်းသာပေမဲ့ ဒီလို နေလို့မရဘူးလေ၊ ယွမ် ငါးသန်းကျော်တောင်၊ ငါ အဲဒါကို ဘဝပေါင်းများစွာ ရှာရမယ်လို့ ထင်တယ်”
ကျန်းကျန်းက မင်ပေ၏ ပခုံးကို ဖက်၍ စိတ်ရင်းမှန်နှင့် အကြံပေးလိုက်သည်။
“ကျွန်မတို့ အိမ်ရာ ဆောက်ပြီးတဲ့အခါ အစ်ကို အကောင်းဆုံး တိုက်ခန်း သုံးခန်း ဝယ်ပြီး အနှစ် ၂၀ စောင့်လိုက်ဦး၊ ယွမ် ငါးသန်းဆိုတာ ထားလိုက်၊ ယွမ် သန်း ၅၀တောင် အေးအေးဆေးဆေး ရလိမ့်မယ်”
“ မင်းက တကယ်ကြီးကိုတွေးရဲနေတာပဲ”
လီမင်ပေက ကျန်းကျန်းကြောင့် ရယ်မောမိခဲ့သည်။
“ဘယ်သူက ဆယ်သန်းလောက်ပေးပြီး အိမ်အိုကြီးကို ဝယ်မှာလဲ၊ မိုက်မဲတာပေါ့”
ကျန်းကျန်းက ပြုံး၍ မင်ပေကို နေရာမှ တွန်းထုတ်လိုက်သည်။
“ကောင်းပြီ၊ မြန်မြန်သွားတော့၊ အိမ်ရာအသစ် ဆောက်တာကို ဆွေးနွေးကြမယ်”
လီမင်ပေနှင့် သူ၏သူငယ်ချင်း အနည်းငယ်တို့ာ ဟွားကော်တက္ကသိုလ် ဗိသုကာပညာဌာနမှ ထိပ်တန်းကျောင်းသားများဖြစ်ကြပြီး သူတို့သည်က တော်ဝင်တက္ကသိုလ် ဒီဇိုင်းဌာန၌ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ကြသည့်အတွက် လုပ်ငန်းစွမ်းရည် မြင့်မားကြသည်။
ကျန်းကျန်းကမူ နောင်မျိုးဆက်များ၏ အိမ်အမျိုးအစားပေါင်းများစွာကို မြင်ခဲ့ဖူးခဲ့သည်။
လက်ရှိ နေထိုင်မှုပုံစံကို ဦးစားပေးသော အိမ်ရာလိုအပ်ချက်များကို ထောက်ရှု၍ နောင်မျိုးဆက်များ၏ တိုးတက်လာသော အိမ်ရာများက လူများကို ပိုမိုသက်တောင့်သက်သာ ဖြစ်စေခဲ့သည်။
ထို့ကြောင့် ကျန်းကျန်းက တောင်မြောက် လေဝင်လေထွက်၊ ခြောက်သွေ့စိုစွတ် အိမ်သာ ခွဲခြားမှု၊ မီးအလင်းရောင်၊ ကြမ်းပြင်အမြင့်၊ စိမ်းလန်းစိုပြည်မှု၊ မီးဘေးကာကွယ်ရေး၊ ကလေးကစားကွင်း၊ သက်ကြီးရွယ်အို လှုပ်ရှားမှုနေရာ စသည်တို့ အပါအဝင် အကြံပြုချက်များ ပေးခဲ့သည်။
စိတ်ဓာတ်တက်ကြွနေသော လူငယ်အုပ်စုကို ကြည့်၍ ကျန်းကျန်းက အလွန် လေးနက်စွာနှင့် ပြောဆိုခဲ့သည်။
“လီမင်ကျန်း အိမ်ခြံမြေကုမ္ပဏီရဲ့ ပထမဆုံး အိမ်ရာကို အဆင့်မြင့်အသုံးပြုသူတွေအတွက် အဆင့်မြင့် ရပ်ကွက်တစ်ခုအဖြစ် တည်ဆောက်ပြီး တော်ဝင် မြို့တော်မှာ နေထိုင်မှုပုံစံကို ဦးဆောင်သွားမယ်”
လီမင်ပေနှင့် တခြားဒီဇိုင်နာများအတွက်မူ ကျန်းကျန်း၏ စကားများက သူတို့ကို များစွာ လှုံ့ဆော်ပေးနိုင်ခဲ့သည်။ နှစ်ပတ်အကြာ၌ အိမ်ရာရပ်ကွက်တည်ဆောက်ရေးအတွက် ဒီဇိုင်းနှင့် ပလန်ပုံစံများ အားလုံး ထွက်ရှိလာခဲ့သည်။
အချိန်သည် ငွေကြေးပင်ဖြစ်သည်။
အစီအစဉ်များနှင့် ဒီဇိုင်းများကို ခွင့်ပြုပြီးသောအခါ လီမင်ပေနှင့် ဆောက်လုပ်ရေးအဖွဲ့က ချက်ချင်းပင် ဆောက်လုပ်ရေးကို စတင်ခဲ့သည်။
အလုပ်များနေသောကြောင့် ရုံးထဲတွင် ရုံးစာရေးအနည်းငယ်သာ ကျန်ရှိတော့သည်။
ကျန်းကျန်းက လက်ဆန့်၍ သူမ၏လက်ထောက်ကို အိမ်သို့ ဖုန်းဆက်လိုက်ကာ အခြေအနေကို မေးမြန်းပြီးနောက် ပျော်ရွှင်စွာဖြင့် အိမ်ပြန်ကာ ရှီကျွင့်ကျဲကို ကမ္ဘာပတ်ရန် ခေါ်သွားခဲ့သည်။
ဤတစ်ကြိမ်၌ ကျန်းကျန်းက သူ၏ နေရာလွတ်မှ ရွက်လှေကို တိုက်ရိုက် ထုတ်လိုက်ကာ ရှီကျွင့်ကျဲကို ရွက်လှေပေါ် တင်လိုက်သည်။
ရွက်လှေက ကမ်းခြေ၌ လှိုင်းများနှင့်အတူ လွတ်လွတ်လပ်လပ် မျောနေခဲ့ပြီး ရှီကျွင့်ကျဲက ငါးမျှားတံကို ယူ၍ ပျော်ရွှင်စွာ ငါးမျှားရန် သွားခဲ့သည်။
ငါးမျှားတံက အချိန်ကြာမြင့်သည်အထိ မလှုပ်ရှားသည်ကို ကြည့်၍ ကျန်းကျန်းက သူ့ကို သံသယမျက်လုံးများနှင့် ကြည့်ခဲ့သည်။
“ကျွန်မတို့ နေ့လယ်စာကို ပင်လယ်စာ တကယ်စားရမှာလား”
ရှီကျွင်းကျဲက လုံးဝ တုံ့ပြန်မှုမရှိသော ငါးမျှားတံကို ကြည့်၍ အနည်းငယ်လောက် ဝေခွဲမရဖြစ်နေခဲ့သည်။
“မင်း ပြောတဲ့အတိုင်း ကိုယ် ပင်လယ်ငါးမျှားတံနဲ့ ငါးစာကို ပြင်ထားတာလေ၊ ဘာလို့ အလုပ်မလုပ်တာလဲ၊ မင်း စမ်းကြည့်ပါလား”
ကျန်းကျန်းက သူ့ကို သံသယမျက်လုံးများနှင့် ကြည့်၍ ရှီကျွင်းကျဲ၏ လက်ထဲမှ ငါးမျှားတံကို ယူလိုက်လျှက် တစ်မိနစ်အတွင်း ငါးမျှားတံက နစ်ဆင်းသွားခဲ့သည်။ ရှီကျွင်းကျဲက ချက်ချင်း စိတ်ပြန်တက်ကြွလာခဲ့လေသည်။
“ကြည့်လိုက်လေ၊ ကိုယ်ပြင်ထားတဲ့ ငါးစာက တော်တော်ကောင်းတယ်လို့ ပြောခဲ့သားပဲ”
ကျန်းကျန်းက ငါးကြီးတစ်ကောင်ကို ပစ်တင်လိုက်ပြီး ငါးမျှားတံကို ရှီကျွင်းကျဲ၏ လက်ထဲ ထိုးထည့်လိုက်သည်။
“ဒါဆို ရှင် ဆက်မျှားလိုက်၊ ကျွန်မ အရင် ငါးဆန်ပြုတ် သွားချက်လိုက်ဦးမယ်”
ကျန်းကျန်းက ပင်လယ်ငါးကို မီးဖိုချောင် စားပွဲပေါ်သို့တင်ကာ၊ အသားခွါ၍ အရိုးထုတ်လိုက်ပြီး ချောမွေ့နူးညံ့သော ငါးအသားကို ပြုတ်ထားသည့် ဆန်ပြုတ်ထဲ ထည့်ကာ ဆားအနည်းငယ် ဖြူးလိုက်သည်။
ဆန်ပြုတ်က ငါးကို ဖုံးအုပ်ထားခဲ့ပြီး တစ်မိနစ်အကြာ၌ ထပ်မံဆူပွက်လာခဲ့သည်။ ဆန်ပြုတ်က ကျက်တော့မည်ကို မြင်လိုက်ရလျှင် ကျန်းကျန်းက မီးပိတ်၍ လတ်ဆတ်နူးညံ့သော ငါးဆန်ပြုတ် နှစ်ပန်းကန်ကို ထမင်းစားပွဲပေါ် တင်လိုက်သည်။
ရှီကျွင့်ကျဲသည်ကား သူ၏ ဒဏ်ရာကြောင့် ပင်လယ်စာ သိပ်မစားနိုင်ခဲ့ချေ ထို့ကြောင့် ကျန်းကျန်းက သူမ၏ နေရာလွတ်မှ လှီးထားသည့် ဘဲကင်၊ ဟင်းသီးဟင်းရွက်စိမ်း၊ နူးညံ့သော တိုဖူး စသည့် ဟင်းပွဲများစွာကို ထုတ်လာခဲ့လေ၏။
အစားအသောက် အားလုံးက အနံ့နှင့်ပင် ဗိုက်အလွန်ဆာလောင်စေနိုင်ခဲ့သည်။
နောက်ဆုံးတွင် ဝက်သားလုံးပေါင်းကိုပါ ထည့်ပေးခဲ့သည်။
စားပွဲအပြည့် ဟင်းပွဲများ ချပြီးနောက် ကျန်းကျန်းက ရှီကျွင့်ကျဲက ထို၌ မလှုပ်မယှက် ထိုင်နေသည်ကို မြင်လျီင် အော်မေးခဲ့ပြန်သည်။
“ရှင် နောက်ထပ် ငါးတွေ မဖမ်းနိုင်သေးဘူးလား”
*